ရှေးဖြစ်ဟော ဆရာသခင် (MM Trans...

By shunleikhin

13.9K 1.9K 22

English Title - "Fortune Teller Master" Author - 信用卡 (Xinyongka) Chapters Status - Completed (138 Chapters +... More

ရှေးဖြစ်ဟော ဆရာသခင်
အပိုင်း(၁.၁) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၁.၂) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၂.၁) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၂.၂) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၃.၁) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း(၃.၂) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း (၄.၁) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၄.၂) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၅.၁) ရဲအရာရှိငယ်လေး
အပိုင်း (၅.၂) ရဲအရာရှိငယ်လေး
အပိုင်း (၆.၁) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၆.၂) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၇.၁) တားဆီးခံရသည့် ကံတရား
အပိုင်း (၇.၂) တားဆီးခံရသည့် ကံတရား
အပိုင်း (၈.၁) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၈.၂) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၉.၁) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၉.၂) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၁၀.၂) ဖြောင့်မတ်သော ဆရာသခင်
အခန်း (၁၁.၁) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အခန်း (၁၁.၂) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အပိုင်း (၁၂.၁) တမူထူးခြားသော ဗေဒင်ဆရာ
အပိုင်း (၁၂.၂) တမူထူးခြားသော ဗေဒင်ဆရာ
အခန်း (၁၃.၁) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အခန်း (၁၃.၂) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အပိုင်း (၁၄.၁) Making a wedding dress for others
အပိုင်း (၁၄.၂) Making a wedding dress for others
အပိုင်း (၁၅.၁) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၅.၂) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၆.၁) ဒဏ်ခတ်ခံရခြင်း

အပိုင်း (၁၀.၁) ဖြောင့်မတ်သော ဆရာသခင်

383 65 0
By shunleikhin

Unicode


လိပ်ခွံ‌လေးသည် လင်းချင်းယင်၏ အသိစိတ်ပင်လယ်ထဲမှ ပြေးထွက်လာပြီး ကြွပ်ဆတ်သော အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ လင်းချင်းယင်၏ မျက်နှာသည် ဖြူဖျော့လာပြီး သူ(မ) မျက်လုံးများကို မှိတ်လိုက်မိသည်။ ခဏအကြာတွင် ရိုက်ခတ်ခြင်း၏ နာကျင်မှုသည် တဖြည်းဖြည်း ပျံ့နှံ့သွားသောအခါ၊ သူ(မ)သည် ကုတင်ပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်ရှိ လိပ်ခွံလေးကို ကောက်ယူလိုက်သည်။

ဤလိပ်ခွံသည် သူ(မ)၏ ယခင်ဘဝက လင်းချင်းယင်၏ မှော်လက်နက် တစ်ခုဖြစ်ခဲ့သည်။ ၎င်းသည် သူမနှင့်အတူ ကျင့်ကြံခဲ့ကြပြီး သူ(မ)၏ အသိစိတ်ပင်လယ်ထဲတွင် သိမ်းဆည်းခံခဲ့ရသော သူ(မ)၏အဖော်ဖြစ်သည်။

သူ(မ)သည် ၎င်းနှင့်အတူ နှစ်ပေါင်း ၁၀၀၀ နေထိုင်ခဲ့ပြီး၊ ၎င်းနှင့်အတူ အဆင့်တက်ရန် မိုးကြိုးဘေးဒုက္ခကိုလည်း လုပ်ဆောင်ခဲ့သည်။ လင်းချင်းယင်သည် ကောင်းကင်မှ နောက်ဆုံး မိုးကြိုး မထွက်ပေါ်လာမီ သူ(မ)၏ လက်ထဲတွင် ကျိုးပြတ်သွား‌တော့မ‌ည့် လိပ်ခွံလေးကို ကိုင်ထားကြောင်း သတိရမိသည်။

သူ(မ)သည် လိပ်ခွံလေးနှင့် သူ(မ)၏ ခန္ဓာကိုယ်က မိုးကြိုးကြောင့် ပျက်စီးသွားသည်ဟု ထင်ခဲ့သည်။ မထင်မှတ်ပဲ၊ လိပ်ခွံလေးက သူ့အလိုလို ကျုံ့သွားပြီး သူ(မ)၏ အသိစိတ်ပင်လယ်ထဲမှာ ပုန်းနေခဲ့၏။

လင်းချင်းယင်သည် လိပ်ခွံလေးပေါ်ရှိ မျဉ်းကြောင်းများကို ပွတ်သပ်လိုက်သည် ။ လိပ်ခွံ‌လေးသည် လင်းချင်းယင်၏ ထွက်သက်ကို ခံစားလိုက်ရသောအခါ၊ ၎င်းသည် လင်းချင်းယင်၏လက်ကို တရင်းတနှီး ပွတ်သပ်ပြီး မလှုပ်မယှက် ဖြစ်နေသည်။

လင်းချင်းယင်၏ အဆင့်တက်လာခြင်းသည် ကြီးမားလှသော ဘေးဒုက္ခတစ်ခုအဖြစ် အဆုံးသတ်သွားသည်။ လိပ်ခွံလေးသည် အသိစိတ်ပင်လယ်ထဲတွင် ပုန်းအောင်းနေနိုင်သော်လည်း မိုးကြိုးပစ်မှုများစွာကိုလည်း ခံခဲ့ရသည်။ ၎င်း၏ စိတ်ဝိညာဉ်သည် ပြင်းထန်စွာ ပျက်စီးခဲ့သည်။ ၎င်းသည် အသိစိတ်ပင်လယ်ထဲသို့ ပြေးမဝင်ခင် ၎င်း၏ ဝိညာဉ်စွမ်းအင်အားလုံးသည် ကုန်ခန်းသွားခဲ့ပြီးဖြစ်၏။

