သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီ

By AyePhyoe0

13.1K 1.2K 1

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီ... More

ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132/133/134
135
136/137/138
139/140
141/142/143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168

102

46 5 0
By AyePhyoe0

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ
ဘာသာပြန် - အေးငြိမ်းကျော်
အခန်း- ၁၀၂
(ယွဲ့ထန်)

သာယာနာပျော်ဖွယ်ဗျပ်စောင်းသံစဉ်များက လေထဲပျံ့လွင့်သွားသည်။

တီးလုံးက ကောင်းသလားဆိုးသလား ဝူကျိမပြောနိုင်ချေ။ သူစိတ်ချလက်ချဖြစ်သွားသလို၊ ပျော်ရွှင်ပီတိဖြစ်နေသလိုသာ ခံစားရ၏။ သူ့မိခင်၏ ဝမ်းဗိုက်ထဲသို့ ပြန်ရောက်သွားသလိုပင်။ လွယ်ကူလွတ်လပ်လှသည်။ အကြောက်တရားလည်းမရှိ၊ ဝမ်းနည်းမှုလည်းမရှိ၊ အရာအားလုံး၏ ကြီးထွားမှုကို သူမြင်လိုက်ရသလို ခံစားရသည်။ မြက်ပင်ရှည်ရှည်များအကြား ဖြတ်ပျံနေကြသည့် ငှက်တစ်အုပ်ကို သူမြင်လိုက်ရသည်။ လွင့်မျောနေသောတိမ်များနှင့် မိုးဖွဲဖျောက်ဖျောက်ကို ထက်မံ မြင်ရပြီး ထို့နောက် ကောင်းကင်နှင့်ကမ္ဘာမြေအကြား အသက်ရှင်နေထိုင်ရန် ကြိုးစားနေကြသော အသက်ရှိသတ္တဝါများကိုပါ မြင်လိုက်ရ၏။ ဝူကျိ  ရုတ်တရက်ပြုံးမိလိုက်သည်။ သိမ်းငှက်ပျိုတစ်ကောင် သူ့မျက်လုံးရှေ့မှ ဖြတ်ပျံသွားသလို မျက်လုံးများကို သူပိတ်လိုက်တော့၏။ လျှပ်စီးတစ်ချက်လက်သွားပြီး လန်းဆန်းသည့် မိုးရေစက်များကြောင့် ဝိုးတဝါးဖြစ်နေသော စိမ်းစိုစိုမြင်ကွင်းက သူ့မျက်စိရှေ့တည့်တည့်တွင် ပေါ်ပေါက်လာလေသည်။

အချိန်အကြာကြီး ဝူကျိ မေ့လျော့ခဲ့သော ဖြစ်ရပ်များက ဝူကျိ၏မှတ်ဉာဏ်အောက်ဆုံးမှ ရုတ်တရက်တိုးထွက်လာသည်။

သူ့ကိုယ်သူ မြင်နေရသည်။ ဒယီးဒယိုင် လမ်းလျှောက်တတ်ကာစ ကလေးငယ်လေး၊ သူ့မိဘများ၏ မွေးမြူရေးခြံတွင် လျှောက်သွားနေသည်။ တစ်မီတာကျော်ရှည်သည့် သပွတ်ကြီးကို ဆွဲကာ ညစ်ပတ်သည့်မြေပေါ်တွင် လူးလှိမ့်နေ၏။ ထို့နောက်တွင် သူ့အသက်ငါးနှစ်အရွယ်ကို မြင်ရပြန်သည်။ မွေးမြူရေးခြံနှင့် မျက်နှာချင်းဆိုင်တွင် အာဖရိကတွင်သာ ရှာတွေ့နိုင်သည့်ဇလုံတစ်ခုစာမျှ ကြီးသော ဖားပြုပ်ကြီးတစ်ကောင်ကို သူလိုက်ဖမ်းနေ၏။ ထို့နောက်တွင် ပုံရိပ်မှာပြောင်းလဲသွားသည်။ ယခုသူသည် အသက်ခုနှစ်နှစ်အရွယ် အဖေနှင့်အတူရှိနေသည့် သူ့ပုံရိပ်ကိုကြည့်နေသည်။ သူ့အိမ်နီးနားချင်း ထွားထွားကြိုင်းကြိုင်းလူမည်းကြီး မွေးထားသည့် အိမ်မွေးကျားသစ်တစ်ကောင်ကို သူကအမဲသားတွဲကြီးတစ်တွဲဖြင့် စနေသည်။ ထို့နောက် သူ့အသက်ကိုးနှစ်အရွယ် သစ်ပင်ရှည်ရှည်တစ်ခုအောက်တွင် ထက်မြက်သော မျက်လုံးများရှိသည့် လူမည်းမလေးတစ်ယောက်၏ပါးကို နူးညံ့စွာနမ်းရှုံ့နေသည်ကို မြင်ရသည်။

