Light on me

By Chochoyaminhlaing

47.3K 3.4K 75

ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင် မည်သူနဲ့မျှစစ်မဖြစ်လို🤍 More

Intro 1
Intro 2
1:1
2:2
3:3
4:4
6:6
7:7
8:8
9:9
10:10(❣)
11:11
12:12
13:13
14:14
15:15
16:16
17:17
18:18
Hi
19:19
20:20
21:21
💭
22:22
23:23
24:24
25:25
26:26
The end

5:5

1.4K 126 1
By Chochoyaminhlaing

''ဟယ်......ဟိုမှာ ချကုန်ကြပြီ''

''သွားကြည့်မနေနဲ့ ဟိုလူဆိုးပဲ ဖြစ်မှာ''

ကောင်မလေးနှစ်ယောက်ရဲ့မလှမ်းမကန်းတွင်ကောင်လေးအုပ်စုနှင့်တစ်ယောက်သောသူသည်ထိုးကျိတ်ပွဲဝင်နေသည်။

''တို့အတန်းက Park Jiminလည်းနော် သူ့မှရွေးပေါင်းရတယ်လို့''

''သူတို့နှစ်ယောက်ကလိုက်ပါတယ် ဟိုကဆိုးဆိုးသူကအေးအေးလေး''

''တော်ကြာ ငါ့Jiminလေးကို အနိုင်ကျင့်နေမှာဆိုးလို့ဟေ့''

''ကောင်မနော် အခုထိJiminကို ကြွေနေတုန်းလား''

''မကြွေပဲနေမလား ကြွေတယ် လှလိုက်တာဖြင့်မှုံလို့ သူ့အလှကိုအားကျပြီးကြွေတာဟေ့ ''

''ငါက Jung Kookနော် နင်နဲ့ငါTeamကွဲသွားပီ''

''အမလေး လူဆိုးကိုများ...''

''ဆိုးဆိုးလေးမို့ ချစ်တာလေ သူကမိုက်ပါတယ် စာလည်းတော်တယ်တဲ့ ရုပ်လေးကလည်းချော ဘောစိဟဲ့''

''အသေဆိူးတာလည်းထည့်ပြောဦး''

''နင့်Jiminကရော အေးတိအေးစက် နဲ့ တစ်ကျောင်းလုံးမှာ ဘယ်နှယောက်နဲ့များတရင်းတနှီးစကားပြောဖူးလို့လဲ''

''ဟဲ့...တစ်ကျောင်းလုံးပတ်မွှေနေတဲ့ အဲ့ငမွှေထိုးထက်တော့သာတယ် လာပါဟယ် အတန်းနောက်ကျနေပြီ သူများအကြောင်းပြောတာနဲ့တင်အချိန်ကုန်တယ်''

ရှေ့မှတတွတ်တွတ်ပြောသွားသောကောင်မလေး၂ယောက်သည်အနောက်မှလျှောက်လာသောသူ့ကိုမမြင်ချေ။

သူ့နေရာမှာဟိုတစ်ယောက်သာဆိုတစ်ခုခုလုပ်မလားပဲ။တစ်ယောက်သောသူသည်လူမြင်ကွင်းဝယ်အသေအလဲတိုက်ပွဲနေတာကြည့်မကောင်းပေ။တစ်ဦးတစ်ယောက်မှဝင်တား ခြ​င်းမရှိ။ဝင်မပါရန်ဆုံးဖြတ်ထားပေမယ့် အများနှင့်တစ်ယောက်မို့အနည်းဆုံးတော့သွားဆွဲခေါ်ရမည်။

''ကူးငယ်...''

ကောင်မလေးကိစ္စနှင့်စကားများရာမှလက်ပါသည်အထိကျူးလွန်မိချိန် တိုးသဲ့သဲ့အသံကြောင့် လက်သီးဆုပ်တို့လေထဲရပ်တန့်သွားသည်။

အပြာနုရောင်နတ်သားလေးသည် ရန်ပွဲရဲ့ဘေးနား ခပ်ခွာခွာလေးရပ်နေသည်။အပြာရောင်အတောင်ပံတစ်စုံနှင့်နတ်ပြည်ကဆင်းသတ်ပြီးကျောင်းလာတက်တဲ့နတ်သူငယ်လေးလိုသိပ်လှလွန်းသည်။ထိုအလှအပလေးအားအကြည့်တို့မခွာနိုင်ချိန်...

