ရှေးဖြစ်ဟော ဆရာသခင် (MM Trans...

De shunleikhin

13.7K 1.9K 21

English Title - "Fortune Teller Master" Author - 信用卡 (Xinyongka) Chapters Status - Completed (138 Chapters +... Mai multe

ရှေးဖြစ်ဟော ဆရာသခင်
အပိုင်း(၁.၁) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၁.၂) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၂.၁) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၂.၂) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၃.၁) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း(၃.၂) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း (၄.၁) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၄.၂) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၅.၁) ရဲအရာရှိငယ်လေး
အပိုင်း (၅.၂) ရဲအရာရှိငယ်လေး
အပိုင်း (၆.၁) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၆.၂) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၇.၁) တားဆီးခံရသည့် ကံတရား
အပိုင်း (၇.၂) တားဆီးခံရသည့် ကံတရား
အပိုင်း (၈.၁) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၈.၂) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၉.၂) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၁၀.၁) ဖြောင့်မတ်သော ဆရာသခင်
အပိုင်း (၁၀.၂) ဖြောင့်မတ်သော ဆရာသခင်
အခန်း (၁၁.၁) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အခန်း (၁၁.၂) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အပိုင်း (၁၂.၁) တမူထူးခြားသော ဗေဒင်ဆရာ
အပိုင်း (၁၂.၂) တမူထူးခြားသော ဗေဒင်ဆရာ
အခန်း (၁၃.၁) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အခန်း (၁၃.၂) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အပိုင်း (၁၄.၁) Making a wedding dress for others
အပိုင်း (၁၄.၂) Making a wedding dress for others
အပိုင်း (၁၅.၁) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၅.၂) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၆.၁) ဒဏ်ခတ်ခံရခြင်း

အပိုင်း (၉.၁) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း

378 66 0
De shunleikhin

Unicode


အစောတုန်းက ခင်ပွန်းဖြစ်သူ၏ ဒေါသထွက်နေသော စကားကို ပြန်သတိရကာ အမေကျန်းသည် လင်းချင်းယင်၏ လက်ထဲသို့ မက်မွန်သီး နောက်တစ်လုံးကို ရှက်ကိုးရှက်ကန်းဖြင့် ထည့်ပေးလိုက်သည်။

"ဆရာသခင်၊ သူ့ကို စိတ်မဆိုးပါနဲ့။ သူ့မှာ အမြင်မရှိဘူး။ သူပြန်လာရင် ဆရာ့ တံခါးရှေ့ကို လာပြီးတော့ ပြင်ခိုင်းလိုက်မယ်"

လင်းချင်းယင်သည် ချိုမြိန်ပြီး အရည်ရွှမ်းသော မက်မွန်သီးကို ကိုက်လိုက်ပြီး ဝမ်းသာအားရ ခေါင်းခါလိုက်ပြီး

"သူက ကျွန်မဆီကို လာပြီး ပြင်စရာမလိုပါဘူး။ ဒီအတိုင်း အိမ်စာသာ လုပ်ပေးပါ"

အမေကျန်းသည် လင်းချင်းယင်က စနောက်နေသလား၊ ဒေါသထွက်နေသလား မသိခဲ့ပေ။ သူ(မ)သည် အားနာစွာဖြင့် သဘောတူပြီး လင်းချင်းယင်၏ လိပ်စာကို ဂရုတစိုက် မေးခဲ့သည်။ သူ(မ)၏ခင်ပွန်း ပြန်လာတာကို စောင့်ရန် စီစဉ်ထားခဲ့သည်။ ထို့နောက် သူတို့ သုံးယောက်က သူ(မ)ကို ထပ်ပြီး ကျေးဇူးတင်ဖို့ အလည်သွားကြမည်။

ကျန်းမိသားစုမှ ထွက်လာပြီးနောက် လင်းချင်းယင်သည် ရပ်လိုက်ပြီး သူ(မ)နောက်သို့ လိုက်နေဆဲဖြစ်သော ဖက်တီးဝမ်ကို ကြည့်ကာ

"ရှင် ကျွန်မနောက်ကို ဒီအတိုင်း ဆက်လိုက်နေမှာလား"

"အာ?" ဖက်တီးဝမ်က သူ၏ခေါင်းကို ကုတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "မရဘူးလား"

"ရပါတယ်။ ဒါပေမယ့် ကျွန်မ ရှင့်ကို ပိုက်ဆံတော့ မပေးဘူး"

လင်းချင်းယင်က ပွင့်လင်းစွာ ပြောလိုက်သည်။

"ကျွန်မက ဆင်းရဲတယ်။ ဒါကြောင့် ရှင် ကျွန်မ နောက်ကို လိုက်ရင်တောင် ရှင့်ကို ပိုက်ဆံမပေးနိုင်ဘူး"

ဖက်တီးဝမ်က ဒါကို ကြားတော့ ရုတ်တရက် ပြုံးလိုက်သည်။ သူသည် လင်းချင်းယင်ကို နှစ်ကြိမ်တိုင်တိုင် ဆက်သွယ်ခဲ့ဖူးသည်။ ဤ ဆရာသခင်ငယ်‌လေးသည် သူ့ထက် မည်မျှဆင်းရဲသည်ကို မည်သူမျှ မသိကြပေ။ သူ(မ)၏ လက်ကိုင်ဖုန်းတောင် ဈေးအသက်သာဆုံးဖြစ်ခဲ့သည်။

"ဆရာသခင်လေး၊ ဆရာရဲ့ ပိုက်ဆံကို ကျွန်တော် မလိုပါဘူး။ ကျွန်တော်က ပိုက်ဆံမရှိတဲ့သူလို့ ဆရာ ထင်လား။ ကျွန်တော့်မှာ တိုက်ခန်း ခြောက်ခန်းရှိတယ်!"