ထိုအရာများမှာ သူ့မှတ်ဉာဏ်အနက်ရှိုင်းဆုံးတွင် ဖုံးကွယ်ထားသည့် လှပသော အခိုက်အတန့်လေးများ ဖြစ်ကြသည်။ ဗျပ်စောင်းတေးသံသည် တစ်စုံတစ်ယောက်၏ မှတ်ဉာဏ်အနက်ရှိုင်းဆုံးတစ်နေရာတွင် ပုန်းလျှိုးနေသည့် အနူးညံ့ဆုံး၊ အနွေးထွေးဆုံး မှတ်ဉာဏ်များကို ဆွဲငင်သည်။ ဝူကျိကိုယ်တိုင်တောင် မေ့လျော့နေသည့် အသေးစိတ်အချက်အလက်များကို သံစဉ်က ဆွဲထုတ်ယူကာ သူ့မျက်စိရှေ့တွင် ချခင်းလိုက်သည်။ သူနှင့်တစ်နေ့တည်း အနမ်းဦးကို ဆုံးရှုံးခဲ့သည့် လူမည်းမလေးကိုပင် သူမှတ်မိလာသည်။ သူမ၏ သဘာဝကိုယ်နံ့... ထိုကိုယ်နံ့က လန်းဆန်းသော မြက်ပင်များ၏ ရနံ့နှင့်တူသည်။

တင်းကျပ်စွာ ပိတ်ထားသော ဝူကျိ၏မျက်လုံးများမှ မျက်ရည်စီးကြောင်းနှစ်ခုက ကျလာသည်။

ထို့နောက်တွင်ကား အတွင်းရေစွမ်းအင်က အလိုအလျောက်လှည့်လည်သွားတော့သည်။ ဝူကျိ၏ ရေသွေးကြောများအတွင်းတွင် သူတို့က စက်ဝိုင်းပုံသုံးခေါက် လျှင်မြန်စွာလည်ပတ်ကာ အလွန်အေးစက်သော စွမ်းအင်အဖြစ် အသွင်ပြောင်းပြီး ဝူကျိ၏ စိတ်ဝိညာဉ်ပင်လယ်ကြီးထဲသို့ ပြေးဝင်သွားသည်။ ရေရင်းမြစ်အခန်းကို စတင်ကျင့်ကြံစဉ်ကတည်းက ဖြစ်ပေါ်ခဲ့သော အချင်းပေတစ်သောင်းရှိသည့် ထိုပင်လယ်ကျယ်ကြီးသည် ဆူပွက်အုံကြွလာ၏။ ထို့နောက် ပြင်းထန်သည့်လေအေးတစ်ချက်က ရေမျက်နှာပြင်ကိုထိုးဖောက်ကာ ရေခဲစိုင်များ ဆီးနှင်းပွင့်များ ဖြစ်ပေါ်လာသည်။ စိတ်ဝိညာဉ်ပင်လယ်ကြီးသည် ယခုရေခဲ၊ ဆီးနှင်းတို့ဖြင့် ပြည့်နှက်နေသော နေရာဖြစ်သွားလေသည်။ ခိုက်ခိုက်တုန်ချမ်းရသည့် လေပြင်းကြောင့် ဝူကျိ ရုတ်တရက် တုန်ယင်သွားပြီး ချက်ချင်းလန့်နိုးသွားသည်။

ခိုးယူခြင်းအတတ်ကျမ်းမှ သိမ်မွေ့နက်ရှိုင်းသော ကျင့်စဉ်တစ်ခုသည် ဝူကျိ၏ စိတ်ဝိညာဉ်ပင်လယ်ကြီးအတွင်း ဖြည်းညှင်းစွာ ပေါ်ပေါက်လာသည်။ ‘ထာဝရနတ်နှင့် နတ်ဆိုးခုနှစ်ပါး စိတ်မွမ်းမံခြင်းပညာ’ ဟူ၍ဖြစ်သည်။ ဤသည်မှာ လူတစ်ဦး၏ ဝိညာဉ်ကို လေ့ကျင့်ပေးရန်နှင့် မွမ်းမံပေးရန် အသုံးပြုသော ကျင့်စဉ်တစ်ခုဖြစ်ပြီး ပြင်ပနတ်ဆိုးများ စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ကာ စိတ်ကို ခိုင်ခံ့မြဲမြံတည်ငြိမ်စေသည်။ ပုံမှန်ဆိုလျှင် ဤကျင့်စဉ်သည် ဝူကျိ  ကနဦးရှိုက်လေအလွှာသို့ရောက်မှသာ ပေါ်ပေါက်လာရမည်ဖြစ်သော်လည်း ဗျပ်စောင်းသံကြောင့် သူစိတ်လှုပ်ရှား ခြိမ်းခြောက်ခံရသဖြင့် သူ့ဝိညာဉ်မသိစိတ်က ကြိုတင်ဖော်ပြလိုက်ခြင်းဖြစ်၏။

