အပိုင်း ၁၃၈
ယဲ့ကျန်းက အမျိုးသမီးအကယ်ဒမီထံမှ အကြောင်းကြားစာ ရောက်လာသောအခါမှသာ စိတ်အေးသွားနိုင်လေသည်။ သူမနှင့် သူမ၏မိသားစုကို အမှားလုပ်ခဲ့သော ထိုသူများအတွက် အပြစ်ဒဏ် ပြန်ပေးမည့်အထဲမှ အပျော့စားအလုပ်ကို စလုပ်ပြီးအရာအားလုံးကို သူမ၏လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဆုံးဖြတ်နိုင်ရန် ဒါက ပထမခြေလှမ်းဖြစ်ကြောင်း သူမ နားလည်နေသည်။
အခု ငါက တော်ဝင်အမတ်တစ်ယောက်ရဲ့ အလိုလိုက်ခံထားရတဲ့ သမီးတစ်ယောက် မဟုတ်တော့ဘူး၊ အရာအားလုံးကို ငါ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ရတော့မယ်။
သူမ၏ ကလဲ့စားချေမည့်စာရင်းတွင် လုလင်ကျစ်နှင့်လက်ရှိဝမ်ဖေး၊ လုဝူရှန်းတို့ပါ သည်။ မော့ရုန်ကျန်းအတွက်ကမူ သူမ အပြည့်အဝ လုပ်ဆောင်နိုင်စွမ်းရှိမျှသာလျှင် ကိုင်တွယ်နိုင်လောက်သည်။ သူမ၏လက်ရှိအင်အားကြောင့်ပင် ဖြစ်စေ၊ နောက်ခံမရှိသော အခြေအနေကြောင့်ပင်ဖြစ်စေ၊ သူ့ကို ကလဲ့စားမည်ဟု ပြောနေခြင်းက သံသယဝင်ရန် မလိုလောက်အောင် ကျောက်ဆောင်ကို ကြက်ဥဖြင့် ပစ်ပေါက်သလိုဖြစ်နေပေလိမ့်မည်။
လုအိမ်တော်ကလည်း ယဲ့ကျန်း၏အမျိုးသမီးအကယ်ဒမီသို့ သွားမည့်ခရီးအတွက် ပြင်ဆင်ပေးပြီး ဖေးရှီက သမီးဖြစ်သူ အကယ်ဒမီသို့ ယူသွားမည့်ပစ္စည်းကို ပျော်ရွှင်စွာ ထုပ်ပိုးပြင်ဆင်ပေးလေသည်။
လူတိုင်းက အလုပ်များနေချိန်တွင် လုရှန်းကျစ်ကသာ ယဲ့ကျန်းနှင့်မိခင်ဖြစ်သူ၏ အနားတွင် ဆက်တိုက်စကားပြောနေနိုင်စွမ်းရှိသည်။ ထိုအချိန်တွင် သူက မင်းသမီးလျှိုဟွားက ယဲ့ကျန်း၏ငွေများကို ချက်ချင်းမပေးဘဲ မည်သို့အချိန်ဆွဲကြောင်း စီကာပတ်ကုံး ပြောပြနေခြင်းလည်းဖြစ်သည်။
"အစက သူမက စာရွက်စာတမ်းတွေကို အသိအမှတ်မပြုချင်ကြောင်း ငြင်းဆန်သေးတယ်၊ နောက်ပိုင်းမှာ အစ်ကိုထျန်းက ကာကွယ်ပြောဆိုပေးတာနဲ့ မင်းသမီးလျှိုဟွားရဲ့မျက်နှာက အစိမ်းရောင်သန်းသွားပါလေရော၊ အစ်ကိုကလည်း မြို့တော်မှာ သူမအချိန်အတန်ကြာတဲ့အထိ မျက်နှာပြရဲမယ်လို့မထင်ဘူး"
