Unicode
ပြတင်းပေါက်မှန်ကနေတစ်ဆင့်အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးကိုအကြောင်းမဲ့စွာသာခပ်ငေးငေးကြည့်နေမိသည်။ မိုးရေစက်တွေစွန်းထင်းနေလေတဲ့ပြတင်းပေါက်မှန်ကကြည်လင်ခြင်းမရှိပေမယ့်လို့ ရာသီဥတုနဲ့တော့တစ်မျိုးလိုက်ဖက်နေသလိုပါပင်။ လက်ထဲကသောက်လက်စblack coffeeကိုထပ်မော့သောက်မိတော့ခါးသက်သက်အရသာကသူ့ဘဝနှင့်ထပ်တူကျနေသလားပင်။
လူတစ်ချို့ကပြောကြပါတယ်။ ဘဝအချိုးအကွေ့အလှည့်အပြောင်းတွေကသံသရာစက်ဝန်းထဲမှာလည်ပတ်နေသ၍ကြုံတွေ့ကြရမယ့်အရာတဲ့။
အဟင်း...ရယ်တော့ရယ်ရသား။ ကျွန်တော့်အလှည့်အကျတော့အချိုးအကွေ့အလှည့်အပြောင်းတွေတင်မကဘဲနောက်ထပ်လူတစ်ယောက်အဖြစ်ပါထပ်ပြီးပြောင်းလဲသွားရပြန်တယ်လေ။
အခွင့်အရေးသာရှိမယ်ဆိုရင်
ကော်ဖီခါးခါးတွေမကြိုက်တဲ့သူက
Black coffeeကိုမှစွဲလန်းတတ်နေပြီဆိုတဲ့အကြောင်း......
စီးကရက်ဆိုအနံ့တောင်မခံနိုင်တဲ့သူက
တစ်ရက်တည်းကိုလေးငါးဗူးလောက်ကုန်အောင်သောက်တတ်နေပြီဆိုတဲ့အကြောင်း......
သိပ်ကိုဖြူစင်လွန်းတဲ့လူငယ်လေးက
သွေးအေးရက်စက်တဲ့လူသတ်သမားအဖြစ်ပြောင်းလဲသွားခဲ့ပြီဆိုတဲ့အကြောင်း......
ခင်ဗျားကိုသိစေချင်လိုက်တာခင်ဗျားရယ်။
ပြီးတော့......အဲ့ဒီ့လိုပြောင်းလဲပေးခဲ့တဲ့အဓိကတရားခံက ခင်ဗျားဖြစ်တယ်ဆိုတဲ့နာကျင်စရာအမှန်တရားတစ်ခုကိုပါပေးသိရင်းပေါ့......။
"ဟားဟားဟား!!......ဟားဟားဟားဟား!!......ဟားဟားဟား!!........."
မိုးရာသီရဲ့အေးစိမ့်စိမ့်ရာသီဥတုရယ် ၊
သဘာဝရဲ့အလင်းရောင်ဖျော့ဖျော့သာရှိသည့်တိတ်ဆိတ်တဲ့အခန်းငယ်လေးရယ် ၊
နောက်ပြီး...စိတ်လွတ်နေတဲ့အရူးတစ်ယောက်လိုအသက်မဲ့စွာအော်ရယ်နေတဲ့ကောင်လေးတစ်ယောက်ရယ်။
_____________________________________________
အညိုရောင်နှင့်ကော်ဖီရောင်ဖျော့ဖျော့ကိုအချိုးကျရောစပ်ကာပြင်ဆင်ထားသည့်ကော်ဖီဆိုင်ငယ်လေး။ ဘေးပတ်ပတ်လည်တွင်လည်းပန်းချီကားချပ်တွေကနေရာယူလျက်ရှိသလို ၊ စားပွဲတိုင်းပေါ်ကပန်းအိုးတစ်အိုးချင်းဆီမှာနှင်းဆီဖြူနှင့်ပန်းနုရောင်တို့ကနေရာယူလျက်ရှိပါ၏။
ထိုကော်ဖီဆိုင်လေး၏ထောင့်ကျကျစားပွဲတွင်မျက်နှာချင်းဆိုင်ထိုင်နေသောလူနှစ်ယောက်။ စားပွဲတစ်ခုထဲမှာထိုင်နေတယ်ဆိုပေမယ့်လို့တစ်ယောက်ကိုတစ်ယောက်မည်သည့်စကားမျှတော့မဆိုကြပေ။ လေးထောင့်မကျတကျမျက်မှန်လေးနှင့်ကော်ဖီခွက်ကိုသာအာရုံစိုက်ကာခပ်ဖြေးဖြေးမွှေရင်းအလုပ်ရှုပ်နေတဲ့တစ်ယောက်ကို မဝံ့မရဲခိုးကြည့်ကာအလုပ်များနေတဲ့လူတစ်ယောက်တို့ကပြောစရာစကားပေါင်းမြောက်များစွာရှိနေကြပေမယ့်လို့အတွေးထဲတွင်သာနစ်မျောရင်းတိတ်ဆိတ်မြဲတိတ်ဆိတ်ဆဲပင်။
"မြတ်သဝဏ်......"
တိတ်ဆိတ်နေတဲ့အခြေအနေကိုနာမည်တစ်ခုနှင့်အတူစကားစမိလိုက်တဲ့မှိုင်းညှို့ဆီကိုချက်ချင်းဆိုသလိုရောက်လာတဲ့မျက်ဝန်းတွေ။ မျက်နှာသေနှင့်စူးစိုက်ကြည့်နေတာဆိုပေမယ့်လို့ဘာကြောင့်မှန်းမသိမှိုင်းညှို့ထိုသူ့ဆီကအရှိန်အဝါတစ်ခုခုကိုခံစားမိနေသလိုပင်။
"မြတ်သဝဏ်ရှိတဲ့နေရာကိုပြောပြပေးလို့ရမလား......"
"ငါ့ကိုတွေ့ချင်တယ်ဆိုတာဒီကိစ္စလား......"
မနည်းအားယူကာပြောလိုက်ရသည့်စကားတစ်ခွန်းကိုထိုသူကခပ်စူးစူးစိုက်ကြည့်ကာအမေးတစ်ခုနှင့်ပင်ပြန်တုံ့ပြန်လာသည်။ ထိုသူရဲ့အမူအရာကတည်ငြိမ်ကာအေးဆေးလွန်းနေပေမယ့်မှိုင်းညှို့ကတော့ရင်ထဲမှာဗလောင်ဆူနေလေပြီပင်။ ခေါင်းညိတ်ပြကာအဖြေပြန်ပေးမိသည်နှင့်ထိုသူ့ဆီကနေလှောင်ပြုံးဆန်ဆန်အပြုံးတစ်ပွင့်ကလှစ်ခနဲ။
"ငါကမြတ်သဝဏ်ကိုမသိဘူးဆိုရင်ရော......"
