Unicode
အပိုင်း (၁၂၅)
ယဲ့ကျန်းက ပြုံးသည်။ သူမ၏စိတ်အတွင်းတွင်မူ ဝမ်ဖေးတစ်ယောက်အဆင့်အတန်းနှင့် အခုကဲ့သို့ ကောင်းမွန်ကြော့ရှင်းပြီး သဘောထားကြီးနေခြင်းက ကောင်းမွန်သည်ဟု မြင်သည်။ အများစု၏အမြင်တွင် သူမက နယ်မြို့မှ တက်လာသော တောချုံအုံကြားမှ ကလေးမတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမ ဘာပြောပြော ဘာလုပ်လုပ် အဆင်ပြေနေသေး၏။ ဝမ်ဖေးတစ်ယောက်ကဲ့သို့ စောင့်ထိန်းရန် မလိုအပ်ပေ။
“ရှက်စရာပဲ”
လျိုဟွားက သူမ ရောက်လာချိန်တွင် ထိုစကားများကို ကြားလိုက်ရခြင်းဖြစ်သည်။ ယဲ့ကျန်းက သူမကို အပြစ်ကင်းစင်စွာပြုံးပြလိုက်၏။
“မင်းသမီးက သဘောမတူတာပါလား၊ ဒါက အမှန်တရားပါပဲ၊ ကြည့်ကောင်းတဲ့သူတွေက ဘာလုပ်လုပ် ကြည့်ကောင်းကြတယ်လေ၊ ဒါပေမဲ့ ကြည့်ကောင်းတဲ့သူတွေအတွက်ပါပဲ”
သူမ၏စကားက မင်းသမီးလျိုဟွားသည် ကြည့်ရဆိုးသည်ဟု ပြောလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏စကားကို နားမလည်လျှင် လက်မခံနိုင်တော့ခြင်း ဖြစ်သွားပေလိမ့်မည်။ ပတ်ဝန်းကျင်ရှိလူများက ရယ်ကြသည်။ မြို့တော်ရှိလူများက မင်းသမီးသည် သူမကို ကြည့်မကောင်းဟု ပြောခြင်းကို အလွန်မုန်းတီးမှန်း လူတိုင်းသိကြ၏။ သူမသည် တစ်ချိန်တုန်းက ယခင်ဝမ်ဖေးကို တစ်ယောက်တည်း တိုက်ခိုက်နေလေ့ရှိသည်။ ကံဆိုးသည်မှာ ထိုဝမ်ဖေးက သူမကို သတိမထားမိခဲ့ပေ။ သတိထားမိခြင်းပင် မရှိခြင်းဖြစ်၏။ လက်ရှိအချိန်တွင် သူမထက် အဆင့်နိမ့်သော လုယောင်ယောင်က သူမအား လူအများရှေ့တွင် ထိုသလိုလှောင်ရဲနေ၏။ သူမက ယဲ့ကျန်းကိုလည်း လက်ညှိုးထိုးသည်။ သူမ၏မျက်နှာက ဒေါသကြောင့် ပြာနှမ်းလာ၏။ သို့တိုင်အောင် ဉာဏ်ပညာရှိစွာ မည်သို့ ပြန်တုံ့ပြန်ရမည်ဖြစ်ကြောင်း မသိပေ။
ယဲ့ကျန်းက သူမကိုပွတ်တိုက်ကာ ကျော်ဖြတ်သွားပြီးနောက် ဆွန်းဝမ်ကို ပြောသည်။
“စာမေးပွဲ သွားဖြေလိုက်ပါ ၊ ငါ နင့်ကိုဒီမှာစောင့်နေမယ်”
ဆွန်းဝမ်က မြင်းဇောင်းထဲသို့ ဝင်ရောက်သွားသောအခါ ယဲ့ကျန်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြီး ပတ်ဝန်းကျင်မှ စူးရဲသောအကြည့်များအားလုံးကို လျစ်လျူရှု ထားလိုက်၏။ မင်းသမီးကလည်း တိတ်ဆိတ်သွားသည်။ ရုတ်တရက် သူမ၏ပတ်ဝန်းကျင်ရှိ လေထုက အနည်းငယ် ပျော့ပျောင်းသွားသလို ခံစားလိုက်ရသည်။ ယဲ့ကျန်းကဲ့သို့ သေချာလေ့ကျင့်ခံထားရမှုကြောင့် ဂုဏ်ယူစွာ ရပ်နေသော လူမှလွဲပြီး အခြားသူများက ချက်ချင်းဆိုသလို ညင်သာသိမ်မွေ့နူးညံ့သွားကာ အရည်ပျော်ကျသွားသကဲ့သို့ ဖြစ်သွားကြသည်။
