မေကုန်းချင်

By phyolay1991

122K 10.1K 76

New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမ... More

မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းရှင်
မေကုန်းရှင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
chapter 132
chapter 133
chapter 134
chapter 135
chapter 136
chapter 137
chapter 138
chapter 139
chapter 140
chapter 141
chapter 142
chapter 143
chapter 144
chapter 145
chapter 146
chapter 147
chapter 148
chapter 149
chapter 150
chapter 151
chapter 152
chapter 153
chapter 154
chapter 155
chapter 156
chapter 157
chapter 158
chapter 159
chapter 160
chapter 161
chapter 162

မေကုန်းချင်

988 78 0
By phyolay1991

Chapter-31

ပိုးပန်းခြင်း

ချန်ရုံ၏ခြံဝင်းထဲတွင်ဖြစ်သည်။

အထိန်းတော်ဖျင်မှာ ပျော်ရွှင်စွာပြုံးရယ်ရင်း လူအုပ်ကြီးအား နှုတ်ဆက်နေလေ၏။ မကြာသေးမီက စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ပတ်သက်၍ စိုးရိမ်ခဲ့ရသော်လည်း တစ်ခဏအတွင်း၌ပင် အရာအားလုံးအလျှံအပယ်ပြန်ဖြစ်သွားခဲ့လေပြီ။ပိုးထည်နှင့် အထည်အလိပ်တို့ဖြင့် ပရိဘောဂ ၊အဝတ်အစားသစ်များအား လဲလှယ်နိုင်ရုံသာမက သာမန်အိမ်တစ်လုံးပင် ဝယ်ယူ၍ရသေးသည်။

အထိန်းတော်ဖျင်က ငွေနှင့်ကုန်ပစ္စည်းများအားကြည့်ကာ ချန်ရုံအားတစ်ချက်ပြန်ကြည့်လိုက်၏။သူမ၏သခင်မဖြစ်သူမှာ လေးနက်ပြီးမှန်းဆ၍မရနိုင်ပါ‌ပေ။

ချန်ရုံတစ်ယောက် ဓားမြှောင်ယူပြီးထွက်လာကတည်းက အထိန်းတော်ဖျင်ခမျာ တုန်လှုပ်နေခဲ့သည်။သို့သော်လည်း သခင်မလေးမှာ လုံခြုံစွာဖြင့်စိတ်ချလက်ချ ပြန်ရောက်လာရုံသာမက ဦးရီးတော်ထံမှ ဆုလာဘ်တော်များကိုပင် ရရှိလာသေး၏။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး

များမကြာမီ၌ပင် နေလုံးကြီးက အနောက်ဘက်အရပ်သို့ နစ်ဝင်သွားခဲ့ကာ မီးပုံးများက ထိန်လင်းလာခဲ့သည်။

ချန်ရုံမှာ အိမ်အကူများအား အိမ်တွင်း၌ နေစေရုံသာမက အစေခံများကိုလည်း မီးအိမ် မီးပုံးများမသုံးကြဘဲ အသံမထွက်အောင်နေရန် ညွှန်ကြားထားလေ၏။

ခြံဝင်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။လခြမ်းကွေးဖျော့ဖျော့ကလေးက ကောင်းကင်ယံတွင် ချိတ်ဆွဲထားလျက်ရှိနေပြီး ကျူပင်ရိုက်ခတ်သံများနှင့် ၊ ပုလွေသံတို့က မြေပြင်နှင့် လေထုထဲသို့ ပျံ့လွင့်ကာ လွမ်းဆွေးဖွယ်ရာဆောင်းဦးရာသီနှင့်အတူ ရောယှက်သွားသည်။

ချန်ရုံမှာ သူမ၏ခြံဝင်းထဲတွင် မတ်တပ်ရပ်နေခဲ့ပြီး ပင်မခြံဝင်းဘက်မှ ရယ်မောသံများကို ကြားလိုက်ရလေ၏။ယနေ့ည စုဝေးပွဲက ချန်မျိုးနွယ်ဝင်တိုင်းအတွက် အလွန်အရေးကြီးပြီး ဤပွဲမှတစ်ဆင့် မြောက်ပိုင်းမှ အထက်တန်းလွှာများက သူတို့ပြန်လည်ရောက်ရှိလာကြောင်းကို နန်ယန်မှ အထက်တန်းလွှာများထံ အသိပေးကြမည်ဖြစ်သည်