ခိုးယူခြင်းအတတ်ကျမ်းသည် ကျင့်ကြံသူအား ကောင်းကင်ဘုံအောက်ရှိ အရာအားလုံးကို ခိုးယူနိုင်စေရန် လမ်းဖွင့်ပေးသော ကျင့်စဉ်တစ်ခုဖြစ်သည်။ ဤစကြာဝဠာရှိ မတူညီသောလောကများနှင့် ကမ္ဘာများအတွင်းတွင် စိတ်ကိုလှည့်ဖျားသော နည်းလမ်းများမှာ ရေတွက်မရအောင်ပင် များပြားလှသည်။ ထို့အပြင် ကျင့်ကြံသူတချို့နှင့် အံ့ဖွယ်စွမ်းရည်များရှိသော ကြီးမြတ်သည့် တည်ရှိမှုများသည် စိတ်ဝိညာဉ်ကို လှည့်ဖျားနိုင်သော မှော်ပညာများကိုအသုံးပြု၍ သူတို့၏ အင်မော်တယ်ဂူများ၊ ရတနာသိုက်များကို ကာကွယ်တတ်ကြသည်။ ထိုမှော်နည်းစဉ်များကို ကျော်လွှားနိုင်သည့် နည်းလမ်းမရှိဘဲ ကောင်းကင်ဘုံအောက်ကအရာရာကို ခိုးယူနိုင်သည်ဟု ခိုးယူခြင်းအတတ်ကျမ်းက မည်သို့ဆိုနိုင်မည်နည်း။ ထာဝရနတ်နှင့် နတ်ဆိုးခုနှစ်ပါး စိတ်မွမ်းမံခြင်းကျင့်စဉ်သည် ရန်သူကို ဇဝေဇဝါဖြစ်စေနိုင်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်ရုံသာမက ထိုကျင့်စဉ်သည် အလွန်နက်နဲသိမ်မွေ့သော အဆင့်မြင့်ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုပေါင်းစုံကို ပြယ်ပျောက်စေရုံသာမက နတ်ဝိညာဉ်အာရုံကို အသုံးပြု၍ တိုက်ခိုက်ရသော ထူးခြားအံ့ဖွယ်နည်းစနစ်များလည်း ပါဝင်၏။

စိတ်ကိုစုစည်း အာရုံစိုက်ကာ ဤစိတ်မွမ်းမံခြင်းကျင့်စဉ်တွင် ပါဝင်သည့် နည်းစဉ်အတိုင်း အလိုအလျောက်ပင် ကျင့်ကြံလိုက်တော့သည်။ သူ၏ နတ်ဝိညာဉ်အာရုံကို လူသားစိတ်ခံစားချက် ခုနှစ်ခုဖြစ်သည့် ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ အချစ်၊ အမုန်း၊ ဆန္ဒတို့အသွင် ဖော်ဆောင်လိုက်သည်။ သူ့မျက်ဆံနှစ်ခုအတွင်းတွင် အလွန်သေးငယ်သော အမှုန်လေးခုနှစ်ခုက တဖျတ်ဖျတ်လင်းလက်နေ၏။ သူ့ပတ်ဝန်းကျင်အား ရှင်းပြ၍မရနိုင်၊ ဖော်ပြ၍မရနိုင်သည့် အရှိန်အဝါမျိုးက ရုတ်တရက်ဖြည့်တင်းလိုက်ပြီး သူ့မျက်နှာတွင် ဝိုးတဝါး ဒုစရိုက်အကြည့်မျိုးကို မြင်နိုင်ပေသည်။ နတ်နှင့်နတ်ဆိုးခုနှစ်ပါး၏ ကနဦးပုံစံများသည် သူ့နတ်ဝိညာဉ်ပင်လယ်ကြီးအတွင်း အသွင်ယူပြီးဖြစ်သည်။ သူ့နတ်ဝိညာဉ်အာရုံ၏ ခွန်အားကြောင့် ယခုတွင် နတ်နှင့်နတ်ဆိုးခုနှစ်ပါးမှာ အရိပ်ပြေးလေးလို ဝိုးတိုးဝါးတားပုံရိပ်များအဖြစ် ရှိနေသည်။ သို့သော်လည်း ဤသည်မှာ ဗျပ်စောင်းတီးသံမှလာသော ညှို့စွမ်းအားကို တောင့်ခံရန် သူ့အတွက် လုံလောက်ပေသည်။

သံစဉ်မှာ သာယာနာပျော်ဖွယ်ကောင်းပြီး နားထောင်ရချိုသာလှသော်လည်း ဝူကျိ၏ နှလုံးသားကိုတော့ ထိကိုင်နိုင်တော့မည်မဟုတ်ချေ။ မျက်နှာပေါ်မှ မျက်ရည်များကို သူခပ်ဖြည်းဖြည်း သုတ်လိုက်သည်။ အစော်ကားခံလိုက်ရသလို သူခံစားရကာ ဒေါသထွက်မိသဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလျက် ထိုယွဲ့ထန်ဆိုသည့် လူ့စိတ်ကို ဗျပ်စောင်းသုံး၍ ကစားတတ်သော မိန်းမအား ဝူကျိ လိုက်ရှာလိုက်သည်။