ယဲ့ကျန်း လှည့်ကြည့်သောအခါ ချက်ချင်းဆိုသလို မိန်းကလေးအများစုက သူတို့၏ လက်ကိုင်ပဝါများဖြင့် မျက်နှာကို အုပ်ထားကြောင်းမြင်ရသည်။
မြင်းစီးလျက်လာသော မော့ရုန်ရီနှင့် အနားတွင် သက်တူရွယ်တူဆယ်ကျော်သက် နှစ်ယောက်က ပါလာသည်။ ထိုထဲတွင် ကြော့ရှင်းကြည့်ကောင်းသော မြို့စားမင်းထျန်းကျန့်လည်း ပါလာ၏။
လုလင်ကျစ်က လိုက်မလာပေ။ သူ၏ခြေထောက်တွေက မြင်းစီးရလောက်အောင် လုံလောက်စွာ သန်မာခြင်း မရှိသေးပေ။ ထို့ကြောင့် သူ လဝက်ကျော်ခန့် အိမ်တွင် တစ်ယောက်တည်း မနေချင်၍သာ ထွက်လာရုံမျှသာဖြစ်၏။
မျက်နှာပေါင်းများစွာထဲမှ ယဲ့ကျန်းကို ထျန်းကျန့်က ချက်ချင်းမှတ်မိလိုက်သည်။ သူတို့ အကြည့်ဆုံသွားသည်နှင့် တစ်ယောက်က မထူးခြားသောဟန်ပန်အနေဖြင့်သာ ရှိနေသော်လည်း အခြားတစ်ယောက်ကမူ လေးစားမှုများ ပြည့်နှက်သွားခဲ့၏။ မည်သို့ပင်ဆိုစေ ယဲ့ကျန်းက လာရောက်သော မြို့စားများကို တစ်ချက်မျှသာလျှင် ခေါင်းညိတ်ပြလိုက်သည်။
“ဟေး မင်း မင်းဒီနေရာကို လာတယ်”
မော့ရုန်ရီက ငယ်ရွယ်ပြီး ခံ့ညားချောမောပြီး မရင့်ကျက်သောအမူအရာမျိုးဖြင့် ယဲ့ကျန်းကို လက်ညှိုးညွှန်ပြသည်။ ယဲ့ကျန်းက မျက်မှောင်အနည်းငယ်ကြုတ်ပြီးနောက် တုံ့ဆိုင်းလျက် အမျိုးသမီးများအားလုံးကို ဖြတ်ကျော်သွားလိုက်၏။
“မင်း ဒီမင်းသားကို မှတ်မိသေးလား”
မော့ရုန်ရီက သူ့ကို တစ်ကြိမ်က ကယ်ခဲ့ဖူးသော ထိုအမျိုးသမီးကို ကြည့်သည်။ သူမက လုလင်ကျစ်၏ညီမဖြစ်ဟန်ရ၏။ ထို့ကြောင့် သူ ထိုနေ့က ပေးမည့်ရွှေပြားများကို မလိုချင်နေသည်မှာ အံ့ဩစရာမရှိပေ။ သူ၏ငယ်ရွယ်သောစိတ်က ပြောသည့် စကားများအရ သည်အမျိုးသမီးက ထို့ထက်ပို၍ လိုချင်နေခြင်း ဖြစ်လောက်၏။
“အရှင်မင်းသား ဒီသခင်မလေးက ဆန္ဒရှိမယ်ဆိုရင်တောင်မှ အရှင်မင်းသားကို မေ့ဖို့က မလွယ်ပါဘူး”
ယဲ့ကျန်းက တစ်ချက် ဦးညွှတ်လျက် မော့ရုန်ရီကို ပြုံးကာကြည့်သည်။
မော့ရုန်ရီက မျက်နှာမည်းသွားသည်။
“မင်းက သတ္တိရှိတာပဲ၊ ဧကရာဇ်ရဲ့အပြစ်ပေးမှာကိုတောင် မကြောက်ဘဲ ဒီမင်းသားကို သာမန်မိသားစုက မိန်းကလေးတစ်ယောက်လို ပြောရဲခဲ့သေးတယ်နော်”
