P O S S E S S I O N (Complete)

By Loeypann

20.2K 2.6K 416

"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး" More

Intro
1
2
3
4
5
6
7
8
9
11
12
13(Part_1)
13(Part_2)
14
15
16
17
18
19
20
21
22
23
24
25 (Final)
Thanks My Readers!!!
Plot Twist!
Extra (1)
Extra (2)
Extra (3)
Final Extra

10

672 88 8
By Loeypann

တစ်ရက်~ နှစ်ရက်~ သုံးရက်~လက်ချိုးရေတွက်ကြည့်လိုက်တော့ တစ်ပတ်တိတိရှိသွားပြီ။
ကိုကိုနဲ့ မတွေ့ရတဲ့ရက်တွေမှာ ယူဂျင်း အဖျားတက်ပြီး အိပ်ယာထဲလဲနေခဲ့ခြင်းဖြစ်သည်။
သူလဲသိပ်ပင်ပန်းပါသည် အမှန်အတိုင်း ပြောရရင် သူတို့နှစ်ဦး၏တွေ့ဆုံမှုမှာ နှစ်ယောက်လုံးအပေါ်နာကျင်မှုတွေပေး၏ ဒဏ်ရာတွေဖြစ်စေသည်။
ဒါက တွေ့ဆုံမှုမှားယွင်းခြင်းလို့ ခေါ်ရမလားပင်။

ကိုကိုနဲ့နှစ်ယောက်အတူရှိနေရင် စိတ်တွေအေးချမ်းရပြီး ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ဖူးသည်။

ဘယ်အချိန်က ဘယ်အရာကစမှားယွင်းသွားလဲမသိပါ။
အခုချိန်တွင်တော့ ကိုကို အနားရှိနေလျက် ဝေးနေရသလို ဂရုစိုက်ခံရပေမယ့် ပစ်ပယ်သွားမလားဆိုတဲ့စိုးရိမ်စိတ်တွေကြောင့် ထိပ်လန့်ခဲ့ရပေါင်းလဲများပြီဖြစ်သည်။
ဒီလူကငါ့အပိုင် ဟူ၍လဲ မာန်တက်ပြလို့မရတဲ့အခြေအနေမှာ ကိုကို့အနားလာကပ်သမျှ မိန်းကလေးတွေအား နည်းပေါင်းစုံနှင့်ခွာထုတ်ပစ်ချင်မိသည့် စိတ်တွေဟာ ပူလောင်ရသည်။

ဒါကို ကိုကိုမသိပါ။သူတို့နှစ်ဦးဟာ နီးလျက်နဲ့ဝေးနေကြတဲ့ပြိုင်မျဥ်းတွေလိုပင် အရမ်းနီးကပ်နေပေမယ့် မဆုံတွေ့နိုင်တော့သလို...

ကိုကို့ကို နှလုံးသားထဲက ထုတ်ဖယ်ပြစ်လိုက်ရမလား..
ပထမဆုံးအကြိမ် အတွေးထဲဝင်ရောက်လာသည့်အချိန်ပင်။

တကယ်ဆို ဟန်ယူဂျင်းဆိုတဲ့ သူက သိပ်ကိုသနားဖို့ကောင်းသည်။
မိဘလဲမရှိ ဆွေမျိုးသားချင်းလဲမရှိ ကိုကိုသာမရှိရင် ပျက်စီးနေတဲ့ကလေးတစ်ယောက်သာသာဖြစ်ကောင်းဖြစ်နိုင်သည်။

အဲလိုအခြေအနေတွေနဲ့သူက ကိုကို့ကိုသာ နှလုံးသားထဲကဖယ်ထုတ်နိုင်လျှင် ဘဝရောနှလုံးသားပါ ဆုတ်ပြတ်သပ်သွားနိုင်သည်တဲ့။

အခုချိန်ကိုဘဲကြည့်..
ဖျားနေတဲ့သူ့ကို ဆန်ပြုတ်ပူပူနွေးနွေးလေး ချော့တစ်ခါခြောက်တစ်လှည့် တိုက်ပေးမယ့်သူ
ဆေးခါးခါးတွေကို ချိုပါတယ်ကွာ လို့ညာလို့ ဂရုတစိုက်တိုက်ပေးမယ့်သူ
အပူတွေတက်နေတဲ့ သူ့ကို အဖျားကျစေရန် စိတ်ရှည်လက်ရှည် ရေပတ်တိုက်ပေးမယ့်သူ
အနားတွင်အလုပ်မသွားဘဲ အတူရှိပေးမယ့်သူ

