မန္တလာမြေမှ ချစ်သက်သေ

Av Chicomosa29

937 66 16

မောင့်ကိုချစ်တဲ့အချစ်ကလေ... မန္တလေးမြို့တော်ကြီးလိုပဲ နန်းဆန်တယ် လှတယ် မရိုးသွားအောင်အသက်ဝင်တယ်.. Mer

Intro
1
2
3
4
6
7
8
ရပ်နား
9

5

67 6 1
Av Chicomosa29

"သူ့ရုံးခန်းကပဲစောင့်နေလိုက်မယ် ကျနော်က သူ့ရဲ့.. သူငယ်ချင်းပါ"

ဟုတ်တယ် ငါဖြေတာမှန်တယ်
အသည်းက ငါ့ကို သူ့အသိတွေထဲ တရားဝင်မိတ်ဆက်ပေးပါ့မလား

"ဟုတ်ကဲ့ ဒုတိယထက် ရောက်ရင် ညာကွေ့လိုက်ပါ Dr. Lhoon Khit Han လို့ ရေးထားတဲ့ အခန်းပါ"

"Ok "

လင်းထည်ဝါမောင် လွန်းခေတ်ရဲ့ အခန်းရောက်တော့ ပတ်ပတ်လည်အကဲခတ်မိသည်
စားပွဲ ထိုင်ခုံ ဗီရို
ဟင် ဗီရို ပေါ်က ပုံ
နိုင်ငံခြား မထွက်ခင်ကပုံ
တနည်း အနောက်ကရိုက်ထားတဲ့ပုံ

ဟား အသည်းရာ ချစ်တတ်လိုက်တာ

အချိန်အတန်ကြာ စောင့်ပြီးတဲ့အခါမှာတော့
လွန်းခေတ် အခန်းဝင်လာသည်

"ဟင် မင်း ဘယ်လိုရောက်နေတာလဲ"

"‌ကားစီးပြီး လမ်းလျှောက်တယ်
လမ်းလျှောက်ပြီး အပေါ်ထပ်ကို
ဓာတ်လှေကားစီးလာတယ် စီးပြီးတော့ မင်းအခန်းဆီ လမ်းလျှောက်လာတယ်"

"အဲ့တာ မင်းပြောမှလား ချီး"

"စားလိုက်"

"မသာ"

"ဟက် ဘာတွေ အဲ့လောက် စွာနေတာလဲ
အသည်း"

"အသည်း စိတ်‌ထဲ ရှိတာတွေ အကုန်ကိုယ့်ကို ပြောလေ ဒါမှ ဖြေရှင်းရမှာပေါ့"

"ငါပင်ပန်းနေတယ် နားချင်တယ်"

"အသည်း"

"....."

"ကောင်းပြီ ကိုယ်လိုက်ပို့မယ် အိမ်ပြန်မှာ မလား"

"အင်း"

"သွားစို့"

************
ညရောက်သောအခါ

📱📱📱📱📱
ဆက်တိုက်လာသောဖုန်းကို လွတ်းခေတ်မကိုင်ဘဲ ကြည့်နေမိသည်

တကယ်ဆို မင်းအမှားမှ မဟုတ်တာ
တစိမ်းတယောက်ကြောင့် ငါမောင့်အပေါ် ဒီလိုမလုပ်သင့်ဘူးထင်တယ်

📱📱📱📱

နောက်တစ်ကြိမ် ဝင်လာသော ဖုန်းအား ကိုင်လိုက်သည်

"အင်း "

"အသည်း ဘာလို့မကိုင်ရတာလဲ"

"မောင် ငါပြောစရာရှိတယ်"

"သိတယ် အသည်းမှာ ပြောစရာတွေရှိမှန်း သိတယ် အသည်းဖွင့်ပြောလာမယ့် အချိန်ကို စောင့်နေတာ ကိုယ့်ကိုမချန်ဘဲ ပြောမယ်မလား"

"အင်း "
နေ့လည်က စိမ့်လဲ့စံ ကိစ္စတွေရော အကုန်ပြောပြလိုက်သည်

"တကယ်ဆို သူနဲ့သွားမတွေ့ခင် အသည်း ကိုယ့်ကိုပါ ခေါ်သင့်တာ"

"ထားပါ တကယ်လို့ တနေ့နေ့တချိန်ချိန်
စိမ့်လဲ့စံ နဲ့ ငါ့ဆို မင်းဘယ်သူ့ကိုရွေးမလဲ"