"မဖြစ်နိုင်တာတွေ......ရဏသဝဏ်နဲ့မြတ်သဝဏ်ကသိနေတယ်ဆိုရင်...ကိုစဝ်ထည်ဝါကလည်းမသိစရာအကြောင်းမှမရှိတာ......ရဏသဝဏ်ဘေးမှာအချိန်တိုင်းလိုလိုရှိနေတဲ့သူက ဒီအကြောင်းကျမှမသိဘူးဆိုတာမဖြစ်နိုင်တဲ့အရာပဲလေ......"
မြတ်သဝဏ်အကြောင်းသိချင်ဇောကများနေသည်မို့မှိုင်းညှို့ခပ်မြန်မြန်သာစကားဆိုမိတော့ကိုစဝ်ထည်ဝါကအပြုံးတစ်ပွင့်နှင့်ပင်တုံ့ပြန်လေပြန်တယ်။ သို့သော်အခုတစ်ခါအပြုံးကမဲ့ပြုံး။
"ဘာဖြစ်လို့တွေ့ချင်ရတာလဲ......"
"ဒါကကျွန်တော့်ကိစ္စပါ...ကိုစဝ်ထည်ဝါအနေနဲ့ဒီမေးခွန်းကိုမမေးသင့်ဘူးလို့ထင်ပါတယ်......"
"သြော်......"
တောင်းပန်စကားဆိုမည့်အကြောင်းကိုတော့ရှိရင်းစွဲမာနလေးကြောင့်ထည့်မပြောမိလိုက်။ ဘာတွေပဲဖြစ်နေပါစေ......မှိုင်းညှို့ရွှေဘုံဆိုတာမာနကိုခဝါချလိုက်မယ့်သူမျိုးတော့မဟုတ်ဘူး......။
" ဒါပေမယ့် ကိုယ်ကလည်းကိုယ်မေးတာမမှားဘူးလို့ထင်နေတယ်......"
ထိုင်ခုံကိုကျောမှီထိုင်လိုက်ပြီးခြေထောက်တစ်ဖက်ကိုပါချိတ်ထိုင်ကာအေးစက်စက်စိုက်ကြည့်လာသူကြောင့်မှိုင်းညှို့ခေါင်းကိုသာငုံ့ထားမိသည်။
"မင်းပဲတွေးကြည့်လေ......အ,အဆိုပြီးအမြဲနှိမ်ခဲ့တဲ့လူ......အချိန်တိုင်းစိတ်ဒဏ်ရာပေးပြီးသိမ်ငယ်စိတ်ဝင်အောင်လုပ်ခဲ့တဲ့လူ...ခခယယတောင်းတောင်းပန်ပန်နဲ့အလိုလိုက်ပေးခဲ့တာကိုတောင်ပစ်ပစ်ခါခါထားပစ်ခဲ့တဲ့လူ......အခုအဲ့ဒီ့လူကပြန်တွေ့ချင်တယ်ဆိုတော့...အဟက်!......ကိုယ်ကဘယ်လိုပုံစံမျိုးနဲ့ကိုယ့်ကလေးရှိတဲ့နေရာကိုစိတ်ချလက်ချလမ်းညွှန်ပေးရမှာလဲ......"
"ကျွန်...ကျွန်တော်......"
အပြုံးတစ်ပွင့်နှင့်စကားဆိုနေတဲ့သူကိုမှိုင်းညှို့ဘာပြောလို့ပြောရမှန်းမသိသလို ၊ ရင်ထဲမှာလည်းမွမ်းကျပ်မှုကတစ်စတစ်စတိုးလာမိပြန်သည်။ ' ကိုယ့်ကလေး ' ဆိုတဲ့အသုံးအနှုန်းမှာလူကသိမ်ငယ်စိတ်ဝင်ရပြန်သလို ၊ မြတ်သဝဏ်အပေါ်ဆိုးသွမ်းခဲ့မိတဲ့ကိုယ့်ကိုကိုယ်သာရိုက်နှက်ပစ်လိုက်ချင်တော့အထိပါပင်။
"ဒါပေမယ့်...ဒါပေမယ့်လေ ကျွန်တော်မြတ်သဝဏ်ကိုတွေ့မှဖြစ်မှာမို့လို့ပါ......ကျေးဇူးပြုပြီး သူရှိတဲ့နေရာလေးပြောပြပေးပါနော်......"
ခခယယပြောဆိုနေမိပေမယ့်လို့တစ်ဖက်လူကတော့သူ့စကားကိုအရေးလုပ်ပုံမပေါ် ၊ ကော်ဖီတစ်ငုံမော့သောက်ရင်းနာရီကိုသာတကြည့်ကြည့်လုပ်နေပြန်လေ၏။
"ကျွန်တော်...ကျွန်တော်သူ့ကို......တောင်း...တောင်းပန်ချင်လို့ပါ......"
အရေးမလုပ်ချင်ယောင်ဆောင်နေပေမယ့်လို့ထည်ဝါ မှိုင်းညှို့ရွှေဘုံရဲ့စကားသံကိုရှင်းရှင်းလင်းလင်းကြားလိုက်ပါသေးသည်။ စကားဆုံးသည်နှင့်ခေါင်းငုံ့သွားတဲ့မှိုင်းညှို့ရွှေဘုံကထည်ဝါ့ရဲ့ဒေါသကြောင့်ခက်ထန်သွားတဲ့မျက်နှာထားကိုမြင်လိုက်ပုံမရပေ။
' တောင်းပန်ချင်လို့ပါ...... ' တဲ့လား။
အဟား...သိပ်ရယ်ရတဲ့ဟာသပါလားမှိုင်းညှို့ရွှေဘုံ။
ငါ့ကလေးကိုဒီလိုအခြေအနေအထိရောက်အောင်လုပ်ထားခဲ့ပြီးမှမင်းကတောင်းပန်လိုက်ရုံနဲ့ပြီးသွားမယ်လို့ထင်နေတာလား။
စိတ်မကောင်းပေမယ့်...မင်းရဲ့တောင်းပန်စကားထက်အိမ်မက်ဆိုးတွေထဲပိတ်မိနေတဲ့ကောင်လေးရဲ့စကားသံတွေကိုကြားယောင်နေမိတော့ခက်တယ်ကွာ။
"တောင်းပန်မယ်......ဟား!...ကိုယ်တော့မထင်ဘူး......သူ့အသက်ကိုတောင်ရန်ရှာခဲ့တဲ့သူကိုမြတ်သဝဏ်ကခွင့်လွှတ်နိုင်ပါ့မလား......ဒါတောင်ကိုယ်ပြောတာတွေထဲမှာမင်းသူ့အပေါ်လုပ်ခဲ့တဲ့တခြားနာကျည်းစရာတွေနဲ့မင်းရဲ့ချစ်သူနေရာမှာအစားထိုးခဲ့တဲ့အကြောင်းတွေမပါသေးဘူး......"