လိပ်ခွံလေးကို စိတ်နှလုံးပူဆွေးစွာဖြင့် ထိလိုက်စဉ်၊ လင်းချင်းယင်သည် သူ(မ)၏ သွားများကို အံကြိတ်ကာ ပြောလိုက်သည်။

"ပြောပါဦး၊ မင်းက အသိစိတ်ပင်လယ်ထဲမှာ အေးအေးဆေးဆေး နေနေတာပေါ့။ ဒါဆို ဘာလို့ ထွက်လာတာလဲ။ ငါ့မှာ ကျင့်ကြံဖို့ စိတ်ဝိညာဉ်စွမ်းအင် လုံလုံလောက်လောက် မရှိဘူး။ ဒါပေမယ့် အခုတော့ တစ်ဝက်ကို မင်းအတွက် သုံးရတော့မယ်! မင်းက တကယ်ကို ဒုက္ခပေးတဲ့ ကောင်လေးပဲ!"

တုံ့ပြန်မှုမရှိသော လိပ်ခွံလေးကို ကြည့်ရင်း လင်းချင်းယင်က ၎င်းကို ခေါင်းအုံးပေါ်တွင် ဂရုတစိုက် တင်လိုက်သည်။ သူ(မ)က ဆေးကြောသန့်စင်ကာ သွားတိုက်ပြီးနောက်၊ ပုံမှန်အတိုင်း ဗေဒင်ဟောခြင်းကို စတင်ခဲ့သည်။ ဗေဒင်ဟောနည်းကို ဖတ်ပြီးနောက် လင်းချင်းယင်သည် သူ(မ)၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ဖက်တီးဝမ်ဆီသို့ စာတစ်စောင် ပေးပို့ခဲ့သည် –

"မင်း ဒီနေ့ ဆက်ပြီး လေ့လာနေလား"

စာကို လက်ခံရရှိပြီးနောက် ဖက်တီးဝမ်က အော်ဟစ်လုနီးပါးဖြင့် "ဆရာသခင်၊ စာကျက်ရတာ ဘယ်လောက်ခက်လဲဆိုတာ ဆရာ မသိဘူး!"

လင်းချင်းယင်: "......" မဟုတ်ဘူး ငါသိတယ်!


*

နောက်နေ့ မနက်စောစောတွင် သူ၏ မျက်လုံးများကို ဖွင့်ပြီးနောက်၊ အဖေကျန်းသည် ကုတင်ပေါ်ကနေ ရုတ်တရက် ထထိုင်လိုက်၏။ သူက ခေါင်းလှည့်ပြီး အိပ်‌ပျော်နေသော ဇနီးသည်ကို နှိုးလိုက်သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် သူ(မ)ကို ကြည့်ကာ ပြောလိုက်သည်။

"မိန်းမ၊ ကိုယ် ၅ သန်းတန် စာချုပ်ချုပ်ပြီး စရန်ငွေ  ၂.၅ သန်း ရခဲ့တယ်လို့ အိပ်မက် မက်ခဲ့တယ်"

"အဲဒါ အိပ်မက်မဟုတ်ဘူး။ ရှင် မနေ့က စရန်‌ငွေကို ရခဲ့တယ်။ စက်တွေကို ပြုပြင်ဖို့ တစ်ယောက်ယောက်ကို ခေါ် ပြီး ကုန်ကြမ်းတစ်သုတ်ကိုလည် မှာယူခဲ့တယ်။ ရှင်၊ ကျွန်မတို့ရဲ့ ဝန်ထမ်းဟောင်းတချို့ကိုလည်း ဆက်သွယ်ခဲ့‌သေးတယ်"

အမေကျန်းက အိပ်ယာပေါ်တွင် ရယ်မောရင်း

"အဘိုးကြီးကျန်း၊ ရှင် ဒါကို ၁၀ ဆကျော်လို့တောင် ပြောခဲ့ဖူးတယ်။ ကျွန်မ ပြောနေတာ ဒါက အိပ်မက်မဟုတ်ဘူး။ ဒါအမှန်ပဲ!"

အဖေကျန်းက ရယ်မောလိုက်ပြီး သူ့အဝတ်အစားများကို ရှာရန် စိတ်လှုပ်ရှားစွာဖြင့် အိပ်ယာပေါ်ကနေ ခုန်ဆင်းလိုက်သည် -

"ကိုယ်တို့တွေ အလုပ်မစခင် ဆရာသခင်ကို ကျေးဇူးတင်ဖို့ တစ်ခုခု ဝယ်ကြရအောင်။ မင်း ပြောတာ၊ သူ(မ)က အံ့အားသင့်စရာပဲ မဟုတ်ဘူးလား..."

အဖေကျန်းသည် တီရှပ်အင်္ကျီကို ယူကာ လှည့်ကြည့်ပြီး အမေကျန်းအား ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လူတော်တော် များများကို တောင်းပန်ခဲ့ရတယ်။ ဘဏ်တွေ၊ သူငယ်ချင်းဟောင်းတွေ၊ ဖောက်သည်ဟောင်းတွေ။ ငါ သူတို့ကို လိုက်ရှာပေမယ့် ဘယ်သူမှ ငါ့ကို ဂရုမစိုက်ခဲ့ကြဘူး။ ဒီ လူအိုကြီးကျောက်ကိုပဲ ကြည့်လိုက်၊ စာချုပ်ကို နမူနာအနေနဲ့ လက်မှတ်ထိုးခိုင်းခဲ့ပြီး သူက သူ့ရဲ့တံခါးကို ကြိမ်ဖန်များစွာ ပိတ်ပစ်ခဲ့တယ်။ အမှန်အတိုင်းပြောရရင်၊ ကိုယ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတယ်။ တစ်နေ့နေ့မှာ ပြန်လာနိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"