"အသည်း စိမ့်လဲ့စံဆိုတာ ကိုယ်နဲ့မဆိုင်တော့တဲ့သူပါ အသည်းနဲ့ယှဉ်ဖို့ကို မလိုအပ်တာ"

"အင်း"

"အသည်း ကိုယ်လေ ညနေကဘာတွေ့ခဲ့တယ် ထင်လဲ"

"ဟင် ဘာတွေ့တာ"

"အသည်းရုံးခန်းထဲမှာလေ"

"ဟင် ဟာ မြင်သွားလား"

"မမြင်ပါဘူး တွေ့ခဲ့ရုံလေး"

"ဘာကွာလို့လဲ ချီး"

"စားလိုက်"

"မောင် မင်းနော်"

"အသည်းအရင်ပြောတာလေ"

"ဟုတ်ပီကွာ "

"ဟားဟား ဒါပဲအသည်း"

"နေအုံး မောင် မနက်ဖြန် ညနေသွားစရာရှိတယ်"

"မောင်ကောလား"

"အွန်း မောင်ရော တူတူလိုက်ခဲ့
မောင်နဲ့သွားမှဖြစ်မှာ"

"ရင်တွေတောင် ခုန်လာပြီကွာ"

"အဟက် ဒါဆို ဒါပဲနော် မောင် ချစ်တယ်"

"အွန်း မောင်ကော ချစ်တယ်နော် အသည်း"

*****************
မနက်ခင်းထမင်းစားဝိုင်းတွင်

"သား လွန်းခေတ်လေးနဲ့ အခြေနေသား"

"ဟုတ်မေမေ သားတို့အဆင်ပြေပါတယ်"

"သား ဟိုတနေ့က စိမ့်လဲ့စံ ကုမ္မဏီနဲ့လက်တွဲတယ်ဆို ဖေဖေအဲ့မိန်းကလေးကို သဘောမကျဘူးသား"

"ဟုတ်တယ်ဖေဖေ ကျနော်က မန်လီကို သူပိုင်မှန်းမသိဘူးလေ"

"အင်း ငါ့သား အခု လွန်းခေတ်လေးလဲရှိနေပြီဆို အနေထိုင်ဆင်ခြင်သား"

"ဖေဖေ သားသူ့ကို သံယောဇဉ်တောင်မရှိတော့ဘူးဖေဖေ အခုသားမှာ လွန်းခေတ်ရှိနေပြီ သားသူ့ကို တစ်ဘဝစာရည်ရွယ်တယ်ဖေဖေ"

"အင်း ငါ့သားကို ဖေဖေယုံတယ် ငါ့သားက ဖေဖေ့ကို ကတိပေးခဲ့သလို ကတိလဲတည်ခဲ့တယ် ငါ့သားကို ဖေဖေယုံတယ်"

"ကျေးဇူးပါဖေဖေ "

"သား သားလွန်းလေးနဲ့ မဂ်လာကိစ္စ ဘယ်လိုလုပ်ချင်လဲ"

"သား လွန်းခေတ်သဘောအတိုင်းပဲ လုပ်ချင်တယ် မေမေ"

"ဟုတ်ပြီသားတို့ အဆင်သင့်ဖြစ်ရင် မေမေတို့ကို အသိပေး "

"ဟုတ်မေမေ သားအလုပ်သွားတော့မယ်"

"သား ဖြေးဖြေးမောင်းနော် ကားကို
သားအရင်နေခဲ့တဲ့နိုင်ငံနဲ့မတူဘူး
မြန်မာနိုင်ငံက ကိုယ်မှန်ရင်တောင် သူများကလာတိုက်တာမျိုးသား"

"ဟုတ်မေမေ သားသွားပြီ"

"အေးသား"
*************
လွန်ခဲ့သော ၇နှစ်ကျော်ခန့်က လင်းထည်ဝါမောင် နိုင်ငံခြားမသွားခင် သူ့မိဘနဲ့ စကားပြောခဲ့သည်

"သား အခုလိုသွားတာ ရည်ရွယ်ချက်ရှိတယ်မလား"

"ရှိတယ်ဖေဖေ သား‌ပြောပြတာကို ဖေဖေတို့လက်‌ခံပေးရမယ် အခုတော့မဟုတ်ပါဘူး
သားပြန်လာမှပါ"

"သား အခုလို သွားတဲ့ထိတောင်ဆိုတော့ သားရည်ရွယ်ချက်က ကြီးပုံပဲ"