ယဲ့ကျန်းက အသံကို တိုးသည်။
“အရှင်မင်းသား ကျေးဇူးပြုပြီး ကျွန်မအမှားအတွက် ခွင့်လွှတ်ပါ၊ တကယ်တော့ ကျွန်မကိုယ်တိုင်ကလည်း အထက်တန်းလွှာအမျိုးသမီးတစ်ယောက်လို မြင်ဖို့ ခက်ခဲနေသေးလို့ပါ”
“မင်းက ဒီလောက်တော်တာပဲ၊ ဝမ်ဖေးလုက ထက်မြက်ပြီး ညင်သာသိမ်မွေ့တယ်၊ မင်းကတော့ တကယ်ကို ဆိုးရွားတဲ့ညီမဖြစ်သွားပြီ”
မော့ရုန်ရီက ပြောသည်။ သူက နှုတ်ခမ်းစူလျက် သူ၏ဖောင်းကားနေသော လက်မောင်းလေးများကို ပိုက်ထား၏။
“အရှင်မင်းသားကို ပြန်ဖြေပါတယ်၊ ဒီသခင်မလေးက ငယ်ရွယ်စဉ်ကတည်းက နယ်မြို့မှာပဲ ကြီးလာတာပါ၊ ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက ရိုင်းစိုင်းကြမ်းတမ်းတဲ့ သဘောသဘာဝနဲ့ ကျွမ်းဝင်နေခဲ့တာပေါ့၊ ဒါကြောင့် အရှင်မင်းသား ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ”
ယဲ့ကျန်းက လုဝူရှန်းနှင့် နှိုင်းယှဉ်ခံရသည့်အတွက် မပျော်တော့ပေ။
ထျန်းကျန်းက ပေါ့ပါးစွာ ချောင်းဟန့်သည်။ အချိန်တစ်ခု ကုန်လွန်ပြီးသည့်တိုင် သည်မင်းသားက ယဲ့ကျန်းနှင့် စကားများနေသည့်အတွက် သူ မသက်မသာဖြစ်လာရ၏။
“အရှင်မင်းသား သူ့ကို ကြည့်နေတဲ့ မျက်လုံးပေါင်းများစွာရှိပါတယ်၊ သခင်မလေးလုကို စာမေးပွဲဖြေဆိုနေချိန်မှာ သိက္ခာကျအောင်တော့ မလုပ်ပါနဲ့”
“မင်း အေ ဘယ်နှစ်လုံးရပြီးပြီလဲ”
မော့ရုန်ရီက သူ၏အသက်ကိုကယ်ခဲ့ဖူးသော သည်အမျိုးသမီးအကြောင်း ပြန်တွေးမိသောအခါ ခက်ခဲအောင် မလုပ်ချင်တော့ပေ။ ထို့ကြောင့် အကြောင်းအရာကို ပြောင်းသည်။ ယဲ့ကျန်းက လက်ညှိုးတစ်ချောင်းထောင်ပြသည်။
“တစ်လုံးတည်းပါ”
မော့ရုန်ရီက ရယ်သည်။
“မင်းက ရူးတယ်လို့တော့ မထင်ဘူး၊ ဘာလို့ အေတစ်လုံးတည်း ရထားတာလဲ”
“ကျွန်မရဲ့အေက ကျွန်မ ပထမဆုံးဖြေဆိုတဲ့ စာမေးပွဲနှစ်ခုထဲကမှ တစ်ခုကိုပြောတာပါ”
…
လူအုပ်က ဆွံ့အသွားသည်။
အေက ရဖို့ ဒီလောက်လွယ်တယ်လား။
ယဲ့ကျန်းက သိပ်မကြာခင်တွင် စစ်ဆေးမှုကို ပြီးဆုံးသွားပေလိမ့်မည်။ ကံကောင်းသည်မှာ မည်သူကမျှ သူမ၏ ထူးချွန်သော အထက်တန်းလွှာတစ်ယောက်၏ စံနှုန်းကို မမြင်လိုက်ကြရပေ။ သူမက ယဲ့ကျန်းလောက် မတော်လျှင်ပင် အေကိုရအောင် လုပ်နိုင်သေးလေ၏။