''ခွပ်...!!!''

Jeonအထိုးခံလိုက်ရခြင်း။Jeonမျက်နှာတစ်ချက်ပျက်သွားသည်။တစ်ပွဲလုံးသူ့ဘက်မှထိုးခံလာရတာမရှိသေးပေ။အခုကျမှ။အခုကျမှ။အဓိကတရားခံသည် Park Jimin....။

''Park Jimin! !!!.......ခင်များဘာလာလုပ်တာလဲ ခင်များ ကြောင့်ဒီမှာထိုးခံရပြီ''

စေတနာနဲ့ လာခေါ်ပေးပေမယ့် ပြန်ထွက်ကျလာတဲ့စကားများက ရင်ထဲဆစ်ခနဲ။သူငယ်ချင်း အချင်းချင်း အက်လိုမပြောသင့်ပေ။ဒါကြောင့်သူသူငယ်ချင်းမထားမိတာဖြစ်လိမ့်မည်။

''ဆက်ထိုးမနေကြနဲ့ မင်းတို့လည်းသွားတော့ ဘယ်အတန်းကလဲဆိုတာ ကိုယ်သိတယ်နော် ပါမောက္ခချုပ်လာရင်အကုန်တိုင်မှာ''

တစ်ခွန်းဆိုတစ်ခွန်းပါပဲ။Jeonလက်ထဲမှလူများအလျှိုလျှိုထွက်သွားတော့သည်။Park Jiminက အဲ့လောက်တောင်အာဏာပြင်းရသလား။တစ်မနက်လုံးရန်ဖြစ်နေခဲ့ပေမယ့် အဲ့ကောင်တွေ ကတစ်စက်လေးမှအလျှော့မပေး။အခုကျတော့လည်းအလွယ်လေးအနိုင်ရလိုက်သလို။နည်းနည်းတော့အသားနာတာပေါ့။

အပြာရောင်လေးသည်ထိုနေရာမှသူ့အားစကားတစ်ခွန်းမှမပြောပဲထွက်ခွာသွားတော့သည်။

"Jimin"

''.....''

''Park Jimin ခင်မ​ျားကိုခေါ်နေတယ်လေ နားများလေးနေသလား''

''ဘာလဲ''

''ဘာလို့မစောင့်တာလဲ ''

''မင်းလာတက်နေတာပဲလေ''

''ခုဏကခင်များတော်တော်မိုက်တယ်နော် ''

''ဘာကိုလဲ''

''စကားတစ်ခွန်းနှင့်တင်အကုန်လစ်ကုန်တာ''

''မလစ်လည်းကိုယ်ကအတည်တိုင်မှာလေ''

''ယုံပါတယ်''

''မင်းကိုရော...ပေါ့''

''ဟာ..ဗျာ ဒါတော့လွန်တယ်''

''ကိုကို.....''

အနောက်မှခေါ်သံတစ်ခုကြောင့်နှစ်ယောက်သားလှည့်ကြည့်မိသည်။သေချာတာကတော့ဒါJeonဇယားပင်။လိမ္မော်နီရောင်ဆံပင်ရှည်နှင့်မိန်းကလေးသည်သူတို့နှစ်ယောက်အားအပြုံးချိုချိုတစ်ခုဖြင့်နှုတ်ဆက်သည်။

''ကိုကို ခုဏကရန်ဖြစ်နေတာမြင်တယ် မလာရဲလို့ ပြစမ်းပါဦး ဘယ်နားထိသွားလဲ''

''ကိုယ်အဆင်ပြေပါတယ် ဆိုရာက ရန်ဖြစ်တဲ့နေရာလာသင့်တဲ့သူမှမဟုတ်ပဲ''