အမေကျန်းက ခေါင်းကို အထပ်ထပ်အခါခါ ညိတ်ပြလိုက်သည် -

"ပြောပါဦး။ ဆရာသခင်က အရမ်း မငယ်လွန်းဘူးလား။ ဘယ်လိုလုပ် ဒီလောက်‌တောင် တော်ရတာလဲ။ ဒါကို ဘယ်သူကမှ မယုံမှာ ကြောက်မိတယ်"

"မင်း ဘာသိလို့လဲ။ ဒီလို ကျွမ်းကျင်မှုမျိုးက အရည်အချင်းပေါ်ပဲ မူတည်တယ်"

အဖေကျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"တချို့က လမ်းပေါ်မှာ ဆိုင်ဖွင့်တဲ့ ဒီအတိုင်း လူလိမ်တွေချည်းပဲ။ တချို့က ဆရာသခင်လိုပဲ ဒီလို ထမင်းပန်းကန်ကို စားဖို့ မွေးဖွားလာကြတာ။ သူတို့က အဲဒါကို လုပ်ဖို့ နှစ်ပေါင်းများစွာ လေ့လာနေစရာမလိုဘူး!"

အမေကျန်းက သူ့အား မကူမကယ်နိုင်ဘဲ ရယ်မောလိုက်သည်။

"ဆရာသခင်ငယ်‌လေးက ကျွန်မတို့ အိမ်တံခါးကို ဝင်လာတုန်းက၊ ရှင်က သူ(မ)ကို မကြည့်ချင်သလိုနဲ့ သူ(မ)ရဲ့ အိမ်စာတွေ ပြီးသွားပြီလားလို့တောင် မေးလိုက်‌တယ်။ ဆရာသခင်ငယ်လေးက ရှင့်ကိုတောင် စိတ်ဆိုးသွား‌သေးတယ်။ တခြားသူဆိုရင်တော့ ရှင့်ရဲ့ကံတရား မပြောင်းလဲမှာကို ကျွန်မ ကြောက်မိတယ်။ အဲဒါထက် ရှင့်ကို ပိုပြီး ကံဆိုးစေလိမ့်မယ်"

အဖေကျန်းက ပြုံး၍ ပြောလိုက်သည် - "ဒါက ငါ့မှာ မျက်လုံးမရှိလို့ပဲ!"

နှစ်ယောက်သား စကားပြောနေကြစဉ် သူတို့ရဲ့တံခါးက ရုတ်တရက် တွန်းဖွင့်ခြင်း ခံလိုက်ရသည်။ ကျန်းဝေသည် သူ၏ဖုန်းကို ကိုင်ထားရင်း စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာသည် -

"အဖေ၊ ချန်ယွီချန်ရဲ့ ကုမ္ပဏီကို မနေ့က လိမ်လည်မှုအတွက် ဖော်ထုတ်ခံခဲ့ရပြီး၊ ဒီနေ့ပဲ သူ့ရဲ့အခွန်ရှောင်မှုနဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံတစ်ခုကို ဖော်ထုတ်လိုက်ကြတယ်။"

"မြန်မြန် ပြစမ်း!" အဖေကျန်းက ဖုန်းကို ကိုင်လိုက်ပြီး အပေါ်မှာရှိတဲ့ ခေါင်းစဉ်ကို ကြည့်လိုက်၏။ သူသည် ခံစားချက်များ ရောထွေးနေလျက်။ ယခင်က ချန်ယွီချန်၏ ကုမ္ပဏီသည် အလွန်ရေပန်းစားခဲ့သည်။ သူ့လုပ်ငန်းအား အကြီးကြီး ချဲ့ထွင်ဖို့ စီစဉ်နေသည်လို့ ကြားခဲ့သည်။ မမျှော်လင့်ပဲ၊ ညတွင်းချင်းပင် အကျပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

ဖြစ်ရပ်မှန်အားလုံးက သူတို့၏ရှေ့မှာ ရှိနေသည်။ လူတွေက ချန်ယွီချန်ဟာ အပြစ်မရှိဘူးလို့ ပြောရင်၊ သူတို့က ယုံမှာ မဟုတ်ကြဘူး။

ဆရာသခင်ငယ်လေးလင်း၏ အဆိုအရ ဤသည်မှာ အစသာ ဖြစ်သည်။ အခြားသူ၏ကံကို လုယက်ခြင်းသည် ဤစကားလုံးတွင် လက်မခံနိုင်ဆုံး အရာဖြစ်သည်။ ချန်ယွီချန် လုပ်‌နေသည့် ခါးသီးသော အသီးအပွင့်များသည် သူ့နောက်တွင် တန်းစီနေသေးသည်။

သုံးယောက်သား မနက်စာ စားပြီးသည်နှင့် လက်ဆောင် ဝယ်ရန် စျေးဝယ်ထွက်ကြသည်။ ဒါပေမဲ့ သူတို့မှာ ခေါင်းကိုက်စရာ တစ်ခုရှိသည်။ ဆရာသခင်ငယ်လေးလင်းကို ဘာပေးရမလဲ မသိ‌ပေ။

လင်းချင်းယင်သည် အလွန်ငယ်သေးသည်။ သူ(မ)အတွက် ရှေးဟောင်းပစ္စည်းများ၊ ကျန်းမာရေး ထုတ်ကုန်များနှင့် လက်ဖက်ရည်များ ပေးပို့ရန် အလွန် မသင့်လျော်ပေ။ သူတို့က အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေ ဝယ်ခြင်းသည်လည်း အရမ်းများလွန်းသည်ဟု ထင်မိသည်။