"သားမေမေတို့ကို အခုထုတ်ပြောပြမလား"

"ရတယ်မေမေ အခုပြောပြမယ့်ဟာကို ကျွန်တော်ပြန်မလာမချင်း လွန်းခေတ်ဟန်မသိပါစေနဲ့ မေမေ"

"ပြောကြည့်လေသား"

"သား လွန်းခေတ်ဟန်ကို သဘောကျတယ် ဖေဖေ မဟုတ်ဘူး ချစ်တာ သားသူ့ကို ဘာနဲ့မှယှဉ်လို့မရအောင် ချစ်မိနေပြီ ဖေဖေ"

"မေမေလဲတစ်ခုပြောပြမယ်သား
မေမေတို့နှစ်ဖက်မိဘတွေက သားတို့ကို အစကတည်းက လက်ထပ်ဖို့စီစဉ်ပြီးသားလေ
သားလဲသိတာပဲ"

"ဟုတ်မေမေ သားလဲတကယ်ဆို ဘယ်ခွဲချင်ပါ့မလဲ သူနဲ့တူတူဆေးတက်ချင်ပေါ့
ဒါမယ့်မေမေ လွန်းခေတ်က ဆေးဝါငနာပါနေတယ် စီးပွားရေးစိတ်ဝင်စားပုံမပေါ်ဘူး"

"အဲ့တော့ သာပြောချင်တာက??"

"သားပြောချင်တာက မေမေရယ်
သားနိုင်ငံခြားသွားတာ ပြန်လာရင် နှစ်ဖက်လုံး ကုမ္မဏီကို ဦးစီးနိုင်အောင်ပါ
လွန်း‌ခေတ်ကို သူဝါသနာပါတာပဲ လုပ်ခိုင်းချင်လို့ပါ"

"ငါ့သားက တော်တော်တွေးထားတာပဲ"

"ဖေဖေတို့လက်ခံပေးမလား"

"အင်း ဖေဖေတို့မိဘတွေက အချိန်တန်သားတို့ကိုပဲ အမွေတွေပေးမှာဆိုပေမယ့် သားတို့အဆင်ပြေရင်ပြီးတာပါပဲ"

"ဟုတ်"

"ဒါဆို မဂ်လာ ကိစ္စကော သား"

"သားအဲ့ကိစ္စကို ဒီတိုင်းပဲထားခဲ့မယ်မေမေ
သားပြန်လာမှ သားအပိုင်ကို သားပြန်သိမ်းမယ်မေမေ သားသူ့ကို မချုပ်ချယ်ခဲ့ချင်ဘူး"

"သား သဘောလေ"

"လွန်းခေတ်မိဘတွေကို နားလည်အောင်အောင် ပြောပြပေးဖို့ ဖေဖေနဲ့မေမေကိုပဲ အကူညီတောင်းပါရစေ"

"ဟုတ်ပြီသား စိတ်ချသွား"

"ကျေးဇူးပါ ဖေဖေနဲ့မေမေ"

*************
လွန်းခေတ်ဆေးရုံတွင် လူနာကြည့်နေချိန်

💌💌
"အသည်းဘယ်ချိန်လာခေါ်ရမလဲ"

"ညနေ 4နာရီလောက်
လူနာကြည့်နေလို့ ဘိုင့်"

"ဟုတ်ပြီအသည်း"💌💌

********
လင်းထည်ဝါမောင် ဆေးရုံ‌ရှေ့ခနစောင့်နေစဉ် လွန်းခေတ်ဟန် မှာ အပြေးလေးထွက်လာလေသည်

"စောင့်ရတာကြာသွားလား"

"အသည်းရယ် ဖြေးဖြေးလာပါ မောနေပြီ ကြည့်"

"ဟီး မောင် ကားကို ငါမောင်းမယ်"

"အင်း အသည်းသဘော"

🚘🚘🚘🚘🚘
"အသည်း ဘယ်သွားနေတာလဲ"

"မောင်ဒီလမ်း မမှတ်မိဘူးလား"

"မောင် ၇နှစ်ကျော်ဆိုတော့ သိပ်မမှတ်မိဘူး"

"အဟက် မောင်ရာ သေချာစဉ်းစားကြည့်ပါ
ဟိုအရှေ့မှာ မြင်နေရတာတွေက ဘာတွေလဲ"

"ဟင် တံတားကြီး အာ မှတ်မိပြီ "

"ပြောကြည့်"

"ဦးပိန်တံတား"