သူ့ငယ်ဘဝမှတ်ဉာဏ်များမှာ ဝူကျိ သိမ်းထားဆဲဖြစ်သည့် အလွန်ရှားပါးသော နွေးထွေးသည့် အခိုက်အတန့်များဖြစ်ပြီး သူ့နှလုံးသား အနက်ရှိုင်းဆုံးတွင် ဝူကျိ သော့ခတ်သိမ်းထားသည်။ သို့သော်လည်း ဗျပ်စောင်းသံကိုသုံးကာ ဒီယွဲ့ထန်သည် ဝူကျိ မထိချင်ပါသော မှတ်ဉာဏ်များကို ဆွဲထုတ်ပစ်သည်။ သူအဘယ့်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်လိမ့်မည်နည်း။ လျှို့ဝှက်ပုန်းအောင်းသည့်နေရာကို ရှာတွေ့ခံလိုက်ရသည့် ကလေးတစ်ယောက်လိုပင် ဝူကျိသည် သူစိမ်းတစ်ယောက်က သူ့အကြိုက်ဆုံးအရုပ်လေးကို လုကိုင်လိုက်သလိုခံစားရသည်။ ဝူကျိ၏ နှလုံးသားတစ်ခုလုံး ဒေါသမီးလျှံများဖြင့် ပြည့်နက်နေသည်။ ဓားကိုဆွဲပြီး တစ်ယောက်ယောက်ကို သတ်ပစ်လိုက်ချင်၏။

ဤမဟာခန်းမထဲက မျက်နှာများပေါ်တွင် မတူညီသော အမူအရာများရှိနေသည် မှန်သော်လည်း သူတို့တွင် ဗလာအကြည့်မျိုး ရှိနေကြသည်။ သူတို့တစ်ယောက်မှ သံစဉ်၏တိုက်ခိုက်မှုကို လွတ်မြောက်နိုင်ခဲ့သည့်ပုံ မပေါ်ချေ။

ဝူကျိ၏ဘယ်ဘက်တွင် ထိုင်သော ကျန်းဟူဆီတွင်က ရမ္မက်လျှမ်းသော မိုက်မဲမဲအပြုံးတစ်ခုက ရှိနေသည်။ သူ့ပါးစပ်က အဟောင်းသားဖြစ်လျက် အသံမထွက်ဘဲ ပြုံးကာ နှုတ်ခမ်းစွမ်းနှစ်ဖက်၌ တံတွေးများ စီးကျနေ၏။ မေးစရာပင်မလိုဘဲ ဒီလူသည် ပြည့်တန်ဆာအိမ်တွင် တွေ့ကြုံခဲ့ရသော အသိအကျွမ်းဟောင်းများအကြောင်း တွေးနေမှန်းထင်ရှားလှသည်။ သူ့ပေါင်နားမှ အနည်းငယ်ဖောင်းနေသော နေရာကိုကြည့်ချင်းအားဖြင့်လည်း အရိပ်အယောင်ကမ္ဘာလေးတွင် သူသည် ထိုအသိအကျွမ်းဟောင်းနှင့် တကယ့်ကိုပျော်နေကြောင်း သိနိုင်၏။

ဝူကျိ၏ ညာဘက်တွင်တော့ ဟူဝေရှိနေသည်။ ရင်ဘတ်ပေါ် ခေါင်းငိုက်စိုက်ကျလျက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ရှိနေသော်လည်း ဝိုးတဝါး လူသတ်ချင်စိတ်ကို သူ့ခန္ဓာကိုယ်က ထုတ်လွှတ်နေလေသည်။ ပုံစံကြည့်ရသည်မှာ သူသည်စစ်တန်းလျားတွင် ရဲဘော်ရဲဘက်များနှင့် ပျော်ရွှင်နေပုံပေါ်သည်။ သူ့၏ အပြုံးရေးရေးအောက်တွင်ကား ပြောမထွက်နိုင်အောင် ဆိုးရွားသည့် ဝမ်းနည်းမှုတစ်ခုရှိနေသည်။ ဟူဝေအား ဝူကျိ  စူးစူးစမ်းစမ်းကြည့်မိတော့၏။ ဟူဝေက ကျန်းဟူထပ် ပိုစိတ်ဓာတ်ကြံ့ခိုင်ကြောင်းသိရ၍ ဝူကျိ အံ့ဩမိသည်။ မဟုတ်မှလွဲရော ဟူဝေသည် သူ့မျက်လုံးရှေ့တွင် ပေါ်ပေါက်လာသည်က ပုံရိပ်ယောင်တစ်ခုသာဖြစ်ကြောင်း အရင်ကတည်းက သိခဲ့ခြင်းဖြစ်နိုင်သည်။ သို့သော်လည်း ဤလှပလွန်းသည့် မှတ်ဉာဏ်ထဲက သူရုန်းမထွက်လိုပေ။

မုန့်ငယ်မြို့လေးတွင် ဟူဝေ နှစ်ပေါင်းမည်မျှ တာဝန်ထမ်းဆောင်ခဲ့သည်နည်း။ ထိုနှစ်များတွင် အဆုံးအစမဲ့ လူရိုင်းလှိုင်းလုံးများကြောင့် သူ့ရဲဘော်ရဲဘက်မည်မျှ ကျဆုံးခဲ့ရသည်နည်း။