တစ်ယောက်မျက်နှာတစ်ယောက်ကိုင်ကာ လမ်းလယ်ခေါင်အကဲပိုနေကြသူများအားတစ်ချက်စောင်းငဲ့ကြည့်ကာ ကိုယ့်စာသင်ခန်းရှိရာသို့သာလျှောက်လာခဲ့သည်။

နာမည်ကိုလှမ်းခေါ်သံကြားလိုက်ပေမယ့် ကောင်မလေးနောက်သို့သာကောက်ကောက်ပါအောင်လိုက်သွားတော့သည်။ဘယ်လိုလူမျိုးနဲ့မှသူကသူငယ်ချင်းလာဖြစ်နေရတာလဲ။သေချာတာကတမင်ချိန်းခြောက်ထားလို့သူငယ်ချင်းဖြစ်ရသည်ပဲ။အဲ့လူဆိုးကောင်ကို မခင်ချင်ပါ......။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>♥

''Kim Tae Hyung shii''

''ဗျာ''

တမနက်လုံးJeon Jung Kook ကိုရှာမရ၍ကန်တင်းတွင်သောင်လာတင်နေခဲ့သည်။
အကြိုက်ဆုံး ကော်ဖီတစ်ခွက်မှာကာ အတန်းချိန်တစ်ခုလုံးကုန်ဆုံးစေခဲ့သည်။
မျက်နှာတန်းမိရုံသာသိသော ကျောင်းသူတစ်ယောက်ခေါ်သံကြောင့် အမှတ်တမဲ့ ထူးလိုက်မိခြင်း။

''ထိုင်မယ်နော်''

''ဟုတ်ကဲ့''

ကောင်မလေး ကရှေ့မှခုံတွင်ဝင်ထိုင်သည်။ပိန်ပိန်ပါးပါးလေးနှင့်ကြည့်ကောင်းသည့်အထဲပါသည်။
ကောင်မလေးလည်းသူ့နည်းအတူကော်ဖီတစ်ခွက်သာမှာသည်။

''Kim Tae Hyung တို့အတန်းကပါ Hal Songပါ ဒီနေ့ဒီဘက်ထွက်လာတာတွေ့လို့နောက်ကလိုက်လာတာ တို့လည်းအတန်းပျက်တယ်လေ''

''အင်း.....လာရင်းကိစ္စက''

''တို့ကJung Kookရဲ့ကောင်မလေးပါ ဒီနေ့မတွေ့လို့ အဲ့ဒါ...''

''အဲ့ဒါလာမေးတာပေါ့ ကိုယ်လည်းမသိဘူးရော် ''

''ဟုတ်လား အာ့ဆို Hal Songသွားတော့မယ်နော်''

''အင်းအင်း''

မှာထားတဲ့ကော်ဖီတောင်မသောက်နိုင်ပဲ သုတ်တီးသုတ်ပြာနဲ့ထွက်သွားသည်။Jeonကဘာတွေမွှေထားပြန်ပြီလဲမသိ။တမနက်လုံးလည်းပျောက်ချက်သားကောင်းနေပြန်သည်။သူ့မှာတော့ ရှာရလွန်း၍မောသောကြောင့် အတန်းတောင်မတက်နိုင်။အခုလည်း Jeon ရဲ့အမျှင်တွေက သူ့တောင်လာငြိချင်နေကြပြီဖြစ်သည်။တတ်နိုင်သမျှသူဖယ်ထုတ်၍နေနေခဲ့ခြင်း။အဲ့အမျှင်တွေက လိပ်ပြာလေးရဲ့အတောင်တွေကို သိပ်နာစေတယ်လေJeon။

''ဒီမှာ လာပြီး တစ်ယောက်ထဲပေါ့ Tae ကိုယ့်တောင်မစောင့်ဘူးနော်''

သူ့အကြောင်းတွေးနေတုန်းရောက်ချလာတဲ့Jeonက ခုဏက ကောင်မလေး ထားခဲ့သည့် ကော်ဖီခွက်ကို မေးမြန်းခြင်းမရှိ ယူသောက်လိုက်သည်။ပြုံးစိစိဖြင့် အရာရာကို ပေါ့ပေါ့တန်လေးနေနေသည့်ပုံသည် ပြေးရိုက်ချင်စရာ။