လုရှန်းကျစ်က ပြောသည်။
"ထျန်းကျန့်က ဘာလို့ အဲ့ဒီမှာရှိနေတာလဲ"
ယဲ့ကျန်းက ထိုလူငယ်၏နာမည်ကိုထည့်ပြောခံရသဖြင့်မေးလိုက်သည်။
"ထျန်းကောကလည်း ဝင်လောင်းထားခဲ့သေးတာပဲ၊ ဒီတော့ သူကိုယ်တိုင်ငွေပြားတွေ လာယူတာပေါ့၊ မင်းရဲ့အစ်ကိုက တကယ်ကံကောင်းသွားတာ အာ"
သူမ၏ ယဉ်ကျေးမှုမရှိသော အခြေအနေကို ပြန်တွေးမိပြီးနောက်တွင် ထျန်းကျန့်နှင့် ဆက်စပ်နေသည့် အကြောင်းအရာခေါင်းစဉ်ကို ပြောနေခြင်းကို ဖယ်ခွာလိုက်ကာ ပြောသည်။
"မင်းသားငယ်ကလည်း ဒီနေ့ရောက်လာခဲ့တာလား"
"မလာဘူး၊ အစ်ကိုကြားထားတဲ့အတိုင်းဆိုရင် တော်ဝင်မင်းသမီးက မနက်မိုးလင်းတာနဲ့ နန်းတော်ထဲအရင်ဝင်ပြီး မယ်တော်ကြီးကိုသွားရှာတယ်၊ မင်းသားငယ် မော့ရုန်ရီကတော့ သေချာပေါက် နန်းတော်ထဲ ဆင့်ခေါ်ခံရတယ်"
လုရှန်းကျစ်က ပြောပြီး စားပွဲပေါ်သို့ ငွေပြားများပါသည့်အထုပ်ကိုတင်သည်။
"သူ့သမီးက လောင်းကစားစလုပ်ပြီး ရှုံးသွားတယ်၊ တော်ဝင်မင်းသမီးအနေနဲ့ သေချာပေါက် နန်းတော်ကိုသွားပြီး မယ်တော်ကြီးရဲ့ရှေ့မှာ ငိုနေတော့မှာပေါ့၊ ဒါက "
သူက ငွေပြားများပေါ်တွင် လက်ချောင်းများပြေးလွှားပြီးနောက်ပြောသည်။
"ငါ့ညီမ အနိုင်ရထားတာတွေပေါ့"
ဖေးရှီက ထိုစကားများကိုကြားသောအခါ သမီးဖြစ်သူနှင့်သားဖြစ်သူကို အသိအမှတ်မပြုလိုကြည့်သည်။
"မင်းတို့ကတော့လေ လူမိုက်ဆန်ဆန်ပြုမူနေကြတာပဲ၊ မင်းသမီးတွေကိုတောင် ဒီငွေပြားတွေရဖို့အတွက်နဲ့ ရန်စခဲ့သေးတယ်၊ မင်းတို့ကတော့လေ မင်းတို့ရဲ့အဖေနဲ့ ဒီအကြောင်းအရာကို သွားပြောမှ ဖြစ်တော့မယ်"
မိခင်ဖြစ်သူထံသို့ သွားဖြဲကာပြုံးပြလိုက်သည့် လုရှန်းကျစ်က သည်တစ်ကြိမ်တွင်မူ အနည်းငယ်ထိတ်လန့်စွာ ပြောလိုက်သည်။
"ဒါက မင်းသမီးက အရင်ရန်လာစမှတော့ ရန်စတယ်ပဲထားပါတော့၊ အရင်ဆုံးအရှုံးကို လက်မခံနိုင်လူက ဘာလို့ လောင်းကြေးထပ်ခဲ့တာလဲ"
ကာကွယ်စောင့်ရှောက်တတ်သော မိခင်တစ်ယောက်အနေနှင့် ဖေးရှီကလည်း သူမ၏သားသမီးများက အမှားလုပ်မိပြီး မင်းသမီးကို ရန်စခဲ့မိကာ ရန်ငြိုးရှိသွားမည် ဆိုလျှင် သည်ကလေးနှစ်ယောက်အတွက် ဒုက္ခရှိလာနိုင်သဖြင့် စိုးရိမ်ခြင်းဖြစ်သည်။ ထိုအရာသာမကလေဘဲ ဝမ်ဖေးလုကပင် ဒုက္ခရောက်သွားနိုင်သေးလေသည်။
