ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

De Azure5549

8.6K 546 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... Mais

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

136 - 140

114 11 0
De Azure5549

Nine Star Hegemon Body Art

ဆေးသိဒ္ဓိရှင်

အခန်း(၁၃၆)အမတ ဂန္ဓမာပန်း

လိုင်ယွမ်ဇီသည် ထိုသို့ပြောပြီးသည်နက်
သွေးတစ်ပွက်ကို ဝေါ့ကနဲထိုး၍ အန်ရာ
တုန်ဖုန်းမှာများစွာ
တုန်လှုပ်သွားမိသည်။
"ဂိုဏ်းချုပ်"
လိုင်ယွမ်ဇီက သူ့လက်ကို ဝေ့ယမ်းလိုက်၏။
"ကျုပ်...ဘာမှ
မဖြစ်ဘူး...သွေးလေးအန်တာပဲ...ကျုပ်မှန်းဆတာ
မှန်သွားတဲ့အတွက် ဒီလောက်ဖြစ်
တာကတော့ တန်ပါတယ်"
တုဖုန်းသည် မည်သို့ပြောရမည်
မသိဖြစ်နေသည်။အကြောင်းမှာ
ယခုဖြစ်ပျက်နေသည့် အဖြစ်
အပျက်သည် သူနားလည်နိုင်သည့် နယ်ပယ်ထက်
ကျော်လွန်နေခြင်းကြောင့်ဖြစ်သည်။
"အင်း...ကျုပ်ရဲ့သိုင်းပညာအဆင့်
သိပ်မမြင့်တာကိုပ ဲ ကျေးဇူးတင်ရမှာပဲ...ဒါ့ကြောင့်
တန်ပြန်ရိုက်ခတ်
မှုဟာ သိပ်မပြင်းတာ ကျုပ်ရဲ့သိုင်းပညာသာ
ဒီထက်မြင့်နေခဲ့ရင် ကောင်းကင်တာအိုရဲ့
အပြစ်ပေး
မှုကြောင့် ကျုပ် သေတောင်သေသွားနိုင်တယ်"
လိုင်ယွမ်ဇီက ရယ်လိုက်သည်။
"ဂိုဏ်းချုပ် .. အဆင်ပြေရဲ့လား" တုဖုန်းက
မေးသည်။
"ကျုပ် အဆင်ပြေပါတယ်...ကောင်းကင်တာအိုရဲ့
အပြစ်ပေးတာကိုခံလိုက်ရတာလေ
လတော်တော်များ
များ ကြာအောင် ပြန်ကောင်းဖို့ အနားယူရမှာပဲ"
လိုင်ယွမ်ဇီ က မထူးဆန်းဟန်ဖြင့်ပြော၏။
"လအတော် များများကြာမယ်" တုဖုန်း
မယုံနိုင်ဖြစ်နေသည်။လိုင်ယွမ်ဇီကဲ့သို့
သဘာ၀စွမ်းအင်ဖြင့် ကု
သနိုင်သည့်အဆင့်သို့
ရောက်နေသူတစ်ယောက်သည် လက်ပြတ်လျှင်
လက်ချက်ချင်းပြန်ပေါက်နိုင်
သည့်အစွမ်းမျိုးရှိလေရာ
သာမာန်သွေးအန်တာလောက်ကလေးက
လပေါင်းများစွာ ကြာအောင်
အဘယ့်ကြောင့် ပြန်ကုသ ရန်လိုအပ်ပါသနည်း။
"တုဖုန်း...ကောင်းကင်တာအိုဟာ
နားလည်ရခက်တယ်ဆိုတာကို ခင်ဗျား
မှတ်ထားရလိမ့်မယ်
ကျုပ်လုပ်ခဲ့တာမျိုး ... နောက်တစ်ကြိမ်ခင်ဗျား
မလုပ်မိပါစေနဲ့ ဒီဒဏ်ရာဟာ ကျုပ်ရဲ့ ရူပ ခန္ဓာ
မှာရတဲ့ဒဏ်ရာမျိုးမဟုတ်ပဲ အရူပခန္ဓာလို့ ခေါ်တဲ့
နာမ်ခန္ဓာမှာရသွားတဲ့ဒဏ်ရာ ... ကုသဖို့
သိပ်ခက်တယ်" လိုင်ယွမ်ဇီက သတိပေးလိုက်၏။
"ဒါဆိုရင် ဂိုဏ်းချုပ်ဒဏ်ရာရ တာ ကကော
တန်ရဲ့လား" တုဖုန်းက မေးသည်။
"ဟားဟား...သိပ်တန်တာပေါ့..ဒီအခြေအနေမျိုးက
နှစ်ပေါင်းတစ်သောင်းမှ တစ်ခါသာ ကြုံတွေ့
ရတာမျိုး ဒီလို လူတစ်ယောက်ရဲ့ သိုင်းပညာဟာ
မြင့်မားတဲ့အဆင့်ကိုရောက်တာနဲ့တစ်ပြိုင်နက်
ကောင်းကင်တာအိုဟာ သူ့ခန္ဓာကိုယ်ကို
ဖုံးကွယ်ထားလိုက်တာကြောင့် သူ့ကို ဘယ်သူမှ
မမြင်နိုင်
တော့ဘူး"
"ဒါ့ကြောင့် ဒီလို လူမျိုးကိုတွေ့ခွင့်ရတာက
ကျုပ်တို့အတွက် ရှားပါးအခွင့်အရေးပဲ
ကျုပ်လုပ်ခဲ့သမျှ
ထဲမှာ အခုဟာက အကောင်းဆုံး
လုပ်ဆောင်မှုတစ်ခုတောင်
ဖြစ်ကောင်းဖြစ်လာလိမ့်မယ်" လိုင်ယွမ်
ဇီက သာမာန်လေသံဖြင့်ပြောသည်။သို့ရာ၌
သူ့သည် ကောင်းကင်ထက်သို့
မထီမဲ့မြင်နှင့်ကြည့်နေ
ပြန်သည်။
ဖန်စန်းသည်
လွန်မင်းစွာရှားပါး၏။လူသားမျိုးနွယ်များကြား၌
မွေးဖွားလာခဲ့သော် ဖန်စန်းမှာမူ အလွန်
တရာမျှပင် ပို၍
ရှားပါးလေသည်။ကောင်းကင်တာအို၏
ဖုံးကွယ်ခြင်းမပြုမီ ဖန်စန်းတစ်ယောက်ဟု
သတိပြုမိရန်မှာ
မကြားဖူးသောအရာဖြစ်၏။အမှန်အားဖြင့်
ဖန်စန်းများကို ကောင်းကင်တာအိုမှ သုတ်
သင်ပြီးမှသာ ၎င်းတို့ကို ဖန်စန်းမှန်း
သိကြလိမ့်မည်ဖြစ်သည်။
"ဒါဆို လုံချန်ကို ကျုပ်တို့ ဘယ်လို
ကိုင်တွယ်ကြမလည်း" တုဖုန်းက မေးသည်။
သူသည် အစောပိုင်းက လိုင်ယွမ်ဇီ၏ စကားကို
အနည်းငယ်သံသယဖြစ်ခဲ့ လင့်ကစား
လိုင်ယွမ်ဇီအား
ကောင်းကင်တာအိုမှ
အပြစ်ပေးပြီးသည့်နောက်တွင် သူ၏ စကားကို
အကြွင်းမဲ့ယုံကြည်သွားခဲ့ပါသည်။
"ဒီလိုလူမျိုးတွေဟာ လျှင်မြန်စွာ
ထင်ပေါ်ကျော်ကြားလာတတ်ကြတယ်
သူ့ရဲ့ကျော်ကြားမှုဟာ
လောကတစ်ခွင်ကို တုန်လှုပ်လိမ့်မယ်..."
လိုင်ယွမ်ဇီသည် တစ်ယောက်တည်း
ရေရွတ်နေသကဲ့
သို့ရှိ၏။သူသည် တစ်စုံတစ်ရာကို
ပြန်လည်မှတ်မိသွားပုံရသည်။သူ၏ စိတ်ထဲ၌
မြင်ကွင်းတစ်ချိုက
ရုပ်ရှင် ပိတ်ကားထက်မှ အရိပ်များလို
တစ်ဖြတ်ဖြတ်ပြေးနေကြသည်။
"ဒါပေမယ့် ကံမကောင်းတာက
ဒီလိုလူတစ်ယောက်ကို ကောင်းကင်တာအိုက
ဘယ်တော့မှ
လက်ခံလေ့မရှိဘူး သူတို့ဟာ ကောင်းကင်တာအိုရဲ့
တန်ခိုးအာဏာအောက်မှာပဲ အလောင်းတောင်
မကျန်ပဲ အသက်ပျောက်ရလေ့ရှိတယ်"
လိုင်ယွမ်ဇီသည် သက်ပြင်းရှည်ကြီးကို
ချလိုက်ပါ၏။
ဖန်စန်းများ၏ တည်ရှိမှုကို
ကောင်းကင်တာအိုသည်
လက်မခံချေ။၎င်းတို့သည် ပို၍ အစွမ်းထက်လာ
လေလေ ကောင်းကင်တာအို၏ ငြင်းပယ်မှုကို
ခံရလေပင်ဖြစ်သည်။သူတို့တစ်ယောက်ခြင်းစီသည်
လောကကို ကိုင်လှုပ်နိုင်သည့် ကြောက်စရာ
မဟာပါရမီ့ရှင်ကြီးများဖြစ်သည်။ကံဆိုးသည်မှာ
မီးရှုး
များသည် လေထဲ၌ ခေတ္တသာ တောက်ပနိုင်ကြ၏။
ကျင့်ကြံ့ခြင်းလောက၏ ရှည်လျှားလှသော
သမိုင်းကြောင်း၌ ၎င်းတို့သည် ညဘုရင်မ ဟု
ခေါ်သော
ပန်းတစ်မျိုးနှင့်တူသည်။ထိုပန်းသည် တစ်နှစ်လျှင်
တစ်ကြိမ် ၊ ညဘက်၌ သာ ပွင့်လေ့ရှိကာ အာရုံ
ဦး၌ ကြွေကျသွားလေ့ရှိ၏။ဖန်စန်းများကား
ထို့အတူပင်။ဖန်စန်းများ ပေါ်လာလျှင်
လောကတစ်ခုလုံး
တုန်လှုပ်ကြရသော်လည်း အချိန်ခဏ
သာဖြစ်သည်။
"တစ်ကယ့်ကို နှမျောစရာ ကောင်းလှတယ်"
တုဖုန်းလည်း သက်ပြင်းချလိုက်ပါ၏။
"ဒါ့ကြောင့် လက်ရှိ သိုင်းလောက ထိပ်သီးတွေမှာ
ဒီလိုလူမျိုး မရှိတာပေါ့ ဖန်စန်းတွေဟာ သိုင်းလော
ကရဲ့ အထွတ်အထိပ်ကို မရောက်ခင်မှာပဲ
ကောင်းကင်တာအိုရဲ့ သုတ်သင်ခြင်းကို
ခံလိုက်ရလေ့ရှိတယ်
ဒါပေမယ့် ဒီသူငယ်ကလေး ဘယ်လောက်ကြာကြာ
အသက်ရှင်နိုင်ဦးမလည်းဆိုတာကိုတော့ ကျုပ်
သိချင်တယ် ... ဒီသူငယ်ကလေးဟာ
ဖန်စန်းတစ်ယောက်လို လောကကြီးကို
ကိုင်လှုပ်နိုင်မလား
... ဒီလို မဖြစ်ခင်ပဲ ကောင်းကင်တာအိုရဲ့
သုတ်သင်ခြင်းကိုခံရမလား" လိုင်ယွမ်ဇီသည်
အတွေးနက်
သွားပြန်ပုံရသည်။
"ဒါဆိုကျုပ်တို့ ဘယ်လိုလုပ်သင့်လည်း"
တုဖုန်းကမေးသည်။
"သူ့ဟာသူသာ ထားလိုိုက်ပါ...ဒီလို လူမျိုးတွေမှာ
သူတို့ရဲ့ကံကြမ္မာက ပါလာပြီးသား သူ့ရဲ့ သက်တမ်း
ကို ကောင်းကင်ဘုံက
သတ်မှတ်ထားပြီးသားဖြစ်တယ်...တစ်ကယ်လို့
လောကနိယာမကို ဖောက်ဖျက်
ပြီး ကျုပ်တို့က ပြောင်းလည်းဖို့ ကြိုစားရင်
ကံတရားရဲ့ အကျိုးသက်ရောက်မှု ဒဏ်ကို ခံရမယ်
ဒီလိုတော့ ကျုပ်တို့ လုပ်လို့ မဖြစ်နိုင်ဘူး"
"ဒါကြောင့် ကျုပ်တို့က ဘေးကနေ
ပွဲကြည့်ပရိတ်သတ်လုပ်နေတာသာ
ပိုကောင်းတယ် တစ်ခါတစ်လေ
ပွဲကြည့်ပရိတ်သတ်လုပ်ရတာ ပိုပျော်စရာ
ကောင်းတယ်မလား"
"ဒါ့အပြင် ဒီသူငယ်လေးကြောင့် ရွှမ်ရှင်းမှာ
ပြောင်းလည်းမှုအကြီးအကျယ် ဖြစ်လိမ့်မယ်လို့
ကျုပ်အာ
ရုံရတယ်...ကျုပ်ဟာ ရွှမ်ရှင်းမှာ အဆက်ဆက်
ကျောင်းထိုင်ခဲ့ကြတဲ့ ဂိုဏ်းချုပ်တွေထဲမှာ
အအောင်မြင်ဆုံး ဂိုဏ်းချုပ်
ဖြစ်ကောင်းဖြစ်လာလိမ့်မယ်" လိုင်ယွမ်ဇီ၏
အကြည့်များသည် တလက်
လက်တောက်ပလာကြသည်။
"ဒီတစ်ခါ ကျောင်းတော်များပြိုင်ပွဲမှာ
ကျုပ်တို့ကျောင်းက
အဆင့်ကောင်းကောင်းရနိုင်မယ်လို့ထင်လား"
တုဖုန်းက မျှော်လင့်ချက်များပြည့်နှက်နေသည့်
မျက်၀န်းဖြင့်မေးသည်။
"ရွှမ်ရှင်း မဟာကျောင်းတော်ကြီးရဲ့လက်အောက်မှာ
ကျောင်းခွဲပေါင်း 108 ကျောင်းရှိပေမယ့် ပြိုင်ပွဲတိုင်း
မှာ ကျုပ်တို့ကျောင်းရဲ့အဆင့်က
အမြဲနောက်ဆုံးမှာပဲ တွေးကြည့်တာနဲ့တင်
သိပ်ဒေါသထွက်စရာ
ကောင်းတယ်"
"ရတဲ့အဆင့်နိမ့်လေ ကျောင်းတွေကို ခွဲဝေပေးတဲ့
ရင်းမြစ်တွေလည်း နည်းလေပဲ ကျုပ်တို့ကျောင်း
က ဒီသံသရာ စက်၀န်းကနေ
ဖောက်မထွက်နိုင်တာ
နှစ်ထောင်ပေါင်းများစွာတောင်ကြာနေပြီ..
အခြားကျောင်းတွေကတော့ တစ်ဖြည်းဖြည်း
အင်အား တောင့်သထက်တောင့်လာတယ်"
"ဂိုဏ်းချုပ်တာ၀န်ကို ကျုပ် စယူကတည်းက ဒါကို
ပြောင်းလည်းပစ်ဖို့ အရိုးကြေကြေ အရေခမ်းခမ်း
ကြိုးစားခဲ့တယ်... ကံဆိုးတာက ဒါကို
ကျုပ်မပြောင်းနိုင်ခဲ့ဘူး ကျုပ်ရဲ့ ဆရာသခင်ကို
ကျုပ်စိတ်ပျက်
စေခဲ့မိပြီ" လိုင်ယွမ်ဇီက သက်ပြင်းချသည်။
လိုင်ယွမ်ဇီသည် လွန်စွာပါရမီကောင်းသူ
တစ်ယောက်ဖြစ်သည်။အသက်နှစ်ဆယ်မှာပင်
သူသည်
သွဲ့ကျောင်း အဆင့်သို့ရောက်ရှိခဲ့၏။သူကား
ဓားတစ်ချောင်းနှင့် မျိုးဆက်များစွာကို
ဖြတ်ကျော်လာ
ခဲ့သူလည်းဖြစ်သည်။ယခင်က သူသည် ရွှမ်ရှင်း၏
ဂိုဏ်းချုပ်ဟောင်းအား ဆရာသခင်အဖြစ်ရိုသေ
