အပိုင်း ၁၃၀
"ကျောင်းအုပ်ကိုဖိတ်ခေါ်ဖို့မလိုပါဘူး ငါတို့ ငါတို့သဘောထားကျဉ်းသွားတယ် လုယောင်ယောင်က ဗုံနဲ့ဖျော်ဖြေမယ်လို့ မထင်ထားမိဘူး"
စစ်ဆေးသူတစ်ယောက်က အလောတကြီးဝင်ပြောသည်။ ထိုသို့ဖြင့် ချက်ချင်းလိုလို ယဲ့ကျန်း၏ စစ်ဆေးမှုကတ်ပေါ်တွင် အေကိုရေးပေးသည်။
ထိုအခြေအနေကို မြင်သောအခါ မင်းသမီးလျှိုဟွားက ဒေါသထွက်သွားပြီး ထိတ်လန့်သွားသည်။
"နင်ကဘာလို့ ဆုံးဖြတ်ချက်ကို ဒီလောက်မြန်မြန်ပြောင်းရတာလဲ"
လျန်ကျန်းက စိတ်ထဲတွင် နှာခေါင်းရှုံ့နေသည်။ အကယ်ဒမီမှ အချို့သောဆရာဆရာမများက အစားထိုးခံထားရသော်လည်း ပညာမတတ် သိက္ခာမရှိဖြစ်နေသည်။ ဆရာမရှန်းက သည်နေရာမှ ထွက်သွားလိုနေသည်မှာ အံ့သြစရာ မရှိတော့ချေ။ သည်လိုနေရာမျိုးတွင် မည်သူကမှ နေချင်လိမ့်မှာ မဟုတ်ပေ။
ယဲ့ကျန်းက ဆရာမထံမှ ကတ်ကိုယူလိုက်သည်။ ထိုအချိန်တွင် တုန်တုန်ယင်ယင်ရေးထားသော သုံးခုမြောက်အေကို တွေ့ရသည်။ ဘီနှစ်လုံးလည်း ရှိနေသည်။ သူမအနေဖြင့် အမျိုးသမီးအကယ်ဒမီကို ဝင်ရောက်ခွင့်ရသွားမည်မှာ သံသယရှိရန် မလိုအပ်တော့ချေ။
ထို့နောက် သူမက ဖျော့တော့သောအပြုံးနှင့် မင်းသမီးလျှိုဟွားကို ကြည့်လိုက်သည်နှင့် တစ်ဖက်ကလည်း သူမ၏ဆိုလိုရင်းကိုနားလည်သည်။
ငါ့ကိုမဝင်ခိုင်းဘဲ အာဏာနဲ့လုပ်ထားတော့ရောဘာဖြစ်လဲ ငါ့ရဲ့ဗုံနဲ့ ကပြဖျော်ဖြေတဲ့ဖြစ်စဉ်က စစ်ဆေးမှုအဆင့်နဲ့ တိုက်ရိုက်ကွက်တိညီနေတာပဲ။ နောက်ပြီး လုရှန်းကျင်းက ဗုံကြီးကို ဆွဲထုတ်လာတဲ့အချိန်မှာ ငါ့ရဲ့လက်နဲ့ ကိုယ်တိုင်တီးခတ်ဖို့ မျှော်လင့်နေတာတော့ မဟုတ်ပါဘူးနော်။ ဂီတဆိုတာက တီးခတ်တဲ့တူရိယာအတွက်သက်သက် မဟုတ်ဘဲ ကပြဖျော်ဖြေတာကလည်း တစ်စိတ်တစ်ပိုင်းပဲလေ။
"မင်းသမီးလျှိုဟွားကျေနပ်ပါရဲ့လား"
ယဲ့ချန်းက အပြုံးနှင့်မေးသည်။ မင်းသမီးက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်သူမကို ခပ်စူးစူး ကြည့်လာသည်။
"နင်က ကျောင်းအုပ်နဲ့သုံးပြီး ဆရာမကိုခြိမ်းခြောက်လို့ အေသုံးလုံးရအောင် ယူသွားတာပဲ အရှက်ကို မရှိဘူး"
ယဲ့ကျန်းက ပြုံးသည်။
"ကပြဖျော်ဖြေတာကလည်း ဂီတအနုပညာတစ်မျိုးပါပဲ ဒါကို မင်းသမီးက မသိတာပါလား"
