In Love With An Old Mafia(Com...

Av seinyadanawin

155K 9.6K 1.3K

****** Start Date-Mar.31.2023 End Date-Nov.17.2023 ***** Mer

Intro
Part-1
Part-2
Part-3
part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10+11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31+32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
The End
Characters' Art
New Fiction Promote

Part-24

3.2K 244 30
Av seinyadanawin

"မုန်တိုင်းလာတော့မှာ အသက် လေးလေးငယ်နဲ့အိမ်ပြန်ရအောင်"

သက်ပိုင်၏ မျက်ဝန်းတို့ဟာ မယုံနိုင်ခြင်းပေါင်းများစွာနှင့်။
သြရှရှအသံ၌ အက်ကွဲမှုတို့ဟာ ရောနှောနေခဲ့သည်။

ပယင်းမျက်ဝန်းထဲမှ မျက်ရည်တို့ဟာ ​ပါးပြင်ထက်သို့လိမ့်ဆင်းလာခိုက်
ဝင်သက်ထွက်သက်တို့က အနည်းငယ်တုန်ရီလို့သွားသည်။

"လေးလေးငယ်...ဘာကိုဆိုလိုတာလဲဟင်"

စိုင်း သက်ပိုင်၏ ပါးပြင်ထက်သို့လက်ဖဝါးအား အပ်လိုက်ရင်း
မျက်ရည်စတို့ကို လက်မနှင့်ဖိသုတ်ပေးလိုက်သည်။

"အသက်"

"ဗျာ"

ခပ်ရဲရဲနှာခေါင်းလေးအပြင် မျက်ရည်စများနှင့် မျက်လုံးဝိုင်းဝိုင်းကလေးများနှင့် အနှီကောင်လေးဟာ တကယ့်ပင်ချစ်စရာကောင်းလှ၏။

"တစ်ခါတစ်လေ ငါမင်းကိုနားမလည်ဖြစ်မိတယ်။
ငါ့ရဲ့အလုပ်အကြောင်းကိုငယ်ငယ်လေးကတည်းက နားလည်ခဲ့တဲ့မင်းက၊
ငါကဘယ်လောက် အန္တရာယ်များတဲ့သူဆိုတာကိုသိပြီးသား မင်းက
ငါ့ကိုချစ်တယ်လို့ပြောတဲ့အခါမှာ
ငါမင်းကို တကယ်နားမလည်နိုင်ခဲ့ဘူး။

ဘာကြောင့် ငါ့ဘဝထဲကိုတိုးဝင်ချင်ရတာလဲ၊ဆူးတွေများတဲ့ ခြုံထဲတိုးဝင်လိုက်ရင် သွေးအပြတ်ပြတ်ထွက်သလိုမျိုး ငါ့ဘဝထဲဝင်လာလို့မင်းမှာပိုကောင်းသွားတာဘာမှမရှိဘူး အသက်။"

ထိုစကားကိုပြောလိုက်တော့ သူ့ကိုစိုက်ကြည့်လာသော ပယင်းရောင်မျက်ဝန်းတို့ဟာ "ကျွန်တော်က လေးလေးငယ်ကိုဘာပဲ ဖြစ်ဖြစ်ချစ်နေမှာ"ဆိုတဲ့အဓိပ္ပါယ်ကို ဆောင်လေသည်။

စိုင်း ခပ်ရေးရေးပြုံးလိုက်ရင်း သူ၏လက်နှင့် သက်ပိုင်၏လက်များကိုဆုပ်ကိုင်လိုက်သည်။

"ဒါပေမဲ့လေ...ငါအတ္တကြီးချင်တယ်
သက်ပိုင်...မင်းကိုငါ့ဘဝထဲကိုဆွဲသွင်းချင်တယ်။မင်းအနားမှာနေချင်တယ်၊
မင်းကိုငါပဲပိုင်ချင်တယ်"

"ဆိုလိုတာက"

"လေးလေးငယ်ကလည်း ပေါက်စ
ကိုအများကြီးချစ်ပါတယ်"

ထိုအခါ အငိုသန် ယင်းကလေးလေးမှာ တဖန်ထပ်၍ ငိုပြန်လေသည်။

"ငါ့ရဲ့ ပျော်ရွှင်မှုက မင်းအပေါ်မှာအများကြီးမူတည်တယ် အသက်...
ဒါကြောင့် မင်းငါ့အနားမှာပဲနေရမယ်"

"အင်း...ကျွန်တော်က လေးလေးငယ်အနားမှာပဲတသက်လုံးနေမှာ"

သက်ပိုင် လေးလေးငယ်၏ပုခုံးပေါ်သို့ ခါးကိုင်းကာမှီလိုက်ရင်း လေးလေးငယ်အား ပွေ့ဖက်လိုက်မိသည်။
လေးလေးငယ်၏ လက်များကလည်းသူ၏ခါးသို့လာရောက် ရစ်ပတ်လာခိုက် သူ၏နှလုံးသားဟာလည်း သံယောဇဥ်ကြိုးတို့နှင့်ရစ်ပတ်ခံခဲ့ရ၏။

သူ ဒီလူသားကိုအခုလိုထွေးပွေ့ထားနိုင်ဖို့ ဘယ်လောက်တောင် စောင့်ခဲ့ရသလဲ။
အိမ်မက်ထဲလည်း ဒီလူပါတယ်၊
စိတ်ကူးထဲလည်း ဒီလူပါတယ်၊
မျက်လုံးထဲမှာလည်း ဒီလူတစ်ယောက်ကိုသာ မြင်ခဲ့တယ်။

နှလုံးသားဟာ လေးလေးငယ်မှလွဲအခြားတစ်ယောက်ကို မမြင်နိုင်တော့သည်အထိကို မျက်ကန်းတစ်ယောက်အဖြစ်ကူးပြောင်းခဲ့သည်ထင်ရဲ့။

"လေးလေးငယ်ကို ကျွန်တော်သိပ်မြတ်နိုးတာပဲဗျာ"

