ဂယူ့ရင်ခွင်ထဲ၌ မေ့မျောသွားသည့်ကလေးငယ်မှာ ဘယ်လောက်တောင် နေမကောင်းဖြစ်နေခဲ့လဲမသိပါ။
အမှတ်တမဲ့ နေလိုက်ခြင်းက ဖျားနာခြင်းကိုပိုဆိုးသွားစေပြီး ဘာမှမစားဘဲနေတာကြာတော့ အားတွေပါနည်းလာသည်ထင်၏။
"ဘာလို့ ကိုယ့်ကိုယ်ကို ဂရုမစိုက်ရတာလဲ ကလေးရာ.."
နှခမ်းတွေဖြူဖျော့လျက် မျက်နှာလေးနွမ်းလျကွာ နဂိုထက်ပင် ပိန်ကျသွားတဲ့ခန္ဒာကိုယ်လေးအား မြင်ရသူ သူ့မှာ စိတ်၏ဖျားနားခြင်းတို့ ကူးစက်ကုန်၏။
ညကတည်းက မနက်အထိ အဖျားကျစေရန် ရေပတ်ဝတ်ဖြင့် တိုက်လိုက် ပြန်ချလိုက်ဖြင့် အလုပ်ရှုပ်နေခဲ့ရာ ကလေးနိုးလာရင် စားရန်ဘာတစ်ခုမှမပြင်ဆင်ရသေးကြောင်း အခုမှသတိရတော့သည်။
"ကိုယ် ကလေးကြိုက်ပေမယ့် မကြိုက်ချင်ယောင်ဆောင်ခဲ့တဲ့ဆန်ပြုတ်ပူပူလေး သွားပြုတ်ပေးမယ်နော်"
နဖူးလေးအား ဖွဖွနမ်း၍ ကလေးလေး မနိုးလာသေးပေမယ့် ခွင့်တောင်းမိသည်။
မီဖိုးခန်းထဲရောက်တော့ အစားအသောက်နှင့်ပတ်သက်တာဟူ၍ သူဒီအိမ်ကထွက်မသွားခင် ဝယ်ထည့်ထားခဲ့သည့် ပစ္စည်းတွေမှလွဲထပ်မတွေ့ရ။
ကလေးဟာ နေနိုင်လိုက်ပုံများ ဘာတွေများစားပြီးနေထိုင်နေခဲ့လဲ သူ့ကိုစိုးရိမ်လွန်ပြီး သေသွားစေချင်လို့လားမသိပါ အခုရက်ပိုင်းလေးတင် ခန္ဒာကိုယ်လေးပိန်ကျသွားတာကြောင့် ဂယူ့မှာ ကိုယ့်ကိုယ်ကိုသာအပြစ်တင်မိတော့သည်။
ဘာမှထပ်သွားမဝယ်တော့ဘဲ ရှိတဲ့ပစ္စည်းတွေနဲ့သာ ကလေးကြိုက်လောက်မယ့် အရသာမျိုးနှင့်ပင် ဆန်ပြုတ်ကြိုလိုက်တော့သည်။
ဆန်ပြုတ်ပြုတ်နေရင်းက အတွေးတွေဟာ လွန်ခဲ့တဲ့တစ်ရက်ဆီသို့...
.......
ယူဂျင်းကို သတိရတဲ့စိတ် တွေ့ချင်နေသည့်စိတ် စိတ်ပူနေသည့်စိတ် စသဖြင့် ရှုပ်ယှက်ခတ်နေတဲ့စိတ်ကို တည်ငြိမ်အောင် အလုပ်ထဲခေါင်းစိုက်နေတဲ့အချိန်တွင်ဖြစ်သည်။
"ကောင်လေးတစ်ယောက်အတွက်နဲ့ အဲလောက်တောင်ဘဲလား Kim သခင်လေး.."
ဖုန်းထဲသို့နံပါတ်စိမ်းတစ်ခု Message တစ်စောင် ပို့လာခြင်းဖြစ်သည်။
တကယ်တော့ အဲလိုMessageတွေလက်ခံရရှိခဲ့သည်မှာ အခုမှမဟုတ်..
ထပ်ပြီးနောက်ထပ်တစ်စောင်ရောက်လာပြန်သည်။
"အခုပြစ်မှတ်က အရမ်းလွယ်လွန်းတယ်"
ထိုMessage ကိုမြင်လိုက်တဲ့အချိန်
"တောက်ခ်!"
ဒေါသရော စိတ်ပူတာကြောင့်ပါ လူကချက်ချင်းထရပ်လိုက်မိတော့ အလုပ်ထဲနစ်၍ အစားပုံမမှန်ခဲ့သောကြောင့် လူကယိုင်ခနဲ..