ထိုမျှသာမက အထက်တန်းလွှာလူပျိုများကလည်း ဤပွဲသဘင်ကိုမှီခို၍ ၎င်း၏ငယ်ရွယ်ပျိုမျစ်မှုကို ဖွင့်ထုတ်ပြကာ ချန်မျိုးရိုးမိန်းမငယ်များမှာလည်း သူမတို့မှာ လက်ထပ်ထိမ်းမြားနိုင်သော အပျိုကလေးများဖြစ်ကြောင်း အရိပ်အခြည်ပြကြမည်ဖြစ်သည်။

အတိတ်ကိုသာပြန်လည်မမှတ်မိခဲ့ပါက ချန်ရုံမှာ ဤပွဲအား မည်သည့်အကြောင်းနှင့်မှ ငြင်းပယ်မည်မဟုတ်ပေ။

သူမသည် ပွဲတွင်း၌ထင်ပေါ်နိုင်အောင် အစွမ်းကုန်ကြိုးပမ်းပြီး  နန်ယန်ရှိအကြီးအကဲအားလုံးထံမှ အာရုံစိုက်မှုကိုရရှိအောင် အတတ်နိုင်ဆုံးစွမ်းဆောင်သွားမည်သာ ဖြစ်သည်။

ချန်ရုံကမျက်လွှာချလိုက်ပြီး သစ်ရွက်ခြောက်များပေါ်မှ နင်းဖြတ်ကာ ခြံတော်ဝင်းနောက်ဖေးရှိ တောအုပ်ငယ်ကလေးဆီသို့ ဦးတည်သွားလိုက်၏။

ကောင်းကင်ယံတွင် လခြမ်းကွေးကလေးရှိနေပြီး မြေပြင်ပေါ်၌မူ အထီးကျန်ဆန်သောအငွေ့အသက်များဖြင့်ပြည့်နှက်နေလေသည်။

အချိန်မည်မျှကုန်ဆုံးသွားကြောင်း မသိလိုက်ချိန်မှာပင် ချန်ရုံတစ်‌ယောက် အနောက်မှနီးကပ်လာသောခြေသံများအား  ကြားလိုက်ရတော့၏။

လင်းထိန်နေသောမီးအိမ်များအား ကိုင်ဆောင်ထားကြသည့် အစေခံတစ်စုက သူမ၏ခြံဝင်းထဲသို့ ဝင်ရောက်လာကြသည်။အဖိုးစွင်းက မည်သည်ကိုမှ မမေးရသေးမီမှာပင် လူအုပ်ထဲမှတစ်ယောက်က စကားစလာခဲ့သည်။

"ချန်အိမ်တော်က အားရုံ ရှိသလားဗျ"

- ငါ့ကိုရှာနေတာလား -

အားရုံတစ်ယောက် တုန်လှုပ်သွားတော့၏။

အဖိုးစွင်း တုံ့ဆိုင်းနေချိန်မှာပင် အထိန်းတော်ဖျင်က ဝင်ပြောလိုက်သည်။

" ကျွန်မတို့သခင်မလေးက နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေပါတယ် "

ထိုအခါ အစေခံများက အချင်းချင်းကြည့်လိုက်ကြပြီး ထိုထဲမှတစ်ယောက်က ဆက်လက်၍ ပြောဆိုလာခဲ့သည်။

“ဝမ်အိမ်တော်က သခင်လေးချီလန်က ညစာစားပွဲမှာ သခင်မလေးချန်ကိုမတွေ့လို့ ကျွန်တော်တို့ကို စေလွှတ်ပြီး ဖိတ်ခေါ်ခိုင်းလိုက်တာပါ  ... နန်ယန်မင်းသားတောင်မှ သခင်ဝမ်ချီလန်ကို မဆန့်ကျင်နိုင်ပါဘူး ... အထိန်းတော်ကြီး ... သခင်မလေးကိုမေးကြည့်ပေးပါ ... တတ်နိုင်ရင် ဖြီးလိမ်းပြင်ဆင်ပြီး ပွဲကိုလာခဲ့ပေးပါလို့ ... ဒီအခွင့်အရေးက တကယ်ကိုရခဲပါတယ် "

ထိုတစ်ယောက်၏ပြောစကားက အလွန်ရိုးရှင်းလေ၏။

တစ်ဖက်လူမှာ ဤကဲ့သို့ပြောလာသည့်ပုံအရ ထိုစကားများက အမှန်ဖြစ်ရမည်။သူပြောခဲ့သည့်အတိုင်း ဤအခွင့်အရေးမှာ ရတောင့်ရခဲပင်။

အထိန်းတော်ဖျင်က ချန်ရုံရပ်နေသောအမှောင်ထုဘက်သို့ မသိမသာစိုက်ကြည့်ကာ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း တစ်ဖက်မှ မည်သည့်အသံမှ ထွက်မလာပေ။

