Unicode
အပိုင်း (၁၂၄)
“ငါက နယ်မြို့မှာပဲ နေထိုင်ခဲ့တာလေ၊ ငါ ငယ်ငယ်ကတည်းက မြင်းစီးပြီး ကြီးပြင်းလာတာ၊ ဒါကြောင့် မြင်းစီးတာလောက်က ငါ့အတွက်ပြဿနာမရှိဘူး”
ဆွန်းဝမ်၏မျက်လုံးများက တောက်ပနေသည်။ သူတို့ ပြောနေချိန်တွင် မြင်းပြိုင်ကွင်းသို့ ရောက်လာ၏။ သည်နေရာရှိ လူအများစုက သည်နယ်ပယ်တွင် မတော်သည့်အတွက် ယဲ့ကျန်း အံ့ဩသွားရသေးသည်။ မင်းသမီးလျိုဟွားနှင့် ရွှီဟိန်ယွီတို့ပင် ရှိနေကြ၏။
“အဲဒီမှာ အမဲလိုက်ကွင်းရှိတယ်၊ ပြောကြတာတော့ မြို့စားမင်းထန်းက မင်းသားငယ်ကို အဖော်ပြုပြီး ဒီနေ့အမဲလာလိုက်တယ်လို့ ပြောကြတယ်၊ ဒီတော့ ဒီလူတွေကို ဒီကိုရောက်နေကြတာပဲ”
ဆွန်းဝမ်က မြင်းပြိုင်ကွင်း၏ အခြားတစ်ဖက်ခြမ်းသို့ လက်ညှိုးညွှန်ကာ ပြောပြသည်။ သူတို့နှင့် အနည်းငယ်ဝေးကွာသောနေရာတွင် အစောင့်၏ ပုံရိပ်အနည်းငယ်ကိုပင် ယဲ့ကျန်း မြင်လိုက်ရသေး၏။ ထျန်းကျန်းအတွက်မူကား သူမ သူ့ကို မမြင်ပေ။ မည်သို့ပင်ဆိုစေ သူမက မြင်လျှင်ပင် စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။
သူမ၏သတိထားမှုမှ ကျော်လွန်လျက် မင်းသမီးလျိုဟွားက သူမကို ရှာတွေ့သွားပြီး အနားသို့ရောက်လာကာ သုန်မှုန်စွာပြော၏။
“လုယောင်ယောင်နင် အေဘယ်နှစ်လုံးရသွားပြီလဲ”
လုယောင်ယောင်က ရိုးသားစွာဖြေသည်။
“တစ်လုံးမှ မရသေးဘူး၊ ဒါပေမဲ့ သိပ်မကြာခင်မှာရတော့မှာပါ”
“နင်က”
မင်းသမီးလျိုဟွားက နှာခေါင်းရှုံ့သည်။
“ဒါဆိုလည်း ငါ စောင့်ကြည့်ရတာပေါ့”
“ကောင်းပါပြီ”
ယဲ့ကျန်းက ပြုံးသည်။ မြင်းပြိုင်ကွင်းတွင် စောင့်ကြပ်စစ်ဆေးနေသူအား သူမလက်ထဲတွင်ရှိသော လက်တစ်ဖဝါးစာရှိ ကတ်ပြားလေးကို ပေးလိုက်၏။
“သွားပြီး မြင်းကိုရွေးပါ”
စစ်ဆေးသူက ပြောသည်။
ယဲ့ကျန်းက စစ်ဆေးသူကို မော့ကြည့်လိုက်မိ၏။ စစ်ဆေးသူသည် ယခင်က သူမကို သည်နယ်ပယ်တွင် သင်ကြားပေးခဲ့သူမှန်း သိလိုက်သည်။ မည်သို့ပင်ဆိုစေ သူမ ဘာစကားမှ မပြောလိုက်ပေ။ သည်အတိုင်း တိတ်ဆိတ်စွာဖြင့်သာ မြင်းဇက်ကြိုးကိုကိုင်လျက် မြင်းဖြူတစ်ကောင်ကို ရွေးလိုက်၏။
မင်းသမီးလျိုဟွားက သူမကို အဝေးကနေ သုန်မှုန်စွာ စိုက်ကြည့်နေသည်။ သူမ၏အနားတွင် ရွှီဟိန်ယွီက မနေနိုင်ဘဲ ယဲ့ကျန်းကို အံ့အားသင့်လျက် စိုက်ကြည့်နေမိ၏။ သူတို့၏မျက်လုံးများက သူမ၏လှုပ်ရှားမှုနောက်သို့ လိုက်နေသည်။ ယဲ့ကျန်းက သေသပ်စွာဖြင့် မြင်းပေါ်သို့ ခုန်တက်ပြီး မြင်းစီးခြင်းကို မြင်လိုက်ရ၏။ သည်စစ်ဆေးမှုကို အောင်မြင်ရန် လိုအပ်ချက်ရိုးရှင်းသည်။ ပထမဦးစွာ ခုန်ပေါက်လျက် ပြေးပြရမည်ဖြစ်သည်။ သည်နယ်ပယ်က ယဲ့ကျန်းအတွက် လွယ်ကူလွန်းနေခဲ့၏။