ယဲ့ကျန်းက ထျန်းကျန့်၏ငွေရောင်ကြာပွတ်ကို အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် မြားပစ်ရာတွင်လည်း နောက်ထပ်အေတစ်လုံးကို ထပ်ရရန်က မခက်ခဲပေ။ သူမ၏တတိယမြောက်မြားက အနီရောင်နှလုံးသားကို ထိသွားချိန်တွင် လူတိုင်း အေးခဲသွားကြ၏။
“ကြည့်ရတာ သူ့ မြားပစ်စွမ်းရည်ကလည်း တော်တာပဲ”
မော့ရုန်ရီက နီရဲနေသော ပါးများကို ပွတ်လျက် ပြုံးသည်။
“မင်းသားငယ်က မသိပါဘူးလား၊ တတိယသခင်မလေးလုက တစ်ချိန်က မြို့စားမင်းထန်းနဲ့တောင် ပြိုင်ခဲ့ပြီး မြို့စားမင်းထန်းရဲ့ ငွေရောင်ကြာပွတ်ကိုတောင် အနိုင်ရသွားခဲ့တဲ့သူပါ”
မြို့စားမင်းအနားတွင်ရှိနေခဲ့သော လူငယ်ဟူဖိုင်က စိတ်လှုပ်ရှားစွာ ဝင်ပြောလာသည်။
သူက ထိုအမဲလိုက်ပွဲတွင်လည်း ရှိခဲ့သည်။ ထျန်းကျန့်၏မိတ်ဆွေကောင်းဖြစ်၏။
မော့ရုန်ရီက ထျန်းကျန့်ကို အံ့အားတကြီးကြည့်သည်။
“တကယ်လား”
“ကျွန်တော် သူမနဲ့အမဲလိုက်ယှဉ်ပြိုင်ချိန်မှာ သခင်မလေးလုဆီမှာ ရှုံးသွားခဲ့တာပါပဲ”
ထျန်းကျန့်က ယဲ့ကျန်းအား တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်သည်။
ယဲ့ကျန်းက သူတို့၏စကားတိုင်းကို လျစ်လျူရှုထားသည်။ သူမ၏ကတ်ကို ပြန်ရပြီးနောက် သူမက နောက်ထပ်အေတစ်လုံးကို ကျေနပ်စွာ ကြည့်လိုက်သည်။
လက်ရှိအချိန်တွင် စစ်ဆေးမှုတစ်ခုသာလျှင် ကျန်ရစ်တော့လေသည်။ ထို့အပြင် ဂီတ၊ စာပေနှင့် အခြားသော စစ်ဆေးပွဲများကိုလည်း ဖြေဆိုရန်လိုအပ်နေသေး၏။ သူမ၏မူလခန္ဓာကိုယ်တွင်ဆိုလျှင် သူမက စာပေပညာတွင် အတော်ဆုံး ဖြစ်သည်။ သို့ရာတွင် လုယောင်ယောင်အတွက်မူ ထိုသို့ ဖြစ်၍မရပေ။
လုယောင်ယောင်၏လက်ရေးက လှပခြင်းမရှိပေ။ သူမကသာ ရုတ်တရက် အလွန်လှသော လက်ရေးများကို ရေးလိုက်ပြီး ကဗျာများ ရေးစပ်ပြလိုက်မည်ဆိုလျှင် အံ့အားသင့်စရာ ကောင်းသွားပေလိမ့်မည်။
“အရင်ဆုံး စာပေစစ်ဆေးပွဲကို သွားရအောင်”
ယဲ့ကျန်းက ဆွန်းဝမ်ကိုပြောသည်။
အေနှစ်လုံးရထားသော ဆွန်းဝမ်ကလည်း ပျော်ရွှင်စွာဖြင့် ယဲ့ကျန်းနှင့်အတူ ထွက်သွားသည်။
မော့ရုန်ရီက ထွက်သွားသောယဲ့ကျန်းကို မြင်သောအခါ ထျန်းကျန့်ကို လှည့်ပြောသည်။
“ဒီမင်းသား ဒီနေ့ အမဲမလိုက်တော့ဘူး၊ ဒီမင်းသားက ဒီနေရာမှာ စောင့်နေပြီး သခင်မလေးလု အေဘယ်နှစ်လုံးရမလဲဆိုတာကို ကြည့်မယ်၊ တစ်စုံတစ်ရာတွေ ဖြစ်ပျက်လာတာမျိုးမရှိရင် သူ အကယ်ဒမီကို ဝင်ရောက်ဖို့အတွက် လျန်း ၁၂၀၀ တန်ကြေးကတော့ လောင်းကြေးထပ်ရမှာပဲ”
...
