ပြန်လည်မွေးဖွားပြီးနောက်အချစ်...

By lavender-no-ame

122K 14.2K 131

Type-Web Novel Genre-Adult,Mature,Fantasy, Romance,Slice of life,Yaoi Start date-1.1.2023 End date-? All cred... More

Description
(1)သေဆုံးခြင်း
(2)ဆုံးရှုံးသွားတဲ့spaceကိုပြန်လည်တွေ့ရှိခြင်း
(3)လမ်းခွဲခြင်း
(4)အချင်းချင်းတွေ့ဆုံခြင်း
(5)အတူနေထိုင်ခြင်း
(6)ချောကလတ်
(7)ချူးလီလီရောက်လာခြင်း
(8)လေယာဥ်လက်မှတ်
(9)ချိန်းတွေ့ခြင်း
(10)ပင်လယ်စာအပန်းဖြေစခန်း
Paid gp information& schedule
(11)ကမ္ဘာပျက်ကပ်မတိုင်ခင်နွေးထွေးမှုလေး
(12)ငါတို့နှစ်ယောက်ရဲ့အသိုက်အမြုံလေး
(13)တုံးအမိုက်မဲခဲ့လေခြင်း
(14)ဇွန်ဘီများနှင့်တိုက်ခိုက်ခြင်း
(15)အဏုမြူကျောက်တုံး
(16)ပစ္စည်းတွေကိုကောက်ယူလိုက်ကြစို့
(17)နေရာလွတ်ထဲမှာရက်အနည်းငယ်
Announcement!!!
(18)ကုသရေးစွမ်းရည်
(19)အမြှီးကရှည်လွန်းမနေဘူးလား
(20)လမ်းတစ်လျှောက်လုံးလား
(21)ကားထဲမှာစခန်းချခြင်း
(23)ဗီလာဧရိယာမှအိမ်တစ်လုံးကိုသိမ်းပိုက်ခြင်း
(24)နေရာလွတ်ထဲတွင်ခဏအနားယူခြင်း
(25)ဇွန်ဘီကြောင်
(26)စစ်တပ်ရောက်ရှိလာခြင်း
(27)နေရာလွတ်အပြင်ဘက်ဗီလာတွင်အိပ်စက်ခြင်း
(28)စွမ်းရည်နှစ်မျိုး
(29)စွမ်းရည်ကိုလေ့လာခြင်း
(30)အိုက်လွမ်
(31)အဖြူရောင်ခိုးနှင့်စွမ်းရည်အဆင့်မြှင့်တက်သွားခြင်း
(32)နေရာလွတ်ဆင့်ကဲပြောင်းလဲမူဖြစ်ပွားခြင်း
(33)ဖက်ထုပ်လေးလိုအလုံးလေး
(34)နှစ်ကိုယ်တူသိုင်းကျင့်စဥ်
(35)အခြေစိုက်စခန်းမှအပြင်ထွက်ခြင်း
(36)ကမ္ဘာပျက်ကပ်၏ဇိမ်ခံပစ္စည်းများနှင့်ဓားပြတိုက်ခြင်း
(37)သန်မာပြင်းထန်သောအကျိုးသက်ရောက်မူ
(38)သန္ဓေပြောင်းဝက်ဝံ
(39)ဇွန်ဘီများကိုရှင်းလင်းခြင်း
(40)သွမ့်ဇီ
(41)လျို့ဝှတ်လက်နက် or လက်နက်ပုန်း
(42)ဓားပြတိုက်ခြင်း
(43)တစ်လမ်းလုံးတဟုန်ထိုးမောင်းလာခြင်း
(44)အိမ်သာသုံးစက္ကူအတွက်မကျေချမ်းသောခံစားချက်
Announcement!!!
(45)အဆင့်၂ဇွန်ဘီ
Promotion
Chapter-46.1
Chapter-46.2
Announcement!
Chapter-47
Chapter -48
Chapter-49
Chapter 50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58
Chapter-59
Chapter-60
Chapter-61
Chapter-62
Promotion for Christams & New Year
Chapter-63
Chapter-64
Chapter-65
Chapter-66
Chapter-67
Chapter-68
Chapter-69
Chapter-70
Chapter-71
Announcemt
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Promotion
Chapter-77
Announcement!!
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Announcement!!!
Promotion for rainny season

(22)ဝက်တွေတင်ထားတဲ့ထရပ်ကားကိုကောက်တွေ့ခြင်း

1.6K 218 0
By lavender-no-ame

Unicode

သူတို့နှစ်ယောက်ကအမဲသားcurryနဲ့ထမင်းကို ကုန်အောင်အတူတူစားလိုက်ပြီးအစာကြေရန် တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်မှီထား ကြသည်။

"ကျွန်တော်ခရမ်းချည်သီးနဲ့ဟင်းတွေအစာသွပ်ထားတဲ့ဘန်းမုန့်တွေဖုတ်ထားပြီးဂိုဒေါင်ထဲမှာထားထားတယ်။ပြီးတော့ဟင်းတွေအများကြီးကျန်သေးလို့ ထမင်းပေါင်းလုပ်လိုက်ပြီးသပ်သပ်စီထမင်းချိုင့်နဲ့ ထုပ်ထားတယ်၊အဲ့တာကိုလည်းဂိုဒေါင်ထဲမှာဘဲထည့်လိုက်တယ်"

ထမင်းချိုင့်တွေကိုလည်းစူပါးမားကတ်တွေဆီကနေ စုဆောင်းခဲ့တာဖြစ်ပြီးခုချိန်မှာအသုံးပြုဖို့အတွက် အရံသင့်ဖြစ်သွားသည်။သူတို့စားပြီးသောက်ပြီးချိန်တွင်လက်ဆေးရန်လိုအပ်သေးသည်။

"ဟုတ်လားအဲ့တာဆိုတခြားဟာတွေ ထပ်မချက်သေးနဲ့လေအထဲကအသီးနှံ့တွေမှည့်လာ ပြီးခူးတဲ့ချိန်ကြမှာဘဲဖြည်းဖြည်းချင်းလုပ်ကြတာပေါ့"ဟဲဇီကျုံးကဖန်ဟောင်ရဲ့ပုခုံးလေးကိုထွေးပွေ့လိုက်ပြီးသူ့ခေါင်းလေးကိုပါးနဲ့ပွတ်လိုက်ကာသူ့ပုခုံးလေးကိုညင်ညင်သာသာလေးပုတ်လိုက်သည်။ ကမ္ဘာမပျက်ခင်ကထုတ်ခဲ့တဲ့ကုန်ပစ္စည်းများကို အချိန်တစ်ခုရောက်လာတဲ့အခါ အခြားအသက်ရှင်ကျန်ရစ်သူများနှင့် အဏုမြူကျောက်တုံးအတွက်ဖြည်းဖြည်းချင်းရောင်းဝယ်နိုင်သည်။

SUVကားနောက်ဘတ်ရှိထိုင်ခုံတန်းကိုဟဲဇီကျုံးဖြုတ်ထားခဲ့တာကြာပြီဖြစ်သည်။အခုတော့နေရာလွတ်ထဲကနေမွေ့ရာတွေထုတ်ပြီးရိုးရှင်းတဲ့အနားယူစရာနေရာအဖြစ်စီစဉ်ထားခဲ့သည်။ထို့အပြင်လူအများ ချောင်းကြည့်ခြင်းမှကာကွယ်ရန်အတွက်ပေါ့ပါးပြီး ကြီးမားသောခေါက်ဆွဲခြောက်များနှင့် စည်သွပ်ဘူးများအပြည့်ထည့်ထားသော ပလတ်စတစ်အိတ်ကြီးအချို့ကိုလည်း ခင်းကျင်းထားသည်။

ဟဲဇီကျုံးသည်တုံ့ဆိုင်းစွာလှဲချလိုက်သည်၊ ကားအနောက်ဘတ်တွင်အရပ်180cmရှိတဲ့ သူ့အတွက်အညောင်းဆန့်ဖို့ခက်ခဲလှသည်။ ဖန်ဟောင်ကစိတ်မကောင်းဖြစ်သွားပြီးနေရာလွတ်ထဲမှာအနားယူသင့်တယ်လိုအကြိမ်ပေါင်းများစွာ အကြုံပြုခဲ့ပေမယ့်သူကအပြုံးနဲ့ငြင်းဆိုခဲ့သည် "နေရာလွတ်ထဲမှာအမြဲတမ်းအိပ်နေလို့အဆင်မပြေဘူး"

ကမ္ဘာပျက်ကပ်ရဲ့နေထိုင်မူပုံစံကို သူတက်နိုင်သမျှလိုက်လျောညီထွေဖြစ်ရန် လိုအပ်သည်။နေရာလွတ်ထဲမှာဆိုရင်အပြင်ကအခြေနေကိုသူမမြင်နိုင်ဘူး။ဒီမှာဖန်ဟောင်ရှိလည်းအဆင်ပြေပေမယ့်သူတို့နှစ်ယောက်လုံး အထဲရောက်သွားရင်အပြင်ကအခြေနေကိုလုံးဝ ဆုပ်ကိုင်ထားနိုင်မှာမဟုတ်ဘူး။

ပြီးတော့ကားနောက်မှာလည်းလူတွေရှိသေးသည်။ တစ်ယောက်ယောက်ကလမ်းလျှောက်လာပြီးသူတို့ကိုရှာလို့မတွေ့တဲ့အခါဖြစ်လာမည့်အန္တရယ်မျိုးကိုသူ့မစွန့်စားရဲပေ။ဟဲဇီကျုံးသည်သူ့ဖုန်းရဲ့alarmအသံကြောင့်မနက်နှစ်နာရီတွင်နိုးလာသည်။ ဖန်ဟောင်ကသူ့ကိုနိုးဖို့အတွက်ရာနှုန်းပြည့်တာဝန် ရှိတယ်ဆိုရင်အဲ့ဒီကလေးကသူ့ကိုအချိန်ကြာကြာ အိပ်ပျော်စေမယ့်အကြောင်းပြချက်ကိုဖန်တီးပေးမှာသေချာသည်။

ဖန်ဟောင်ကလည်းအဲ့လိုအစီစဉ်ဆွဲခဲ့တာဖြစ်ပြီး-ဟဲဇီကျုံးနောက်ထပ်တစ်နာရီခွဲလောက်ထပ်အိပ်ခဲ့ရတာဖြစ်သည်။ဆယ့်ငါးမိနစ်လောက်ပိုအိပ်ရရင် တောင်အရမ်းအဆင်ပြေနေပြီး!!