သူမက မြင်းကိုအပြေးနှင်ကာ မနှေးမမြန်အရှိန်နှုန်းဖြင့် အပြေးစီးပြ၏။ နေရောင်က သူမအပေါ် ဖြာကျနေပြီး သူမ၏ကျောက်စိမ်းရောင်အသားအရေကို အရောင်တင်ထားသကဲ့သို့ ဖြစ်သွားစေသည်။
ယဲ့ကျန်း၏စစ်ဆေးမှုကတ်ကို ကိုင်ထားသော ဆရာမက ယဲ့ကျန်းကို မျက်မှောင်ကြုတ်ကာကြည့်သည်။ သူမ၏ကတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိ၏။
ယဲ့ကျန်းက ပထမတစ်ချက် ခုန်ပေါက်သည့်နှုန်းကို ပြီးပြည့်စုံသွားသည်။ သူမက လက်တစ်ဖက်ကို ရုန်းလိုက်ပြီး အနည်းငယ်မတ်တပ်ရပ်ဟန်လုပ်လိုက်ကာ ပထမကွင်းပြင်ကို အပြေးကျော်လိုက်သည်။
“လင်ကျစ် ဒါ ယောင်ယောင် မဟုတ်လား”
အဝေး အမဲလိုက်ကွင်းပြင်တွင်ရှိသော ထျန်းကျန်းက တောက်လောင်နေသော မျက်ဝန်းများဖြင့် သည်ဘက်အခြမ်းသို့ လှမ်းကြည့်သည်။
လက်ထဲတွင်ရှိသော မြင်းဇက်ကြိုးကို မြှောက်ကိုင်လိုက်သည့် လုလင်ကျစ်က သူ့ကို စိုက်ကြည့်သည်။
“ဘယ်နေရာမှာလဲ၊ ငါ ဘာလို့ မမြင်တာလဲ”
သူတို့၏အရှေ့တွင် အနည်းငယ်စူးရှသောအသံတစ်သံက ထွက်လာသည်။
“အဲဒီမြင်းပေါ်က ကောင်မလေး ဒီမင်းသား သူ့ကို သိတယ်၊ သူက နောက်ဆုံးအကြိမ်က ဒီမင်းသားကို ကယ်ခဲ့တဲ့သူပဲ”
မော့ရုန်ရီက အော်ဟစ်တော့သည်။
“ကြည့်ရတာ သူမက ဒီနေ့ အကယ်ဒမီကို ရောက်နေတာပဲ၊ သွားပြီး ကြည့်ရအောင် မြန်မြန် မြန်မြန်”
လှပသောဝတ်စုံနှင့် ထိုအမျိုးသမီးက လေနှင်ရာပျံသန်းနေသော နဂါးပျံတစ်ကောင်နှင့် တူညီ၏။ ထျန်းကျန်း၏စိတ်ထဲတွင် ထိုစကားတစ်ခွန်းသာ ထွက်ပေါ်လာတော့သည်။ နောက်ဆုံးတစ်ကြိမ် ပြီးနောက် ယဲ့ကျန်းက တောက်ပစွာ ပြုံးသည်။ သူမက အသက်ရှူပင် အောင့်လိုက်မိ၏။ သူမ၏တောက်ပကာ ဖြူဖွေးလှပသောနဖူးတွင် ချွေးစက်များက ခပ်ပါးပါးလွှမ်းခြုံနေသည်။ သူမက မြင်းပေါ်မှ ဆင်းပြီးနောက် စစ်ဆေးသူကို ဦးညွှတ်လိုက်၏။
“မင်းရဲ့နာမည်က လုယောင်ယောင်လား”
စစ်ဆေးသူက သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်ကာ အနည်းငယ်လူကောင်ထွားပြီး အရပ်ရှည်ရှည်နှင့် တောက်ပသောမျက်ဝန်းကို ပိုင်ဆိုင်ထားသည်။ သို့သော် ယဲ့ကျန်းကို အံ့ဩတကြီး ကြည့်နေ၏။
ငါ အမြင်များမှားတာလား။