ဟူဝေအား ဝူကျိ စာနာစွာကြည့်မိတော့သည်။ သည်လူကိုတော့ ပုံရိပ်ယောင်များအတွင်း သူ့ညီအစ်ကိုရဲဘော်ရဲဘက်များနှင့် အချိန်အနည်းငယ် ထပ်မံတွေ့ခွင့်ပြုရန် ဝူကျိ ဆုံးဖြတ်လိုက်၏။ ဤလူကြီးမှာ သွေးနှင့်ရေချိုးခဲ့ဖူးသည့် စစ်သားစင်စစ်ဖြစ်သည်။ ထိုကဲ့သို့ စိတ်ခံစားချက်နှီးနွှယ်သည့် အခိုက်အတန့်မျိုးက သူ့အတွက်တန်ဖိုးရှိနိုင်သည်။

ကျန်းဟူအား ဝူကျိ ဝိုင်အရက်အိုးတစ်ခုကို ကောက်ကိုင်ကာ သူ့ပေါင်ကြားထဲသို့ လောင်းချပေးလိုက်လေသည်။

ကျန်းဟူတစ်ယောက် တုန်တက်သွားပြီး သံစဉ်မှနိုးထလာတော့သည်။ ဒေါသတကြီး သူဘယ်ညာလှည့်ကြည့်သောအခါမှ သူသည် မဟာခန်းမအတွင်းထိုင်နေဆဲဖြစ်ပြီး ပုံရိပ်ယောင်ထဲမှ ပြည့်တန်ဆာအိမ်သို့ ရောက်နေခြင်းမဟုတ်ကြောင်း သိရှိသွား၏။ ကျန်းဟူက အတွေ့အကြုံများသောလူဖြစ်သည်။ သူသည် စိုရွှဲသွားသည့် ပေါင်ကြားကိုလက်ဖြင့်ကာကာ အသံကိုနှိမ့်လျက် အံ့အားသင့်စွာမေးလိုက်၏။

“ဒါအရမ်းထူးဆန်းတယ်... ဘယ်လိုတီးလုံးမျိုးကြီးလဲ... ငါခုဏကမှ ကောင်မလေးအနည်းဆုံးတစ်ရာနဲ့ အိပ်ရာအကြီးကြီးပေါ်မှာ ဆော့နေတာ...”

ကျန်းဟူကို ဝူကျိ မျက်စောင်းထိုးကာ အသံတင်းတင်းဖြင့် တီးတိုးပြောလိုက်သည်။

“ခုဏက ဓားထက်ထက်ကိုင်ထားတဲ့ ခုနှစ်နှစ်ကလေးလေးက အစ်ကိုကြီးကိုသတ်ချင်ရင် သတ်လို့ရတယ်ဗျ...”

ကျန်းဟူ၏ နှဖူးမှ ချွေးစေးများ ချက်ချင်းကျလာသည်။ သူသည် ဒေါသတကြီး ဟိုဟိုဒီဒီကြည့်ကာ အသံတိုးတိုးကျိန်ဆဲနေ၏။

“အဲဒီ့ကောင်မစုတ်လေး ဘယ်နေရာကနေ တီးနေတာလဲ...”

ဝူကျိ သူ့ကိုမဖြေဘဲ မျက်လုံးများဖြင့် ဟိုဟိုဒီဒီကြည့်လိုက်တော့သည်။ ယန်တန့်၊ ယန်ချွီကျွင်း၊ ကျင်းခယ်နှင့် အခြားသူတချို့မှလွဲ မဟာခန်းမထဲတွင် အသိဝင်နေသူဆို၍ သုံးဆယ်ပင်မပြည့်ချေ။ ကျင်းခယ်ကို ဝိုင်အရက်စည်ပိုင်းနှစ်ပိုင်း ယူဆောင်ပေးခဲ့သူ တော်ဝင်အမှုထမ်းချုပ် မာယီသည်လည်း ဗျပ်စောင်းတီးလုံး၏ ပုံရိပ်ယောင်လောကထဲတွင် မပိတ်မိနေချေ။ သူသည် သတိကြီးကြီးထားနေသော အမဲလိုက်ခွေးကြီးသကဲ့သို့ ယန်တန့်ဘေးတွင် ခိုင်မြဲစွာရပ်နေသည်။ သူ၏မျက်လုံးများက တောက်ပလျက် သူကသတိဖြင့် အရာရာကို စောင့်ကြည့်နေ၏။