Zawgyi
အပိုင္း (၁၂၅)
ယဲ့က်န္းက ၿပဳံးသည္။ သူမ၏စိတ္အတြင္းတြင္မူ ဝမ္ေဖးတစ္ေယာက္အဆင့္အတန္းႏွင့္ အခုကဲ့သို႔ ေကာင္းမြန္ေၾကာ့ရွင္းၿပီး သေဘာထားႀကီးေနျခင္းက ေကာင္းမြန္သည္ဟု ျမင္သည္။ အမ်ားစု၏အျမင္တြင္ သူမက နယ္ၿမိဳ႕မွ တက္လာေသာ ေတာခ်ဳံအုံၾကားမွ ကေလးမတစ္ေယာက္ ျဖစ္သည္။ ထို႔ေၾကာင့္ သူမ ဘာေျပာေျပာ ဘာလုပ္လုပ္ အဆင္ေျပေနေသး၏။ ဝမ္ေဖးတစ္ေယာက္ကဲ့သို႔ ေစာင့္ထိန္းရန္ မလိုအပ္ေပ။
“ရွက္စရာပဲ”
လ်ိဳဟြားက သူမ ေရာက္လာခ်ိန္တြင္ ထိုစကားမ်ားကို ၾကားလိုက္ရျခင္းျဖစ္သည္။ ယဲ့က်န္းက သူမကို အျပစ္ကင္းစင္စြာၿပဳံးျပလိုက္၏။
“မင္းသမီးက သေဘာမတူတာပါလား၊ ဒါက အမွန္တရားပါပဲ၊ ၾကည့္ေကာင္းတဲ့သူေတြက ဘာလုပ္လုပ္ ၾကည့္ေကာင္းၾကတယ္ေလ၊ ဒါေပမဲ့ ၾကည့္ေကာင္းတဲ့သူေတြအတြက္ပါပဲ”
သူမ၏စကားက မင္းသမီးလ်ိဳဟြားသည္ ၾကည့္ရဆိုးသည္ဟု ေျပာလိုက္ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ သူမ၏စကားကို နားမလည္လွ်င္ လက္မခံနိုင္ေတာ့ျခင္း ျဖစ္သြားေပလိမ့္မည္။ ပတ္ဝန္းက်င္ရွိလူမ်ားက ရယ္ၾကသည္။ ၿမိဳ႕ေတာ္ရွိလူမ်ားက မင္းသမီးသည္ သူမကို ၾကည့္မေကာင္းဟု ေျပာျခင္းကို အလြန္မုန္းတီးမွန္း လူတိုင္းသိၾက၏။ သူမသည္ တစ္ခ်ိန္တုန္းက ယခင္ဝမ္ေဖးကို တစ္ေယာက္တည္း တိုက္ခိုက္ေနေလ့ရွိသည္။ ကံဆိုးသည္မွာ ထိုဝမ္ေဖးက သူမကို သတိမထားမိခဲ့ေပ။ သတိထားမိျခင္းပင္ မရွိျခင္းျဖစ္၏။ လက္ရွိအခ်ိန္တြင္ သူမထက္ အဆင့္နိမ့္ေသာ လုေယာင္ေယာင္က သူမအား လူအမ်ားေရွ႕တြင္ ထိုသလိုေလွာင္ရဲေန၏။ သူမက ယဲ့က်န္းကိုလည္း လက္ညွိုးထိုးသည္။ သူမ၏မ်က္ႏွာက ေဒါသေၾကာင့္ ျပာႏွမ္းလာ၏။ သို႔တိုင္ေအာင္ ဉာဏ္ပညာရွိစြာ မည္သို႔ ျပန္တုံ႕ျပန္ရမည္ျဖစ္ေၾကာင္း မသိေပ။
ယဲ့က်န္းက သူမကိုပြတ္တိုက္ကာ ေက်ာ္ျဖတ္သြားၿပီးေနာက္ ဆြန္းဝမ္ကို ေျပာသည္။
“စာေမးပြဲ သြားေျဖလိုက္ပါ ၊ ငါ နင့္ကိုဒီမွာေစာင့္ေနမယ္”
ဆြန္းဝမ္က ျမင္းေဇာင္းထဲသို႔ ဝင္ေရာက္သြားေသာအခါ ယဲ့က်န္းက တိတ္ဆိတ္စြာ ေစာင့္ဆိုင္းေနၿပီး ပတ္ဝန္းက်င္မွ စူးရဲေသာအၾကည့္မ်ားအားလုံးကို လ်စ္လ်ဴရႈ ထားလိုက္၏။ မင္းသမီးကလည္း တိတ္ဆိတ္သြားသည္။ ႐ုတ္တရက္ သူမ၏ပတ္ဝန္းက်င္ရွိ ေလထုက အနည္းငယ္ ေပ်ာ့ေပ်ာင္းသြားသလို ခံစားလိုက္ရသည္။ ယဲ့က်န္းကဲ့သို႔ ေသခ်ာေလ့က်င့္ခံထားရမႈေၾကာင့္ ဂုဏ္ယူစြာ ရပ္ေနေသာ လူမွလြဲၿပီး အျခားသူမ်ားက ခ်က္ခ်င္းဆိုသလို ညင္သာသိမ္ေမြ႕ႏူးညံ့သြားကာ အရည္ေပ်ာ္က်သြားသကဲ့သို႔ ျဖစ္သြားၾကသည္။
