P O S S E S S I O N (Complete)

By Loeypann

20.2K 2.6K 416

"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး" More

Intro
1
2
3
5
6
7
8
9
10
11
12
13(Part_1)
13(Part_2)
14
15
16
17
18
19
20
21
22
23
24
25 (Final)
Thanks My Readers!!!
Plot Twist!
Extra (1)
Extra (2)
Extra (3)
Final Extra

4

762 112 2
By Loeypann

"ခင်ဗျားဘာစကားပြောလိုက်တာလဲ!"

ယူဂျင်း ရှေ့မှ ကာလာရောင်စုံခြယ်မှုန်းထားသောအမျိုးသမီး၏စကားကြောင့် ဆွံ့အသွားသည်။

ထိုအချိန် အမျိုးသမီးမှာ ယူဂျင်းအား မဲ့ပြုံးပြုံးပြလာသည် သူမကသာ အနိုင်ရသည့်လူတစ်ယောက်လို။

"မင်းမကြားလိုက်ဘူးလား အကြားအာရုံတစ်ခုခုများချို့ယွင်းနေတာလား ကောင်လေး"

မကြားလို့မေးတာမဟုတ်ဘဲ မယုံနိုင်လို့မေးနေခြင်းဆိုတာ ထိုအမျိုးသမီးသိထားသည်။
ဒါပေမယ့် စကားကိုအချိုးမပြေစွာပြောဆိုလာတာကြောင့် တင်းတင်းဆုတ်ထားသောလက်တွေဟာနီရဲလာသည်အထိ ဒေါသထွက်သွားရသည်။

"မ ကြား လို့မေးနေတာမဟုတ်ဘဲ အတည်ပြုချင်လို့မေးနေတာ ကောင်းကောင်းဖြေ သိပ်ဘဝင်မြင့်မနေနဲ့ အမြင့်ရောက်လေလေ ပြန်ကျရင်အထိနာတတ်တာ ခင်ဗျားသိထားသင့်တယ်"

"အေး မင်းကြားချင်လဲထပ်ပြောရမှာပေါ့ ကင်ခ်ဂယူဗင်းနဲ့တို့က တွဲနေပြီ ဒီထက်ပိုသိချင်ရင် ကုမ္ပဏီကလူတိုင်းကိုမေးလို့ရတယ် ဟက်"

အကြောင်းသိလို့ ကိုကိုနဲ့အတူ အလုပ်တွဲလုပ်တဲ့အမျိုးသမီးထံ သတိပေးရုံသက်သက်ပြောလိုခြင်းကြောင့် ဆိုင်တစ်ဆိုင်တွင်ချိန်းလိုက်ခြင်းဖြစ်သည်။
တာဝန်ယူထားသော ပရောဂျက်ပြီးသွားပေမယ့် ကိုကို့ကုမ္ပဏီကို ချောင်းပေါက်မတတ်လာ၍ တွယ်ကပ်နေသည်ဟု သတင်းကြားခြင်းကြောင့်ဖြစ်သည်။
မထင်ထားစွာ ထိုအမျိုးသမီးထံမှ မဟုတ်မမှန်စကားတွေကြားနေရခြင်းဖြစ်၏။

ယူဂျင်းဒေါသထွက်သည်မှာ ထိုအမျိုးသမီး၏စကားကို အဟုတ်ထင်နေခြင်းကြောင့်မဟုတ် ကိုကို့ကို စကားဖြင့် လျှာရိုးမရှိထိပါးလာခြင်းကြောင့်ဖြစ်သည်။

"ခင်ဗျား ရှက်တတ်လား"

ယူဂျင်း ဒေါသတွေကိုအရည်ဖျော်၍ အေးစက်စက် ပြောလိုက်ပါလျှင် ထိုအမျိုးသမီး၏မျက်နှာ သိသိသာသာပျက်လို့သွားသည်။

"နောက်ပြီး ဘာကြောင့် ဒီအကြောင်းတွေကျွန်တော့်ကိုလာပြောနေတာလဲ ခင်ဗျားပြောတဲ့စကားတွေကို ပါပီလေးတွေတောင်ယုံမှာမဟုတ်တာ သိထားသင့်တယ်.."