စွာ ကိုးကွယ်ခဲ့သည်။သူ့အသက် သုံးဆယ့်ငါးနှစ်၌
ဂိုဏ်းခေါင်းဆောင် ကွယ်လွန်သွားခဲ့ရာ သူသည်
ရွှမ်ရှင်း၏ ဂိုဏ်းချုပ်ဖြစ်လာခဲ့၏။
သူသည် ဆရာသခင်၏ သူ့အပေါ်ထားရှိခဲ့သော
ကျေးဇူးတရားများကို သတိရတိုင်း ရွှမ်ရှင်း၏ လက်
ရှိအခြေအနေကို ပြောင်းလည်းရန် ရေကုန်
ရေခမ်းကြိုးစားခဲ့ပါ၏။သူသည်
မရေမတွက်နိုင်သော
သွေးများ၊ချွေးများဖြင့် ရင်းနှီး၍ ကြိုးစားခဲ့သည့်တိုင်
သူတို့ကျောင်းအပေါ်၌ ကျရောက်နေခဲ့သော
အဆိုးသံသရာကိုမူ
ပြောင်းလည်းပစ်နိုင်စွမ်းမရှိခဲ့ပါချေ။
ဤသို့ဖြင့် များမကြာမီ နှစ်များမှစ၍ သူတို့၏
ဂိုဏ်းသားတပည့်များလည်း
စိတ်ဓာတ်ကျလာခဲ့ကြသည်။
ထိုဂိုဏ်းသားများအနက်မှ ထူးချွန်သော
ပါရမီရှင်များလည်း
မပေါ်ထွက်လာခဲ့ကြပေ။ယင်းသည် ပို၍
စိတ်ပျက်ဖွယ်ဖြစ်ခဲ့ရသည်။
သို့ရာတွင် ယခုနှစ်မတိုင်မီ တစ်နှစ်တွင်
မဟာပါရမီ့ရှင်များ သည် ရွှမ်ရှင်းသို့
ဂိုဏ်း၀င်ခွင့်ဖြေဆိုခဲ့
ကြသည်။ယင်းက လိုင်ယွမ်ဇီ၏ အောက်ခြေထိ
ကျနေသော စိတ်ဓာတ်ကို မျှော်လင့်ချက်ဖြင့်
တွန်းအားဖြစ်စေခဲ့ပြန်သည်။
ထန်၀မ်အာ ကဲ့သို့သော မဟာပါရမီ့ရှင်များ
ထွက်ပေါ်လာသည့်အခါတွင်မူ
မအောင်မြင်သည့်သူ၏
ရည်မှန်းချက်သည်
အသက်ပြန်၀င်လာရပြန်ပါ၏။လုံချန်
ပေါ်ပေါက်လာသည့် အခါတွင်မူ သူ့အတွက်
ပို၍ပင် အားတက်စရာများဖြစ်ခဲ့ရသည်။မည်မျှ
စိတ်လှုပ်ရှားသနည်းဆိုသော်
ကောင်းကင်တာအို၏
အပြစ်ပေးမှုကိုပင် ခံယူ၍ လုံချန်၏ တည်ရှိမှုအား
သူသည် အတည်ပြုခဲ့ပါသည်။
ကောင်းကင်တာအို၏ အပြစ်ပေးမှုကို
ခံစားရသည့်တိုင် လိုင်ယွမ်ဇီသည်
လွန်စွာစိတ်လှုပ်ရှားနေသည်။
လုံချန်ကား သေဆုံးသွားသည်သာ မဟုတ်လျှင်
လွန်စွာ ထွန်းလင်းတောက်ပသည့် ကြယ်တစ်ပွင့်
ဖြစ်လာလိမ့်ဦးမည် ဖြစ်၏။
သူတို့၌ မဟာပါရမီ့ရှင် ငါးယောက်နှင့် ဖန်စန်း
တစ်ယောက်ရှိသည်။သူတို့အနေဖြင့်
အဆိုးသံသရာ
လည်နေသည့် ဤစက်ကွင်းကို ကျိန်းသေ
ဖျက်ဆီးပစ်နိုင်တော့ပေမည်။လိုင်ယွမ်ဇီသည် တင်္ဂ
စဉ်းစား
နေပြီး မှ ပြော၏။
"လုံချန်ကလွဲလို့ ကျန်တဲ့ မဟာပါရမီ့ရှင်
ငါးယောက်ကို သေသေချာချာဂရုစိုက်ပါ
ရင်းမြစ်တွေ
ကုန်မှာကို မစိုးရိမ်နဲ့ ကျုပ်တို့
ဘုရင့်နောင်ဖောင်ဖျက်သလိုမျိုး လုပ်ကြရလိမ့်မယ်
ဒါကျုပ်တို့ရဲ့
တစ်ခုတည်းသောအခွင့်အရေးပဲ ဒါကို
အခွင့်ကောင်းယူရမယ်"
"ကောင်းပါပြီ" တုဖုန်းကပြောသည်။
"ကျုပ်ဒဏ်ရာကို ကုဖို့ရှိတယ်...ဒီအတောအတွင်း
ရွှမ်ရှင်းကို ခင်ဗျားလက် လွှဲခဲ့မယ် မှတ်ထားပါ
လောကနိယာမ ကို မဖောက်ဖျက်မိပါစေနဲ့
လုံချန်ကို အထူးတလည် အရေးပေးဆက်ဆံမှုတွေ
မလုပ်ပါနဲ့...လုပ်ခဲ့လို့ရှိရင် ရွှမ်ရှင်းဟာ
ဒီအကျိုးဆက်ကို ပြန်ခံစားရလိမ့်မယ်"
လိုင်ယွမ်ဇီသည် ဒဏ်ရာများကို မကုသမီ သူ့အား
သတိပေးချက်တစ်ခု ပေးခဲ့သည်။လိုင်ယွမ်ဇီထွက်
ခွာသွားပြီးနောက် တုဖုန်းသည်
အဝေးတစ်နေရာသို့ကြည့်၍
စိတ်တွေလေးလံလာသလို ခံစားရ၏။
နောက်ဆုံး၌ သူလည်း ထိုနေရာမှ
ပျောက်ကွယ်သွားလေသည်။
...
ဤအချိန်တွင် ထောင်ပေါင်းမျာစွာသော
တောင်များ၀န်းရံထား၍
ထောင်နှင့်ချီသောရေကန်များ
ရှိကာ လွန်စွာသာယာလှသည့် အမတ
ဂူတစ်ခုထဲ၌ ပြစ်မျိုးမှဲ့မထင် လှရက်နိုင်လွန်းသော
ဆံနွယ်
ရှည်ကြီးများပိုင်ရှင်
မိန်းမပျိုကလေးတစ်ယောက်သည် ရုပ်ပုံများ
ရေးဆွဲထားသော စာအုပ်တစ်အုပ်ကို
လွန်စွာ တန်ဖိုးထားဟန်ဖြင့် ကြည့်နေသည်။
သူမမျက်နှာကလေးကား
ကျောက်စိမ်းရောင်ဖြစ်နေပြီး နှင်းကဲ့သို့
စွတ်စွတ်ဖြူသောအသားအရည် နှင့်
လူတစ်ဦး၏ စိတ်နှလုံးကို
စင်ကြယ်သန့်ရှင်းစေသည့်
တစ်လက်လက်တောက်ပလျှက်ရှိသော မျက်
၀န်းကလေး တစ်စုံလည်းရှိသည်။အမတ
ဂူတစ်ခုလုံးကားသူမကြောင့် နတ်ပြည်
နတ်နန်းအလားဟု
ပင် ထင်မှတ်ရလေတော့သည်။
"လုံချန်...ရှင်က အခုဆိုရင် သိုင်းလောကရဲ့
လမ်းကြောင်းပေါ်ကိုတောင် ရောက်နေပြီပေါ့
ကျွန်မကြောင့် သိုင်းလောကထဲကို ၀င်ခဲ့တာလား
ရှင်ရယ်" မန်ချီသည် သူမ၏ ချယ်ရီရောင် နှုတ်
ခမ်းပါးလေးကို ဖွင့်၍ ညည်းညူလိုက်မိ၏။
"ဟီးဟီး ဘယ်လိုလည်း မမ သူ့ကို
ကြိတ်ချစ်နေတာကြာပြီမို့လား" ရုတ်တရက်
အခြားမိန်းမပျို
လေးတစ်ယောက်သည် မန်ချီ၏ ဘေးသို့
တိတ်တဆိတ်ရောက်လာပြီး ရယ်မောလိုက်သည်။
"ဖန်အာ...မင်းကတော့" မန်ချီသည်
မျက်နှာကလေးရဲ၍ စာအုပ်ကို ခပ်မြန်မြန်
ဖွက်ထားလိုက်၏။
"ဟားဟား...ကျွန်မတို့ လေဝိညာဉ် စံအိမ်ရဲ့
နံပါတ်တစ် အချောအလှကလေးက
နောက်ဆုံးတော့
ကောင်လေးတစ်ယောက်ကို ချစ်သွားပြီပေါ့
အင်း...စံအိမ်က ကောင်းလေးတွေတော့ အသဲတွေ
ကရွဲ ပါပြီ" လုဖုန်းအာ က မန်ချီက ို
ဆက်တိုက်ဆိုသလို စနေသည်။
"ဖုန်းအာ...မမ ကို ဆက်စနေရင် သိမယ်နော်..."
မန်ချီ စိတ်တိုလာသည်။
"အင်း...ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့
ကျွန်မသိနေတာ ကြာလှပေါ့မမရယ် အခုတော့
မမလည်း
ရည်းစားရပြီ ဒီက ညီမလေးကို လိုသေးလို့လား"
လုဖုန်းအာ က ၀မ်းနည်းဟန်လေးဖြင့်ပြော၏။
"ပြောမရဘူးလား..."
"ဟီးဟီး..ညီမလေးက နောက်နေတာပါ.." မန်ချီ
အမှန်စိတ်ဆိုးသွားမည် စိုးသောကြောင့်
လုဖုန်းအာက
မန်ချီ၏ လက်မောင်းလေးကို ဆွဲ၍
ရယ်ရင်းပြောသည်။
"ဒီ..လုံချန် က တော်တော်လေးတော့
အံ့သြစရာကောင်းသား သွေးနှောအဆင့်မှာတင်
ကျင်ကျီသိုင်း
သမားတွေကို
တစ်ယောက်ပြီးတစ်ယောက်သတ်နိုင်စွမ်းရှိတယ်
ပြီးတော့ အဲ့ဒီထဲက တစ်ယောက်က
ဂိုဏ်းတစ်ဂိုဏ်းက
ဂိုဏ်းသားတစ်ယောက်လို့တောင်ပြောကြတယ်...
တစ်ကယ့်ကို အံ့ဖွယ်သရဲပဲ"
ရယ်မောပြီးနောက် လုဖုန်းအာ သည် ဤကိစ္စကို
နားလည်ရခက်နေသည်။နည်းတစ်မျိုးမျိုးဖြင့်
သူမတို့
သည် လုံချန် မည်သို့ဖြစ်နေသည်ကို
သိခွင့်ရခဲ့သည်။ယမန်နေ့က ဖီးနစ်မှလာသော
သတင်းသည်
သူမတို့အတွက် လွန်စွာ
တုန်လှုပ်သွားခဲ့ရသည်။မန်ချီ၏ မျက်လုံး၌
နွေးထွေးသော အရိပ်အယောင်
ကလေးများ ထင်ဟပ်လာခဲ့၏။
"သူနဲ့မမ က အချိန်အကြာကြီးမရင်းနှီးခဲ့ရပေမယ့်
သူဟာ လွယ်လွယ်နဲ့ဘယ်တော့မှ အရှုံးပေးမယ့်
သူတစ်ယောက်မဟုတ်ဘူးဆိုတာကို မမ
ပြောရဲတယ် ဒီလိုခိုင်မာတဲ့
နှလုံးသားဖြစ်လာဖို့အတွက်
မဖြစ်နိုင်လောက်တဲ့ ခါးသီးမှုတွေကို
သူခံခဲ့ရပုံပါပဲလေ...."
"လုံချန်ဟာ ရွှမ်ရှင်းရဲ့ ၀င်ခွင့်တံဆိပ်ပြားကို
ရကောင်းရခဲ့လိမ့်မယ် ဒါပေမယ့် ရွှမ်ရှင်းရဲ့
၀င်ခွင့်စမ်းသပ်
မှုဟာ အလွန်ခက်တယ် လို့ ကျော်ကြားတော့
ဒီ၀င်ခွင့်ကို အောင်ပါ့မလားမသိဘူး" လုဖုန်းအာက
စိုး
ရိမ်သံဖြင့်ပြောသည်။
မန်ချီသည် စာအုပ်ကလေးကိုထုတ်၍
ကြည့်လိုက်ပြန်သည်။စာအုပ်ထဲမှ
စစ်နတ်ဘုရားတစ်ပါးကဲ့သို့
ဖြစ်နေသည့် ကောင်လေးတစ်ယောက်ကိုကြည့်၍
သူမနှလုံးသားများ နွေးထွေးလာခဲ့ရပြန်ပါ၏။
'လုံချန်...ရှင့်ကိုကျွန်မ ယုံတယ်နော်...ရှင်နဲ့
နောက်ကြိမ် ပြန်ဆုံရမယ့်အချိန်ကို
ကျွန်မစောင့်နေမယ်'
...
"ရပ်လိုက်စမ်း ဒီလမ်းကငါ့လမ်း
ဒီသစ်ပင်တွေကငါစိုက်ထားခဲ့တာ...ဒါ့ကြောင့်မင်း..
."
ဖြောင်းကနဲ ပါးပိတ်ချလိုက်သံနှင့်အတူ ထိုလူ၏
စကားသည် လမ်းခုလတ်တွင် ရပ်သွားလေသည်။
လုံချန်က ထိုလူကိုလက်ညှိုးထိုး၍ ပြောလိုက်၏။
"ဟေ့ကောင် ငတုံး...ဒီသစ်ပင်တွေက
နှစ်ပေါင်းထောင်ချီနေပြီ အဲ့ဒိအချိန်တုန်းကဆိုရင်
မင်းဘိုးဘေး
တွေက ရွှံ့ထဲမှာ ဆော့နေတုန်းပဲရှိဦးမယ် ... ဘာ
မင်းစိုက်ထားတာလည်း"
ထိုသူမှာ
ပါးရိုက်ခံလိုက်ရသောကြောင့်မူးဝေနေရာမှ
သတိပြန်၀င်လာလျှင် လုံချန်ကိုကြောက်
လန့် တကြားဖြင့်ကြည့်သည်။ "မင်း .. မင်း"
လုံချန်က သူ့ကိစ္စနှင့်သူ စဉ်းစားရင်
လမ်းလျှောက်လာစဉ်တွင် ထိုသူက
ရဲဒင်းတစ်လက်ကို ကိုင်၍
ရုတ်တရက် ထွက်လာကာ လုံချန်ထံမှ
လုယက်ရန်ကြံခြင်း ဖြစ်၏။ကြောက်လန့်တကြား
ထွက်ပြေး
သွားသော ထိုလူကိုကြည့်၍ လုံချန်
ခေါင်းယမ်းလိုက်၏။ဤကဲ့သို့သော
ညာဏ်ရည်ရှိသူတစ်ယောက်
ပင် သည်နေရာသို့ရောက်နေသည်။ယင်းက
လုံချန်ကို မည်သို့တွေးရမည်မသိဖြစ်စေသည်။
ထိုလူထွက်ပြေးသွားလျှင် လုံချန်က
ကျောက်စိမ်းပြားကို ထုတ်၍ ကြည့်သည်။သူသည်
အချိန်သိပ်
မဖြုန်းချင်တော့ပေ။လုံချန်သည်
တောင်ကြားလမ်းလေး အတိုင်း လျှောက်လာခဲ့ရာ
တစ်နေရာ
အရောက်တွင် သူ့မျက်လုံးများ ရုတ်ချည်း
တောက်ပလာကြသည်။
"အမတ ဂန္ဓမာ ပန်းပါလား"
ကျောက်ကမ်းပါး တစ်ခုအပေါ်၌
ခြေသလုံးအရွယ်ခန့်အပင်တစ်ပင်ရှိနေသည်။ထိုအ
ပင် ၏ ပင်စည်သည်လူတစ်ယောက်၏
ခန္ဓာကိုယ်နှင့် တူလှပြီး ထိပ်၌ ပန်းပွင့်လေးတစ်ပွင့်
ပွင့်နေရာ
နေကြာပန်းအသေးစားကလေးနှင့်တူလေသည်။