ထို့နောက် ထိုအမည်မသိ နံပါတ်တစ်ခုဆီ စာတစ်ဆောင်ပို့လိုက်၏။
"ငါ့ကလေး တစ်ခုခုဖြစ်ရင် မင်းကိုအသက်ရှင်ခွင့်မပေးဘူးဆိုတာယုံထားလိုက် မင်းကဘယ်သူဘဲဖြစ်နေပါစေ"
တကယ်ကိုထိုလူ့ကိုအသက်ရှင်ခွင့်ပေးမည်မဟုတ်။
ကလေးအရိပ်လေးတောင် အထိခိုက်မခံနိုင်တာကြောင့် ဆံခြည်တစ်မျှင်ဘဲ ထိကြည့်လိုက် လောကကြီးနှင့်အဆက်ပြတ်စေဖို့ သူကအာမခံသည်။
တစ်ယောက်တည်း အတွေးများနေစဥ် ဆန်ပြုတ်မှာတူးနံ့ရလာတာကြောင့် သတိပြန်ဝင်လာပြီး အမြန်ပြန်ချလိုက်ရသည်။
အဲလိုနဲ့ ကလေးနိုးလာရင် စားစရာတစ်ခုမှမရှိရင် ဆေးတိုက်လို့ရမှာမဟုတ်။
ဂယူ ဘာလုပ်ရမှန်းမသိ စဥ်းစားမရဖြစ်နေ
စဥ်ခါးနားတစ်ဝိုက်ဟာ နွေးခနဲ..
"ကလေးလေး ဘာလို့ အပြင်ထွက်လာတာလဲ
နေကောင်းတာလဲမဟုတ်သေးဘဲနဲ့ကွာ"
သူပြောတော့ ခါးဆီမှ ကလေး၏လက်နွေးနွေးလေးတွေဟာတင်းကျပ်လို့..
သိပ်မကြာလိုက်ပါ ဂယူ့နောက်ကျောအားမှီတင်၍ ကလေးငိုနေပြီဖြစ်ကြောင်း စိုစွတ်စွတ် ခံစားမှုကြောင့် သိလိုက်ရသည်။
ဂယူ့ ကလေးလက်လေးတွေကို အသာအယာဖြုတ်လို့ ကလေးနှင့်မျက်နှာချင်းဆိုင်လှည့်လိုက်တော့ ရင်ခွင်ထဲတန်းဝင်လာသည့်ကလေးငယ်..။
အခု သူ့ကို ရှက်နေတာလား ကလေးကလေ..
သေချာအောင် အတည်ပြုချင်တာမို့ ငုံ့ကြည့်လိုက်တော့ နားရွက်ဖျားတွေဟာနီရဲလျက်..
"ဟားး ကိုယ့်ကလေးက ရှက်တတ်နေပြီပေါ့လေ"
"ကိုကို မစနဲ့လို့!!"
ဂယူမှာ စလိုက်မိတာကြောင့် ရင်ဘတ်သို့
ယူဂျင်း၏လက်သီးစုတ်လေးတွေဖြင့် ထုရိုက်ခြင်းခံရသေးသည်။
"ကိုယ့်ကို မျက်နှာလေးပြပါအုံးကွာ ခဏနေက ငိုနေတာမလား ဟင် ဘာကြောင့်များလဲ ကိုယ်သိခွင့်ရှိမလားဟင်"
ကြင်ကြင်နာနာမေးလာတဲ့ကိုကို့အား ခေါင်းခါယမ်း၍ ယူဂျင်းငြင်းလိုက်သည်။
ဘာကြောင့်မှမဟုတ်ပါဘူးကိုကိုရယ်..
ဒီတိုင်း ကိုကို့ကို ပိုင်ဆိုင်ခွင့်ရတယ် ဆိုတဲ့စိတ်နဲ့ ပျော်မိလို့ပါ အတိုင်းမသိပေါ့..။
"ဟုတ်ပြီနော် ကလေးမပြောပြချင်လဲ ကိုယ်မမေးတော့ဘူး ဒါပေမယ့် ကိုယ်သိချင်တာနောက်ထပ်ရှိသေးတယ်"
ကိုကို့စကားကြောင့် ယူဂျင်းမှာ အနည်းငယ်ထိပ်လန့်သွားရသည်။
မဟုတ်မှ ကိုကိုများ....
"ကိုယ့်ကို အဖြေမပေးရသေးဘူးလေ ကလေးရာ"
ကိုကို့စကားကြောင့် ယူဂျင်းပြုံးမိမလိုတောင်ဖြစ်သွားရသည်။
မီးဖိုခန်းထဲ အဖြေလာတောင်းနေတဲ့ကိုကိုမှာ ယူဂျင်း စနမ်းလိုက်တာရော မှတ်မိသေးရဲ့လားမသိပါ။
"ကိုကိုကလည်း အနမ်းတောင်ပေးပြီးပြီဘဲ"
လူညစ်ကြီးကိုကိုကမရပါ..