"အမေကြားထားတဲ့အတိုင်းဆိုရင် မယ်တော်ကြီးက မင်းသမီးကို အရမ်းချစ်တယ်လို့ ပြောကြတယ်၊ ဒီတော့ မင်းတို့ရဲ့အစ်မဝမ်ဖေးကိုလည်း ဒုက္ခထဲ ဆွဲသွင်းလို့ ဘယ်ဖြစ်ပါ့မလဲ"
ဖေးရှီက သတိပေးသည်။
လုဝူရွှမ်းကို ထည့်ပြောလာချိန်တွင် ယဲ့ကျန်း၏မျက်ဝန်းထဲရှိအလင်းက မှေးမှိန်သွားသည်။
"အမေ ဝမ်ဖေးက ကလေးဘဝတုန်းက နာမည်ပြောင်ရှိခဲ့ဖူးလား"
လုရှန်းကျစ်က ရုတ်တရက်မေးလာသည်။ ဖေးရှီက မျက်မှောင်ကြုတ်ပြီး ခေါင်းကိုခါသည်။
"ရွှမ်းအာရဲ့နာမည်လား၊ သူ့ကို သယာသို့ပြောတာကို ကြားဖူးသလိုပဲ"
"ဘာ"
လုရှန်းကျစ်က ရယ်သည်။
"ဝမ်ဖေးမှာ ဒီလိုနာမည်မျိုးရှိမယ်လို့ မထင်ထားဘူး"
သူမ၏လေသံကို ထိန်းလိုက်ပြီးနောက် ယဲ့ကျန်းက တည်ငြိမ်စွာဖြင့် သူ့အားမေးသည်။
"ဘာလို့ အစ်ကိုကြီးက ရုတ်တရက်မေးလာတာလဲ"
"မနေ့က အကြီးဆုံးအစ်ကိုက အစ်ကို ၂ ကိုမေးတာကို ကြားလိုက်လို့ပါ၊ ဝမ်ဖေးမှာ နာမည်ပြောင်ရှိတယ်လို့ မကြားဖူးဘူး"
လုရှန်းကျစ်ကဖြေပြီး ညီမဖြစ်သူ၏ခေါင်းထဲရှိ အတွေးများကို သတိမထားမိချေ။
လုလင်ကျစ်က မေးလာတယ်ဆိုကတည်းက အကြောင်းပြချက်ရှိနေလိမ့်မယ်။
သူမအနေနှင့် မော့ရုန်ကျန်းက သူမနှင့်ထိုတောအုပ်ထဲတွင် တွေ့ခဲ့ချိန်မှသာလျှင် ယောင်ယောင်ဆိုသည့်အမည်နှင့် အခြားတစ်ယောက်ကို တွေ့လိုက်ရပြီး နာမည်ပြောင်ကို သတိရသွားခဲ့မည်မှန်း သတိထားမိလိုက်သည်။ သူက ထိုအချက်ကြောင့် သူ့အား ကယ်ဆယ်ခဲ့သောသူက လုဝူရွှမ်းမဟုတ်ဟု သံသယဝင်နေခြင်းဖြစ်လောက်လေသည်။
လုဝူရွှမ်း၏နာမည်ပြောင်က ယောင်ယောင်မဟုတ်ချေ။ ဝမ်းကွဲတွင် ထိုသို့ နာမည်ရှိနေကတည်းက လုဝူရွှမ်း၏နာမည်ပြောင်က ထိုနာမည် မဟုတ်နိုင်တော့ချေ။ ထို့ကြောင့် မော့ရုန်ကျန်းကလည်း သူ့အနားတွင်ခေါ်ထားကာ ထိန်းသိမ်းစောင့်ရှောက် ထားသည့် ထိုအမျိုးသမီးက သူ့အား ကယ်ဆယ်ခဲ့သူမဟုတ်ကြောင်း သေချာပေါက် ယုံကြည်သွားလောက်ချေပြီ။