နောက်ဆုံးတွင် ကျန်းဝေသည် ဆရာသခင်ငယ်လေးလင်းက ကျောက်စိမ်းကို နှစ်သက်ပုံရသည်ကို သတိရမိသည်။ ထို့ကြောင့် သူတို့၏နှလုံးသားကို ပြသရန် ကျောက်စိမ်း အဆင်တန်ဆာများနှင့် စာအိတ်အနီကို ပေးပို့ခြင်းက ပိုကောင်းပါသည်။

အဖေကျန်းနှင့် အမေကျန်းသည်လည်း ဒီအကြံက တော်တော်‌ ကောင်းသည်ဟု ထင်ခဲ့သည်။ မိသားစုက ကျောက်စိမ်း ရောင်းသည့်ဆိုင်များသို့ သွားကာ ကျောက်စိမ်းလက်ကောက်ကို ဝယ်ခဲ့ကြသည်။ အမေကျန်းသည် စူပါမားကတ်မှ နို့နှင့် သစ်သီးများကို ထပ်မံ ဝယ်ယူခဲ့သည်။ ထို့နောက် သုံးယောက်သား လင်းချင်းယင် ရေးထားခဲ့သော လိပ်စာအတိုင်း နေထိုင်ရာ နေရာသို့ သွားခဲ့ကြသည်။

ရှုပ်ပွနေသော ဝိုင်ယာကြိုးများဖြင့် ဟောင်းနွမ်းနိမ့်ကျနေသော အဆောက်အအုံများကို ကြည့်ရင်း အဖေကျန်းက သက်ပြင်းချကာ

"သူ(မ)က တကယ် ဆရာသခင် တစ်ယောက်ပဲ။ လောကီအရာတွေနဲ့ ဇိမ်ခံပစ္စည်းတွေကို ဂရုမစိုက်ဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူ(မ)မှာ ဒီလို ထူးချွန်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ အံ့သြစရာ မရှိပါဘူး"

ကျန်းဝေ: "......" ဆင်းရဲတာကြောင့် မဟုတ်ဘူးလား။


စင်္ကြံရှိ ပြန့်ကျဲနေသော အရာများကို ရှောင်ရှားပြီးနောက်၊ သူတို့သုံးယောက်သည် နောက်ဆုံးတွင် လင်မိသားစု နေထိုင်သည့် တတိယထပ်သို့ ရောက်ရှိလာကြသည်။ အဖေကျန်းက သူ့လက်ကို တံခါး‌ခေါက်ရန် မြှောက်လိုက်သော်လည်း တံခါးက တွန်းဖွင့်ခံလိုက်ရသည် - "ဝင်လာခဲ့ပါ"

အဖေကျန်းက အံ့သြသွားပြီး "ဆရာသခင်၊ ကျွန်တော်တို့ ဒီကိုလာမယ်ဆိုတာကို တွက်ချက်ပြီးသွားတာလား"

လင်းချင်းယင်သည် မီးဖိုချောင်အဖြစ် လုပ်ဆောင်နေသော လသာဆောင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည် -

"ကျွန်မ ပန်းကန်ဆေးနေတုန်း ရှင်တို့ လာတာကို မြင်လိုက်ရတယ်"

အ‌ဖေကျန်းက "...... ဟား ဟား၊ ဆရာသခင်လင်း၊ ဆရာက ပန်းကန်ဆေးနေတာတောင် တကယ့်ကို နှိမ့်ချတဲ့သူပဲ!"

လင်းမိသားစု၏အိမ်သည် ကျန်းမိသားစု၏ အိမ်‌ဟောင်းထက် သေးငယ်သည်။ ဧည့်ခန်းထဲတွင် အလွန်ဟောင်းသော ဆိုဖာတစ်လုံးသာရှိသည်။ အတွင်းရှိ အမြှုပ်များက ပေါက်နေသောကြောင့် လင်းချင်းယင်၏ အမေက အိပ်ရာခင်း အဟောင်းများကို တမင် ဖြတ်ညှပ်ပြီး ဆိုဖာအဖုံးတစ်ခုကို လုပ်ထားခဲ့သည်။

လင်းချင်းယင်သည် သူတို့၏ သေးငယ်ပြီး ပျက်စီးယိုယွင်းနေသော အိမ်အတွက် တစ်ခုခု မှားနေသည်ဟု ဘာမှမခံစားရ‌ပေ။ သူ(မ)က ဆိုဖာကို လက်ညိုးထိုးပြကာ သူတို့ကို ထိုင်ခိုင်းပြီးနောက်၊ လိပ်ခွံလေးကို လက်ထဲမှာ ကိုင်ထားရင်း ဆန့်ကျင်ဘက် ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။


....................

Zawgyi


လိပ္ခြံ‌ေလးသည္ လင္းခ်င္းယင္၏ အသိစိတ္ပင္လယ္ထဲမွ ေျပးထြက္လာၿပီး ႂကြပ္ဆတ္ေသာ အသံႏွင့္အတူ ၾကမ္းျပင္ေပၚသို႔ လဲက်သြားသည္။ လင္းခ်င္းယင္၏ မ်က္ႏွာသည္ ျဖဴေဖ်ာ့လာၿပီး သူ(မ) မ်က္လုံးမ်ားကို မွိတ္လိုက္မိသည္။ ခဏအၾကာတြင္ ရိုက္ခတ္ျခင္း၏ နာက်င္မွုသည္ တျဖည္းျဖည္း ပ်ံ႕ႏွံ့သြားေသာအခါ၊ သူ(မ)သည္ ကုတင္ေပၚမွ ခုန္ဆင္းကာ ေျမျပင္ေပၚရွိ လိပ္ခြံေလးကို ေကာက္ယူလိုက္သည္။