လင်းချင်းယင်က လှည့်ကြည့်လိုက်ပြီး စိတ်ဆိုးကာ ထွက်သွားခဲ့သည် ။

"ဆရာက ကျွန်တော့်အတွက် အမြင်ကျယ်စေတာပဲ။ ဒီနေ့ကိစ္စတွေကို နမူနာယူကြရအောင်။ နှစ် ၁၀၀ ကြာ တည်ထောင်ထားတဲ့ ကျွန်တော့်ရဲ့ ဗေဒင်ဟောခန်းမှာ ထိုင်နေမယ်ဆိုရင် ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်မျိုး ကြုံရမှာ မဟုတ်ဘူး"

ဖက်တီးဝမ်က သူ့နောက်ကို လိုက်ခဲ့သည်။

"ဆရာက ဒီအတိုင်း ကျွန်တော့်ကို ဆရာ့နောက်ကို လိုက်ခွင့်ပြုပြီး ဒီလို စိတ်လှုပ်ရှားမှု‌တွေကို စောင့်ကြည့်ဖို့ပဲ လိုတယ်။ ဆရာ အားတယ်ဆိုရင် ကျွန်တော့်ကို တစ်ချက် နှစ်ချက်လောက် လမ်းညွှန်ပေးနိုင်ပါတယ်"

လဂ်းချင်းယင်က လှည့်ကြည့်လိုက်သည်နှင့် သူ့လက်မောင်းအောက်ရှိ "ဗေဒင်ဟောသည်" ဆိုတဲ့ တရုတ်စာလုံးကြီး နှစ်လုံးပါရှိသော စာလိပ်ကို ဆွဲယူလိုက်သည်။

"ရှင် အိမ်ပြန်ပြီး ကိုယ့်ဘာသာ ထမင်းပြန်စားလို့ရတယ်။ ကျွန်မမှာ ရှင့်ရဲ့ အစားအသောက်နဲ့ ပက်သက်ပြီး ဂရုစိုက်ဖို့ အချိန်မရှိဘူး"


ဖက်တီးဝမ်သည် ကြော့မော့သောပုံစံဖြင့် သူ့ကိုယ်သူ စွန့်လွှတ်လိုက်ပြီး လင်းချင်းယင်အား ကြည့်ကာ သူ(မ) နောက်သို့ လျင်မြန်စွာ လိုက်ခဲ့သည်။

"ဆရာသခင်၊ မင်းသဘောတူတယ် မဟုတ်လား။ ကျွန်တော်တို့တွေ မနက်ဖြန် ပန်းခြံမှာ ဆိုင်ခန်းဖွင့်ဦးမှာလား"

"ရက်အနည်းငယ်‌လောက် စောင့်ဦး" လင်းချင်းယင်သည် ကျန်းဝေထံမှ ရရှိခဲ့သော ကျောက်စိမ်းဆွဲသီးကို ဖက်တီးဝမ်ရှေ့မှာ ထုတ်ပြလိုက်ပြီး "ကျွန်မ အိမ်မှာနေရင်း အိမ်စာ‌တွေ လုပ်ရဦးမယ်"

*

သူ(မ) တံခါးဖွင့်လိုက်သည်နှင့် လင်းချင်းယင်သည် မီးဖိုချောင်ရှိ အကွာအဝေးတွင် ဟိန်းသံတစ်သံကို ကြားလိုက်ရသည်။ လင်းချင်းယင်၏ အမေက သူ(မ)၏ လည်ပင်းကို ဆန့်ပြီး လင်းချင်းယင်အား ပြောလိုက်သည် -

"မြန်မြန် လက်ဆေးပြီး ချက်ချင်း ထမင်းစားတော့"

လင်းချင်းယင်သည် သူ(မ)၏ လက်ကို ဆေးကြောလိုက်သည်။ သူ(မ)သည် စားပွဲပေါ်တွင် ထိုင်လိုက်သောအခါ၊ စားပွဲပေါ်တွင် အနက်ရောင် ပန်းကန်လုံးကြီးတစ်လုံးကို တွေ့လိုက်ရသည်။ စိုးရိမ်ပူပန်မှုဖြင့် မီးဖိုချောင်တွင် ရှိနေသော သူ(မ)၏ အမေကို မေးလိုက်သည် -

"သမီးတို့က နေ့လည်စာအတွက် ဘာစားရမှာလဲ"

လင်းချင်းယင်၏ မိခင်သည် ချက်ပြုတ်ထားသော ခေါက်ဆွဲများကို ပန်းကန်လုံးတစ်ခုထဲသို့ ထည့်ပြီး လင်းချင်းယင်အား ပေးလိုက်ပြီးနောက် သူ(မ)သည် နုပ်နုပ်စဉ်းထားသော သခွားသီး ပန်းကန်တစ်ချပ်ကို ယူလာပါသည်။