အထိန်းတော်ဖျင်က သက်ပြင်းချရင်း အိမ်တော်တွင်းရှိအိပ်ခန်းတံခါးဆီသို့ ဟန်ဆောင်လမ်းလျှောက်သွားခဲ့သည်။သူမက အကြိမ်အနည်းငယ်ခန့် အသံမြှင့်၍ခေါ်ဆိုပြီးနောက်တွင် ခြံဝင်းထဲသို့ပြန်ထွက်လာပြီး အစေခံများဘက်သို့လှည့်၍ အားနာပါးနာပြောလိုက်၏။

"စိတ်မရှိပါနဲ့ ... သခင်မလေးက အိပ်ပျော်နေတယ်ထင်တယ် "

" နှမျောစရာပါပဲဗျာ "

ထို့နောက် ရှေ့ဆုံးတန်းမှ အစေခံနှစ်ယောက်က  ဦးညွှတ်လျက် နှုတ်ဆက်ထွက်ခွာသွားတော့သည်။ထိုအချိန်တွင် အထိန်းတော်ဖျင်တစ်ယောက် ထိုသူတို့ဝတ်ဆင်ထားကြသောလန်ယာရှိ ဝမ်အိမ်တော်မှအစေခံဝတ်စုံများအား သတိပြုမိသွားလေ၏။သူတို့သည် အမှန်တကယ်ပင် ဝမ်ချီလန်၏အမှုထမ်းများဖြစ်ကြပြီး ဤကဲ့သို့အပြောအဆို နူးညံ့သိမ်မွေ့လျက် ယဉ်ကျေးပျူငှာနေသည်မှာ အံ့ဩစရာမကောင်းလှချေ။

အထိန်းတော်ဖျင်က ရုတ်တရက်ကြီးစိတ်အလိုမကျဖြစ်သွားပြီး ချန်ရုံရပ်နေသောအမှောင်ထုထဲသို့ အားမလိုအားမရဖြင့် စူးစိုက်‌ကြည့်နေခဲ့သည်။

မီးရောင်များဝေးကွာသွားချိန်တွင် ချန်ရုံက အ‌မှောင်ထဲမှ ထွက်လာခဲ့၏။သူမက အထိန်းတော်ဖျင်၏အကြည့်များကိုလျစ်လျူကာ ပွဲကျင်းပရာပင်မခြံဝင်းရှိရာဘက်သို့လှည့်ကြည့်လိုက်သည်။

" ဒီအခွင့်အရေးက တကယ်ကို ရခဲတာပဲ "

အမှောင်ထုထဲတွင်  ချန်ရုံ၏မျက်ဝန်းများက အံ့ဩစရာကောင်းလောက်အောင်တောက်ပနေ၏။

"အထိန်းတော်ဖျင် ....  မိန်းမငယ်လေးက  လူတိုင်းရှေ့မှာ ဝမ်ချီလန်ကို ချစ်ခွင့်ပန်လိုက်ရင် ဘယ်လိုဖြစ်မယ်ထင်လဲ "

ချန်ရုံက အဆက်အစပ်မရှိစွာ ရှည်ရှည်ဝေးဝေးပြောလာသဖြင့် အထိန်းတော်ဖျင်တစ်ယောက် စိတ်ရှုပ်ထွေးကာ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။

သို့သော်လည်း ချန်ရုံ၏အကြည့်များမှာ အထိန်းတော်ဖျင်ထံတွင်မရှိဘဲ သူမက ပွဲကျင်းပ‌ရာနေရာကိုသာ ဆက်လက် စိုက်ကြည့်နေလေသည်။အချိန်အနည်းငယ်ကြာပြီးနောက်မှသာ သူမက စကားဆက်လာခဲ့၏။

“ သူ့ဘက်က ကျွန်မကို ဆိုးဆိုးရွားရွား မငြင်းဆိုသရွေ့... ကျွန်မကို အရှက်ရအောင် မလုပ်သရွေ့… ”

ထိုအချိန်တွင် အထိန်းတော်ဖျင်မှာ တစ်ဖက်လူ၏‌ဆိုလိုရင်းအား ကောင်းကောင်းကြီးနားလည်သဘောပေါက်သွားသည်။

" သခင်မလေး ... အဲ့လိုမလုပ်ရဘူးနော် ... ဝမ်ချီလန်နဲ့ တွဲခုတ်လို့ဘယ်ဖြစ်မလဲ ... နန်ယန်က လူတွေအကုန် ဟားတိုက်ကုန်ကြမှာပေါ့ "