ဤလိပ္ခြံသည္ သူ(မ)၏ ယခင္ဘဝက လင္းခ်င္းယင္၏ ေမွာ္လက္နက္ တစ္ခုျဖစ္ခဲ့သည္။ ၎သည္ သူမႏွင့္အတူ က်င့္ႀကံခဲ့ၾကၿပီး သူ(မ)၏ အသိစိတ္ပင္လယ္ထဲတြင္ သိမ္းဆည္းခံခဲ့ရေသာ သူ(မ)၏အေဖာ္ျဖစ္သည္။

သူ(မ)သည္ ၎ႏွင့္အတူ ႏွစ္ေပါင္း ၁၀၀၀ ေနထိုင္ခဲ့ၿပီး၊ ၎ႏွင့္အတူ အဆင့္တက္ရန္ မိုးႀကိဳးေဘးဒုကၡကိုလည္း လုပ္ေဆာင္ခဲ့သည္။ လင္းခ်င္းယင္သည္ ေကာင္းကင္မွ ေနာက္ဆုံး မိုးႀကိဳး မထြက္ေပၚလာမီ သူ(မ)၏ လက္ထဲတြင္ က်ိဳးျပတ္သြား‌ေတာ့မ‌ည့္ လိပ္ခြံေလးကို ကိုင္ထားေၾကာင္း သတိရမိသည္။

သူ(မ)သည္ လိပ္ခြံေလးႏွင့္ သူ(မ)၏ ခႏၶာကိုယ္က မိုးႀကိဳးေၾကာင့္ ပ်က္စီးသြားသည္ဟု ထင္ခဲ့သည္။ မထင္မွတ္ပဲ၊ လိပ္ခြံေလးက သူ႔အလိုလို က်ဳံ႕သြားၿပီး သူ(မ)၏ အသိစိတ္ပင္လယ္ထဲမွာ ပုန္းေနခဲ့၏။

လင္းခ်င္းယင္သည္ လိပ္ခြံေလးေပၚရွိ မ်ဥ္းေၾကာင္းမ်ားကို ပြတ္သပ္လိုက္သည္ ။ လိပ္ခြံ‌ေလးသည္ လင္းခ်င္းယင္၏ ထြက္သက္ကို ခံစားလိုက္ရေသာအခါ၊ ၎သည္ လင္းခ်င္းယင္၏လက္ကို တရင္းတႏွီး ပြတ္သပ္ၿပီး မလွုပ္မယွက္ ျဖစ္ေနသည္။

လင္းခ်င္းယင္၏ အဆင့္တက္လာျခင္းသည္ ႀကီးမားလွေသာ ေဘးဒုကၡတစ္ခုအျဖစ္ အဆုံးသတ္သြားသည္။ လိပ္ခြံေလးသည္ အသိစိတ္ပင္လယ္ထဲတြင္ ပုန္းေအာင္းေနနိုင္ေသာ္လည္း မိုးႀကိဳးပစ္မွုမ်ားစြာကိုလည္း ခံခဲ့ရသည္။ ၎၏ စိတ္ဝိညာဥ္သည္ ျပင္းထန္စြာ ပ်က္စီးခဲ့သည္။ ၎သည္ အသိစိတ္ပင္လယ္ထဲသို႔ ေျပးမဝင္ခင္ ၎၏ ဝိညာဥ္စြမ္းအင္အားလုံးသည္ ကုန္ခန္းသြားခဲ့ၿပီးျဖစ္၏။

လိပ္ခြံေလးကို စိတ္ႏွလုံးပူေဆြးစြာျဖင့္ ထိလိုက္စဥ္၊ လင္းခ်င္းယင္သည္ သူ(မ)၏ သြားမ်ားကို အံႀကိတ္ကာ ေျပာလိုက္သည္။

"ေျပာပါဦး၊ မင္းက အသိစိတ္ပင္လယ္ထဲမွာ ေအးေအးေဆးေဆး ေနေနတာေပါ့။ ဒါဆို ဘာလို႔ ထြက္လာတာလဲ။ ငါ့မွာ က်င့္ႀကံဖို႔ စိတ္ဝိညာဥ္စြမ္းအင္ လုံလုံေလာက္ေလာက္ မရွိဘူး။ ဒါေပမယ့္ အခုေတာ့ တစ္ဝက္ကို မင္းအတြက္ သုံးရေတာ့မယ္! မင္းက တကယ္ကို ဒုကၡေပးတဲ့ ေကာင္ေလးပဲ!"

တုံ႔ျပန္မွုမရွိေသာ လိပ္ခြံေလးကို ၾကည့္ရင္း လင္းခ်င္းယင္က ၎ကို ေခါင္းအုံးေပၚတြင္ ဂ႐ုတစိုက္ တင္လိုက္သည္။ သူ(မ)က ေဆးေၾကာသန္႔စင္ကာ သြားတိုက္ၿပီးေနာက္၊ ပုံမွန္အတိုင္း ေဗဒင္ေဟာျခင္းကို စတင္ခဲ့သည္။ ေဗဒင္ေဟာနည္းကို ဖတ္ၿပီးေနာက္ လင္းခ်င္းယင္သည္ သူ(မ)၏ လက္ကိုင္ဖုန္းကို ထုတ္ကာ ဖက္တီးဝမ္ဆီသို႔ စာတစ္ေစာင္ ေပးပို႔ခဲ့သည္ –

"မင္း ဒီေန႔ ဆက္ၿပီး ေလ့လာေနလား"

စာကို လက္ခံရရွိၿပီးေနာက္ ဖက္တီးဝမ္က ေအာ္ဟစ္လုနီးပါးျဖင့္ "ဆရာသခင္၊ စာက်က္ရတာ ဘယ္ေလာက္ခက္လဲဆိုတာ ဆရာ မသိဘူး!"

လင္းခ်င္းယင္: "......" မဟုတ္ဘူး ငါသိတယ္!