"အခြေနေဘယ်လိုရှိလဲ"

ဖန်ဟောင်ကခေါင်းခါလိုက်ပြီး"ဒီကိုဇွန်ဘီတွေလာ နေတာတော့မတွေ့ဘူးဒါပေမယ့်အမြန်လမ်းကနေကားနည်းနည်းဖြတ်သွားတာတွေ့တယ်"ထိုနောက်ဖန်ဟောင်ကမျက်မှောင်ကြုံလိုက်ပြီး"အပြင်မှာမြူတွေအရမ်းဆိုင်းနေသလိုဘဲ"

ဟဲဇီကျုံးကထလိုက်ပြီးကားမောင်းတဲ့ဒရိုင်ဘာထိုင်ခုံသို့ပြန်ထိုင်လိုက်ကာ"သွားခဏလောက်နားလိုက်ဦး၊မိုင်းလင်းရင်ကိုယ်နိုးပေးမယ်"

ဖန်ဟောင်ကဟဲဇီကျုံးပြောတာကြားတော့ဟဲဇီကျုံးရဲ့နဖူးကိုထိလိုက်ပြီးသူကနာခံစွာဖြင့်မွေ့ရာဆီသို့ သွားခဲ့သည်။"စီနီယာချွေးတွေထပ်ထွက်နေပြန်ပြီ၊အအေးမမိအောင်လို့ချွေးသုတ်လိုက်ဦး"

ဟဲဇီကျုံးကဖန်ဟောင်ဘက်ကိုကိုယ်ကိုကိုင်းလိုက် ပြီးသူ့ပါးလေးကိုငုံ့နမ်းလိုက်သည်။ဟဲဇီကျုံးကသူ့မျက်နှာကိုသုတ်ပြီးသန့်ရှင်းဖို့ပဝါတစ်ခုကိုထုတ်လိုက်သည်။

သူ့ကညတိုင်းအပူချိန့်နိမ့်အဖျားတက်နေသေးသော်လည်းနေရာလွတ်ထဲကရေကြောင့်ယခုညတိုင်းတစ်နာရီအတွင်းထိန်းထားနိုင်ခဲ့သည်။ဖျားပြီးနောက်ပိုင်းရုပ်ပိုင်းဆိုင်ရာခွန်အားအားနည်းတဲ့အချိန်ကလည်း မကြာတော့ပေ။ယခုအချိန်တွင် သူသည်အားနည်းနေသေးပြီးသူ့မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသော်လည်းအရင်လို ပြင်းထန်ခြင်းမရှိပေ။

အကယ်လို့သူကိုတစ်ယောက်ယောက်က မြင်ရင်တောင်သူ့ကောင်းကောင်းမအိပ်ပျော်လို့သွေးပေါင်ကျနေတာကသူကိုဒီလိုပုံစံဖြစ်စေတယ်လို့ ထင်မှာဖြစ်သည်။

ကားပြတင်းပေါက်အပြင်ဘတ်ကမှောင်မဲနေပြီး တိတ်ဆိတ်နေသည်။လမ်းဘေးမှာအလင်းရောင်မရှိသလိုလကိုကောင်းကင်မှာလည်းမမြင်ရဘဲ နေရာတိုင်း မှာလည်းမီးခိုရောင်ဖြစ်နေပြီးအရာအားလုံးကမြူခိုးတွေဖုံးလွှမ်းနေသည်။

ဟဲဇီကျုံးကမျက်ခုံးကျုံလိုက်ပြီး-ကြည့်ရတာ.ရာသီဥတုကလုံးဝပြောင်းလဲသွားပြီဘဲ။

ဇွန်ဘီရောဂါပိုးပျံ့နှံ့ခြင်းကကမ္ဘာပျက်ကပ်၏ ပထမဆုံးခြေလှမ်းဖြစ်သည်။အဲ့တာနောက်ပိုင်းမှာ တော့ရာသီဥတုကပြောင်းလဲသွားသည်။ကမ္ဘာကြီးတစ်ခုလုံးသည်မြူလွှာတွေအထပ်ထပ်ပိတ်ဖုံးသည်။နေရောညပါတစ်နှစ်ပတ်လုံးမီးခိုရောင်လေထုနဲ့ ဝန်းရံထားသည်။

ပူပြင်းတဲ့နွေရာသီမှာဆိုရင်တောင်ကောင်းကင်မှာ တောက်လောင်နေတဲ့နေရောင်ကလိမ္မော်ရောင် အနည်းငယ်သာရှိပုံရသည်။မူလကစိုက်ပျိုးလို့ရခဲ့ သောသီးနှံ့အများစုသည်မကြီးထွားနိုင်တော့ဘဲ မြေကြီးလည်းကျက်တီးမြေလိုမျိုးမဖြစ်ထွန်းတော့ ပေ။နောက်ပြီးတော့အပင်နဲ့တိရိစ္ဆာန်တွေဟာလည်း ကြီးကြီးမားမားနဲ့သိသိသာသာကိုစတင်ပြောင်းလဲလာကြသည်။

ဇွန်ဘီများစွမ်းအင်မနိုးထခင်သူတို့ကိုင်တွယ်ဖြေရှင်းရန်အတော်လေးလွယ်ကူခဲ့သည်။လူတွေ ခုခံကာကွယ်ဖို့ရုန်းကန်ရတာကအမျိုးမျိုးသော သန္ဓပြောင်းသတ္တဝါတွေဘဲဖြစ်သည်။၎င်းတို့သည် လျင်မြန်သွက်လက်ကာတုံ့ပြန်နိုင်စွမ်းမြင့်ပြီး ခွန်အားလည်းကြီးသည်။စိတ်ပျက်စရာကောင်းတာကတော့ဇွန်ဘီတိရိစ္ဆာန်တွေကိုသတ်ဖို့ပြင်းပြင်းထန်ထန်ကြိုးစားရပေမယ့်စားလို့တော့မရပေ။လူတွေကလူဖုတ်ကောင်တွေနဲ့နီးပါးတူတဲ့သူ့တို့ရဲ့ဦးနှောက်ထဲကအဏုမြူကျောက်တုံးတွေကိုသာရနိုင်ကြပါသည်။

တိရိစ္ဆာန်များနှင့်အပင်များသည်လူသားများနှင့် အတူတူပင်ဖြစ်ပြီး၄◌င်းတို့ထဲမှအချို့မှာဗီဇပြောင်းလဲခြင်းမှလွတ်မြောက်ခဲ့သည်။၎င်းတို့သည်လုံးဝ အဆိပ်အတောက်ကင်းပြီးစားသုံးရန်ဘေးကင်း သောကြောင့်လေ့လာပြီးဆွေးနွေးခဲ့ကြသည်။

နောက်တစ်နေ့စောစောတွင်ဖန်ဟောင်နိုးလာပြီး

ကမ္ဘာကြီးကမြူနှင်းလွှာပါးပါးဖြင့်ဖုံးအုပ်ထားသလို ခံစားလိုက်ရသည်။ကောင်းကင်က တောက်ပနေသော်လည်းနေထွက်တဲ့အရပ်ကိုမြင်ဖို့ရန်ခဲယှဉ်းသည်။

သူ့ကဝါးသန်းလက်ပြီးမျက်လုံးကိုပွတ်လိုက်ကာ"မြူမှိုင်းနေပေမယ့်သိပ်တော့မဆိုးပါဘူး"Fမြို့၏ ဆောင်းတွင်းနှင့်နွေဦးတွင်မနက်ခင်းနှင့်ညဘတ်တွေမကြာခဏမြူဆိုင်းလေ့ရှိသောကြောင့် ဖန်ဟောင်ကအများကြီးမတွေးမိပေ။

"မျက်နှာသစ်ပြီးတစ်ခုခုစားလိုက်ဦးနောက်က ကားပေါ်လူတွေအကုန်လုံးနိုးနေကြပြီ"ဟဲဇီကျုံးကမျက်နှာကိုပွတ်လိုက်ပြီးအသတ်ရှုထုတ်လိုက်သည်။

ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီးမနေ့ကပြင်ဆင်ထားတဲ့သွားတိုက်တံ၊ သွားတိုက်ဆေးနှင့် ရေပုလင်းကိုသူ့ဘေးနားကပလတ်စတစ်အိတ်ထဲကနေထုတ်လိုက်သည်။ပုလင်းအတွင်းတွင်ရိုးရိုးရေ ဖြစ်သည်။ပထမဦးစွာသူတို့သည်နေရာလွတ်ထဲက ရေကိုပြင်ပကမ္ဘာသို့ပတ်ဖျန်းလိုက်သောအခါ မခန့်မှန်းနိုင်သောတုံပြန်မှုကိုစိုးရိမ်သည်။ ဒုတိယကတော့နေရာလွတ်ထဲကရေကိုသိုလှောင်ဖို့အတွက်ပုလင်းအနည်းငယ်ကိုအလွတ်ဖြစ်စေရန်ဖြစ်သည်။