ကျန်းလဲ့မင်းသမီးမှာ ပလ္လင်စင်မြင့် အပေါ်ဆုံးအလွှာတွင်ထိုင်ကာ သူမမေးကလေးကို လက်နှစ်ဖက်ဖက်ဖြင့် ထောက်ထားသည်။ မျက်လုံးများကိုမှေးလျက် အရေးပါသောဝန်ကြီးများနှင့် မှူးမျိုးမတ်နွယ်များကို သူမစူးစမ်းသလို ကြည့်လိုက်သည်။ ဝူကျိက ညှို့သံစဉ်မှ မည်မျှမြန်ဆန်စွာနိုးထလာနိုင်မှန်း တွေ့သည့်အခါ သူမမျက်နှာကလေးတွင် ဝင်းပသည့်အပြုံးတစ်ခုက ချက်ချင်းပေါ်ပေါက်လာ၏။ ဝူကျိကို သူမက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ ချယ်ရီနှုတ်ခမ်းလေးများကတော့ မည်သည့်အသံမှမထွက်စေဘဲ ရွေ့လျားနေသည်။ ဝူကျိက နှုတ်ခမ်းဖတ်တတ်သူဖြစ်ရာ ကျန်းလဲ့မင်းသမီးက တစ်စုံတစ်ဦးကို ဆူပူကြိမ်းမောင်းနေကြောင်း သိလိုက်ရသည်။

“လူတွေရဲ့စိတ်ကို လှည့်ဖျားရတာကြိုက်တဲ့ ရုပ်ဆိုးဆိုး မိန်းမကြီး... ခမည်းတော်က သူ့ကို အထူးဧည့်သည်အဖြစ် ဆက်ဆံပေမယ့်... ကျန်းလဲ့ သူ့ကိုမုန်းတယ်...”

ဝူကျိ ပြုံးလိုက်မိသည်။ ခွက်အပြည့် အရက်ငှဲ့ကာ ထိုအရက်ကို ကြမ်းပေါ်သူသွန်ချလိုက်၏။ ထို့နောက် ကျန်းလဲ့ကို သူပြောလိုက်သည်။

‘ဒီယွဲ့ထန်က ဘာနောက်ခံပဲရှိရှိ... ကျွန်တော် ခွက်ထဲက အရက်ကိုသွန်ချသလို မင်းသမီးလေးလည်း သူ့ကို စိတ်ထဲကထုတ်လိုက်ပါ...’

ယွဲ့ထန်သည် တေးဂီတပညာရှင်တစ်ဦးသာဖြစ်သည်။ ကျန်းလဲ့မင်းသမီးနှင့် သူမမည်သို့ နှိုင်းယှဉ်၍ရနိုင်မည်နည်း။

သူ့နှုတ်ခမ်းလှုပ်ရှားပုံကိုကြည့်၍ သူ့စကားများကို သူမသိသွားသည့်အခါ စိတ်ကောက်နေသူ ကျန်းလဲ့မင်းသမီး၏ မျက်နှာကလေးသည် ချက်ချင်းအပြုံးပန်းဝေဆာလာ၏။ သူမသည် ခါးကိုမတ်ကာ ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။ ဝိုင်အရက်အိုးတစ်လုံးကို သူမကောက်ကိုင်ကာ နှစ်လုပ်ထဲနှင့် အထဲရှိ အရက်ကောင်းများကို သူမသောက်လိုက်လေသည်။ ထို့နောက် ဝူကျိ ရှိရာသို့ စိတ်ကျေနပ်စွာဖြင့် လေတက်လိုက်သည်။

ယန်တန့်နှင့် ယန်ချွီကျွင်းတို့နှစ်ယောက်စလုံးလည်း ကျန်းလဲ့မင်းသမီး၏ အပြုအမူကလေးကို သတိထားမိသွားသဖြင့် တစ်ချိန်တည်းမှာပင် သူမရှိရာသို့လှည့်လိုက်ကြသည်။ သူမက သူတို့ကို မျက်လုံးမှိတ်ပြကာ ပြုံးလိုက်ပြီးမှ ဂုဏ်သရေရှိအမျိုးသမီးလို တည်တည်တံ့တံ့ထိုင်တော့လေသည်။ သူမနောက်တွင် နတ်အလင်းငါးဖြာ ကန့်လန့်ကာသည် အမြှီးကိုကြွားဝါနေသည့် ဥဒေါင်းငယ်လို စိတ်ကျေနပ်ရွှင်လန်းစွာ ဝေ့ယမ်းလှုပ်ရှားနေတော့၏။

ယန်တန့်နှင့် ယန်ချွီကျွင်းတို့နှစ်ဦးလည်း ဝူကျိရှိရာသို့ အကြည့်ကိုရွှေ့လိုက်ကြသည်။ သို့သော်လည်း ဝူကျိက မျက်နှာအမူအရာကို ပြင်ဆင်ပြီးဖြစ်ကာ ဗျပ်စောင်းသံကို မွေ့လျော်နေဆဲ မျက်နှာမျိုး ဟန်ဆောင်ထားလေသည်။ ဧကရာဇ်နှင့် အိမ်ရှေ့စံတို့နှစ်ဦးလုံး ထိုအရပ်မျက်နှာသို့ ကြည့်နေပါသော်လည်း မျက်ခုံးကြီးကြုတ်ကာ အတွင်းစွမ်းအင်ကို ထုတ်သုံး၍ ပေါက်ကြားကဝိုင်ကွက်အား ခြောက်အောင်လုပ်နေသော ကျန်းဟူကလွဲ ပုံမှန်မဟုတ်ခြင်းမျိုး သူတို့ရှာမတွေ့ချေ။

ယန်တန့်က ခေါင်းကိုခါကာ ခပ်တိုးတိုးရယ်မောလျက် ယန်ချွီကျွင်းကို ပြောလိုက်၏။

“ကျန်းလဲ့က အရွယ်ရောက်လာပြီပဲ...”