PATRIARCH MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၃၇)လီယီငါး

လုံချန်က ထိုအရာကိုမြင်လျှင်
အော်ဟစ်လုနီးပါးဖြစ်သွားသည်။၎င်းသည်
ကြယ်ကိုးလုံးသိုင်းပညာမှ
ဒုတိယကြယ်ဖြစ်သော သောကြာကြယ် ကို
ပွင့်စေရန် ဖော်ရမည့်ဆေးတွင် အဓိကပါ၀င်သည့်
ဆေးအမယ်တစ်မျိုးဖြစ်သည်။
ဖီးနစ်မှ မထွက်ခွာမီတွင် လုံချန်က
ထိုဆေးဖက်၀င်ပစ္စည်းများအကြောင်းကို
ဆေးဆရာအသင်းနှင့်
ဟွာယွန်လေလံ အိမ်တော်သို့မေးမြန်း
စုံစမ်းခဲ့ပြီးဖြစ်သည်။သို့သော် အချို့သော
ဆေးအမယ်များ
မှ အပ အဓိကဆေးအမယ်များကို လုံချန်
မတွေ့ခဲ့ရပေ။
သောကြာကြယ်ကို သန့်စင်ရန်မှာ
ဒုတိယအဆင့်ဆေးအမယ်များ သို့မဟုတ်
တတိယအဆင့်ဆေး
အမယ်အချို့သာ လိုအပ်သော်လည်း
ယင်းအဓိကပါ၀င်ပစ္စည်းများ မှာ
လွန်စွာရှားသည်။ဆေးဆရာ
အသင်း၏ အကြီးအကဲပင် ထိုဆေးအမယ်
အတော်များများကို
ကြားဖူးခြင်းမရှိချေ။လုံချန်သည် ထို
အချိန်က လွန်မင်းစွာ စိုးရိမ်ခဲ့ရ၏။
ယခု သူက အမတဂန္ဓမာပန်းကို တွေ့ရသည့်အခါ၌
ထိတ်လန့်မှုကြောင့်မအော်မိစေရန်မနည်း ချုပ်
တီးထားရသည်။
"အရွက်ကိုးရွက်က ကောင်းကင်ပေါ်ကို
ထောင်တက်နေတယ် ဟုတ်တယ် ဒါက
အမတဂန္ဓမာပန်းပဲ"
လုံချန်က မမှားစေရန် ထပ်၍
အတည်ပြုလိုက်၏။လုံချန်က အမတ ဂန္ဓမာပင်ကို
ယူရန်အတွက်
ချောက်ကမ်းပါးအပေါ်သို့ခုန်တက်လိုက်သည်။သို့ေ
သာ် စိတ်ထဲ ထင့်ကနဲဖြစ်သွားသောကြောင့်ဘေး
သို့ ရှောင်တိမ်းလိုက်ရ၏။လုံချန်၏ ဘေးမှ
ပွတ်ကာသီကာ ဖြတ်သန်းသွားသည်မှာ စပါးအုံး
မြွေတစ်
ကောင်ဖြစ်နေ၏။
ခပ်မြန်မြန်သာ မရှောင်မိလိုက်လျှင် မြွေက သူ့ကို
ပေါက်လိုက်ပြီဖြစ်သည်။
"မှော်သားရဲကြီးတစ်ကောင်က
ဒီအပင်ကိုစောင့်ရှောက်နေတာလား"
လုံချန်အံ့အားသင့်နေသည်။ရှားပါးသော
အချို့ဆေးပင်များတွင် ၎င်းတို့ကို
စောင့်ရှောက်သည့်
မှော်သားရဲများ ရှိတတ်ကြသည်။သူက ထိုသို့သော
အခြေအနေမျိုး ရွှမ်ရှင်းတွင်ရှိလိမ့်မည်ဟု မထင်
မိ။ဧရာမ စပါးအုံးမြွေကြီးကို အသေအချာ
ဆန်းစစ်ကြည့်ရာတွင် ပေါင်းလုံးခန့်တုတ်ပြီး
တစ်ကိုယ်လုံး
က ရွှေဝါရောင်ဖြစ်နေသည်ကို လုံချန်တွေ့ရသည်။
စင်စစ်တွင် ၎င်း၏ အကြေးခွံများသည်
ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ပင် ဖြစ်နေသည်။မြွေက
အသည်း
ယားစဖွယ် လျှာတစ်လစ် ထုတ်၍ လုံချန်ဘက်သို့
ပြန်လှည့်လာပြန်၏။ပန်းပင်၏ နောက်၌ ချုံပင်များ
ဖြင့် ဖုံးနေသော ဂူတစ်ခုရှိရာ လုံချန်က ထိုဂူကို
မမြင်မိခဲ့ချေ။
"ရွှေကြေးခွံ မြွေပါလား ဒီမြွေက ဒုတိယအဆင့်
မှော်သားရဲတွေမှာ ထိပ်တန်းသားရဲတစ်ကောင်ဖြစ်
ပြီး အတော်ရှားတဲ့ကောင်ပဲ
ဒီနေရာမှာလာတွေ့လိမ့်မယ်လို့ မထင်ထားမိဘူး"
လုံချန် ရင်အနည်းငယ်ခုန်သည်။စမ်းသပ်မှုအတွင်း
မှော်သားရဲများလည်း ပါ၀င်နေသည်။ယင်းသည်
သာမာန်စမ်းသပ်မှုမျိုးမဟုတ်ဟုဆိုလိုသည်။စမ်းသ
ပ်မှု မအောင်မြင်လျှင် သေဖို့က များသည်။
ဤနေရာ၌ ရှိကြသောလူတိုင်းက အဆင့်မြင့်
သိုင်းပညာရှင်များဖြစ်ကြသည့်တိုင် ၎င်းတို့၏
သိုင်းပညာ
အဆင့်အတန်းများမှာမူ
သွေးနှောအဆင့်၌ပင်ရှိကြသေးသည်။ဤမြွေ၏
အကြွေးခွံများသည် လွန်စွာ
မာသည်။တော်ရုံတန်ရုံ သိုင်းသမားများအနေဖြင့်
၎င်းမြွေနှင့် တွေ့လျှင် သေဖို့က များသည်။
လုံချန် အတွေးနက်နေစဉ်မှာပင် မြွေက
သူ့ဆီပြေး၀င်လာကာ
ကိုက်ရန်ကြိုးစားပြန်၏။မြွေသည်
လုံချန်၏ အရပ်အမြင့်လောက်ထိရောက်
အောင်ပါးစပ်ကိုဟထား၏။သူ့၏ ရှည်လျှားသော
အစွယ်လေးချောင်းမှ အရည်များ
တစက်စက်ကျလျှက်ရှိသည်။
"ဆေးမီးတောက်" လုံချန်က
အော်ဟစ်ကြုံးဝါးသည်။လက်ကိုရှေ့သို့
ဆန့်တန်းလိုက်လျှင် မီးလုံးတစ်လုံး
ပေါ်လာပြီး မြွေ၏ ပါးစပ်ထဲသို့
ပြေး၀င်သွားလေသည်။ယင်းသို့ မီးလုံးနှင့်
ပစ်လိုက်သည့် အချိန်၌
လုံချန် က နောက်သို့ တစ်ပြိုက်နက် ဆုတ်သွား၏။
၀ုန်း...
မီးလုံးမှာ မြွေ၏ ပါးစပ်အတွင်း၌
ပေါက်ကွဲသွား၏။မြွေ၏ ခေါင်းသည်
ကြေမွသွားကာ သွေးနှင့် အသား
စများက နေရာအနှံ့သို့
ပြန့်ကျဲသွားလေသည်။ကျန်ရှိနေသော ခန္ဓာကိုယ်
တစ်ပိုင်းကြီးမှာမူ ကြမ်း
တမ်းစွာ လှုပ်ယမ်းလျှက်ရှိရာ လုံချန်က ထို
ကိုယ်လုံးပိုင်းကြီးကို
ခပ်ဝေးဝေးသို့ကန်ပစ်လိုက်ရသည်။
အမတဂန္ဓမာပန်း မပျက်မဆီးပဲ ရှိသည်ကို
မြင်တော့မှ လုံချန်က စိတ်သက်သာရရပြီး
သက်ပြင်းချရ
တော့သည်။
ပန်းက မြွေကိုယ်လုံးကြ၊ီးကြောင့်
ပျက်ဆီးခါနီးနီးဖြစ်ခဲ့သည်။ဂန္ဓမာပန်းကို
မပျက်မဆီး၊မထိခိုက်စေရပ ဲ
နဂိုအတိုင်းရအောင် အလွန်သတိထား၍
နှုတ်ယူရ၏။အကယ်၍ အစိတ်အပိုင်းတစ်ခုခု
ပျက်ဆီးသွားပါက
ပန်းပင်တစ်ခုလုံး၏ အာနိသင်မှာ သိသိသာသာ
ကျဆင်းသွားတတ်သည်။
တစ်ကယ်တမ်းတွင် ရွှေကြေးခွံမြွေ၏
အကြေးခွံများက
လွန်စွာမာကျော၏။မည်မျှဆိုသော် တော်ရုံတန်
ရုံဓားများဖြင့် ပင် ထိုးဖောက်၍မရချေ။သာမာန်
ကျင်ကျီသိုင်းသမားများပင် ၎င်း၏
အကြေးခွံကိုဖောက်
နိုင်ရန် များစွာခေါင်းခဲရလေ့ရှိသည်။
ထို့ပြင် ၎င်းက အဆိပ်ငွေ့များဖြင့်လည်း
မှုတ်တတ်သောကြောင့် ယင်းသို့
အဆိပ်ငွေ့မှုတ်နေသည့်အချိန်
တွင် အသက်ရှုအောင့်ထားမည် ဆိုလျှင်လည်း
အဆိပ်သင့်မည်ပင်ဖြစ်၏။ထိုအဆိပ်က ကုသရ
အင်မတန်ခက်လှသည်။
သို့သော် လုံချန်က ယခုတစ်ကြိမ်တွင်
ကံကောင်းသွားခဲ့သည်။မြွေ၏ အကြေးခွံများက
ပြင်ပခန္ဓာကိုယ်
ကို ကာကွယ်ထားသည့်နေရာ၌ လွန်စွာ
အစွမ်းထက်သော်လည်း လုံချန်၏မီးလုံးက မြွေ၏
ပါးစပ်ထဲ
သို့၀င်သွားခြင်းဖြစ်ခြင်းကြောင့် မြွေသည်
ပေါက်ကွဲ၍
ပွဲခြင်းပြီးသေသွားခြင်းဖြစ်သည်။ထို့နောက်
လုံချန်က အမတဂန္ဓမာ ပန်းကို ချောက်ကမ်းပါး
နံရံမှ ဂရုတစိုက်တူးယူ၏။အမြစ်တွင် ပေနေသော
ရွှံ့များကို ဂရုတစိုက်သန့်စင်၏။
ပြီးနောက် ကျောက်စိမ်းပုလင်းကလေး
တပုလင်းထဲသို့ ဂရုတစိုက်ထည့်၏။ရွှေကြေးခွံ
မြွေအသေ
ကောင်ကိုတော့ မယူရန်
လုံချန်ဆုံးဖြတ်လိုက်သည်။ယင်းမြွေကား ပြင်ပ
ခုခံမှုတွင်သာ
လွန်စွာအစွမ်းထက်ပြီး ယင်း၏ အဆိပ်သည်
အစွမ်းမထက်လှပေ။အစွမ်းမထက်လှသော
မြွေဆိပ် များသည် စျေးကွက်အတွင်း၌
စျေးကောင်းသိပ်မရတတ်။
ပတ်၀န်းကျင်ကို ကြည့်ရာတွင် ချုံပုတ်အောက်၌
ရောက်နေသော အသားတချို့ကို တွေ့ရသည်။
လုံချန်က ထိုအသားတစ်မှ လက်ဖဝါးအရွယ်
ခရစ်စတယ် အမြူတေကို ထုတ်ယူသည်။
ထိုခရစ်စတယ်၌ ရွှေကြေးခွံမြွေ၏ အမတေ
ဓာတ်များပါ၀င်ပြီး လွန်စွာရှားပါးလှသည်။
၎င်းအား ဆေးဝါးအဖြစ်ဖော်စပ်၍
အသုံးပြုနိုင်သကဲ့သို့
လက်နက်အဖြစ်လည်းအသုံးပြု၍ ရသည်။
အထူးသဖြင့် လက်နက်ဖြစ်ပို၍
အသုံးများကြ၏။ယင်းအမြူတေကို
လက်နက်တစ်ခုခုတွင်ထည့်
သွင်းခြင်းအားဖြင့် လက်နက်သည်
မူလကထက်များစွာ
အစွမ်းထက်လာသည်။ထိုလက်နက်
မျိုးကို နာမ်လက်နက်ဟူ၍ ခေါ်ရာ လွန်စွာ
အစွမ်းထက်သော ပန်းပဲဆရာကြီးများသာ ထုလုပ်
နိုင်ကြ၏။
၎င်းပန်းပဲဆရာကြီးများကား အင်း၊စမ များစီရင်၍
မှော်သားရဲ၏ အမြူတေအား လက်နက်၏ တန်း
ခိုးစွမ်းအင် အဖြစ်သို့
ပြောင်းလည်းယူနိုင်စွမ်းရှိကြသည်။သို့ရာ၌
ထိုကဲ့သို့သော လက်နက်မျိုးသည်
လွန်စွာ ရှားပါးလှရာ လုံချန်ပင် ယခုထိ
တစ်ခုတစ်လေမှ မမြင်ဖူးသေးချေ။
ယခု အမြူတေများမှာမူ လက်နက်တစ်ခုအတွင်းသို့
ထည့်သွင်းရန် အဆင့်နိမ့်လွန်းနေသေးသည်။သို့
ရာတွင် စျေးကွက်အတွင်းရောင်းချလျှင်
ငွေများများရနိုင်သည်။လုံချန်က အမြူတေများကို
သိမ်းဆည်း
၍ ရှေ့သို့ဆက်သွားလျှင် တောင်နှစ်တောင်ကြား၌
ရှိနေသော ချောင်းငယ်ကလေးတစ်ခုသို့ရောက်
သွား၏။
ထိုချောင်းငယ်ကလေးအတိုင်း လိုက်သွားလျှင်
ချောင်းငယ်ကလေးသည် တဖြည်းဖြည်း ကျယ်လာ
ကာ ရေစီးနှုန်းသည် ပို၍တည်ငြိမ်လာပြီး
မြစ်ကလေး တစ်ခုဖြစ်လာသည်ကို တွေ့ရသည်။
နောက်ထပ် နှစ်နာရီခန့်လမ်းလျှောက်ပြီးနောက်
ရှေ့ဆီမှ ကျယ်ကျယ်လောင်လောင်အသံများ
ကြားလာရသည်။
ထိုအသံများဖြင့်
တစ်ဖြည်းဖြည်းနီးကပ်လာသည်တွင်
အဖြူရောင်ဖဲကြိုးများသဖွယ် ကျဆင်းနေသော