ရိုးရိုးဘဲဆေးကြောလိုက်ပြီးနောက်ယာယီစုဝေးထားသောယာဉ်တန်းသည်ခရီးဆက်လိုက်သည်။

ကားများသည်မြောက်ဘတ်သို့ဦးတည်သွားကာ အုပ်စုတစ်စုလုံးသည်ဖြတ်သွားသောဓာက်ဆီဆိုင် အားလုံးမှဓာက်ဆီများကို တစ်ကြိမ်တည်းနှင့်လျင်မြန်စွာသိမ်းကြုံးယူသွား သည်။မြူများအုံ့ဆိုင်းနေသော ကောင်းကင်ကြီးကြောင့်ပြန့်ကျဲနေသောဇွန်ဘီများသည်အမြန်လမ်းမပေါ်တွင်စတင်ပြီးလှုပ်ရှားလာကြသည်။

များမကြာမီလမ်းဆုံတစ်ခုသို့ရောက်သောအခါ နောက်ကားသည်ဘေးချင်းယှဉ်ကပ်လာကာမီးဖြင့်အချက်ပြပြီးပြတင်းပေါက်မှန်ကိုချလိုက်ကာ"ငါတို့ ဒီကနေအနောက်ဘတ်လမ်းဆုံကိုကွေ့တော့မယ်"

ဟဲဇီကျုံးကခေါင်းငြိမ့်လိုက်ပြီးပြောလိုက်သည် "နှုတ်ဆက်တယ်ဗျာအခွင့်ရေးရရင်ဆုံကြတာပေါ့"

ထိုအမျိုးသားကြက်သေသေသွားပြီး အင်တင်တင်ဖြင့်ပြုံးလိုက်ကာ"ဟုတ်ပါပြီဗျာ"ဒီလိုအခြေနေမျိုးမှာကံကြမ္မာကဆန္ဒရှိရင်တောင်ပြန်ဆုံနိုင်မလားဆိုတာမသိနိုင်ပါဘူး။ဇွန်ဘီပုံစံဖြစ်မှာထက်စာရင်.ဒီတိုင်းရိုးရိုးလေးသေလိုက်တာမှ ကောင်းဦးမယ်။

အနောက်ဘတ်ကားသုံးစီးသည်အနောက်ဘတ်သို့ကွေ့သွားကြသည်။ဟဲဇီကျုံးကကားကိုစက်ပြန်နိုးလိုက်ပြီးလူသားအနံရသောကြောင့်စိတ်လှုပ်ရှားနေသောဇွန်ဘီတစ်ကောင်ကိုဖြတ်သွားလိုက်သည်။ ဇွန်ဘီတွေရဲ့လှုပ်ရှားမူကပိုမြန်လာပုံရသည်။ကား စထွက်ပြီးသိပ်မကြာခင်မှာဘဲဇွန်ဘီကခုန်အုပ်လိုက်ပေမယ့်ကံကောင်းစွာဖြင့်ဟဲဇီကျုံးက အရှိုန်မြင့်လိုက်သောကြောင့် ကားနောက်ပိုင်းကိုတောင်မခုန်အုပ်လိုက်နိုင်ပေ။

"အဲ့အကောင်တွေကိုကြည့်ရတာ..လှုပ်ရှားမူပိုမြန်လာသလားလို့"ဖန်ဟောင်ကသူတို့ကားကို ပါးစပ်ဖွင့်ပြီးလိုက်ဖမ်းနေသည့်ဇွန်ဘီကို နောက်ကြည့်မှန်ထဲကနေတုံ့ဆိုင်းတုံ့ဆိုင်းဖြင့်ကြည့်လိုက်သည်။

ဟဲဇီကျုံးကနောက်ကြည့်မှန်ကိုစိုက်ကြည့်လိုက်သည်။"ဒီနေ့ဓာက်ဆီဆိုင်မှာတွေ့ခဲ့တဲ့ဇွန်ဘီတွေထဲမှာ လည်းတစ်ချို့ကောင်တွေကလှုပ်ရှားမူမြန်တယ်"

ဖန်ဟောင်ရဲ့မျက်နှာအမူရာကပြောင်းလဲသွားပြီး သူ့အသံကအနည်းငယ်အေးစက်သွားကာ"စီနီယာ.အဲ့ဆိုအဲ့အကောင်တွေကဆင့်ကဲပြောင်းလဲနေတာလား"

ဒီကလေးလေးကတော့တကယ်ကိုသင်ယူနိုင်စွမ်း မြှင့်တာဘဲ။

ဟဲဇီကျုံးကဖန်ဟောင်ကိုချီမွှမ်းတဲ့အကြည့်နဲ့ကြည့်လိုက်သောအခါသူ့မျက်နှာသေးသေးလေးက ကြောက်ရွံ့မှုနှင့်အတူအနည်းငယ်ဖြူဖျော့နေတာကိုတွေ့လိုက်ရတော့သူကနှစ်သိမ့်တဲ့အနေနဲ့ ခေါင်းလေးကိုပုတ်လိုက်ကာ"သူတို့က ဆင့်ကဲပြောင်းလဲနေတာဆိုရင်လူတွေထဲမှာလည်းတစ်ချို့ကစွမ်းအားကိုအသုံးပြုနိုင်တာဘဲလေ"

ဖန်ဟောင်ကခေါင်းကိုလေးပင့်စွာဖြင့်ညိတ်လိုက်ပြီး သူကိုယ်သူ့အားပေးလိုက်ကာ"ဟုတ်တာပေါ့ ကျွန်တော်တို့လည်းပိုပြီးသန်မာလာလိမ့်မယ်!!"

ထိုကားများနှင့်ခွဲခွာပြီးနောက်ဟဲဇီကျုံးနှင့် ဖန်ဟောင်သည်များစွာကံကောင်းနေပုံရသည်။ ဓာက်ဆီအပြည့်တင်လာတဲ့ဆီဘောင်ဇာကားများ အပြင်ဝက်အရှင်များကိုတင်ထားတဲ့ကားများကိုတွေ့ခဲ့ရသည်။

"မိုက်လိုက်တာ!!အဝေးပြေးလမ်းမအပေါ်မှာတောင် ဝက်အရှင်တွေသယ်ထားတဲ့ကားကိုကောက်တွေ့တယ်!!??"ကားမောင်းတဲ့နေရာမှဒရိုင်ဘာကို ရှင်းလင်းပြီးနောက်ဖန်ဟောင်သည်အံ့ဩမှုကြောင့်ကားကိုပတ်ကြည့်နေသည်။

ယခုသည်ကမ္ဘာပျက်ပြီးသုံးရက်မြောက်နေ့ဖြစ်သည်။ထရပ်ကားထဲကဝက်တွေသည်ဗိုက်ဆာလွန်းသောကြောင့်သူတို့ခေါင်းတွေကငိုက်စိုက်ကျနေသည်။ တစ်ချို့ကောင်တွေကမလှုပ်ဘဲထရပ်ကားပေါ်တွင် ငြိမ်ငြိမ်လေးနေကာတိုးတိုးလေးတအစ်အစ်တအီအီ ဖြင့်အော်နေကြသည်။

ဟဲဇီကျုံသည်ထရပ်ကားပေါ်ရှိဝက်များကိုစစ်ဆေးခဲ့ပြီးထိုဝက်များသည်ကူးစက်ခြင်းမရှိကြောင်း အတည်ပြုပြီးနောက်၎င်းတို့ကိုထရပ်ကားနှင့်အတူ နေရာလွတ်ထဲသို့ထည့်လိုက်သည်။

"မင်းခဏလောက်မောင်းပါလား၊ကိုယ်နေရာလွတ်ထဲဝင်ပြီးအဲ့တာတွေကိုသွားစီစဉ်လိုက်မလို့" ဝက်အရှင်တွေကိုနေရာလွတ်ထဲကမြေအောက်ထပ်ဂိုဒေါင်ထဲကိုထည့်လို့မရပေ။အကြောင်းပြချက်အချို့ကြောင့်သူကိုယ်တိုင်မှလွဲ၍အခြားသတ္တဝါများနှင့်လူများသည်မြေအောက်ထပ်ထဲသို့တစ်ခါတည်း တန်းဝင်လိုက်သည်နှင့်သူသယ်ဆောင်ထားတဲ့ အခြားရာတွေနဲ့ချက်ချင်းချိတ်ဆက်သွားလိမ့်မည်။

ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီးဒရိုင်ဘာထိုင်ခုံမှာထိုင်လိုက်ကာကားစက်ကိုနှိုးလိုက်သည်။ သူ့ဘေးနားကဟဲဇီကျုံးသည်ရုတ်တရက် ပျောက်ကွယ်သွားပြီးခရီးသည်ထိုင်ခုံတွင် လက်ကောက်တစ်ကွင်းသာကျန်ခဲ့သည်။

ဝက်ထရပ်ကားသည်အလွန်ဆာလောင်နေသော ကြောင့်၎င်းတို့သည်နေရာရုတ်တရက် ပြောင်းလဲသွားခြင်းရဲ့အံ့ဩမှုကိုဖော်ပြရန်အတွက် အော်ဟစ်ဖို့ရန်ခွန်အားမရှိပေ။