"အင်းမှန်တယ် မောင်နဲ့တူတူ တံတားကို ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်နဲ့ အဆုံးထိလျှောက်ချင်တယ်"

"ကိုယ်မှတ်မိပြီ တံတားကို ချစ်သူရည်းစားတွေ ဟိုဘက်ဒီဘက် အဆုံးလျှောက်ရင်
ညားတတ်တယ်တဲ့"

"အင်း မောင်နဲ့ညားအောင်လို့"

"အသည်းကကွာ မဟုတ်လဲ မောင်တို့ကညားမှာပါ"

"ဘာဖြစ်ဖြစ်လေ ငါကမောင်နဲ့တူတူလျှောက်ချင်တာ"

"ဟုတ်ပြီ အသည်းလာ"

တံတားပေါ်တွင် လက်တွဲကာ လျှောက်ရင်း

"ညနေခင်းဆိုတော့ နေအေးတယ်နော် မောင်"

"အင်း အသည်း အေးအေးလူလူလေး"

"မောင် ".

"အင်း အသည်း"

"ဦးပိန်တံတားကို တောင်သမန်အင်းတံတားလို့လဲ ခေါ်သေးတယ် သိတယ်မလား"

"အွန်း မောင်မှတ်မိတယ် "

"3967ft(1209m) ရှည်တယ်"

"အဲ့တာတော့မောင်မမှတ်ထားမိဘူး"

"အွန်း ပြီးတော့ ဒီတံတားအကျယ်က တစ်လမ်းသွားတဲ့"

"...."

"အဲ့တော့ကွာ မောင့်ကို ဒီနေ့ ဒီကို ခေါ်လာရတဲ့ရည်ရွယ်ချက်က
ဘယ်လောက်ပဲ‌ရှည်လျားပါစေ
မောင့်လက်သာတွဲပြီး မောင်နဲ့ပဲ အမြဲ တစ်လမ်းထဲလျှောက်မယ် ဆိုတဲ့ အဓိပ္ပာယ်ကို ပြောပြချင်လို့ ခေါ်လာတာ မောင်"

"အသည်း"

"ငါကအပိုတွေမပြောဘူးမောင်
မင်းကို လက်တွေ့ဆန်ဆန်ပဲ ချစ်မှာ
မင်းကို ခုနှစ်နှစ် ကျော်တောင် ငါ့သစ္စာရှိရှိ စောင့်ခဲ့တယ်မောင်"

လင်းထည်ဝါမောင် လွန်းခေတ်ကိုသာ စိုက်ကြည့်နေမိသည်

"ငါ မင်းကို ချစ်တယ် လင်းထည်ဝါမောင်
ဒီတံတားကြီးကို တိုင်တည်ပြီး မင်းကိုချစ်တယ်"

"အင်း ကိုယ်လဲမင်းကို ချစ်တယ် အသည်း"

"ချစ်တယ်ဆိုတာထက် ပိုလေးနက်တဲ့ စကားရှိရင် ပြောချင်ပါရဲ့ မောင်"

"မောင် အသည်းကို ချစ်တဲ့အချစ်ကလေ အသည်းထက်မပိုရင်တောင် အသည်းအောက်မရောက်ပါဘူး"

"အွန်း ငါတို့အချစ်‌ေတွကို ညီမျှခြင်း လမ်းပေါ်မှာပဲ လျှောက်လှမ်းကြရအောင် မောင်"

"မောင် သိပ်ချစ်တယ် အသည်းရယ်"

"ချစ်ရင် ထန်းရည်သောက်ရအောင်"

"အသည်းရာ ဖောက်တယ်နော် အဆိုးလေး"

"ဟီး သောက်မယ်မလား"

"ညနေစောင်းနေပြီလေ အသည်းရယ်
ထန်းရည်ပျက်ရင် ဝမ်းလျှောလိမ့်မယ် အသည်းရ"

"နည်းနည်းလေ တအိုးနှစ်ယောက်သောက်မယ်လေ ကြွက်ကြော်စပ်စပ်လေးနဲ့"

"အသည်း ကိုယ့်ကိုကိုယ်ဆရာဝန်ဆိုတာသတိရပါအုံး အစားက အရမ်းမက်တယ်နော်"

"မောင်ကလဲ ထန်းရည်ဆိုတာ ကြွက်ကြော်စပ်စပ်လေးနဲ့မှ လိုက်တာ"

"လာပါမောင်ရ တူတူ သွားသောက်ကြမယ်"