ရေတံခွန်တစ်ခုကိုတွေ့ရ၏။သန်းနှင့်ချီသော
ရေစက်ကလေးများမှာ ရေတံခွန်မှကျလာပြီး လျှင်
အောက်ခြေကျောက် တုံးများအပေါ်သို့အရောက်၌
နေရောင်ခြည်နှင့် ထိ၍ ရောင်ပြန်ဟပ် လေသော်
ပုလဲလုံးကလေးများပမာ ဖြစ်လာကြပြန်သည်။
ရေတံခွန်အောက်ခြေ၌ ငါးမိုင်ခန့်ကျယ်သည့်
သဘာ၀ကန်ငယ်လေးတစ်ခုဖြစ်နေသည်။ကန်ထဲမှ
ရေသည် လွန်စွာကြည်လင်ပြီး အောက်ခြေကိုပင်
မြင်နေရသည်။ရေတံခွန်မှ ကျနေသောရေများ
သည် ဖဲကြိုးများ ကျနေသည်နှင့်တူပြီး
ရေကန်ငယ်လေးသည် မှန်တစ်ချပ်ကဲ့သို့
အလင်းပြန်နေရာ
လှပသော တောင်တန်းကြီးများ၏ ပုံရိပ်က
ကန်ရေမျက်နှာပြင်၌ ထင်ဟပ်နေကြသည်။
မြင်ကွင်းကား
အသက်ရှုပင်မှားလောက်သည်ဖြစ်ရာ လုံချန်က
ထိုမြင်ကွင်းကိုကြည့်၍ မင်တက်နေ
မိသည်။
"ရေထဲမှာ ငါးတွေပါလား"
ကန်ရေပြင်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေသော
အရာများကို လုံချန်
ချက်ချင်းသတိပြုမိလိုက်သည်။
ယင်းအရာများသည်
ငါးများဖြစ်ကောင်းဖြစ်နိုင်သော်လည်း
မည်သည့်ငါးအမျိုးအစားဖြစ်သည်ကို လုံ
ချန်မသိချေ။ငါးတစ်ကောင်က ကန်ရေပြင်တွင်
ပေါလောမျောနေသော အသီးတစ်ခုကို စားရန် ရေ
အောက်မှ အသာအယာတက်လာသည်။
"ဟာ..လီယီ ငါးတွေ"
ယခုမှပင် လုံချန်မှတ်မိသွားသည်။ထိုငါးက
လက်တစ်ဝါးအရွယ်ခန့်ရှိပြီး အကြေးခွံတွင်
အရောင်လေး
ရောင်ပါသည်။ငါးက အသီးလေးကို မျိုချပြီး
ရေအောက်သို့ ချက်ချင်းပြန်ငုပ်သွား၏။
လီယီငါးသည် မှော်သားရဲမဟုတ်သော်လည်း
အလွန်နူးညံ့သည့် သဘာ၀ရှိသည်။ထိုငါး
မှာ လွန်စွာအရသာရှိလွန်းသဖြင့် နတ်သုဒ္ဒါနှင့်ပင်
တင်စားကြရသည်။ထိုငါးကို စားလျှင် မိမိလျှာ
ကိုပါပြန်မမျိုချမိစေရန် သတိထားပါဟုသော
ဆိုရိုးလည်းရှိသည်။
ယင်းသည် ချဲ့ကားပြောသော
အကြောင်းအရာများဖြစ်သည့်တိုင် ၎င်း၏
အရသားအား နတ်သုဒ္ဓါ
ှနှင့်ပင် နှိုင်းယှဉ်၍ ချီးမွမ်းကြရသည်ကား
အမှန်ဖြစ်သည်။သို့သော်
ထိုငါးကိုလုံချန်အလိုရှိသည်
မှာ၎င်း၏ အရသာကြောင့်မဟုတ်ပ ဲ
တန်ဖိုးရှိသောကြောင့်ဖြစ်၏။လီယီငါး၏
ပါးဆုံအောက်တွင်
အသားလုံးတစ်လုံးရှိသည်။
လူအားလုံးနီးပါးက ထိုအသားလုံးထဲမှ
ကျောက်တုံးကလေးကို အသုံးမ၀င်ဟုဆိုက
လွှင့်ပစ်လေ့
ရှိသည်။သို့ရာတွင် သူ၏
ဆေးနတ်ဘုရားမှတ်ညာဏ်များအရ ၎င်းသည်
စိတ်ဝိညာဉ်ကို
အားဖြည့်ပေးနိုင်သော
ရတနာတစ်ပါးမှန်သိလေသည်။စိတ်ဝိညာဉ်ကို
အားဖြည့်ပေးနိုင်
သောအရာများကားလွန်စွာရှားပါးလှ၏။
ထုိ့ပြင် လူအများစုသည် ယင်းကဲ့သို့သော
ရတနာများကို သတိမပြုမိတတ်ကြချေ။ယင်းကား
ဟွာယွန်
အိမ်တော်မှ သူရရှိခဲ့သော ညမိစ္ဆာ
ခေါင်းခွံကဲ့သို့ဖြစ်သည်။ညမိစ္ဆာခေါင်းခွံတွင်
ခရစ်စတယ် အမြူ
တေမရှိ။ရိုးရိုး အမြူတေသာရှိသည်။
စိတ်ဝိညာဉ်အားဖြည့်ဆေး ဖော်စပ်ရန်အတွက်
ညမိစ္ဆာ အမြူတေကို လုံချန်အသုံးပြုခဲ့ဖူးပါသည်။
နောက်ပိုင်းတွင် ထိုဆေးကို သူက မန်ချီ့ထံသို့
လုဖုန်းအာ မှ တစ်ဆင့် ပေးခဲ့သည်။
မန်ချီသည် ထို ဝိညာဉ်အားဖြည့်ဆေးကို
စားသုံးပြီးနောက် သူမ၏ စိတ်ဝိညာဉ်အစွမ်း
မှာ လွန်စွာအစွမ်းထက်လာသည်ကို လုံချန်
သတိမထားမိခဲ့ချေ။
မန်ချီ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ယခင်ကပင်
အစွမ်းထက်ပြီးသားဖြစ်သည်။ယခုအခါတွင်
လုံချန်၏
စိတ်ဝိညာဉ်အားဖြည့်ဆေးကြောင့် သူမ၏
စိတ်ဝိညာဉ်စွမ်းအင်က လွန်မင်းစွာ
အဆင့်မြင့်တက်သွား
ခဲ့ရခြင်းကြောင့် လေဝိညာဉ် စံအိမ်တော်တစ်ခုလုံး
ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပါသည်။
သို့ရာတွင် မန်ချီကော လုဖုန်းအာပါ လုံချန်၏
စိတ်ဝိညာဉ်အားဖြည့်ဆေးအကြောင်းကို
ပြောဆိုရန်
ငြင်းဆန်ခဲ့ကြသည်။သူမတို့နှစ်ယောက်စလုံးသည်
ဤဆေးအား မည်သည့်ဆေးဖြစ်မှန်း မသိကြ
သည့်တိုင် သူမတို့ပြောမိ၍
လုံချန်တစ်ခုခုဖြစ်မည်ကို စိုးရိမ်သည်။
လီယီငါးသည်
ညမိစ္ဆာဦးခေါင်းနှင့်မတူချေ။ညမိစ္ဆာဦးခေါင်းသည်
မိစ္ဆာ သတ္တဝါတစ်ကောင်ဖြစ်ရာ ကြမ်း
ကြုတ်ရက်စက်သည့်သဘာ၀ရှိသည်။ယင်း၏
အမြူတေကို ဝိညာဉ်အားဖြည့်ဆေး ဖော်စပ်ရာ၌
အမြူတေ၏ အာနိသင်အတော်များများကို
စွန့်ပစ်ရသည် ဖြစ်ရာ အာနိသင်အနည်းငယ်သာ
ကျန်ခဲ့သည်။
သို့သော် လီယီငါးမှာမူ သန့်ရှင်းသောရေထဲတွင်
နေထိုင်ပြီး သဘာ၀၏ ချီစွမ်းအင်များကို စုပ်ယူစား
သုံးသော သတ္တဝါသာဖြစ်သည်။၎င်းတို့တွင်
အညစ်အကြေးမရှိ။ထို့ကြောင့် ယင်း၏
အမြူတေကို
တိုက်ရိုက်ပင် အသုံးချနိုင်လေသည်။ထို့ပြင်
အခြားသော ဘေးထွက်ဆိုးကျိုးများလည်းမရှိချေ။
"ငါတော့ ချမ်းသာပြီ"
လုံချန်၀မ်းသာလုံးဆို့နေသည်။ရွှမ်ရှင်းသည်အတေ
ာ်ကောင်းသည့်နေရာတစ်ခုဖြစ်သည်။နေရာ
တိုင်း၌ ရတနာများဖြင့် ပြည့်နေသည်။သည်ကို
လာရသည်မှာ သူ့အတွက် အတော်တန်သည်။
လုံချန်က ရေကန်ကိုကြည့်ပြီး
စဉ်းစားနေသည်။ပထမဦးဆုံးအနေနှင့်
ရေကန်၏အနက်ကို
တိုင်းပြီး ငါဖမ်းနိုင်မည့်နည်းကို ရှာဖို့လိုသည်။
သူက အနက်ရောင်ပိုးကြိုးလေး
တစ်ချောင်းကိုထုတ်၍ တစ်ဖက်တွင်
ကျောက်တုံးတစ်တုံးကိုချည်ကာ
ရေထဲချသည်။ကျောက်တုံးကလေးက
ရေအောက်သို့ တစ်ဖြည်းဖြည်း ဆင်းသွား၏။
"ဘယ်လို...ဒီလောက်တောင်နက်လား"
လုံချန် လက်တွင် ကိုင်ထားသော
မီတာသုံးရာရှည်သည့် ပိုကြိုးက ဆုံးသွားသည့်တိုင်
ကန်အောက်
ခြေသို့ ကျောက်တုံးသည် မရောက်တတ်သေးပေ။
"ဒီလောက်နက်ရင် ငါဖမ်းပိုက်တွေလုပ်ပြီး
ဖမ်းရင်တောင် ဖမ်းမိဖို့အတော်ခက်လိမ့်မယ်
ပြီးတော့ လီယီ
ငါးက ရေးကူးအရမ်းမြန်တယ်"
"ငါးမျှားတံ လုပ်ပြီး ဖမ်းရင် တော့ရနိုင်ပေမယ့်
တစ်ကြိမ်မှာ ငါးတစ်ကောင်ပဲရမှာ ဒီနေရာမှာ
ငါအချိန်းဖြုန်းလို့မဖြစ်ဘူး
ထောင်ချောက်လုပ်ပြီးဖမ်းတာ ပိုကောင်းမယ်"
လုံချန်က နောက်ဆုံး၌ လှောင်အိမ်များပြုလုပ်၍
ငါးဖမ်းရန်
ဆုံးဖြတ်လိုက်သည်။ငါဖမ်းလှောင်အိမ်များ
က ပြုလုပ်ရလွယ်ကူသည်။သူငယ်စဉ်ကပင်
ထိုသို့သောအရာမျိုးကို ပြုလုပ်ခဲ့ဖူးခြင်းကြောင့် သူ
နှင့် သိပ်မစိမ်းလှချေ။လုံချန်က တုတ်ချောင်းများကို
ခြင်းငယ်ကလေးတစ်ခုပုံစံအဖြစ်သို့ ယက်ကာ
ကြိုးဖြင့်ချည်သည်။ခြင်း၏ အစွန်းနှစ်ဖက်၌
ပြောင်းပြန်လှန်ထားသော
ဂျိုပုံစံကလေးတစ်ခုလုပ်ထား
သည်။
ဤနည်းအားဖြင့် ခြင်းအ၀သည် အပြင်၌
ကြီးသော်လည်း အတွင်းပိုင်း၌
သေးငယ်သွားသည်။
(ငါးရှဉ့်ထောင်တဲ့ မြှုံးပုံစံထင်တာပဲ)
ငါးများ ခြင်းအတွင်း၀င်လာလျှင် ပြန်ထွက်ရန်
လွန်စွာခက်လိမ့်မည်။တစ်နာရီပျော့ပျော့ရှိလျှင်
ခြင်း
ငါးလုံး လုပ်ပြီးသွားပြီဖြစ်သည်။ထို့နောက် တဂ င်္
စဉ်းစားပြီး ဆေးမီးဖိုကိုထုတ်၍ ဆေးတစ်မျိုးကို
စဖော်
လေသည်။
15 မိနစ်ခန့်ကြာလျှင်
ဆေးဖော်စပ်မှုပြီးဆုံးလေပြီ။ယင်းကားတစ်ကယ့်ေ
ဆးအစစ်များမဟုတ်။
အနံ့ကောင်းသော သစ်သီးအချို့ကို သန့်စင်၍
ငါးများကို ထောင်ချောက်ဆင်ရန် ဖော်စပ်ထားခြင်း
သာဖြစ်၏။ထို့ကြောင့် ထိုဆေးတွင်
မည်သည့်အာနိသင်မှလည်း မရှိချေ။
ယင်းနောက် လုံချန်က
ကြိုးရှည်နှစ်ချောင်းကိုထုတ်၍ မီတာတစ်ရာခန့်တွင်
ဖြတ်ပြန်သည်။
ထိုကြိုးဖြင့် လှောင်အိမ်၏ အစွန်းနှစ်ဖက်ကို
ချည်၏။လှောင်အိမ်ထဲတွင် ဖော်စပ်ထားခဲ့သော
ဆေးကိုထည့်၏။ပြီးလျှင် နေရာကောင်း
တစ်ခုကိုရွေးကာ
လှောင်အိမ်ကိုရေထဲပစ်ချလိုက်၏။
လှောင်အိမ်နှင့်တွဲချည်ထားသော ကြိုးကိုမူ
သစ်ပင်တွင်ချည်၏။
ထောင်ချောက်များဆင်ပြီးလျှင် လုံချန်က
ကျောက်တုံးခပ်ကြီးကြီးတစ်တုံး ပေါ်၌
အနားယူသည်။
ဘယ်အချိန် ထောင်ချောက်ထဲသို့ လီယီငါးများ
၀င်လာမလည်းဆိုတာကို သာ
စောင့်နေရန်လိုသည်။
တစ်နာရီခန့်ကြာလျှင် လုံချန်က လှောင်အိမ်များကို
ရေပေါ်သို့ခပ်ဖြေးဖြေး ဆွဲတင်နေသည်။
ရေပေါ်သို့တဖြည်းဖြည်းတက်လာသည့်လှောင်အိမ်
များအတွင်း လှုပ်ရှားမှု များကို သူမြင်နေရသည်။
လှောင်အိမ်ရေပေါ်သို့ရောက်လျှင်
လက်ဝါးအရွယ်ခန့် လီယီငါးသုံးကောင်ကို
တွေ့ရ၏။
"အဲ့ဒီ လီယီ ငါးတွေကို ပေးစမ်း"
ထိုစဉ် ကျေနပ်အားရသည့် လေသံ တစ်သံကို
သူကြားလိုက်ရလေသည်။