ဟဲဇီကျုံးသည်တိရိစ္ဆာန်များမွေးမြူထားသည့် နေရာဖြစ်သည့်မြတ်ခင်းပြင်ပေါ်တွင်ထရပ်ကားကို ထားထားသည်။အရင်ကသူဝယ်ထားသည့် ဝက်အရေအတွက်သည်သိပ်အများကြီးမဟုတ်ဘဲ အကောင်၂၀သာရှိသည်။ဒီနေ့ထရပ်ကားထဲမှာ အရွယ်ရောက်ပြီးသားဝက်အကောင်ရေစုစုပေါင်း ၄၀တောင်ရှိသည်။

ထပ်ပြောရမယ်ဆိုရင်နေရာလွတ်ထဲမှာ အရင်ကတည်းကရှိတဲ့ဝက်များအနက်မှခုနှစ်ကောင်သာအထီးဖြစ်ပြီးကျန်ဝက်များမျိုးပွားရန်တွက်အမများဖြစ်သည်။

ထရပ်ကားပေါ်ရှိဝက်များသည်အသားအတွက်သတ်ရန်အသင့်ဖြစ်နေသောဝက်များဖြစ်ကြသည်။

ဝက်ကြီးများသည်မြေပြင်ကိုထိလိုက်တာနဲ့ ဆူညံသွားပြီးအစာရှာဖို့စားကျက်မြေကိုပြေးသွားကြသည်။အရင်ကဤနေရာတွင်ဟဲဇီကျုံးသည် မျိုးစေ့များစွာကိုစိုက်ပျိုးခဲ့သည်။အများအားဖြင့် စားကျက်မြေအပြင်အားလူး၊မုန့်လာဥနီ၊ နှင့်အစိမ်းရောင်အစရှိသောသီးနှံများလည်းရှိသေး သည်။

မူလသီးနှံများနှင့်မြတ်များသည်ထပ်ရောက်လာတဲ့ ဝက်တွေအတွက်မလုံလောက်မည်ကိုစိုးရိမ်သော ကြောင့်မြေအောက်ထပ်ဂိုဒေါင်ထဲမှပန်းသီးခြင်း အကြီးကြီးနှစ်ခြင်းကိုသယ်ထုတ်လိုက်သည်။ နေရာလွတ်ထဲကနေရတဲ့အသီးတွေနဲ့ ဝက်တွေကျွေးတာကဖြုန်းတီးရာကျပေမယ့် နေရာလွတ်ထဲကနေပန်းသီးတွေအများကြီး ထွက်အောင်ဘယ်သူလုပ်ထားတာလဲ။

ကမ္ဘာပျက်ကပ်မဖြစ်ခင်ထဲကနေခုချိန်ထိတောင် ပန်းသီးတွေအများကြီးကျန်နေပြီးမကုန်နိုင်သေးဘူး။

ပန်းသီးတွေကိုသုံးရက်လောက်ဆာလောင်မွတ်သိပ်နေတဲ့ဝက်တွေသာမကနေရာလွတ်ထဲမှာ အရင်တည်းကမွေးမြူထားတဲ့ဝက်ပေါက်လေးတွေ နှင့်၊ကျွဲနွားများ၊သိုးများကလည်းစုရုံးပြီးလာစား နေကြသည်။

ဟဲဇီကျုံးကတောင်အရှေ့ကိုကြည့်လိုက်သည်။ တောင်ပေါ်ရှိသီးနှံပင်အများစုသည်ပန်းပွင့်ချိန်ကိုကျော်လွန်သွားခဲ့ကြပြီးအကိုင်းအခတ်များတွင် အသီးကင်းလေးများတွဲလောင်းကြနေကြသည်။ ပေါများလွန်းလှသောအသီးများသည ်နောက်ဆုံးတွင်အိမ်ရှာတွေ့သွားပုံနှင့်တူသည်။

"ဝက်တွေကိုအသီးတွေကျွေးတာလား"ဖန်ဟောင်ကမျက်လုံးတွေပြူးကျယ်သွားသည်။ဟဲဇီကျုံးကို ကြည့်လိုက်ရင်းသူ၏နူးညံသောမျက်နှာသည်အကြိမ်အနည်းငယ်လောက်တွန့်လိမ်သွားသည်။"စီနီယာအခုကျွေးခဲ့ပြီးပြီလား"

ဟဲဇီကျုံးသည်ခေါင်းညိတ်လိုက်ပြီး"အင်းကိုယ်ခြင်းနှစ်ခြင်းသယ်ပြီးကျွေးလိုက်တယ်"လို့ပြောပြီးနောက် ဖန်ဟောင်ဆံပင်လေးတွေကိုထိလိုက်သည်"မစိုးရိမ်ပါနဲ့၊တောင်ပေါ်မှာလည်းအသီးတွေပြန်သီးနေပြီ ဒီနေ့ဒါမှမဟုတ်မနက်ဖြန်တောင်ခူးလို့ရပြီ"

"ဟုတ်လား၊အဲ့ဆိုကျွန်တော်ဝိုင်နဲ့ပန်းသီးအရက်လုပ်လိုက်မယ်!!"

အဲ့ဒါဆိုဖန်ဟောင်ကသူရဲ့အစီစဉ်ကိုဖျက်လိုဖျက်စီးလုပ်တယ်လို့စောဒကမတက်ဘူးလား။

ဟဲဇီကျုံးကအသံတိုးတိုးလေးနဲ့ရယ်လိုက်ပြီးအသံသည်ယောက်ျားဆန်ပြီးအက်ရှကာဆွဲဆောင်မူရှိ သောကြောင့်ဖန်ဟောင်သည်ရှက်သွေးဖြန်းသွားသည်။

ဟဲဇီကျုံးကဖန်ဟောင်မျက်နှာအနီးကိုငုံ့လိုက်ပြီး ညင်ညင်သာသာလေးနမ်းလိုက်ကာ"မင်း လုပ်ချင်တာကိုလုပ်ပါ၊အကျိုးသင့်အကြောင်းသင့်မစဉ်းစားလည်းရတယ်"

ဖန်ဟောင်ကအသံတိုးတိုးလေးဖြင့်သဘောတူ လိုက်သည်။သူ့မျက်နှာပူတာကမပျောက်သွားဘဲအခုကကလေးနည်းနည်းဆန်နေတယ်လို့ခံစားလိုက်ရသည်--စီနီယာကဝက်တွေကိုအသီးနှံတွေကျွေးလိုက်တာမဟုတ်ဘူးလား၊ဒီဝက်တွေကနောက်ဆုံးတော့လည်းသူတို့ဗိုက်ထဲကိုဘဲပြန်ရောက်မှာဘဲလေ!! အမှန်တော့အဝေးပြေးလမ်းမပေါ်ကနေသူတို့ပစ္စည်းတော်တော်များများကောက်ယူနိုင်ခဲ့သည်။ လမ်းမပေါ်တွင်ပြန့်ကျဲနေပြီးထိုးရပ်ထားတဲ့ကားတွေရှိမှလည်းတစ်ခုခုနီးပါးတွေ့နိုင်သည်။အဲ့တာတွေကအစားအသောက်နဲ့အသုံးဝင်တဲ့ပစ္စည်းတွေအပြင်အနည်းဆုံးတော့သူတို့ဆီအချို့ထုတ်ယူနိုင်သည်။

အနှစ်သာရကတော့-သူတို့ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကိုရရှိခဲ့သည်။

ဟဲဇီကျုံးသည်လမ်းတစ်လျှောက်တွင်အတားအဆီးအမျိုးမျိုးကိုရှောင်ရှားကာကားကိုမောင်းနှင်ခဲ့သည်။ ၁၀နာရီ၃၀ခန့်တွင်သူတို့ခရီးဦးတည်ရာကိုရောက်ခဲ့သည်--Aမြို့ဆင်ခြေဖုံး၏အနောက်မြောက်ဘတ်တွင် ရှိသောအသက်ရှင်ကျန်ရစ်သူစခန်းသို့ရောက်ရှိခဲ့သည်။

သို့သော်လည်းသူတို့ရောက်လာသောအခါတွင် ခဏလောက်မအေးခဲဘဲမနေနိုင်ပေ။ဘယ်မှာလဲစစ်တပ်က။ခြံစည်းရိုးကကောဘယ်မှာလဲ။သေနတ်၊ တင့်ကားတွေ၊အမြောက်တွေ၊လက်နက်ကြီးတွေကကောဘယ်မှာလဲ။

"စီနီယာ"ဖန်ဟောင်သည်အပြင်ဘတ်မှအလွန်လွတ်နေသောလူနေစခန်းကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်။"ဒီနေရာကစခန်းအသစ်များလား၊ကြည့်ရတာဒီမှာဘယ်သူမှရှိတဲ့ပုံမပေါ်ဘူး၊ကျွန်တော်တို့ဒီမှာဘဲ အနားယူ ပြီးရင်ထွက်သွားကြမလား"

ဟဲဇီကျုံးကသတိပြန်ဝင်လာပြီးခေါင်းကိုညိတ်လိုက်ကာအထဲသို့မောင်းဝင်လိုက်သည်။

ကြည့်ရတာသူတို့ရောက်လာတဲ့အချိန်ကအရမ်းစောသွားပုံပေါ်သည်။တပ်ဖွဲ့ဝင်တွေကခုထိမြို့ထဲကနေ ထွက်ပြေးလာတဲ့လူတွေကိုဘေးကင်းရာသို့ မရွှေ့ပြောင်းပေးရသေးတဲ့ပုံဘဲ..