သည်အမျိုးသမီးက တစ်ချိန်က သူသိတဲ့ကျောင်းသူနဲ့ တကယ်တူညီနေတာပဲ၊ တစ်ထပ်တည်း တူတာတော့ မဟုတ်ပေမဲ့ အတတ်ပညာ အများအပြားကို ပိုင်ဆိုင်ထားတယ်။ အထူးသဖြင့် မြင်းစီးတော်တဲ့အတတ်ပဲ။
ယဲ့ကျန်းက သူ့ကို ကြည့်သည်။
“ဟုတ်ပါတယ် လူကြီးမင်း”
လုမိသားစု။
ကျန်းဟိုင်ရှန်းက တစ်ချိန်တည်းတွင် ညင်သာစွာ သက်ပြင်းချသည်။ သည်တစ်ယောက်က သူ၏ယခင်ကျောင်းသူနှင့် ပတ်သက်စရာအကြောင်းမရှိပေ။ မမျှော်လင့်ထားစွာပင် သည်လောကမှ လူများက ရုပ်တူလွန်းနေခဲ့၏။
“မြင်းစီးအတတ်ကို မင်းကို ဘယ်သူသင်ပေးတာလဲ”
သူက တစ်ဖန်ထပ်မေးသည်။
ယဲ့ကျန်းက နဂိုလေ့ကျင့်ထားသည့်အတိုင်း ဖြေသည်။
“ကျွန်မက ငယ်စဉ်ကတည်းက နယ်မြို့မှာကြီးပြင်းလာခဲ့လို့ အစ်ကိုဖြစ်သူနဲ့ အမဲလိုက်နေကြပါ၊ ဒါကြောင့် အဲ့ဒီအချိန်ကတည်းက မြင်းစီးတတ်ခဲ့တာပါပဲ”
သူမက နယ်မြို့မှာကြီးပြင်းလာတာ။
ကျန်းဟိုင်နန်က ခေါင်းညိတ်ပြီးနောက် ကတ်ကိုပြန်ပေးသည်။
“ဒီမှာ မင်းရဲ့ကတ်”
ယဲ့ကျန်းက လက်နှစ်ဖက်လုံးနှင့်ယူပြီးနောက် ဂရုတစိုက်ကြည့်လိုက်သည်။ အေကို မြင်ရ၏။ ယဲ့ကျန်း၏နှုတ်ခမ်းများက ကော့တက်သွားသည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်း”
သူမရပ်နေသော နေရာနှင့် သိပ်မဝေးသောနေရာတွင် ရှိနေသော မင်းသမီးလျိုဟွားက သူ့ကို မည်းမှောင်စွာ စိုက်ကြည့်လာသည်။ မင်းသမီးတစ်ယောက်အနေဖြင့်တောင် ယဲ့ကျန်းက မြင်းစီးချိန်တွင် မျက်စိကျိန်းမတတ် တောက်ပလွန်းသည်ဟုပင် ဝန်ခံရမည်ဖြစ်သည်။ သည်အမှန်တရားက သူမကို ပို၍ စိတ်ရှုပ်လာစေ၏။
အာ ငါ ဒီမိန်းမကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ချင်လိုက်တာ။
“သူက အေရသွားရင်တောင်မှ နောက်ထပ်ဖြေရမဲ့စာမေးပွဲတွေ ကျန်နေတုန်းပါပဲ”
အဝါရောင်ဝတ်စုံနှင့် ကောင်မလေးတစ်ယောက်က မင်းသမီးကိုဖားသည်။
သေချာတာပေါ့။
မင်းသမီးလျိုဟွားကလည်း ခပ်တိုးတိုးရေရွတ်ပြီးနောက် ယဲ့ကျန်းအနားသို့ လျှောက်လာသည်။ ထိုအချိန်တွင် ယဲ့ကျန်းက အနည်းငယ် မှင်တက်နေသော ဆွန်းဝမ်နှင့် စကားပြောနေချိန်ဖြစ်သည်။
“နင့်အလှည့်ပဲ နင် ကောင်းကောင်းကြိုးစားပါ”
သူမက တစ်ဖက်သူကို တွန်းပို့သည်။ နောက်ဆုံးတွင် ဆွန်းဝမ်ကလည်း အံ့အားသင့်မှုမှ ရုန်းထွက်နိုင်ခဲ့ပြီး အော်သည်။
“ယောင်ယောင် ယောင်ယောင်က တော်လိုက်တာ၊ မြင်းစီးတဲ့အချိန်မှာ ဒီလောက်ကောင်းပြီး ဒီလောက်လှတဲ့သူမျိုး ငါ တစ်ခါမှ မမြင်ခဲ့ဖူးသေးဘူး”
“လူအများစုက ကြည့်ကောင်းကြတဲ့အချိန်မှာအရာအားလုံး လုပ်သမျှက ကြည့်ကောင်းသွားတော့တာပေါ့”
...
