P O S S E S S I O N (Complete)

By Loeypann

20.2K 2.6K 416

"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး" More

Intro
1
2
3
4
5
6
7
8
9
10
11
13(Part_1)
13(Part_2)
14
15
16
17
18
19
20
21
22
23
24
25 (Final)
Thanks My Readers!!!
Plot Twist!
Extra (1)
Extra (2)
Extra (3)
Final Extra

12

615 92 8
By Loeypann

ကိုယ်တိုင်ချက်ပြုတ်ပေးဖို့စဥ်းစားထားတဲ့စိတ်ကူးလေးမှာ ရှေ့မှဆန်ပြုတ်လေး၏ဖြစ်ပျက်မှုကြောင့် ပျက်စီးသွားရသည်။

ထို့ကြောင့် အပြင်မှသာ မှာစားရန် နှစ်ယောက်သား လက်ခံလိုက်ရသည်။

"ကိုယ် ဖုန်းသွားယူလိုက်အုံးမယ် ဧည့်ခန်းမှာဘဲ စောင့်နေနော်ကလေး ပြန်မအိပ်နဲ့အုံး ဆေးသောက်ပြီးမှ အိပ်ရမယ် အိုခေ?"

"အိုခေ"

ဧည့်ခန်းထဲ၌ ယူဂျင်းအားစောင်ပါးလေးခြုံပေးလျက် အနှီးထုတ်လေးလို ချန်ထားခဲ့၍
ဂယူကတော့ ဖုန်းယူရန် အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

ထိုအချိန် ယူဂျင်းဖုန်းမှ Messageဝင်သံကြားတာကြောင့် အမှတ်တမဲ့ကြည့်လိုက်မိပါလျှင်

တွေ့လိုက်ရတဲ့စာနှစ်စောင်ကြောင့် ဂယူအပြုံးမမည်သောအပြုံး ပြုံးမိသွား၏။
ထိုအပြုံးက မြင်ရသူအဖို့ ကျောချမ်းစရာဖြစ်ကောင်းဖြစ်နိုင်သည်။
ချက်ချင်း messageကိုဖျက်လို့ ပို့လာတဲ့နံပါတ်ကိုပါ BLပစ်လိုက်သည်။

"မင်း​တော့ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေပြီ"

တစ်ယောက်တည်းခပ်တိုးတိုးရေရွက်လိုက်ခြင်းဖြစ်ပေမယ့် သေချာပေါက် တင်းမာနေတဲ့လေသံပင်။

သိပ်မကြာလိုက်ပါ မိနစ်ပိုင်းမျှသာ
မျက်နှာအမူအယာအားသေချာပြင်၍ ဖုန်းကောက်ယူကာ ကလေးနွေးနွေးထွေးထွေးရှိစေရန် အမွှေးပွ ကုတ်လက်ရှည်လေးယူပြီး အခန်းထဲမှထွက်လာခဲ့လိုက်သည်။

"ကိုကိုဖုန်းသွားယူတာကြာလိုက်တာ"

နေမကောင်းဖြစ်ချိန် ကြောင်ပေါက်လေးလို အနားကပ်ချွဲချင်နေတဲ့ကလေးက သူသွားတာကြာလို့ နှခမ်းလေးဆူထော်နေရဲ့။

"ပြွစ်"

ဆူနေတဲ့နှခမ်းပါးတွေကို စိတ်မထိန်းနိုင်စွာ အနမ်းပေးမိတော့ အင်အားကြီးတဲ့မျက်စောင်းက ဒိုင်းခနဲ

"ကိုကို ကျွန်တော့်နားအရမ်းကပ်နေရင် ကိုကို့ဆီ အဖျားကူးသွားလိမ့်မယ်နော်"

​ကိုယ့်ကို အဖျားကူးမယ် လို့ပြောနေတဲ့ကောင်လေးက ကိုယ်သူ့အနားထိုင်လိုက်တာနဲ့ ရင်ခွင်ထဲတန်းနေအောင်ဝင်နေတတ်သေး၏။