"ဒီနေ့တော့ အမေတို့ ဆော့စ်နဲ့ ခေါက်ဆွဲကြော် စားရအောင်"

လင်းချင်းယင်သည် ဆော့စ်ကို တစ်ဖန် ငုံ့ကြည့်လိုက်ပြီး သူ(မ)သည် သေလောက်အောင် ကြောက်လန့်သွား၏။

"ဒီခေါက်ဆွဲက စားလို့ရနိုင်ပါ့မလား"

သူ(မ)၏ မှတ်ဉာဏ်ထဲတွင် မူလပိုင်ရှင်သည် ဆော့စ်နှင့် ခေါက်ဆွဲကြော် စားရသည်ကို မည်သည့် ထင်မြင်ချက်မျှ မရှိပေ။ ထို့ကြောင့် ဒီအနက်ရောင်ဆော့စ်ကို ကြည့်ရင်း လင်းချင်းယင်သည် ခေါက်ဆွဲတစ်မျိုးတည်း စားရသည်မှာ ပိုလုံခြုံသည်ဟု ထင်မိသည်။

လင်းချင်းယင်၏ အမေသည် လင်းချင်းယင်၏ မနှစ်သက်သော အမူအရာကြောင့် သဘောကျသွားသည်။ သူ(မ)သည် လင်းချင်းယင်၏ ပန်းကန်ကို ဆွဲယူပြီး ဆော့စ်ကို ဇွန်းကြီးတစ်ဇွန်းလောက် ခပ်ယူကာ ထည့်လိုက်ပြီး၊ နုပ်နုပ်စဉ်းထားသော သခွားသီးများနှင့်အတူ လျင်မြန်စွာ ရောမွှေလိုက်သည်။

"ဒီဆော့စ်က သမီးရဲ့အဖေ လုပ်ထားတာ။ အရမ်း အရသာရှိတယ်။ မမှတ်မိဘူးလား?"

လင်းချင်းယင် စကားပြောသည်ကို စောင့်မနေဘဲ လင်းချင်းယင်၏ အမေသည် သက်ပြင်းချလိုက်၏။

"သမီး မမှတ်မိတာ သာမာန်ပါပဲ။ သမီးရဲ့ အဖေက အိမ်မှာ အချိန်နည်းနည်းပဲရှိပြီး အများကြီး မချက်ပြုတ်နိုင်ဘူး။ သူက အပြင်မှာ အလုပ်များပြီး၊ နေ့တိုင်း ညနက်မှ အိမ်ကို ပြန်လာတာ။ ပူပူနွေးနွေး ထမင်းတောင် မစားနိုင်ဘူး။ ဒါဆို သူက ဟင်းချက်ဖို့ ဘယ်လို အချိန်ရနိုင်မှာလဲ"

လင်းချင်းယင်က ခေါက်ဆွဲပန်းကန်ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရတော့ သူ(မ)ပြောသည်ကို ကြားသလားမသိခဲ့။ သူ(မ)သည် ပန်းကန်လုံးအား ကူကယ်ရာမဲ့စွာဖြင့် ကမ်းပေးလိုက်သည် - "စားတော့"


ဆော့စ်ဖြင့် ဆီပြန်ကြော်ထားသော ခေါက်ဆွဲပန်းကန်ကို ကြည့်ကာ လင်းချင်းယင်သည် ခေါက်ဆွဲကို သတိထားစွာဖြင့် တစ်ကိုက် ကိုက်လိုက်သည်။ ဆော့စ်၏အရသာက သူ(မ)ပါးစပ်ထဲ ပျံ့နှံသွားသောအခါ၊ လင်းချင်းယင်၏ မျက်လုံးများ တောက်ပလာပြီး၊ သူ(မ)သည် ခေါက်ဆွဲကို စားရန် မစောင့်နိုင်တော့ပေ။ သူ(မ)၏ မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် ပြည့်နှက်လျက်။

"အရသာရှိလား?"

လင်းချင်းယင်၏ မိခင်သည် သူ(မ)ဘေးတွင် ထိုင်ကာ သန့်ရှင်းသော တူတစ်စုံကို ကောက်ယူကာ ဆော့စ်ထဲရှိ အတုံးသေးသေးလေးများကို ကောက်ယူပြီး လင်းချင်ယင်၏ ပန်းကန်ထဲသို ထည့်‌ပေးလိုက်သည်။

လင်းချင်းယင်၏ မျက်နှာကိုကြည့်ရင်း သူ(မ)သည် ဂရုတစိုက်ဖြင့် မေးလိုက်သည် -

"ယင်ယင်၊ အခုတလော အပြင် ထွက်‌နေခဲ့တာလား"

လင်းချင်းယင်သည် သူ(မ)၏ တူဖြင့် အသားအတုံးလိုက်ကို ညှပ်ယူပြီး ဘာမှမဖြစ်သကဲ့သို ဆက်စားနေသည် -

"အပြင်ထွက်ပြီး လှည့်ပတ်ကြည့်တာပါ။ အိမ်မှာ နေရတာ ပျင်းဖိုကောင်းလို့"

လင်းချင်းယင်၏ အမေက ချက်ချင်း သဘောတူသည် - "ဒါပေါ့၊ ဒါပေါ့၊ သမီးက ပျင်းတယ်ဆို လမ်းလျှောက်ထွက်ပါ"

လင်းချင်းယင်၏ အမေသည် နောက်ထပ် အသားအတုံးသေးသေးလေးများကို ထည့်လိုက်ပြီး မေးရန် ကြိုးစားလိုက်သည် - "သမီး မပျင်းတဲ့အခါ၊ သမီးရဲ့ အိမ်စာတွေ ပြီးအောင်လုပ်ဦးနော်။ ဟုတ်ပြီလား?"