စိတ်ပင်ပန်းစရာတွေနဲ့ ကင်ဝေးချင်တယ်ဆိုတဲ့ကောင်လေးက
သူ့အနားနေရင် ပင်ပန်းရမှာသိသိနဲ့
သူ့ဆီကိုတိုးဝင်လာတယ်။
နာကျင်ရမှာသိသိနဲ့ ကိုယ့်လက်ကိုပဲဆုပ်ကိုင်ထားတယ်။

ဒီလိုကောင်လေးကို သူဘယ်လိုစိတ်နဲ့များလွှတ်ချပေးပစ်နိုင်မှာတဲ့လဲလေ။

သူ့အနားကိုအရောက်လှမ်းလာပေးမှတော့ ပြန်ပြီးပွေ့ဖက်ပေးရမှာ သူ့တာဝန်ပေါ့။

"ငါလည်း မင်းကိုချစ်တယ် အသက်....မြတ်နိုးတယ်...မင်းတစ်ယောက်တည်းကိုပဲ"

စိုင်း သက်ပိုင်၏ရင်ခွင်ထဲအားတိုးဝင်လိုက်ရင်း ပိုမို၍ထွေးပွေ့လိုက်သည်။
စိုင်းဟာ
ဘယ်လောက်ပဲ သန်မာသည့်ယောက်ျားတစ်ယောက်ဖြစ်ပါစေ
သူနီးတူယောက်ျားတစ်ယောက်
ဖြစ်သည့်
သက်ပိုင်၏ရင်ခွင်၌သာခိုလှုံချင်ခဲ့သည်။

လုံခြုံမှုဆိုသည့်အရာဟာ ခွန်အားဗလက သာလျှင် ပေးနိုင်သည်မဟုတ်ပဲ
နူးညံ့သော
ချစ်ခြင်းမေတ္တာကနေလည်း ရရှိနိုင်သည်မဟုတ်ပါလား။

***

ပြင်းထန်လှသော မိုးစက်များနှင့်အတူ မုန်တိုင်းဟာ တိုက်ခန်း၏အပြင်ဘက်၌
အရှိန်အဟုန်ပြင်းစွာဖြင့် တိုက်ခတ်လျက်ရှိသည်။

သူ၏ရင်ခွင်ထဲရှိ ကောင်လေးဟာ
ဒီတစ်ခေါက်တွင်တော့ အရင်လိုစိတ်ခြောက်ချားခြင်းအလျင်းမရှိပဲ သူ၏ရင်ဘက်ပေါ်တွင် ငြိမ်သက်စွာမှေးနေလေသည်။

အပြင်မှမိုးသံလေသံတို့က တိုက်ခန်းအတွင်းထိကျယ်လောင်စွာ ပေါ်ထွက်လို့နေပြီး မုန်တိုင်းဟာ မည်မျှအားပြင်းကြောင်းကိုဖော်ပြနေ၏။

သက်ပိုင်ကတော့
ကိစ္စပေါင်းများစွာဖြစ်ပွားသွားပြီးနောက် ငိုရသည်မှာမောသွားသည်ထင်၏ အနည်းငယ်ငြိမ်နေ၍
မျက်လုံးလေးများကလည်းအနည်းငယ်မို့အစ်နေသေးသည်။
သေချာသည်ကတော့
ဒီတစ်ခေါက်တွင် သက်ပိုင်ကျသည့်မျက်ရည်ဟာ ပျော်၍ကျသောကြောင့်ပင်ဖြစ်၏။

စိုင်း သူ၏ရင်ဘက်ပေါ်တွင် ခေါင်းအပ်ထားသော အကောင်ပေါက်၏ဆံပင်များအား အနည်းငယ်ဖွာလိုက်ရင်း စကားလမ်းကြောင်းအရင် စလိုက်သည်။

"မင်း မျိုးဆက်ကိုသိတယ်မလား"

"သိတယ်"

"သူက ငါ့ချစ်သူဟောင်းဆိုတာလည်းသိတယ်မလား"

"သိတယ်"

"ဘာကြောင့်လမ်းခွဲခဲ့သလဲကောသိလား"

"အသေးစိတ်တော့မသိဘူး...."

"နားထောင်ချင်လား"

ထိုအခါ သက်ပိုင်၏ခေါင်းကလေးက ဆတ်ကနဲထောင်လာပြီး အသာငြိမ့်ပြလေသည်။ မျက်ဝန်းတို့ကတော့ မည်မျှသိချင်စိတ်ပြင်းပြနေကြောင်းကို ဖော်ပြနေကြ၏။

စိုင်း ဖြစ်ပျက်ခဲ့သမျှကို သက်ပိုင်အားရှင်းပြလိုက်၍
ရှင်းပြအပြီးတွင်တော့ သက်ပိုင်၏မျက်လုံးများကိုပင် စုံအောင်မကြည့်ရဲတော့ပေ။

ထိုအချိန်မှာပဲ ရုတ်တရက် သူ့အား ဆွဲကာရင်ခွင်ထဲသွင်းလိုက်သော သက်ပိုင်ကြောင့် အနည်းငယ် အကြောင်သား။
အခု၌ သူ၏ကျောပြင်ဟာ အနှီပေါက်စ၏ ရင်ဘက်နှင့်ထိကပ်နေ၍
လက်များကတော့ စိုင်း၏ခါးပေါ်၌ အကျအန နေရာယူလျက်သား။

"ဆိုတော့ လေးလေးငယ်က ကျွန်တော့်ကိုလည်း အကိုမျိုးဆက်လိုမျိုး လုပ်မယ်လို့ထင်တယ်ပေါ့"

သက်ပိုင်၏လေသံထဲ၌ စိတ်ဆိုးခြင်းအလျင်းမပါသလို ဒေါသများဟာလည်းတစ်စိုးတစ်စမျှ ပါဝင်ခြင်းမရှိခဲ့။
စိုင်း မေးခွန်းအားပြန်လည်းဖြေဆိုရန်ဦးနှောက်အားအလုပ်ပေးနေခိုက် သူ၏လက်တို့ကိုလာရောက် ဆုပ်ကိုင်သောအခြားသောလက်တစ်စုံ။

ဝင်သက်ထွက်သက် ခပ်နွေးနွေးက သူ၏လည်ဂုတ်ပေါ်သို့ လာရောက်ရိုက်ခတ်လာခိုက် ကြက်သီးမွှေးညင်းတို့က တကိုယ်လုံး ထလို့လာသည်။
သက်ပိုင်က သူ၏ပုခုံးပေါ်သို့ မှီနေရင်း လည်ဂုတ်အနားတဝိုက်ကို မျက်နှာနှင့်လိုက်လံပွတ်နေခြင်း။

"အဆင်ပြေပါတယ် လေးလေးငယ်...ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြောပေးပါ..နော်.."