ပရိုမိုးရှင်းလေးကဒီနေ့နောက်ဆုံးနော်

Zawgyi
သူတို႔ႏွစ္ေယာက္ကအမဲသားcurryနဲ႕ထမင္းကို ကုန္ေအာင္အတူတူစားလိုက္ၿပီးအစာေၾကရန္ တစ္ေယာက္ႏွင့္တစ္ေယာက္အျပန္အလွန္မွီထား ၾကသည္။

"ကြၽန္ေတာ္ခရမ္းခ်ည္သီးနဲ႕ဟင္းေတြအစာသြပ္ထားတဲ့ဘန္းမုန႔္ေတြဖုတ္ထားၿပီးဂိုေဒါင္ထဲမွာထားထားတယ္။ၿပီးေတာ့ဟင္းေတြအမ်ားႀကီးက်န္ေသးလို႔ ထမင္းေပါင္းလုပ္လိုက္ၿပီးသပ္သပ္စီထမင္းခ်ိဳင့္နဲ႕ ထုပ္ထားတယ္၊အဲ့တာကိုလည္းဂိုေဒါင္ထဲမွာဘဲထည့္လိုက္တယ္"

ထမင္းခ်ိဳင့္ေတြကိုလည္းစူပါးမားကတ္ေတြဆီကေန စုေဆာင္းခဲ့တာျဖစ္ၿပီးခုခ်ိန္မွာအသုံးျပဳဖို႔အတြက္ အရံသင့္ျဖစ္သြားသည္။သူတို႔စားၿပီးေသာက္ၿပီးခ်ိန္တြင္လက္ေဆးရန္လိုအပ္ေသးသည္။

"ဟုတ္လားအဲ့တာဆိုတျခားဟာေတြ ထပ္မခ်က္ေသးနဲ႕ေလအထဲကအသီးႏွံ႕ေတြမွည့္လာ ၿပီးခူးတဲ့ခ်ိန္ၾကမွာဘဲျဖည္းျဖည္းခ်င္းလုပ္ၾကတာေပါ့"ဟဲဇီက်ဳံးကဖန္ေဟာင္ရဲ႕ပုခုံးေလးကိုေထြးေပြ႕လိုက္ၿပီးသူ႕ေခါင္းေလးကိုပါးနဲ႕ပြတ္လိုက္ကာသူ႕ပုခုံးေလးကိုညင္ညင္သာသာေလးပုတ္လိုက္သည္။ ကမၻာမပ်က္ခင္ကထုတ္ခဲ့တဲ့ကုန္ပစၥည္းမ်ားကို အခ်ိန္တစ္ခုေရာက္လာတဲ့အခါ အျခားအသက္ရွင္က်န္ရစ္သူမ်ားႏွင့္ အဏုျမဴေက်ာက္တုံးအတြက္ျဖည္းျဖည္းခ်င္းေရာင္းဝယ္နိုင္သည္။

SUVကားေနာက္ဘတ္ရွိထိုင္ခုံတန္းကိုဟဲဇီက်ဳံးျဖဳတ္ထားခဲ့တာၾကာၿပီျဖစ္သည္။အခုေတာ့ေနရာလြတ္ထဲကေနေမြ႕ရာေတြထုတ္ၿပီးရိုးရွင္းတဲ့အနားယူစရာေနရာအျဖစ္စီစဥ္ထားခဲ့သည္။ထို႔အျပင္လူအမ်ား ေခ်ာင္းၾကည့္ျခင္းမွကာကြယ္ရန္အတြက္ေပါ့ပါးၿပီး ႀကီးမားေသာေခါက္ဆြဲေျခာက္မ်ားႏွင့္ စည္သြပ္ဘူးမ်ားအျပည့္ထည့္ထားေသာ ပလတ္စတစ္အိတ္ႀကီးအခ်ိဳ႕ကိုလည္း ခင္းက်င္းထားသည္။

ဟဲဇီက်ဳံးသည္တုံ႕ဆိုင္းစြာလွဲခ်လိဳက္သည္၊ ကားအေနာက္ဘတ္တြင္အရပ္180cmရွိတဲ့ သူ႕အတြက္အေညာင္းဆန႔္ဖို႔ခက္ခဲလွသည္။ ဖန္ေဟာင္ကစိတ္မေကာင္းျဖစ္သြားၿပီးေနရာလြတ္ထဲမွာအနားယူသင့္တယ္လိုအႀကိမ္ေပါင္းမ်ားစြာ အႀကဳံျပဳခဲ့ေပမယ့္သူကအၿပဳံးနဲ႕ျငင္းဆိုခဲ့သည္ "ေနရာလြတ္ထဲမွာအၿမဲတမ္းအိပ္ေနလို႔အဆင္မေျပဘူး"

ကမၻာပ်က္ကပ္ရဲ႕ေနထိုင္မူပုံစံကို သူတက္နိုင္သမွ်လိုက္ေလ်ာညီေထြျဖစ္ရန္ လိုအပ္သည္။ေနရာလြတ္ထဲမွာဆိုရင္အျပင္ကအေျခေနကိုသူမျမင္နိုင္ဘူး။ဒီမွာဖန္ေဟာင္ရွိလည္းအဆင္ေျပေပမယ့္သူတို႔ႏွစ္ေယာက္လုံး အထဲေရာက္သြားရင္အျပင္ကအေျခေနကိုလုံးဝ ဆုပ္ကိုင္ထားနိုင္မွာမဟုတ္ဘူး။

ၿပီးေတာ့ကားေနာက္မွာလည္းလူေတြရွိေသးသည္။ တစ္ေယာက္ေယာက္ကလမ္းေလွ်ာက္လာၿပီးသူတို႔ကိုရွာလို႔မေတြ႕တဲ့အခါျဖစ္လာမည့္အႏၱရယ္မ်ိဳးကိုသူ႕မစြန႔္စားရဲေပ။ဟဲဇီက်ဳံးသည္သူ႕ဖုန္းရဲ႕alarmအသံေၾကာင့္မနက္ႏွစ္နာရီတြင္နိုးလာသည္။ ဖန္ေဟာင္ကသူ႕ကိုနိုးဖို႔အတြက္ရာႏႈန္းျပည့္တာဝန္ ရွိတယ္ဆိုရင္အဲ့ဒီကေလးကသူ႕ကိုအခ်ိန္ၾကာၾကာ အိပ္ေပ်ာ္ေစမယ့္အေၾကာင္းျပခ်က္ကိုဖန္တီးေပးမွာေသခ်ာသည္။

ဖန္ေဟာင္ကလည္းအဲ့လိုအစီစဥ္ဆြဲခဲ့တာျဖစ္ၿပီး-ဟဲဇီက်ဳံးေနာက္ထပ္တစ္နာရီခြဲေလာက္ထပ္အိပ္ခဲ့ရတာျဖစ္သည္။ဆယ့္ငါးမိနစ္ေလာက္ပိုအိပ္ရရင္ ေတာင္အရမ္းအဆင္ေျပေနၿပီး!!

"အေျခေနဘယ္လိုရွိလဲ"

ဖန္ေဟာင္ကေခါင္းခါလိုက္ၿပီး"ဒီကိုဇြန္ဘီေတြလာ ေနတာေတာ့မေတြ႕ဘူးဒါေပမယ့္အျမန္လမ္းကေနကားနည္းနည္းျဖတ္သြားတာေတြ႕တယ္"ထိုေနာက္ဖန္ေဟာင္ကမ်က္ေမွာင္ႀကဳံလိုက္ၿပီး"အျပင္မွာျမဴေတြအရမ္းဆိုင္းေနသလိုဘဲ"

ဟဲဇီက်ဳံးကထလိုက္ၿပီးကားေမာင္းတဲ့ဒရိုင္ဘာထိုင္ခုံသို႔ျပန္ထိုင္လိုက္ကာ"သြားခဏေလာက္နားလိုက္ဦး၊မိုင္းလင္းရင္ကိုယ္နိုးေပးမယ္"

ဖန္ေဟာင္ကဟဲဇီက်ဳံးေျပာတာၾကားေတာ့ဟဲဇီက်ဳံးရဲ႕နဖူးကိုထိလိုက္ၿပီးသူကနာခံစြာျဖင့္ေမြ႕ရာဆီသို႔ သြားခဲ့သည္။"စီနီယာေခြၽးေတြထပ္ထြက္ေနျပန္ၿပီ၊အေအးမမိေအာင္လို႔ေခြၽးသုတ္လိုက္ဦး"

ဟဲဇီက်ဳံးကဖန္ေဟာင္ဘက္ကိုကိုယ္ကိုကိုင္းလိုက္ ၿပီးသူ႕ပါးေလးကိုငုံ႕နမ္းလိုက္သည္။ဟဲဇီက်ဳံးကသူ႕မ်က္ႏွာကိုသုတ္ၿပီးသန႔္ရွင္းဖို႔ပဝါတစ္ခုကိုထုတ္လိုက္သည္။

သူ႕ကညတိုင္းအပူခ်ိန႔္နိမ့္အဖ်ားတက္ေနေသးေသာ္လည္းေနရာလြတ္ထဲကေရေၾကာင့္ယခုညတိုင္းတစ္နာရီအတြင္းထိန္းထားနိုင္ခဲ့သည္။ဖ်ားၿပီးေနာက္ပိုင္း႐ုပ္ပိုင္းဆိုင္ရာခြန္အားအားနည္းတဲ့အခ်ိန္ကလည္း မၾကာေတာ့ေပ။ယခုအခ်ိန္တြင္ သူသည္အားနည္းေနေသးၿပီးသူ႕မ်က္ႏွာမွာ အနည္းငယ္ျဖဴေဖ်ာ့ေနေသာ္လည္းအရင္လို ျပင္းထန္ျခင္းမရွိေပ။