*

ေနာက္ေန႔ မနက္ေစာေစာတြင္ သူ၏ မ်က္လုံးမ်ားကို ဖြင့္ၿပီးေနာက္၊ အေဖက်န္းသည္ ကုတင္ေပၚကေန ႐ုတ္တရက္ ထထိုင္လိုက္၏။ သူက ေခါင္းလွည့္ၿပီး အိပ္‌ေပ်ာ္ေနေသာ ဇနီးသည္ကို ႏွိုးလိုက္သည္။ သူက စိတ္လွုပ္ရွားစြာျဖင့္ သူ(မ)ကို ၾကည့္ကာ ေျပာလိုက္သည္။

"မိန္းမ၊ ကိုယ္ ၅ သန္းတန္ စာခ်ဳပ္ခ်ဳပ္ၿပီး စရန္ေငြ ၂.၅ သန္း ရခဲ့တယ္လို႔ အိပ္မက္ မက္ခဲ့တယ္"

"အဲဒါ အိပ္မက္မဟုတ္ဘူး။ ရွင္ မေန႔က စရန္‌ေငြကို ရခဲ့တယ္။ စက္ေတြကို ျပဳျပင္ဖို႔ တစ္ေယာက္ေယာက္ကို ေခၚ ၿပီး ကုန္ၾကမ္းတစ္သုတ္ကိုလည္ မွာယူခဲ့တယ္။ ရွင္၊ ကၽြန္မတို႔ရဲ့ ဝန္ထမ္းေဟာင္းတခ်ိဳ႕ကိုလည္း ဆက္သြယ္ခဲ့‌ေသးတယ္"

အေမက်န္းက အိပ္ယာေပၚတြင္ ရယ္ေမာရင္း

"အဘိုးႀကီးက်န္း၊ ရွင္ ဒါကို ၁၀ ဆေက်ာ္လို႔ေတာင္ ေျပာခဲ့ဖူးတယ္။ ကၽြန္မ ေျပာေနတာ ဒါက အိပ္မက္မဟုတ္ဘူး။ ဒါအမွန္ပဲ!"

အေဖက်န္းက ရယ္ေမာလိုက္ၿပီး သူ႔အဝတ္အစားမ်ားကို ရွာရန္ စိတ္လွုပ္ရွားစြာျဖင့္ အိပ္ယာေပၚကေန ခုန္ဆင္းလိုက္သည္ -

"ကိုယ္တို႔ေတြ အလုပ္မစခင္ ဆရာသခင္ကို ေက်းဇူးတင္ဖို႔ တစ္ခုခု ဝယ္ၾကရေအာင္။ မင္း ေျပာတာ၊ သူ(မ)က အံ့အားသင့္စရာပဲ မဟုတ္ဘူးလား..."

အေဖက်န္းသည္ တီရွပ္အကၤ်ီကို ယူကာ လွည့္ၾကည့္ၿပီး အေမက်န္းအား ေျပာလိုက္သည္။

"လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း လူေတာ္ေတာ္ မ်ားမ်ားကို ေတာင္းပန္ခဲ့ရတယ္။ ဘဏ္ေတြ၊ သူငယ္ခ်င္းေဟာင္းေတြ၊ ေဖာက္သည္ေဟာင္းေတြ။ ငါ သူတို႔ကို လိုက္ရွာေပမယ့္ ဘယ္သူမွ ငါ့ကို ဂ႐ုမစိုက္ခဲ့ၾကဘူး။ ဒီ လူအိုႀကီးေက်ာက္ကိုပဲ ၾကည့္လိုက္၊ စာခ်ဳပ္ကို နမူနာအေနနဲ႔ လက္မွတ္ထိုးခိုင္းခဲ့ၿပီး သူက သူ႔ရဲ့တံခါးကို ႀကိမ္ဖန္မ်ားစြာ ပိတ္ပစ္ခဲ့တယ္။ အမွန္အတိုင္းေျပာရရင္၊ ကိုယ္ စိတ္ပ်က္လက္ပ်က္ ျဖစ္ခဲ့ရတယ္။ တစ္ေန႔ေန႔မွာ ျပန္လာနိုင္လိမ့္မယ္လို႔ မထင္ထားခဲ့မိဘူး"

အေမက်န္းက ေခါင္းကို အထပ္ထပ္အခါခါ ညိတ္ျပလိုက္သည္ -

"ေျပာပါဦး။ ဆရာသခင္က အရမ္း မငယ္လြန္းဘူးလား။ ဘယ္လိုလုပ္ ဒီေလာက္‌ေတာင္ ေတာ္ရတာလဲ။ ဒါကို ဘယ္သူကမွ မယုံမွာ ေၾကာက္မိတယ္"

"မင္း ဘာသိလို႔လဲ။ ဒီလို ကၽြမ္းက်င္မွုမ်ိဳးက အရည္အခ်င္းေပၚပဲ မူတည္တယ္"

အေဖက်န္းက ေလးနက္ေသာ ေလသံျဖင့္ ေျပာလိုက္သည္။

"တခ်ိဳ႕က လမ္းေပၚမွာ ဆိုင္ဖြင့္တဲ့ ဒီအတိုင္း လူလိမ္ေတြခ်ည္းပဲ။ တခ်ိဳ႕က ဆရာသခင္လိုပဲ ဒီလို ထမင္းပန္းကန္ကို စားဖို႔ ေမြးဖြားလာၾကတာ။ သူတို႔က အဲဒါကို လုပ္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ေလ့လာေနစရာမလိုဘူး!"