ဒါဆိုရင် ဘာလို့ လုဝူရွှမ်းကို သူ့ရဲ့တော်ဝင်ကိုယ်လုပ်တော်အနေနဲ့ ဆက်ခေါ်ထားသေးတာလဲ။
ယဲ့ကျန်းက မျက်မှောင်ကြုတ်ပြီး သူမ၏စိတ်ဝိညာဉ်က တော်ဝင်နန်းတော်အတွင်း နှစ်နှစ်တာချုပ်နှောင်ခံခဲ့ရသည့် အချိန်ကမြင်ခဲ့ရသမျှအရာအားလုံးကို ပြန်လည်တွေးတောလိုက်သည်။ အမြွှာညီမဖြစ်သူ၏ကိုယ်အတွင်းသို့ ဝိညာဉ်ကူးပြောင်းလာခြင်းမှလွဲလျှင် သူမသေပြီး ရက်အနည်းငယ်ကြာသောကာလသို့ ကူးပြောင်းလာခြင်း ဖြစ်နေလေသည်။
တော်ဝင်နန်းတော်၏ အေးစက်သောနံရံများအတွင်းတွင် လှည့်လည်သွားလာနေရသည့် အထီးကျန်ဝိညာဉ်တစ်ကောင်ဖြစ်ခဲ့ဖူးသည့်အလျောက် သူမအနေနှင့်လည်း ကျင်းတိုင်းပြည်၏ အတွင်းနှင့်အပြင် တည်ငြိမ်မှုအခြေအနေ အားလုံးကို နားလည်နေလေသည်။ သူမ၏ဝိညာဉ်က နန်းတော်ထဲတွင် အချုပ်နှောင်ခံရသည့် ပထမဦးဆုံးနှင့်ပင် ဝန်ကြီးများနှင့် တော်ဝင်စာကြည့်ဆောင်တွင် အကြောင်းအရာများကို ဆွေးနွေးနေသည့် မော့ရုန်ကျန်းကို ရံဖန်ရံခါမြင်ရသည်။
ကြည့်ရတာ အဲ့ဒီအချိန်က ကျင်းတိုင်းပြည်မှာ စစ်ပွဲတွေ အရမ်းဖြစ်တဲ့ပုံပဲ။
ယဲ့ကျန်းက စိတ်ထဲတွင် လှောင်ပြောင်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူမသည်လည်း မော့ရုန်ကျန်းက အလွန်အင်အားကြီးသောလူမှန်း နားလည်သည်။ သူက ကျင်းတိုင်းပြည်ကို အနှေးနှင့်အမြန် အင်အားကြီးကာ ဖွံ့ဖြိုးသည့် တိုင်းပြည်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။
သို့သော် သူမက တွေးကြည့်ရုံနှင့်ပင် စိတ်အချဉ်ပေါက်သလို ခံစားရသည်။
ငါ့ရဲ့အဖေနဲ့ အစ်ကို ၂ က သူ့ကို မကူညီခဲ့လို့လား၊ ဒါကို သူက ဘယ်လိုတောင် သူက ရက်ရက်စက်စက် ပြန်ပေးဆပ်လိုက်တာလဲ၊ ငါ့အဖေက နာနာကျင်ကျင်နဲ့ ပေးဆပ်ထားရတာက သူ ဒီလိုအင်အားကြီးထွားလာဖို့ပဲ မဟုတ်ဘူးလား။
သူမကသာ အနာဂတ်တွင် အခွင့်အရေးရှိမည်ဆိုလျှင် ယဲ့ကျန်းအနေနှင့် သူမ၏မိသားစုအပေါ် သူ အကြွေးတင်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ရယူလိုသည်။
...