"ကလေးရဲ့နှခမ်းပါးက ထုတ်ပြောတာကို ကြားချင်လွန်းလို့ ကိုယ်6နှစ်တောင်စောင့်လာခဲ့ရတာ ကလေးဆီက ကိုယ့်ကိုချစ်တယ်လို့ တစ်ခါမှမပြောခဲ့ဘူးလေ အဲဒါရောသိရဲ့လားဟင်"
တကယ်တမ်းစဥ်းစားကြည့်တော့လဲကိုကိုမမှားပါ။
ကိုက်ု့ကို ချစ်တယ်ဆိုတာ တိတ်တဆိတ်လက်ခံခဲ့ရပြီး ဘယ်သူမှမရိပ်မိခင်မြေမြှပ်လိုက်ရသည်ပင်။
တိတ်တဆိတ်သဝန်တွေတိုပြီး ဘယ်သူမှမသိခင် ပြန်နားလည်ပေးဖို့ ကြိုးစားမိခဲ့ခြင်း။
တစ်ယောက်တည်း ပစ်ပယ်ခံရမှာကြောက်ရွံ့ထိပ်လန့်နေခဲ့ရပြီး အားလုံးကိုရန်မူနေတတ်ခဲ့ခြင်းပင်။
"အဲဒီတော့ ကိုကိုက ယူဂျင်းကို 6နှစ်လုံး သဘောကျနေခဲ့တာပေါ့နော်"
ယူဂျင်းက နေမကောင်းနေသည့်ကြားမှပြုံးယောင်ယောင်လေးဖြင့် ကျေနပ်နေဟန်ပြောနေပုံမှာ ချစ်ဖို့ကောင်းလွန်းသည်။
"ကိုယ်ပြောခဲ့တယ်မလား ကလေးငယ် ကိုယ့်ကိုကလေးအပိုင်လို့ သတ်မှတ်ပေးပါလို့"
စတွေ့စဥ်က ကိုကိုပြောခဲ့သောစကား ထိုစကားဟာ အခုချိန်တွင် တကယ်ဖြစ်လာခဲ့သည်။
ယူဂျင်း သူ့ကိုယ်သူ ကံအကောင်းဆုံးလူသားအဖြစ် သတ်မှတ်လိုက်တော့သည်။
ကိုကို့ကိုတွေ့ဆုံခဲ့ရခြင်း ကိုကို့ဆီမှသဘောကျခြင်းခံခဲ့ရခြင်း အခုကိုကို့ကိုပိုင်ဆိုင်ရခြင်း အားလုံးဟာ အကောင်းဆုံးဆုလာဘ်တွေပင်။
"ကိုကို့ကိုလဲ ယူဂျင်းပြောခဲ့တယ်လေ သဘောကျပါတယ်လို့"
"ကလေးက လူလည်လေးကွာ မရဘူး ချစ်တယ်ဘဲကြားချင်တာ"
အဖြေမရမချင်း တောင်းဆိုနေတဲ့သူ့အပိုင်ကိုကိုဟာ အလုပ်ပင်ပန်းမှုကြောင့်ထင်သည် မျက်နှားလေးအနည်းငယ်ချောင်သွားပေမယ့်အတော်လေးကြည့်ကောင်းနေဆဲပင်ဖြစ်သည်။
ယူဂျင်း မျက်လုံးလေးတွေမှိတ်လို့ အားယူနေမိသည်။နှစ်တွေအကြာကြီး သိမ်းဆည်းထားတဲ့ခံစားချက်လေးအား ချစ်ရတဲ့ကိုကို့ဆီသို့ ဝန်ခံရတော့မည်။
ထိုအသိစိတ်ကြောင့် မျက်ရည်တွေအလိုလိုဝဲလာပြန်၏ နားရွက်ဖျားလေးဟာနီရဲလျက် နှခမ်းတွေတုန်ရီစွာ...
"ယူဂျင်း ကိုကို့ကိုချစ်တယ် ဟိုးအရင်ကတည်းကချစ်နေခဲ့တာ.."
ပြောပြီးသည်နှင့် ယူဂျင်းကိုကြည့်နေတာသိပေမယ့် ကိုကို့အားပြန်မော့မကြည့်ရဲစွာ ရင်ခွင်ကျယ်ထဲသို့ ပုန်းဝင်နေလိုက်တော့သည်။
နောက်ဆုံးတော့ တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက် အသိပေးဝန်ခံခဲ့ကြပြီးပြီ။
ထို့ပြင် လက်တွေကိုခိုင်မြဲစွာတွဲလို့ ဘဝခရီးဆုံးထိလျှောက်ချင်ပါသေးသည် ချစ်ရသောကိုကိုနှင့်ပေါ့..။
ထိုအချိန် သူတို့နှစ်ဦးသတိမထားမိခင်
ဧည့်ခန်းထဲရှိ ဟန်ယူဂျင်းဖုန်းထဲသို့ နံပါတ်စိမ်းတစ်ခုဆီမှ Messageတစ်စောင်ရောက်ရှိလာခဲ့သည်။
"မင်းနဲ့ကိုယ်တွေ့ဖို့အချိန်တန်လာပြီ ဟန်ယူဂျင်း"
ဟူ၍ပင်....
*****************
Words_1441
ဖတ်ရရောအဆင်ပြေကြရဲ့လားရှင်🥺