မင်းသမီးလျှိုဟွားကသာ ဆရာမနှစ်ယောက်ကို မခေါ်လာလျှင် သူမကို ပြဿနာတက်စေလိမ့်မည် မဟုတ်ချေ။ ယဲ့ကျန်းက ယခင်က မင်းသမီးနှင့် ငြင်းခုန်ချင်စိတ်မရှိခဲ့သော်လည်း ယခုအခါမူ ဖိအားပေးခံရ၍ ဖြစ်သည်။
"နင်က တွက်ချက်မှုမှာသာ အေရနိုင်မယ်ဆိုရင် ဒီမင်းသမီးက လက်ခံတယ်"
ယဲ့ကျန်းဖြေဆိုရမည့် တစ်ခုထဲသော ဘာသာရပ်က တွက်ချက်မှုအပိုင်းဖြစ်သည်။
"အရမ်းကောင်းပါတယ်"
ယဲ့ကျန်းက ခေါင်းညိတ်သည်။ သူမကလည်း အေးသုံးလုံးသာလျှင် ယူရန်စီစဉ်ထားသော်လည်း ယခုအခြေအနေအရ နောက်ထပ်တစ်လုံးထပ်ယူရမည့်အနေအထားတွင် ရှိလာသည်။
လူတိုင်းက ယဲ့ကျန်းကို တိတ်ဆိတ်စွာကြည့်သည်။ ထိုထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသော ရွှီဟွေးယွီလည်း အပါအဝင်ဖြစ်သည်။
သူမ၏ဘဝတွင် အကြီးမားဆုံးပြိုင်ဘက်က ယဲ့ကျန်းဆိုသည့် သူမထက် ပါရမီ၊ ရုပ်ရည်၊ အဆင့်အတန်း အရာရာသာနေသူတစ်ဦးဖြစ်သည်။ ယဲ့ကျန်းက သူမ၏ကိုယ်ပိုင်နန်းတော်ထဲမှ မထွက်လာနိုင်ခဲ့ဘဲ မီးလောင်လျက် သေဆုံးသွားသည်ဟူသော သတင်းကိုရခဲ့ချိန်က သူမ၏အင်အားကြီးသောပြိုင်ဘက်က နောက်ဆုံးတွင် ရှုံးသွားခဲ့ပြီး သူမကသာ ပြိုင်ဘက်ကင်းတစ်ဦးတည်းသော တည်ရှိမှုဟု သတ်မှတ်ခဲ့သည်။
ဒါပေမဲ့ နောက်ထပ်လုယောင်ယောင်ဆိုတဲ့မိန်းမတစ်ယောက်ကပေါ်လာပြီး ငါ့ရဲ့မျှော်လင့်ချက်တွေကို ဖျက်ဆီးမယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ဒါ့အပြင်သူက အဲဒီအရင်ဝမ်ဖေးနဲ့ တစ်ထေရာထဲတောင် တူနေခဲ့သေးတယ်။
လုယောင်ယောင်ဟူသည် နယ်မြို့ တောချုံအုံကြားမှတက်လာသော မိန်းမတစ်ယောက်သာဖြစ်ကြောင်း သူမက သတင်းကြားထားသည်။ အစကမူ ရွာသူတစ်ယောက်ကို မင်းသမီးလျှိုဟွားက အရှက်ခွဲချင်နေသည့်အတွက် သူမက နားမလည်နိုင်ဖြစ်ခဲ့ရသည်။ ယခု သည်နေ့မြင်မှသာ သူမက စတင်ထိတ်လန့်လာသည်။ သူမ၏စိတ်သဘောထား ပုံပန်းသွင်ပြင် ရုပ်ရည် တည်ငြိမ်မှုအားလုံးက မေ့ရန် ခက်ခဲလွန်းသည်။ သူမအတွက် အစိုးရိမ်ဆုံးက လုယောင်ယောင်က လုကျင်းနှင့် လျှိုဟွားကဲ့သို့ ကိုင်တွယ်ရန် လွယ်ကူလောက်အောင် ရူးသွပ်မှုနှင့် မောက်မာမှုများ မရှိနေခြင်းဖြစ်သည်။ သူမ၏ပြောင်မြောက်ထူးချွန်သော ရုပ်ရည်ကို ဖယ်ထားလိုက်မည်ဆိုလျှင် ဒီနေ့ကပြဖျော်ဖြေမှုကတင် မြို့ပေါ်မှ လူပေါင်းများစွာက သူမ၏ပါရမီနှင့်အလှကို ချီးကြူးဖွဲ့ဆိုရန်အတွက် လုံလောက်နေပြီ ဖြစ်သည်။