စိုင်း သက်ပြင်းခပ်ဖွဖွချလိုက်ရင်း
ပေါက်စ၏ လက်များအားပြန်လည်၍ ယှက်ကိုင်လိုက်သည်။

"သူက ငါ့ကို သိမ်ငယ်စရာတစ်ခုလိုသဘောထားခဲ့တာ အသက်...
သူ့လမ်းမှာလာပိတ်နေတဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခုလိုပေါ့...
ငါကလေ ဘဝမှာမဖြစ်ချင်ဆုံးက လူတစ်ယောက်ရဲ့  ဝန်ထုတ်ဝန်ပိုးပဲ။
အဲ့လူက ငါ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာကိုကြောက်တယ်"

ထိုအခါ အသက်က သူ၏
လက်ဖမိုးလေးအား ခပ်ဖွဖွလာနမ်းရင်း
"ကျွန်တော့်အတွက် လေးလေးငယ်က ဝန်ထုတ်ဝန်ပိုးမဟုတ်ပါဘူး"

စိုင်း ခပ်သာသာပြုံးလိုက်ရင်း စကားအားပြန်၍ဆက်လိုက်သည်။

"သူ့မိသားစုအသိုင်းအဝိုင်းက ရှေးရိုးဆန်တော့ ငါ့ကိုလက်မခံကြဘူး။
ငါနဲ့တွဲတဲ့သူ့ကို သိမ်ငယ်စရာတစ်ခုလိုသဘောထားကြတယ်...အဲ့အချိန်မှာ
မျိုးဆက်ကငါ့ကိုရှက်စရာအရာတစ်ခုအနေနဲ့မြင်ပြီး လမ်းခွဲခဲ့တယ်"

"ကျွန်တော်နားထောင်နေတယ်နော် လေးလေးငယ်"

"အင်း.....။
ငါမင်းကို ချစ်မိနေပြီဆိုတာ စသိတုန်းက စဥ်းစားနေခဲ့တယ်...
မင်းနဲ့ငါကအဆင်ပြေပါ့မလားလို့၊
အဲ့တာကလည်း
မင်းကြောင့်မဟုတ်ပဲ ငါ့ကြောင့်၊
ငါက
အပြစ်အနာအဆာတွေနဲ့မို့ မင်းနဲ့တွဲရမှာကိုကြောက်ခဲ့တာ...
မင်းက ပြီးပြည့်စုံတယ်လေအသက်ရဲ့၊
မင်းမှာအကုန်ရှိတယ်။"

"......"

"ဂုဏ်လား၊ငွေလား၊ရုပ်ရည်လား၊စိတ်ဓာတ်ပိုင်းဆိုင်ရာလား
မင်းက အကုန်ပြည့်စုံတယ်အသက်။
မင်းရဲ့ဘဝတက်လမ်းမှာ ငါကအတားအစီးတစ်ခုဖြစ်မှာကိုစိတ်ပူခဲ့တယ်...
အကယ်၍ တွဲခဲ့ရင်တောင် မျိုးဆက်တုန်းကလို လူတွေက မင်းကိုရှုံ့ချကြလိမ့်မယ် အဲ့လိုအချိန်ဆိုမင်းသိပ်ကိုပြိုလဲနိုင်တယ်အသက်။
ငါကမင်းအပေါ်မှာ အကောင်းဆုံးတွေပဲပေးချင်တာ
ငါမင်းအနားမှာရှိလို့ နာကျင်ရမယ်ဆိုရင် မင်းဘေးမှာနေမှာမဟုတ်ဘူး။
မင်းကို အထိအခိုက်အရှအနာသေးသေးလေးတောင်မဖြစ်စေချင်ဘူး အသက်...ဒါကိုမင်းသိထားပါ"

သက်ပိုင် လေးလေးငယ်၏
ပါးပြင်အား ဆွဲကာနမ်းလိုက်သည်။
သူ၏လေးလေးငယ်ဟာ သိပ်ကိုအတွေးလွန်နေပြီပင်။

"အဲ့တော့ လေးလေးငယ်က ကျွန်တော့်ကိုပိုချစ်မိသွားမှာစိုးလို့ထွက်ပြေးလုပ်တယ်ပဲဆိုပါတော့"

ဤသို့ပြောလိုက်တော့ လေးလေးငယ်က အသံတိုးတိုးလေးနှင့်

"အဲ့လိုမဟုတ်ရပါဘူးကွာ"

သက်ပိုင် ရယ်လိုက်ရင်း သူ၏လေးလေးငယ်အားပိုမိုတင်းကျပ်စွာဖက်လိုက်၏။

"ကျွန်တော်က ပြည့်စုံတယ်လို့လေးလေးငယ်ဘာကြောင့်တွေးသလဲမသိပေမဲ့ လေးလေးငယ်သာမရှိရင် ကျွန်တော်ဆိုတဲ့ကောင်မှာ ပိုင်ဆိုင်တာဘာမှမရှိဘူး။
ကျွန်တော့်ရဲ့ အကုန်'ဆိုတဲ့ အရာက လေးလေးငယ်ပါပဲဗျာ"