PATRIARCH MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၃၈)ကြယ်ကိုးလုံးသိုင်းပညာ

လုံချန်က ခေါင်းမော့၍ ကြည့်လျှင် သူ့နောက်၌
လူသုံးယောက်ရပ်နေသည်ကိုတွေ့၏။၎င်းတို့သုံးေ
ယာက်
ကလုံချန်ကိုကြည့်၍
မျက်လုံးများအရောင်တလက်လက်တောက်နေကြ
သည်။တိတိကျကျပြော
ရလျှင် လုံချန်၏
ငါးလှောင်အိမ်များကိုကြည့်နေကြခြင်းဖြစ်သည်။
"ကောင်လေး ဘာစောင့်နေတာလည်း အဲ့ဒီ
လီယီငါးတွေကို ပေးစမ်း"
လုံချန်က ခေါင်းငြိမ့်ပြီး ငါးလှောင်အိမ်ကို
မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ထိုသုံးယောက်မှာ
စိတ်လှုပ်
ရှားဟန်ဖြင့် ပြေးလာပြီး လှောင်အိမ်ကိုယူသည်။
"ဒီငါးတွေက ဒဏ္ဍာရီလာ လီယီငါးတွေပ ဲ ...
ဒီငါးတွေဟာ အရသာ
အရကောင်းတယ်လို့ငါကြားဖူး
တယ်" တစ်ယောက်က ရယ်၍ ပြောသည်။
လုံချန်က ထိုငတုံးသုံးယောက်
မည်ကဲ့သို့ဆက်လုပ်မည်ကို ကြည့်နေသည်။
"ဆိုးတာပဲ ငါးတွေကို ထည့်ဖို့ဘာမှ ပါမလာဘူး
သိုလှောင်လက်စွပ်ထဲကိုလည်းသက်ရှိ
တွေမှထည့်မရတာ...ထည့်လို့သာရရင်
ငါးနည်းနည်းလောက်မွေးထားလို့ရတယ်"
တစ်ယောက်က
ညည်းတွား၍ ပြောသည်။
"ဟီးဟီး ငါတို့တောင်ပိုင်း
ကျိုးမိသားစုရဲ့ဘိုးဘေးဟာ
ပန်းပဲသမားတစ်ယောက်ဆိုတာကို မင်းတို့
မသိဘူးလား"
မျက်စိခပ်စောင်းစောင်းနှင့်တစ်ယောက်က
ဂုဏ်ယူဟန်ဖြင့် လက်စွပ်တစ်ကွင်းကို
ထုတ်ယူသည်။
"ဒါကဘာလည်း သိုလှောင်လက်စွပ်နဲ့တော့
တူသား" အခြားနှစ်ယောက်က
ပဟေဠိဖြစ်နေကြသည်။
"ဟီးဟီး မင်းတို့နားမလည်ဘူးထင်တယ်
ဒါကိုအသက်လက်စွပ်လို့ခေါ်တယ်
သက်ရှိအရာတွေကို
ထည့်လို့ရတဲ့ လက်စွပ်တစ်မျိုးပေါ့ ဒီလက်စွပ်ကို
ငါတို့ကျိုးမိသားစုရဲ့ ဘိုးဘေးက လုပ်ခဲ့တာ"
ကိုစွေစောင်းက အလွန်ဂုဏ်ယူဟန်ဖြင့်ပြောသည်။
"အထဲကို
သက်ရှိတွေထည့်လို့ရတယ်ဟုတ်လား..ကောင်းလို
က်တာ ဒါဆို အကိုကျိုးက မှော်သားရဲ
ကိုလက်စွပ်ထဲထည့်လာတာပေါ့"
ကျန်နှစ်ယောက်က
အားကျသည့်အကြည့်ဖြင့်ကြည့်ကြသည်။
"အဟမ်း...အဲ့ဒိလိုတော့မရဘူး ဒါပေမယ့် ဒါက
သေသွားတဲ့ဘိုးဘေးရဲ့ ရှေးဟောင်းပစ္စည်းပေါ့
သူ့ကို လေးစားတဲ့အနေနဲ့ မှော်သားရဲတွေကို
လက်စွပ်ထဲထည့် ဖို့ ငါမလုပ်ဖူး...အဲ့ဒိလိုလုပ်ရင်
ငါ့ဘိုးဘေးကို စော်ကားရာကျတယ်"
ကိုစွေစောင်းက မလုံမလည်ဖြင့်ချောင်းဟန့်၍
ပြောသည်။အမှန်တွင် အသက်လက်စွပ်များ၌ တစ်
ကောင်ထက်ပိုသော
မှော်သားရဲများကိုပင်ထည့်၍ရသည်။သို့သော် သူ၏
ဘိုးဘေးက ကျွမ်းကျင်သော
တစ်ကယ့်ပန်းပ ဲ ဆရာမဟုတ်။တိတိကျကျဆိုသော်
ပညာသင်တစ်ယောက်သာဖြစ်သည်။
ထို့ကြောင့် ထိုအသက်လက်စွပ်က မူလ
အသက်လက်စွပ်များဖြင့်နှိုင်းယှဉ်လျှင်
ဘေးထွက်ပစ္စည်းတစ်
ခုသာသာ သာ ရှိရာ
သတ္တဝါအကောင်ငယ်ကလေးများကိုသာ
ထည့်ထား၍ ရသည်။မှော်သားရဲများ
ကိုမဆိုထားဘိ တော်ရုံတန်ရုံ
သားရဲကောင်ကြီးများကိုပင် ထည့်၍
မရချေ။သို့သော် ဤအချက်ကို
ကိုစွေစောင်းက ဖုံးကွယ်ထားခဲ့လေသည်။
"ဒါဆို အကို ကျိုးက ငါးတွေကို
လက်စွပ်ထဲထည့်ထားချင်တာလား"
တစ်ယောက်ကမေးသည်။
"ဒါပေါ့"
"အကိုကျိုးရဲ့ ဘိုးဘေးကို စော်ကားရာကျမှာ
မကြောက်ဘူးလား"
"အား...ဒါက ဒီလိုလေ မှော်သားရဲတွေကျတော့
လက်စွပ်ထဲမှာ အပေါ့စွန့်တာတွေဘာတွေလုပ်နိုင်
တယ် ကျုပ်ဘိုးဘေးက ကြိုက်မှာ
မဟုတ်ဘူး...ငါးတွေကျတော့ ဒီလိုမဟုတ်ဘူးလေ"
ကိုစွေစောင်းက မျက်နှာပြောင်ပြောင်ဖြင့်
ပြောသည်။
"ဒါက..." ကျန်နှစ်ယောက်က
အနည်းငယ်တွေဝေနေသည်။
ယခုသူတို့တွင် လီယီငါးသုံးကောင်ရှိရာ
တစ်ယောက်တစ်ကောင်ကျစီ
ခွဲယူရန်ဖြစ်သည်။သို့သော် သူ
တို့နှစ်ယောက် က ကိုစွေစောင်း၏ လက်စွပ်ထဲသို့
သူတို့၏ ငါးများအား ထည့်ထားရန်ကိုမူ
အနည်းငယ်
စိုးရိမ်နေသည်။
"ဘာလည်း...မင်းတို့က မင်းရဲ့အကိုကြီးကို
မယုံတာလား ကျုပ်တို့အကုန်လုံးက ဆရာလီရဲ့
နောက်လိုက်တွေပ ဲ ဒီကိစ္စကလေးကိုတောင်
မင်းတို့က မယုံကြတာလား"
အခြားနှစ်ယောက်က
ခပ်သွက်သွက်ပြန်ပြောကြ၏။
"အကိုကြီးကို ဘာ့ကြောင့်မယုံရမှာလည်း
ကျုပ်တို့က အထဲမှာ ငါးတွေအသက်ရှင်နိုင်မရှင်နိုင်
ကိုပ ဲ စဉ်းစားနေကြတာပါ"
ကိုစွေစောင်းက ၎င်းတို့နှစ်ယောက်၏
မုသားစကားကို
မည်သို့ဖြင့်မသိပဲနေနိုင်မည်နည်း။သို့သော်
သူက အရေးမပါဟန်ဖြင့်ပြောသည်။
"ငါတို့က ဆရာလီရဲ့နောက်လိုက်တွေ
ငါတို့မိသားစုတွေက
ဆရာလီထံကိုလက်ဆောင်တွေပို့ပေး
ခဲ့တာကြောင့် ဆရာလီက သူ့အဖွဲ့မှာ
ငါတို့ကိုထားဖို့ သဘောတူလိုက်တာ ဒါပေမယ့် ဒီ
နေရာကိုရောက်တော့မင်းတို့ကောင်တွေလည်း
သိမှာပဲ ပြိုင်ဆိုင်မှုတွေက ဘယ်လောက်
ပြင်းထန်လည်းဆိုတာကို သိုင်းအဆင့်မှာဆိုရင်
ငါတို့ဟာ ထိပ်သီးတွေဆိုပေမယ့်.....ဟေ့ကောင်
မင်းဘာရယ်တာလည်း"
ကိုစွေစောင်းက လုံချန် တခွိခွိဖြင့်ရယ်နေသည်ကို
မြင်လျှင် ဒေါသတကြီးဖြင့်
လက်ညှိုးငေါက်ငေါက်ထိုး
၍ပြောသည်။
"မဟုတ်ပါဘူး ... မင်းတို့ဆက်ပြောပါ" လုံချန်က
ရယ်ချင်စိတ်ကို တအုအု
ဖြင့်ပြန်အောင့်လိုက်သည်။
သို့ရာတွင် ဤလူပျက်များ ရှေ့၌
မရယ်မိစေရန်ထိန်းရသည်က
ခက်လှ၏။ကိုစွေစောင်း၏ စကားအရ
ဆိုလျှင် သူတို့မိသားစုများမှာ လီရှင်းရှောင်ထံသို့
လက်ဆောင်များ ပို့ပေးထားခြင်းကြောင့်သာ
လီရှင်းရှောင်က သူတို့ကို သူ၏ အဖွဲ့၌
လက်ခံခြင်းဖြစ်ကြောင်း လုံချန် ခန့်မှန်းမိသည်။
လီရှင်းရှောင်က ဤကဲ့သို့သော လူများကို
ကျိန်းသေဂရုစိုက်လိမ့်မည်မဟုတ်ပေ။သူ၏
မိသားစု
အမိန့်အရသာ
လက်ခံလိုက်ခြင်းဖြစ်တန်ရာသည်။လုံချန်မျက်နှာပြ
န်တည်သွားသည်ကိုမြင်လျှင်
၎င်းတို့လည်း လုံချန်က သူတို့ကို
ကြောက်သွားပြီဟု မှတ်ကာ နှာခေါင်းကိုယ်စီ
ရှုံ့လိုက်ကြသည်။
"ငါတို့ သိုင်းပညာတွေဟာ ထိပ်သီးတွေဆိုပေမယ့်
ဒီနေရာမှာ ငါတို့လ ို သိုင်းထိပ်သီးတွေချည်းပ ဲ
အချို့ဆိုရင် ငါတို့ထက်တောင်
ပိုအစွမ်းထက်သေးတယ်
ဘယ်အရာမဆိုငါတို့ဘက်က အသင့်ဖြစ်
အောင် ပြင်ဆင်ထားရမယ်"
ကျန်နှစ်ယောက် ကိုစွေစောင်းစကားကို
ခေါင်ငြိမ့်ထောက်ခံသည်။ကိုစွေစောင်းက
သူတို့ကိုယ္သူတို့
သိုင်းထိပ်သီးများဟုကြွားဝါနေလင့်ကစား သူတို့၏
အမှန်တကယ်သိုင်းအဆင့်များကိုမူ သူတို့ကိုယ်
တိုင်ရှင်းရှင်းလင်းလင်းသိကြသည်သာ။
"ဒါ့ကြောင့် ဆရာလီအပေါ်ကို
သစ္စာစောင့်သိမှုရှိကြောင်း ကျုပ်တို့က ပြသရမယ်
ဒါမှပဲ ဆရာလီနဲ့
ကျုပ်တို့ကြားဆက်ဆံရေးပိုကောင်းလာတော့မှာပေ့
ါ"
"မှန်တယ် အကိုကျိုးစကားက သိပ်မှန်တယ်"
ကျန်နှစ်ယောက်က လေးစားဟန်ဖြင့်ပြော၏။
"ဒါ့ကြောင့် သံသယမဖြစ်ကြနဲ့ ဒီငါးတွေကို
ဆရာလီကိုပေးလိုက်မယ်
မင်းတို့ဘယ်လိုသဘောရလည်း"
"ဟုတ်တယ် အကိုကျိုးမှန်တယ်..
တစ်ကယ်လို့အကိုကျိုးသား သတိမပေးခဲ့ရင်
ကျုပ်တို့အမှားလုပ်
မိတော့မလို့ပဲ အကိုကျိုးက တစ်ကယ့်ကို
အမြင်စူးရှတာပဲ"
၎င်းတို့နှစ်ယောက်၏ ချီးကျူးသံကိုကြားလျှင်
ကိုစွေစောင်းမှာ ပီတိများပင် ဖြာနေတော့သည်။
"ဟီးဟီး မင်းတို့ကတော့ ငါ့ကို နောက်နေပြီ
ငတုံးတွေကတော့ ငါမျက်စိစွေလို့ဆိုပြီး
လှောင်ပြောင်
လေ့ရှိကြတယ် တစ်ကယ်က ကိစ္စတိုင်းကို
အသေးစိတ်စူးစမ်းတတ်လို့ ငါ့မျက်စိက
ဒီလိုဖြစ်နေတာ''
လုံချန်က ရယ်ချင်စိတ်ကို
မနည်းအောင့်ထားရသည်။သည် စွေစောင်းကား
မျက်နှာပြောင်လှ၏။
ထိုသို့စောင့်ကြွားကြွားပြောပြီးနောက်
ကိုစွေစောင်းသည် ကန်ထဲမှ
ရေအတော်များများကို လက်စွပ်
ထဲသို့ထည့်၏။
"ကျုပ်ရဲ့ အသက်လက်စွပ်က အထဲမှာ
မီတာသုံးဆယ်လောက်ကျယ်တယ်
ရေအရင်ထည့်ပြီးမှာ ငါးတွေ
ထည့်လိုက်မယ်" ကျန်နှစ်ယောက်ကို သူက
ရှင်းပြသည်။
ရေအတော်များများ ထည့်ပြီးလျှင် ကိုစွေစောင်းက
အသက်လက်စွပ်ထဲသို့ ငါးများထည့်၏။
လုံချန်သည် သူ၏ အသက်လက်စွပ်ကို
စိုက်ကြည့်နေသည်ကိုမြင်လျှင်
ကိုစွေစောင်းကပြောသည်။
"ကောင်လေး ဒီလို
ထူးခြားတဲ့ရတနာမျိုးကိုမင်းမတွေ့ခဲ့ဖူးဘူးမလား
မင်းကြည့်ရတာငါ့ကို အားကျနေပုံပဲ"
"ငါ့ကို ငါးတွေဘယ်လိုဖမ်းလည်းဆိုတာကို
ပြောပြစမ်း"
သူတို့သုံးယောက်သည်
လုံချန်ထိုနေရာသို့မရောက်မီကပင်
လီယီငါများကိုသတိထားမိခဲ့ခြင်းဖြစ်သည်။
သို့သော် ကန်ထဲမှ ငါးများအား မည်သို့ဖမ်းရမည်ကို
သူတို့မသိကြချေ။ထောက်ချောက်အချို့
ဆင်၍ ဖမ်းကြည့်ကြသော်လည်း
တစ်ကောင်တစ်လေပင်မမိချေ။ထို့ကြောင့်
သူတို့က ငါးမျှားရန်ပို
ကောင်းသည်နေကို ရှာရန်မျှော်လင့်ချက်ဖြင့်
ရေကန် ကလေးအတိုင်း လျှောက်လာခိုက်
လုံချန်နှင့်တွေ့
ခြင်းဖြစ်သည်။
သို့ဖြစ်၍ လုံချန် ငါးမည်သို့ဖမ်းသနည်း
ဆိုသည်ကိုသူတို့
ခပ်မြန်မြန်သိချင်နေကြခြင်းဖြစ်သည်။
လုံချန်က သူတုိ့သုံးယောက်ကို ကြည့်၍ ပြုံး၏။
"မင်းတို့သုံးယောက် ဒီနေရာကို ရောက်လာတာ
တစ်ကယ့်ကို ကျေးဇူးတင်ပါတယ်"
"အပိုတွေ ပြောမနေနဲ့ ငါဖမ်းနည်းကို သာ
ငါတို့ကိုမြန်မြန်ပြော" တစ်ယောက်က
၀င်ပြောသည်။
"တစ်ကယ်တော့ငါ့မှာ မင်းတို့သုံးယောက်နဲ့
ဆွေးနွေးစရာ ကိစ္စတစ်ခုရှိခဲ့တာ ဒါပေမယ့်
မင်းတို့စရိုက်
တွေကိုငါသိပ်မကြိုက်ဘူး...ဒီတော့
ပုံစံတစ်မျိုးပြောင်းပြီးဆွေးနွေးကြည့်ကြတာပေါ့"
လုံချန်က သတိပေးခြင်းမရှိပဲ ကိုစွေစောင်းကို
ပါးဖြတ်ရိုက်လိုက်သည်။ဤကဲ့သု့ေိ သာ
လူတစ်ဦးက
သူ့အား ပါးရိုက်ရဲလိမ့်မည်ဟု ကိုစွေစောင်းက
မမျှော်လင့်ထားခဲ့ချေ။
ပါးရိုက်သံသည် ကျယ်လောင်စွာဖြင့်
ဖြောင်းကနဲထွက်လာသည်။ကိုစွေစောင်းခင်ဗျာ
မည်သို့မျှ လုပ်
ချိန်မရလိုက်ပ ဲ နောက်သ ို့ ဝုန်းကနဲလွင့်သွားကာ
ဆူးချုံတစ်ခုပေါ် ပစ်ကျသွားသည်။
"အားရစရာ ကောင်းလိုက်တာ"
"မင်း...သေပေတော့" ကျန်နှစ်ယောက်က
ဒေါသတကြီးအော်ဟစ်၍ သူ့ထံပြေး၀င်လာသည်။
ထိုနှစ်ယောက်မှာသွေနှော နှောင်းပိုင်း
သိုင်းသမားများဖြစ်ပြီး တည်ငြိမ်သည့်
အော်ရာရှိ၏။
သို့သော် ကံမကောင်းစွာဖြင့် ၎င်းတို့၏
တိုက်ခိုက်မှုတွင်
ဟာကွက်များစွာရှိနေသည်။သို့တိုင်အောင်
ထိုနှစ်ယောက်က
တစ်ကယ့်သိုင်းသမားကြီးများပုံစံဖြင့် လုံချန်အား
အော်ဟစ်၍ တိုက်ခိုက်နေကြ
လေသည်။
လက်ဝါးကြီးတစ်ဖက်က
၎င်းတို့နှစ်ယောက်မျက်နှာပေါ်သို့ ဖြောင်းကနဲ
ကျရောက်လာပြီးလျှင်
၎င်းတို့မှာ ကိုစွေစောင်းရှိရာ ဆူးခြုံထံ
သို့ပျံသန်းသွားကြပြန်သည်။ကိုစွေစောင်းက
မူးဝေနေရာမှ
ပြန်ထမည်လုပ်စဉ်မှာပင် သူ့ခန္ဓာကိုယ်ပေါ်သို့
ကျလာသည့် ထိုနှစ်ယောက်ကြောင့် ဘိုင်းကနဲလဲ
သွားပြန်၏။
"ခွေးကောင်"
သုံးယောက်သား ဒေါသတကြီးဖြင့်
အော်ဟစ်ကြပြီးလျှင် သွေးချီစွမ်းအင်များ
ထုတ်လွှတ်လျှက် လုံချန်
ထံသို့
ပြေး၀င်လာကြပြန်၏။ပါးရိုက်သံတစ်ဖြောင်းဖြောင်း
နှင့် အော်သံများထွက်လာပြန်သည်။
ကန်ရေပြင်၌ အစာရှာနေကြသော ငှက်များ
၀ုန်းကနဲ ထပျံကုန်ကြ၏။ပါးရိုက်သံများ
အော်သံများကား
မစဲတော့ပဲ ဆက်တိုက်ဆိုလို ထွက်နေသည်။
အမွေးတိုင် တစ်တိုင်ကုန်စာ အချိန်တွင်
အော်ဟစ်သံများ ရပ်သွားကြသည်။ကိုစွေစောင်းတို့
သုံးယောက်
၏ မျက်နှာမှာ ယခုအခါ၌ ယောင်ကိုင်းလျှက်ရှိရာ
၀က်များ၏ ဦးခေါင်းနှင့်ပင် တူနေလေ၏။
မူလက သူတို့သည် လုံချန်ကို သာမာန်
ဂိုဏ်းသားတစ်ယောက်ဟုသာထင်မှတ်ထားခဲ့သည်

လီရှင်းရှောင်နှင့် ယှဉ်လျှင် လုံချန်တွင်
ဒေါသကြီးမှု၊မောက်မာမှုများမရှိလေရာ လုံချန်ကို
၎တို့
သုံးယောက်က သာမာန်ပါချီပါချက်
ကောင်လေးတစ်ယောက်ဟု
ထင်သွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်လည်း သူတို့သည် လုံချန်ကို
လွယ်လွယ်ကူကူ
ပစ်မှတ်ထားခဲ့ကြခြင်းဖြစ်လေသည်။
သို့သော် ပြင်းထန်သောတိုက်ပ ွဲ ဖြစ်အပြီးတွင်မူ
လုံချန်၏ ရက်ရက်စက်စက် တိုက်ခိုက်မှုကို
၎င်းတို့ခံရတော့သည်။
လုံချန်က ထိုသုံးယောက်ကို ပြောလိုက်၏။
"အခုငါတို့ ကောင်းကောင်းဆွေးနွေးလို့ရပြီမလား"