လင်းချင်းယင်၏ အမေသည် လင်းချင်းယင်၏ စိတ်ခံစားမှုနှင့် ပက်သက်ပြီး ကြောက်ရွံနေပုံရသောကြောင့် သူ(မ)အား စိတ်လှုပ်ရှားစွာ ကြည့်ခဲ့သည်။ သူ(မ)သည် လင်းချင်းယင်က ခေါင်းမမော့ဘဲ ပန်းကန်ထဲရှိ ခေါက်ဆွဲကို စားနေသေးသည်ကို တွေ့လိုက်ရတော့ စိတ်သက်သာရာ ရသွားသည် -

"အမေက သမီးကို စာလုပ်ဖို့ ဖိအားပေးနေတာ မဟုတ်ဘူး။ သမီး စာဖတ်ချင်ရင် ဒီအတိုင်း ဖတ်ရုံပဲ။ စာအုပ်တွေ မဖတ်ချင်ဘူးဆို၊ အပြင်ထွက်ပြီး လမ်းလျှောက်လို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ပြီး အသက်ရှင်နေထိုင်ဖိုက အရေးကြီးဆုံးအရာပဲ"

လင်းချင်းယင်က ခေါင်းညိတ်လိုက်သည်။ ဒီအမှန်တရားကို သူ(မ)ထက် ဘယ်သူမှ ပိုသိမှာ မဟုတ်ဘူး။ သူ(မ)သည် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးပြီ။ မိုးကြိုးပစ်ခံရပြီးနောက် သူ(မ) အသက်ပြန်ရှင်နိုင်တယ်ဆိုတာ အံ့အားသင့်စရာပါပဲ။

လင်းချင်းယင်၏ အမေသည် လင်းချင်းယင် သဘောတူသည်ကို မြင်သောအခါ၊ သူ(မ)သည် မကူမကယ်နိုင်ရုံမျှမက သက်ပြင်းတစ်ချက်ချလိုက်သည်။ သမီးဖြစ်သူ၏ စိတ်ကျန်းမာရေးကို ဂရုစိုက်ရန် အလုပ်များလွန်းနေခဲ့ပြီး၊ သမီးဖြစ်သူသည် မြစ်ထဲသို ခုန်ချခဲ့သည့်အတွက် နောင်တရနေမိသည်။

လင်းချင်းယင်နှင့်အတူ နေ့လည်စာ စားပြီးနောက်၊ လင်းချင်းယင်၏ အမေက ပန်းကန်များကို လျင်မြန်စွာ ဆေးကြောပြီး၊ ဖိနပ်များကို ပြောင်းစီးကာ လင်းချင်းယင်အား ပြောလိုက်သည်။

"ဒီနေ့လည်မှာ အမေ အလုပ်သွားရမယ်။ ခန့်မှန်းခြေ ညသန်းခေါင်မှ ပြန်လာရမယ်။ သမီးရဲ့ အဖေလည်း တစ်ချိန်တည်း ပြန်လာလိမ့်မယ်။ ညကျရင် သမီး ကိုယ့်ဘာသာ စားလို့ရတယ်။ ကျန်တဲ့ ဆော့စ်ကို ရေခဲသေတ္တာထဲမှာ ထည့်ထားတယ်။"

လင်းချင်းယင်သည် မီးဖိုချောင်ရှိ အဝါရောင် ရေခဲသေတ္တာ အဟောင်းကို တစ်ချက် ကြည့်လိုက်ပြီး သူ(မ)၏ ခေါင်းကို လှည့်လိုက်သည်။

" ကောင်းကောင်း အနားယူဖို့ အမေ့ရဲ့ အချိန်ပိုင်း အလုပ်ကနေ ထွက်လိုက်တယ်လို ပြောခဲ့တာ မဟုတ်ဘူးလား"


....................

Zawgyi


အေစာတုန္းက ခင္ပြန္းျဖစ္သူ၏ ေဒါသထြက္ေနေသာ စကားကို ျပန္သတိရကာ အေမက်န္းသည္ လင္းခ်င္းယင္၏ လက္ထဲသို႔ မက္မြန္သီး ေနာက္တစ္လုံးကို ရွက္ကိုးရွက္ကန္းျဖင့္ ထည့္ေပးလိုက္သည္။

"ဆရာသခင္၊ သူ႔ကို စိတ္မဆိုးပါနဲ႔။ သူ႔မွာ အျမင္မရွိဘူး။ သူျပန္လာရင္ ဆရာ့ တံခါးေရွ႕ကို လာၿပီးေတာ့ ျပင္ခိုင္းလိုက္မယ္"