အဲလိုလူ တစ်ဖြစ်လဲ ကိုကို မရှိတော့ သူ့အဖျားတွေဟာတစ်ပတ်တိတိကြာသွားပေမယ့် သက်သာမှုမရှိသေးပါ။

မျက်ရည်တွေဟာပူသည်။တွေးရင်းအားငယ်ရင်း နေမကောင်းဖြစ်လျှင် ဝမ်းနည်းလွယ်တတ်တဲ့သူ့စိတ်ကြောင့် မျက်ရည်ပူတွေဟာ ကျဆင်းနေလျက်...

"ကိုကို.."

နောက်တစ်ကြိမ် မျက်နှာချင်းဆိုင်တွေ့ကြတဲ့အခါ အဲဒီနာမ်စား ခေါ်ခွင့်ရပါအုံးမလား...

စောင်ပုံထဲတွင် မှိတ်ထားထဲမျက်ဝန်းတွေမှ မျက်ရည်ပူတွေဟာ အဆက်မပြတ်ကျဆင်းဆဲ...

ထိုအချိန်

"ဟန်ယူဂျင်း တံခါးဖွင့်စမ်း အခုချက်ချင်း!!!"

တံခါးအား တဒုန်းဒုန်း ထုရိုက်၍ အော်ဟစ်နေသောကိုကို..
နေမကောင်းဖြစ်နေရာမှ နားပါ တစ်ခုခုထိခိုက်မိသွားလားလို့ပင်ထင်မိသည်။

ကိုကို့ကို အရမ်းတောင်းတနေတာကြောင့် ဒီလောက်ထိ ကယောင်ကတန်းတွေဖြစ်နေမိပြီထင်သည်။

"ယူဂျင်း ကလေး ကိုယ့်ကိုတံခါးလာဖွင့်ပေးပါအုံးကွာ"

ငိုသံတွေပါ ပါလာတဲ့ကိုကို့အသံကြောင့် ယူဂျင်းမှာ အလောတကြီး အိပ်ယာမှထလိုက်မိရာ ခေါင်းပင်အတော်လေးကိုက်ခဲသွားရသည်။

"ကိုကို တကယ်ဘဲလား..."

လွှတ်ခနဲမေးခွန်းထုတ်လိုက်မိသည့်ယူဂျင်းပါလေ။

"ကိုယ်ပါ ကလေးရဲ့ကိုကိုပါကွာ ကိုကိုစိုးရိမ်လွန်းလို့ရူးမသွားခင် မျက်နှာလေးလာပြပါအုံးကွာ.."

ကိုကို့အသံအားထပ်အတည်ပြုလို့ သေချာသွားတော့ အဆမတန်ကျဆင်းလာတဲ့ မျက်ရည်တွေအား ဂရုမစိုက်နိုင်စွာ အဖျားကြောင့်သေလောက်အောင်ကိုက်ခဲနေတဲ့ခန္ဒာကိုယ်ကိုလဲ မေ့ပြစ်ထား၍  တံခါးနားဆီသို့ အ​မြန်သွားလိုက်မိသည်။

"ကိုကို ဟင့်"

တံခါးဖွင့်ဖွင့်ချင်း ကိုကိုက ယူဂျင်းအားသိမ်းကြုံးဖက်လို့ ငိုတော့သည်။

"ကလေးရာ..ကိုယ်စိတ်ပူရလွန်းလို့ ရူးတော့မှာဘဲ.."

တံခါးအားအလိုအလျောက် ပိတ်စေ၍ နှစ်ဦးလုံးဖက်တွယ်လျက်..

"ကိုကို ဘာလို့ အခုမှရောက်လာတာလဲ ယူဂျင်းဖျားနေမှာမသိတာလဲမဟုတ်ဘဲ ကိုကိုကပစ်ထားတယ် ဟင့် ကိုကို့ကိုလွမ်းနေခဲ့တာလို့!!"