ယဲ့ကျန်းပြီးတော့ ငါ့ကိုနောက်ထပ်ရန်စဖို့ လုယောင်ယောင်က ရောက်လာပြန်ပြီ။ ရွှီဟွေးယွီ၏ခံစားချက်များက မကောင်းတော့ချေ။
ယဲ့ကျန်းက တွက်ချက်မှုကို သဘောမကျချေ။ သို့သော် သူမအတွက် အေရအောင်လုပ်ရန်က ပြဿနာမရှိချေ။ သူမ၏ကတ်တွင် အေလေးလုံးပေါ်လာသောအခါ မင်းသမီးလျှိုဟွားက ဆွံ့အသွားသည်။ သူမ၏မျက်နှာကမဲမှောင်နေသည်။ ပြောစရာစကားလည်း မရှိတော့သလို သူမ၏ခံစားချက်ကို ဖော်ထုတ်ပြသရန်လည်း မရှိတော့ချေ။
"မင်းသမီးလျှိုဟွား ကျေးဇူးအများကြီးတင်ပါတယ်"
တစ်ဆ အဆနှစ်ဆယ်ဆိုသည့်ပမာဏက သူမအတွက် ကံကောင်းသွားသည့် ကိစ္စဖြစ်သည်။
"မဖြစ်နိုင်ဘူး"
မင်းသမီးလျှိုဟွားက ဆွံ့အသွားပြီးနောက် အော်တော့သည်။ လုယောင်ယောင်က အေလေးလုံး ရသွားသည့်ဖြစ်စဉ်ကို သူမက လက်မခံနိုင်ချေ။
"နင်က ရေးဆွဲမှုတစ်ထောင်ကိုပဲ လေ့ကျင့်ခဲ့တာမဟုတ်ဘူးလား"
"ဟုတ်ပါတယ် ဒါပေမဲ့ ကျွန်မက အဲဒီလောက်ပဲတတ်တယ်လို့ တစ်ခါမှမပြောခဲ့ဖူးသလိုပဲ"
ယဲ့ကျန်းက သူမ၏ခေါင်းလေးကိုအသာစောင်းလျက် ခပ်ယောင်ယောင်မှတ်ချက်ချသည်။
မင်းသမီး၏ပခုံးများက ဒေါသကြောင့် တသိမ့်သိမ့်တုန်သွားသည်။ သူမက ဒုက္ခပေးလိုသော်လည်း အဆုံးတွင် ကိုယ်တိုင်ကသာ အရှက်ကွဲသွားသည်။ နောက်လများတွင် မြို့တော်အတွင်းတွင် သူမအသံပင် ထွက်ရဲတော့မည်မဟုတ်ချေ။
အနာပေါ်ဆားသိပ်လိုသည့် ယဲ့ကျန်းကလည်း တောက်ပစွာပြုံးလိုက်သည်။
"မင်းသမီးလျှိုဟွား မနက်ဖြန်ကျရင် ကျွန်မက မင်းသမီးရဲ့အိမ်တော်ကို လောင်းကြေးလာယူဖို့ လူလွှတ်လိုက်ပါမယ်။ အခုတော့ ကျွန်မကို အိမ်ပြန်ခွင့်ပြုပါ"
ထိုသို့ဖြင့် သူမက နောက်သို့လှည့်သည်။
"မိန်းကလေးလု"
မော့ရုံရီက တားသည်။
"ဒီမင်းသားက အမဲလိုက်သွားချင်တယ် မင်းက ဒီမင်းသားနဲ့လိုက်ခဲ့ပါလား"
ထိုကလေး၏အာဏာာပါသောအသံက အသနားခံနေသောမျက်ဝန်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
"ဒီနေ့တော့ မရပါဘူး အရှင့်သား ကျွန်မဒီစစ်ဆေးတဲ့ကတ်ကို အကယ်ဒမီကို သွားရောက်အပ်နှံရပါဦးမယ်။ ဒီနေ့အတွက် ကူညီပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်"
...