ဘယ်လောက်တောင်အရှက်မဲ့ပြီး စိတ်ကူးယဥ်ဆန်လိုက်သလဲ။
ထိုမိန်းမကို ယူဂျင်းကသတိလာပေးမည်ကို သူမသိနေသည်။
ထိုအချိန်သူမက ကိုကိုနဲ့တွဲနေပါပြီဆိုပြီး အခုလိုလာပြောလျှင် ယူဂျင်းကယုံပြီး ကိုကို့ကိုပြဿနာရှာလိမ့်မည်။
ထပ်ပြီးရှိသေးသည် ကိုကို့နဲ့ပြဿနာတက်နေချိန် ကိုကို့အနားအမြဲရှိနေသူ ယူဂျင်း အလစ်ကိုစောင့်ဆိုင်းနေခြင်းဖြစ်မည်။
ထိုအမျိုးသမီး Infoအမှားတွေရထားပုံဘဲ..
ထိုအချိန် သူမက ကိုကို့ ကိုချဥ်းကပ်မည်။

"အဟက်..အရမ်းလွယ်လွန်းတာဘဲ"

သူ့အသက်က6နှစ် မဟုတ်ဘဲ 16နှစ် ဆိုတာ ထိုအမျိုးသမီးမေ့နေရော့သလား။

ထပ်ပြီး သူက တခြားသူမဟုတ် ဟန်ယူဂျင်း ဖြစ်သည်။
ကင်ခ်ဂယူဗင်း၏သက်ဆိုင်သူ ဟန်ယူဂျင်းဖြစ်သည် ကို ထိုအမျိုးသမီး မေ့မထားသင့်။

အင်း..သက်ဆိုင်သူပေါ့။
ကိုကို့ရဲ့အရာရာ ယူဂျင်းနှင့်သက်ဆိုင်သလို..
ကိုကို့အတွက်လဲ ယူဂျင်းနည်းတူဖြစ်သည်။

"အင်တာဗျူးတစ်ခုမှာ ကိုကိုကခင်ဗျားနဲ့အတူ အလုပ်တောင်တွဲမလုပ်တော့ဘူးလို့ ဖြေသွားတာ ကျွန်တော်ကြားမိပါတယ်..ဘာကြောင့်လဲဆိုတာ ကျွန်တော် အရင်ကမသိပေမယ့် ဒီနေ့တော့သိလိုက်ပါပြီ"

ခေါင်းလုံးလုံးလေးအား တဆတ်ဆတ်ငြိမ့်၍ အကြောင်းအရာတစ်ခု နားလည်သွားသလို အံ့သြစွာလက်ခံသွားရတဲ့ပုံစံဖြင့် ပြုမူနေပုံလေးမှာ အစွယ်လေးသာမရှိလျှင် ယုန်ပေါက်လေးလိုချစ်ဖို့အလွန်ကောင်းလှသည်။

"မင်းက တို့လိမ်ပြောနေတယ်လို့ ဆိုလိုတာလား"

ရှေ့မှအမျိုးသမီး၏ဒေါသကြောင့်နီရဲလာသောမျက်နှာအား သေချာကြည့်၍ ယူဂျင်း နှခမ်းလေးများကော့တက်သွားသည်။

"ခင်ဗျား အဲလောက်ထိ ကိုကို့ ကိုလိုချင်နေမှန်း ကျွန်တော်တကယ်မထင်ထားဘူး"

အမှန်တကယ်အံ့သြသွားဟန်ဖြင့် သူမရှေ့တွင် အသဲယားအောင်လုပ်ပြနေသောကောင်လေးအား  အတော်လေး ကြောက်ရွံ့မိသည်။
သူမ သိထားသည်မှာ ဂယူ့မှာညီလေးတစ်ယောက်ရှိသည်။ထိုညီလေးက အနေအေးပြီး ကင်ခ်ဂယူဗင်းနှင့်ပတ်သက်လျှင် အထိမခံနိုင်ဟုသာသိထားသည်။
ကင်ခ်ဂယူဗင်းအနားချဥ်းကပ်သူတိုင်း အကြောင်းအမျိုးမျိုးဖြင့်ပျောက်ကွယ်သွားရသည် ဟူသည့်အချက်ကိုတော့ ထိုအမျိုးသမီး သိထားမည်မဟုတ်။