"တော်တော့!!......"
မှိုင်းညှို့သတိလက်လွတ်နှင့်အော်လိုက်မိတာဘယ်လောက်အသံကျယ်သွားမိသလဲမသိ ၊ ဘေးဝိုင်းတွေကပါလှည့်ကြည့်လှည့်ကြည့်ဖြစ်လာကြသည်။
"တော်...တော်ပါတော့......ဆက်မပြောပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော်မှားခဲ့တာမို့ကျွန်တော်တောင်းပန်ပါတယ်......"
အဆုံးသတ်တွင်တိမ်ဝင်သွားသည့်အသံလေးနှင့်မျက်ရည်တွေကျဆင်းကာပြောဆိုနေသည့်မှိုင်းညှို့ရွှေဘုံကိုကြည့်ရင်းထည်ဝါကြိတ်ပြုံးနေမိသည်။
ခံစားစမ်း......ငါ့ကလေကိုနာကျင်အောင်လုပ်ခဲ့တဲ့အတွက်မင်းလည်းပြန်နာကျင်စေရမှာပေါ့......။
"စိတ်မကောင်းပေမယ့်...ကိုယ့်ဘက်ကတော့ကိုယ့်ကလေးရှိတဲ့နေရာကိုမပြောပြနိုင်ပါဘူး......ဒါဆိုခွင့်ပြုပါအုံး...ကျွန်တော်အလုပ်လေးရှိသေးလို့......"
တစ်ဖက်လူကိုဂရုမစိုက်ထထွက်လာခဲ့တာမျိုးကရိုင်းစိုင်းတဲ့အပြုအမူဆိုပေမယ့်လို့ထည်ဝါကတော့တစ်ချက်တောင်လှည့်မကြည့်ဘဲထထွက်လာခဲ့လိုက်သည်။
မင်းလိုလူမျိုးဆီကို...ကောင်လေးကိုဘယ်တော့မှပြန်ထည့်ပေးလိုက်မှာမဟုတ်ဘူးဆိုတာမြဲမြဲမှတ်ထားလိုက်......။
_____________________________________________
"ခင်ဗျားဘယ်ကပြန်လာတာလဲဒေါက်တာ......"
ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့်ကောင်လေးရဲ့အိပ်ခန်းဆီသို့ဦးတည်နေမိတဲ့ထည်ဝါ့ခြေလှမ်းတွေရပ်တန့်သွားရသည်။ အသံလာရာကြည့်မိတော့မှမြင်လိုက်ရတာကဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ရင်းသူ့ကိုစိုက်ကြည့်နေတဲ့ကောင်လေး။ ကောင်လေးပုံစံကခုနကတည်းကထိုင်နေပုံရသည်။ ထည်ဝါကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေမိတာမို့မမြင်လိုက်မိတာထင်ပါရဲ့။
"နေမကောင်းတာဘာဖြစ်လို့နားနားနေနေမနေရတာလဲကလေးရဲ့......"
"ခင်ဗျားဘာဖြစ်လို့သူနဲ့သွားတွေ့ရတာလဲ!!!......"
နှဖူးကိုအသာထိကပ်ကာစမ်းသပ်လိုက်မိသည့်လက်ကိုပုတ်ချကာအော်ပြောလာတဲ့ကောင်လေးကြောင့်ထည်ဝါအနည်းငယ်တော့ကြောင်အသွားမိသည်။
နေပါအုံး......ကောင်လေးကဘာဖြစ်လို့သူ့ကိုလာအော်နေရတာလဲ......။
"ကောင်လေးသိနေတာလား......"
"အင်း......သိတယ်...အခုခင်ဗျား ကျုပ်မေးနေတာကိုပဲဖြေစမ်းပါ......ဘာကိစ္စနဲ့သူ့ကိုသွားတွေ့ရတာလဲ......"
လေသံမာမာနဲ့မေးနေပြန်တဲ့ကောင်လေးကြောင့်ထည်ဝါခြောက်ကပ်ကပ်သာရယ်မိသည်။ မှိုင်းညှို့ရွှေဘုံနဲ့သွားတွေ့မိတာလေးနဲ့ကိုယ့်ကိုအော်စရာလိုလို့လားကလေးရယ်။
ရင်ထဲကစူးနင့်လာတဲ့ခံစားချက်ကြောင့်သက်ပြင်းဖွဖွချရင်းသာမျက်နှာလွှဲမိပြန်တော့လက်မောင်းကိုအတင်းဆုပ်ကိုင်ပြီးမေးလာတဲ့စကားက ' ကျုပ်မေးတာဘာဖြစ်လို့မဖြေရတာလဲ...... ' တဲ့လား။
ဒီနှစ်တွေအတွင်းမင်းဘေးမှာရှိနေပေးခဲ့တာကိုယ်ပါကောင်လေး။ မင်းကအခုကိုယ်နာကျင်မှာကိုတောင်ဂရုမစိုက်ဘဲမင်းကိုနာကျင်အောင်လုပ်ခဲ့တဲ့သူကိုဂရုစိုက်နေတာလား...ဟမ်......။
"သူ့ကို...ချစ်နေသေးတာလား......"
"ခင်ဗျား!......ဟာကွာ...တောက်စ်!......"
သိချင်တဲ့မေးခွန်းကိုမေးမိပြန်တော့ကောင်လေးကသူဆုပ်ကိုင်ထားသည့်ထည်ဝါ့လက်မောင်းကိုဆောင့်မတွန်းရုံတမယ်လွှတ်လိုက်ပြီးတောက်တစ်ချက်ခေါက်ခါမျက်နှာလွှဲသွားပြန်တယ်။
"ကိုယ်မေးတာဖြေရင်......ကိုယ်လည်းမင်းမေးတာကိုဖြေမယ်......ဖြေလေ...မှိုင်းညှို့ရွှေဘုံကိုချစ်နေသေးတာလား!......"