Zawgyi
အပိုင္း ၁၃၀
"ေက်ာင္းအုပ္ကိုဖိတ္ေခၚဖို႔မလိုပါဘူး ငါတို႔ ငါတို႔သေဘာထားက်ဥ္းသြားတယ္ လုေယာင္ေယာင္က ဗုံနဲ႔ေဖ်ာ္ေျဖမယ္လို႔ မထင္ထားမိဘူး"
စစ္ေဆးသူတစ္ေယာက္က အေလာတႀကီးဝင္ေျပာသည္။ ထိုသို႔ျဖင့္ ခ်က္ခ်င္းလိုလို ယဲ့က်န္း၏ စစ္ေဆးမႈကတ္ေပၚတြင္ ေအကိုေရးေပးသည္။
ထိုအေျခအေနကို ျမင္ေသာအခါ မင္းသမီးလွ်ိဳဟြားက ေဒါသထြက္သြားၿပီး ထိတ္လန႔္သြားသည္။
"နင္ကဘာလို႔ ဆုံးျဖတ္ခ်က္ကို ဒီေလာက္ျမန္ျမန္ေျပာင္းရတာလဲ"
လ်န္က်န္းက စိတ္ထဲတြင္ ႏွာေခါင္းရႈံ႕ေနသည္။ အကယ္ဒမီမွ အခ်ိဳ႕ေသာဆရာဆရာမမ်ားက အစားထိုးခံထားရေသာ္လည္း ပညာမတတ္ သိကၡာမရွိျဖစ္ေနသည္။ ဆရာမရွန္းက သည္ေနရာမွ ထြက္သြားလိုေနသည္မွာ အံ့ၾသစရာ မရွိေတာ့ေခ်။ သည္လိုေနရာမ်ိဳးတြင္ မည္သူကမွ ေနခ်င္လိမ့္မွာ မဟုတ္ေပ။
ယဲ့က်န္းက ဆရာမထံမွ ကတ္ကိုယူလိုက္သည္။ ထိုအခ်ိန္တြင္ တုန္တုန္ယင္ယင္ေရးထားေသာ သုံးခုေျမာက္ေအကို ေတြ႕ရသည္။ ဘီႏွစ္လုံးလည္း ရွိေနသည္။ သူမအေနျဖင့္ အမ်ိဳးသမီးအကယ္ဒမီကို ဝင္ေရာက္ခြင့္ရသြားမည္မွာ သံသယရွိရန္ မလိုအပ္ေတာ့ေခ်။
ထို႔ေနာက္ သူမက ေဖ်ာ့ေတာ့ေသာအၿပဳံးႏွင့္ မင္းသမီးလွ်ိဳဟြားကို ၾကည့္လိုက္သည္ႏွင့္ တစ္ဖက္ကလည္း သူမ၏ဆိုလိုရင္းကိုနားလည္သည္။
ငါ့ကိုမဝင္ခိုင္းဘဲ အာဏာနဲ႔လုပ္ထားေတာ့ေရာဘာျဖစ္လဲ ငါ့ရဲ႕ဗုံနဲ႔ ကျပေဖ်ာ္ေျဖတဲ့ျဖစ္စဥ္က စစ္ေဆးမႈအဆင့္နဲ႔ တိုက္႐ိုက္ကြက္တိညီေနတာပဲ။ ေနာက္ၿပီး လုရွန္းက်င္းက ဗုံႀကီးကို ဆြဲထုတ္လာတဲ့အခ်ိန္မွာ ငါ့ရဲ႕လက္နဲ႔ ကိုယ္တိုင္တီးခတ္ဖို႔ ေမွ်ာ္လင့္ေနတာေတာ့ မဟုတ္ပါဘူးေနာ္။ ဂီတဆိုတာက တီးခတ္တဲ့တူရိယာအတြက္သက္သက္ မဟုတ္ဘဲ ကျပေဖ်ာ္ေျဖတာကလည္း တစ္စိတ္တစ္ပိုင္းပဲေလ။