"ကျွန်တော်က လူတွေဝေဖန်ရှုံ့ချတာကိုကြောက်မယ်ထင်လို့လား...ဟွန်?
မကြောက်သလို ကြိုက်လည်းမကြိုက်ဘူး...ဒါပေမဲ့ဗျာ လေးလေးငယ်
စဥ်းစားကြည့်ဒီလောကမှာရှိနေတာက ယောက်ျားလေးတွေကြီးပဲမဟုတ်သလို မိန်းမတွေကြီးပဲမဟုတ်ဘူးလေ....
အဲ့လိုပဲ ကျွန်တော့်တို့ကိုဝေဖန်နေတဲ့သူတွေကြီးမဟုတ်သလို ချီးကျူးနေကြတဲ့သူတွေကြီးလည်းမဟုတ်ဘူး...
ဟုတ်တယ်မလား ကျွန်တော်ပြောတာ"

"အင်း ဟုတ်တယ်"

"လေးလေးငယ်က ကျွန်တော့်ကိုအကောင်းဆုံးတွေပေးချင်သလို ကျွန်တော်ကလည်းလေးလေးငယ်ကိုအကောင်းဆုံးတွေပဲပေးချင်တာ...
ကျွန်တော်အတွက်တော့ လေးလေးငယ်က အဖိုးတန်ဆုံးနဲ့အကောင်းဆုံးသောဆိုတာ လေးလေးငယ်သိလား"

သက်ပိုင် ရယ်ရင်း သူ၏ပါးကိုအတင်းလိုက်နမ်းသည်။
ဒီကောင်လေးဟာ သိပ်ကိုအသားယူလွန်းပါ၏။

"ကမ္ဘာပေါ်က အကောင်းဆုံးအရာတွေကိုမပေးနိုင်ရင်တောင်
ငါ့ရဲ့အကောင်းဆုံးသောအရာတွေကိုတော့ မင်းကိုပေးနိုင်ပါတယ်"

"ကျွန်တော်က လေးလေးငယ်ကိုကာကွယ်ပေးမှာလေးလေးငယ်....
မလိုအပ်ဘူးလို့ပြောရင်တောင်ကျွန်တော်ကာကွယ်ပေးမှာ"

"ဘယ်အချိန်ထိလဲ"

"သေတဲ့အထိ"

"အင်း မင်းပြောတာ"

"အင်း ကျွန်တော်ပြောတာ...
လေးလေးငယ် ကျွန်တော့်ကိုယုံပေးပါ...ကျွန်တော်က လေးလေးငယ်ကိုအများကြီးချစ်ပေးမယ်...
လေးလေးငယ်တစ်ယောက်တည်းကိုပဲ ကြည့်ပြီး လေးလေးငယ်တစ်ယောက်တည်းကိုပဲ ချစ်မယ်။
အပြောပဲမဟုတ်ပဲ အလုပ်နဲ့သက်သေပြပါ့မယ်"

"ငါမင်းကိုယုံတယ်"

"ထွက်မပြေးပါနဲ့ လေးလေးငယ်....
တစ်ခုကိုမှတ်ထားပေးပါ လေးလေးငယ်က ကျွန်တော့်အတွက်ဘယ်တုန်းကမှ ဝန်ထုတ်ဝန်ပိုးမဟုတ်ခဲ့သလိုဖြစ်လာမှာမဟုတ်ဘူး။
ဘယ်လိုအခက်အခဲတွေပဲ ကြုံလာကြုံလာ ကျွန်တော်က လေးလေးငယ်ရဲ့လက်ကိုအမြဲတွဲထားဦးမှာပဲ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုထားပေးပါ....အဲ့လိုပဲ ကျွန်တော့်ကိုလည်းယုံကြည်ပေးပါ"

သေချာတာပေါ့ သူသေသည်အထိ လေးလေးငယ်၏လက်ကို အမြဲဆုပ်ကိုင်ထားဦးမှာပင်။
ဘယ်လိုဒဏ်ရာတွေရခဲ့ရခဲ့
ကျွန်တော်ရဲ့မေတ္တာတွေနဲ့ ကုသပေးပါ့မယ်။
လေးလေးငယ်ပြန်ပေးရမှာက ယုံကြည်မှုပါပဲ....။

ကျွန်တော်တို့မှာအချိန်တွေအများကြီးရှိပါတယ် လေးလေးငယ်....။

ကူးခဲ့တဲ့လမ်းတွေများသလောက်
ပျိုးခဲ့တဲ့ပန်းတွေဟာ သိပ်နည်းခဲ့ပါတယ်။
အကယ်၍များ လိုချင်တယ်ဆိုရင်
ချစ်ခြင်းမျိုးစေ့များဖြင့် မေတ္တာပန်းတွေကိုစိုက်ပျိုးကာပေးပါ့မယ်။
သစ္စာအနံ့ခပ်သင်းသင်းနဲ့ပေါ့ကွယ်။

ဒါဟာမြတ်နိုးခြင်းပန်းတွေမို့ မင်းတစ်ယောက်တည်းကိုသာပေးလိုပါတယ်။

******

Alexander _AN
Aug.1.2023

Al Nyo is come back ")
စာမေးပွဲပေါင်းများစွာအား ကျော်ဖြတ်လာပြီးနောက် အညိုလေး ဦးနှောက်ကုန်နေဆဲမို့ အရေးအသားလိုအပ်သွားသည်ရှိသော်တောင်းပန်ပါတယ်ဆင့်။

******

"မုန္တိုင္းလာေတာ့မွာ အသက္ ေလးေလးငယ္နဲ႔အိမ္ျပန္ရေအာင္"

သက္ပိုင္၏ မ်က္ဝန္းတို႔ဟာ မယုံႏိုင္ျခင္းေပါင္းမ်ားစြာႏွင့္။
ၾသ႐ွ႐ွအသံ၌ အက္ကြဲမႈတို႔ဟာ ေရာေႏွာေနခဲ့သည္။

ပယင္းမ်က္ဝန္းထဲမွ မ်က္ရည္တို႔ဟာ ​ပါးျပင္ထက္သို႔လိမ့္ဆင္းလာခိုက္
ဝင္သက္ထြက္သက္တို႔က အနည္းငယ္တုန္ရီလို႔သြားသည္။

"ေလးေလးငယ္...ဘာကိုဆိုလိုတာလဲဟင္"

စိုင္း သက္ပိုင္၏ ပါးျပင္ထက္သို႔လက္ဖဝါးအား အပ္လိုက္ရင္း
မ်က္ရည္စတို႔ကို လက္မႏွင့္ဖိသုတ္ေပးလိုက္သည္။