ယဲ့က်န္း လွည့္ၾကည့္ေသာအခါ ခ်က္ခ်င္းဆိုသလို မိန္းကေလးအမ်ားစုက သူတို႔၏ လက္ကိုင္ပဝါမ်ားျဖင့္ မ်က္ႏွာကို အုပ္ထားေၾကာင္းျမင္ရသည္။
ျမင္းစီးလ်က္လာေသာ ေမာ့႐ုန္ရီႏွင့္ အနားတြင္ သက္တူ႐ြယ္တူဆယ္ေက်ာ္သက္ ႏွစ္ေယာက္က ပါလာသည္။ ထိုထဲတြင္ ေၾကာ့ရွင္းၾကည့္ေကာင္းေသာ ၿမိဳ႕စားမင္းထ်န္းက်န႔္လည္း ပါလာ၏။
လုလင္က်စ္က လိုက္မလာေပ။ သူ၏ေျခေထာက္ေတြက ျမင္းစီးရေလာက္ေအာင္ လုံေလာက္စြာ သန္မာျခင္း မရွိေသးေပ။ ထို႔ေၾကာင့္ သူ လဝက္ေက်ာ္ခန႔္ အိမ္တြင္ တစ္ေယာက္တည္း မေနခ်င္၍သာ ထြက္လာ႐ုံမွ်သာျဖစ္၏။
မ်က္ႏွာေပါင္းမ်ားစြာထဲမွ ယဲ့က်န္းကို ထ်န္းက်န႔္က ခ်က္ခ်င္းမွတ္မိလိုက္သည္။ သူတို႔ အၾကည့္ဆုံသြားသည္ႏွင့္ တစ္ေယာက္က မထူးျခားေသာဟန္ပန္အေနျဖင့္သာ ရွိေနေသာ္လည္း အျခားတစ္ေယာက္ကမူ ေလးစားမႈမ်ား ျပည့္ႏွက္သြားခဲ့၏။ မည္သို႔ပင္ဆိုေစ ယဲ့က်န္းက လာေရာက္ေသာ ၿမိဳ႕စားမ်ားကို တစ္ခ်က္မွ်သာလွ်င္ ေခါင္းညိတ္ျပလိုက္သည္။
“ေဟး မင္း မင္းဒီေနရာကို လာတယ္”
ေမာ့႐ုန္ရီက ငယ္႐ြယ္ၿပီး ခံ့ညားေခ်ာေမာၿပီး မရင့္က်က္ေသာအမူအရာမ်ိဳးျဖင့္ ယဲ့က်န္းကို လက္ညွိုးၫႊန္ျပသည္။ ယဲ့က်န္းက မ်က္ေမွာင္အနည္းငယ္ၾကဳတ္ၿပီးေနာက္ တုံ႕ဆိုင္းလ်က္ အမ်ိဳးသမီးမ်ားအားလုံးကို ျဖတ္ေက်ာ္သြားလိုက္၏။
“မင္း ဒီမင္းသားကို မွတ္မိေသးလား”
ေမာ့႐ုန္ရီက သူ႕ကို တစ္ႀကိမ္က ကယ္ခဲ့ဖူးေသာ ထိုအမ်ိဳးသမီးကို ၾကည့္သည္။ သူမက လုလင္က်စ္၏ညီမျဖစ္ဟန္ရ၏။ ထို႔ေၾကာင့္ သူ ထိုေန႕က ေပးမည့္ေ႐ႊျပားမ်ားကို မလိုခ်င္ေနသည္မွာ အံ့ဩစရာမရွိေပ။ သူ၏ငယ္႐ြယ္ေသာစိတ္က ေျပာသည့္ စကားမ်ားအရ သည္အမ်ိဳးသမီးက ထို႔ထက္ပို၍ လိုခ်င္ေနျခင္း ျဖစ္ေလာက္၏။
“အရွင္မင္းသား ဒီသခင္မေလးက ဆႏၵရွိမယ္ဆိုရင္ေတာင္မွ အရွင္မင္းသားကို ေမ့ဖို႔က မလြယ္ပါဘူး”
ယဲ့က်န္းက တစ္ခ်က္ ဦးၫႊတ္လ်က္ ေမာ့႐ုန္ရီကို ၿပဳံးကာၾကည့္သည္။
ေမာ့႐ုန္ရီက မ်က္ႏွာမည္းသြားသည္။
“မင္းက သတၱိရွိတာပဲ၊ ဧကရာဇ္ရဲ႕အျပစ္ေပးမွာကိုေတာင္ မေၾကာက္ဘဲ ဒီမင္းသားကို သာမန္မိသားစုက မိန္းကေလးတစ္ေယာက္လို ေျပာရဲခဲ့ေသးတယ္ေနာ္”