လင္းခ်င္းယင္သည္ ခ်ိဳၿမိန္ၿပီး အရည္ရႊမ္းေသာ မက္မြန္သီးကို ကိုက္လိုက္ၿပီး ဝမ္းသာအားရ ေခါင္းခါလိုက္ၿပီး

"သူက ကၽြန္မဆီကို လာၿပီး ျပင္စရာမလိုပါဘူး။ ဒီအတိုင္း အိမ္စာသာ လုပ္ေပးပါ"

အေမက်န္းသည္ လင္းခ်င္းယင္က စေနာက္ေနသလား၊ ေဒါသထြက္ေနသလား မသိခဲ့ေပ။ သူ(မ)သည္ အားနာစြာျဖင့္ သေဘာတူၿပီး လင္းခ်င္းယင္၏ လိပ္စာကို ဂ႐ုတစိုက္ ေမးခဲ့သည္။ သူ(မ)၏ခင္ပြန္း ျပန္လာတာကို ေစာင့္ရန္ စီစဥ္ထားခဲ့သည္။ ထို႔ေနာက္ သူတို႔ သုံးေယာက္က သူ(မ)ကို ထပ္ၿပီး ေက်းဇူးတင္ဖို႔ အလည္သြားၾကမည္။

က်န္းမိသားစုမွ ထြက္လာၿပီးေနာက္ လင္းခ်င္းယင္သည္ ရပ္လိုက္ၿပီး သူ(မ)ေနာက္သို႔ လိုက္ေနဆဲျဖစ္ေသာ ဖက္တီးဝမ္ကို ၾကည့္ကာ

"ရွင္ ကၽြန္မေနာက္ကို ဒီအတိုင္း ဆက္လိုက္ေနမွာလား"

"အာ?" ဖက္တီးဝမ္က သူ၏ေခါင္းကို ကုတ္ၿပီး စိတ္လွုပ္ရွားစြာျဖင့္ ေမးလိုက္သည္။ "မရဘူးလား"

"ရပါတယ္။ ဒါေပမယ့္ ကၽြန္မ ရွင့္ကို ပိုက္ဆံေတာ့ မေပးဘူး"

လင္းခ်င္းယင္က ပြင့္လင္းစြာ ေျပာလိုက္သည္။

"ကၽြန္မက ဆင္းရဲတယ္။ ဒါေၾကာင့္ ရွင္ ကၽြန္မ ေနာက္ကို လိုက္ရင္ေတာင္ ရွင့္ကို ပိုက္ဆံမေပးနိုင္ဘူး"

ဖက္တီးဝမ္က ဒါကို ၾကားေတာ့ ႐ုတ္တရက္ ျပဳံးလိုက္သည္။ သူသည္ လင္းခ်င္းယင္ကို ႏွစ္ႀကိမ္တိုင္တိုင္ ဆက္သြယ္ခဲ့ဖူးသည္။ ဤ ဆရာသခင္ငယ္‌ေလးသည္ သူ႔ထက္ မည္မၽွဆင္းရဲသည္ကို မည္သူမၽွ မသိၾကေပ။ သူ(မ)၏ လက္ကိုင္ဖုန္းေတာင္ ေဈးအသက္သာဆုံးျဖစ္ခဲ့သည္။

"ဆရာသခင္ေလး၊ ဆရာရဲ့ ပိုက္ဆံကို ကၽြန္ေတာ္ မလိုပါဘူး။ ကၽြန္ေတာ္က ပိုက္ဆံမရွိတဲ့သူလို႔ ဆရာ ထင္လား။ ကၽြန္ေတာ့္မွာ တိုက္ခန္း ေျခာက္ခန္းရွိတယ္!"

လင္းခ်င္းယင္က လွည့္ၾကည့္လိုက္ၿပီး စိတ္ဆိုးကာ ထြက္သြားခဲ့သည္ ။

"ဆရာက ကၽြန္ေတာ့္အတြက္ အျမင္က်ယ္ေစတာပဲ။ ဒီေန႔ကိစၥေတြကို နမူနာယူၾကရေအာင္။ ႏွစ္ ၁၀၀ ၾကာ တည္ေထာင္ထားတဲ့ ကၽြန္ေတာ့္ရဲ့ ေဗဒင္ေဟာခန္းမွာ ထိုင္ေနမယ္ဆိုရင္ ဒီလို ထူးဆန္းတဲ့ အျဖစ္အပ်က္မ်ိဳး ၾကဳံရမွာ မဟုတ္ဘူး"

ဖက္တီးဝမ္က သူ႔ေနာက္ကို လိုက္ခဲ့သည္။

"ဆရာက ဒီအတိုင္း ကၽြန္ေတာ့္ကို ဆရာ့ေနာက္ကို လိုက္ခြင့္ျပဳၿပီး ဒီလို စိတ္လွုပ္ရွားမွု‌ေတြကို ေစာင့္ၾကည့္ဖို႔ပဲ လိုတယ္။ ဆရာ အားတယ္ဆိုရင္ ကၽြန္ေတာ့္ကို တစ္ခ်က္ ႏွစ္ခ်က္ေလာက္ လမ္းညႊန္ေပးနိုင္ပါတယ္"