ဝမ်းနည်းစိတ်ရောနာကျင်စိတ်ရောအကုန်ရောယှက်လာတာကြောင့်စိတ်မထိန်းနိူင်ဘဲအော်ဟစ်ကာမေးမိတော့ မျက်နှာချင်းဆိုင်ဘက်ပြန်လှည့်လာကာခပ်စူးစူးပြန်စိုက်ကြည့်လာပြန်တဲ့ကျွန်တော့်ချစ်ရသူလေး။
ဖြေလိုက်စမ်းကလေး......မင်းအဖြေကဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကလက်ခံမှာမို့......။
"ခင်ဗျားရူးနေလား......"
"ဟမ်......"
ကြားလိုက်ရသည်ကအဖြေတစ်ခုမဟုတ်ဘဲမေးခွန်းတစ်ခုသာဖြစ်နေသည်မို့ထည်ဝါအံ့သြသွားရတာတော့အမှန်။
"အခုကျုပ်ပြောနေတာဘယ်သူ့ကိုစိတ်ပူလို့မှန်းမသိရလောက်အောင်အထိ...ခင်ဗျားရဲ့အသိဉာဏ်တွေကဘယ်ရောက်သွားတာလဲဒေါက်တာ......"
ကောင်လေးပြောမှထည်ဝါသတိပြန်ဝင်မိသည်။
ဟုတ်သား......ကောင်လေးကအရင်ကတည်းကထည်ဝါ့ကိုမှိုင်းညှို့ရွှေဘုံနဲ့ပက်သက်တာမကြိုက်တာပဲ။
"ခင်ဗျားအဖြေကိုသိပ်သိချင်နေတယ်ဆိုရင်ကျုပ်ပြောပြမယ်......"
ပြောပြောဆိုဆိုနှင့်အနားကိုတိုးကပ်လာတဲ့ကောင်လေးကြောင့်ထည်ဝါလည်းကြောင်အမ်းအမ်းနှင့်ပြန်စိုက်ကြည့်မိတော့ကောင်လေးရဲ့အကြည့်စူးစူးတွေနှင့်ဆုံမိသည်။
ဒီကောင်လေး...ရန်ဖြစ်နေရတာတောင်ဆွဲဆောင်မှုရှိနေလိုက်ပုံများ......။
"ချစ်တယ်......ခင်ဗျားကို......"
"ဟမ်......"
"ချစ်တယ်ဒေါက်တာ......ကျွန်တော်ခင်ဗျားကိုသိပ်ချစ်တယ်...ဘယ်တုန်းကမှန်းမသိလိုက်ပေမယ့် ကျွန်တော်ခင်ဗျားကိုချစ်တာတကယ်ပါ......ခင်ဗျားကကျွန်တော့်အချစ်ဦးမဟုတ်ခဲ့ဘူး...ဒါပေမယ့် ကျွန်တော်ချစ်တယ်ဆိုတာတော့ယုံပေးစေချင်တယ်......အခုကျွန်တော်ဒီလိုတွေပြောနေရတယ်ဆိုတာက သူခင်ဗျားကိုတစ်ခုခုလုပ်လိုက်မှာစိုးလို့ပါ......ခင်ဗျားကိုပြန်ရောက်ရောက်ချင်းအော်လိုက်မိတယ်ဆိုတာကလည်းကျွန်တော်တစ်ချိန်လုံးစိုးရိမ်နေခဲ့ရတာတွေကြောင့်စိတ်ရှုပ်သွားမိလို့......ကျွန်တော်ချစ်တဲ့သူ...ကျွန်တော်စိတ်ပူတဲ့သူက ခင်ဗျားတစ်ယောက်တည်းကိုပါဒေါက်တာရယ်......"
ရှည်လျားတဲ့စကားအဆုံးထည်ဝါကောင်လေးရင်ခွင်ထဲကိုသာတိုးဝင်ရင်းငိုချမိသည်။ မျက်ရည်တွေကဘယ်ကဘယ်လိုဖြစ်တည်လာမှန်းတော့မသိပေမယ့် ပျော်ရွှင်မှုကြောင့်ကျဆင်းလာတာဖြစ်ကြောင်းကိုတော့ထည်ဝါနားလည်ပါသေးတယ်။ စိတ်ရှိလက်ရှိနှင့်ကလေးတစ်ယောက်လိုငိုကြွေးနေမိတဲ့သူ့ကိုကောင်လေးကကျောပြင်ပေါ်ခပ်ဖွဖွပုတ်ပေးကာချော့လာရှာပါရဲ့။ ထို့နောက်ကောင်လေးဆီကကြားလိုက်ရတဲ့ခပ်တိုးတိုးရေရွတ်သံက
' ကျွန်တော့်ဒေါက်တာလေးကအငိုသန်လေးမှန်းအခုမှပဲသိတော့တယ်...... ' တဲ့။
#################################
Zawgyi
ျပတင္းေပါက္မွန္ကေနတစ္ဆင့္အံု႕မွိဳင္းေနတဲ႕ေကာင္းကင္ၾကီးကိုအေၾကာင္းမဲ႕စြာသာခပ္ေငးေငးၾကည့္ေနမိသည္။ မိုးေရစက္ေတြစြန္းထင္းေနေလတဲ႕ျပတင္းေပါက္မွန္ကၾကည္လင္ျခင္းမရွိေပမယ့္လို႕ ရာသီဥတုနဲ႕ေတာ့တစ္မ်ိဳးလိုက္ဖက္ေနသလိုပါပင္။ လက္ထဲကေသာက္လက္စblack coffeeကိုထပ္ေမာ့ေသာက္မိေတာ့ခါးသက္သက္အရသာကသူ႕ဘဝႏွင့္ထပ္တူက်ေနသလားပင္။