ယဲ့က်န္းက အသံကို တိုးသည္။
“အရွင္မင္းသား ေက်းဇူးျပဳၿပီး ကြၽန္မအမွားအတြက္ ခြင့္လႊတ္ပါ၊ တကယ္ေတာ့ ကြၽန္မကိုယ္တိုင္ကလည္း အထက္တန္းလႊာအမ်ိဳးသမီးတစ္ေယာက္လို ျမင္ဖို႔ ခက္ခဲေနေသးလို႔ပါ”
“မင္းက ဒီေလာက္ေတာ္တာပဲ၊ ဝမ္ေဖးလုက ထက္ျမက္ၿပီး ညင္သာသိမ္ေမြ႕တယ္၊ မင္းကေတာ့ တကယ္ကို ဆိုး႐ြားတဲ့ညီမျဖစ္သြားၿပီ”
ေမာ့႐ုန္ရီက ေျပာသည္။ သူက ႏႈတ္ခမ္းစူလ်က္ သူ၏ေဖာင္းကားေနေသာ လက္ေမာင္းေလးမ်ားကို ပိုက္ထား၏။
“အရွင္မင္းသားကို ျပန္ေျဖပါတယ္၊ ဒီသခင္မေလးက ငယ္႐ြယ္စဥ္ကတည္းက နယ္ၿမိဳ႕မွာပဲ ႀကီးလာတာပါ၊ ဒါေၾကာင့္ ငယ္႐ြယ္စဥ္ကတည္းက ရိုင္းစိုင္းၾကမ္းတမ္းတဲ့ သေဘာသဘာဝနဲ႕ ကြၽမ္းဝင္ေနခဲ့တာေပါ့၊ ဒါေၾကာင့္ အရွင္မင္းသား ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္ပါရေစ”
ယဲ့က်န္းက လုဝူရွန္းႏွင့္ ႏွိုင္းယွဥ္ခံရသည့္အတြက္ မေပ်ာ္ေတာ့ေပ။
ထ်န္းက်န္းက ေပါ့ပါးစြာ ေခ်ာင္းဟန႔္သည္။ အခ်ိန္တစ္ခု ကုန္လြန္ၿပီးသည့္တိုင္ သည္မင္းသားက ယဲ့က်န္းႏွင့္ စကားမ်ားေနသည့္အတြက္ သူ မသက္မသာျဖစ္လာရ၏။
“အရွင္မင္းသား သူ႕ကို ၾကည့္ေနတဲ့ မ်က္လုံးေပါင္းမ်ားစြာရွိပါတယ္၊ သခင္မေလးလုကို စာေမးပြဲေျဖဆိုေနခ်ိန္မွာ သိကၡာက်ေအာင္ေတာ့ မလုပ္ပါနဲ႕”
“မင္း ေအ ဘယ္ႏွစ္လုံးရၿပီးၿပီလဲ”
ေမာ့႐ုန္ရီက သူ၏အသက္ကိုကယ္ခဲ့ဖူးေသာ သည္အမ်ိဳးသမီးအေၾကာင္း ျပန္ေတြးမိေသာအခါ ခက္ခဲေအာင္ မလုပ္ခ်င္ေတာ့ေပ။ ထို႔ေၾကာင့္ အေၾကာင္းအရာကို ေျပာင္းသည္။ ယဲ့က်န္းက လက္ညွိုးတစ္ေခ်ာင္းေထာင္ျပသည္။
“တစ္လုံးတည္းပါ”
ေမာ့႐ုန္ရီက ရယ္သည္။
“မင္းက ႐ူးတယ္လို႔ေတာ့ မထင္ဘူး၊ ဘာလို႔ ေအတစ္လုံးတည္း ရထားတာလဲ”
“ကြၽန္မရဲ႕ေအက ကြၽန္မ ပထမဆုံးေျဖဆိုတဲ့ စာေမးပြဲႏွစ္ခုထဲကမွ တစ္ခုကိုေျပာတာပါ”
…
လူအုပ္က ဆြံ႕အသြားသည္။
ေအက ရဖို႔ ဒီေလာက္လြယ္တယ္လား။
ယဲ့က်န္းက သိပ္မၾကာခင္တြင္ စစ္ေဆးမႈကို ၿပီးဆုံးသြားေပလိမ့္မည္။ ကံေကာင္းသည္မွာ မည္သူကမွ် သူမ၏ ထူးခြၽန္ေသာ အထက္တန္းလႊာတစ္ေယာက္၏ စံႏႈန္းကို မျမင္လိုက္ၾကရေပ။ သူမက ယဲ့က်န္းေလာက္ မေတာ္လွ်င္ပင္ ေအကိုရေအာင္ လုပ္နိုင္ေသးေလ၏။