***********
ညရောက်သောအခါ လင်းထည်ဝါမောင် ဝမ်းပျက်လေသည်

📱📱📱📱
"ဟယ်လို"

"ဟင် မောင် အသံကပျော့လှချည်လား"

"အသည်း မောင် ဝမ်းပျက်နေတယ်"

"ဟင် ငါတောင်ဘာမှမဖြစ်ဘူး မောင်ကဘယ်လိုဖြစ်တာ"

"မသိဘူး အသည်းရယ် မောင် ဝမ်းသွားတာ ၄ခါရှိပြီ"

"ငါလာပြ‌ီမောင် မင်းကိုယ်ပိုင်အိမ်မှာမလား"

"မလာပါနဲ့အသည်းရယ် မိုးချုပ်နေပြီ"

"ငါလာပြီမောင်"

"မဟုတ်...တီ..📱"

"အော် ချသွားပြီ "

ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ

📱📱"မောင် ငါရောက်နေပြီ တံခါးလာဖွင့်ပါအုံး"📱📱တီ

ကျွီ...

"မောင်ရာ ဘယ်လိုတွေဖြစ်တာတုန်း"

"မသိပါဘူး အသည်းရယ်"

"နှုတ်ခမ်းတွေတောင် ဖျော့နေပြီ လာလာ
ဆေးသောက်နော်"

"ဟင်"

"မဟင်နဲ့လေ လိုရမယ်ရ ဆေးတွေယူခဲ့တာ
သောက်ဆေး ထိုးဆေး အကုန်ပါတယ်"

"အွန်း အွန်း"

"ရော့ မောင် ဖြေးဖြေးသောက်"

"အင်း "

"လာ ခနလှဲ"

"....."

"အဆင်ပြေလား မောင်"

"ပြေတယ် မောင့်အသည်း မောင့်ကြောင့် အလုပ်ရှုပ်ရပြီ"

"အဲ့လိုတွေမပြောနဲ့ စိတ်ဆိုးမှာ"

"ဟုတ်ပြီ ကိုယ်မပြောတော့ဘူးနော်"

"မောင့်အတွက် စားစရာတစ်ခုခုသွားလုပ်အုံးမယ်"

"ရတယ် အသည်း မလုပ်"

"ပိတ်ထားလိုက် အဲ့ပါးစပ်ကို အခုမင်းကငါ့လူနာ ငါပြောတာနားထောင်"

လွန်းခေတ်ဟန်ရဲ့ အပြောင်းလဲမြန်မှုကြောင့် လင်းထည်ဝါမောင် ဘာမှ မပြောနိုင်တော့ပေ။

လွန်းခေတ် လင်းထည်ဝါမောင်အတွက် ဆန်ပြုတ်ကို တခါထဲ အေးပြီးသာယူလာလိုက်သည်

"ရပြီ ထ မောင် ဆန်ပြုတ်စားရအောင်"

"အသည်း မောင်ဆန်ပြုတ်မကြိုက်ဘူး"

"ဟင် ငါက လုပ်ခဲ့ပြီလေ"

"ကိုယ်မသောက်နိုင်လောက်ဘူး
ကိုယ်မကြိုက်ဘူး"

လွန်းခေတ် ဘာမပြော ညာမပြောနဲ့ ဆန်ပြုတ်တွေကို အားရပါးရ ငုံလိုက်ကာ
လင်းထည်ဝါမောင် နှုတ်ခမ်းကို ဖိကပ်လိုက်သည်

အစက လင်းထည် ကြောင်နေရာမှ သဘောပေါက်ကာ ပါးစပ်ဖွင့်ပေးလိုက်တော့ ဝင်လာတဲ့ ဆန်ပြုတ်တွေ

"အဟက် ဒေါက်တာလွန်းခေတ်ဟန်တို့က
သောက်ဆန်းနော် လူနာကို ဆန်ပြုတ်ကျွေးတာ မိုက်နေရော"

"‌မင်းနော်"

"ထပ်ကျွေးလို့ရမလား ‌ေဒါက်တာခဗျ"

"အဟက် "

ဒီလိုနဲ့တစ်ပန်လုံးကုန်သွားသည်ထိ
ထိုနည်းအတိုင်းသာကျွေးလိုက်လေသည်

#chico

ဦးပိန်တံတားပုံပါ

Fortsett å les

You'll Also Like

2.7M 22.9K 8
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
713K 27.6K 77
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
747K 68.2K 36
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
1M 88.2K 138
This is the continuation of short story collection 'Love me thoda aur '.