လဂ္းခ်င္းယင္က လွည့္ၾကည့္လိုက္သည္ႏွင့္ သူ႔လက္ေမာင္းေအာက္ရွိ "ေဗဒင္ေဟာသည္" ဆိုတဲ့ တ႐ုတ္စာလုံးႀကီး ႏွစ္လုံးပါရွိေသာ စာလိပ္ကို ဆြဲယူလိုက္သည္။

"ရွင္ အိမ္ျပန္ၿပီး ကိုယ့္ဘာသာ ထမင္းျပန္စားလို႔ရတယ္။ ကၽြန္မမွာ ရွင့္ရဲ့ အစားအေသာက္နဲ႔ ပက္သက္ၿပီး ဂ႐ုစိုက္ဖို႔ အခ်ိန္မရွိဘူး"


ဖက္တီးဝမ္သည္ ေၾကာ့ေမာ့ေသာပုံစံျဖင့္ သူ႔ကိုယ္သူ စြန႔္လႊတ္လိုက္ၿပီး လင္းခ်င္းယင္အား ၾကည့္ကာ သူ(မ) ေနာက္သို႔ လ်င္ျမန္စြာ လိုက္ခဲ့သည္။

"ဆရာသခင္၊ မင္းသေဘာတူတယ္ မဟုတ္လား။ ကၽြန္ေတာ္တို႔ေတြ မနက္ျဖန္ ပန္းၿခံမွာ ဆိုင္ခန္းဖြင့္ဦးမွာလား"

"ရက္အနည္းငယ္‌ေလာက္ ေစာင့္ဦး" လင္းခ်င္းယင္သည္ က်န္းေဝထံမွ ရရွိခဲ့ေသာ ေက်ာက္စိမ္းဆြဲသီးကို ဖက္တီးဝမ္ေရွ႕မွာ ထုတ္ျပလိုက္ၿပီး "ကၽြန္မ အိမ္မွာေနရင္း အိမ္စာ‌ေတြ လုပ္ရဦးမယ္"

*

သူ(မ) တံခါးဖြင့္လိုက္သည္ႏွင့္ လင္းခ်င္းယင္သည္ မီးဖိုေခ်ာင္ရွိ အကြာအေဝးတြင္ ဟိန္းသံတစ္သံကို ၾကားလိုက္ရသည္။ လင္းခ်င္းယင္၏ အေမက သူ(မ)၏ လည္ပင္းကို ဆန႔္ၿပီး လင္းခ်င္းယင္အား ေျပာလိုက္သည္ -

"ျမန္ျမန္ လက္ေဆးၿပီး ခ်က္ခ်င္း ထမင္းစားေတာ့"

လင္းခ်င္းယင္သည္ သူ(မ)၏ လက္ကို ေဆးေၾကာလိုက္သည္။ သူ(မ)သည္ စားပြဲေပၚတြင္ ထိုင္လိုက္ေသာအခါ၊ စားပြဲေပၚတြင္ အနက္ေရာင္ ပန္းကန္လုံးႀကီးတစ္လုံးကို ေတြ႕လိုက္ရသည္။ စိုးရိမ္ပူပန္မွုျဖင့္ မီးဖိုေခ်ာင္တြင္ ရွိေနေသာ သူ(မ)၏ အေမကို ေမးလိုက္သည္ -

"သမီးတို႔က ေန႔လည္စာအတြက္ ဘာစားရမွာလဲ"

လင္းခ်င္းယင္၏ မိခင္သည္ ခ်က္ျပဳတ္ထားေသာ ေခါက္ဆြဲမ်ားကို ပန္းကန္လုံးတစ္ခုထဲသို႔ ထည့္ၿပီး လင္းခ်င္းယင္အား ေပးလိုက္ၿပီးေနာက္ သူ(မ)သည္ ႏုပ္ႏုပ္စဥ္းထားေသာ သခြားသီး ပန္းကန္တစ္ခ်ပ္ကို ယူလာပါသည္။

"ဒီေန႔ေတာ့ အေမတို႔ ေဆာ့စ္နဲ႔ ေခါက္ဆြဲေၾကာ္ စားရေအာင္"

လင္းခ်င္းယင္သည္ ေဆာ့စ္ကို တစ္ဖန္ ငုံ႔ၾကည့္လိုက္ၿပီး သူ(မ)သည္ ေသေလာက္ေအာင္ ေၾကာက္လန႔္သြား၏။

"ဒီေခါက္ဆြဲက စားလို႔ရနိုင္ပါ့မလား"

သူ(မ)၏ မွတ္ဉာဏ္ထဲတြင္ မူလပိုင္ရွင္သည္ ေဆာ့စ္ႏွင့္ ေခါက္ဆြဲေၾကာ္ စားရသည္ကို မည္သည့္ ထင္ျမင္ခ်က္မၽွ မရွိေပ။ ထို႔ေၾကာင့္ ဒီအနက္ေရာင္ေဆာ့စ္ကို ၾကည့္ရင္း လင္းခ်င္းယင္သည္ ေခါက္ဆြဲတစ္မ်ိဳးတည္း စားရသည္မွာ ပိုလုံျခဳံသည္ဟု ထင္မိသည္။