"အသက္"

"ဗ်ာ"

ခပ္ရဲရဲႏွာေခါင္းေလးအျပင္ မ်က္ရည္စမ်ားႏွင့္ မ်က္လုံးဝိုင္းဝိုင္းကေလးမ်ားႏွင့္ အႏွီေကာင္ေလးဟာ တကယ့္ပင္ခ်စ္စရာေကာင္းလွ၏။

"တစ္ခါတစ္ေလ ငါမင္းကိုနားမလည္ျဖစ္မိတယ္။
ငါ့ရဲ႕အလုပ္အေၾကာင္းကိုငယ္ငယ္ေလးကတည္းက နားလည္ခဲ့တဲ့မင္းက၊
ငါကဘယ္ေလာက္ အႏၲရာယ္မ်ားတဲ့သူဆိုတာကိုသိၿပီးသား မင္းက
ငါ့ကိုခ်စ္တယ္လို႔ေျပာတဲ့အခါမွာ
ငါမင္းကို တကယ္နားမလည္ႏိုင္ခဲ့ဘူး။

ဘာေၾကာင့္ ငါ့ဘဝထဲကိုတိုးဝင္ခ်င္ရတာလဲ၊ဆူးေတြမ်ားတဲ့ ျခဳံထဲတိုးဝင္လိုက္ရင္ ေသြးအျပတ္ျပတ္ထြက္သလိုမ်ိဳး ငါ့ဘဝထဲဝင္လာလို႔မင္းမွာပိုေကာင္းသြားတာဘာမွမ႐ွိဘူး အသက္။"

ထိုစကားကိုေျပာလိုက္ေတာ့ သူ႕ကိုစိုက္ၾကည့္လာေသာ ပယင္းေရာင္မ်က္ဝန္းတို႔ဟာ "ကြၽန္ေတာ္က ေလးေလးငယ္ကိုဘာပဲ ျဖစ္ျဖစ္ခ်စ္ေနမွာ"ဆိုတဲ့အဓိပၸါယ္ကို ေဆာင္ေလသည္။

စိုင္း ခပ္ေရးေရးျပဳံးလိုက္ရင္း သူ၏လက္ႏွင့္ သက္ပိုင္၏လက္မ်ားကိုဆုပ္ကိုင္လိုက္သည္။

"ဒါေပမဲ့ေလ...ငါအတၱႀကီးခ်င္တယ္
သက္ပိုင္...မင္းကိုငါ့ဘဝထဲကိုဆြဲသြင္းခ်င္တယ္။မင္းအနားမွာေနခ်င္တယ္၊
မင္းကိုငါပဲပိုင္ခ်င္တယ္"

"ဆိုလိုတာက"

"ေလးေလးငယ္ကလည္း ေပါက္စ
ကိုအမ်ားႀကီးခ်စ္ပါတယ္"

ထိုအခါ အငိုသန္ ယင္းကေလးေလးမွာ တဖန္ထပ္၍ ငိုျပန္ေလသည္။

"ငါ့ရဲ႕ ေပ်ာ္႐ႊင္မႈက မင္းအေပၚမွာအမ်ားႀကီးမူတည္တယ္ အသက္...
ဒါေၾကာင့္ မင္းငါ့အနားမွာပဲေနရမယ္"

"အင္း...ကြၽန္ေတာ္က ေလးေလးငယ္အနားမွာပဲတသက္လုံးေနမွာ"

သက္ပိုင္ ေလးေလးငယ္၏ပုခုံးေပၚသို႔ ခါးကိုင္းကာမွီလိုက္ရင္း ေလးေလးငယ္အား ေပြ႕ဖက္လိုက္မိသည္။
ေလးေလးငယ္၏ လက္မ်ားကလည္းသူ၏ခါးသို႔လာေရာက္ ရစ္ပတ္လာခိုက္ သူ၏ႏွလုံးသားဟာလည္း သံေယာဇဥ္ႀကိဳးတို႔ႏွင့္ရစ္ပတ္ခံခဲ့ရ၏။

သူ ဒီလူသားကိုအခုလိုေထြးေပြ႕ထားႏိုင္ဖို႔ ဘယ္ေလာက္ေတာင္ ေစာင့္ခဲ့ရသလဲ။
အိမ္မက္ထဲလည္း ဒီလူပါတယ္၊
စိတ္ကူးထဲလည္း ဒီလူပါတယ္၊
မ်က္လုံးထဲမွာလည္း ဒီလူတစ္ေယာက္ကိုသာ ျမင္ခဲ့တယ္။

ႏွလုံးသားဟာ ေလးေလးငယ္မွလြဲအျခားတစ္ေယာက္ကို မျမင္ႏိုင္ေတာ့သည္အထိကို မ်က္ကန္းတစ္ေယာက္အျဖစ္ကူးေျပာင္းခဲ့သည္ထင္ရဲ႕။

"ေလးေလးငယ္ကို ကြၽန္ေတာ္သိပ္ျမတ္ႏိုးတာပဲဗ်ာ"

စိတ္ပင္ပန္းစရာေတြနဲ႔ ကင္ေဝးခ်င္တယ္ဆိုတဲ့ေကာင္ေလးက
သူ႕အနားေနရင္ ပင္ပန္းရမွာသိသိနဲ႔
သူ႕ဆီကိုတိုးဝင္လာတယ္။
နာက်င္ရမွာသိသိနဲ႔ ကိုယ့္လက္ကိုပဲဆုပ္ကိုင္ထားတယ္။

ဒီလိုေကာင္ေလးကို သူဘယ္လိုစိတ္နဲ႔မ်ားလႊတ္ခ်ေပးပစ္ႏိုင္မွာတဲ့လဲေလ။

သူ႕အနားကိုအေရာက္လွမ္းလာေပးမွေတာ့ ျပန္ၿပီးေပြ႕ဖက္ေပးရမွာ သူ႕တာဝန္ေပါ့။

"ငါလည္း မင္းကိုခ်စ္တယ္ အသက္....ျမတ္ႏိုးတယ္...မင္းတစ္ေယာက္တည္းကိုပဲ"