''မနက်က စောင့်နေသေးတာပဲ အတန်းထဲမှာမတွေ့လို့ဒီဘက်ထွက်လာတာ''

''ကိုယ် စီးပွားဘက်လှည့်နေတာ''

''ဘာလဲ အဲ့ဘက်ကိုခြေချနေတာလား ခုဏက ကောင်မလေးတစ်ယောက်လာရှာသွားတယ်''

''ဘယ်သူလဲ So Yar လား''

''မဟုတ်ပါဘူး အတန်းထဲကHal Song''

''အာ...သူ့ကိုမြန်မြန်ဖျက်မှ မဟုတ်ရင် အဲ့တစ်ယောက်ကမလွယ်ဘူး''

''မလွယ်တဲ့သူမှန်သမျှအကုန်ဖျက်နော် ငါသွားတော့မယ်''

Taeကအိတ်အညိုလေးလွယ်ကာထွက်သွားဟန်ပြုသည်။Taeမျက်နှာဟန်ပန်သည် တစ်ခုခုဖြစ်နေပုံ။ဘာအလိုမကျစရာများရှိနေသလဲTaeမပြောလည်းရိပ်မိပါသည်။

တွန့်ချိုးနေသော မျက်ခုံး.....။
တင်းတင်းစေ့ထားသောနှုတ်ခမ်း.....။
အလိုမကျတိုင်းမြေပေါ်ကိုသာစောင်းငဲ့ကြည့်တတ်တဲ့မျက်ဝန်းတွေ....။
ဒါသူကောင်းကောင်းမှတ်မိနေတဲ့ Taeရဲ့ စိတ်သဘောမကျခြင်းတွေပါ။

''Taeဘာဖြစ်နေတာလဲ''

ရုတ်တရက်မေးလာသည်မို့ထွက်သွားဟန်​ခြေလှမ်းတို့ကိုရပ်ရင်းပျက်ခါစမျက်နှာကိုပြင်လိုက်သည်။

''ဘာမှမဖြစ်ပါဘူး အတန်းချိန်တစ်ခုရှိသေးတယ် မတက်ဘူးလား''

''တက်မှာလေ ခဏနေပါဦး ''

သူ့စကားကြောင့်Taeက ပြန်ထိုင်လိုက်သည်။
Taeတစ်ခုခုဖြစ်နေတာသေချာပါသည်။ဘာကြောင့်ဆို Tae ကြိုက်ပါသည်ဆိုတဲ့ကော်ဖီတစ်ခွက်က Taeရှေ့မှာအေးစက်စက်ဖြစ်နေသည်ကိုJeonမြင်လိုက်ရခြင်းဖြစ်သည်။

''ကော်ဖီသောက်သွားမှပေါ့ Taeတစ်ခါမှ ကော်ဖီကိုအေးတဲ့အထိမထားဖူးဘူးနော်''

''အင်း...မေ့သွားတာ''

မဖြစ်နိုင်ပါ။မှာထားသည်ကနှစ်ခွက်ဆိုပေမယ့်သူသောက်လိုက်တဲ့ခွက်သည်Taeအကြိုက်မဟုတ်ပေ။ဒါဆိုTaeရှေ့ကခွက်ကသာ Taeအကြိုက်ပေ။သူမှာထားတာတစ်ခွက်ပဲ ဖြစ်ပါလိမ့်မည်။ဒါလေးကိုတောင်သူကမေ့သတဲ့လား။Taeကသူကြိုက်တဲ့ကော်ဖီကိုတော့မေ့မည့်ကောင်လေးမဟုတ်မှန်းသူသေချာသိပါသည်။တစ်သတ်လုံးပေါင်းလာတဲ့သူငယ်ချင်းပဲ။သူဒီလောက်တော့မညံ့ပေ။