ချန်ရုံက အကြည့်လွှဲလိုက်ပြီး ခေတ္တစဉ်းစားကာ အိပ်ခန်းဘက်သို့ ချာခနဲ လှည့်ထွက်သွားသည်။

အထိန်းတော်ဖျင်မှာ သူမ၏သခင်မအကြောင်းကို ကောင်းကောင်းသိပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သို့သောအတွေးများရှိနေသည်ကို မှန်းဆနိုင်၏။

အထိန်းတော်ဖျင်က ချန်ရုံ၏အနောက်သို့အမှီလိုက်သွားကာ ရတက်မအေးဖြစ်စွာဖြင့် တစ်ဖက်လူ၏လက်မှ ဝတ်ရုံစကို အမြန်လှမ်းဖမ်းဆွဲလိုက်သည်။

" သခင်မလေး...သခင်မလေး ... မလုပ်ပါနဲ့ ... ဦးရီးတော်ချန်စူးလည်းရှိသေးတာပဲလေ ... ဦးရီးတော်က သခင်မလေးကို ခင်တွယ်ရှာပါတယ် ... တစ်ခုခုဆို ကူညီပေးမှာပါ "

“သူ မကူညီနိုင်ပါဘူး ...  ပိုးထည် ၊  အထည်အလိပ်နဲ့ ရွှေသားတွေ ပေးပြီးသွားပြီလေ ... နောက်ထပ်ကူညီမှာမဟုတ်တော့ဘူး ... သူ့အကျင့်စရိုက်အရဆိုရင် လုံးဝကို ထပ်ကူညီတော့မှာမဟုတ်ဘူး " ချန်ရုံက အနောက်သို့လှည့်မကြည့်ဘဲပြောသည်။

ချန်စူးပြောခဲ့သောစကား၏အဓိပ္ပါယ်က ရှင်းလင်းပြီး သူသည် သူမအား ဤတစ်ကြိမ်သာ ကူညီပေးရန် ရည်ရွယ်ထားလေ၏။အကယ်၍သာ မနက်ဖြန်နှင့် သဘက်ခါများတွင် နန်ယန်မင်းသားဘက်မှ သူမအား တောင်းခံလာသည်ဖြစ်စေ ၊ ထိုသို့မဟုတ်ပါကလည်း အကြီးအကဲများကသာ အတင်းအကြပ်စီစဉ်လာခဲ့လျှင် ချန်ရုံမှာ အဆုံးအစွန်အထိ ဖိအားပေးခံရဦးမည်သာ ဖြစ်လေသည်။

ယခုလည်း ဝမ်အိမ်တော်မှ ချီလန်က သူမအား လူအများရှေ့တွင်  အခေါ်တော်လွှတ်လိုက်၏။ချီလန်၏သူမအပေါ်အလေးထားမှုမှာ နန်ယန်မင်းသားထံမှ အာရုံကို ဆွဲဆောင်နိုင်ရန် လုံလောက်သည်။မင်းသား၏စကားတစ်ခွန်းဖြင့် သူမသည် ယနေ့ည၌ ဝမ်အိမ်တော်ထဲသို့သယ်ဆောင်သွားခြင်းခံရနိုင်ပြီး ဤကမ္ဘာပေါ်တွင် ချန်အိမ်တော်မှ အားရုံသည်လည်း ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။ဤတိုးတက်မှုများအားလုံးကို လက်ဦးမှုရယူကာ ထိန်းချုပ်ထားရန်လိုအပ်ပေ၏။ဖြစ်နိုင်ချေတစ်ဝက်သာရှိသည်ဆိုလျှင်ပင် ကျိန်းသေပေါက်အကောင်အထည်ဖော်ရမည်။

ချန်ရုံက အိပ်ခန်းတံခါးကို ခပ်ပြင်းပြင်းတွန်းလိုက်ပြီး အထိန်းတော်ဖျင်၏လက်ကိုရုန်းဖယ်ကာ အခန်းထဲသို့ဝင်သွားတော့၏။

နှစ်နာရီကြာပြီးနောက် ချန်ရုံတစ်ယောက် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ယခုထွက်လာသူမှာ ကနဦးမှ ချန်ရုံကိုယ်တိုင်ပင်ဖြစ်သော်လည်း ဤတစ်ကြိမ်၌ သူမသည် နေ့ခင်းကဝတ်ဆင်ခဲ့သော အဝါနှင့်ခရမ်းစပ်ထားသည့်ဝတ်စုံကို ပြန်လည်ဆင်ယင်ထားကာ ဆံနွယ်များကိုချပြီး သစ်သားဖိနပ်များကိုစီးထားလေ၏။တစ်ခုတည်းသောကွာခြားချက်မှာ ယခုတစ်ကြိမ်၌  ရတနာများစီခြယ်ထားသောဓားမြှောင်ကို ခါးတွင်ချိတ်ဆွဲထားခြင်းဖြစ်သည်။

