အပိုင်း ၁၃၂
ဟုတ်သားပဲ ဧကရာဇ်က ဒီလိုလူမျိုးမှ မဟုတ်တာ။
သို့သော် နောက်ထပ်ထွက်လာသောစကားများက သူ့ကိုအံ့သြသွားစေပြန်သည်။
"ကျန်းရွှမ်းအာနဲ့ ပထမဆုံးအကြိမ်ဆုံခဲ့တုန်းက သူ့မှာ ငယ်နာမည်ရှိတယ်လို့ပြောခဲ့တယ်"
မော့ယွန်ကျန်းက ရုတ်တရက် လုဝူကျန်းကို ထည့်ပြောလိုက်သည်။
"ငယ်နာမည်ဟုတ်လား ဘာငယ်နာမည်လဲ ဧကရာဇ်က ဘာနာမည်ကိုပြောနေတာလဲ"
သူ့အနေနှင့် ယခင်ဝမ်ဖေးကလည်း ငယ်နာမည်အကြောင်းပြောခြင်းကို တစ်ခါမှ မကြားဖူးသေးချေ။
နေပါဦး သူ မသိတာ ရှိနေတာလား။
"ကျွန်တော်က ငယ်ငယ်တုန်းက မြို့တော်ရဲ့အဝေးမှာရှိနေခဲ့ပြီ ကျွန်တော့်ဖခင်သွားတဲ့နေရာနောက်ကို လျှောက်လိုက်နေခဲ့ရလို့ အဖွားက ဝမ်ဖေးကို ဘယ်လိုခေါ်မှန်း မသိခဲ့ပါဘူး"
မော့ယွန်ကျန်း၏နှုတ်ခမ်းများက ကော့တက်သွားသည်။ လုဝူရွှမ်းက သူမတွင် ငယ်နာမည်မရှိဟု ပြောသည်။ သို့သော် သူမတွင်သာ ရှိမည်ဆိုလျှင် ဝမ်းကွဲဖြစ်သူ ယောင်ယောင်ဆိုသည့်နာမည်နှင့် ကိုက်ညီနေရန် အကြောင်းမရှိချေ။
"မင်းတစ်ခါက ပြောတော့ ရွှမ်းအာက ငယ်ငယ်တုန်းက ဖျားခဲ့သေးတယ်ဆိုပဲ ဒါက ကိစ္စတွေအများစုကို မေ့သွားခဲ့တဲ့အကြောင်းပြချက်လား"
မော့ယွန်ကျန်းက ထိုသို့ တိုက်ရိုက်မေးလိုက်သည်။ လုလင်ကျစ်၏ နှလုံးခုန်နှုန်းက မြန်သွားသည်။ သူ၏စိတ်ထဲတွင် အချက်ပေးသံများကိုကြားလိုက်ရပြီဖြစ်သည်။
ဘာလို့ဧကရာဇ်က ရုတ်တရက်ကြီး လွန်ခဲ့တဲ့ ရက်တွေက ကိစ္စတွေကို လာပြောနေရတာလဲ။ သူ့ကို ကယ်ခဲ့တာက လုဝူရွှမ်း မဟုတ်ဘူးလို့ သံသယဝင်နေတာလား။
သူက လုဝူရွှမ်းအား ကျောက်စိမ်းပြားမအပ်ခင်ကဆိုလျှင် ဧကရာဇ်က အပြည့်အဝ မယုံကြည်ခဲ့သေးချေ။ သို့သော် အပ်ပြီးခဲ့ချိန်ကမူ ငယ်ရွယ်စဉ်က သူနှင့်တွေ့ဆုံခဲ့သော အသက်သခင်ကျေးဇူးရှင်က လုဝူရွှမ်းဖြစ်ကြောင်း အပြည့်အဝယုံကြည်သွားလေသည်။
ဒါကို အခု ဘယ်လိုများ သံသယဝင်ရပြန်တာလဲ။