"မင္းသမီးလွ်ိဳဟြားေက်နပ္ပါရဲ႕လား"
ယဲ့ခ်န္းက အၿပဳံးႏွင့္ေမးသည္။ မင္းသမီးက ႏွာေခါင္းရႈံ႕လိုက္သည္။ ထို႔ေနာက္သူမကို ခပ္စူးစူး ၾကည့္လာသည္။
"နင္က ေက်ာင္းအုပ္နဲ႔သုံးၿပီး ဆရာမကိုၿခိမ္းေျခာက္လို႔ ေအသုံးလုံးရေအာင္ ယူသြားတာပဲ အရွက္ကို မရွိဘူး"
ယဲ့က်န္းက ၿပဳံးသည္။
"ကျပေဖ်ာ္ေျဖတာကလည္း ဂီတအႏုပညာတစ္မ်ိဳးပါပဲ ဒါကို မင္းသမီးက မသိတာပါလား"
မင္းသမီးလွ်ိဳဟြားကသာ ဆရာမႏွစ္ေယာက္ကို မေခၚလာလွ်င္ သူမကို ျပႆနာတက္ေစလိမ့္မည္ မဟုတ္ေခ်။ ယဲ့က်န္းက ယခင္က မင္းသမီးႏွင့္ ျငင္းခုန္ခ်င္စိတ္မရွိခဲ့ေသာ္လည္း ယခုအခါမူ ဖိအားေပးခံရ၍ ျဖစ္သည္။
"နင္က တြက္ခ်က္မႈမွာသာ ေအရႏိုင္မယ္ဆိုရင္ ဒီမင္းသမီးက လက္ခံတယ္"
ယဲ့က်န္းေျဖဆိုရမည့္ တစ္ခုထဲေသာ ဘာသာရပ္က တြက္ခ်က္မႈအပိုင္းျဖစ္သည္။
"အရမ္းေကာင္းပါတယ္"
ယဲ့က်န္းက ေခါင္းညိတ္သည္။ သူမကလည္း ေအးသုံးလုံးသာလွ်င္ ယူရန္စီစဥ္ထားေသာ္လည္း ယခုအေျခအေနအရ ေနာက္ထပ္တစ္လုံးထပ္ယူရမည့္အေနအထားတြင္ ရွိလာသည္။
လူတိုင္းက ယဲ့က်န္းကို တိတ္ဆိတ္စြာၾကည့္သည္။ ထိုထဲတြင္ ခံစားခ်က္မ်ား ရႈပ္ေထြးေနေသာ ႐ႊီေဟြးယြီလည္း အပါအဝင္ျဖစ္သည္။
သူမ၏ဘဝတြင္ အႀကီးမားဆုံးၿပိဳင္ဘက္က ယဲ့က်န္းဆိုသည့္ သူမထက္ ပါရမီ၊ ႐ုပ္ရည္၊ အဆင့္အတန္း အရာရာသာေနသူတစ္ဦးျဖစ္သည္။ ယဲ့က်န္းက သူမ၏ကိုယ္ပိုင္နန္းေတာ္ထဲမွ မထြက္လာႏိုင္ခဲ့ဘဲ မီးေလာင္လ်က္ ေသဆုံးသြားသည္ဟူေသာ သတင္းကိုရခဲ့ခ်ိန္က သူမ၏အင္အားႀကီးေသာၿပိဳင္ဘက္က ေနာက္ဆုံးတြင္ ရႈံးသြားခဲ့ၿပီး သူမကသာ ၿပိဳင္ဘက္ကင္းတစ္ဦးတည္းေသာ တည္ရွိမႈဟု သတ္မွတ္ခဲ့သည္။