လူတစ္ခ်ိဳ႕ကေျပာၾကပါတယ္။ ဘဝအခ်ိဳးအေကြ႕အလွည့္အေျပာင္းေတြကသံသရာစက္ဝန္းထဲမွာလည္ပတ္ေနသ၍ၾကံဳေတြ႕ၾကရမယ့္အရာတဲ႕။
အဟင္း…ရယ္ေတာ့ရယ္ရသား။ ကြ်န္ေတာ့္အလွည့္အက်ေတာ့အခ်ိဳးအေကြ႕အလွည့္အေျပာင္းေတြတင္မကဘဲေနာက္ထပ္လူတစ္ေယာက္အျဖစ္ပါထပ္ျပီးေျပာင္းလဲသြားရျပန္တယ္ေလ။
အခြင့္အေရးသာရွိမယ္ဆိုရင္
ေကာ္ဖီခါးခါးေတြမၾကိဳက္တဲ႕သူက
Black coffeeကိုမွစြဲလန္းတတ္ေနျပီဆိုတဲ႕အေၾကာင္း……
စီးကရက္ဆိုအနံ႕ေတာင္မခံနိုင္တဲ႕သူက
တစ္ရက္တည္းကိုေလးငါးဗူးေလာက္ကုန္ေအာင္ေသာက္တတ္ေနျပီဆိုတဲ႕အေၾကာင္း……
သိပ္ကိုျဖဴစင္လြန္းတဲ႕လူငယ္ေလးက
ေသြးေအးရက္စက္တဲ႕လူသတ္သမားအျဖစ္ေျပာင္းလဲသြားခဲ႔ျပီဆိုတဲ႕အေၾကာင္း……
ခင္ဗ်ားကိုသိေစခ်င္လိုက္တာခင္ဗ်ားရယ္။
ျပီးေတာ့……အဲ႕ဒီ႕လိုေျပာင္းလဲေပးခဲ႕တဲ႕အဓိကတရားခံက ခင္ဗ်ားျဖစ္တယ္ဆိုတဲ႕နာက်င္စရာအမွန္တရားတစ္ခုကိုပါေပးသိရင္းေပါ့……။
"ဟားဟားဟား!!……ဟားဟားဟားဟား!!……ဟားဟားဟား!!………"
မိုးရာသီရဲ႕ေအးစိမ့္စိမ့္ရာသီဥတုရယ္ ၊
သဘာဝရဲ႕အလင္းေရာင္ေဖ်ာ့ေဖ်ာ့သာရွိသည့္တိတ္ဆိတ္တဲ႕အခန္းငယ္ေလးရယ္ ၊
ေနာက္ျပီး…စိတ္လြတ္ေနတဲ႕အရူးတစ္ေယာက္လိုအသက္မဲ႕စြာေအာ္ရယ္ေနတဲ႕ေကာင္ေလးတစ္ေယာက္ရယ္။
_____________________________________________
အညိဳေရာင္ႏွင့္ေကာ္ဖီေရာင္ေဖ်ာ့ေဖ်ာ့ကိုအခ်ိဳးက်ေရာစပ္ကာျပင္ဆင္ထားသည့္ေကာ္ဖီဆိုင္ငယ္ေလး။ ေဘးပတ္ပတ္လည္တြင္လည္းပန္းခ်ီကားခ်ပ္ေတြကေနရာယူလ်က္ရွိသလို ၊ စားပြဲတိုင္းေပၚကပန္းအိုးတစ္အိုးခ်င္းဆီမွာႏွင္းဆီျဖဴႏွင့္ပန္းနုေရာင္တို႕ကေနရာယူလ်က္ရွိပါ၏။
ထိုေကာ္ဖီဆိုင္ေလး၏ေထာင့္က်က်စားပြဲတြင္မ်က္ႏွာခ်င္းဆိုင္ထိုင္ေနေသာလူႏွစ္ေယာက္။ စားပြဲတစ္ခုထဲမွာထိုင္ေနတယ္ဆိုေပမယ့္လို႕တစ္ေယာက္ကိုတစ္ေယာက္မည္သည့္စကားမွ်ေတာ့မဆိုၾကေပ။ ေလးေထာင့္မက်တက်မ်က္မွန္ေလးႏွင့္ေကာ္ဖီခြက္ကိုသာအာရံုစိုက္ကာခပ္ေျဖးေျဖးေမႊရင္းအလုပ္ရွဳပ္ေနတဲ႕တစ္ေယာက္ကို မဝံ႕မရဲခိုးၾကည့္ကာအလုပ္မ်ားေနတဲ႕လူတစ္ေယာက္တို႕ကေျပာစရာစကားေပါင္းေျမာက္မ်ားစြာရွိေနၾကေပမယ့္လို႕အေတြးထဲတြင္သာနစ္ေမ်ာရင္းတိတ္ဆိတ္ျမဲတိတ္ဆိတ္ဆဲပင္။
"ျမတ္သဝဏ္……"
တိတ္ဆိတ္ေနတဲ႕အေျခအေနကိုနာမည္တစ္ခုႏွင့္အတူစကားစမိလိုက္တဲ႕မွိဳင္းညိွဳ႕ဆီကိုခ်က္ခ်င္းဆိုသလိုေရာက္လာတဲ႕မ်က္ဝန္းေတြ။ မ်က္ႏွာေသႏွင့္စူးစိုက္ၾကည့္ေနတာဆိုေပမယ့္လို႕ဘာေၾကာင့္မွန္းမသိမွိဳင္းညိွဳ႕ထိုသူ႕ဆီကအရွိန္အဝါတစ္ခုခုကိုခံစားမိေနသလိုပင္။
"ျမတ္သဝဏ္ရွိတဲ႕ေနရာကိုေျပာျပေပးလို႕ရမလား……"
"ငါ့ကိုေတြ႕ခ်င္တယ္ဆိုတာဒီကိစၥလား……"
မနည္းအားယူကာေျပာလိုက္ရသည့္စကားတစ္ခြန္းကိုထိုသူကခပ္စူးစူးစိုက္ၾကည့္ကာအေမးတစ္ခုႏွင့္ပင္ျပန္တံု႕ျပန္လာသည္။ ထိုသူရဲ႕အမူအရာကတည္ျငိမ္ကာေအးေဆးလြန္းေနေပမယ့္မွိဳင္းညိွဳ႕ကေတာ့ရင္ထဲမွာဗေလာင္ဆူေနေလျပီပင္။ ေခါင္းညိတ္ျပကာအေျဖျပန္ေပးမိသည္ႏွင့္ထိုသူ႕ဆီကေနေလွာင္ျပံဳးဆန္ဆန္အျပံဳးတစ္ပြင့္ကလွစ္ခနဲ။