"ဟုတ်ပါတယ် ကျွန်တော့်ရဲ့ညီမဖြစ်သူ ယခုဝမ်ဖေးက ဆယ်နှစ်အရွယ်တုန်းက တစ်ကိုယ်လုံး နာမကျန်းဖြစ်ပြီး နှစ်ရက်လောက်နီးပါး ပူပြင်းလောင်ကျွမ်းနေခဲ့ပါတယ်။ ဒါပေမဲ့ ပြန်လည်နိုးထလာတဲ့အချိန်မှာ အတိတ်က ကိစ္စတော်တော်များများကို မေ့သွားခဲ့ပါပြီ။ ဆေးဝါးပညာရှင်ကတော့ မေ့သွားတဲ့မှတ်ဉာဏ်တွေကို အတင်း ပြန်သတိရအောင်မလုပ်တာက ကောင်းတယ်လို့ ပြောခဲ့ပါတယ်"
လုလင်ကျစ်က တည်ငြိမ်စွာပြောလိုက်သည်။ သူက အမှန်တရားကို ပြောနေခြင်းဟုထင်သွားစေပြီး သူ၏ညီမဖြစ်သူက ငယ်ရွယ်စဉ်က အကြောင်းအရာများကို မေ့သွားခဲ့ခြင်းက ထိုအကြောင်းအရင်းကြောင့်ဟု ဖော်ပြနေသည်။
မော့ယွန်ကျန်းကသာ တောအုပ်ထဲမှ ဆုတ်ဖြဲခံလိုက်ရသည့် အမွှေးနံ့သာအိတ်ကို ရှာမတွေ့ခဲ့လျှင်၊ ထိုကလေးမလေးပြောခဲ့သောနာမည်က ယောင်ယောင်ဖြစ်ကြောင်းသာ မသိခဲ့လျှင် လုဝူရွှမ်းကို ဘယ်သောအခါမှ သံသယဝင်ခဲ့လိမ့်မည်မဟုတ်ချေ။ ယခင်ကအတိုင်း သူက တောက်လျှောက် တစ်ဘဝလုံး အလိုလိုက်သွားလောက်သည်။ သို့သော်နှလုံးသားထဲတွင် သံသယက ပေါက်ဖွားလာသည် ဆိုသည်နှင့် နောက်ထပ် ဆက်တိုက် ကပ်လိုက်လာရန်သာ ရှိတော့သည်။
လုဝူရွှမ်းက သူ့ကို ကယ်ခဲ့သောသူ မဟုတ်ကြောင်း မော့ယွန်ကျန်း သိသွားလေပြီ။ သို့သော် မည်သည့်အတွက်ကြောင့် သူ့အားကယ်ခဲ့သောမိန်းကလေးထံ ပေးခဲ့သည့် ကျောက်စိမ်းတံဆိပ်ပြားကို သူမက ရထားခဲ့ကြောင်း သူသည်လည်း မသေချာမသိချေ။ အဆိုးဆုံးအခြေအနေအထိ သူမ ခန့်မှန်းသောအရာကလည်း ထိုမိန်းကလေးက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေပြီး အသက်မရှင်တော့မည်ကို စိုးရိမ်မိခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် အတုအယောင်များထံ ထိုကျောက်စိမ်းတံဆိပ်ပြားက ရောက်သွားသည်ဟု ခန့်မှန်းမိသည်။
"ကျန်းနားလည်ပြီ။ သူမက ငယ်ငယ်တုန်းက ကျန်းနဲ့မျှဝေခဲ့တဲ့ လျှို့ဝှက်စာသားကို မေ့သွားတာ မအံ့သြတော့ပါဘူး"
မော့ယွန်ကျန်းက ဖျော့တော့စွာ ပြုံးသည်။
ကြည့်ရတာ နန်းတော်ထဲဝင်ပြီး သူ့ညီမနဲ့စကားပြောဖို့ လိုအပ်နေပြီပဲ။
မော့ယွန်ကျန်းက သူ၏စိတ်ထဲမှ မကျေနပ်မှုကို ဖိနှိပ်ပြီးနောက် လုလင်ကျစ်ကို ပြန်လည် ရင်ဆိုင်လိုက်သည်။ သူက အပြုံးနှင့်ပြောလိုက်သည်။