''တစ်ခုခုဖြစ်နေတာကိုယ်သိတယ် အဲ့တာကဘာလဲ''

''ဘာကို ဘာလဲလဲ ဘာမှမဖြစ်ဘူး ''

''မင်းမပြောဘူးလား''

လေသံအနည်းငယ်ကြမ်းသွားသည်။ဒါကTaeအဖြေထွက်လာမည့်နည်းလမ်းတစ်ခုဖြစ်သည်။

''Jeon ရည်းစားရှုပ်တာကောင်းမနေဘူးနော်''

Taeကတစ်ခွန်းသာပြောပြီး ထွက်သွားတော့သည်။ သူရည်းစားရှုပ်တာကြာပြီပဲ။ဘာလို့အခုမှလာပြီးTaeကစိတ်ဆိုးနေတာလဲ။
Taeလည်းHal Songနဲ့တွဲတာမကြိုက်လို့သာဖြစ်မှာပါဟုစိတ်ထဲအလွယ်လေးသာတွေးလိုက်မိသည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>♥

ည၁နာရီကျော်...။

''Jiminကဘာဖြစ်တာလဲHyung''

''အိပ်မက်ဆိုးမက်တယ်ထင်တယ် ကြောက်တယ်ဆိုပြီးတုန်နေလို့ ပြီးတော့... သူ့ကိုသာအရင်ကြည့်ပေးပါDrပြီးရင်သေချာပြောပြပါ့မယ်''

Jinသည်Dr Kim Nam Joonကိုခေါ်ဆောင်ကာ အဝါရောင်ခန်းစီးလေးနောက်သို့ဝင်သွားသည်။
ကုတင်ပေါ်ဝယ် တုန်ရီနေသော ကောင်လေးသည် အိပ်မက်ဆိုးကလန့်နိုးလာသူနှင့်မတူ။ကြောက်စရာအကြောင်းရင်းခိုင်ခိုင်မာမာရှိလို့သာ စိတ်စွဲရင်း အိပ်မက်ထဲအထိမြင်မက်ရခြင်းဖြစ်ပေလိမ့်မည်။

"ကလေး ဘာဖြစ်နေလဲ ဘယ်လိုခံစားနေရလဲ Drကိုပြောပြလိုက်နော်''

လက်ကလေးတွေတုန်ယင်နေကာJinလက်တစ်ဖက်ကိုလှမ်းဆွဲထားသည်။ရင်ခွင်ထဲထည့်ကာဆံနွယ်လေးတွေကိုပွတ်သပ်ပေးတော့ကလေးငယ်လေးတစ်ယောက်လိုငြိမ်သက်သွားသည်။

''သူမပြောချင်လည်း Hyung ကပြောပြလေ''

''သူ့ရင်ဘက်တွေနာတယ်ပြောတယ်Dr ဆက်အိပ်လို့လည်းမရဘူးတဲ့ ပီးတော့ ​​​ကြောက်တယ်တဲ့Dr''

''Jiminကဒီလိုမဖြစ်တာ ကြာပီပဲ သေချာတာကတော့ Jiminတစ်ယောက်ယောက်နဲ့ရန်ဖြစ်လာတယ်မလားDrကိုပြောနော်''

သူဒီလိုမေးရခြင်းတွင်အကြောင်းရင်းသည်ရှိခဲ့ဖူးသည်။ငယ်ငယ်ကJiminလေးကိုကျောင်းက တစ်ယောက်ယောက်ကအနိုင်ကျင်သည့်အခါတိုင်း အိပ်မက်ထဲထိစွဲကာ မြင်မက်ခြင်းပင်။ဒါကြောင့်မို့Jiminက ရန်ဖြစ်ခြင်းတွေကိုသိပ်ရှောင်ခဲ့သည်။တစ်စုံတစ်ယောက်ကသူ့ရှေ့ပြဿနာတတ်နေရင်လည်းကြောက်လန့်တတ်သည်။အသည်းသိပ်ငယ်တတ်တဲ့ကလေးငယ်ရယ်ပါ။အခုကိစ္စလည်းသူကရန်ဖြစ်တာကိုမြင်ခဲ့ခြင်း။ဒါမှမဟုတ်ကိုယ်တိုင်ရန်ဖြစ်ခဲ့ခြင်းသာ။

''Hyung...''