"ငါကျမတ္သဝဏ္ကိုမသိဘူးဆိုရင္ေရာ……"
"မျဖစ္နိုင္တာေတြ……ရဏသဝဏ္နဲ႕ျမတ္သဝဏ္ကသိေနတယ္ဆိုရင္…ကိုစဝ္ထည္ဝါကလည္းမသိစရာအေၾကာင္းမွမရွိတာ……ရဏသဝဏ္ေဘးမွာအခ်ိန္တိုင္းလိုလိုရွိေနတဲ႕သူက ဒီအေၾကာင္းက်မွမသိဘူးဆိုတာမျဖစ္နိုင္တဲ႕အရာပဲေလ……"
ျမတ္သဝဏ္အေၾကာင္းသိခ်င္ေဇာကမ်ားေနသည္မို႕မွိဳင္းညိွဳ႕ခပ္ျမန္ျမန္သာစကားဆိုမိေတာ့ကိုစဝ္ထည္ဝါကအျပံဳးတစ္ပြင့္ႏွင့္ပင္တံု႕ျပန္ေလျပန္တယ္။ သို႕ေသာ္အခုတစ္ခါအျပံဳးကမဲ႕ျပံဳး။
"ဘာျဖစ္လို႕ေတြ႕ခ်င္ရတာလဲ……"
"ဒါကကြ်န္ေတာ့္ကိစၥပါ…ကိုစဝ္ထည္ဝါအေနနဲ႕ဒီေမးခြန္းကိုမေမးသင့္ဘူးလို႕ထင္ပါတယ္……"
"ေၾသာ္……"
ေတာင္းပန္စကားဆိုမည့္အေၾကာင္းကိုေတာ့ရွိရင္းစြဲမာနေလးေၾကာင့္ထည့္မေျပာမိလိုက္။ ဘာေတြပဲျဖစ္ေနပါေစ……မွိဳင္းညိွဳ႕ေရႊဘံုဆိုတာမာနကိုခဝါခ်လိုက္မယ့္သူမ်ိဳးေတာ့မဟုတ္ဘူး……။
" ဒါေပမယ့္ ကိုယ္ကလည္းကိုယ္ေမးတာမမွားဘူးလို႕ထင္ေနတယ္……"
ထိုင္ခံုကိုေက်ာမွီထိုင္လိုက္ျပီးေျခေထာက္တစ္ဖက္ကိုပါခ်ိတ္ထိုင္ကာေအးစက္စက္စိုက္ၾကည့္လာသူေၾကာင့္မွိဳင္းညိွဳ႕ေခါင္းကိုသာငံု႕ထားမိသည္။
"မင္းပဲေတြးၾကည့္ေလ……အ,အဆိုျပီးအျမဲႏွိမ္ခဲ႕တဲ႕လူ……အခ်ိန္တိုင္းစိတ္ဒဏ္ရာေပးျပီးသိမ္ငယ္စိတ္ဝင္ေအာင္လုပ္ခဲ႕တဲ႕လူ…ခခယယေတာင္းေတာင္းပန္ပန္နဲ႕အလိုလိုက္ေပးခဲ႕တာကိုေတာင္ပစ္ပစ္ခါခါထားပစ္ခဲ႕တဲ႕လူ……အခုအဲ႕ဒီ႕လူကျပန္ေတြ႕ခ်င္တယ္ဆိုေတာ့…အဟက္!……ကိုယ္ကဘယ္လိုပံုစံမ်ိဳးနဲ႕ကိုယ့္ကေလးရွိတဲ႕ေနရာကိုစိတ္ခ်လက္ခ်လမ္းညႊန္ေပးရမွာလဲ……"
"ကြ်န္…ကြ်န္ေတာ္……"
အျပံဳးတစ္ပြင့္ႏွင့္စကားဆိုေနတဲ႕သူကိုမွိဳင္းညိွဳ႕ဘာေျပာလို႕ေျပာရမွန္းမသိသလို ၊ ရင္ထဲမွာလည္းမြမ္းက်ပ္မွဳကတစ္စတစ္စတိုးလာမိျပန္သည္။ ' ကိုယ့္ကေလး ' ဆိုတဲ႕အသံုးအနွဳန္းမွာလူကသိမ္ငယ္စိတ္ဝင္ရျပန္သလို ၊ ျမတ္သဝဏ္အေပၚဆိုးသြမ္းခဲ႕မိတဲ႕ကိုယ့္ကိုကိုယ္သာရိုက္ႏွက္ပစ္လိုက္ခ်င္ေတာ့အထိပါပင္။
"ဒါေပမယ့္…ဒါေပမယ့္ေလ ကြ်န္ေတာ္ျမတ္သဝဏ္ကိုေတြ႕မွျဖစ္မွာမို႕လို႕ပါ……ေက်းဇူးျပဳျပီး သူရွိတဲ႕ေနရာေလးေျပာျပေပးပါေနာ္……"
ခခယယေျပာဆိုေနမိေပမယ့္လို႕တစ္ဖက္လူကေတာ့သူ႕စကားကိုအေရးလုပ္ပံုမေပၚ ၊ ေကာ္ဖီတစ္ငံုေမာ့ေသာက္ရင္းနာရီကိုသာတၾကည့္ၾကည့္လုပ္ေနျပန္ေလ၏။
"ကြ်န္ေတာ္…ကြ်န္ေတာ္သူ႕ကို……ေတာင္း…ေတာင္းပန္ခ်င္လို႕ပါ……"
အေရးမလုပ္ခ်င္ေယာင္ေဆာင္ေနေပမယ့္လို႕ထည္ဝါ မွိဳင္းညိွဳ႕ေရႊဘံုရဲ႕စကားသံကိုရွင္းရွင္းလင္းလင္းၾကားလိုက္ပါေသးသည္။ စကားဆံုးသည္ႏွင့္ေခါင္းငံု႕သြားတဲ႕မွိဳင္းညိွဳ႕ေရႊဘံုကထည္ဝါ့ရဲ႕ေဒါသေၾကာင့္ခက္ထန္သြားတဲ႕မ်က္ႏွာထားကိုျမင္လိုက္ပံုမရေပ။
' ေတာင္းပန္ခ်င္လို႕ပါ…… ' တဲ႕လား။
အဟား…သိပ္ရယ္ရတဲ႕ဟာသပါလားမွိဳင္းညိွဳ႕ေရႊဘံု။
ငါ့ကေလးကိုဒီလိုအေျခအေနအထိေရာက္ေအာင္လုပ္ထားခဲ႕ျပီးမွမင္းကေတာင္းပန္လိုက္ရံုနဲ႕ျပီးသြားမယ္လို႕ထင္ေနတာလား။