ယန်ချွီကျွင်းက အပြုံးငယ်တစ်ခုနှင့် တုံ့ပြန်ပြီး သဘောမတူသလို ခေါင်းကိုခါလိုက်သည်။ ထို့နောက် ဝူကျိရှိရာသို့ သူလှည့်လိုက်ပြန်သည်။ သူ့မျက်ခုံးများက အပေါ်သို့ပင့်တင်ထားလျက် အလွန်ထက်မြက်သော ဓားများနှင့်တောင် တူနေတော့သည်။

ရုတ်တရက်ပင် တီးလုံးသည် ရပ်ဆိုင်းသွားလေ၏။ ခန်းမထဲရှိလူအုပ်လည်း အေးစက်စက် ရှိုက်လေကို ရှိုက်လိုက်ကြပြီး တစ်ပြိုင်တည်း ဟစ်ကြွေးလိုက်ကြသည်။ တချို့လူငယ်ဧည့်သည်များကမူ ခံစားချက်များပြည့်လျှံစွာ သက်ပြင်းများချလျက် ယွဲ့ထန်တီးသော ဗျပ်စောင်းကို အံ့ဖွယ်အဆင့်သို့ ရောက်ပါသည်ဟုဆိုကာ စကားလုံးကြီးကြီးများဖြင့် ချီးကျူးနေတော့သည်။ ထိုစကားလုံးကြီးကြီးများအကြားတွင်တော့ ယွဲ့ထန်သည် နတ်သမီးလေးတစ်ဦးဖြစ်လာသည်။ လူ့ဘုံအရှုပ်အထွေးများထဲ မပေါ်ပေါက်လာသင့်သော အင်မော်တယ်ကြီးဖြစ်လာသည်။

ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာတို့ အချင်းချင်းထိမိသံများ ကြားလိုက်ကြရသည်။ လက်ထဲတွင် ဗျပ်စောင်းပိုက်ထားသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် ခန်းမထဲသို့ ဖြည်းညှင်းကျက်သရေရှိစွာ ဝင်ရောက်လာ၏။ ခန်းမထဲမှ ဂုဏ်သရေရှိ ဧည့်သည်များအားလုံး ရုတ်ချင်းပင် ပါးစပ်ကိုပိတ်လိုက်ကြသည်။ သူတို့ မျက်နှာအမူအရာများကို ထိန်းသိမ်းလိုက်ကြပြီး ခပ်မြန်မြန်ထရပ်ကာ ထိုဝတ်စုံဖြူဝတ်အမျိုးသမီးကို နှုတ်ခွန်းဆက်ကြလေသည်။ အထူးသဖြင့် လူငယ်များဖြစ်သည်။ သူတို့သည် ကြက်မလှလှလေးကို မြင်လိုက်ရသော ကြက်ထီးများကဲ့သို့ပင်။ အားစိုက်ထုတ်ကာ သူတို့၏ အကောင်းဆုံးသော ရုပ်ရည်သွင်ပြင်များ ဟန်ပန်အမူအရာများကို ပြကြပြီး အရှေ့သို့တိုးထွက်ကာ ဤထူးကဲသည့် အမျိုးသမီးကို ချစ်ရေးသာ သူတို့ ဆိုချင်နေကြသည်။

ထိုအမျိုးသမီးကို ဝူကျိကလည်း စူးစမ်းနေသည်။ သူမသည် ဗျပ်စောင်းကိုတီးခတ်ကာ လူတစ်ယောက်၏ မသိစိတ်အနက်ရှိုင်းဆုံးတွင် ပုန်းအောင်းနေသည့် မှတ်ဉာဏ်များကို နှိုးဆွနိုင်သည့်၊ ပုံရိပ်ယောင်ဖန်တီးနိုင်သော တီးလုံးတစ်ခုကို ဖော်ဆောင်နိုင်သည်။ အင်မော်တယ်ပညာရပ်များထဲတွင် ဤသည်မှာ အလွန်စွမ်းအားကြီးသော လှည့်ဖျားခြင်းပညာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရ၏။ ထိုအံ့ဖွယ်အမျိုးသမီးသည် မည်သို့သော ပုံပန်းရှိမည်ဖြစ်ကြောင်း ဝူကျိ တွေ့ချင်ခဲ့သည်။