PATRIARCH MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၃၉)အကျိုးအမြတ်

လုံချန်၏ အသံသည် မိတ်ဆွေရင်းခြား များအား
နှုတ်ဆက်နေသကဲ့သို့ လွန်စွာညင်သာလှသည်။
သူ့၏ အပြုံးတောက်တောက်များကလည်း
အလွန်အမင်းရိုးသားလှ၏။သို့သော်
သူတို့သုံးယောက်၏
မျက်လုံးထဲ၌မူ လုံချန်၏ အပြုံးသည်
မှော်သားရဲများထက်ပို၍
ကြောက်စရာကောင်းသည်ဟု ထင်မိသည်။
လူများကိုရက်ရက်စက်စက် ရိုက်နှက်ခဲ့သူသည်
မည်သို့လျှင် ရုတ်ချည်း ဤကဲ့သို့ နူးနူးညံ့ညံ့လေသံ
ဖြင့်စကားပြောရန် တတ်နိုင်ပါသနည်း။
"လုံချန် မင်းမလွန်နဲ့နော်" ကိုစွေစောင်းက
အော်ဟစ်ပြောသည်။
"ကျုပ်ကဘယ်တုန်းကမှ မလွန်ပါဘူး ... ကျုပ်က
မင်းတို့နဲ့ စကားလက်ဆုံလေးဘာလေးပဲပြော
ချင်တာ ကျုပ်မှာလည်း
ကျုပ်ကိစ္စတွေရှိတယ်...အရိုက်ခံရတာတော့
မင်းတို့အပြစ်နဲ့ မင်းတို့ပဲ
မင်းတို့ကို မရိုက်ရင် ကောင်းကင်က ကျုပ်ကို
မိုးကြိုးနဲ့ပစ်ချမှာကြောက်တယ်လေ" လုံချန်က
မသက်
သာဟန်ဖြင့်သက်ပြင်းချ၍ ပြောသည်။
"မင်း..."
"ကဲကဲ
အလုပ်ကိစ္စအကြောင်းကိုပဲပြန်သွားကြရအောင်
အစောပိုင်းက ငါ့စကားကိုပြန်ဆက်ရရင်
မင်းတို့သုံးယောက်ဒီနေရာကို ရောက်လာတာ
ငါသိပ်၀မ်းသာတယ်" လုံချန်သည်
သူ့စကားကိုဆက်
မပြောမီ လက်ခုပ်များပင်တီးလိုက်သေးသည်။
"ငါ့မှာ လူအင်အားလိုနေတာ ဒါပေမယ့်
မင်းတို့ရောက်လာတော့
ဒီပြဿနာဖြေရှင်းပြီးသားဖြစ်သွား
တာပေါ့ ငါးလှောင်အိမ်တွေလုပ်ဖို့
ငါတစ်ယောက်တည်းနဲ့ဆိုရင်အလုပ်သိပ်မတွင်ဘူး
မလား"
"ပြီးတော့ ဒီမယ်
ကိုစွေစောင်း...ဒီလိုလက်ဆောင်မျိုးကို ကျုပ်ကို
ပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်ပါ
တယ် အစောပိုင်းက ခင်ဗျားကို ရက်ရက်စက်စက်
ရိုက်ခဲ့တာကို ကျုပ်က
တစ်ကယ်တောင်းပန်းပါတယ်
ဒါ့ကြောင့်ဒီရိုက်နှက်မှုနဲ့ပတ်သတ်ပြီး
ခင်ဗျားကြောင့် ကျုပ်ကိုကျုပ်အပြစ်ရှိတယ်လို့
ခံစားရအောင်
လုပ်လိမ့်မှာ မဟုတ်ဘူးလို့လည်း မျှော်လင့်ပါတယ်
ခင်ဗျားနားလည်တယ်မလား"
လုံချန်က သူ့လက်ကိုဖြန့်လိုက်သည်။သူပြောသည့်
အဓိပ္ပါယ်သည် ရှင်းသည်။အကယ်၍ ထုလိ က်စွပ်
ကိုသူ့အား မပေးလျှင် သူ့ကိုယ်သူ ပို၍
အပြစ်ရှိသည်ဟု ခံစားရလိမ့်မည်ဖြစ်ကြောင်း
ဆိုလိုခြင်းဖြစ်သည်။
"ဒါက ငါ့ဘိုးဘွားအမွေ..ကောင်းပါပြီ
မင်းကိုပေးမယ်"
ကိုစွေစောင်းသည် ပထမတွင်
ငြင်းဆန်မည်ပြုသေးသော်လည်း ပုခုံးနှင့်
ခြေထောက်များ
ကိုလှုပ်၍ အကြောလျှော့ နေသော လုံချန်
ကိုမြင်ခြင်းကြောင့် လက်စွပ်ကို
ပစ်ပေးလိုက်တော့သည်။
"ဟီးဟီး အကိုကျိုး က တစ်ကယ့်ကို
ရိုးသားတာပဲ..လက်မခံဝံ့ပါဘူး...ဒီလို
လက်စွပ်ပေးရတဲ့အတွက်
ကျုပ်ကို ကျေးဇူးတင်ဖို့မလိုဘူးနော်" လုံချန်က
သက်ပြင်းချရင်း လက်စွပ်ကိုယူသည်။
ကိုစွေစောင်းမှာ ဒေါသထွက်လွန်းသဖြင့်
မေ့လဲမတတ်ဖြစ်သွား၏။သည်လူသည်
မျက်နှာပြောင်
လွန်းသည်။မိမိ၏ ပစ္စည်းအားလုယက်သွားသူ
တစ်ယောက်ကိုအဘယ်သူက ကျေးဇူးတင်မည်
နည်း။
"လုံချန် မင်းလည်း အာဏာရှိတဲ့ မိသားစုက
လာတဲ့သူတစ်ယောက်ပါ ဒီလိုအလုပ်မျိုးကို ဘာ့
ကြောင့်လုပ်တာလည်း ဒါက
စိတ်ဓာတ်သေးသိမ်တဲ့သူ တစ်ယောက်ရဲ့
အလုပ်ပဲ"
"မဟုတ်တာ ကျုပ်မိသားစုက အာဏာမရှိပါဘူး
စိတ်ဓာတ်သေးသိမ်တာကတော့ ကျုပ်ရဲ့သဘာ၀
ပဲ သူတပါးကိုရိုက်နှက်ရတာက
ကျုပ်ရဲ့အကြီးမားဆုံးဝါသနာပဲ" လုံချန်က သူ၏
နတ်အသိကို
အသုံးပြု၍ အသက်လက်စွပ်ထဲသို့
၀င်ရန်ကြိုးစားနေသည်။
ကိုစွေစောင်းတို့သုံးယောက်မှာမူ လုံချန်၏
အရှက်မဲ့သည့်
အမူအယာကြောင့်လွန်စွာဒေါသထွက်နေ
ကြသည်။ယင်းသည် ၎င်းတို့၏ နိုဘယ်များအပေါ်
နားလည်ထားမှုအား ပြောင်းပြန်ဖြစ်သွားစေသည်။
လုံချန်ကလည်း သူ၏ အဆင့်အတန်းကို
နည်းနည်းမှပင်ဂရုမစိုက်ချေ။
အချိန်အတော်ကြာလျှင် လုံချန်သည် လက်စပွ်၌
ပိတ်ထားသော အစီအရင်ဖြတ်ဆီးလိုက်နိုင်ပြီး
အထဲသို့ကြည့်နိုင်သွားသည်။လုံချန်
အံ့အားသင့်မိသည်မှာ အသက်လက်စွပ်သည်
သိုလှောင်လက်
စွပ်နှင့်မတူခြင်းကိုဖြစ်သည်။
လက်စွပ်ထဲ၌ ရှိနေသည်မှာ သပ်ရပ်ပြီး
စတုရန်းပုံစံဖြစ်ရမည့်အစား စက်ဝိုင်းပုံစံကွက်လပ်
တစ်ခုသာ
ရှိနေသည်။ယင်းကွက်လပ်သည်
မီတာသုံးဆယ်ခန့်ကျယ်သည်။ကွင်းလပ်အတွင်း၌
မူ ဥယျဉ်တစ်ခု
ရှိ၍ အလယ်တွင် ရေကန်သေးသေးကလေး
တစ်ခုလည်းရှိသည်။ရေကန်၏ ပတ်၀န်းကျင်တွင်
ချုံပင်
များနှင် အပင်ငယ်ကလေးများ
ပေါက်ရောက်လျှက်ရှိလေသည်။
လုံချန်သည် သူ၏ အမတဂန္ဓမာ ပန်းကို ထုတ်ယူ၍
လက်စွပ်ထဲသို့ထည့်သည်။ထို့နောက် သူ၏
၀ိညာဏ
စွမ်းအင်ကို(စိတ္တစွမ်းအား) အသုံးပြု၍
တွင်းတစ်ခုတူးပြီး ပန်းကိုစိုက်သည်။မူလတွင်
သူသည် အမတ
ဂန္ဓမာပန်း၏ အမြစ်များတွင် ရှိသော
မြေဆီလွှာများကို မဖယ်မရှားပဲ ယခင်အတိုင်းသာ
ထားခဲ့လင့်
ကစား သူ၏ သိုလှောင်လက်စွပ် ထဲတွင် ပန်းသည်
သုံးရက်အတွင်း သေဆုံးသွားလိမ့်မည်ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော်
သိုလှောင်လက်စွပ်များအတွင်း၌
သက်ရှိအရာများအား သိမ်းဆည်း၍မရ
ခြင်းကြောင့်ဖြစ်သည်။သို့သော်ယခုအချိန်၌မူ
အမတဂန္ဓမာ ပန်းသည် မသေဆုံးသေးပေ။ဤ
အသက်လက်စွပ်အတွင်း၌ စိုက်ပျိုးထားခြင်းဖြင့်
ပန်းကား ဆက်လက်ကြီးထွားလာမည်မဟုတ်သော်
လည်း သေဆုံးနိုင်မည် မဟုတ်တော့ချေ။
သေဆုံးသွားသော အမတဂန္ဓမာပန်းထက်
ရှင်သန်နေသော ပန်းသည် ပို၍
အသုံး၀င်သည်။အဘယ့်
ကြောင့်ဆိုသော် သေဆုံးသွားသောပန်း၌
အာနိသင်
ထက်၀န်ခန့်ကျဆင်းသွားခြင်းကြောင့်ဖြစ်သည်။
ဤအရာသည် ရှောင်လွဲ၍
ရသည့်အရာမဟုတ်ချေ။ယခုတော့ ပန်းသည်
လက်စွပ်အတွင်း၌
ဆက်လက်ရှင်သန် သွားနိုင်မည်ဖြစ်သည်။
ဤလက်စွပ်၏ အရည်အသွေးသား မဆိုးရွားခဲ့လျှင်
ပန်းမှာ ဆက်လက်၍ပင်
ကြီးထွားနိုင်သေးလေသည်။
"ဒီလက်စွပ်ရပြီဆိုတော့ မင်းရဲ့
ကျောက်စိမ်းပြားကိုတော့ မယူတော့ဘူး" လုံချန်က
ကျေနပ်စွာဖြင့်
ခေါင်းညိတ်၏။ထိုစကားကြောင့်
ကျန်သည့်နှစ်ယောက်မှာ
စိတ်အေးသွားကြရသော်လည်း ကိုစွေ
စောင်းမှာမူ နာကျင်ဟန်ပေါက်နေ၏။
သူသည် အသက်လက်စွပ်က ို ထူးထူးထွေထေ ွ
အသုံးမပြုခဲ့သည့်တိုင် ယင်းလက်စွပ်အား လွန်စွာ
ရှားပါးသည့် လက်စွပ်တစ်ခုကဲ့သို့
ကြွားဝါနေခြင်းဖြစ်သည်။အကြောင်းမှာ
ထိုကဲ့သို့သော ပစ္စည်းများမှာ
အရေအတွက်လွန်စွာနည်း၍ လူအနည်းငယ်သာ
ပိုင်ဆိုင်ကြခြင်းကြောင့်ဖြစ်၏။
သို့သော် ယခုတော့ လက်စွပ်ကို လုံချန်
ယူသွားချေပြီ။ထို့ပြင် လုံချန်ကလည်း ထိုကဲ့သို့
ပစ္စည်းမျိုးကို
လောလောလတ်လတ်တွင်
လိုအပ်နေသည်။ယင်းသည် ကိုစွေဆောင်း အား
မျက်လုံများ နီလာသည်
ထိပင် နှမြောတသ ဖြစ်စေပါ၏။
"ကိုစွေစောင်း"
"ကျုပ်ရဲ့ မျိုးရိုးနာမည်က ကျိုး" ကိုစွေစောင်းက
ပက်ကန ဲ ပြန်ပြော၏။
"အကို ကျိုးစွေစောင်း"
"ကျုပ်နာမည်က ကျိုးရှင်ဟောင်"
ဖြန်း...
လုံချန်သည် ဒေါသထွက်ထွက်ဖြင့် ကိုစွေစောင်းကို
ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည်။
"အခု မင်းနာမည်က ကို စွေစောင်းဖြစ်သွားပြီ
နောက်တစ်ခါစကားကို ကြားဖြတ်ပြောရင်
ရေထဲပစ်
ချပြီး ငါးစားကျွေးပစ်မယ်"
ကိုစွေစောင်းမှာ လုံချန်ကို
မကျေမနပ်ဖြင့်ကြည့်နေသော်လည်းမည်သည့်
စကားမှ ထပ်မပြောဝံ့တော့။
ယခု သူသည် ဤမျက်နှာပြောင်သော ကောင်ကို
လွန်စွာကြောက်ရွံ့သွားပြီဖြစ်သည်။လုံချန်က
၎တို့
သုံးယောက်ကို အဖြူရောင်အမှုန့် တစ်မျိုးဖြင့်
ဖြန်းလိုက်သည်။
သူတို့သုံးယောက် အံ့အားသင့်သွားကြသော်လည်း
ထိုအမှုန့်များကြောင့် မည်သည့်ထူးဆန်းသည့်
ခံစားမှုမျိုးမှ မခံစားရပေ။သို့သော် တင်္ဂမျှ ကြာလျှင်
တစ်ခုခုမှားနေပြီဟု သူတို့ခံစားမိသည်။သူတို့
ခန္ဓာကိုယ်များ အထူးသဖြင့် သူတို့၏
ဒဏ်ရာများအနီးတစ်ဝိုက်တွင်
မခံမရပ်နိုင်အောင်ယားယံလာ
ခဲ့သည်။ယားယံမှုကို မခံနိုင်တော့သဖြင့်
သုံးယောက်မှာ စတင်ကုတ်ခြစ်လာကြ၏။
များမကြာမီတွင် ကုတ်လေ ပို၍ယားလေ
ဖြစ်လာကာ အော်သံများပင်ထွက်လာတော့သည်။
"ဟီးဟီး မင်းတို့ကောင်တွေက
ပူးပေါင်းဆောင်ရွက်တာကို မကြိုက်တော့ ကျုပ်က
ယားဆေး
နည်းနည်းဖြူးပေးထားလိုက်တာ အခုတော့
ကျုပ်တို့
အလုပ်ကိစ္စအကြောင်းဆွေးနွေးလို့ရပြီနဲ့တူတယ်"
လုံချန်က ဆေးသုံးလုံး ပေးသည်။
"ဒါက ယာယီကုသမှုပ ဲ ဒီဆေးဟာ ယားယံခြင်းက ို
နှစ်နာရီလောက်ရပ်ထားနိုင်တယ်
နှစ်နာရီလောက်
မင်းတို့ကောင်းကောင်းအလုပ်လုပ်ရင်
လုံးဝပျောက်သွားအောင် ငါကုပေးမယ်
ဒါပေမယ့် ခေါင်းမာနေမယ်ဆိုရင်တော့ ဆေးကို
မစားနဲ့တော့ ကျုပ်ရဲ့ယားဆေးဟာ ရိုးရိုးဆေး
မဟုတ်ဘူးနော်... ဘာနဲ့ကုကု
ပျောက်အောင်ကုဖို့မလွယ်ဘူး"
ဤသို့ဖြင့် ကိုစွေစောင်းတို့သုံးယောက်မှာ
ဒေါသထွက်စွာဖြင့်ပင် ဆေးကိုစားရန်
ဆုံးဖြတ်လိုက်ကြရ
သည်။ဆေးကိုသောက်ပြီးသည်နှင့် ယားယံမှုသည်
ရုတ်ချည်းပျောက်ကင်းသွားရာ အစောပိုင်းက
ယားယံမှုမှာ အိပ်မက်မက်ခဲ့လေသလားဟုပင်
ထင်မှတ်ရလေသည်။
"ကောင်းပြီ...မင်းတို့လုပ်ရမယ့် အလုပ်တွေကို အခု
ကျုပ်ပြောပြမယ် ငါတို့ခြင်းရက်ဖို့လိုတယ်
အဲ့ဒိတော့ သစ်ပင်တွေခုတ်ရမယ် ငါလုပ်ထားတဲ့
အတိုင်းလှောင်အိမ်ကို ရက်ကြ..နှစ်နာရီအတွင်း
တစ်ယောက်တစ်ခုစီ မပြီးဘူးဆိုရင်
ဖြေဆေးမရဘူး"
လုံချန်ထိုသို့ပြောပြီးနောက်
ကိုစွေစောင်းတို့သုံးယောက်က သူ့ကို
ကြောင်တောင်တောင်နှင့် ဆက်၍
ကြည့်နေကြသည်။လုံချန်က ရယ်သည်။
"မင်းတို့ဒီအတိုင်းဆက်ရပ်နေလို့ရတယ် ဒါပေမယ့်
နှစ်နာရီကျော်ရင် မင်းတို့ကိုယ်မင်းတို့
သတ်သေချင်
လောက်အောင်နာကျင်လာမယ်ဆိုတာကို
ငါအာမခံတယ်"
ကိုစွေစောင်းတို့သုံးယောက်မှာ လုံချန်
စကားဆုံးလျှင်
၀ုန်းကနဲထပြေးကြတော့သည်။သူတို့က သစ်ပင်
များကို ခုတ်လှဲ၍ လုံချန်၏ ခြင်းအတိုင်းပုံစံတူ
စယက်ကြသည်။သို့သော် လုံချန်ကား
ဤပေါ့ပေါ့နေ
ပေါ့ပေါ့စား ကောင်များ အပေါ်၌
အထင်အလွန်ကြီးမိခဲ့ချေသည်။သူတို့လုပ်နေသည့်
လှောင်အိမ်ကို
ကြည့်၍ လုံချန် ဆဲပင် ဆဲမိရသည်။
၎င်းတို့ယက်ထားသည့်လှောင်အိမ်မှာ
သစ်ကိုင်းများတစ်ခုနှင့် တစ်ခုကြား၌
အဟကြီးများဖြစ်နေရာ
လိပ်တစ်ကောင်ပင် လွတ်လွတ်လပ်လပ်
ရေကူးနိုင်သည်။ဤခြင်းဖြင့်
မည်သို့ငါးသွားဖမ်းမည်နည်း။
"ဟေး ခြင်းကို စနစ်တကျယက်ကြလေ
ကိုစွေစောင်း ခင်ဗျားပြောတော့ခင်ဗျားမျက်စိက
အရာရာကို စေ့စေ့စပ်စပ် ကြည့်နိုင်တယ်ဆို
ဟုတ်တယ်မလား မင်းတို့လုပ်နေတာ
လှောင်အိမ်လား
လှေလား...ဒီပုံစံအတိုင်း က မှန်လို့လား"
လုံချန်က နောက်ဆုံးတွင် မတတ်နိုင်တော့ပ ဲ
လှောင်အိမ်ယက်နည်းကို
တစ်ဆင့်ခြင်းသင်ပေးရတော့
သည်။ထိုသို့သင်ပေးပြီးမှာ ရေချ ထားသော သူ၏
ဒုတိယ လှောင်အိမ်ကို ကြည့်ရန် အချိန်ရ
လေသည်။
"ဒီထဲမှာ ငါး 7 ကောင်တောင်မိနေပါလား"
မြက်များနှင့်ပတ်၍ လှောင်အိမ်ထဲသို့ သူ
ထည့်ခဲ့သော ဆေးကို စစ်ဆေးကြည့်ရာ
အချိန်အတန်ကြာ
သည့်တိုင်အောင် ဆေးကား
အကုန်မပျော်သေးသည်ကို
တွေ့ရသည်။ထို့နောက်လုံချန်သည် ဆေးကို
ဓားဖြင့် အတုံးခပ်သေးသေးလေးများရအောင်
ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ထိုနည်းအားဖြင့်
ဆေး၏
အနံ့မှာ ပို၍ ပျံ့နှံ့သွားပေမည်။ထို့နောက် သူသည်
လှောင်အိမ်ကို ရေထဲသို့ ပြန်ပစ်ချသည်။
ယင်းနောက်တွင် ကိုစွေစောင်းတို့သုံးယောက်
လှောင်အိမ်ယက်လုပ်ခြင်း ပြီးသွားကြောင်း သူတွေ့
ရ၏။လှောင်အိမ်သည် ကြားတွင်
အဟပေါင်းများစွာရှိနေသေးသော်လည်း
ကိုစွေစောင်းတို့က
အဟ ကလေးများကို
သစ်ခက်အသေးလေးများဖြင့်
ပိတ်ထားလိုက်ကြသည်။လှောင်အိမ်မှာ ကြည့်
ရဆိုးနေလင့်ကစား အလုပ်တော့ဖြစ်သည်။
ထိုစဉ် သုံးယောက်သား မျက်နှာများ
ပျက်ကုန်၏။သူတို့သုံးယောက်၏ ခန္ဓာကိုယ်များမှာ
ဆက်တိုက်
ဆိုသလိုတုန်ယင်လာသည်။ယားဆေးကား
ပြန်လည်အစွမ်းပြလာပုံပင်။သို့သော် ယခင်အတွေ့
အကြုံများအရ သူတို့သုံးယောက်မှာ ဒဏ်ရာများကို
သွား၍ မကုတ်ရဲကြတော့ပ ဲ တောင့်ခံနေကြ
ရတော့၏။
လုံချန်ရောက်လာသည်ကိုမြင်လျှင် ၎င်းတို့က
မျှော်လင့်ချက်မျက်၀န်းများဖြင့် ကြည့်ကြသည်။
ဤကြောက်မက်ဖွယ်ကောင်းသော လုံချန်ကား
ရန်သွားစ၍ ရသူတစ်ယောက်မဟုတ်ကြောင်း
၎တို့က
ယခုအခါတွင် နားလည်သွားချေပြီ။လုံချန်က
ယားယံခြင်းကို ခြောက်နာရီ
ခန့်တားမြစ်ထားနိုင်သော
ဆေးသုံးလုံးကို ထပ်ပေးသည်။
ကိုစွေစောင်းတို့ သုံးယောက်မှာ
ကမ်းစပ်နားတွင်ရှိနေပြီး
လှောင်အိမ်များယက်နေကြခြင်းဖြစ်သည်။
ဖိအားအောက်တွင် အလုပ်လုပ်ရခြင်းကြောင့်
လှောင်အိမ်များရက်လုပ်ရာတွင် လွန်စွာမြန်ဆန်နေ
ကြမည်ဆိုသည်ကိုကား
ပြောစရာပင်မလိုချေ။ထိုသို့ဖြင့် တစ်ရက်လုံးလုံး
ယက်ကြရာ ငါးလှောင်
အိမ်ပေါင်း သုံးဆယ်ခန့် ပြီးစီးကြလေသည်။
လုံချန်က ငါးလှောင်အိမ်များကို တစ်ခုနှင့်
တစ်ခုကြား မီတာ တစ်ရာခန့်ခြား၍ ရေချသည်။
ယင်းသို့ ရေကန်ကို ပတ်၍ ချရာ
အခုသုံးဆယ်ချပြီးသည့်အချိန်တွင်
လေးနာရီခန့်ကြာသွားပြီ
ဖြစ်သည်။နှစ်ရက်မျှကြာလျှင် သူ၏
အသက်လက်စွပ်ထဲတွင် လီယီငါးများဖြင့်
ပြည့်နှက်နေလေရာ
လုံချန်က ငါးဆက်မဖမ်းတော့ရန်
ဆုံးဖြတ်လိုက်သည်။
ရေကန်ဘေးတွင် မီးတောက်ကလေးတစ်ခု
လောင်ကျွမ်းလျှက်ရှိ၏။လီယီငါးများစွာကို
ချက်ပြုတ်နေ
ရာမှ ထွက်လာသော ရနံ့မှာ လူများကို အာသီတ
ဖြင့် တံတွေးမြိုချမိသွားစေသည်။လုံချန်ပင် မကြာ
ခဏ တံတွေးမြိုချမိနေပါသည်။
"ကောင်းပြီ မင်းတို့က အလုပ်ကြိုးစားကြတော့
ဆုချီးမြင့်ရမယ် စားပြီးသောက်ပြီးရင် မင်းတို့သွား
နိုင်ပြီ"
လုံချန်က
ငါးတစ်ကောင်ကိုစစားသည်။ငါးကိုကိုက်လိုက်သ
ည်နှင့် ငါး၏ အရသာမှာ အကြောပေါင်း
တစ်ထောင် စိမ့်အောင် ခံစားရရာ နောက်တစ်ကြိမ်
ထပ်ကိုက်ချင်လာပြန်၏။ထိုငါးကိုစားပြီးနောက်
သူသည် ကိုစွေစောင်းတို့သုံးယောက်အား
ဖြေဆေးပေး၍ တစ်ယောက်တည်း
ထထွက်သွားတော့၏။
ကိုစွေစောင်းတို့ သုံးယောက်က လုံချန်ထွက်သွား
လျှင်အချင်းချင်းကြည့်ကြသည်။ထို့နောက်ချက်ပြု
တ်
ထားသော ငါးများကို
အငမ်းမရစားကြတော့သည်။အချိန်ခဏ
လေးအတွင်း ငါးများ တက်တက်စင်
ပြောင်လေသည်။
"ဒီလုံချန်က သိပ်တော့လည်း မဆိုပါဘူး"
တစ်ယောက်က နှုတ်ခမ်းသပ်ရင်း သက်ပြင်းချ၍
ပြောသည်။
"ဒီကိစ္စကို ဆရာလီ သိသွားလို့မဖြစ်ဘူးနော် ငါတို့
ဘယ်အဖွဲ့ကလည်းဆိုတာသိတယ်မလား" ကိုစွေ
စောင်းကပြော၏။ကျန်နှစ်ယောက်က
ထိတ်ကနဲဖြစ်ကာ ခေါင်းငြိမ့်ကြသည်။
"ကောင်းပြီ ဒီကိစ္စကို ဒီမှာပဲထားလိုက်တော့
ဘယ်သူကမှ ဘာမှမပြောကြနဲ့ ဒီလိုမှမဟုတ်ရင်
အသံုးမက်ဘူးဆိုဘူး ဆရာလီက ငါတို့ကို
အဖွဲ့ထဲကနေ ကန်ထုတ်လိမ့်မယ်"
ပြီးလျှင် ထိုသုံးယောက်လည်း ထိုနေရာမှ
ထွက်သွားကြလေတော့၏။
လုံချန်သည် တောင်ကုန်းကလေး တစ်ခုကို ဖြတ်၍
လမ်းလျှောက်နေစဉ် ကြားလိုက်ရသော
အသံတစ်ခုကြောင့် သူ၏ အာရုံက
ထိုအသံလာရာဆီသို့ရောက်သွားလေသည်။