"ကျန်းအနေနဲ့ မောင်မင်းကို ခိုင်းစရာကိစ္စတွေ အများကြီးရှိနေတယ်။ ဒီတော့ ကောင်းကောင်း အနားယူပြီး မြန်မြန်သက်သာလာပါ"
"ကျွန်တော် အိမ်မှာ ဒီအတိုင်းထိုင်မနေနိုင်ပါဘူး ကျွန်တော့်အနေနဲ့ အခုလိုမျိုး ထော့နဲ့ထော့နဲ့ လမ်းလျှောက်နေရပေမဲ့လည်း စစ်မက်ရေးရာကိုသွားပြီး အလုပ်လုပ်လို့ရနေပါပြီ"
ဧကရာဇ်က ခေါင်းညိတ်သည်။
"ကောင်းပြီ"
"အစ်ကိုတော်"
အကယ်ဒမီမှ ထွက်လာသော မော့ရုံရီက အဝေးမှ လှမ်းအော်ပြီးအပြေးနှင်လာသည်။
"ဆင်းလာခဲ့"
မော့ယွန်ကျန်း၏မျက်နှာက တည်ငြိမ်သွားကာ မော့ရုံရီကို အေးစက်စွာ အမိန့်ပေးလိုက်သည်။ မော့ရုံရီက မြင်းပေါ်မှ တုံ့ဆိုင်းစွာဆင်းလာပြီးနောက် မော့ယွန်ကျန်းကိုပြုံးကာကြည့်သည်။
"အစ်ကိုတော် အစ်ကိုတော်က ဘာလို့ဒီနေရာကို ရောက်နေတာလဲ"
"မင်းက အမဲလိုက်ချင်တာမဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး အကယ်ဒမီထဲရောက်သွားတာလဲ"
မော့ယွန်ကျန်းကမေးသည်။
သူက နန်းတော်ထဲတွင် တာဝန်များပြီးကာ ထွက်လာခဲ့စဉ်က သူ၏ညီတော်က အမဲလိုက်သွားသည်ဟု သိခဲ့ရသည်။ ထို့ကြောင့် ညီတော်ဖြစ်သူနှင့်အတူ အမဲလိုက်ချင်သည့်အတွက် လာကြည့်ချိန်တွင် အရိပ်ပင် မမြင်ရတော့ချေ။ ထို့နောက်တခနတွင် အနီးနားရှိ အမျိုးသမီးအကယ်ဒမီထဲသို့ပင်ရောက်ပြီး ပွဲသွားကြည့်နေကြောင်း သိလိုက်ရလေသည်။
အထင်မှားတာ မဟုတ်ဘူး မော့ရုံရီရဲ့အမျိုးသမီးတွေ ကပြဖျော်ဖြေနေတာကို စိုက်ကြည့်နေတဲ့ ပုံရိပ်လေးကို သူသေချာတွေ့ခဲ့တာ။
သူ့ညီတော် ကြီးပြင်းတာ မြန်လွန်းမနေဘူးလား။
မော့ရုံရီက သူ့အစ်ကိုတော်၏ မျက်နှာတည်တင်းနေသောကြောင့် ထိတ်လန့်သွားကာ သေလုနီးပါး ချောက်ချားသွားသည်။
"ညီတော်က အဲဒီမှာမိန်းကလေးလုကို တွေ့လိုက်လို့ပါ ဒါကြောင့် အဲဒီကိုသွားပြီး ဖျော်ဖြေမှုကို တစ်ချက်လောက်ကြည့်ချင်ခဲ့တာပါ။ အစ်ကိုတောင် အစ်ကိုတော် မသိဘူးနော်။ ကျွန်တော် ဒီနေ့ ဘယ်လိုကံကြမ္မာမျိုးနဲ့ကြုံတွေ့ခဲ့ရသလဲ။ မဟုတ်ရင် မိန်းကလေးလုက အကယ်ဒမီကို ဝင်ခွင့်ရမှာတောင် မဟုတ်ဘူး"
"အကယ်ဒမီကို သူမ ဝင်ခွင့်ရတာ၊ မရတာက မင်းကိုဘယ်လိုခံစားရစေတာလဲ"