အခုတော့ သူမရှေ့ ရောက်ရှိလာသော ကောင်လေးမှာ ထိုထက် ပိုနိုင်သည်ဟု လက်ခံလိုက်ရသည်။

"ဒီမှာ မင်းကရော ဂယူ့ကို တစ်သက်လုံး ဆွဲထားနိုင်မှာတဲ့လား တို့မဟုတ်ရင်တောင် သူ့အနားမှာ သူ့ကိုလိုချင်တဲ့လူတွေအများသား တစ်ချိန် မင်းသိပ်ကိုယုံကြည်ထားတဲ့လူက တစ်ခြားတစ်ယောက်နောက်ပါမသွားနိုင်ဘူးလို့အာမခံနိုင်လား ညီအစ်ကိုတွေမှန်းသိပေမယ့် အဲလောက်ထိ ဆိုက်ကိုဖြစ်နေတာကလွန်တယ်လို့မထင်ဘူးလား သူလဲ သူ့ဘဝနဲ့သူဘဲလေ"

သူမ ပြင်းပြင်းထန်ထန်တွေပြောလိုက်ပေမယ့် ရှေ့မှ ကောင်လေးမှာ စိတ်ဆိုးသွားခြင်းမရှိ။ထိုအစား အူလိုက်သည်းလိုက် ရယ်မောလာသည်။
ဒါ သူမကို လှောင်ရယ်နေခြင်းဖြစ်ကြောင်း သိလိုက်ရတော့ သူမဒေါသတွေဟာ အဆမတတ်မြင်တက်လာပါ၏။
သို့ပေမယ့်လဲ သူမဘာမှမလုပ်နိုင်။ရှေ့မှကောင်လေးမှာ တော်ရုံလူထိပါးလို့မရတဲ့နောက်ခံနှင့် အရှိန်ဝါတစ်ခုရှိနေသည်။
ထပ်ပြီး ထိုကောင်လေးဆီမှ စကားသံထွက်လာသည်။

"ဟား..ဘာလဲ အခုရှုံးမဲမဲနေတာမျိုးလား ခင်ဗျားသိရဲ့လား ကျွန်တော်က ကင်ခ်ဂယူဗင်းအကြောင်း ခင်ဗျားထက်အဆပေါင်းများစွာသိတယ် နောက်ပြီး ခင်ဗျားရဲ့မျက်လုံးတွေ နည်းနည်းချို့ယွင်းနေတယ်ထင်တယ်နော် ကျွန်တော်နဲ့ကင်ခ်ဂယူဗင်းကို ညီအစ်ကိုတွေလို့မြင်နေလို့လေ"

လက်လေးပိုက်လျက် ပခုံးလေးတွန့်၍ ဟန်ပါပါပြောနေသောထိုကောင်လေးမှာ ဒေါသမီးအားလောင်စာတွေထပ်သွင်း နေလေသည်။

"ဒါဆို မင်းက..."

အတော်လေး စိတ်မ​ကောင်းဖြစ်သွားဟန် ရှေ့မှအမျိုးသမီးအား ယူဂျင်းမှာ နှစ်သိမ့်ပြုံးလေးဖြင့်

"အို! ခင်ဗျား အခုထင်နေသလိုပါဘဲ အဲဒါကြောင့်လေ ဘောင်မဝင်အရေးမပါတဲ့ စကားတွေအများကြီးမပြောဖို့ ကျွန်တော်က သတိပေးလိုက်မယ်နော် မဟုတ်ရင် ကျွန်တော် အရမ်းရယ်နေမိမှာ"

မိန်းကလေးနှင့်ဖက်ပြီးရန်ဖြစ်နေတာမျိုးမဟုတ်။
ကိုကိုနှင့်ပတ်သက်ရင် အသေးအမွှားကစ လိုက်တွန့်တိုမိသည့်
ယူဂျင်း၏အတောမသတ်နိုင်သော စိတ်ကြောင့် ဒီလောက်ထိပြောနေရခြင်းဖြစ်သည်။
နောက်ပြီး ထိုအမျိုးသမီးမှာ သတင်းထောက်များဖြင့်ပတ်သက်နေသည်ကိုလဲ သိထားခြင်း​ကြောင့်လဲပါ၏။

ကင်ခ်ဂယူဗင်းဟာ ဟန်ယူဂျင်း အတွက် ဘဲဆိုတာ လူသိများလေ ကောင်းလေဘဲမို့ ဒီလောက်​လေကုန်ခံနေရလဲ သိပ် မဆိုးပါဘူး..