ယဲ့က်န္းက ထ်န္းက်န႔္၏ေငြေရာင္ၾကာပြတ္ကို အနိုင္ရရွိခဲ့သည္။ ထို႔ေၾကာင့္ ျမားပစ္ရာတြင္လည္း ေနာက္ထပ္ေအတစ္လုံးကို ထပ္ရရန္က မခက္ခဲေပ။ သူမ၏တတိယေျမာက္ျမားက အနီေရာင္ႏွလုံးသားကို ထိသြားခ်ိန္တြင္ လူတိုင္း ေအးခဲသြားၾက၏။
“ၾကည့္ရတာ သူ႕ ျမားပစ္စြမ္းရည္ကလည္း ေတာ္တာပဲ”
ေမာ့႐ုန္ရီက နီရဲေနေသာ ပါးမ်ားကို ပြတ္လ်က္ ၿပဳံးသည္။
“မင္းသားငယ္က မသိပါဘူးလား၊ တတိယသခင္မေလးလုက တစ္ခ်ိန္က ၿမိဳ႕စားမင္းထန္းနဲ႕ေတာင္ ၿပိဳင္ခဲ့ၿပီး ၿမိဳ႕စားမင္းထန္းရဲ႕ ေငြေရာင္ၾကာပြတ္ကိုေတာင္ အနိုင္ရသြားခဲ့တဲ့သူပါ”
ၿမိဳ႕စားမင္းအနားတြင္ရွိေနခဲ့ေသာ လူငယ္ဟူဖိုင္က စိတ္လႈပ္ရွားစြာ ဝင္ေျပာလာသည္။
သူက ထိုအမဲလိုက္ပြဲတြင္လည္း ရွိခဲ့သည္။ ထ်န္းက်န႔္၏မိတ္ေဆြေကာင္းျဖစ္၏။
ေမာ့႐ုန္ရီက ထ်န္းက်န႔္ကို အံ့အားတႀကီးၾကည့္သည္။
“တကယ္လား”
“ကြၽန္ေတာ္ သူမနဲ႕အမဲလိုက္ယွဥ္ၿပိဳင္ခ်ိန္မွာ သခင္မေလးလုဆီမွာ ရႈံးသြားခဲ့တာပါပဲ”
ထ်န္းက်န႔္က ယဲ့က်န္းအား ေတာက္ေလာင္ေနေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္သည္။
ယဲ့က်န္းက သူတို႔၏စကားတိုင္းကို လ်စ္လ်ဴရႈထားသည္။ သူမ၏ကတ္ကို ျပန္ရၿပီးေနာက္ သူမက ေနာက္ထပ္ေအတစ္လုံးကို ေက်နပ္စြာ ၾကည့္လိုက္သည္။
လက္ရွိအခ်ိန္တြင္ စစ္ေဆးမႈတစ္ခုသာလွ်င္ က်န္ရစ္ေတာ့ေလသည္။ ထို႔အျပင္ ဂီတ၊ စာေပႏွင့္ အျခားေသာ စစ္ေဆးပြဲမ်ားကိုလည္း ေျဖဆိုရန္လိုအပ္ေနေသး၏။ သူမ၏မူလခႏၶာကိုယ္တြင္ဆိုလွ်င္ သူမက စာေပပညာတြင္ အေတာ္ဆုံး ျဖစ္သည္။ သို႔ရာတြင္ လုေယာင္ေယာင္အတြက္မူ ထိုသို႔ ျဖစ္၍မရေပ။
လုေယာင္ေယာင္၏လက္ေရးက လွပျခင္းမရွိေပ။ သူမကသာ ႐ုတ္တရက္ အလြန္လွေသာ လက္ေရးမ်ားကို ေရးလိုက္ၿပီး ကဗ်ာမ်ား ေရးစပ္ျပလိုက္မည္ဆိုလွ်င္ အံ့အားသင့္စရာ ေကာင္းသြားေပလိမ့္မည္။
“အရင္ဆုံး စာေပစစ္ေဆးပြဲကို သြားရေအာင္”
ယဲ့က်န္းက ဆြန္းဝမ္ကိုေျပာသည္။
ေအႏွစ္လုံးရထားေသာ ဆြန္းဝမ္ကလည္း ေပ်ာ္႐ႊင္စြာျဖင့္ ယဲ့က်န္းႏွင့္အတူ ထြက္သြားသည္။
ေမာ့႐ုန္ရီက ထြက္သြားေသာယဲ့က်န္းကို ျမင္ေသာအခါ ထ်န္းက်န႔္ကို လွည့္ေျပာသည္။
“ဒီမင္းသား ဒီေန႕ အမဲမလိုက္ေတာ့ဘူး၊ ဒီမင္းသားက ဒီေနရာမွာ ေစာင့္ေနၿပီး သခင္မေလးလု ေအဘယ္ႏွစ္လုံးရမလဲဆိုတာကို ၾကည့္မယ္၊ တစ္စုံတစ္ရာေတြ ျဖစ္ပ်က္လာတာမ်ိဳးမရွိရင္ သူ အကယ္ဒမီကို ဝင္ေရာက္ဖို႔အတြက္ လ်န္း ၁၂၀၀ တန္ေၾကးကေတာ့ ေလာင္းေၾကးထပ္ရမွာပဲ”
...