သို့သော်လည်း အမျိုးသမီးကို နောက်ဆုံးတွေ့လိုက်ရသည့်အခါ ဝူကျိ စိတ်ပျက်မိတော့သည်။ သူမတွင် ကျစ်လျစ်သွယ်လျသော ခန္ဓာကိုယ်ရှိပါသော်လည်း ထူထဲသည့် အဖြူရောင်ဝတ်ရုံရှည်ကြီးအောက်တွင် အုပ်ခံထားရသည်။ အပြစ်မဲ့ ကြည်လင်သောကျောက်စိမ်းဖြူကဲ့သို့ လွန်စွာဖြူဝင်းသော လက်ဝါးနှစ်ခုမှလွဲ အခြားသောအရာကို ဝူကျိ မမြင်နိုင်ချေ။ ခရမ်းဝါးမှ ယက်လုပ်ထားသည့် ဝါးခမောက်ကို သူမဆောင်းထားသည်။ ခမောက်၏အစွန်းမှ သုံးပေရှည်သည့် အဖြူရောင်ဇာကကျနေကာ သူမမျက်နှာကို ဖုံးကွယ်ထားလေသည်။ သူမ၏ သေးငယ်သော ဘဲဥပုံမျက်နှာကလေးကို မြင်သည်ဆိုရုံသာ မြင်ရပြီး သူမ၏ မျက်နှာသွင်ပြင် အတိအကျကိုတော့ မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။

သို့သော်လည်း ထိုကဲ့သို့ လျှို့ဝှက်သည့်ဟန်ပန်ကြောင့် ယွဲ့ထန်အား ပိုဆွဲဆောင်မှုရှိစေ၏။ ဝူကျိမှာ သူမကြောင့် ဆွဲဆောင်ခံလိုက်ရသေးသည်။ မည်မျှ ပြိုင်ဘက်ကင်းသော မျက်နှာကလေးကို သူမပိုင်သနည်းဟု သူမ၏ မျက်နှာလွှားဇာကို ဖယ်ချင်မိသည်။ မည်မျှလှပသော ခန္ဓာကိုယ်ကို သူမဖုံးကွယ်ထားသည်နည်းဟု သူမအဖြူရောင်ဝတ်စုံကို စုတ်ဖြဲပစ်ချင်မိသည်။

ထိုအတွေးမျိုး သူ့စိတ်ထဲဝင်ရောက်လာသည့်အခါ ဝူကျိနှလုံးသားလေး တုန်ယင်သွားရသည်။ ထာဝရနတ်နှင့်နတ်ဆိုးခုနှစ်ပါးသည် ဂနာမငြိမ်ဖြစ်လာပြီး သူ့ဝိညာဉ်ပင်လယ်ကြီးအား ပုံသဏ္ဍာန်မဲ့ မှော်စွမ်းအင်က ဖုံးလွှမ်းလိုက်လေသည်။ အလွန်ပြင်းထန်သော အေးစက်မှုက သူ့ဝိညာဉ်ကို လှုပ်ယမ်းလိုက်ပြီး အရိုင်းဆန်အတွေးများဆီက သူ့ကို လှုပ်နိုးလိုက်ပြန်၏။ ဒီယွဲ့ထန်သည် အံ့ဖွယ်ညှို့အားပြင်းလှသည်။ ဝူကျိ သူမ၏ညှို့ငင်မှူအောက်တွင် တစ်ဖန်ပြန်ပါသွားမလိုတောင် ဖြစ်ခဲ့ရသည်။

ဝူကျိ သက်ပြင်းကိုရှိုက်ကာ ခေါင်းကိုငုံ့လိုက်တော့သည်။ ထိုအမျိုးသမီးကို ဒုတိယအကြိမ် သူမကြည့်ရဲချေ။ ယွဲ့ထန်၏ ညှို့ငင်အားမှ နှစ်ကြိမ်တိတိလွတ်မြောက်ရန်အတွက် သူ့နတ်ဝိညာဉ်အာရုံ၏ သုံးဆယ်ရာခိုင်နှုန်းကျော် သုံးစွဲခဲ့ရသည်။ ထို့ကြောင့်ဤနေရာတွင် သူ့စိတ်ဝိညာဉ်ကို မဖြုန်းတီးချင်တော့ပေ။

တိမ်ပေါ်လမ်းလျှောက်ကဲ့သို့ မဟာခန်းမထိပ်ဆုံးရှိ ပလ္လင်စင်မြင့်သို့ ယွဲ့ထန်က လျှောက်လာသည်။ ယန်တန့်အား သူမခေါင်းညွတ်ကာ နှုတ်ခွန်းဆက်သလိုက်၏။

“သာမန်အရပ်သား ယွဲ့ထန်က ဧကရာဇ်မင်းမြတ်ကို နှုတ်ခွန်းဆက်ပါတယ်... အရှင်မင်းမြတ်သက်တော်ရှည်ပါစေ...”

Continue Reading

You'll Also Like

132K 26.9K 80
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
32.3K 728 22
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...
221K 6.4K 61
𝐁𝐄𝐈𝐍𝐆 𝐓𝐇𝐄 𝐄𝐋𝐃𝐄𝐒𝐓 child of the Kamado family was no easy task. You took on chores with your mother, and soon enough, you had to take car...
12.6K 446 11
Izuku Midoriya, formerly known as Yagi was treated like a plague For something beyond his control, he was diagnosed as Quirkless His mother Inko Yagi...