အဲလိုကလေးကို ကိုယ်ကအဖျားကူးမယ်ဆိုရင်တောင် ဘယ်လိုဖယ်ခွာရက်မှာလဲ။

"အဖျားကူးလဲဂရုမစိုက်ဘူး ကိုယ်ဂရုစိုက်တာ ဟန်ယူဂျင်းဆိုတဲ့ကလေးဘဲ"

ယူဂျင်း မှာအဖျားကြောင့်ရော ရှက်စိတ်ကြောင့်ပါ အပူချိန်တွေတိုးလာရ၏။

"ဘယ်အချိန်ထိ ယူဂျင်းကို ကလေးလို့ခေါ်နေမှာလဲ ယူဂျင်းက အခုကိုကို့ချစ်သူပါနော် ကိုကို့ညီလေးမဟုတ်တော့ဘူး"

"ကိုယ် ကလေးကို ညီလေးတစ်ယောက်လို ဘယ်တုန်းကမှမသတ်မှတ်ခဲ့ဖူးပါဘူး"

ယူဂျင်းအလိုကိုလိုက်လို့ အားလုံးဖြည့်စည်းပေးခဲ့တာ ကိုယ့်ကိုအားကိုးစေချင်လို့ဖြစ်ပြီး
ယူဂျင်း ဘာလုပ်လုပ် ကိုယ့်ဘက်ကအလျော့ပေးခဲ့တာ ကိုယ့်အနားကထွက်မသွားနိုင်အောင်ဖြစ်သည်။

ယူဂျင်းက သူ့ကို ပိုင်ဆိုင်ရလိုက်တာမဟုတ်ဘဲ သူကသာ ယူဂျင်းဆီ သူ့ကိုယ်သူ အပိုင်ပေးလိုက်ခြင်းဖြစ်သည်။
ဒါကလဲ စတွေ့စဥ်ကတည်းပင်..

အရင်အချိန်ကနှစ်ယောက်ကြားအလွှာပါးပါးလေးခြားခဲ့သည်။
ထိုအလွှာဟာ သူတို့နှစ်ဦး၏နားလည်မှုလွဲခြင်းဖြစ်နိုင်သည်။

အခု ထိုအလွှာလေးအား ဖယ်ရှားလိုက်တဲ့အခါ နှစ်အတော်ကြာကိန်းအောင်းနေတဲ့တန်ဖိုးကြီးသည့် အချစ်တွေသာရှိတော့သည်ပင်။

ထပ်၍ ကိုကိုကစကားတစ်ချို့ပြောလာသည်

"ကိုယ်တို့နှစ်ယောက်ကပြည့်စုံတဲ့ ဖူးစာဖက်တွေဖြစ်မယ်လို့ ကိုယ်ယုံကြည်တယ်"

ကိုကို့စကားကို ယူဂျင်းက ဘာမှမတုံ့ပြန်။
ထိုစကားသာ အမှန်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ..။
ကိုကိုနဲ့ယူဂျင်းဟာ ထာဝရချစ်သွားကြမယ့် ဖူးစာဖက်တွေဆို..
အနှောက်အယှက်မရှိ နှစ်ယောက်ခရီးလမ်း ဖြောင့်ဖြူးနေမယ်ဆို..
ဘယ်လောက်ကောင်းလိုက်မလဲ။

အခုချိန်တော့ဖြင့် ယူဂျင်းက ကလေးလုပ်ချင်သည်။
ကလေးစိတ်နှင့် အားလုံးဟာဖြစ်နိုင်သည်ဟု ယုံပြစ်လိုက်ချင်၏။
ငယ်ငယ်ကလို ကိုကို့စကားအား လက်မလေးထောင်၍ ဟုတ်မှန်ကြောင်း ထောက်ခံပေးလိုက်ချင်သည်။

အရွယ်တစ်ခုကိုရောက်လာတော့ ယူဂျင်းအနေဖြင့် အသံတိတ်၍ တွေးတောခြင်းသာတတ်နိုင်သည်။
တစ်ခါတစ်ရံဆို သံသဃလေးများပင်ဝင်လာသေး၏။