PATRIARCH MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၄၀)ပွင့်လွှာကိုးဖတ်သစ်ခွ

"လုံချန်"
လုံချန်က အံ့အားတကြီးဖြင့် လှည့်ကြည့်လျှင်
မိန်းမပျိုကလေးတစ်ယောက် သူ့ကို
ကြည့်နေသည်ကို
တွေ့သည်။
"မင်းက..."
လုံချန်က သူမကိုမသိ။သို့သော် သူမကတော့
သူ့ကိုသိပုံပင်။
"ကျွန်မက ချင်ယု ပါ ကျွန်မတို့နှစ်ယောက်စလုံးက
မမ ထန်၀မ်အာ လက်အောက်ကပဲလေ" သူမက
ပျာယီးပျာယာ ဖြင့်ရှင်းပြသည်။
"အင်း..ဘာများဖြစ်လို့လည်း"လုံချန်ကမေးသည်။
"မမထန်၀မ်အာက လီရှင်းရှောင်နဲ့
တိုက်ခိုက်နေတယ်လို့ကြားတယ်
ဒီနေရာနဲ့သိပ်ဝေးပုံမရဘူး" သူမက
စိုးရိမ်ဟန်ဖြင့်ပြောသည်။
"ပွဲကြီးပွဲကောင်းနေမှာပေါ့..ဘယ်လိုပဲဖြစ်ဖြစ်ကျုပ်
မှာ လုပ်စရာတွေရှိသေးတယ်" လုံချန်က
ခေါင်းယမ်း
၍ သွားတော့မည်ပြင်၏။သူက
ထိုသို့တိုက်ပွဲမျိုးကိုကြည့်ရန်
၀ါသနာလုံး၀မပါချေ။ရသည့် အချိန်လေး
အတွင်း၌ ရတနာများ ဆက်၍
ရှာဖွေရဦးမည်။သည်ကဲ့သို့
အဓိပ္ပါယ်မရှိသည့်တိုက်ပွဲများတွင် သူ၏
အချိန်ကို မဖြုန်းတီးချင်ပေ။
လုံချန်က ထန်၀မ်အာ ကို
စိတ်၀င်စားမှုမရှိသည်ကိုမြင်လျှင် ချင်ယုက
လုံချန်၏လက်မောင်းကို
ဖမ်းဆွဲ၍ ဒေါသတကြီးပြောသည်။
"ရှင် ဘယ်လိုပြောလိုက်တာလည်း ကျွန်မတို့က
တစ်ဖွဲ့ထဲလေ ဒါ့ကြောင့် မမ ထန်၀မ်အာ အပေါ်ကို
ရှင် သစ္စာဖောက်လို့မရဘူး မမရဲ့ လုံခြုံမှုကို
ဂရုမစိုက္တာက မမ ကို
သစ္စာဖောက်တာပဲ...အခြား
သိုင်းသမားတွေက ဒါကို
သိရင်ဘယ်လိုလုပ်မလည်း...တစ်ကယ်လို့.."
"ကောင်းပြီ..တော်ပါတော့ အမရယ်..ခင်ဗျားလေး
ဆက်ပြောနေရင် ကျုပ်က လူယုတ်မာ လုံးလုံးဖြစ်
တော့မယ် ခင်ဗျားလေးနဲ့
လိုက်ခဲ့ပါ့မယ်ဟုတ်ပြီလား" လုံချန်
ချက်ချင်းလက်လျှော့လိုက်ရသည်။
"ဘာလည်း ဒါက
ရှင်အမှားလို့မယူဆတာလား...ရှင်ကဘာပြောချင်
တာလည်း..ရှင့်အမှားကိုတောင်
ရှင်က မသိဘူးပေါ့ ... မမ၀မ်အာကိုယ်တိုင်က
ရှင့်ကို ဖိတ်ခေါ်ခဲ့လို့ရှင်က..." ချင်ယုက
တင်းမာသည့်
မျက်နှာထားဖြင့် သူ့ကို ပွစိပွစိ ပြောတော့သည်။
"ကောင်းပါပြီဗျ ခင်ဗျားလေး မှန်ပါတယ်..မမ
၀မ်အာဆီသွားပဲကြည့်ရအောင်ပါ ကျုပ်တို့လည်း
ဟိုရောက်
ရန်ပွဲလည်း ပြီး
ဖြစ်နေရော့မယ်...ဒီလိုဆိုမကောင်းဘူး ဆိုတာ
မင်းသိတယ်မလား..အခုကျုပ်တို့ သွား
မှာလား မသွားဘူးလား" လုံချန်က သူမ၏
စကားကို စိတ်မရှည်စွာဖြင့်
ဖြတ်ပြောသည်။သည်ကောင်း
မလေးကား စကားများလွန်း၏။
"ဒါဆိုလည်းကောင်းပြီလေ... မမ၀မ်အာကို
သွားကြည့်ရအောင်..ဒီရန်ပွဲပြီးသွားမှ ရှင့်ရဲ့ကိစ္စကို
ပြန်ဆက်
ရမယ် ယောကျာင်္းတစ်ယောက်အနေနဲ့ ဖြောင့်မတ်
မှန်ကန်မှုရှိရတယ်..ရှင့်ရဲ့ သိုင်းပညာရဲ့ ပန်းတိုင်က
ရှင်း
လင်းနေရမယ်" ချင်ယုက ခေါင်းငြိမ့်သည်။
"ဒီမယ် ချင်ယု မိန်းကလေး မင်းကို
မေးခွန်းတစ်ခုလောက် မေးလို့ရမလား" လုံချန်က
စပ်စုစွာ မေးသည်။
"ရပါတယ်"
"မင်းကို လိုက်ပြီးကြောင်တဲ့ ယောကျာင်္းလေးတွေ
ဘာတွေများမရှိဘူးလား"
သူမက ယင်း မေးခွန်းအတွက်
အံ့အားသင့်ပုံရသည်။ထို့နောက် ခေါင်းခါ၏။
"မရှိဘူး ဘာ့ကြောင့်လည်း"
"အင်း ... ကျုပ်သိသားပဲ ထားလိုက်ပါတော့ ဘာမှ
မဟုတ်ဘူး" လုံချန်က ခေါင်းငြိမ့်သည်။
"ဘာလည်း..ပြောစမ်းပါ"
"ဘာမှ မဟုတ်ပါဘူး..ဒီအတိုင်းပဲမေးကြည့်တာပါ
ကောင်းပြီ မင်းနဲ့ ထန်၀မ်အာ က
ဘာတော်တာလည်း"
လုံချန်က ရုတ်တရက်မေးသည်။
"ကျွန်မရဲ့ ဘွားဘွားက မမထန်၀မ်အာကို
စောင့်ရှောက်ဖို့ အစေခံအဖြစ် ကျွန်မကို
ထည့်ပေးလိုက်တာ
မမ ထန်၀မ်အာနောက်ကို ကျွန်မ လိုက်လာတာ
ဆယ်နှစ်လောက်ရှိပြီ ကျွန်မက သူ့ရဲ့ လုံခြုံရေးကို
ဂရု
စိုက်ပေးရသလို လိုအပ်တာလေးတွေကိုလည်း
လုပ်ပေးရတယ်" ချင်ယုက ပြောသည်။
သည်လိုကြောင့် ဤ မိန်းကလေးက မိန်းမကြီး
တစ်ယောက်လို ဗျစ်တောက်
ဗျစ်တောက်နိုင်ရသည်ဟု
လုံချန်က တွေးမိသည်။
"ထန်၀မ်အာ နဲ့ လီရှင်းရှောင်က
တိုက်ခိုက်နေတယ်လို့ မင်းပြောတယ်နော် ဒီ
မျောက်ဝံ လိုကောင်ကြီး
က ထန်၀မ်အာကို ကြိုက်နေတာမလား"
"လူတစ်ယောက်ကို ဒီလိုနာမည်ပြောင်ပေးတာက
တော်တော့ကို..."
"ကဲ..ထားပါတော့အမရယ်
နာမည်ပြောင်လည်းမပေးတော့ပါဘူး ဒါပေမယ့်
မိန်းကလေးချင်ယုက
ကျုပ်မေးတာလေးတော့ဖြေပါဦး" သူမက ထပ်၍
ဗျစ်တောက် ဗျစ်တောက် ပြောမည်ပြုလျှင် လုံချန်
က စိုးရိမ်စွာဖြင့် စကားစ ၀င်ဖြတ်ရသည်။
"ရှင်ပြောတာမှန်တယ် လီရှင်းရှောင်က
မမ၀မ်အာကို ကြိုက်နေတာ ဒါပေမယ့်
ယောကျာင်္းတစ်ယောက်
က မိန်းမတစ်ယောက်ရဲ့ အာရုံစိုက်မှုကို
လိုချင်တဲ့အခါမှာ တိုက်ရိုက် ပိုးပန်း
တာမျိုးလုပ်တာက သိပ်ရှား
တယ်"
"အဲ့ဒိအစား သိုင်းပညာအားကိုးနဲ့
မိန်းမတစ်ယောက်ရဲ့မာနကို ဖိနှိပ်ပြီး
မာန်ကျိုးသွားအောင်ပဲလုပ်တတ်
ကြတာပ ဲ ဒါရှင်တို့ယောကျာင်္းတွေလုပ်နေကြ
နည်းလမ်းပဲလေ" ဟု ချင်ယုကပြောသည်။
လုံချန် ပါးစပ်လုံး၀ပိတ်သွားသည်။သူမက
ယောကျာင်္းထုတစ်ရပ်လုံးကို
၀ါးလုံးချီးသုတ်ရမ်းစရာ လိုအပ်
လို့လား။သူမ၏ ပြောသော ယောကျာင်္းမျိုးတွင်
သူမပါ ဟု လုံချန်က ပြန်ငြင်းချင်သည်။သို့သော် ထို
သို့ ငြင်းပယ်လျှင်လည်း ယောကျာင်္းမဟုတ်ဟု
၀န်ခံရာကျသွားဦးမည်။ထို့ကြောင့်
ဆိတ်ဆိတ်နေရန်
သာ ဆုံးဖြတ်ရတော့၏။
သို့ရာတွင် သူမစကားက သူ့ကို
ကျင့်ကြံ့ခြင်းလောကနှင့်ပတ်သတ်၍
နားလည်မှုအသစ်တစ်ခုကို
ဖြစ်စေခဲ့ပါသည်။ယောကျာင်္းတစ်ယောက်က
မ်ိန်းမတစ်ယောက်ကို ခွန်းအား အားကိုးဖြင့် ဆွဲ
ဆောင်ခြင်းဆိုသည်မှာ တိရိစ္ဆာန်လောကနှင့် ဘာမှ
မခြားနားချေ။ခွန်အား ကြီးသော မျောက်
၀ံသာလျှင် အမများနှင့့် ပို၍ မိတ်လိုက်ခွင့်
ရမည်ကဲ့သို့ ဖြစ်နေ၏။
လုံချန်က ထိုကဲ့သို့သော စနစ်မျိုးကို
မနှစ်မြို့လှသော်လည်း ကျင့်ကြံ့ခြင်းလောကသို့
သူ၀င်ရောက်
လာချိန်တွင် ဤလောက ၌ သိုင်းပညာကသာ
အရာရာဆိုသည်ကို သူ မြင်ခဲ့ရပါ၏။ထို့ပြင်
ကျင့်ကြံ့
ခြင်းလောက၏ စံသတ်မှတ်ချက်များကား ပြင်ပ
လူ့ယဉ်ကျေးမှု ၊ လူ့ဘောင် ပတ်၀န်းကျင်နှင့် လုံး၀
ဖီလာဆန့်ကျင် လျှက်ရှိလေသည်။
ကျင့်ကြံ့ခြင်းလောက ၏ စံများကား လွန်စွာ
ရက်စက်ကြမ်းကြုတ်လှသည်။ယင်း
စံသတ်မှတ်ချက်များ
တွင် ကိုယ်ကျင့်သိက္ခာ နှင့် ကျင့်၀တ်
တို့မရှိကြ။ခွန်အားကသာ အရာရာဖြစ်၏။လုံချန်က
စိတ်ညစ်ညူး
စွာဖြင့် သက်ပြင်းချမိသည်။သည်လောက ၌
နေထိုင်လျှင် ရောမရောက်လျှင် ရောမလို ကျင့်
ဆိုသ
လိုမျိုး သည်လောက၏ စံများအတိုင်း
သူသည်ကော ပြောင်းလည်းနေထိုင်ရမည်လား။
"သူတို့က ဘာ့ကြောင့် တိုက်ခိုက်နေကြတာလည်း"
လုံချန်က ထပ်မေးသည်။
"ရတနာတစ္ခုကို
နှစ်ယောက်စလုံးတစ်ပြိုင်နက်တည်း တွေ့သွားပုံပဲ
... တစ်ယောက်မှလည်း အလျှော့
ပေးချင်ပုံမရဘူး ဒါ့ကြောင့်မတတ်သာ တဲ့အဆုံး
သိုင်းပညာ နဲ့ပဲ ဖြေရှင်းကြတာပဲ" ချင်ယုက ရှင်းပြ
သည်။
"ရတနာဟုတ်လား" လုံချန် မျက်လုံးများ
အရောင်တောက်လာသည်။ထန်၀မ်အာနှင့်
လီရှင်းရှောင်
တို့ မဆိုင်းမတွ တိုက်ခိုက်ရန်
တွန်းအားဖြစ်စေသည့် အရာက
အတော်တန်ဖိုးကြီးသည့် ရတနာတစ်
ခုဖြစ်နိုင်သည်။
"အဟမ်း..အခု မမထန်၀မ်အာက အန္တာရာယ် နဲ့
ကြုံနေရပြီဆိုတော့
သူ့ရဲ့လက်အောက်ငယ်သားတစ်
ယောက်ဖြစ်တဲ့ ကျုပ်က မီးပင်လယ်ပဲ ဖြတ်ရ
ဖြတ်ရ ဓားတောင်ကိုပဲ ကျော်ရကျော်ရ
မမထန်၀မ်အာကို
ကူညီရတော့မှပေါ့" လုံချန်က
ပြောသည်။ယင်းသို့ပြောပြီးတစ်ပြိုင်နက် သူက
အရှိန်၍ မှုန်နေအောင်
ပြေးသွားလေရာ ချင်ယုမှာ
ပါးစပ်အဟောင်းသားနှင့်ကျန် ခဲ့လေသည်။
သို့သော် သူမက
ကျေးဇူးတင်စွာဖြင့်ပြုံးသည်။နောက်ဆုံးတော့
လုံချန်ကား ကောင်းကောင်းမွန်မွန် စဉ်း
စားတတ်သွားပြီး
လူကောင်းတစ်ယောက်ဖြစ်လာပြီဟု
ချင်ယုတွေးသည်။ထိုသို့ဖြစ်သည့်တိုင် လုံချန်၏
ကူညီမည်ဟူ ဆိုသည့် အဓိပ္ပါယ်မှာ လုံး၀
မရိုးသားကြောင်းကိုကား သူမ
သတိပြုမိဟန်မရှိပါချေ။
မှုန်နေအောင် ပြေးသွားသည့် လုံချန်ကို ကြည့်၍
ချင်ယုက မိမိပြေးနှုန်းကိုတင်သည်။သို့သော် သူမ
အတွက် အံ့သြစရာကား မည်မျှပင် အရှိန်တင်တင်
လုံချန်ကို မီအောင် မလိုက်နိုင်ခြင်းကိုပင်။ထို့ပြင်
လုံချန် ထိုသို့ ပြေးနေခြင်းမှာ သိုင်းပညာ
တစ်မျိုးမျိုးကို အသုံးပြု၍
ပြေးနေခြင်းလည်းမဟုတ်ဟု သူမ
ကောင်းကောင်းသိသည်။ချင်ယုက လုံချန်၏
နောက်မှ မှီအောင် အစွမ်းကုန်လိုက်နေသော်ငြား
မှီရုံလေး
သာ မှီလေသည်။
တောင်တစ်လုံးကို ကျော်လျှင်
တောင်ကြားလမ်းတစ်ခုသို့
သူတို့ရောက်လာသည်။တောင်ကြားလမ်း၌
ဒါနှင့် ချီသော လူများ တိုက်ခိုက်လျှက်ရှိရာ
တိုက်ခိုက်နေသော လူအုပ်ကြီး၏ အပြင်ဘက်
ကျောက်ကမ်း
ပါး ရှေ့၌ လူနှစ်ယောက်ရှိနေ၏။တစ်ယောက်ကား
အလွန်တရာကြီးမား တုတ်ခိုင်သော ကိုယ်ရှိ၍ တစ်