Zawgyi
အပိုင္း (၁၂၄)
“ငါက နယ္ၿမိဳ႕မွာပဲ ေနထိုင္ခဲ့တာေလ၊ ငါ ငယ္ငယ္ကတည္းက ျမင္းစီးၿပီး ႀကီးျပင္းလာတာ၊ ဒါေၾကာင့္ ျမင္းစီးတာေလာက္က ငါ့အတြက္ျပႆနာမရွိဘူး”
ဆြန္းဝမ္၏မ်က္လုံးမ်ားက ေတာက္ပေနသည္။ သူတို႔ ေျပာေနခ်ိန္တြင္ ျမင္းၿပိဳင္ကြင္းသို႔ ေရာက္လာ၏။ သည္ေနရာရွိ လူအမ်ားစုက သည္နယ္ပယ္တြင္ မေတာ္သည့္အတြက္ ယဲ့က်န္း အံ့ဩသြားရေသးသည္။ မင္းသမီးလ်ိဳဟြားႏွင့္ ႐ႊီဟိန္ယြီတို႔ပင္ ရွိေနၾက၏။
“အဲဒီမွာ အမဲလိုက္ကြင္းရွိတယ္၊ ေျပာၾကတာေတာ့ ၿမိဳ႕စားမင္းထန္းက မင္းသားငယ္ကို အေဖာ္ျပဳၿပီး ဒီေန႕အမဲလာလိုက္တယ္လို႔ ေျပာၾကတယ္၊ ဒီေတာ့ ဒီလူေတြကို ဒီကိုေရာက္ေနၾကတာပဲ”
ဆြန္းဝမ္က ျမင္းၿပိဳင္ကြင္း၏ အျခားတစ္ဖက္ျခမ္းသို႔ လက္ညွိုးၫႊန္ကာ ေျပာျပသည္။ သူတို႔ႏွင့္ အနည္းငယ္ေဝးကြာေသာေနရာတြင္ အေစာင့္၏ ပုံရိပ္အနည္းငယ္ကိုပင္ ယဲ့က်န္း ျမင္လိုက္ရေသး၏။ ထ်န္းက်န္းအတြက္မူကား သူမ သူ႕ကို မျမင္ေပ။ မည္သို႔ပင္ဆိုေစ သူမက ျမင္လွ်င္ပင္ စိတ္ဝင္စားလိမ့္မည္မဟုတ္ေပ။
သူမ၏သတိထားမႈမွ ေက်ာ္လြန္လ်က္ မင္းသမီးလ်ိဳဟြားက သူမကို ရွာေတြ႕သြားၿပီး အနားသို႔ေရာက္လာကာ သုန္မႈန္စြာေျပာ၏။
“လုေယာင္ေယာင္နင္ ေအဘယ္ႏွစ္လုံးရသြားၿပီလဲ”
လုေယာင္ေယာင္က ရိုးသားစြာေျဖသည္။
“တစ္လုံးမွ မရေသးဘူး၊ ဒါေပမဲ့ သိပ္မၾကာခင္မွာရေတာ့မွာပါ”
“နင္က”
မင္းသမီးလ်ိဳဟြားက ႏွာေခါင္းရႈံ႕သည္။
“ဒါဆိုလည္း ငါ ေစာင့္ၾကည့္ရတာေပါ့”
“ေကာင္းပါၿပီ”
ယဲ့က်န္းက ၿပဳံးသည္။ ျမင္းၿပိဳင္ကြင္းတြင္ ေစာင့္ၾကပ္စစ္ေဆးေနသူအား သူမလက္ထဲတြင္ရွိေသာ လက္တစ္ဖဝါးစာရွိ ကတ္ျပားေလးကို ေပးလိုက္၏။
“သြားၿပီး ျမင္းကိုေ႐ြးပါ”
စစ္ေဆးသူက ေျပာသည္။