Zawgyi
အပိုင္း ၁၃၈
ယဲ့က်န္းက အမ်ိဳးသမီးအကယ္ဒမီထံမွ အေၾကာင္းၾကားစာ ေရာက္လာေသာအခါမွသာ စိတ္ေအးသြားႏိုင္ေလသည္။ သူမႏွင့္ သူမ၏မိသားစုကို အမွားလုပ္ခဲ့ေသာ ထိုသူမ်ားအတြက္ အျပစ္ဒဏ္ ျပန္ေပးမည့္အထဲမွ အေပ်ာ့စားအလုပ္ကို စလုပ္ၿပီးအရာအားလုံးကို သူမ၏လက္ျဖင့္ ကိုယ္တိုင္ကိုယ္က် ကိုင္တြယ္ဆုံးျဖတ္ႏိုင္ရန္ ဒါက ပထမေျခလွမ္းျဖစ္ေၾကာင္း သူမ နားလည္ေနသည္။
အခု ငါက ေတာ္ဝင္အမတ္တစ္ေယာက္ရဲ႕ အလိုလိုက္ခံထားရတဲ့ သမီးတစ္ေယာက္ မဟုတ္ေတာ့ဘူး၊ အရာအားလုံးကို ငါ ကိုယ္တိုင္ကိုယ္က် ကိုင္တြယ္ရေတာ့မယ္။
သူမ၏ ကလဲ့စားေခ်မည့္စာရင္းတြင္ လုလင္က်စ္ႏွင့္လက္ရွိဝမ္ေဖး၊ လုဝူရွန္းတို႔ပါ သည္။ ေမာ့႐ုန္က်န္းအတြက္ကမူ သူမ အျပည့္အဝ လုပ္ေဆာင္ႏိုင္စြမ္းရွိမွ်သာလွ်င္ ကိုင္တြယ္ႏိုင္ေလာက္သည္။ သူမ၏လက္ရွိအင္အားေၾကာင့္ပင္ ျဖစ္ေစ၊ ေနာက္ခံမရွိေသာ အေျခအေနေၾကာင့္ပင္ျဖစ္ေစ၊ သူ႔ကို ကလဲ့စားမည္ဟု ေျပာေနျခင္းက သံသယဝင္ရန္ မလိုေလာက္ေအာင္ ေက်ာက္ေဆာင္ကို ၾကက္ဥျဖင့္ ပစ္ေပါက္သလိုျဖစ္ေနေပလိမ့္မည္။
လုအိမ္ေတာ္ကလည္း ယဲ့က်န္း၏အမ်ိဳးသမီးအကယ္ဒမီသို႔ သြားမည့္ခရီးအတြက္ ျပင္ဆင္ေပးၿပီး ေဖးရွီက သမီးျဖစ္သူ အကယ္ဒမီသို႔ ယူသြားမည့္ပစၥည္းကို ေပ်ာ္႐ႊင္စြာ ထုပ္ပိုးျပင္ဆင္ေပးေလသည္။
လူတိုင္းက အလုပ္မ်ားေနခ်ိန္တြင္ လုရွန္းက်စ္ကသာ ယဲ့က်န္းႏွင့္မိခင္ျဖစ္သူ၏ အနားတြင္ ဆက္တိုက္စကားေျပာေနႏိုင္စြမ္းရွိသည္။ ထိုအခ်ိန္တြင္ သူက မင္းသမီးလွ်ိဳဟြားက ယဲ့က်န္း၏ေငြမ်ားကို ခ်က္ခ်င္းမေပးဘဲ မည္သို႔အခ်ိန္ဆြဲေၾကာင္း စီကာပတ္ကုံး ေျပာျပေနျခင္းလည္းျဖစ္သည္။
"အစက သူမက စာ႐ြက္စာတမ္းေတြကို အသိအမွတ္မျပဳခ်င္ေၾကာင္း ျငင္းဆန္ေသးတယ္၊ ေနာက္ပိုင္းမွာ အစ္ကိုထ်န္းက ကာကြယ္ေျပာဆိုေပးတာနဲ႔ မင္းသမီးလွ်ိဳဟြားရဲ႕မ်က္ႏွာက အစိမ္းေရာင္သန္းသြားပါေလေရာ၊ အစ္ကိုကလည္း ၿမိဳ႕ေတာ္မွာ သူမအခ်ိန္အတန္ၾကာတဲ့အထိ မ်က္ႏွာျပရဲမယ္လို႔မထင္ဘူး"
လုရွန္းက်စ္က ေျပာသည္။