ဒါေပမဲ့ ေနာက္ထပ္လုေယာင္ေယာင္ဆိုတဲ့မိန္းမတစ္ေယာက္ကေပၚလာၿပီး ငါ့ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီးမယ္လို႔ ဘယ္သူကထင္ထားမွာလဲ။ ဒါ့အျပင္သူက အဲဒီအရင္ဝမ္ေဖးနဲ႔ တစ္ေထရာထဲေတာင္ တူေနခဲ့ေသးတယ္။
လုေယာင္ေယာင္ဟူသည္ နယ္ၿမိဳ႕ ေတာခ်ဳံအုံၾကားမွတက္လာေသာ မိန္းမတစ္ေယာက္သာျဖစ္ေၾကာင္း သူမက သတင္းၾကားထားသည္။ အစကမူ ႐ြာသူတစ္ေယာက္ကို မင္းသမီးလွ်ိဳဟြားက အရွက္ခြဲခ်င္ေနသည့္အတြက္ သူမက နားမလည္ႏိုင္ျဖစ္ခဲ့ရသည္။ ယခု သည္ေန႔ျမင္မွသာ သူမက စတင္ထိတ္လန႔္လာသည္။ သူမ၏စိတ္သေဘာထား ပုံပန္းသြင္ျပင္ ႐ုပ္ရည္ တည္ၿငိမ္မႈအားလုံးက ေမ့ရန္ ခက္ခဲလြန္းသည္။ သူမအတြက္ အစိုးရိမ္ဆုံးက လုေယာင္ေယာင္က လုက်င္းႏွင့္ လွ်ိဳဟြားကဲ့သို႔ ကိုင္တြယ္ရန္ လြယ္ကူေလာက္ေအာင္ ႐ူးသြပ္မႈႏွင့္ ေမာက္မာမႈမ်ား မရွိေနျခင္းျဖစ္သည္။ သူမ၏ေျပာင္ေျမာက္ထူးခြၽန္ေသာ ႐ုပ္ရည္ကို ဖယ္ထားလိုက္မည္ဆိုလွ်င္ ဒီေန႔ကျပေဖ်ာ္ေျဖမႈကတင္ ၿမိဳ႕ေပၚမွ လူေပါင္းမ်ားစြာက သူမ၏ပါရမီႏွင့္အလွကို ခ်ီးၾကဴးဖြဲ႕ဆိုရန္အတြက္ လုံေလာက္ေနၿပီ ျဖစ္သည္။
ယဲ့က်န္းၿပီးေတာ့ ငါ့ကိုေနာက္ထပ္ရန္စဖို႔ လုေယာင္ေယာင္က ေရာက္လာျပန္ၿပီ။ ႐ႊီေဟြးယြီ၏ခံစားခ်က္မ်ားက မေကာင္းေတာ့ေခ်။
ယဲ့က်န္းက တြက္ခ်က္မႈကို သေဘာမက်ေခ်။ သို႔ေသာ္ သူမအတြက္ ေအရေအာင္လုပ္ရန္က ျပႆနာမရွိေခ်။ သူမ၏ကတ္တြင္ ေအေလးလုံးေပၚလာေသာအခါ မင္းသမီးလွ်ိဳဟြားက ဆြံ႕အသြားသည္။ သူမ၏မ်က္ႏွာကမဲေမွာင္ေနသည္။ ေျပာစရာစကားလည္း မရွိေတာ့သလို သူမ၏ခံစားခ်က္ကို ေဖာ္ထုတ္ျပသရန္လည္း မရွိေတာ့ေခ်။