ဂယူ့ရင်ဘတ်အား ထုရိုက်၍ ကလေးလို အော်ငိုနေသည့် ယူဂျင်းအား ပါးဖောင်းဖောငလေးတွေပေါ်မှမျက်ရည်တွေကိုဖွဖွသုတ်ဖယ်ပေး၍

"ကိုယ်လဲ မင်းကိုသိပ်လွမ်းနေခဲ့တာပါ"

ကိုကို့စကားကြောင့် ယူဂျင်းအဖျားတွေပိုတက်လာသလိုပင် တစ်ကိုယ်လုံးမီးခဲလေးလိုဖြစ်နေတော့သည်။
ကိုကိုက ဂရုမစိုက်စွာ ယူဂျင်းအား တင်းကျပ်စွာဖက်လို့

"ကိုယ် မင်းကို တကယ်လက်မလွှတ်တော့ဘူးကလေးငယ်"

ကိုကိုက သူပြောချင်တာကို ဆက်တိုက်ပြောနေသည်။
ဒီအချိန်မှမပြောရလျှင် နောင်တရသွားနိုင်သည့်ပုံစံမျိုးနှင့်ဖြစ်သည်။

"ကိုယ် မင်းကိုသိပ်ချစ်တယ် ယူဂျင်း မဟုတ်ဘူး သိပ်မြတ်နိုးတာ ကိုယ့်ဘဝမှာ ကလေးလောက်မြတ်နိုးရမယ့်လူ မရှိတော့ဘူးထင်တယ်.."

အချိန်တိုင်းလိုလို မျှော်လင့်ထားပေမယ့် ဖြစ်မလာနိုင်တော့ဟု လက်ခံလိုက်ချိန်
ထိုအရာက ရုတ်တရက်ကြီး ပေါ်ပေါက်လာခဲ့သည်။

ကိုကိုက ယူဂျင်းအားဖွင့်ပြောခဲ့ပြီ။ ကိုကိုက သူ့ကိုသိပ်မြတ်နိုးပါတယ်တဲ့...

"ကိုကို..."

"ဟုတ်တယ် ကိုယ် ယူဂျင်းကို ညီငယ်လေးတစ်ယောက်လိုမဟုတ်ဘဲ ချစ်သူတစ်ယောက်လို မြတ်နိုးနေခဲ့တာပါ ကိုယ်က မင်းကိုမြတ်နိုးရင်း ရှင်သန်လာခဲ့တာပါကလေးရယ်.."

ကိုကို့စကားတွေမှာ မြတ်နိုးချင်းထပ်လျက်..
မင်ဟီးနဲ့သူ့ကိုတွေ့လိုက်ရချိန် ဒေါသအကြီးအကျယ် ထွက်သွားသည့်ကိုကို့စိတ်ကို အခုချိန်တွင် ယူဂျင်းနားလည်ပေးနိုင်နေပြီ။

အိမ်မက်လားလို့ပင် ယူဂျင်းထင်မိ၏။
အိမ်မက်ဆိုရင်တောင် တစ်သက်တာမက်နေချင်သည့် အိမ်မက်လှလှလေးဖြစ်မည်။

"ကိုယ့်ကိုတစ်ခုခုပြောပါအုံးလားကွာ အခု ကလေး ကိုယ့်ကိုမုန်း..."

ဆက်ပြောမယ့်စကားတို့ရပ်တန့်သွားခြင်းမှာ ပူနွေးသွားတဲ့ ဂယူ့နှခမ်းတွေကြောင့်ဖြစ်မည်။
အချိန် တကယ့်ကိုခဏလေးဖြစ်ပေမယ့် နူးညံ့ခြင်း နွေးထွေးခြင်းတွေမှာ နှခမ်းမှတဆင့် နှလုံးသားထဲဆီသို့ တရိပ်ရိပ်..
အခုချိန်တွင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ မျက်ရည်ဝဲနေယုံသာတတ်နိုင်တော့သည်။

သူတို့နှစ်ဦး၏ နှလုံးသားမီးတောင် ကြီးပေါက်ကွဲထွက်သွားပြီ။
ထိန်းချုပ်ခြင်းကင်းမဲ့စွာ ခြားထားတဲ့စည်းအား အားမာန်နှင့်ချိုးလို့ နှလုံးသားချင်းနီးကပ်စေလိုက်တော့ သိပ်တန်ဖိုးကြီးတဲ့ အချစ်တွေသာရှိနေသည်တဲ့။

"အွန့်"

ယူဂျင်းဆီမှ အဖြေအား နားထောင်ရန်မလိုတော့စွာ ကိုကိုနှခမ်းတွေမှာ ယူဂျင်းနှခမ်းတွေဆီထပ်ရောက်ရှိလို့လာပြန်သည်။

ရူးရူးမူးမူးအနမ်းတွေအားဖလှယ်လျက် လွတ်ထွက်သွားမှာစိုးရိမ်နေဟန် ဖက်တွယ်ထားကြသည်မှာတင်းတင်းကျပ်ကျပ်..