စိတ္မေကာင္းေပမယ့္…မင္းရဲ႕ေတာင္းပန္စကားထက္အိမ္မက္ဆိုးေတြထဲပိတ္မိေနတဲ႕ေကာင္ေလးရဲ႕စကားသံေတြကိုၾကားေယာင္ေနမိေတာ့ခက္တယ္ကြာ။
"ေတာင္းပန္မယ္……ဟား!…ကိုယ္ေတာ့မထင္ဘူး……သူ႕အသက္ကိုေတာင္ရန္ရွာခဲ႕တဲ႕သူကိုျမတ္သဝဏ္ကခြင့္လႊတ္နိုင္ပါ့မလား……ဒါေတာင္ကိုယ္ေျပာတာေတြထဲမွာမင္းသူ႕အေပၚလုပ္ခဲ႕တဲ႕တျခားနာက်ည္းစရာေတြနဲ႕မင္းရဲ႕ခ်စ္သူေနရာမွာအစားထိုးခဲ႕တဲ႕အေၾကာင္းေတြမပါေသးဘူး……"
"ေတာ္ေတာ့!!……"
မွိဳင္းညိွဳ႕သတိလက္လြတ္ႏွင့္ေအာ္လိုက္မိတာဘယ္ေလာက္အသံက်ယ္သြားမိသလဲမသိ ၊ ေဘးဝိုင္းေတြကပါလွည့္ၾကည့္လွည့္ၾကည့္ျဖစ္လာၾကသည္။
"ေတာ္…ေတာ္ပါေတာ့……ဆက္မေျပာပါနဲ႕ ကြ်န္ေတာ္ေတာင္းပန္ပါတယ္…ကြ်န္ေတာ္မွားခဲ႕တာမို႔ကြ်န္ေတာ္ေတာင္းပန္ပါတယ္……"
အဆံုးသတ္တြင္တိမ္ဝင္သြားသည့္အသံေလးႏွင့္မ်က္ရည္ေတြက်ဆင္းကာေျပာဆိုေနသည့္မွိဳင္းညိွဳ႕ေရႊဘံုကိုၾကည့္ရင္းထည္ဝါၾကိတ္ျပံဳးေနမိသည္။
ခံစားစမ္း……ငါ့ကေလကိုနာက်င္ေအာင္လုပ္ခဲ႕တဲ႕အတြက္မင္းလည္းျပန္နာက်င္ေစရမွာေပါ့……။
"စိတ္မေကာင္းေပမယ့္…ကိုယ့္ဘက္ကေတာ့ကိုယ့္ကေလးရွိတဲ႕ေနရာကိုမေျပာျပနိုင္ပါဘူး……ဒါဆိုခြင့္ျပဳပါအံုး…ကြ်န္ေတာ္အလုပ္ေလးရွိေသးလို႕……"
တစ္ဖက္လူကိုဂရုမစိုက္ထထြက္လာခဲ႕တာမ်ိဳးကရိုင္းစိုင္းတဲ႕အျပဳအမူဆိုေပမယ့္လို႕ထည္ဝါကေတာ့တစ္ခ်က္ေတာင္လွည့္မၾကည့္ဘဲထထြက္လာခဲ႕လိုက္သည္။
မင္းလိုလူမ်ိဳးဆီကို…ေကာင္ေလးကိုဘယ္ေတာ့မွျပန္ထည့္ေပးလိုက္မွာမဟုတ္ဘူးဆိုတာျမဲျမဲမွတ္ထားလိုက္……။
_____________________________________________
"ခင္ဗ်ားဘယ္ကျပန္လာတာလဲေဒါက္တာ……"
ရုတ္တရက္ၾကားလိုက္ရတဲ႕အသံေၾကာင့္ေကာင္ေလးရဲ႕အိပ္ခန္းဆီသို႕ဦးတည္ေနမိတဲ႕ထည္ဝါ့ေျခလွမ္းေတြရပ္တန္႕သြားရသည္။ အသံလာရာၾကည့္မိေတာ့မွျမင္လိုက္ရတာကဧည့္ခန္းထဲကဆိုဖာေပၚမွာထိုင္ရင္းသူ႕ကိုစိုက္ၾကည့္ေနတဲ႕ေကာင္ေလး။ ေကာင္ေလးပံုစံကခုနကတည္းကထိုင္ေနပံုရသည္။ ထည္ဝါကိုယ့္အေတြးနဲ႕ကိုယ္ျဖစ္ေနမိတာမို႕မျမင္လိုက္မိတာထင္ပါရဲ႕။
"ေနမေကာင္းတာဘာျဖစ္လို႕နားနားေနေနမေနရတာလဲကေလးရဲ႕……"
"ခင္ဗ်ားဘာျဖစ္လို႕သူနဲ႕သြားေတြ႕ရတာလဲ!!!……"
နွဖူးကိုအသာထိကပ္ကာစမ္းသပ္လိုက္မိသည့္လက္ကိုပုတ္ခ်ကာေအာ္ေျပာလာတဲ႕ေကာင္ေလးေၾကာင့္ထည္ဝါအနည္းငယ္ေတာ့ေၾကာင္အသြားမိသည္။
ေနပါအံုး……ေကာင္ေလးကဘာျဖစ္လို႕သူ႕ကိုလာေအာ္ေနရတာလဲ……။
"ေကာင္ေလးသိေနတာလား……"
"အင္း……သိတယ္…အခုခင္ဗ်ား က်ဳပ္ေမးေနတာကိုပဲေျဖစမ္းပါ……ဘာကိစၥနဲ႕သူ႕ကိုသြားေတြ႕ရတာလဲ……"
ေလသံမာမာနဲ႕ေမးေနျပန္တဲ႕ေကာင္ေလးေၾကာင့္ထည္ဝါေျခာက္ကပ္ကပ္သာရယ္မိသည္။ မွိဳင္းညိွဳ႕ေရႊဘံုနဲ႕သြားေတြ႕မိတာေလးနဲ႕ကိုယ့္ကိုေအာ္စရာလိုလို႕လားကေလးရယ္။
ရင္ထဲကစူးနင့္လာတဲ႕ခံစားခ်က္ေၾကာင့္သက္ျပင္းဖြဖြခ်ရင္းသာမ်က္ႏွာလႊဲမိျပန္ေတာ့လက္ေမာင္းကိုအတင္းဆုပ္ကိုင္ျပီးေမးလာတဲ႕စကားက ' က်ဳပ္ေမးတာဘာျဖစ္လို႕မေျဖရတာလဲ…… ' တဲ႕လား။