မော့ယွန်ကျန်းက အနည်းငယ်နှာခေါင်းရှုံ့ကာပြောသည်။
"အစ်ကိုတော် အဲဒီလိုမဟုတ်ဘူးလေ လုယောင်ယောင်ရဲ့ဗုံနဲ့အတူ ကပြဖျော်ဖြေတာက ဘယ်လောက်တောင် ပြောင်မြောက်လိုက်သလဲ။ ပြဿနာမရှိတာအသိသာကြီးပဲ။ ဒါပေမဲ့ လျှိုဟွားက ဆရာနှစ်ယောက်ကို လာဘ်ထိုးပြီး ဘီပေးခိုင်းနေတယ်လေ။ မိန်းကလေးလုက ဉာဏ်ကောင်းပေလို့သာပေါ့။ သူမက မင်းသမီးလျှိုဟွားကို အကယ်ဒမီကိုဝင်ခွင့်ရမရ သူမအပေါ် လောင်းကြေးထပ်တဲ့ကိစ္စအပေါ် အမတ်ထျန်းဆီက လျန်းနှစ်ထောင် ချေးယူပြီး လောင်းကြေး ထပ်ခဲ့သေးတယ်။ ဆရာနှစ်ယောက်နဲ့ ငြင်းခုန်ပြီးတဲ့နောက်မှာတော့ ကြောက်ကြောက်လန့်လန့်နဲ့ တစ်ယောက်က သူ့ကိုအေတစ်လုံးပေးရတော့တာပဲ"
မော့ရုံရီ၏ပါးစပ်က ဧကရာဇ်၏ အမြန်ဆုံးမြင်းထက်ပင် မြန်ဆန်နေသေးသည်။ သူက စကားလုံးတစ်လုံးချင်းစီတိုင်းကို မရပ်မနား ဆက်တိုက် ပြောလိုက်သည်။
စိတ်လှုပ်ရှားနေသော မော့ရုံရီ၏ မျက်လုံးကတောက်ပနေပြီး သူက သတင်းကြီးကို သယ်ဆောင်လာသလိုမျိုး ဆက်ပြောသည်။
"နောက်ပြီး ညီတော်ကိုယ်တိုင်လည်း ငွေလျန်းတစ်သောင်းနှစ်ထောင်နိုင်ထားတယ်။ အစ်ကိုတော်... ဟမ့် မနက်ဖြန်ကျရင်လျှိုဟွားဆီကနေ ငွေသွားတောင်းခိုင်းမယ်"
သူ၏ညီတော်က သူ၏ဆူပူမှုမှပင် ချော်ထွက်ကာ ထိုသို့ ဆက်တိုက် တောက်ပပျော်ရွှင်စွာ ပြုံးနေကြောင်း မြင်ရသောအခါ မော့ယွန်ကျန်း၏စိတ်ကလည်း နူးညံ့ကာ သေးသွယ်သော မိန်းကလေးငယ်လေးက ငြင်းခုန်နေမည့်ပုံစံကို ပြေးမြင်မိသွားသည်။
"မင်းသမီးကသာ နန်းတော်ကိုသွားပြီး မယ်တော့်ကို ဒီကိစ္စအကြောင်း အတွန့်တက်မယ်ဆိုရင် ကျန်းမင်းကိုမကာကွယ်နိုင်ဘူး"
"မိန်းကလေးလုက အေလေးလုံးရသွားပြီး လျှိုဟွားက ရှုံးသွားတာ သိတာနေတာပဲ။ ညီတော်လုပ်တာ မမှားဘူး"
မော့ရုံရီကလည်း ပြန်အော်သည်။
လုလင်ကျစ်က မျက်မှောင်ကြုံ့သည်။ ထိုဆရာနှစ်ယောက်က ရက်စက်ကာ ကျိုးကြောင်း မသင့်လျော်ချေ။ သူတို့က အနုပညာခြောက်မျိုးတွင် ညံ့ဖျင်းပြီး လုယောင်ယောင်ဝင်ခွင့်မဝင်အောင် တားရဲသေးသည်။ ကံကောင်းစွာဖြင့် သူတို့က မအောင်မြင်သွားခဲ့ချေ။
...