လင္းခ်င္းယင္၏ အေမသည္ လင္းခ်င္းယင္၏ မႏွစ္သက္ေသာ အမူအရာေၾကာင့္ သေဘာက်သြားသည္။ သူ(မ)သည္ လင္းခ်င္းယင္၏ ပန္းကန္ကို ဆြဲယူၿပီး ေဆာ့စ္ကို ဇြန္းႀကီးတစ္ဇြန္းေလာက္ ခပ္ယူကာ ထည့္လိုက္ၿပီး၊ ႏုပ္ႏုပ္စဥ္းထားေသာ သခြားသီးမ်ားႏွင့္အတူ လ်င္ျမန္စြာ ေရာေမႊလိုက္သည္။

"ဒီေဆာ့စ္က သမီးရဲ့အေဖ လုပ္ထားတာ။ အရမ္း အရသာရွိတယ္။ မမွတ္မိဘူးလား?"

လင္းခ်င္းယင္ စကားေျပာသည္ကို ေစာင့္မေနဘဲ လင္းခ်င္းယင္၏ အေမသည္ သက္ျပင္းခ်လိုက္၏။

"သမီး မမွတ္မိတာ သာမာန္ပါပဲ။ သမီးရဲ့ အေဖက အိမ္မွာ အခ်ိန္နည္းနည္းပဲရွိၿပီး အမ်ားႀကီး မခ်က္ျပဳတ္နိုင္ဘူး။ သူက အျပင္မွာ အလုပ္မ်ားၿပီး၊ ေန႔တိုင္း ညနက္မွ အိမ္ကို ျပန္လာတာ။ ပူပူေႏြးေႏြး ထမင္းေတာင္ မစားနိုင္ဘူး။ ဒါဆို သူက ဟင္းခ်က္ဖို႔ ဘယ္လို အခ်ိန္ရနိုင္မွာလဲ"

လင္းခ်င္းယင္က ေခါက္ဆြဲပန္းကန္ကို စိုက္ၾကည့္ေနသည္ကို ျမင္လိုက္ရေတာ့ သူ(မ)ေျပာသည္ကို ၾကားသလားမသိခဲ့။ သူ(မ)သည္ ပန္းကန္လုံးအား ကူကယ္ရာမဲ့စြာျဖင့္ ကမ္းေပးလိုက္သည္ - "စားေတာ့"


ေဆာ့စ္ျဖင့္ ဆီျပန္ေၾကာ္ထားေသာ ေခါက္ဆြဲပန္းကန္ကို ၾကည့္ကာ လင္းခ်င္းယင္သည္ ေခါက္ဆြဲကို သတိထားစြာျဖင့္ တစ္ကိုက္ ကိုက္လိုက္သည္။ ေဆာ့စ္၏အရသာက သူ(မ)ပါးစပ္ထဲ ပ်ံ႕ႏွံသြားေသာအခါ၊ လင္းခ်င္းယင္၏ မ်က္လုံးမ်ား ေတာက္ပလာၿပီး၊ သူ(မ)သည္ ေခါက္ဆြဲကို စားရန္ မေစာင့္နိုင္ေတာ့ေပ။ သူ(မ)၏ မ်က္လုံးမ်ားသည္ ေပ်ာ္ရႊင္မွုျဖင့္ ျပည့္ႏွက္လ်က္။

"အရသာရွိလား?"

လင္းခ်င္းယင္၏ မိခင္သည္ သူ(မ)ေဘးတြင္ ထိုင္ကာ သန႔္ရွင္းေသာ တူတစ္စုံကို ေကာက္ယူကာ ေဆာ့စ္ထဲရွိ အတုံးေသးေသးေလးမ်ားကို ေကာက္ယူၿပီး လင္းခ်င္ယင္၏ ပန္းကန္ထဲသို ထည့္‌ေပးလိုက္သည္။

လင္းခ်င္းယင္၏ မ်က္ႏွာကိုၾကည့္ရင္း သူ(မ)သည္ ဂ႐ုတစိုက္ျဖင့္ ေမးလိုက္သည္ -

"ယင္ယင္၊ အခုတေလာ အျပင္ ထြက္‌ေနခဲ့တာလား"

လင္းခ်င္းယင္သည္ သူ(မ)၏ တူျဖင့္ အသားအတုံးလိုက္ကို ညႇပ္ယူၿပီး ဘာမွမျဖစ္သကဲ့သို ဆက္စားေနသည္ -

"အျပင္ထြက္ၿပီး လွည့္ပတ္ၾကည့္တာပါ။ အိမ္မွာ ေနရတာ ပ်င္းဖိုေကာင္းလို႔"

လင္းခ်င္းယင္၏ အေမက ခ်က္ခ်င္း သေဘာတူသည္ - "ဒါေပါ့၊ ဒါေပါ့၊ သမီးက ပ်င္းတယ္ဆို လမ္းေလၽွာက္ထြက္ပါ"

လင္းခ်င္းယင္၏ အေမသည္ ေနာက္ထပ္ အသားအတုံးေသးေသးေလးမ်ားကို ထည့္လိုက္ၿပီး ေမးရန္ ႀကိဳးစားလိုက္သည္ - "သမီး မပ်င္းတဲ့အခါ၊ သမီးရဲ့ အိမ္စာေတြ ၿပီးေအာင္လုပ္ဦးေနာ္။ ဟုတ္ၿပီလား?"