စိုင္း သက္ပိုင္၏ရင္ခြင္ထဲအားတိုးဝင္လိုက္ရင္း ပိုမို၍ေထြးေပြ႕လိုက္သည္။
စိုင္းဟာ
ဘယ္ေလာက္ပဲ သန္မာသည့္ေယာက်္ားတစ္ေယာက္ျဖစ္ပါေစ
သူနီးတူေယာက်္ားတစ္ေယာက္
ျဖစ္သည့္
သက္ပိုင္၏ရင္ခြင္၌သာခိုလႈံခ်င္ခဲ့သည္။

လုံျခဳံမႈဆိုသည့္အရာဟာ ခြန္အားဗလက သာလွ်င္ ေပးႏိုင္သည္မဟုတ္ပဲ
ႏူးညံ့ေသာ
ခ်စ္ျခင္းေမတၱာကေနလည္း ရ႐ွိႏိုင္သည္မဟုတ္ပါလား။

***

ျပင္းထန္လွေသာ မိုးစက္မ်ားႏွင့္အတူ မုန္တိုင္းဟာ တိုက္ခန္း၏အျပင္ဘက္၌
အ႐ွိန္အဟုန္ျပင္းစြာျဖင့္ တိုက္ခတ္လ်က္႐ွိသည္။

သူ၏ရင္ခြင္ထဲ႐ွိ ေကာင္ေလးဟာ
ဒီတစ္ေခါက္တြင္ေတာ့ အရင္လိုစိတ္ေျခာက္ခ်ားျခင္းအလ်င္းမ႐ွိပဲ သူ၏ရင္ဘက္ေပၚတြင္ ၿငိမ္သက္စြာေမွးေနေလသည္။

အျပင္မွမိုးသံေလသံတို႔က တိုက္ခန္းအတြင္းထိက်ယ္ေလာင္စြာ ေပၚထြက္လို႔ေနၿပီး မုန္တိုင္းဟာ မည္မွ်အားျပင္းေၾကာင္းကိုေဖာ္ျပေန၏။

သက္ပိုင္ကေတာ့
ကိစၥေပါင္းမ်ားစြာျဖစ္ပြားသြားၿပီးေနာက္ ငိုရသည္မွာေမာသြားသည္ထင္၏ အနည္းငယ္ၿငိမ္ေန၍
မ်က္လုံးေလးမ်ားကလည္းအနည္းငယ္မို႔အစ္ေနေသးသည္။
ေသခ်ာသည္ကေတာ့
ဒီတစ္ေခါက္တြင္ သက္ပိုင္က်သည့္မ်က္ရည္ဟာ ေပ်ာ္၍က်ေသာေၾကာင့္ပင္ျဖစ္၏။

စိုင္း သူ၏ရင္ဘက္ေပၚတြင္ ေခါင္းအပ္ထားေသာ အေကာင္ေပါက္၏ဆံပင္မ်ားအား အနည္းငယ္ဖြာလိုက္ရင္း စကားလမ္းေၾကာင္းအရင္ စလိုက္သည္။

"မင္း မ်ိဳးဆက္ကိုသိတယ္မလား"

"သိတယ္"

"သူက ငါ့ခ်စ္သူေဟာင္းဆိုတာလည္းသိတယ္မလား"

"သိတယ္"

"ဘာေၾကာင့္လမ္းခြဲခဲ့သလဲေကာသိလား"

"အေသးစိတ္ေတာ့မသိဘူး...."

"နားေထာင္ခ်င္လား"

ထိုအခါ သက္ပိုင္၏ေခါင္းကေလးက ဆတ္ကနဲေထာင္လာၿပီး အသာၿငိမ့္ျပေလသည္။ မ်က္ဝန္းတို႔ကေတာ့ မည္မွ်သိခ်င္စိတ္ျပင္းျပေနေၾကာင္းကို ေဖာ္ျပေနၾက၏။

စိုင္း ျဖစ္ပ်က္ခဲ့သမွ်ကို သက္ပိုင္အား႐ွင္းျပလိုက္၍
႐ွင္းျပအၿပီးတြင္ေတာ့ သက္ပိုင္၏မ်က္လုံးမ်ားကိုပင္ စုံေအာင္မၾကည့္ရဲေတာ့ေပ။

ထိုအခ်ိန္မွာပဲ ႐ုတ္တရက္ သူ႕အား ဆြဲကာရင္ခြင္ထဲသြင္းလိုက္ေသာ သက္ပိုင္ေၾကာင့္ အနည္းငယ္ အေၾကာင္သား။
အခု၌ သူ၏ေက်ာျပင္ဟာ အႏွီေပါက္စ၏ ရင္ဘက္ႏွင့္ထိကပ္ေန၍
လက္မ်ားကေတာ့ စိုင္း၏ခါးေပၚ၌ အက်အန ေနရာယူလ်က္သား။

"ဆိုေတာ့ ေလးေလးငယ္က ကြၽန္ေတာ္႕ကိုလည္း အကိုမ်ိဳးဆက္လိုမ်ိဳး လုပ္မယ္လို႔ထင္တယ္ေပါ့"

သက္ပိုင္၏ေလသံထဲ၌ စိတ္ဆိုးျခင္းအလ်င္းမပါသလို ေဒါသမ်ားဟာလည္းတစ္စိုးတစ္စမွ် ပါဝင္ျခင္းမ႐ွိခဲ့။
စိုင္း ေမးခြန္းအားျပန္လည္းေျဖဆိုရန္ဦးေႏွာက္အားအလုပ္ေပးေနခိုက္ သူ၏လက္တို႔ကိုလာေရာက္ ဆုပ္ကိုင္ေသာအျခားေသာလက္တစ္စုံ။

ဝင္သက္ထြက္သက္ ခပ္ေႏြးေႏြးက သူ၏လည္ဂုတ္ေပၚသို႔ လာေရာက္႐ိုက္ခတ္လာခိုက္ ၾကက္သီးေမႊးညင္းတို႔က တကိုယ္လုံး ထလို႔လာသည္။
သက္ပိုင္က သူ၏ပုခုံးေပၚသို႔ မွီေနရင္း လည္ဂုတ္အနားတဝိုက္ကို မ်က္ႏွာႏွင့္လိုက္လံပြတ္ေနျခင္း။

"အဆင္ေျပပါတယ္ ေလးေလးငယ္...ကြၽန္ေတာ္႕ကိုပြင့္ပြင့္လင္းလင္းေျပာေပးပါ..ေနာ္.."