ဒီႏွစ္ေတြအတြင္းမင္းေဘးမွာရွိေနေပးခဲ႕တာကိုယ္ပါေကာင္ေလး။ မင္းကအခုကိုယ္နာက်င္မွာကိုေတာင္ဂရုမစိုက္ဘဲမင္းကိုနာက်င္ေအာင္လုပ္ခဲ႕တဲ႕သူကိုဂရုစိုက္ေနတာလား…ဟမ္……။
"သူ႕ကို…ခ်စ္ေနေသးတာလား……"
"ခင္ဗ်ား!……ဟာကြာ…ေတာက္စ္!……"
သိခ်င္တဲ႕ေမးခြန္းကိုေမးမိျပန္ေတာ့ေကာင္ေလးကသူဆုပ္ကိုင္ထားသည့္ထည္ဝါ့လက္ေမာင္းကိုေဆာင့္မတြန္းရံုတမယ္လႊတ္လိုက္ျပီးေတာက္တစ္ခ်က္ေခါက္ခါမ်က္ႏွာလႊဲသြားျပန္တယ္။
"ကိုယ္ေမးတာေျဖရင္……ကိုယ္လည္းမင္းေမးတာကိုေျဖမယ္……ေျဖေလ…မွိဳင္းညိွဳ႕ေရႊဘံုကိုခ်စ္ေနေသးတာလား!……"
ဝမ္းနည္းစိတ္ေရာနာက်င္စိတ္ေရာအကုန္ေရာယွက္လာတာေၾကာင့္စိတ္မထိန္းနိူင္ဘဲေအာ္ဟစ္ကာေမးမိေတာ့ မ်က္ႏွာခ်င္းဆိုင္ဘက္ျပန္လွည့္လာကာခပ္စူးစူးျပန္စိုက္ၾကည့္လာျပန္တဲ႕ကြ်န္ေတာ့္ခ်စ္ရသူေလး။
ေျဖလိုက္စမ္းကေလး……မင္းအေျဖကဘာပဲျဖစ္ျဖစ္ကိုယ့္ဘက္ကလက္ခံမွာမို႕……။
"ခင္ဗ်ားရူးေနလား……"
"ဟမ္……"
ၾကားလိုက္ရသည္ကအေျဖတစ္ခုမဟုတ္ဘဲေမးခြန္းတစ္ခုသာျဖစ္ေနသည္မို႕ထည္ဝါအံ႕ၾသသြားရတာေတာ့အမွန္။
"အခုက်ဳပ္ေျပာေနတာဘယ္သူ႕ကိုစိတ္ပူလို႕မွန္းမသိရေလာက္ေအာင္အထိ…ခင္ဗ်ားရဲ႕အသိဥာဏ္ေတြကဘယ္ေရာက္သြားတာလဲေဒါက္တာ……"
ေကာင္ေလးေျပာမွထည္ဝါသတိျပန္ဝင္မိသည္။
ဟုတ္သား……ေကာင္ေလးကအရင္ကတည္းကထည္ဝါ့ကိုမွိဳင္းညိွဳ႕ေရႊဘံုနဲ႕ပက္သက္တာမၾကိဳက္တာပဲ။
"ခင္ဗ်ားအေျဖကိုသိပ္သိခ်င္ေနတယ္ဆိုရင္က်ဳပ္ေျပာျပမယ္……"
ေျပာေျပာဆိုဆိုႏွင့္အနားကိုတိုးကပ္လာတဲ႕ေကာင္ေလးေၾကာင့္ထည္ဝါလည္းေၾကာင္အမ္းအမ္းႏွင့္ျပန္စိုက္ၾကည့္မိေတာ့ေကာင္ေလးရဲ႕အၾကည့္စူးစူးေတြႏွင့္ဆံုမိသည္။
ဒီေကာင္ေလး…ရန္ျဖစ္ေနရတာေတာင္ဆြဲေဆာင္မွဳရွိေနလိုက္ပံုမ်ား……။
"ခ်စ္တယ္……ခင္ဗ်ားကို……"
"ဟမ္……"
"ခ်စ္တယ္ေဒါက္တာ……ကြ်န္ေတာ္ခင္ဗ်ားကိုသိပ္ခ်စ္တယ္…ဘယ္တုန္းကမွန္းမသိလိုက္ေပမယ့္ ကြ်န္ေတာ္ခင္ဗ်ားကိုခ်စ္တာတကယ္ပါ……ခင္ဗ်ားကကြ်န္ေတာ့္အခ်စ္ဦးမဟုတ္ခဲ႕ဘူး…ဒါေပမယ့္ ကြ်န္ေတာ္ခ်စ္တယ္ဆိုတာေတာ့ယံုေပးေစခ်င္တယ္……အခုကြ်န္ေတာ္ဒီလိုေတြေျပာေနရတယ္ဆိုတာက သူခင္ဗ်ားကိုတစ္ခုခုလုပ္လိုက္မွာစိုးလို႕ပါ……ခင္ဗ်ားကိုျပန္ေရာက္ေရာက္ခ်င္းေအာ္လိုက္မိတယ္ဆိုတာကလည္းကြ်န္ေတာ္တစ္ခ်ိန္လံုးစိုးရိမ္ေနခဲ႕ရတာေတြေၾကာင့္စိတ္ရွဳပ္သြားမိလို႕……ကြ်န္ေတာ္ခ်စ္တဲ႕သူ…ကြ်န္ေတာ္စိတ္ပူတဲ႕သူက ခင္ဗ်ားတစ္ေယာက္တည္းကိုပါေဒါက္တာရယ္……"
ရွည္လ်ားတဲ႕စကားအဆံုးထည္ဝါေကာင္ေလးရင္ခြင္ထဲကိုသာတိုးဝင္ရင္းငိုခ်မိသည္။ မ်က္ရည္ေတြကဘယ္ကဘယ္လိုျဖစ္တည္လာမွန္းေတာ့မသိေပမယ့္ ေပ်ာ္ရႊင္မွဳေၾကာင့္က်ဆင္းလာတာျဖစ္ေၾကာင္းကိုေတာ့ထည္ဝါနားလည္ပါေသးတယ္။ စိတ္ရွိလက္ရွိႏွင့္ကေလးတစ္ေယာက္လိုငိုေၾကြးေနမိတဲ႔သူ႕ကိုေကာင္ေလးကေက်ာျပင္ေပၚခပ္ဖြဖြပုတ္ေပးကာေခ်ာ့လာရွာပါရဲ႕။ ထို႕ေနာက္ေကာင္ေလးဆီကၾကားလိုက္ရတဲ႕ခပ္တိုးတိုးေရရြတ္သံက
' ကြ်န္ေတာ့္ေဒါက္တာေလးကအငိုသန္ေလးမွန္းအခုမွပဲသိေတာ့တယ္…… ' တဲ႕။
#################################