"ဘာမှမတွေးဘဲ အခုချိန် ကိုကို့အချစ်တွေလက်ခံလိုက်ရင်ရတာဘဲမလား"

ကိုကိုက ဖုန်းထဲမှ မနက်စာအတွက် မှာနေသည်မို့ တိုးတိမ်စွာပြောလိုက်မိတဲ့ ယူဂျင်းစကားအား မကြားနိုင်။

"ကလေး ကိုယ်တို့ခရီးထွက်ကြမလား"

ရုတ်တရက်ကြီး ခရီးထွက်ဖို့လာပြောတော့ ယူဂျင်း ချက်ချင်း အဖြေမပေးနိုင်။
တကယ်တော့ မွန်းကြပ်နေတဲ့စိတ်တွေမှာ ကိုကိုသာအနားရှိရင်အဆင်ပြေပေမယ့် ကိုကိုနဲ့ခရီးထွက်လိုက်ရင် ပိုအဆင်ပြေမယ်မလား..။

"ကိုကို့သဘော"

ဘဝမှာ ယူဂျင်းသဘော ကလေးသဘော ထိုသို့သာရှိပေမယ့် အခုတော့ လက်ခံတယ်ဆိုတာရိုးရိုးမပြောဘဲ ကိုကို့သဘော ဟုဆိုလာတော့ ဂယူတစ်ယောက် မာန်တောင်တက်ချင်သွား၏။

ဒါကလဲ ကိုယ်ချစ်တဲ့လူနဲ့ကိုယ့်ကိုချစ်တဲ့လူ ထပ်တူကျခြင်း၏အားသာချက်ဖြစ်နိုင်ပါသည်။

"ကောင်းပါပြီဗျာ.."

ထိုအချိန်က နှစ်ယောက်အတူသာ ခရီးသွားကြမယ်ဆိုရင် ပျော်စရာတွေဘဲရှိနိုင်သည်။
ကိုကိုနဲ့ပုံတွေအတူရိုက်မည် တောင်လဲအတူတက်မည် နာမည်ကြီးစားသောက်ဆိုင်တွေကို ကိုကို့လက်ကိုဆွဲလို သွားစားမည်။
လိုချင်တာရှိရင် ကိုကို့ကိုပူဆာပြီး အဲလိုအရာရာပြည့်စုံတဲ့ကိုကိုက ယူဂျင်းအပိုင်ဆိုတာ လူတိုင်းကိုကြွားရမည်။

ထိုသို့အတွေးလေးတွေနှင့် ယူဂျင်းက ခရီးသွားဖို့ပျော်နေခဲ့သည်။
ကိုကိုလဲ ယူဂျင်းနှင့်ထပ်တူ တွေးမိနိုင်ပါသည်။

သို့ပေမယ့် ထိုခရီးတွင် ပျော်စရာတွေကြည်နူးစရာတွေသာမက တခြားအရာတွေလဲရှိနေလိမ့်မည်ဟုတော့ ယောင်လို့တောင်မတွေးမိခဲ့ကြပါ။

ထိုခရီးဟာ ကိုကိုနဲ့ယူဂျင်း ဝေးသွားရမည့်အကြောင်းအရင်း ဖြစ်ကြောင်း အချိန်လွန်မှ ယူဂျင်းသိလိုက်ရခြင်း။

ကြိုသာသိခဲ့လျှင် ကိုကို့စကားအား လက်ခံခဲ့လိမ့်မည်မဟုတ်..။

..........