Zawgyi
အပိုင္း ၁၃၂
ဟုတ္သားပဲ ဧကရာဇ္က ဒီလိုလူမ်ိဳးမွ မဟုတ္တာ။
သို႔ေသာ္ ေနာက္ထပ္ထြက္လာေသာစကားမ်ားက သူ႔ကိုအံ့ၾသသြားေစျပန္သည္။
"က်န္း႐ႊမ္းအာနဲ႔ ပထမဆုံးအႀကိမ္ဆုံခဲ့တုန္းက သူ႔မွာ ငယ္နာမည္ရွိတယ္လို႔ေျပာခဲ့တယ္"
ေမာ့ယြန္က်န္းက ႐ုတ္တရက္ လုဝူက်န္းကို ထည့္ေျပာလိုက္သည္။
"ငယ္နာမည္ဟုတ္လား ဘာငယ္နာမည္လဲ ဧကရာဇ္က ဘာနာမည္ကိုေျပာေနတာလဲ"
သူ႔အေနႏွင့္ ယခင္ဝမ္ေဖးကလည္း ငယ္နာမည္အေၾကာင္းေျပာျခင္းကို တစ္ခါမွ မၾကားဖူးေသးေခ်။
ေနပါဦး သူ မသိတာ ရွိေနတာလား။
"ကြၽန္ေတာ္က ငယ္ငယ္တုန္းက ၿမိဳ႕ေတာ္ရဲ႕အေဝးမွာရွိေနခဲ့ၿပီ ကြၽန္ေတာ့္ဖခင္သြားတဲ့ေနရာေနာက္ကို ေလွ်ာက္လိုက္ေနခဲ့ရလို႔ အဖြားက ဝမ္ေဖးကို ဘယ္လိုေခၚမွန္း မသိခဲ့ပါဘူး"
ေမာ့ယြန္က်န္း၏ႏႈတ္ခမ္းမ်ားက ေကာ့တက္သြားသည္။ လုဝူ႐ႊမ္းက သူမတြင္ ငယ္နာမည္မရွိဟု ေျပာသည္။ သို႔ေသာ္ သူမတြင္သာ ရွိမည္ဆိုလွ်င္ ဝမ္းကြဲျဖစ္သူ ေယာင္ေယာင္ဆိုသည့္နာမည္ႏွင့္ ကိုက္ညီေနရန္ အေၾကာင္းမရွိေခ်။
"မင္းတစ္ခါက ေျပာေတာ့ ႐ႊမ္းအာက ငယ္ငယ္တုန္းက ဖ်ားခဲ့ေသးတယ္ဆိုပဲ ဒါက ကိစၥေတြအမ်ားစုကို ေမ့သြားခဲ့တဲ့အေၾကာင္းျပခ်က္လား"
ေမာ့ယြန္က်န္းက ထိုသို႔ တိုက္႐ိုက္ေမးလိုက္သည္။ လုလင္က်စ္၏ ႏွလုံးခုန္ႏႈန္းက ျမန္သြားသည္။ သူ၏စိတ္ထဲတြင္ အခ်က္ေပးသံမ်ားကိုၾကားလိုက္ရၿပီျဖစ္သည္။
ဘာလို႔ဧကရာဇ္က ႐ုတ္တရက္ႀကီး လြန္ခဲ့တဲ့ ရက္ေတြက ကိစၥေတြကို လာေျပာေနရတာလဲ။ သူ႔ကို ကယ္ခဲ့တာက လုဝူ႐ႊမ္း မဟုတ္ဘူးလို႔ သံသယဝင္ေနတာလား။
သူက လုဝူ႐ႊမ္းအား ေက်ာက္စိမ္းျပားမအပ္ခင္ကဆိုလွ်င္ ဧကရာဇ္က အျပည့္အဝ မယုံၾကည္ခဲ့ေသးေခ်။ သို႔ေသာ္ အပ္ၿပီးခဲ့ခ်ိန္ကမူ ငယ္႐ြယ္စဥ္က သူႏွင့္ေတြ႕ဆုံခဲ့ေသာ အသက္သခင္ေက်းဇူးရွင္က လုဝူ႐ႊမ္းျဖစ္ေၾကာင္း အျပည့္အဝယုံၾကည္သြားေလသည္။
ဒါကို အခု ဘယ္လိုမ်ား သံသယဝင္ရျပန္တာလဲ။