ယဲ့က်န္းက စစ္ေဆးသူကို ေမာ့ၾကည့္လိုက္မိ၏။ စစ္ေဆးသူသည္ ယခင္က သူမကို သည္နယ္ပယ္တြင္ သင္ၾကားေပးခဲ့သူမွန္း သိလိုက္သည္။ မည္သို႔ပင္ဆိုေစ သူမ ဘာစကားမွ မေျပာလိုက္ေပ။ သည္အတိုင္း တိတ္ဆိတ္စြာျဖင့္သာ ျမင္းဇက္ႀကိဳးကိုကိုင္လ်က္ ျမင္းျဖဴတစ္ေကာင္ကို ေ႐ြးလိုက္၏။
မင္းသမီးလ်ိဳဟြားက သူမကို အေဝးကေန သုန္မႈန္စြာ စိုက္ၾကည့္ေနသည္။ သူမ၏အနားတြင္ ႐ႊီဟိန္ယြီက မေနနိုင္ဘဲ ယဲ့က်န္းကို အံ့အားသင့္လ်က္ စိုက္ၾကည့္ေနမိ၏။ သူတို႔၏မ်က္လုံးမ်ားက သူမ၏လႈပ္ရွားမႈေနာက္သို႔ လိုက္ေနသည္။ ယဲ့က်န္းက ေသသပ္စြာျဖင့္ ျမင္းေပၚသို႔ ခုန္တက္ၿပီး ျမင္းစီးျခင္းကို ျမင္လိုက္ရ၏။ သည္စစ္ေဆးမႈကို ေအာင္ျမင္ရန္ လိုအပ္ခ်က္ရိုးရွင္းသည္။ ပထမဦးစြာ ခုန္ေပါက္လ်က္ ေျပးျပရမည္ျဖစ္သည္။ သည္နယ္ပယ္က ယဲ့က်န္းအတြက္ လြယ္ကူလြန္းေနခဲ့၏။
သူမက ျမင္းကိုအေျပးႏွင္ကာ မေႏွးမျမန္အရွိန္ႏႈန္းျဖင့္ အေျပးစီးျပ၏။ ေနေရာင္က သူမအေပၚ ျဖာက်ေနၿပီး သူမ၏ေက်ာက္စိမ္းေရာင္အသားအေရကို အေရာင္တင္ထားသကဲ့သို႔ ျဖစ္သြားေစသည္။
ယဲ့က်န္း၏စစ္ေဆးမႈကတ္ကို ကိုင္ထားေသာ ဆရာမက ယဲ့က်န္းကို မ်က္ေမွာင္ၾကဳတ္ကာၾကည့္သည္။ သူမ၏ကတ္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားမိ၏။
ယဲ့က်န္းက ပထမတစ္ခ်က္ ခုန္ေပါက္သည့္ႏႈန္းကို ၿပီးျပည့္စုံသြားသည္။ သူမက လက္တစ္ဖက္ကို ႐ုန္းလိုက္ၿပီး အနည္းငယ္မတ္တပ္ရပ္ဟန္လုပ္လိုက္ကာ ပထမကြင္းျပင္ကို အေျပးေက်ာ္လိုက္သည္။
“လင္က်စ္ ဒါ ေယာင္ေယာင္ မဟုတ္လား”
အေဝး အမဲလိုက္ကြင္းျပင္တြင္ရွိေသာ ထ်န္းက်န္းက ေတာက္ေလာင္ေနေသာ မ်က္ဝန္းမ်ားျဖင့္ သည္ဘက္အျခမ္းသို႔ လွမ္းၾကည့္သည္။
လက္ထဲတြင္ရွိေသာ ျမင္းဇက္ႀကိဳးကို ျမႇောက္ကိုင္လိုက္သည့္ လုလင္က်စ္က သူ႕ကို စိုက္ၾကည့္သည္။
“ဘယ္ေနရာမွာလဲ၊ ငါ ဘာလို႔ မျမင္တာလဲ”