အေမက်န္းက သူ႔အား မကူမကယ္နိုင္ဘဲ ရယ္ေမာလိုက္သည္။

"ဆရာသခင္ငယ္‌ေလးက ကၽြန္မတို႔ အိမ္တံခါးကို ဝင္လာတုန္းက၊ ရွင္က သူ(မ)ကို မၾကည့္ခ်င္သလိုနဲ႔ သူ(မ)ရဲ့ အိမ္စာေတြ ၿပီးသြားၿပီလားလို႔ေတာင္ ေမးလိုက္‌တယ္။ ဆရာသခင္ငယ္ေလးက ရွင့္ကိုေတာင္ စိတ္ဆိုးသြား‌ေသးတယ္။ တျခားသူဆိုရင္ေတာ့ ရွင့္ရဲ့ကံတရား မေျပာင္းလဲမွာကို ကၽြန္မ ေၾကာက္မိတယ္။ အဲဒါထက္ ရွင့္ကို ပိုၿပီး ကံဆိုးေစလိမ့္မယ္"

အေဖက်န္းက ျပဳံး၍ ေျပာလိုက္သည္ - "ဒါက ငါ့မွာ မ်က္လုံးမရွိလို႔ပဲ!"

ႏွစ္ေယာက္သား စကားေျပာေနၾကစဥ္ သူတို႔ရဲ့တံခါးက ႐ုတ္တရက္ တြန္းဖြင့္ျခင္း ခံလိုက္ရသည္။ က်န္းေဝသည္ သူ၏ဖုန္းကို ကိုင္ထားရင္း စိတ္လွုပ္ရွားစြာျဖင့္ ေျပးဝင္လာသည္ -

"အေဖ၊ ခ်န္ယြီခ်န္ရဲ့ ကုမၸဏီကို မေန႔က လိမ္လည္မွုအတြက္ ေဖာ္ထုတ္ခံခဲ့ရၿပီး၊ ဒီေန႔ပဲ သူ႔ရဲ့အခြန္ေရွာင္မွုနဲ႔ ပတ္သက္တဲ့ အရွုပ္ေတာ္ပုံတစ္ခုကို ေဖာ္ထုတ္လိုက္ၾကတယ္။"

"ျမန္ျမန္ ျပစမ္း!" အေဖက်န္းက ဖုန္းကို ကိုင္လိုက္ၿပီး အေပၚမွာရွိတဲ့ ေခါင္းစဥ္ကို ၾကည့္လိုက္၏။ သူသည္ ခံစားခ်က္မ်ား ေရာေထြးေနလ်က္။ ယခင္က ခ်န္ယြီခ်န္၏ ကုမၸဏီသည္ အလြန္ေရပန္းစားခဲ့သည္။ သူ႔လုပ္ငန္းအား အႀကီးႀကီး ခ်ဲ႕ထြင္ဖို႔ စီစဥ္ေနသည္လို႔ ၾကားခဲ့သည္။ မေမၽွာ္လင့္ပဲ၊ ညတြင္းခ်င္းပင္ အက်ပ္အတည္းမ်ားစြာႏွင့္ ရင္ဆိုင္ခဲ့ရသည္။

ျဖစ္ရပ္မွန္အားလုံးက သူတို႔၏ေရွ႕မွာ ရွိေနသည္။ လူေတြက ခ်န္ယြီခ်န္ဟာ အျပစ္မရွိဘူးလို႔ ေျပာရင္၊ သူတို႔က ယုံမွာ မဟုတ္ၾကဘူး။

ဆရာသခင္ငယ္ေလးလင္း၏ အဆိုအရ ဤသည္မွာ အစသာ ျဖစ္သည္။ အျခားသူ၏ကံကို လုယက္ျခင္းသည္ ဤစကားလုံးတြင္ လက္မခံနိုင္ဆုံး အရာျဖစ္သည္။ ခ်န္ယြီခ်န္ လုပ္‌ေနသည့္ ခါးသီးေသာ အသီးအပြင့္မ်ားသည္ သူ႔ေနာက္တြင္ တန္းစီေနေသးသည္။

သုံးေယာက္သား မနက္စာ စားၿပီးသည္ႏွင့္ လက္ေဆာင္ ဝယ္ရန္ ေစ်းဝယ္ထြက္ၾကသည္။ ဒါေပမဲ့ သူတို႔မွာ ေခါင္းကိုက္စရာ တစ္ခုရွိသည္။ ဆရာသခင္ငယ္ေလးလင္းကို ဘာေပးရမလဲ မသိ‌ေပ။

လင္းခ်င္းယင္သည္ အလြန္ငယ္ေသးသည္။ သူ(မ)အတြက္ ေရွးေဟာင္းပစၥည္းမ်ား၊ က်န္းမာေရး ထုတ္ကုန္မ်ားႏွင့္ လက္ဖက္ရည္မ်ား ေပးပို႔ရန္ အလြန္ မသင့္ေလ်ာ္ေပ။ သူတို႔က အဝတ္အစားနဲ႔ လက္ဝတ္ရတနာေတြ ဝယ္ျခင္းသည္လည္း အရမ္းမ်ားလြန္းသည္ဟု ထင္မိသည္။

ေနာက္ဆုံးတြင္ က်န္းေဝသည္ ဆရာသခင္ငယ္ေလးလင္းက ေက်ာက္စိမ္းကို ႏွစ္သက္ပုံရသည္ကို သတိရမိသည္။ ထို႔ေၾကာင့္ သူတို႔၏ႏွလုံးသားကို ျပသရန္ ေက်ာက္စိမ္း အဆင္တန္ဆာမ်ားႏွင့္ စာအိတ္အနီကို ေပးပို႔ျခင္းက ပိုေကာင္းပါသည္။