ယူဂျင်းခေါင်းလုံးလုံးအား လက်ဖဝါးကျယ်ကျယ်ဖြင့်ထိန်းကိုင်၍ ကိုကိုကအနမ်းတွေကိုရှေ့ဆက်စေသည်။

ဖျားနေသည့်ကလေးအား အလွတ်မပေးစွာ လွမ်းခဲ့ရတဲ့အချိန်တွေအတွက်အတိုးချနေသလားမှတ်ရသည်။

ဂယူ့ခါးစအားဆုတ်ကိုင်ထားတဲ့ယူဂျင်း၏လက်လေးတွေ တင်းကျပ်လာတော့မှ လွှတ်ပေးသည့်ကိုကို။

"ကိုကို ဘာလို့ ယူဂျင်းကို အချိန်အကြာကြီး စောင့်ခိုင်းခဲ့တာလဲဟင်"

ကိုကိုက ယူဂျင်းဆံပင်လေးတွေအား ဖွဖွသပ်၍ နဖူးသို့ အနမ်းနှုးနှုးညံ့ညံ့ပေးကာ

"အချိန်တွေ ကြာအောင် စောင့်နေစေမိလို့ ကိုယ်ကတောင်းပန်ပါတယ် အဲဒီအစား ပိုတိုးလို့ချစ်ပါ့မယ်ကလေးငယ်"

ဂယူ့အဖြေကြားပြီးနောက် ယူဂျင်းမှာ စိတ်လျော့လိုက်ဟန် ဂယူ့ရင်ခွင်ထဲတွင်ပင် ပိန်သွယ်သွယ်ခန္ဒာကိုယ်လေး ပျော့ခွေသွားတော့သည်..။

*****************

Words_1382

ရည်းဂျားလေးတစ်ယောက်တောင် မထားဖူးတဲ့ဇမ ဒီအပိုင်း ကြိုးစားရေးထားတာမို့ လိုအပ်ချက်လေးတွေရှိနိုင်ပါတယ်နော်><
ဟူးးးမျက်နှာတွေပူထူနေရော ကိုယ်ပြောထားတဲ့အတိုင်း သကြားလေးအရင်မြည်းကြည့်နော် ပြီးရင်>>>

ဟုတ်ပြီ Promotion Time!!!
အတင်းအကျပ်ကြီးတော့မပြောပေမယ့် ဒါလေးကိုလဲ ဖတ်ပေးကြရင် သိပ်ကောင်းမှာပါဘဲ ကိုယ့်အရေးအသား ဖတ်ရအဆင်ပြေတယ်ဆိုရင်ပေါ့လေ🦋
OTPက Gunhaoပါ shipတူလေးတွေရှိရင် သွားဖတ်ပြီး RLထဲထည့်ပေးကြအုံးနော်💗


Continue Reading

You'll Also Like

219K 9.1K 24
Where Lewis Hamilton goes to a cafe after a hard year and is intrigued when the owner doesn't recognise him. "Who's Hamilton?" Luca says from the ba...
105K 3.3K 78
Alastor X Female Reader You and Alastor have been best friends since you were 5 years old. With Alastor being the famous serial killer of your time...
894K 54.8K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
195K 10.3K 44
╰┈➤ *⋆❝ 𝐲𝐨𝐮 𝐭𝐡𝐢𝐧𝐤 𝐢'𝐝 𝐩𝐚𝐬𝐬 𝐮𝐩 𝐚 𝐟𝐫𝐞𝐞 𝐭𝐫𝐢𝐩 𝐭𝐨 𝐢𝐭𝐚𝐥𝐲? 𝐢 𝐥𝐢𝐭𝐞𝐫𝐚𝐥𝐥𝐲 𝐤𝐞𝐞𝐩 𝐦𝐲 𝐩𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐢𝐧 𝐦𝐲 �...