"ဟုတ္ပါတယ္ ကြၽန္ေတာ့္ရဲ႕ညီမျဖစ္သူ ယခုဝမ္ေဖးက ဆယ္ႏွစ္အ႐ြယ္တုန္းက တစ္ကိုယ္လုံး နာမက်န္းျဖစ္ၿပီး ႏွစ္ရက္ေလာက္နီးပါး ပူျပင္းေလာင္ကြၽမ္းေနခဲ့ပါတယ္။ ဒါေပမဲ့ ျပန္လည္ႏိုးထလာတဲ့အခ်ိန္မွာ အတိတ္က ကိစၥေတာ္ေတာ္မ်ားမ်ားကို ေမ့သြားခဲ့ပါၿပီ။ ေဆးဝါးပညာရွင္ကေတာ့ ေမ့သြားတဲ့မွတ္ဉာဏ္ေတြကို အတင္း ျပန္သတိရေအာင္မလုပ္တာက ေကာင္းတယ္လို႔ ေျပာခဲ့ပါတယ္"
လုလင္က်စ္က တည္ၿငိမ္စြာေျပာလိုက္သည္။ သူက အမွန္တရားကို ေျပာေနျခင္းဟုထင္သြားေစၿပီး သူ၏ညီမျဖစ္သူက ငယ္႐ြယ္စဥ္က အေၾကာင္းအရာမ်ားကို ေမ့သြားခဲ့ျခင္းက ထိုအေၾကာင္းအရင္းေၾကာင့္ဟု ေဖာ္ျပေနသည္။
ေမာ့ယြန္က်န္းကသာ ေတာအုပ္ထဲမွ ဆုတ္ၿဖဲခံလိုက္ရသည့္ အေမႊးနံ႔သာအိတ္ကို ရွာမေတြ႕ခဲ့လွ်င္၊ ထိုကေလးမေလးေျပာခဲ့ေသာနာမည္က ေယာင္ေယာင္ျဖစ္ေၾကာင္းသာ မသိခဲ့လွ်င္ လုဝူ႐ႊမ္းကို ဘယ္ေသာအခါမွ သံသယဝင္ခဲ့လိမ့္မည္မဟုတ္ေခ်။ ယခင္ကအတိုင္း သူက ေတာက္ေလွ်ာက္ တစ္ဘဝလုံး အလိုလိုက္သြားေလာက္သည္။ သို႔ေသာ္ႏွလုံးသားထဲတြင္ သံသယက ေပါက္ဖြားလာသည္ ဆိုသည္ႏွင့္ ေနာက္ထပ္ ဆက္တိုက္ ကပ္လိုက္လာရန္သာ ရွိေတာ့သည္။
လုဝူ႐ႊမ္းက သူ႔ကို ကယ္ခဲ့ေသာသူ မဟုတ္ေၾကာင္း ေမာ့ယြန္က်န္း သိသြားေလၿပီ။ သို႔ေသာ္ မည္သည့္အတြက္ေၾကာင့္ သူ႔အားကယ္ခဲ့ေသာမိန္းကေလးထံ ေပးခဲ့သည့္ ေက်ာက္စိမ္းတံဆိပ္ျပားကို သူမက ရထားခဲ့ေၾကာင္း သူသည္လည္း မေသခ်ာမသိေခ်။ အဆိုးဆုံးအေျခအေနအထိ သူမ ခန႔္မွန္းေသာအရာကလည္း ထိုမိန္းကေလးက ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ဆုံးေနၿပီး အသက္မရွင္ေတာ့မည္ကို စိုးရိမ္မိျခင္းျဖစ္သည္။ ထိုအတြက္ေၾကာင့္ အတုအေယာင္မ်ားထံ ထိုေက်ာက္စိမ္းတံဆိပ္ျပားက ေရာက္သြားသည္ဟု ခန႔္မွန္းမိသည္။
"က်န္းနားလည္ၿပီ။ သူမက ငယ္ငယ္တုန္းက က်န္းနဲ႔မွ်ေဝခဲ့တဲ့ လွ်ိဳ႕ဝွက္စာသားကို ေမ့သြားတာ မအံ့ၾသေတာ့ပါဘူး"
ေမာ့ယြန္က်န္းက ေဖ်ာ့ေတာ့စြာ ၿပဳံးသည္။
ၾကည့္ရတာ နန္းေတာ္ထဲဝင္ၿပီး သူ႔ညီမနဲ႔စကားေျပာဖို႔ လိုအပ္ေနၿပီပဲ။
ေမာ့ယြန္က်န္းက သူ၏စိတ္ထဲမွ မေက်နပ္မႈကို ဖိႏွိပ္ၿပီးေနာက္ လုလင္က်စ္ကို ျပန္လည္ ရင္ဆိုင္လိုက္သည္။ သူက အၿပဳံးႏွင့္ေျပာလိုက္သည္။