"ပြီးတော့ အခု သတိလာပေးတာလဲ ကိုကိုက ခင်ဗျားကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ လာပြောတာကြောင့်ပါ တခြားအကြောင်းအရင်းမရှိပါဘူး သိတယ်မလား ကျွန်တော်က ကိုကို့ကို နည်းနည်းလေးတောင်စိတ်မရှုပ်စေချင်ဘူးလေ အရေးမပါတဲ့လူတွေကြောင့်..."

"မင်း မင်း..လွန်လာပြီနော်!!!"

"ကျွန်တော်ထပ်ပြီးအချိန်ဖြုန်းမနေတော့ဘူး
ဒီလောက်ပါဘဲ.."

ထိုအမျိုးသမီးဟာ ကိုကို့အနားရောက်ဖို့လုံးဝဖြစ်မလာနိုင်တာ သိပြီမို့ ဒီလောက်နဲ့တင် ရေစက်ဖြတ်လိုက်တော့မည်။
သူလဲ အလုပ်မရှုပ်တော့ဘူးပေါ့...
အခုတလော စာမေးပွဲနှင့်သင်တန်းတွေကြား ရှုပ်နေတာကြောင့် မအားမလပ်ဖြစ်နေသည်။
ထိုကြားထဲ ကိုကို့ရဲ့သတင်းကြောင့် နေမကောင်းပါဖြစ်လိုက်သေးသည်။

ထိုနေ့က ကိုကိုကယူဂျင်းမ​ဖြေမချင်း မေးနေတာကြောင့် ပြောပြလိုက်ရတော့ ထိုအမျိုးသမီးကြောင့် အမြဲစိတ်အနှောက်အယှက်ဖြစ်ရကြောင်း ပြန်ပြောလာခဲ့သည်။
ကိုကို့ကို မယုံကြည်တာမျိုးမဟုတ်ဘဲ ထပ်ပြီးအတည်ပြုချင်တာကြောင့် ယူဂျင်းကိုယ်တိုင်လဲစုံစမ်းခဲ့သေးသည်။

ထို့ကြောင့် ထိုအမျိုးသမီးမှာ ကိုကို့ အနားရောက်မလာနိုင်ကြောင်း သိလိုက်ခြင်းဖြစ်သည်။အဲဒီအချက်ကြောင့်ပင် ထိုအမျိုးသမီး ဒီလောက်နဲ့တင် ကိစ္စပြီးပြတ်သွားသည်ဟု ထင်ရသည် မဟုတ်ရင် ဘာဆက်ဖြစ်နိူင်လဲဆိုတာ ယူဂျင်းကိုယ်တိုင်လဲ မသေချာ..။

အိမ်ပြန်သည့်လမ်းတွင် အတွေးများလျက် ယူဂျင်းလိုက်ပါလာသည်။
Over Thinkingမို့ အမြဲ စိတ်ခံစားချက်များတတ်သည်ကို သဘောမကျ။

ထိုအချိန် လက်ထဲရှိ ဖုန်းမှ အသံမြည်လာသည်။
ဖုန်းခေါ်ဆိုလာသူအားကြည့်လိုက်တော့ Contactတွင်"Yujin's Ko Ko"ဟုပေါ်လာတာကြောင့်  ကိုကိုဖြစ်၍ ချက်ခြင်းကိုင်လိုက်ရ၏။
အရမ်းစိတ်ပူတတ်သောကိုကို့ကြောင့်ပင်ဖြစ်သည်။

"ဟယ်လို ကိုကို"

"ယူဂျင်း ဒီနေ့ဘယ်သွားနေတာလဲ ကိုယ်စိတ်ပူနေတာမသိဘူးလား နေမကောင်းဖြစ်နေတာ မသက်သာသေးဘဲနဲ့ အဲလိုတွေစိတ်ထင်ရာလုပ်နေတာ ကိုယ့်ကို အစိုးရိမ်လွန်တဲ့ရောဂါရစေချင်တာလားကလေး "

အဆက်မပြတ် ဆူလာပုံကြောင့် ကိုကို အတော်လေး စိုးရိမ်နေကြောင်းသိလိုက်၏။
မပြုံးဘဲလဲမနေနိုင် စိတ်လဲနေမကောင်းတော့..
ထပ်ပြီး ကိုကို့ကိုစိတ်မချဖြစ်စေပြန်သည်လေ။