"မင္းသမီးလွ်ိဳဟြား ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
တစ္ဆ အဆႏွစ္ဆယ္ဆိုသည့္ပမာဏက သူမအတြက္ ကံေကာင္းသြားသည့္ ကိစၥျဖစ္သည္။
"မျဖစ္ႏိုင္ဘူး"
မင္းသမီးလွ်ိဳဟြားက ဆြံ႕အသြားၿပီးေနာက္ ေအာ္ေတာ့သည္။ လုေယာင္ေယာင္က ေအေလးလုံး ရသြားသည့္ျဖစ္စဥ္ကို သူမက လက္မခံႏိုင္ေခ်။
"နင္က ေရးဆြဲမႈတစ္ေထာင္ကိုပဲ ေလ့က်င့္ခဲ့တာမဟုတ္ဘူးလား"
"ဟုတ္ပါတယ္ ဒါေပမဲ့ ကြၽန္မက အဲဒီေလာက္ပဲတတ္တယ္လို႔ တစ္ခါမွမေျပာခဲ့ဖူးသလိုပဲ"
ယဲ့က်န္းက သူမ၏ေခါင္းေလးကိုအသာေစာင္းလ်က္ ခပ္ေယာင္ေယာင္မွတ္ခ်က္ခ်သည္။
မင္းသမီး၏ပခုံးမ်ားက ေဒါသေၾကာင့္ တသိမ့္သိမ့္တုန္သြားသည္။ သူမက ဒုကၡေပးလိုေသာ္လည္း အဆုံးတြင္ ကိုယ္တိုင္ကသာ အရွက္ကြဲသြားသည္။ ေနာက္လမ်ားတြင္ ၿမိဳ႕ေတာ္အတြင္းတြင္ သူမအသံပင္ ထြက္ရဲေတာ့မည္မဟုတ္ေခ်။
အနာေပၚဆားသိပ္လိုသည့္ ယဲ့က်န္းကလည္း ေတာက္ပစြာၿပဳံးလိုက္သည္။
"မင္းသမီးလွ်ိဳဟြား မနက္ျဖန္က်ရင္ ကြၽန္မက မင္းသမီးရဲ႕အိမ္ေတာ္ကို ေလာင္းေၾကးလာယူဖို႔ လူလႊတ္လိုက္ပါမယ္။ အခုေတာ့ ကြၽန္မကို အိမ္ျပန္ခြင့္ျပဳပါ"
ထိုသို႔ျဖင့္ သူမက ေနာက္သို႔လွည့္သည္။
"မိန္းကေလးလု"
ေမာ့႐ုံရီက တားသည္။
"ဒီမင္းသားက အမဲလိုက္သြားခ်င္တယ္ မင္းက ဒီမင္းသားနဲ႔လိုက္ခဲ့ပါလား"
ထိုကေလး၏အာဏာာပါေသာအသံက အသနားခံေနေသာမ်က္ဝန္းႏွင့္ ဆန႔္က်င္ဘက္ျဖစ္သည္။
"ဒီေန႔ေတာ့ မရပါဘူး အရွင့္သား ကြၽန္မဒီစစ္ေဆးတဲ့ကတ္ကို အကယ္ဒမီကို သြားေရာက္အပ္ႏွံရပါဦးမယ္။ ဒီေန႔အတြက္ ကူညီေပးတဲ့အတြက္ေတာ့ ေက်းဇူးတင္ပါတယ္"
...