"က်န္းအေနနဲ႔ ေမာင္မင္းကို ခိုင္းစရာကိစၥေတြ အမ်ားႀကီးရွိေနတယ္။ ဒီေတာ့ ေကာင္းေကာင္း အနားယူၿပီး ျမန္ျမန္သက္သာလာပါ"
"ကြၽန္ေတာ္ အိမ္မွာ ဒီအတိုင္းထိုင္မေနႏိုင္ပါဘူး ကြၽန္ေတာ့္အေနနဲ႔ အခုလိုမ်ိဳး ေထာ့နဲ႔ေထာ့နဲ႔ လမ္းေလွ်ာက္ေနရေပမဲ့လည္း စစ္မက္ေရးရာကိုသြားၿပီး အလုပ္လုပ္လို႔ရေနပါၿပီ"
ဧကရာဇ္က ေခါင္းညိတ္သည္။
"ေကာင္းၿပီ"
"အစ္ကိုေတာ္"
အကယ္ဒမီမွ ထြက္လာေသာ ေမာ့႐ုံရီက အေဝးမွ လွမ္းေအာ္ၿပီးအေျပးႏွင္လာသည္။
"ဆင္းလာခဲ့"
ေမာ့ယြန္က်န္း၏မ်က္ႏွာက တည္ၿငိမ္သြားကာ ေမာ့႐ုံရီကို ေအးစက္စြာ အမိန႔္ေပးလိုက္သည္။ ေမာ့႐ုံရီက ျမင္းေပၚမွ တုံ႔ဆိုင္းစြာဆင္းလာၿပီးေနာက္ ေမာ့ယြန္က်န္းကိုၿပဳံးကာၾကည့္သည္။
"အစ္ကိုေတာ္ အစ္ကိုေတာ္က ဘာလို႔ဒီေနရာကို ေရာက္ေနတာလဲ"
"မင္းက အမဲလိုက္ခ်င္တာမဟုတ္ဘူးလား ဘယ္လိုျဖစ္ၿပီး အကယ္ဒမီထဲေရာက္သြားတာလဲ"
ေမာ့ယြန္က်န္းကေမးသည္။
သူက နန္းေတာ္ထဲတြင္ တာဝန္မ်ားၿပီးကာ ထြက္လာခဲ့စဥ္က သူ၏ညီေတာ္က အမဲလိုက္သြားသည္ဟု သိခဲ့ရသည္။ ထို႔ေၾကာင့္ ညီေတာ္ျဖစ္သူႏွင့္အတူ အမဲလိုက္ခ်င္သည့္အတြက္ လာၾကည့္ခ်ိန္တြင္ အရိပ္ပင္ မျမင္ရေတာ့ေခ်။ ထို႔ေနာက္တခနတြင္ အနီးနားရွိ အမ်ိဳးသမီးအကယ္ဒမီထဲသို႔ပင္ေရာက္ၿပီး ပြဲသြားၾကည့္ေနေၾကာင္း သိလိုက္ရေလသည္။
အထင္မွားတာ မဟုတ္ဘူး ေမာ့႐ုံရီရဲ႕အမ်ိဳးသမီးေတြ ကျပေဖ်ာ္ေျဖေနတာကို စိုက္ၾကည့္ေနတဲ့ ပုံရိပ္ေလးကို သူေသခ်ာေတြ႕ခဲ့တာ။
သူ႔ညီေတာ္ ႀကီးျပင္းတာ ျမန္လြန္းမေနဘူးလား။
ေမာ့႐ုံရီက သူ႔အစ္ကိုေတာ္၏ မ်က္ႏွာတည္တင္းေနေသာေၾကာင့္ ထိတ္လန႔္သြားကာ ေသလုနီးပါး ေခ်ာက္ခ်ားသြားသည္။
"ညီေတာ္က အဲဒီမွာမိန္းကေလးလုကို ေတြ႕လိုက္လို႔ပါ ဒါေၾကာင့္ အဲဒီကိုသြားၿပီး ေဖ်ာ္ေျဖမႈကို တစ္ခ်က္ေလာက္ၾကည့္ခ်င္ခဲ့တာပါ။ အစ္ကိုေတာင္ အစ္ကိုေတာ္ မသိဘူးေနာ္။ ကြၽန္ေတာ္ ဒီေန႔ ဘယ္လိုကံၾကမၼာမ်ိဳးနဲ႔ႀကဳံေတြ႕ခဲ့ရသလဲ။ မဟုတ္ရင္ မိန္းကေလးလုက အကယ္ဒမီကို ဝင္ခြင့္ရမွာေတာင္ မဟုတ္ဘူး"
"အကယ္ဒမီကို သူမ ဝင္ခြင့္ရတာ၊ မရတာက မင္းကိုဘယ္လိုခံစားရေစတာလဲ"
ေမာ့ယြန္က်န္းက အနည္းငယ္ႏွာေခါင္းရႈံ႕ကာေျပာသည္။