ကိုကို စိတ်ပူလဲပူချင်စရာပင် ယူဂျင်းက နေမကောင်းဖြစ်ပြီးရင် အချိန်တိုတွင်း မသက်သာတတ်။
အခုလေးတင် ခန္ဒာကိုယ်တစ်ခုလုံးကိုက်ခဲလာပြီး ကိုယ်ပူတွေပြန်တက်လာသည်။

အနည်းငယ်သက်သာလာတဲ့အချိန်လေးတွင်အပြင်ထွက်လာတာကြောင့် လေစိမ်းနှင့်ထိပြီး ပြန်ဖျားတော့မည်ထင်၏။

"ကိုကို ယူဂျင်း ကိုယ်ပူတွေပြန်တက်လာပြီထင်တယ်"

ဖုန်းထဲမှ အသံတိုးလျလျလေးကြောင့် ဂယူဗင်းတစ်ယောက် ပြာယာခတ်နေသည်။
ကိုယ်က အနီးကပ်ပြုစုချင်လွန်းလို့ အလုပ်ကိုအိမ်မှာဘဲလုပ်၍ ကုမ္ပဏီကိုတောင်မသွားဖြစ်။ယူဂျင်းကတော့ သူသတိလွတ်လိုက်တာနဲ့ အပြင်လစ်ထွက်သွားသည် အခုတော့ သက်သာနေရာမှ ပြန်ပြီးအဖျားဝင်တော့မည်။

"ယူဂျင်း ဘာကြောင့် အဲလောက်ဆိုးနေရတာလဲကလေးရယ်.."

သက်ပြင်းချလိုက်သံနဲ့အတူ  မနိုင်တဲ့ကလေးအား​ ဆုံးမလာသော ကိုကို့၏အသံသြသြကြောင့် ယူဂျင်း စိတ်ပါလက်ပါပြုံးလိုက်မိသည်။
ဒါ ယူဂျင်း လုပ်ချင်ရာလုပ်ပြီးလျှင် ကိုကိုပြောနေကျစကားဖြစ်၏။
ထိုအချိန် ယူဂျင်း ထရစ်လျှင်လဲ ပြန်ရှင်းပြတတ်သည်။
'ညည်းတွားနေတာမဟုတ်ဘဲ အသဲယားနေတာ ' ဟူ၍

ကျွန်တော်ကအရမ်းဆိုးတော့ ဆုံးမပေးမယ့်ကိုကို အမြဲလိုအပ်တယ်။
အဆိုးလေးကို လိမ်မာအောင် ကိုကိုဘဲလုပ်နိုင်တာ....
ဘာကြောင့်ဆို~~~

ကိုကိုက ကျွန်တော့်ရဲ့သက်ဆိုင်သူမို့...။

******************

Words_1903

ZB1 The ShowမှာWinလို့ ဆုလာချတာနော် အဟွန်း။
ကိုယ် ဒီနေ့နားလိုက်မလို့ အားကုန်ခမ်းနေတာမို့။
ဂျယ်ရိုးဂျစ်လေးတွေ ကောင်လေးတွေအတွက်ထပ်ပြီးကြိုးစားပေးကြပါအုံးနော် အများကြီးချစ်ပါတယ်ရှင့်🤍
Vote&Cmt ကိုယ်မှန်းသလောက်မရရင် Updateကြာပါမည် အဟိ><

Continue Reading

You'll Also Like

121K 4.4K 39
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
669K 24.4K 99
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
112K 900 20
|𝐉𝐔𝐉𝐔𝐓𝐒𝐔 𝐊𝐀𝐈𝐒𝐄𝐍 𝐗 𝐅𝐄𝐌 𝐑𝐄𝐀𝐃𝐄𝐑| ~•𝐉𝐮𝐣𝐮𝐭𝐬𝐮 𝐊𝐚𝐢𝐬𝐞𝐧•~ ~•𝐎𝐧𝐞 𝐬𝐡𝐨𝐭𝐬•~ ~•𝐘/𝐧 𝐰𝐢𝐭𝐡 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐜𝐡𝐚...
9.5M 310K 52
"you're all mine; the hair, the lips, the body, it's all mine." highest previous rankings: - #1 in jimin - #1 in pjm - #1 in btsfanfic cover by: @T...