စိုင္း သက္ျပင္းခပ္ဖြဖြခ်လိုက္ရင္း
ေပါက္စ၏ လက္မ်ားအားျပန္လည္၍ ယွက္ကိုင္လိုက္သည္။

"သူက ငါ့ကို သိမ္ငယ္စရာတစ္ခုလိုသေဘာထားခဲ့တာ အသက္...
သူ႕လမ္းမွာလာပိတ္ေနတဲ့ ဝန္ထုတ္ဝန္ပိုးတစ္ခုလိုေပါ့...
ငါကေလ ဘဝမွာမျဖစ္ခ်င္ဆုံးက လူတစ္ေယာက္ရဲ႕  ဝန္ထုတ္ဝန္ပိုးပဲ။
အဲ့လူက ငါ့ေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္မွာကိုေၾကာက္တယ္"

ထိုအခါ အသက္က သူ၏
လက္ဖမိုးေလးအား ခပ္ဖြဖြလာနမ္းရင္း
"ကြၽန္ေတာ္႕အတြက္ ေလးေလးငယ္က ဝန္ထုတ္ဝန္ပိုးမဟုတ္ပါဘူး"

စိုင္း ခပ္သာသာျပဳံးလိုက္ရင္း စကားအားျပန္၍ဆက္လိုက္သည္။

"သူ႕မိသားစုအသိုင္းအဝိုင္းက ေ႐ွး႐ိုးဆန္ေတာ့ ငါ့ကိုလက္မခံၾကဘူး။
ငါနဲ႔တြဲတဲ့သူ႕ကို သိမ္ငယ္စရာတစ္ခုလိုသေဘာထားၾကတယ္...အဲ့အခ်ိန္မွာ
မ်ိဳးဆက္ကငါ့ကို႐ွက္စရာအရာတစ္ခုအေနနဲ႔ျမင္ၿပီး လမ္းခြဲခဲ့တယ္"

"ကြၽန္ေတာ္နားေထာင္ေနတယ္ေနာ္ ေလးေလးငယ္"

"အင္း.....။
ငါမင္းကို ခ်စ္မိေနၿပီဆိုတာ စသိတုန္းက စဥ္းစားေနခဲ့တယ္...
မင္းနဲ႔ငါကအဆင္ေျပပါ့မလားလို႔၊
အဲ့တာကလည္း
မင္းေၾကာင့္မဟုတ္ပဲ ငါ့ေၾကာင့္၊
ငါက
အျပစ္အနာအဆာေတြနဲ႔မို႔ မင္းနဲ႔တြဲရမွာကိုေၾကာက္ခဲ့တာ...
မင္းက ၿပီးျပည့္စုံတယ္ေလအသက္ရဲ႕၊
မင္းမွာအကုန္႐ွိတယ္။"

"......"

"ဂုဏ္လား၊ေငြလား၊႐ုပ္ရည္လား၊စိတ္ဓာတ္ပိုင္းဆိုင္ရာလား
မင္းက အကုန္ျပည့္စုံတယ္အသက္။
မင္းရဲ႕ဘဝတက္လမ္းမွာ ငါကအတားအစီးတစ္ခုျဖစ္မွာကိုစိတ္ပူခဲ့တယ္...
အကယ္၍ တြဲခဲ့ရင္ေတာင္ မ်ိဳးဆက္တုန္းကလို လူေတြက မင္းကို႐ႈံ႕ခ်ၾကလိမ့္မယ္ အဲ့လိုအခ်ိန္ဆိုမင္းသိပ္ကိုၿပိဳလဲႏိုင္တယ္အသက္။
ငါကမင္းအေပၚမွာ အေကာင္းဆုံးေတြပဲေပးခ်င္တာ
ငါမင္းအနားမွာ႐ွိလို႔ နာက်င္ရမယ္ဆိုရင္ မင္းေဘးမွာေနမွာမဟုတ္ဘူး။
မင္းကို အထိအခိုက္အ႐ွအနာေသးေသးေလးေတာင္မျဖစ္ေစခ်င္ဘူး အသက္...ဒါကိုမင္းသိထားပါ"

သက္ပိုင္ ေလးေလးငယ္၏
ပါးျပင္အား ဆြဲကာနမ္းလိုက္သည္။
သူ၏ေလးေလးငယ္ဟာ သိပ္ကိုအေတြးလြန္ေနၿပီပင္။

"အဲ့ေတာ့ ေလးေလးငယ္က ကြၽန္ေတာ္႕ကိုပိုခ်စ္မိသြားမွာစိုးလို႔ထြက္ေျပးလုပ္တယ္ပဲဆိုပါေတာ့"

ဤသို႔ေျပာလိုက္ေတာ့ ေလးေလးငယ္က အသံတိုးတိုးေလးႏွင့္

"အဲ့လိုမဟုတ္ရပါဘူးကြာ"

သက္ပိုင္ ရယ္လိုက္ရင္း သူ၏ေလးေလးငယ္အားပိုမိုတင္းက်ပ္စြာဖက္လိုက္၏။

"ကြၽန္ေတာ္က ျပည့္စုံတယ္လို႔ေလးေလးငယ္ဘာေၾကာင့္ေတြးသလဲမသိေပမဲ့ ေလးေလးငယ္သာမ႐ွိရင္ ကြၽန္ေတာ္ဆိုတဲ့ေကာင္မွာ ပိုင္ဆိုင္တာဘာမွမ႐ွိဘူး။
ကြၽန္ေတာ္႕ရဲ႕ အကုန္'ဆိုတဲ့ အရာက ေလးေလးငယ္ပါပဲဗ်ာ"