"ထ်န္းက်န႔္က ဘာလို႔ အဲ့ဒီမွာရွိေနတာလဲ"
ယဲ့က်န္းက ထိုလူငယ္၏နာမည္ကိုထည့္ေျပာခံရသျဖင့္ေမးလိုက္သည္။
"ထ်န္းေကာကလည္း ဝင္ေလာင္းထားခဲ့ေသးတာပဲ၊ ဒီေတာ့ သူကိုယ္တိုင္ေငြျပားေတြ လာယူတာေပါ့၊ မင္းရဲ႕အစ္ကိုက တကယ္ကံေကာင္းသြားတာ အာ"
သူမ၏ ယဥ္ေက်းမႈမရွိေသာ အေျခအေနကို ျပန္ေတြးမိၿပီးေနာက္တြင္ ထ်န္းက်န႔္ႏွင့္ ဆက္စပ္ေနသည့္ အေၾကာင္းအရာေခါင္းစဥ္ကို ေျပာေနျခင္းကို ဖယ္ခြာလိုက္ကာ ေျပာသည္။
"မင္းသားငယ္ကလည္း ဒီေန႔ေရာက္လာခဲ့တာလား"
"မလာဘူး၊ အစ္ကိုၾကားထားတဲ့အတိုင္းဆိုရင္ ေတာ္ဝင္မင္းသမီးက မနက္မိုးလင္းတာနဲ႔ နန္းေတာ္ထဲအရင္ဝင္ၿပီး မယ္ေတာ္ႀကီးကိုသြားရွာတယ္၊ မင္းသားငယ္ ေမာ့႐ုန္ရီကေတာ့ ေသခ်ာေပါက္ နန္းေတာ္ထဲ ဆင့္ေခၚခံရတယ္"
လုရွန္းက်စ္က ေျပာၿပီး စားပြဲေပၚသို႔ ေငြျပားမ်ားပါသည့္အထုပ္ကိုတင္သည္။
"သူ႔သမီးက ေလာင္းကစားစလုပ္ၿပီး ရႈံးသြားတယ္၊ ေတာ္ဝင္မင္းသမီးအေနနဲ႔ ေသခ်ာေပါက္ နန္းေတာ္ကိုသြားၿပီး မယ္ေတာ္ႀကီးရဲ႕ေရွ႕မွာ ငိုေနေတာ့မွာေပါ့၊ ဒါက "
သူက ေငြျပားမ်ားေပၚတြင္ လက္ေခ်ာင္းမ်ားေျပးလႊားၿပီးေနာက္ေျပာသည္။
"ငါ့ညီမ အႏိုင္ရထားတာေတြေပါ့"
ေဖးရွီက ထိုစကားမ်ားကိုၾကားေသာအခါ သမီးျဖစ္သူႏွင့္သားျဖစ္သူကို အသိအမွတ္မျပဳလိုၾကည့္သည္။
"မင္းတို႔ကေတာ့ေလ လူမိုက္ဆန္ဆန္ျပဳမူေနၾကတာပဲ၊ မင္းသမီးေတြကိုေတာင္ ဒီေငြျပားေတြရဖို႔အတြက္နဲ႔ ရန္စခဲ့ေသးတယ္၊ မင္းတို႔ကေတာ့ေလ မင္းတို႔ရဲ႕အေဖနဲ႔ ဒီအေၾကာင္းအရာကို သြားေျပာမွ ျဖစ္ေတာ့မယ္"
မိခင္ျဖစ္သူထံသို႔ သြားၿဖဲကာၿပဳံးျပလိုက္သည့္ လုရွန္းက်စ္က သည္တစ္ႀကိမ္တြင္မူ အနည္းငယ္ထိတ္လန႔္စြာ ေျပာလိုက္သည္။
"ဒါက မင္းသမီးက အရင္ရန္လာစမွေတာ့ ရန္စတယ္ပဲထားပါေတာ့၊ အရင္ဆုံးအရႈံးကို လက္မခံႏိုင္လူက ဘာလို႔ ေလာင္းေၾကးထပ္ခဲ့တာလဲ"