ယောက်မှာမူ အထူးသဖြင့်သေးသွယ်၍
ကျက်သရေရှိလှသည်။
သူတို့နှစ်ယောက်မှာ လီရှင်းရှောင်နှင့်
ထန်၀မ်အာပင်ဖြစ်လေသည်။
လီရှင်းရှောင်၏ ခန္ဓာကိုယ်တွင်
အလင်းတန်းကလေးများဖြင့်
ဖုံးလွှမ်းနေသည်။အလင်းတန်းလေးများ
မှာ မှိတ်တုတ် မှိတ်တုတ် ဆက်တိုက်ဖြစ်နေရာ
အမှန်တွင် မရေမတွက်နိုင်အောင်
တဖျတ်ဖျတ်လက်
လျှက်ရှိသည့်
လျှပ်စီးကြောင်းကလေးများပင်ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လျှပ်စီးများဖြင့်
ဖုံးလွှမ်းနေသလို သူ၏ အကြည့်သည်ပင်
လျှပ်စီးများလက်
နေသည်နှင့်တူသည်။သူ၏ လက်သီးတစ်ချက်ကား
လေဟာနယ်ကို ဝုန်းကနဲတုန်လှုပ်စေ၍ ပေါက်ကွဲ
သွားတော့မည်ကဲ့သို့ ဖြစ်နေသည်။
သူ့ရှေ့တွင် မူ ထန်၀မ်အာ ရှိနေပြီး လေများမှာ
သူမ၏ ခန္ဓာကိုယ်ကို ပတ်၍ တိုက်ခတ်လျှက်ရှိ၏။
သူမ၏ လက်ကို တစ်ခါ လှည့်လိုက်လျှင် လေဓား
တစ်စင်း ပစ်လွှတ်လိမ့်မည်ဖြစ်သည်။သူမ၏ သိုင်း
ပညာကား လီရှင်းရှောင်ထက် နည်းနည်းမှပင်
မနိမ့်ပါချေ။
လေဓားနှင့် လျှပ်စီးများကား အဆက်မပြတ်
ထိမှန်နေကြသည်။မိုးခြိမ်းသံများ က
ဆက်တိုက်ထွက်
ပေါ်နေ၏။သူတို့နှစ်ယောက်ရပ်နေသည့် မြေပြင်မှာ
တစ်စစီဖြစ်နေလေပြီ။
"မြင်ရခဲတ ဲ့ တိုက်ပွဲပ"ဲ နှစ်ယောက်စလုံးက
လွန်စွာအစွမ်းထက်သည့်
မဟာပါရမီ့ရှင်များဖြစ်ကြသည်။
ထို့ကြောင့် သည်ကဲ့သို့တိုက်ပွဲမျိုးကား
မြင်ရခဲလေ၏။
"ရှင် ဘာကြည့်နေတာလည်း
မြန်မြန်သွားကူလိုက်လေ" ချင်ယုက နောက်မှ
ရောက်လာသည်။
"အဟမ်း ကျုပ်က
ကြည့်နေတာမဟုတ်ပါဘူး...အခြေအနေကိုကြည်ြ့
ပီး ဘယ်လိုကူရင်ကောင်းမလည်းလို့
အစီအစဉ်ဆွဲနေတာပါ အစီအစဉ်ဆွဲ ပြီးတော့မှ
ကူတာပေါ့"
လုံချန်က လိမ္မာပါးနပ်စွာ ရှင်းပြသည်။
တစ်ကယ်တမ်းတွင်မူ သူတို့နှစ်ယောက်၏
တိုက်ပွဲအတွင်းသို့ လုံချန်
၀င်မပါချင်ပေ။သူ့အတွက် သူ၏
သိုင်းပညာကို လျှို့ဝှက်ထားခြင်းကသာ
ပိုကောင်းမည်။ထို့ပြင် ထန်၀မ်အာ၏ အဖွဲ့ထဲသို့
သူရောက်
သွားရခြင်းမှာ ထန်၀မ်အာက
သူ့ကိုလှည့်စားခဲ့ခြင်းကြောင့်သာဖြစ်သည်။
အနာဂါတ်တွင် သူမက သူ့အပေါ်၌
မည်သည့်အစီအစဉ်များရှိနေမည်ကို
မည်သူကသိမည်နည်း။
လောလောဆယ် သူ့ကို ပြဿနာ
မရှာသေးသည်ကပင် သူ့အတွက် အတော်ကလေး
ကံကောင်း
နေပြီဖြစ်သည်။
"ရှင်ပြောတာ ကျိုးကျောင်းဆီလျော်တယ်
ဒါဆိုလည်း အစီအစဉ်မြန်မြန်ချ...ကျွန်မအရင်
သွား
ကူလိုက်ဦးမယ်"
ချင်ယုက သူ့ကို အမှန်တစ်ကယ်ယုံကြည်ပြီး
တောင်ကြားလမ်းကလေးသို့ခုန်ချကာ
လူအုပ်ကြီးထဲ
ပြေး၀င်သွားသည်။ထိုအခါမှ တိုက်ခိုက်နေသော
လူအုပ်ကြီးမှာ ဘက်နှစ်ဘက် မှ လူများဖြစ်
ကြောင်းလုံချန်နားလည်သွားသည်။
သေသေချာချာကြည့်လျှင် လူအုပ်က
တစ်ဘက်တွင် လီရှင်းရှောင်၏ အဖွဲ့ဖြစ်၍
တစ်ဘက်တွင်
ထန်၀မ်အာ၏ အဖွဲ့ဖြစ်သည်ကို
တွေ့ရ၏။ထို့နောက် လူအုပ်ထဲတွင် ရင်းနှီးဖူးသော
မျက်နှာများ
ကိုလုံချန်တွေ့သည်။သည်လူများကား
ထန်၀မ်အာကော လီရှင်းရှောင်ကော သိကြသည့်
လူများ
မဟုတ်ကြ။၎င်းတို့၏ မိသားစုများမှ
အဖွဲ့နှစ်ဖွဲ့အတွင်းသို့ နေရာချထားပေးပြီးသား
သူများဖြစ်ကြ
လိမ့်မည်။
သည်တိုက်ပဲကွ ား သူတို့အတွက် အခွင့်ကောင်း
တစ်ခုဆိုသည်မှာ အံ့သြစရာမရှိချေ။
ဤအချိန်တွင် သူတို့က သူတို့၏
အစွမ်းအစအသီးသီးအား မိမိတို့၏ အဖွဲ့ကိုယ်စီကို
ထုတ်ပြ
ခွင့်ရကြပြီုဖစ်သည်။
သို့ရာတွင်မူ ထန်၀မ်အာ၏ အဖွဲ့က
သိုင်းပညာအားဖြင့်
အနည်းငယ်နိမ့်နေသည်။သူမတို့အဖွဲ့မှာ
မူလ၌ကိုပင် သိုင်းပညာနိမ့်နေခြင်းလား သို့မဟုတ်
အစွမ်းထက် သိုင်းသမားများ သူမတို့အဖွဲ့သို့
မရောက်လာသေး ၍ လား မည်သူမှ မသိနိုင်
ကြသော်လည်း ပြိုင်ဘက်၏ ဖိအားအောက်၌ သူ
မတို့အဖွဲ့မှာ နောက်သို့ တစ်လှမ်းခြင်းဆုတ်နေရ၏။
ချင်ယုကဲ့သို့ သွေးနှောထိပ်တန်းအဆင့်
သိုင်းသမားတစ်ယောက် ၏
ပါ၀င်တိုက်ခိုက်မှုကပင် ယင်း
အခြေအနေကို
မပြောင်းလည်းပစ်နိုင်ချေ။တိုက်ပွဲကို အကြမ်းဖျဉ်း
စေ့ငု ပြီးနောက် လုံချန်က
ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်ရာ နောက်ဆုံး၌
သူရှာနေသော အရာကိုတွေ့သည်။
"သြ...ကိုးလွှာ သစ်ခွပါလား ဒါ့ကြောင့်
တစ်ဘက်နဲ့ဘက် တိုက်ခိုက်နေကြတာကိုး"
ကိုးလွှာသစ်ခွကား လွန်စွာရှားပါးသည့်
ဆေးဖက်၀င်အပင်တစ်မျိုးဖြစ်၏။ယင်းသစ်ခွကို
ပုံစံမျိုးစုံဖြင့်
အသုံးပြုကြရာတွင် ခန္ဓာကိုယ်
အားဖြည့်ဆေးအဖြစ် အဓိကသုံးလေသည်။ယင်း၏
ဆေးဖက်၀င်အာနိ
သင်မှာ ခန္ဓာကိုယ်၏ ခွန်အားကို
တိုက်ရိုက်တိုးမြှင့်နိုင်စွမ်းရှိသည်။
ထိုသစ်ခွကို
တိုက်ရိုက်စားသုံး၍လည်းရသည်။သို့ရာတွင်
ဆေးအဖြစ်ဖော်စပ်၍ စားလျှင် အာနိသင်များ
စွာ တိုးတက်လေသည်။ယင်းမှာ
အခြားသောရုပ်ပိုင်းဆိုင်ရာ ခွန်အားကို
တိုးမြှင့်ပေးနိုင်သည့်အပြင်
အရေပြားကိုချောမွေ့စေခြင်း၊အရေးအကြောင်းများ
ကို လျှော့ချပေးခြင်း နှင့် အသားအရည်ကို မူလက
ထက် သုံးဆ ပိုမို ဖြူ၀င်းတောက်ပစေ
သည့်အာနိသင်လည်းရှိလေသည်။(ဟမ်မလေး
skin care
ကြော်ငြာနေတာမဟုတ်ရပါဘူး -_- )
ထိုသစ်ခွကို လီရှင်းရှောင်လိုချင်ရခြင်းက
ရုပ်ပိုင်းဆိုင်ရာ ခွန်အားအတွက်
အသုံးပြုလိုခြင်းကြောင့်
ဆိုသည်မှာ သေချာသည်။ထန်၀မ်အာမှာမူ
မိန်းမတို့သဘာ၀ အလှအပရေးရာ အတွက်သာ
ဖြစ်ဟန်ရှိသည်။မိန်းမတို့သဘာ၀မှာ လှလေ
ပို၍လှချင်လေပင်ဖြစ်၏။ယင်းအတွက်ကြောင့်ပင်
သစ်ခွ
ကို မြင်သည်နှင့် သူတို့နှစ်ယောက်
တိုက်ခိုက်ကြတော့သည်။
ယင်းသို့ လီရှင်းရှောင်နှင့် ထန်၀မ်အာ
တိုက်ခိုက်သည့်သတင်းထွက်လာသည်နှင့်
နှစ်ဘက်အဖွဲ့မှ
သိုင်းသမားများကလည်း
မိမိတို့အဖွဲ့အသီးသီးကိုကူညီ ရန်
ရောက်လာကြတော့၏။လုံချန်ပင်
သစ်ခွကို ကြည့်၍ သရေယိုနေသည်။ယင်း၏
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည့်
အာနိသင်ကား အံ့ဖွယ်သရဲ
ဖြစ်သည်မဟုတ်ပါလား။
ထို့ပြင် ယင်းသစ်ခွမှာ
သွေးနှောသိုင်းသမားများအတွက် ရုပ်ပိုင်းဆိုင်ရာ
ခန္ဓာအား အားဖြည့်ပေးနိုင်
သည်သာမဟုတ် ချီလမ်းကြောင်းများကို
ချဲ့ပေးနိုင်သည့်အစွမ်းသတ္တိလည်းရှိသည်။သို့သော်
သူ့
အတွက်က ချီလမ်းကြောင်းများ
ကျယ်လာစေရန်မလိုတော့ပေ။လုံချန်က
ယင်းသစ်ခွကို ရလျှင်
ပင် သူ့အတွက် အကျိုးသိပ်ရှိလိမ့်မည်မဟုတ်ဟု
တွက်သည်။
သို့တိုင်အောင် ဆေးအဖြစ်သို့ဖော်စပ်လျှင် များစွာ
အကျိုးများပေမည်။ကိုးလွှာ သစ်ခွက ကျောက်
ကမ်းပါး၌ ပေါက်နေသည်။ယင်းနေရာသို့ရောက်ရန်
နှစ်ဘက် ဖြစ်နေသောတိုက်ပွဲကို သူ ကျော်ဖြတ်
သွားရမည်။ထို့ကြောင့် သူ့အတွက် သစ်ခွကို ရရန်
အခွင့်အရေးလွန်စွာနည်းပါးလေသည်။ထို့ပြင်
ယင်း လူအုပ်ကို ကျော်ဖြတ်သွားလျှင်
သူ့ကိုမှတ်မိကုန်မည်။
သူ့ကို မှတ်မိလျှင် တိုက်ပွဲအတွင်းသို့
သူ၀င်ပါရတော့မည်။ယင်းသို့၀င်ပါရလျှင်
ကိုးလွှာသစ်ခွကို
တိုက်ရိုက်သွားယူ နိုင်တော့မည်မဟုတ်ပေ။
ခဏကြာအောင်လေ့လာကြည့်လျှင်
နှစ်ဘက်စလုံးမှာ တစ်ဘက် အပေါ် တစ်ဘက်
အာရုံစိုက်နေကြ
သည်ကို လုံချန် သိရသည်။ယင်းတို့က ကိုးလွှာ
သစ်ခွအပေါ် အာရုံသိပ်ရောက်မနေကြချေ။
ထို့ပြင် ယင်းတို့မှာ တိုက်ခိုက်နေသည် ဟု
ပြောရသည့်တိုင် အသေအကြေ
တိုက်ပွဲမျိုးမဟုတ်။နှစ်
ဘက်စလုံးက ထိန်းထိန်းသိမ်းသိမ်းဖြင့် သာ
တိုက်ခိုက်နေကြခြင်းဖြစ်၏။
မည်သည့်သေဆုံးမှု ကိုမဆို နှစ်ဘက်စလုံးက
လက်ခံကြမည်မဟုတ်ပေ။ယင်းသို့
အချိန်ကြာမြင့်စွာဖြစ်
ပွားနေသော တိုက်ပွဲကြောင့် သူ့ကို မည်သူမှ
သတိမထားမိပ ဲ ဖြတ်သန်းကောင်း
ဖြတ်သန်းသွားလို့ရ
နိုင်၏။ကြက်လည်းမောစေ ယာလည်းညက်စေ
ဆိုသကဲ့သို့ တိုက်ခိုက်နေသူများကို သည် အတိုင်း
ထားလိုက်မည်။ပြီးမှ သူက မသိမသာဖြင့်
ဆေးပင်ကို နှုတ်၍ ပြေးမည်။
လုံချန်က ပြုံး၍ မသိမသာဖြင့် တိုက်ပွဲမှ
ဆုတ်လိုက်စဉ်တွင် အော်သံတစ်ခုထွက်လာ၏။
"သေစမ်း...လုံချန် ငါ့ကို မြန်မြန်လာကူဦးလေ"

PATRIARCH MK AUNG

Continue lendo

Você também vai gostar

16.8K 307 10
After being died because of his Differences, he was send to hell and luckily meet the princess of hell & others, together they will make sure everyon...
164K 4K 56
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
176K 4.4K 28
"We will never love you" Zane said "We will never accept you" Tristan said. "We will make your life living hell" Haydes said . "We will make you reg...
9.5K 847 23
Rinata come cattiva dell'Otome game, l'unico modo per schivare permanentemente il bad end è sposare letteralmente chiunque al di fuori del gioco. Per...