လင္းခ်င္းယင္၏ အေမသည္ လင္းခ်င္းယင္၏ စိတ္ခံစားမွုႏွင့္ ပက္သက္ၿပီး ေၾကာက္ရြံေနပုံရေသာေၾကာင့္ သူ(မ)အား စိတ္လွုပ္ရွားစြာ ၾကည့္ခဲ့သည္။ သူ(မ)သည္ လင္းခ်င္းယင္က ေခါင္းမေမာ့ဘဲ ပန္းကန္ထဲရွိ ေခါက္ဆြဲကို စားေနေသးသည္ကို ေတြ႕လိုက္ရေတာ့ စိတ္သက္သာရာ ရသြားသည္ -

"အေမက သမီးကို စာလုပ္ဖို႔ ဖိအားေပးေနတာ မဟုတ္ဘူး။ သမီး စာဖတ္ခ်င္ရင္ ဒီအတိုင္း ဖတ္႐ုံပဲ။ စာအုပ္ေတြ မဖတ္ခ်င္ဘူးဆို၊ အျပင္ထြက္ၿပီး လမ္းေလၽွာက္လို႔ ရပါတယ္။ ဘာပဲျဖစ္ျဖစ္ ေရွ႕ဆက္ၿပီး အသက္ရွင္ေနထိုင္ဖိုက အေရးႀကီးဆုံးအရာပဲ"

လင္းခ်င္းယင္က ေခါင္းညိတ္လိုက္သည္။ ဒီအမွန္တရားကို သူ(မ)ထက္ ဘယ္သူမွ ပိုသိမွာ မဟုတ္ဘူး။ သူ(မ)သည္ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္လာခဲ့ၿပီးၿပီ။ မိုးႀကိဳးပစ္ခံရၿပီးေနာက္ သူ(မ) အသက္ျပန္ရွင္နိုင္တယ္ဆိုတာ အံ့အားသင့္စရာပါပဲ။

လင္းခ်င္းယင္၏ အေမသည္ လင္းခ်င္းယင္ သေဘာတူသည္ကို ျမင္ေသာအခါ၊ သူ(မ)သည္ မကူမကယ္နိုင္႐ုံမၽွမက သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ သမီးျဖစ္သူ၏ စိတ္က်န္းမာေရးကို ဂ႐ုစိုက္ရန္ အလုပ္မ်ားလြန္းေနခဲ့ၿပီး၊ သမီးျဖစ္သူသည္ ျမစ္ထဲသို ခုန္ခ်ခဲ့သည့္အတြက္ ေနာင္တရေနမိသည္။

လင္းခ်င္းယင္ႏွင့္အတူ ေန႔လည္စာ စားၿပီးေနာက္၊ လင္းခ်င္းယင္၏ အေမက ပန္းကန္မ်ားကို လ်င္ျမန္စြာ ေဆးေၾကာၿပီး၊ ဖိနပ္မ်ားကို ေျပာင္းစီးကာ လင္းခ်င္းယင္အား ေျပာလိုက္သည္။

"ဒီေန႔လည္မွာ အေမ အလုပ္သြားရမယ္။ ခန႔္မွန္းေၿခ ညသန္းေခါင္မွ ျပန္လာရမယ္။ သမီးရဲ့ အေဖလည္း တစ္ခ်ိန္တည္း ျပန္လာလိမ့္မယ္။ ညက်ရင္ သမီး ကိုယ့္ဘာသာ စားလို႔ရတယ္။ က်န္တဲ့ ေဆာ့စ္ကို ေရခဲေသတၱာထဲမွာ ထည့္ထားတယ္။"

လင္းခ်င္းယင္သည္ မီးဖိုေခ်ာင္ရွိ အဝါေရာင္ ေရခဲေသတၱာ အေဟာင္းကို တစ္ခ်က္ ၾကည့္လိုက္ၿပီး သူ(မ)၏ ေခါင္းကို လွည့္လိုက္သည္။

" ေကာင္းေကာင္း အနားယူဖို႔ အေမ့ရဲ့ အခ်ိန္ပိုင္း အလုပ္ကေန ထြက္လိုက္တယ္လို ေျပာခဲ့တာ မဟုတ္ဘူးလား"


....................




Continuă lectura

O să-ți placă și

243K 6.7K 43
Jack Hasegawa, that was my name until I rescued a girl from falling down a mountain and instead I fell down. It was the end of my life. Then I met Go...
22.6K 3.3K 31
جۆنگ کوک:بە نەفرەت بیت وازم لێ بێنە چیت لە من دەوێت تایهیۆنگ:ششـ ئازیزم بۆچی هاوار دەکەی ئارام بە بۆ باروودۆخت خراپە ༄༄༄༄༄༄༄ جۆنگ کوک:تـ تۆ چیت کرد ت...
1.4M 1.2K 1
𝐁𝐨𝐨𝐤 𝟏 𝐨𝐟 𝐭𝐡𝐞 '𝐃𝐞𝐜𝐞𝐢𝐭𝐟𝐮𝐥 𝐑𝐨𝐲𝐚𝐥𝐬' 𝐒𝐞𝐫𝐢𝐞𝐬 ★✯★ "Secrets are lethal, especially when they come dripped in murder." Trinity...