ကာကြယ္ေစာင့္ေရွာက္တတ္ေသာ မိခင္တစ္ေယာက္အေနႏွင့္ ေဖးရွီကလည္း သူမ၏သားသမီးမ်ားက အမွားလုပ္မိၿပီး မင္းသမီးကို ရန္စခဲ့မိကာ ရန္ၿငိဳးရွိသြားမည္ ဆိုလွ်င္ သည္ကေလးႏွစ္ေယာက္အတြက္ ဒုကၡရွိလာႏိုင္သျဖင့္ စိုးရိမ္ျခင္းျဖစ္သည္။ ထိုအရာသာမကေလဘဲ ဝမ္ေဖးလုကပင္ ဒုကၡေရာက္သြားႏိုင္ေသးေလသည္။
"အေမၾကားထားတဲ့အတိုင္းဆိုရင္ မယ္ေတာ္ႀကီးက မင္းသမီးကို အရမ္းခ်စ္တယ္လို႔ ေျပာၾကတယ္၊ ဒီေတာ့ မင္းတို႔ရဲ႕အစ္မဝမ္ေဖးကိုလည္း ဒုကၡထဲ ဆြဲသြင္းလို႔ ဘယ္ျဖစ္ပါ့မလဲ"
ေဖးရွီက သတိေပးသည္။
လုဝူ႐ႊမ္းကို ထည့္ေျပာလာခ်ိန္တြင္ ယဲ့က်န္း၏မ်က္ဝန္းထဲရွိအလင္းက ေမွးမွိန္သြားသည္။
"အေမ ဝမ္ေဖးက ကေလးဘဝတုန္းက နာမည္ေျပာင္ရွိခဲ့ဖူးလား"
လုရွန္းက်စ္က ႐ုတ္တရက္ေမးလာသည္။ ေဖးရွီက မ်က္ေမွာင္ၾကဳတ္ၿပီး ေခါင္းကိုခါသည္။
"႐ႊမ္းအာရဲ႕နာမည္လား၊ သူ႔ကို သယာသို႔ေျပာတာကို ၾကားဖူးသလိုပဲ"
"ဘာ"
လုရွန္းက်စ္က ရယ္သည္။
"ဝမ္ေဖးမွာ ဒီလိုနာမည္မ်ိဳးရွိမယ္လို႔ မထင္ထားဘူး"
သူမ၏ေလသံကို ထိန္းလိုက္ၿပီးေနာက္ ယဲ့က်န္းက တည္ၿငိမ္စြာျဖင့္ သူ႔အားေမးသည္။
"ဘာလို႔ အစ္ကိုႀကီးက ႐ုတ္တရက္ေမးလာတာလဲ"
"မေန႔က အႀကီးဆုံးအစ္ကိုက အစ္ကို ၂ ကိုေမးတာကို ၾကားလိုက္လို႔ပါ၊ ဝမ္ေဖးမွာ နာမည္ေျပာင္ရွိတယ္လို႔ မၾကားဖူးဘူး"
လုရွန္းက်စ္ကေျဖၿပီး ညီမျဖစ္သူ၏ေခါင္းထဲရွိ အေတြးမ်ားကို သတိမထားမိေခ်။
လုလင္က်စ္က ေမးလာတယ္ဆိုကတည္းက အေၾကာင္းျပခ်က္ရွိေနလိမ့္မယ္။
သူမအေနႏွင့္ ေမာ့႐ုန္က်န္းက သူမႏွင့္ထိုေတာအုပ္ထဲတြင္ ေတြ႕ခဲ့ခ်ိန္မွသာလွ်င္ ေယာင္ေယာင္ဆိုသည့္အမည္ႏွင့္ အျခားတစ္ေယာက္ကို ေတြ႕လိုက္ရၿပီး နာမည္ေျပာင္ကို သတိရသြားခဲ့မည္မွန္း သတိထားမိလိုက္သည္။ သူက ထိုအခ်က္ေၾကာင့္ သူ႔အား ကယ္ဆယ္ခဲ့ေသာသူက လုဝူ႐ႊမ္းမဟုတ္ဟု သံသယဝင္ေနျခင္းျဖစ္ေလာက္ေလသည္။
လုဝူ႐ႊမ္း၏နာမည္ေျပာင္က ေယာင္ေယာင္မဟုတ္ေခ်။ ဝမ္းကြဲတြင္ ထိုသို႔ နာမည္ရွိေနကတည္းက လုဝူ႐ႊမ္း၏နာမည္ေျပာင္က ထိုနာမည္ မဟုတ္ႏိုင္ေတာ့ေခ်။ ထို႔ေၾကာင့္ ေမာ့႐ုန္က်န္းကလည္း သူ႔အနားတြင္ေခၚထားကာ ထိန္းသိမ္းေစာင့္ေရွာက္ ထားသည့္ ထိုအမ်ိဳးသမီးက သူ႔အား ကယ္ဆယ္ခဲ့သူမဟုတ္ေၾကာင္း ေသခ်ာေပါက္ ယုံၾကည္သြားေလာက္ေခ်ၿပီ။