သူတို႔၏အေရွ႕တြင္ အနည္းငယ္စူးရွေသာအသံတစ္သံက ထြက္လာသည္။
“အဲဒီျမင္းေပၚက ေကာင္မေလး ဒီမင္းသား သူ႕ကို သိတယ္၊ သူက ေနာက္ဆုံးအႀကိမ္က ဒီမင္းသားကို ကယ္ခဲ့တဲ့သူပဲ”
ေမာ့႐ုန္ရီက ေအာ္ဟစ္ေတာ့သည္။
“ၾကည့္ရတာ သူမက ဒီေန႕ အကယ္ဒမီကို ေရာက္ေနတာပဲ၊ သြားၿပီး ၾကည့္ရေအာင္ ျမန္ျမန္ ျမန္ျမန္”
လွပေသာဝတ္စုံႏွင့္ ထိုအမ်ိဳးသမီးက ေလႏွင္ရာပ်ံသန္းေနေသာ နဂါးပ်ံတစ္ေကာင္ႏွင့္ တူညီ၏။ ထ်န္းက်န္း၏စိတ္ထဲတြင္ ထိုစကားတစ္ခြန္းသာ ထြက္ေပၚလာေတာ့သည္။ ေနာက္ဆုံးတစ္ႀကိမ္ ၿပီးေနာက္ ယဲ့က်န္းက ေတာက္ပစြာ ၿပဳံးသည္။ သူမက အသက္ရႉပင္ ေအာင့္လိုက္မိ၏။ သူမ၏ေတာက္ပကာ ျဖဴေဖြးလွပေသာနဖူးတြင္ ေခြၽးစက္မ်ားက ခပ္ပါးပါးလႊမ္းၿခဳံေနသည္။ သူမက ျမင္းေပၚမွ ဆင္းၿပီးေနာက္ စစ္ေဆးသူကို ဦးၫႊတ္လိုက္၏။
“မင္းရဲ႕နာမည္က လုေယာင္ေယာင္လား”
စစ္ေဆးသူက သက္လတ္ပိုင္းအ႐ြယ္ လူႀကီးတစ္ေယာက္ျဖစ္ကာ အနည္းငယ္လူေကာင္ထြားၿပီး အရပ္ရွည္ရွည္ႏွင့္ ေတာက္ပေသာမ်က္ဝန္းကို ပိုင္ဆိုင္ထားသည္။ သို႔ေသာ္ ယဲ့က်န္းကို အံ့ဩတႀကီး ၾကည့္ေန၏။
ငါ အျမင္မ်ားမွားတာလား။
သည္အမ်ိဳးသမီးက တစ္ခ်ိန္က သူသိတဲ့ေက်ာင္းသူနဲ႕ တကယ္တူညီေနတာပဲ၊ တစ္ထပ္တည္း တူတာေတာ့ မဟုတ္ေပမဲ့ အတတ္ပညာ အမ်ားအျပားကို ပိုင္ဆိုင္ထားတယ္။ အထူးသျဖင့္ ျမင္းစီးေတာ္တဲ့အတတ္ပဲ။
ယဲ့က်န္းက သူ႕ကို ၾကည့္သည္။
“ဟုတ္ပါတယ္ လူႀကီးမင္း”
လုမိသားစု။
က်န္းဟိုင္ရွန္းက တစ္ခ်ိန္တည္းတြင္ ညင္သာစြာ သက္ျပင္းခ်သည္။ သည္တစ္ေယာက္က သူ၏ယခင္ေက်ာင္းသူႏွင့္ ပတ္သက္စရာအေၾကာင္းမရွိေပ။ မေမွ်ာ္လင့္ထားစြာပင္ သည္ေလာကမွ လူမ်ားက ႐ုပ္တူလြန္းေနခဲ့၏။
“ျမင္းစီးအတတ္ကို မင္းကို ဘယ္သူသင္ေပးတာလဲ”
သူက တစ္ဖန္ထပ္ေမးသည္။
ယဲ့က်န္းက နဂိုေလ့က်င့္ထားသည့္အတိုင္း ေျဖသည္။