အကယ္လို႔သူကိုတစ္ေယာက္ေယာက္က ျမင္ရင္ေတာင္သူ႕ေကာင္းေကာင္းမအိပ္ေပ်ာ္လို႔ေသြးေပါင္က်ေနတာကသူကိုဒီလိုပုံစံျဖစ္ေစတယ္လို႔ ထင္မွာျဖစ္သည္။

ကားျပတင္းေပါက္အျပင္ဘတ္ကေမွာင္မဲေနၿပီး တိတ္ဆိတ္ေနသည္။လမ္းေဘးမွာအလင္းေရာင္မရွိသလိုလကိုေကာင္းကင္မွာလည္းမျမင္ရဘဲ ေနရာတိုင္း မွာလည္းမီးခိုေရာင္ျဖစ္ေနၿပီးအရာအားလုံးကျမဴခိုးေတြဖုံးလႊမ္းေနသည္။

ဟဲဇီက်ဳံးကမ်က္ခုံးက်ဳံလိုက္ၿပီး-ၾကည့္ရတာ.ရာသီဥတုကလုံးဝေျပာင္းလဲသြားၿပီဘဲ။

ဇြန္ဘီေရာဂါပိုးပ်ံ့ႏွံ႕ျခင္းကကမၻာပ်က္ကပ္၏ ပထမဆုံးေျခလွမ္းျဖစ္သည္။အဲ့တာေနာက္ပိုင္းမွာ ေတာ့ရာသီဥတုကေျပာင္းလဲသြားသည္။ကမၻာႀကီးတစ္ခုလုံးသည္ျမဴလႊာေတြအထပ္ထပ္ပိတ္ဖုံးသည္။ေနေရာညပါတစ္ႏွစ္ပတ္လုံးမီးခိုေရာင္ေလထုနဲ႕ ဝန္းရံထားသည္။

ပူျပင္းတဲ့ႏြေရာသီမွာဆိုရင္ေတာင္ေကာင္းကင္မွာ ေတာက္ေလာင္ေနတဲ့ေနေရာင္ကလိေမၼာ္ေရာင္ အနည္းငယ္သာရွိပုံရသည္။မူလကစိုက္ပ်ိဳးလို႔ရခဲ့ ေသာသီးႏွံ႕အမ်ားစုသည္မႀကီးထြားနိုင္ေတာ့ဘဲ ေျမႀကီးလည္းက်က္တီးေျမလိုမ်ိဳးမျဖစ္ထြန္းေတာ့ ေပ။ေနာက္ၿပီးေတာ့အပင္နဲ႕တိရိစ္ဆာန္ေတြဟာလည္း ႀကီးႀကီးမားမားနဲ႕သိသိသာသာကိုစတင္ေျပာင္းလဲလာၾကသည္။

ဇြန္ဘီမ်ားစြမ္းအင္မနိုးထခင္သူတို႔ကိုင္တြယ္ေျဖရွင္းရန္အေတာ္ေလးလြယ္ကူခဲ့သည္။လူေတြ ခုခံကာကြယ္ဖို႔႐ုန္းကန္ရတာကအမ်ိဳးမ်ိဳးေသာ သႏၶေျပာင္းသတၱဝါေတြဘဲျဖစ္သည္။၎တို႔သည္ လ်င္ျမန္သြက္လက္ကာတုံ႕ျပန္နိုင္စြမ္းျမင့္ၿပီး ခြန္အားလည္းႀကီးသည္။စိတ္ပ်က္စရာေကာင္းတာကေတာ့ဇြန္ဘီတိရိစ္ဆာန္ေတြကိုသတ္ဖို႔ျပင္းျပင္းထန္ထန္ႀကိဳးစားရေပမယ့္စားလို႔ေတာ့မရေပ။လူေတြကလူဖုတ္ေကာင္ေတြနဲ႕နီးပါးတူတဲ့သူ႕တို႔ရဲ႕ဦးႏွောက္ထဲကအဏုျမဴေက်ာက္တုံးေတြကိုသာရနိုင္ၾကပါသည္။

တိရိစ္ဆာန္မ်ားႏွင့္အပင္မ်ားသည္လူသားမ်ားႏွင့္ အတူတူပင္ျဖစ္ၿပီး၄င္းတို႔ထဲမွအခ်ိဳ႕မွာဗီဇေျပာင္းလဲျခင္းမွလြတ္ေျမာက္ခဲ့သည္။၎တို႔သည္လုံးဝ အဆိပ္အေတာက္ကင္းၿပီးစားသုံးရန္ေဘးကင္း ေသာေၾကာင့္ေလ့လာၿပီးေဆြးႏြေးခဲ့ၾကသည္။

ေနာက္တစ္ေန႕ေစာေစာတြင္ဖန္ေဟာင္နိုးလာၿပီး

ကမၻာႀကီးကျမဴႏွင္းလႊာပါးပါးျဖင့္ဖုံးအုပ္ထားသလို ခံစားလိုက္ရသည္။ေကာင္းကင္က ေတာက္ပေနေသာ္လည္းေနထြက္တဲ့အရပ္ကိုျမင္ဖို႔ရန္ခဲယွဥ္းသည္။

သူ႕ကဝါးသန္းလက္ၿပီးမ်က္လုံးကိုပြတ္လိုက္ကာ"ျမဴမွိုင္းေနေပမယ့္သိပ္ေတာ့မဆိုးပါဘူး"Fၿမိဳ႕၏ ေဆာင္းတြင္းႏွင့္ႏြေဦးတြင္မနက္ခင္းႏွင့္ညဘတ္ေတြမၾကာခဏျမဴဆိုင္းေလ့ရွိေသာေၾကာင့္ ဖန္ေဟာင္ကအမ်ားႀကီးမေတြးမိေပ။

"မ်က္ႏွာသစ္ၿပီးတစ္ခုခုစားလိုက္ဦးေနာက္က ကားေပၚလူေတြအကုန္လုံးနိုးေနၾကၿပီ"ဟဲဇီက်ဳံးကမ်က္ႏွာကိုပြတ္လိုက္ၿပီးအသတ္ရႈထုတ္လိုက္သည္။

ဖန္ေဟာင္ကေခါင္းညိတ္လိုက္ၿပီးမေန႕ကျပင္ဆင္ထားတဲ့သြားတိုက္တံ၊ သြားတိုက္ေဆးႏွင့္ ေရပုလင္းကိုသူ႕ေဘးနားကပလတ္စတစ္အိတ္ထဲကေနထုတ္လိုက္သည္။ပုလင္းအတြင္းတြင္ရိုးရိုးေရ ျဖစ္သည္။ပထမဦးစြာသူတို႔သည္ေနရာလြတ္ထဲက ေရကိုျပင္ပကမၻာသို႔ပတ္ဖ်န္းလိုက္ေသာအခါ မခန႔္မွန္းနိုင္ေသာတုံျပန္မႈကိုစိုးရိမ္သည္။ ဒုတိယကေတာ့ေနရာလြတ္ထဲကေရကိုသိုေလွာင္ဖို႔အတြက္ပုလင္းအနည္းငယ္ကိုအလြတ္ျဖစ္ေစရန္ျဖစ္သည္။

ရိုးရိုးဘဲေဆးေၾကာလိုက္ၿပီးေနာက္ယာယီစုေဝးထားေသာယာဥ္တန္းသည္ခရီးဆက္လိုက္သည္။

ကားမ်ားသည္ေျမာက္ဘတ္သို႔ဦးတည္သြားကာ အုပ္စုတစ္စုလုံးသည္ျဖတ္သြားေသာဓာက္ဆီဆိုင္ အားလုံးမွဓာက္ဆီမ်ားကို တစ္ႀကိမ္တည္းႏွင့္လ်င္ျမန္စြာသိမ္းႀကဳံးယူသြား သည္။ျမဴမ်ားအုံ႕ဆိုင္းေနေသာ ေကာင္းကင္ႀကီးေၾကာင့္ျပန႔္က်ဲေနေသာဇြန္ဘီမ်ားသည္အျမန္လမ္းမေပၚတြင္စတင္ၿပီးလႈပ္ရွားလာၾကသည္။

မ်ားမၾကာမီလမ္းဆုံတစ္ခုသို႔ေရာက္ေသာအခါ ေနာက္ကားသည္ေဘးခ်င္းယွဥ္ကပ္လာကာမီးျဖင့္အခ်က္ျပၿပီးျပတင္းေပါက္မွန္ကိုခ်လိဳက္ကာ"ငါတို႔ ဒီကေနအေနာက္ဘတ္လမ္းဆုံကိုေကြ႕ေတာ့မယ္"

ဟဲဇီက်ဳံးကေခါင္းၿငိမ့္လိုက္ၿပီးေျပာလိုက္သည္ "ႏႈတ္ဆက္တယ္ဗ်ာအခြင့္ေရးရရင္ဆုံၾကတာေပါ့"

ထိုအမ်ိဳးသားၾကက္ေသေသသြားၿပီး အင္တင္တင္ျဖင့္ၿပဳံးလိုက္ကာ"ဟုတ္ပါၿပီဗ်ာ"ဒီလိုအေျခေနမ်ိဳးမွာကံၾကမၼာကဆႏၵရွိရင္ေတာင္ျပန္ဆုံနိုင္မလားဆိုတာမသိနိုင္ပါဘူး။ဇြန္ဘီပုံစံျဖစ္မွာထက္စာရင္.ဒီတိုင္းရိုးရိုးေလးေသလိုက္တာမွ ေကာင္းဦးမယ္။