"ကြၽန္ေတာ္က လူေတြေဝဖန္႐ႈံ႕ခ်တာကိုေၾကာက္မယ္ထင္လို႔လား...ဟြန္?
မေၾကာက္သလို ႀကိဳက္လည္းမႀကိဳက္ဘူး...ဒါေပမဲ့ဗ်ာ ေလးေလးငယ္
စဥ္းစားၾကည့္ဒီေလာကမွာ႐ွိေနတာက ေယာက်္ားေလးေတြႀကီးပဲမဟုတ္သလို မိန္းမေတြႀကီးပဲမဟုတ္ဘူးေလ....
အဲ့လိုပဲ ကြၽန္ေတာ္႕တို႔ကိုေဝဖန္ေနတဲ့သူေတြႀကီးမဟုတ္သလို ခ်ီးက်ဴးေနၾကတဲ့သူေတြႀကီးလည္းမဟုတ္ဘူး...
ဟုတ္တယ္မလား ကြၽန္ေတာ္ေျပာတာ"

"အင္း ဟုတ္တယ္"

"ေလးေလးငယ္က ကြၽန္ေတာ္႕ကိုအေကာင္းဆုံးေတြေပးခ်င္သလို ကြၽန္ေတာ္ကလည္းေလးေလးငယ္ကိုအေကာင္းဆုံးေတြပဲေပးခ်င္တာ...
ကြၽန္ေတာ္အတြက္ေတာ့ ေလးေလးငယ္က အဖိုးတန္ဆုံးနဲ႔အေကာင္းဆုံးေသာဆိုတာ ေလးေလးငယ္သိလား"

သက္ပိုင္ ရယ္ရင္း သူ၏ပါးကိုအတင္းလိုက္နမ္းသည္။
ဒီေကာင္ေလးဟာ သိပ္ကိုအသားယူလြန္းပါ၏။

"ကမ႓ာေပၚက အေကာင္းဆုံးအရာေတြကိုမေပးႏိုင္ရင္ေတာင္
ငါ့ရဲ႕အေကာင္းဆုံးေသာအရာေတြကိုေတာ့ မင္းကိုေပးႏိုင္ပါတယ္"

"ကြၽန္ေတာ္က ေလးေလးငယ္ကိုကာကြယ္ေပးမွာေလးေလးငယ္....
မလိုအပ္ဘူးလို႔ေျပာရင္ေတာင္ကြၽန္ေတာ္ကာကြယ္ေပးမွာ"

"ဘယ္အခ်ိန္ထိလဲ"

"ေသတဲ့အထိ"

"အင္း မင္းေျပာတာ"

"အင္း ကြၽန္ေတာ္ေျပာတာ...
ေလးေလးငယ္ ကြၽန္ေတာ္႕ကိုယုံေပးပါ...ကြၽန္ေတာ္က ေလးေလးငယ္ကိုအမ်ားႀကီးခ်စ္ေပးမယ္...
ေလးေလးငယ္တစ္ေယာက္တည္းကိုပဲ ၾကည့္ၿပီး ေလးေလးငယ္တစ္ေယာက္တည္းကိုပဲ ခ်စ္မယ္။
အေျပာပဲမဟုတ္ပဲ အလုပ္နဲ႔သက္ေသျပပါ့မယ္"

"ငါမင္းကိုယုံတယ္"

"ထြက္မေျပးပါနဲ႔ ေလးေလးငယ္....
တစ္ခုကိုမွတ္ထားေပးပါ ေလးေလးငယ္က ကြၽန္ေတာ္႕အတြက္ဘယ္တုန္းကမွ ဝန္ထုတ္ဝန္ပိုးမဟုတ္ခဲ့သလိုျဖစ္လာမွာမဟုတ္ဘူး။
ဘယ္လိုအခက္အခဲေတြပဲ ၾကဳံလာၾကဳံလာ ကြၽန္ေတာ္က ေလးေလးငယ္ရဲ႕လက္ကိုအၿမဲတြဲထားဦးမွာပဲ။
ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈထားေပးပါ....အဲ့လိုပဲ ကြၽန္ေတာ္႕ကိုလည္းယုံၾကည္ေပးပါ"

ေသခ်ာတာေပါ့ သူေသသည္အထိ ေလးေလးငယ္၏လက္ကို အၿမဲဆုပ္ကိုင္ထားဦးမွာပင္။
ဘယ္လိုဒဏ္ရာေတြရခဲ့ရခဲ့
ကြၽန္ေတာ္ရဲ႕ေမတၱာေတြနဲ႔ ကုသေပးပါ့မယ္။
ေလးေလးငယ္ျပန္ေပးရမွာက ယုံၾကည္မႈပါပဲ....။

ကြၽန္ေတာ္တို႔မွာအခ်ိန္ေတြအမ်ားႀကီး႐ွိပါတယ္ ေလးေလးငယ္....။

ကူးခဲ့တဲ့လမ္းေတြမ်ားသေလာက္
ပ်ိဳးခဲ့တဲ့ပန္းေတြဟာ သိပ္နည္းခဲ့ပါတယ္။
အကယ္၍မ်ား လိုခ်င္တယ္ဆိုရင္
ခ်စ္ျခင္းမ်ိဳးေစ့မ်ားျဖင့္ ေမတၱာပန္းေတြကိုစိုက္ပ်ိဳးကာေပးပါ့မယ္။
သစၥာအနံ႔ခပ္သင္းသင္းနဲ႔ေပါ့ကြယ္။

ဒါဟာျမတ္ႏိုးျခင္းပန္းေတြမို႔ မင္းတစ္ေယာက္တည္းကိုသာေပးလိုပါတယ္။

******

Alexander _AN
Aug.1.2023

Al Nyo is come back ")
စာေမးပြဲေပါင္းမ်ားစြာအား ေက်ာ္ျဖတ္လာၿပီးေနာက္ အညိဳေလး ဦးေႏွာက္ကုန္ေနဆဲမို႔ အေရးအသားလိုအပ္သြားသည္႐ွိေသာ္ေတာင္းပန္ပါတယ္ဆင့္။

******

Fortsett å les