မှောင်မဲနေတဲ့အခန်းငယ်ထဲ  ကောင်လေးတစ်ယောက်ဟာ ဝိုင်ခွက်အား အထာကျစွာကိုင်၍  ဖုန်းကိုသာ သည်းသည်းမည်းမည်း စိုက်ကြည့်လို့နေသည်။

စက္ကန့် မိနစ်တွေ ကုန်ဆုံးသွားသည့်တိုင် သူမျှော်လင့်နေတဲ့Messageလေးဟာ ရောက်မလာခဲ့ပါ။

အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ဝိုင်ခွက်ကိုင်ထားဆဲ သူ့လက်တွေဟာ တုန်ရီလို့လာခဲ့သည်။
တဖြည်းဖြည်း ကြီးစိုးလာတဲ့စိုးရိမ်စိတ် သူ့အတွက် လက်မခံချင်သည့်အမှန်တရားဟာ ဦးနှောက်ထဲ တရိပ်ရိပ် ထင်ရှားလာခဲ့သည်။

"ခွမ်း!"

ဝိုင်ခွက်အား နံရံသို့ပစ်ပေါက်လိုက်ခြင်းဖြစ်သည်။
သူရင်ထဲ အချိန်တော်ကြာ ရှိနေခဲ့တဲ့
ထိုကောင်လေးကပြောဖူးသည်။

"ဝိုင်တွေ အရမ်းသောက်ရင် ကျန်းမာရေးထိခိုက်တယ်တဲ့"

ထိုစကားအား သူက ပြန်​ပြင်ပေးချင်သည်။

"မင်းကိုအရမ်းချစ်မိတော့ နှလုံးသားထိခိုက်နေပြီ"ဟူ၍

ထိုကောင်လေးလက်ညှိးညွှန်ရာ အားလုံးလုပ်ဆောင်ပေးခဲ့တဲ့သူ
မှန်၏ မှား၏ တရား၏ မတရား၏ ဘာမှမတွေးတောဘဲ ​ထိုကောင်လေးနှခမ်းဖျားမှထွက်လာသမျှ အမိန့်လိုနာခံတတ်တဲ့သူ

ဒါပေမယ့် အသုံးတော်ခံဖြစ်ခဲ့တဲ့သူ
ထိုကောင်လေးရဲ့ နှလုံးသားထဲတွင် နေရာသေးသေးလေးတောင် မရခဲ့တဲ့သူ...။

"အား!!!မင်းငါ့ကို မလိုအပ်တော့ စွန့်ပြစ်ပြီပေါ့ ဟုတ်လား ဟမ် မရဘူးနော် အဲလိုလုပ်လို့မရဘူး မင်းကို အဲလိုလုပ်ခွင့်မပေးနိုင်ဘူးနော် ဟန်ယူဂျင်း!!!"

ထိုစကားတွေသာ အကြိမ်ကြိမ်​အော်ဟစ်လျက် အရူးလေးတစ်ယောက်လို စိတ်တွေဟာထိန်းချုပ်ရခက်စွာ လွတ်ထွက်တော့မလိုပင် ဖြစ်နေခဲ့သည်။

ချစ်မိသည် ချစ်မိတာအမှားဖြစ်ခဲ့သည် သို့ပေမယ့်ထိုအမှားကိုသာဖက်တွယ်ထားမိချင်တယ်ဆိုရင်တော့.....။

****************

Words_1378

အချိုကျွေးထားတာ ငိုဖို့အားရှိအောင်နော် အချစ်ကလေးတို့><

Continue Reading

You'll Also Like

993K 61.4K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
352K 12.6K 56
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...
112K 900 20
|𝐉𝐔𝐉𝐔𝐓𝐒𝐔 𝐊𝐀𝐈𝐒𝐄𝐍 𝐗 𝐅𝐄𝐌 𝐑𝐄𝐀𝐃𝐄𝐑| ~•𝐉𝐮𝐣𝐮𝐭𝐬𝐮 𝐊𝐚𝐢𝐬𝐞𝐧•~ ~•𝐎𝐧𝐞 𝐬𝐡𝐨𝐭𝐬•~ ~•𝐘/𝐧 𝐰𝐢𝐭𝐡 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐜𝐡𝐚...
254K 16.6K 21
"you might not be my lover, but you still belong to me" "crazy, you don't even love me but you want to claim me as yours? have you lost your mind jeo...