ချန်ရုံလမ်းလျှောက်သောအခါတွင် ထိုဓားမြှောင်က သူမ၏ခါးပန်းပေါ်ရှိ ကျောက်စိမ်းအဆင်တန်ဆာနှင့် တိုက်မိပြီး အသံထွက်ပေါ်လာ၏။

အထိန်းတော်ဖျင်မှာ သူမ၏သခင်မ‌လေးက အခန်းထဲသို့နှစ်နာရီကြာ ဝင်သွားခဲ့ပြီး မည်သည်မှမလုပ်ဘဲထွက်လာကြောင်းကို မယုံနိုင်ဖြစ်ခဲ့ရသည်။သူမက ချန်ရုံအား မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့လေ၏။

ချန်ရုံက အထိန်းတော်ဖျင်အား ပြုံးပြကာ ခါးကိုင်းလိုက်ပြီး သူမ၏ဗျပ်စောင်းကို ကောက်ယူလေသည်။

ထို့နောက်သူမက အထိန်းတော်ဖျင်၏အရှေ့မှ ဖြတ်သန်းပြီး သစ်သားဖိနပ်များဖြင့် အေးဆေးစွာ လျှောက်လှမ်းသွားတော့၏။ပိတုန်းရောင်ကေသာ ဆံနွယ်များက ချန်ရုံ၏ ပုခုံးထက်တွင် ဝဲဖျာကျနေပြီး ခြေတစ်လှမ်းလှမ်းချိန်တိုင်း၌ ထိုဆံသားများက လှုပ်ယမ်းသွားသည်။

အထိန်းတော်ဖျင်မှာ ချန်ရုံ၏နောက်ကျောပြင်အားစိုက်ကြည့်ရင်း အတွေးများနေလေ၏။

သူမ၏သခင်မလေးက ချစ်စရာကောင်းလှသည်။ချန်မျိုးရိုး မိန်းကလေးများကြားတွင်သာမက နန်ယန်တစ်လွှားတွင်ပါ ထိုကဲ့သို့ချစ်စရာကောင်းပြီး ကျက်သရေရှိရှိလှပသောအမျိုးသမီး အနည်းငယ်သာရှိသည်။

အထိန်းတော်ဖျင်မှာ အချိန်အနည်းငယ်ကြာသည်အထိ မလှုပ်မယှက်ဖြစ်နေခဲ့ပြီး သူမ အသိစိတ်ပြန်ဝင်လာချိန်တွင် ချန်ရုံမှာ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။သခင်မလေးမှာ ခေါင်းမာလွန်းပြီး စကားနားမထောင်ဟု အထိန်းတော်ဖျင်က တွေးလိုက်ပြီး သူမသည် အဖိုးစွင်းအား လှမ်းခေါ်လိုက်ကာ ပင်မခြံဝန်းဆီသို့ အပြေးအလွှားဦးတည်သွားခဲ့၏။

ထိုအချိန်၌ ချန်ရုံမှာ အိမ်ပြင်သို့ သစ်သားဖိနပ်များဖြင့်တစ်လှမ်းချင်း လျှောက်လှမ်းသွားနေခဲ့သည်။

Xxxxxx

Continue Reading

You'll Also Like

6.7K 742 22
ဆယ်လာသည် တစ်နေ့သူမဖတ်နေသည် နိုဗယ်ထဲသို့ကူးပြောင်းရောက်ရှိသွားသည်။ ထိုနိုဗယ်ထဲမှာ ပျက်ကပ်ကြီးကိုဇာတ်အိမ်တည်ထားသောကြောင့် သူမအလွန်ကြောက်နေမိသည်။ အရေးကြ...
2.6K 402 7
လူတိုင်းရဲ့ ဘဝမှာ လမ်းပျောက်သွားတဲ့ အခိုက်အတန့်ဆိုတာ ရှိတတ်ကြတာပဲ ။ တစ်ခါတစ်ရံကျတော့ ကိုယ်လျှောက်နေတဲ့ လမ်းက မှန်ရဲ့လား ? ကိုယ့်အိပ်မက်တွေနောက်လိုက်...
124K 18.5K 43
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်...
39.1K 3.6K 105
💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်း...