ငိုသံစွတ်စွတ်လေးနှင့်ခေါ်လာသူ။

''ပြောလေ ကလေး''

''ကူးငယ်ကလေ Jiminကို အော်တယ်''

ကူးငယ်တဲ့....။
ထပ်မံကြားလိုက်ရပြန်တဲ့နာမ်စားတစ်ခု။
အိပ်မက်ထဲထိဝင်လာရအောင်Jiminက သူ့အပေါ်စွဲလမ်းနေတာလား။
မဖြစ်နိုင်ပါ။
အော်လိုက်တာကြောင့်ပါ...။
ကလေးကိုအော်လိုက်တာကြောင့် လန့်လွန်းလို့ပါ ကူးငယ်ဆိုတဲ့တစ်ယောက်ရယ်....။

''ကူးငယ်ဆိုတာက''

''Jiminသူငယ်ချင်းပါ Dr''

''သူကသူငယ်ချင်းရနေတာလားJin''

''သူ့ရဲ့ပထမဆုံးသူငယ်ချင်းမို့ပါDr''

''Aww...ကျွန်တော် အိပ်ပျော်သွားအောင် အိပ်ဆေးထိုးပေးခဲ့မယ်နော်''

''အင်းပါ ''

''Jimin Dr အိပ်ဆေးထိုးပေးမယ်နော် ဒါမှကူးငယ်ကJiminကို ထပ်မအော်မှာ''

Jinကရင်ခွင်ထဲငြိမ်နေတဲ့ကောင်လေးကိုခေါင်းအုံးပေါ်ပြင်မှီစေခဲ့သည်။Drကအိပ်ဆေးတစ်ချို့ကိုထိုးပေးတော့ကောင်လေးက တဖြည်းဖြည်းမျက်လုံးများမှေးစင်းလာသည်။ခဏစောင့်ကြည့်ပီးတော့စိတ်ချရမှအခန်းပြင်သို့ထွက်လာကြတော့သည်။

''ညနက်နေပြီDrဒီမှာအိပ်သွားပါလား''

''ရပါတယ် ဒါနဲ့ ကူးငယ်ဆိုတာက''

''ဟိုတလောကမှ သူ သူငယ်ချင်း အသစ်ရတယ်ဆိုပြီး ပြောပြလာတယ် သာမန်သူငယ်ချင်းမဟုတ်ပဲ တမင်ချိန်းခြောက်သူငယ်ချင်းဖြစ်လာတာတဲ့ အဲ့အရင်က သူ့ကားနေရာယူမိခဲ့လို့ ကလေးငယ်ကို ရန်ရှာလိုက်သေးတယ် အဲ့တုန်းက အိပ်နေရင်းလန့်လန့်နိုးပေမယ့်ဒီလောက်မဆိုးလို့Drကိုမခေါ်ခဲ့တာပါ''

''နာမည်အရင်းက''

''Jeon Jung Kookတဲ့''

''Jeon Jung Kook ကျွန်တော် သိပ်သိတာပေါ့ ကျောင်းဆေးခန်းမှာဆို သူ့ကြောင့်ဒဏ်ရာရလာတဲ့ကျောင်းသားတွေမှ မနည်းပဲ ဒီလူနဲ့မှ ဗျာ''

''ဘုရားရေ....''

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

A/N ..Jiminလေးက Jin ရှေ့မှာပဲ သူ့ပုံစံအစစ်ကိုပြတာပါနော်...

18.7.2023🤍


Continue Reading

You'll Also Like

82K 2.4K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...
2M 57.4K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
203K 5.4K 67
Zero already has a boyfriend that she loves but finds out that he is cheating but she tries to work it out and stay with him. But then she goes to th...
1.2M 41.3K 86
As a Jedi padawan, gaining a Master is like a dream come true. It's one step closer to reaching knighthood, and then to reaching Master. But that dr...