အေနာက္ဘတ္ကားသုံးစီးသည္အေနာက္ဘတ္သို႔ေကြ႕သြားၾကသည္။ဟဲဇီက်ဳံးကကားကိုစက္ျပန္နိုးလိုက္ၿပီးလူသားအနံရေသာေၾကာင့္စိတ္လႈပ္ရွားေနေသာဇြန္ဘီတစ္ေကာင္ကိုျဖတ္သြားလိုက္သည္။ ဇြန္ဘီေတြရဲ႕လႈပ္ရွားမူကပိုျမန္လာပုံရသည္။ကား စထြက္ၿပီးသိပ္မၾကာခင္မွာဘဲဇြန္ဘီကခုန္အုပ္လိုက္ေပမယ့္ကံေကာင္းစြာျဖင့္ဟဲဇီက်ဳံးက အရွိုန္ျမင့္လိုက္ေသာေၾကာင့္ ကားေနာက္ပိုင္းကိုေတာင္မခုန္အုပ္လိုက္နိုင္ေပ။

"အဲ့အေကာင္ေတြကိုၾကည့္ရတာ..လႈပ္ရွားမူပိုျမန္လာသလားလို႔"ဖန္ေဟာင္ကသူတို႔ကားကို ပါးစပ္ဖြင့္ၿပီးလိုက္ဖမ္းေနသည့္ဇြန္ဘီကို ေနာက္ၾကည့္မွန္ထဲကေနတုံ႕ဆိုင္းတုံ႕ဆိုင္းျဖင့္ၾကည့္လိုက္သည္။

ဟဲဇီက်ဳံးကေနာက္ၾကည့္မွန္ကိုစိုက္ၾကည့္လိုက္သည္။"ဒီေန႕ဓာက္ဆီဆိုင္မွာေတြ႕ခဲ့တဲ့ဇြန္ဘီေတြထဲမွာ လည္းတစ္ခ်ိဳ႕ေကာင္ေတြကလႈပ္ရွားမူျမန္တယ္"

ဖန္ေဟာင္ရဲ႕မ်က္ႏွာအမူရာကေျပာင္းလဲသြားၿပီး သူ႕အသံကအနည္းငယ္ေအးစက္သြားကာ"စီနီယာ.အဲ့ဆိုအဲ့အေကာင္ေတြကဆင့္ကဲေျပာင္းလဲေနတာလား"

ဒီကေလးေလးကေတာ့တကယ္ကိုသင္ယူနိုင္စြမ္း ျမႇင့္တာဘဲ။

ဟဲဇီက်ဳံးကဖန္ေဟာင္ကိုခ်ီမႊမ္းတဲ့အၾကည့္နဲ႕ၾကည့္လိုက္ေသာအခါသူ႕မ်က္ႏွာေသးေသးေလးက ေၾကာက္႐ြံ႕မႈႏွင့္အတူအနည္းငယ္ျဖဴေဖ်ာ့ေနတာကိုေတြ႕လိုက္ရေတာ့သူကႏွစ္သိမ့္တဲ့အေနနဲ႕ ေခါင္းေလးကိုပုတ္လိုက္ကာ"သူတို႔က ဆင့္ကဲေျပာင္းလဲေနတာဆိုရင္လူေတြထဲမွာလည္းတစ္ခ်ိဳ႕ကစြမ္းအားကိုအသုံးျပဳနိုင္တာဘဲေလ"

ဖန္ေဟာင္ကေခါင္းကိုေလးပင့္စြာျဖင့္ညိတ္လိုက္ၿပီး သူကိုယ္သူ႕အားေပးလိုက္ကာ"ဟုတ္တာေပါ့ ကြၽန္ေတာ္တို႔လည္းပိုၿပီးသန္မာလာလိမ့္မယ္!!"

ထိုကားမ်ားႏွင့္ခြဲခြာၿပီးေနာက္ဟဲဇီက်ဳံးႏွင့္ ဖန္ေဟာင္သည္မ်ားစြာကံေကာင္းေနပုံရသည္။ ဓာက္ဆီအျပည့္တင္လာတဲ့ဆီေဘာင္ဇာကားမ်ား အျပင္ဝက္အရွင္မ်ားကိုတင္ထားတဲ့ကားမ်ားကိုေတြ႕ခဲ့ရသည္။

"မိုက္လိုက္တာ!!အေဝးေျပးလမ္းမအေပၚမွာေတာင္ ဝက္အရွင္ေတြသယ္ထားတဲ့ကားကိုေကာက္ေတြ႕တယ္!!??"ကားေမာင္းတဲ့ေနရာမွဒရိုင္ဘာကို ရွင္းလင္းၿပီးေနာက္ဖန္ေဟာင္သည္အံ့ဩမႈေၾကာင့္ကားကိုပတ္ၾကည့္ေနသည္။

ယခုသည္ကမၻာပ်က္ၿပီးသုံးရက္ေျမာက္ေန႕ျဖစ္သည္။ထရပ္ကားထဲကဝက္ေတြသည္ဗိုက္ဆာလြန္းေသာေၾကာင့္သူတို႔ေခါင္းေတြကငိုက္စိုက္က်ေနသည္။ တစ္ခ်ိဳ႕ေကာင္ေတြကမလႈပ္ဘဲထရပ္ကားေပၚတြင္ ၿငိမ္ၿငိမ္ေလးေနကာတိုးတိုးေလးတအစ္အစ္တအီအီ ျဖင့္ေအာ္ေနၾကသည္။

ဟဲဇီက်ဳံသည္ထရပ္ကားေပၚရွိဝက္မ်ားကိုစစ္ေဆးခဲ့ၿပီးထိုဝက္မ်ားသည္ကူးစက္ျခင္းမရွိေၾကာင္း အတည္ျပဳၿပီးေနာက္၎တို႔ကိုထရပ္ကားႏွင့္အတူ ေနရာလြတ္ထဲသို႔ထည့္လိုက္သည္။

"မင္းခဏေလာက္ေမာင္းပါလား၊ကိုယ္ေနရာလြတ္ထဲဝင္ၿပီးအဲ့တာေတြကိုသြားစီစဥ္လိုက္မလို႔" ဝက္အရွင္ေတြကိုေနရာလြတ္ထဲကေျမေအာက္ထပ္ဂိုေဒါင္ထဲကိုထည့္လို႔မရေပ။အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္သူကိုယ္တိုင္မွလြဲ၍အျခားသတၱဝါမ်ားႏွင့္လူမ်ားသည္ေျမေအာက္ထပ္ထဲသို႔တစ္ခါတည္း တန္းဝင္လိုက္သည္ႏွင့္သူသယ္ေဆာင္ထားတဲ့ အျခားရာေတြနဲ႕ခ်က္ခ်င္းခ်ိတ္ဆက္သြားလိမ့္မည္။

ဖန္ေဟာင္ကေခါင္းညိတ္လိုက္ၿပီးဒရိုင္ဘာထိုင္ခုံမွာထိုင္လိုက္ကာကားစက္ကိုႏွိုးလိုက္သည္။ သူ႕ေဘးနားကဟဲဇီက်ဳံးသည္႐ုတ္တရက္ ေပ်ာက္ကြယ္သြားၿပီးခရီးသည္ထိုင္ခုံတြင္ လက္ေကာက္တစ္ကြင္းသာက်န္ခဲ့သည္။

ဝက္ထရပ္ကားသည္အလြန္ဆာေလာင္ေနေသာ ေၾကာင့္၎တို႔သည္ေနရာ႐ုတ္တရက္ ေျပာင္းလဲသြားျခင္းရဲ႕အံ့ဩမႈကိုေဖာ္ျပရန္အတြက္ ေအာ္ဟစ္ဖို႔ရန္ခြန္အားမရွိေပ။

ဟဲဇီက်ဳံးသည္တိရိစ္ဆာန္မ်ားေမြးျမဴထားသည့္ ေနရာျဖစ္သည့္ျမတ္ခင္းျပင္ေပၚတြင္ထရပ္ကားကို ထားထားသည္။အရင္ကသူဝယ္ထားသည့္ ဝက္အေရအတြက္သည္သိပ္အမ်ားႀကီးမဟုတ္ဘဲ အေကာင္၂၀သာရွိသည္။ဒီေန႕ထရပ္ကားထဲမွာ အ႐ြယ္ေရာက္ၿပီးသားဝက္အေကာင္ေရစုစုေပါင္း ၄၀ေတာင္ရွိသည္။

ထပ္ေျပာရမယ္ဆိုရင္ေနရာလြတ္ထဲမွာ အရင္ကတည္းကရွိတဲ့ဝက္မ်ားအနက္မွခုႏွစ္ေကာင္သာအထီးျဖစ္ၿပီးက်န္ဝက္မ်ားမ်ိဳးပြားရန္တြက္အမမ်ားျဖစ္သည္။

ထရပ္ကားေပၚရွိဝက္မ်ားသည္အသားအတြက္သတ္ရန္အသင့္ျဖစ္ေနေသာဝက္မ်ားျဖစ္ၾကသည္။

ဝက္ႀကီးမ်ားသည္ေျမျပင္ကိုထိလိုက္တာနဲ႕ ဆူညံသြားၿပီးအစာရွာဖို႔စားက်က္ေျမကိုေျပးသြားၾကသည္။အရင္ကဤေနရာတြင္ဟဲဇီက်ဳံးသည္ မ်ိဳးေစ့မ်ားစြာကိုစိုက္ပ်ိဳးခဲ့သည္။အမ်ားအားျဖင့္ စားက်က္ေျမအျပင္အားလူး၊မုန႔္လာဥနီ၊ ႏွင့္အစိမ္းေရာင္အစရွိေသာသီးႏွံမ်ားလည္းရွိေသး သည္။