ဒါဆိုရင္ ဘာလို႔ လုဝူ႐ႊမ္းကို သူ႔ရဲ႕ေတာ္ဝင္ကိုယ္လုပ္ေတာ္အေနနဲ႔ ဆက္ေခၚထားေသးတာလဲ။
ယဲ့က်န္းက မ်က္ေမွာင္ၾကဳတ္ၿပီး သူမ၏စိတ္ဝိညာဥ္က ေတာ္ဝင္နန္းေတာ္အတြင္း ႏွစ္ႏွစ္တာခ်ဳပ္ေႏွာင္ခံခဲ့ရသည့္ အခ်ိန္ကျမင္ခဲ့ရသမွ်အရာအားလုံးကို ျပန္လည္ေတြးေတာလိုက္သည္။ အႁမႊာညီမျဖစ္သူ၏ကိုယ္အတြင္းသို႔ ဝိညာဥ္ကူးေျပာင္းလာျခင္းမွလြဲလွ်င္ သူမေသၿပီး ရက္အနည္းငယ္ၾကာေသာကာလသို႔ ကူးေျပာင္းလာျခင္း ျဖစ္ေနေလသည္။
ေတာ္ဝင္နန္းေတာ္၏ ေအးစက္ေသာနံရံမ်ားအတြင္းတြင္ လွည့္လည္သြားလာေနရသည့္ အထီးက်န္ဝိညာဥ္တစ္ေကာင္ျဖစ္ခဲ့ဖူးသည့္အေလ်ာက္ သူမအေနႏွင့္လည္း က်င္းတိုင္းျပည္၏ အတြင္းႏွင့္အျပင္ တည္ၿငိမ္မႈအေျခအေန အားလုံးကို နားလည္ေနေလသည္။ သူမ၏ဝိညာဥ္က နန္းေတာ္ထဲတြင္ အခ်ဳပ္ေႏွာင္ခံရသည့္ ပထမဦးဆုံးႏွင့္ပင္ ဝန္ႀကီးမ်ားႏွင့္ ေတာ္ဝင္စာၾကည့္ေဆာင္တြင္ အေၾကာင္းအရာမ်ားကို ေဆြးေႏြးေနသည့္ ေမာ့႐ုန္က်န္းကို ရံဖန္ရံခါျမင္ရသည္။
ၾကည့္ရတာ အဲ့ဒီအခ်ိန္က က်င္းတိုင္းျပည္မွာ စစ္ပြဲေတြ အရမ္းျဖစ္တဲ့ပုံပဲ။
ယဲ့က်န္းက စိတ္ထဲတြင္ ေလွာင္ေျပာင္ကာ ႏွာေခါင္းရႈံ႕လိုက္သည္။ သူမသည္လည္း ေမာ့႐ုန္က်န္းက အလြန္အင္အားႀကီးေသာလူမွန္း နားလည္သည္။ သူက က်င္းတိုင္းျပည္ကို အေႏွးႏွင့္အျမန္ အင္အားႀကီးကာ ဖြံ႕ၿဖိဳးသည့္ တိုင္းျပည္တစ္ခုအျဖစ္ ေျပာင္းလဲႏိုင္ေပလိမ့္မည္။
သို႔ေသာ္ သူမက ေတြးၾကည့္႐ုံႏွင့္ပင္ စိတ္အခ်ဥ္ေပါက္သလို ခံစားရသည္။
ငါ့ရဲ႕အေဖနဲ႔ အစ္ကို ၂ က သူ႔ကို မကူညီခဲ့လို႔လား၊ ဒါကို သူက ဘယ္လိုေတာင္ သူက ရက္ရက္စက္စက္ ျပန္ေပးဆပ္လိုက္တာလဲ၊ ငါ့အေဖက နာနာက်င္က်င္နဲ႔ ေပးဆပ္ထားရတာက သူ ဒီလိုအင္အားႀကီးထြားလာဖို႔ပဲ မဟုတ္ဘူးလား။
သူမကသာ အနာဂတ္တြင္ အခြင့္အေရးရွိမည္ဆိုလွ်င္ ယဲ့က်န္းအေနႏွင့္ သူမ၏မိသားစုအေပၚ သူ အေႂကြးတင္ခဲ့သမွ် အရာအားလုံးကို ျပန္လည္ရယူလိုသည္။
...