အေဖက်န္းႏွင့္ အေမက်န္းသည္လည္း ဒီအႀကံက ေတာ္ေတာ္‌ ေကာင္းသည္ဟု ထင္ခဲ့သည္။ မိသားစုက ေက်ာက္စိမ္း ေရာင္းသည့္ဆိုင္မ်ားသို႔ သြားကာ ေက်ာက္စိမ္းလက္ေကာက္ကို ဝယ္ခဲ့ၾကသည္။ အေမက်န္းသည္ စူပါမားကတ္မွ နို႔ႏွင့္ သစ္သီးမ်ားကို ထပ္မံ ဝယ္ယူခဲ့သည္။ ထို႔ေနာက္ သုံးေယာက္သား လင္းခ်င္းယင္ ေရးထားခဲ့ေသာ လိပ္စာအတိုင္း ေနထိုင္ရာ ေနရာသို႔ သြားခဲ့ၾကသည္။

ရွုပ္ပြေနေသာ ဝိုင္ယာႀကိဳးမ်ားျဖင့္ ေဟာင္းႏြမ္းနိမ့္က်ေနေသာ အေဆာက္အအုံမ်ားကို ၾကည့္ရင္း အေဖက်န္းက သက္ျပင္းခ်ကာ

"သူ(မ)က တကယ္ ဆရာသခင္ တစ္ေယာက္ပဲ။ ေလာကီအရာေတြနဲ႔ ဇိမ္ခံပစၥည္းေတြကို ဂ႐ုမစိုက္ဘူး။ ငယ္ငယ္ရြယ္ရြယ္နဲ႔ သူ(မ)မွာ ဒီလို ထူးခၽြန္တဲ့ အရည္အခ်င္း ရွိတယ္ဆိုတာ အံ့ၾသစရာ မရွိပါဘူး"

က်န္းေဝ: "......" ဆင္းရဲတာေၾကာင့္ မဟုတ္ဘူးလား။


စႀကႍရွိ ျပန႔္က်ဲေနေသာ အရာမ်ားကို ေရွာင္ရွားၿပီးေနာက္၊ သူတို႔သုံးေယာက္သည္ ေနာက္ဆုံးတြင္ လင္မိသားစု ေနထိုင္သည့္ တတိယထပ္သို႔ ေရာက္ရွိလာၾကသည္။ အေဖက်န္းက သူ႔လက္ကို တံခါး‌ေခါက္ရန္ ေျမႇာက္လိုက္ေသာ္လည္း တံခါးက တြန္းဖြင့္ခံလိုက္ရသည္ - "ဝင္လာခဲ့ပါ"

အေဖက်န္းက အံ့ၾသသြားၿပီး "ဆရာသခင္၊ ကၽြန္ေတာ္တို႔ ဒီကိုလာမယ္ဆိုတာကို တြက္ခ်က္ၿပီးသြားတာလား"

လင္းခ်င္းယင္သည္ မီးဖိုေခ်ာင္အျဖစ္ လုပ္ေဆာင္ေနေသာ လသာေဆာင္ကို လက္ညိဳးထိုးျပၿပီး ေျပာလိုက္သည္ -

"ကၽြန္မ ပန္းကန္ေဆးေနတုန္း ရွင္တို႔ လာတာကို ျမင္လိုက္ရတယ္"

အ‌ေဖက်န္းက "...... ဟား ဟား၊ ဆရာသခင္လင္း၊ ဆရာက ပန္းကန္ေဆးေနတာေတာင္ တကယ့္ကို ႏွိမ့္ခ်တဲ့သူပဲ!"

လင္းမိသားစု၏အိမ္သည္ က်န္းမိသားစု၏ အိမ္‌ေဟာင္းထက္ ေသးငယ္သည္။ ဧည့္ခန္းထဲတြင္ အလြန္ေဟာင္းေသာ ဆိုဖာတစ္လုံးသာရွိသည္။ အတြင္းရွိ အျမႇုပ္မ်ားက ေပါက္ေနေသာေၾကာင့္ လင္းခ်င္းယင္၏ အေမက အိပ္ရာခင္း အေဟာင္းမ်ားကို တမင္ ျဖတ္ညႇပ္ၿပီး ဆိုဖာအဖုံးတစ္ခုကို လုပ္ထားခဲ့သည္။

လင္းခ်င္းယင္သည္ သူတို႔၏ ေသးငယ္ၿပီး ပ်က္စီးယိုယြင္းေနေသာ အိမ္အတြက္ တစ္ခုခု မွားေနသည္ဟု ဘာမွမခံစားရ‌ေပ။ သူ(မ)က ဆိုဖာကို လက္ညိဳးထိုးျပကာ သူတို႔ကို ထိုင္ခိုင္းၿပီးေနာက္၊ လိပ္ခြံေလးကို လက္ထဲမွာ ကိုင္ထားရင္း ဆန႔္က်င္ဘက္ ကုလားထိုင္တြင္ ဝင္ထိုင္လိုက္သည္။


....................




Continue Reading

You'll Also Like

1.4M 1.2K 1
𝐁𝐨𝐨𝐤 𝟏 𝐨𝐟 𝐭𝐡𝐞 '𝐃𝐞𝐜𝐞𝐢𝐭𝐟𝐮𝐥 𝐑𝐨𝐲𝐚𝐥𝐬' 𝐒𝐞𝐫𝐢𝐞𝐬 ★✯★ "Secrets are lethal, especially when they come dripped in murder." Trinity...
163K 6.8K 83
A girl whom I thought as my best friend standing before me with a knife to kill me. She stabbed the knife onto my chest and told me "He will not like...
3.8K 99 6
☁️🖇️ - !! 𝗜𝗡𝗧𝗥𝗢𝗗𝗨𝗖𝗜𝗡𝗚 𝗡𝗖𝗧'𝗦 𝟮𝟳𝗧𝗛 𝗠𝗘𝗠𝗕𝗘𝗥 - nishimura masahiro ★☆ ... ‎ ‎ ‎ ‎𝗶𝗻 𝘄𝗵𝗶𝗰𝗵 𝘆𝗼𝘂 𝗹𝗲𝗮𝗿𝗻 𝗺𝗼𝗿𝗲 𝗮𝗯...