မူလသီးႏွံမ်ားႏွင့္ျမတ္မ်ားသည္ထပ္ေရာက္လာတဲ့ ဝက္ေတြအတြက္မလုံေလာက္မည္ကိုစိုးရိမ္ေသာ ေၾကာင့္ေျမေအာက္ထပ္ဂိုေဒါင္ထဲမွပန္းသီးျခင္း အႀကီးႀကီးႏွစ္ျခင္းကိုသယ္ထုတ္လိုက္သည္။ ေနရာလြတ္ထဲကေနရတဲ့အသီးေတြနဲ႕ ဝက္ေတြေကြၽးတာကျဖဳန္းတီးရာက်ေပမယ့္ ေနရာလြတ္ထဲကေနပန္းသီးေတြအမ်ားႀကီး ထြက္ေအာင္ဘယ္သူလုပ္ထားတာလဲ။

ကမၻာပ်က္ကပ္မျဖစ္ခင္ထဲကေနခုခ်ိန္ထိေတာင္ ပန္းသီးေတြအမ်ားႀကီးက်န္ေနၿပီးမကုန္နိုင္ေသးဘူး။

ပန္းသီးေတြကိုသုံးရက္ေလာက္ဆာေလာင္မြတ္သိပ္ေနတဲ့ဝက္ေတြသာမကေနရာလြတ္ထဲမွာ အရင္တည္းကေမြးျမဴထားတဲ့ဝက္ေပါက္ေလးေတြ ႏွင့္၊ကြၽဲႏြားမ်ား၊သိုးမ်ားကလည္းစု႐ုံးၿပီးလာစား ေနၾကသည္။

ဟဲဇီက်ဳံးကေတာင္အေရွ႕ကိုၾကည့္လိုက္သည္။ ေတာင္ေပၚရွိသီးႏွံပင္အမ်ားစုသည္ပန္းပြင့္ခ်ိန္ကိုေက်ာ္လြန္သြားခဲ့ၾကၿပီးအကိုင္းအခတ္မ်ားတြင္ အသီးကင္းေလးမ်ားတြဲေလာင္းၾကေနၾကသည္။ ေပါမ်ားလြန္းလွေသာအသီးမ်ားသည ္ေနာက္ဆုံးတြင္အိမ္ရွာေတြ႕သြားပုံႏွင့္တူသည္။

"ဝက္ေတြကိုအသီးေတြေကြၽးတာလား"ဖန္ေဟာင္ကမ်က္လုံးေတြျပဴးက်ယ္သြားသည္။ဟဲဇီက်ဳံးကို ၾကည့္လိုက္ရင္းသူ၏ႏူးညံေသာမ်က္ႏွာသည္အႀကိမ္အနည္းငယ္ေလာက္တြန႔္လိမ္သြားသည္။"စီနီယာအခုေကြၽးခဲ့ၿပီးၿပီလား"

ဟဲဇီက်ဳံးသည္ေခါင္းညိတ္လိုက္ၿပီး"အင္းကိုယ္ျခင္းႏွစ္ျခင္းသယ္ၿပီးေကြၽးလိုက္တယ္"လို႔ေျပာၿပီးေနာက္ ဖန္ေဟာင္ဆံပင္ေလးေတြကိုထိလိုက္သည္"မစိုးရိမ္ပါနဲ႕၊ေတာင္ေပၚမွာလည္းအသီးေတြျပန္သီးေနၿပီ ဒီေန႕ဒါမွမဟုတ္မနက္ျဖန္ေတာင္ခူးလို႔ရၿပီ"

"ဟုတ္လား၊အဲ့ဆိုကြၽန္ေတာ္ဝိုင္နဲ႕ပန္းသီးအရက္လုပ္လိုက္မယ္!!"

အဲ့ဒါဆိုဖန္ေဟာင္ကသူရဲ႕အစီစဥ္ကိုဖ်က္လိုဖ်က္စီးလုပ္တယ္လို႔ေစာဒကမတက္ဘူးလား။

ဟဲဇီက်ဳံးကအသံတိုးတိုးေလးနဲ႕ရယ္လိုက္ၿပီးအသံသည္ေယာက္်ားဆန္ၿပီးအက္ရွကာဆြဲေဆာင္မူရွိ ေသာေၾကာင့္ဖန္ေဟာင္သည္ရွက္ေသြးျဖန္းသြားသည္။

ဟဲဇီက်ဳံးကဖန္ေဟာင္မ်က္ႏွာအနီးကိုငုံ႕လိုက္ၿပီး ညင္ညင္သာသာေလးနမ္းလိုက္ကာ"မင္း လုပ္ခ်င္တာကိုလုပ္ပါ၊အက်ိဳးသင့္အေၾကာင္းသင့္မစဥ္းစားလည္းရတယ္"

ဖန္ေဟာင္ကအသံတိုးတိုးေလးျဖင့္သေဘာတူ လိုက္သည္။သူ႕မ်က္ႏွာပူတာကမေပ်ာက္သြားဘဲအခုကကေလးနည္းနည္းဆန္ေနတယ္လို႔ခံစားလိုက္ရသည္--စီနီယာကဝက္ေတြကိုအသီးႏွံေတြေကြၽးလိုက္တာမဟုတ္ဘူးလား၊ဒီဝက္ေတြကေနာက္ဆုံးေတာ့လည္းသူတို႔ဗိုက္ထဲကိုဘဲျပန္ေရာက္မွာဘဲေလ!! အမွန္ေတာ့အေဝးေျပးလမ္းမေပၚကေနသူတို႔ပစၥည္းေတာ္ေတာ္မ်ားမ်ားေကာက္ယူနိုင္ခဲ့သည္။ လမ္းမေပၚတြင္ျပန႔္က်ဲေနၿပီးထိုးရပ္ထားတဲ့ကားေတြရွိမွလည္းတစ္ခုခုနီးပါးေတြ႕နိုင္သည္။အဲ့တာေတြကအစားအေသာက္နဲ႕အသုံးဝင္တဲ့ပစၥည္းေတြအျပင္အနည္းဆုံးေတာ့သူတို႔ဆီအခ်ိဳ႕ထုတ္ယူနိုင္သည္။

အႏွစ္သာရကေတာ့-သူတို႔ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခ်ိန္ကိုရရွိခဲ့သည္။

ဟဲဇီက်ဳံးသည္လမ္းတစ္ေလွ်ာက္တြင္အတားအဆီးအမ်ိဳးမ်ိဳးကိုေရွာင္ရွားကာကားကိုေမာင္းႏွင္ခဲ့သည္။ ၁၀နာရီ၃၀ခန႔္တြင္သူတို႔ခရီးဦးတည္ရာကိုေရာက္ခဲ့သည္--Aၿမိဳ႕ဆင္ေျခဖုံး၏အေနာက္ေျမာက္ဘတ္တြင္ ရွိေသာအသက္ရွင္က်န္ရစ္သူစခန္းသို႔ေရာက္ရွိခဲ့သည္။

သို႔ေသာ္လည္းသူတို႔ေရာက္လာေသာအခါတြင္ ခဏေလာက္မေအးခဲဘဲမေနနိုင္ေပ။ဘယ္မွာလဲစစ္တပ္က။ၿခံစည္းရိုးကေကာဘယ္မွာလဲ။ေသနတ္၊ တင့္ကားေတြ၊အေျမာက္ေတြ၊လက္နက္ႀကီးေတြကေကာဘယ္မွာလဲ။

"စီနီယာ"ဖန္ေဟာင္သည္အျပင္ဘတ္မွအလြန္လြတ္ေနေသာလူေနစခန္းကိုစူးစူးစိုက္စိုက္ၾကည့္လိုက္သည္။"ဒီေနရာကစခန္းအသစ္မ်ားလား၊ၾကည့္ရတာဒီမွာဘယ္သူမွရွိတဲ့ပုံမေပၚဘူး၊ကြၽန္ေတာ္တို႔ဒီမွာဘဲ အနားယူ ၿပီးရင္ထြက္သြားၾကမလား"

ဟဲဇီက်ဳံးကသတိျပန္ဝင္လာၿပီးေခါင္းကိုညိတ္လိုက္ကာအထဲသို႔ေမာင္းဝင္လိုက္သည္။

ၾကည့္ရတာသူတို႔ေရာက္လာတဲ့အခ်ိန္ကအရမ္းေစာသြားပုံေပၚသည္။တပ္ဖြဲ႕ဝင္ေတြကခုထိၿမိဳ႕ထဲကေန ထြက္ေျပးလာတဲ့လူေတြကိုေဘးကင္းရာသို႔ မေ႐ႊ႕ေျပာင္းေပးရေသးတဲ့ပုံဘဲ..

ပရိုမိုးရွင္းေလးကဒီေန႕ေနာက္ဆုံးေနာ္

Continue Reading

You'll Also Like

23.3K 3.8K 37
MM Translation Unicode and Zawgyi are available. Update: 3 parts per week (Tue, thus, sat)
2.5K 142 5
Introduction: ✓ All Rights and Credits to the original author (杳杳一言), English translator @LinnQ. English translator ရဲ့ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ...
74.6K 4.5K 13
In which a boy breaks a self-made promise of a flower shop worker.
29.1K 4.5K 41
English name : The guide of how to be an interstellar tycoon Author name : Red-Tailed foxy boss Status in COO : 300 chapters