"အစ္ကိုေတာ္ အဲဒီလိုမဟုတ္ဘူးေလ လုေယာင္ေယာင္ရဲ႕ဗုံနဲ႔အတူ ကျပေဖ်ာ္ေျဖတာက ဘယ္ေလာက္ေတာင္ ေျပာင္ေျမာက္လိုက္သလဲ။ ျပႆနာမရွိတာအသိသာႀကီးပဲ။ ဒါေပမဲ့ လွ်ိဳဟြားက ဆရာႏွစ္ေယာက္ကို လာဘ္ထိုးၿပီး ဘီေပးခိုင္းေနတယ္ေလ။ မိန္းကေလးလုက ဉာဏ္ေကာင္းေပလို႔သာေပါ့။ သူမက မင္းသမီးလွ်ိဳဟြားကို အကယ္ဒမီကိုဝင္ခြင့္ရမရ သူမအေပၚ ေလာင္းေၾကးထပ္တဲ့ကိစၥအေပၚ အမတ္ထ်န္းဆီက လ်န္းႏွစ္ေထာင္ ေခ်းယူၿပီး ေလာင္းေၾကး ထပ္ခဲ့ေသးတယ္။ ဆရာႏွစ္ေယာက္နဲ႔ ျငင္းခုန္ၿပီးတဲ့ေနာက္မွာေတာ့ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ တစ္ေယာက္က သူ႔ကိုေအတစ္လုံးေပးရေတာ့တာပဲ"
ေမာ့႐ုံရီ၏ပါးစပ္က ဧကရာဇ္၏ အျမန္ဆုံးျမင္းထက္ပင္ ျမန္ဆန္ေနေသးသည္။ သူက စကားလုံးတစ္လုံးခ်င္းစီတိုင္းကို မရပ္မနား ဆက္တိုက္ ေျပာလိုက္သည္။
စိတ္လႈပ္ရွားေနေသာ ေမာ့႐ုံရီ၏ မ်က္လုံးကေတာက္ပေနၿပီး သူက သတင္းႀကီးကို သယ္ေဆာင္လာသလိုမ်ိဳး ဆက္ေျပာသည္။
"ေနာက္ၿပီး ညီေတာ္ကိုယ္တိုင္လည္း ေငြလ်န္းတစ္ေသာင္းႏွစ္ေထာင္ႏိုင္ထားတယ္။ အစ္ကိုေတာ္... ဟမ့္ မနက္ျဖန္က်ရင္လွ်ိဳဟြားဆီကေန ေငြသြားေတာင္းခိုင္းမယ္"
သူ၏ညီေတာ္က သူ၏ဆူပူမႈမွပင္ ေခ်ာ္ထြက္ကာ ထိုသို႔ ဆက္တိုက္ ေတာက္ပေပ်ာ္႐ႊင္စြာ ၿပဳံးေနေၾကာင္း ျမင္ရေသာအခါ ေမာ့ယြန္က်န္း၏စိတ္ကလည္း ႏူးညံ့ကာ ေသးသြယ္ေသာ မိန္းကေလးငယ္ေလးက ျငင္းခုန္ေနမည့္ပုံစံကို ေျပးျမင္မိသြားသည္။
"မင္းသမီးကသာ နန္းေတာ္ကိုသြားၿပီး မယ္ေတာ့္ကို ဒီကိစၥအေၾကာင္း အတြန႔္တက္မယ္ဆိုရင္ က်န္းမင္းကိုမကာကြယ္ႏိုင္ဘူး"
"မိန္းကေလးလုက ေအေလးလုံးရသြားၿပီး လွ်ိဳဟြားက ရႈံးသြားတာ သိတာေနတာပဲ။ ညီေတာ္လုပ္တာ မမွားဘူး"
ေမာ့႐ုံရီကလည္း ျပန္ေအာ္သည္။
လုလင္က်စ္က မ်က္ေမွာင္ႀကဳံ႕သည္။ ထိုဆရာႏွစ္ေယာက္က ရက္စက္ကာ က်ိဳးေၾကာင္း မသင့္ေလ်ာ္ေခ်။ သူတို႔က အႏုပညာေျခာက္မ်ိဳးတြင္ ညံ့ဖ်င္းၿပီး လုေယာင္ေယာင္ဝင္ခြင့္မဝင္ေအာင္ တားရဲေသးသည္။ ကံေကာင္းစြာျဖင့္ သူတို႔က မေအာင္ျမင္သြားခဲ့ေခ်။
...