“ကြၽန္မက ငယ္စဥ္ကတည္းက နယ္ၿမိဳ႕မွာႀကီးျပင္းလာခဲ့လို႔ အစ္ကိုျဖစ္သူနဲ႕ အမဲလိုက္ေနၾကပါ၊ ဒါေၾကာင့္ အဲ့ဒီအခ်ိန္ကတည္းက ျမင္းစီးတတ္ခဲ့တာပါပဲ”
သူမက နယ္ၿမိဳ႕မွာႀကီးျပင္းလာတာ။
က်န္းဟိုင္နန္က ေခါင္းညိတ္ၿပီးေနာက္ ကတ္ကိုျပန္ေပးသည္။
“ဒီမွာ မင္းရဲ႕ကတ္”
ယဲ့က်န္းက လက္ႏွစ္ဖက္လုံးႏွင့္ယူၿပီးေနာက္ ဂ႐ုတစိုက္ၾကည့္လိုက္သည္။ ေအကို ျမင္ရ၏။ ယဲ့က်န္း၏ႏႈတ္ခမ္းမ်ားက ေကာ့တက္သြားသည္။
“ေက်းဇူးတင္ပါတယ္ လူႀကီးမင္း”
သူမရပ္ေနေသာ ေနရာႏွင့္ သိပ္မေဝးေသာေနရာတြင္ ရွိေနေသာ မင္းသမီးလ်ိဳဟြားက သူ႕ကို မည္းေမွာင္စြာ စိုက္ၾကည့္လာသည္။ မင္းသမီးတစ္ေယာက္အေနျဖင့္ေတာင္ ယဲ့က်န္းက ျမင္းစီးခ်ိန္တြင္ မ်က္စိက်ိန္းမတတ္ ေတာက္ပလြန္းသည္ဟုပင္ ဝန္ခံရမည္ျဖစ္သည္။ သည္အမွန္တရားက သူမကို ပို၍ စိတ္ရႈပ္လာေစ၏။
အာ ငါ ဒီမိန္းမကို အပိုင္းပိုင္းအစစျဖစ္ေအာင္ လုပ္ခ်င္လိုက္တာ။
“သူက ေအရသြားရင္ေတာင္မွ ေနာက္ထပ္ေျဖရမဲ့စာေမးပြဲေတြ က်န္ေနတုန္းပါပဲ”
အဝါေရာင္ဝတ္စုံႏွင့္ ေကာင္မေလးတစ္ေယာက္က မင္းသမီးကိုဖားသည္။
ေသခ်ာတာေပါ့။
မင္းသမီးလ်ိဳဟြားကလည္း ခပ္တိုးတိုးေရ႐ြတ္ၿပီးေနာက္ ယဲ့က်န္းအနားသို႔ ေလွ်ာက္လာသည္။ ထိုအခ်ိန္တြင္ ယဲ့က်န္းက အနည္းငယ္ မွင္တက္ေနေသာ ဆြန္းဝမ္ႏွင့္ စကားေျပာေနခ်ိန္ျဖစ္သည္။
“နင့္အလွည့္ပဲ နင္ ေကာင္းေကာင္းႀကိဳးစားပါ”
သူမက တစ္ဖက္သူကို တြန္းပို႔သည္။ ေနာက္ဆုံးတြင္ ဆြန္းဝမ္ကလည္း အံ့အားသင့္မႈမွ ႐ုန္းထြက္နိုင္ခဲ့ၿပီး ေအာ္သည္။
“ေယာင္ေယာင္ ေယာင္ေယာင္က ေတာ္လိုက္တာ၊ ျမင္းစီးတဲ့အခ်ိန္မွာ ဒီေလာက္ေကာင္းၿပီး ဒီေလာက္လွတဲ့သူမ်ိဳး ငါ တစ္ခါမွ မျမင္ခဲ့ဖူးေသးဘူး”
“လူအမ်ားစုက ၾကည့္ေကာင္းၾကတဲ့အခ်ိန္မွာအရာအားလုံး လုပ္သမွ်က ၾကည့္ေကာင္းသြားေတာ့တာေပါ့”
...