ယူဂျင်း 12နှစ်အရွယ် ကိုကို16နှစ်အရွယ်တွင်ဖြစ်သည်။
"ယူဂျင်းလေး မောင်လေးက ဂယူဗင်းနဲ့ရင်းနှီးတယ်မလားဟင် ဒီစာလေးပေးပေးပါ့လား မောင်လေးကို အစ်မ ပြန်ကျေးဇူးဆပ်ပါ့မယ်"
ကိုကိုကအထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီဖြစ်တာကြောင့် ကောင်မလေးတွေဝိုင်းဝိုင်းလည်နေသည်။
အခုလဲ ရှေ့မှ အစ်မကြီးတစ်ယောက်က ယူဂျင်းကိုအကူညီတောင်းနေခြင်းအား မနှစ်မြို့ပေမယ့် သည်းခံနေသည်။
"အစ်မက ကိုကို့ကိုကြိုက်တာလား"
စကားဟာ ကြားရတာတစ်မျိုးဖြစ်ပေမယ့် ယူဂျင်းကဒါတွေကိုဂရုစိုက်ရမည့်အရွယ်မဟုတ်သေးဟု ယူဆထား၏။
"ဟို ဟို.."
ရှေ့မှ မိတ်ကပ်အထူသားဖြင့် ဆံပင်ကောက်ကွေးနှင့်အစ်မကြီးမှာ တော်တော်နှင့် စကားဟာလိုရင်းမရောက်နိုင်။
"အစ်မ ယူဂျင်းရဲ့ကိုကို့ ကို သဘောကျပါတယ်"
ယူဂျင်းကို ကလေးတစ်ယောက်လို ချစ်စနိုးဖြင့် ပါးကိုလာဖဲ့၍ ပြောလာသူအစ်မကြီးကြောင့် ယူဂျင်း မှာ သတိမပြုမိပါဘဲ အစ်မကြီး၏လက်ကို ပုတ်ထုတ်လိုက်သည်။
ယူဂျင်းက အားပါ၍လား ထိုအစ်မကြီး ပျော့ညံ့၍လားတော့မသိ အနောက်သို့လဲကျသွားသည်။
လဲကျသွားသော အစ်မကြီးအား ယူဂျင်းသေချာကြည့်လျက်
"နံပါတ်(1)ကင်ခ်ဂယူဗင်းကို ကိုကိုလို့ခေါ်ခွင့်မရှိဘူး။
နံပါတ်(2)ကျွန်တော့်ပါးကို ထိခွင့်မရှိဘူး။
နံပါတ်(3)ကိုကို့ကို ပိုင်ဆိုင်ဖို့ စိတ်ကူးတောင်မယဥ်နဲ့ "
ပြောစရာရှိတာပြောပြီး ထိုအစ်မကြီးအားချန်ခဲ့၍လှည့်ထွက်လာခဲ့သည်။
လက်ထဲအတင်းထိုးထည့်ပေးသော စာအိတ်လေးအား တစ်စစီဖြစ်အောင် ဖိနပ်ဖြင့် ခြေမွှခဲ့သေးသည်။
သည်းခံနားထောင်နေတာ ကိုယ့်ပါးကိုလာထိခွင့်ပေးတာမျိုးမဟုတ်။
ကိုကိုကမှာထားသည်
'ယူဂျင်း ပါးဖောင်းဖောင်းလေးကို ဘယ်သူ့ကိုမှပေးမကိုင်ပါနဲ့'တဲ့
ယူဂျင်း၏ပါးအိအိလေးအား ကိုကို့ကိုအပိုင်ပေးထား၍ ကျန်တဲ့သူလာထိခွင့် တားမြစ်ထားသည်။
ကိုကို့ကိုသဘောကျနေသောအစ်မကြီးတွေမှာ တစ်ယောက်မက ယူဂျင်း အများအပြားကြုံခဲ့ရသည်။
ထိုအချိန်တိုင်း ယူဂျင်းက ကိုကိုမသိခင်ငြင်းလွှတ်သည်မှာ ပုံမှန်လိုဖြစ်နေသည်။
လူတွေကလဲခက်၏ ကိုကို့ကိုစာပေးတာများ ကိုကို့ညီ မင်ဟီးကတစ်ဆင့်ပေးတာမျိုးမဟုတ်ဘဲ သူ့ဆီကိုသာလာအကူအညီတောင်းကြသည်။
အကူအညီတောင်းတိုင်းလဲ ကိုယ်က ကူညီပေးမှာ မဟုတ်တာ သူတို့လဲသိထားရက်နှင့်။
ဒါတွေဟာ ယူဂျင်းအတွက်အထူးအဆန်းမဟုတ်ခဲ့။
ကိုကိုကလဲ ယူဂျင်းကိုဂရုစိုက်မြဲ ဦးစားပေးမြဲ ယူဂျင်းကလဲ ကိုကို့ကို ယုံကြည်အားကိုးမြဲဖြစ်သည်။
သို့ပေမယ့် တစ်နေ့တွင် ယူဂျင်းအတွက်ထူးဆန်းလာခဲ့၏။
အတွေးတွေဟာ ပုံမှန်လိုမတွေးနိုင်တော့တာဆိုပိုဖြစ်နိုင်သည်။
ထိုနေ့က အရင်လူတွေလိုဘဲ အစ်မကြီးတစ်ယောက်က ယူဂျင်းကိုစာတစ်စောင်ပေးလာခဲ့သည်။
ပုံမှန်လို ယူဂျင်းက ကလေးဆန်ဆန် ငြင်းလွှတ်ခဲ့ရာ ထိုအစ်မကြီးဆီမှ
"ဒါက ဂယူဗင်းအတွက်မဟုတ်ပါဘူး ယူဂျင်းလေးအတွက်ပါ စာကိုဆက်ဆက်ဖတ်ကြည့်နော်"
ယူဂျင်းနားမလည်သော အပြုံးတစ်ခုဖြင့် စာအား ယူဂျင်းလက်ထဲထည့်၍ ပြောလာသည်။
ယူဂျင်း ငြင်းမယ်လုပ်တော့ ထိုအစ်မကြီးကလစ်ခနဲထွက်သွားသည်။
ဘာဖြစ်ဖြစ် ယူဂျင်းမှာ အရာရာကိုနားလည်သဘောပေါက်ဖို့ကြိုးစားနေဆဲအရွယ်ဖြစ်တာကြောင့် အကြောင်းအရင်း သေချာမတွေးနိုင်ဘဲ စာကိုလက်ခံထားလိုက်သည်။
ထိုနေ့ ကျောင်းမှအိမ်ပြန်ရောက်၍ စာအားဖွင့်ဖတ်ကြည့်တဲ့အခါ
'ဂယူဗင်းက တစ်ချိန် မင်းဘဝထဲကထွက်သွားလိမ့်မယ်..
သူချစ်တဲ့လူ တွေ့သွားရင် မင်းကိုထားပစ်ခဲ့မှာ အဲဒါကြောင့် အများကြီးမစွဲလမ်းရင်ကောင်းမယ် ယူဂျင်း'
စာကတိုသည် ပြောချင်တဲ့အဓိပ္ပာယ်ကိုမသိပေမယ့် ယူဂျင်း၏မျက်လုံးထဲ
တစ်ကြောင်းတည်းသောစာကသာ အထပ်ထပ်အခါခါပေါ်နေသည်။
'တစ်ချိန် မင်းဘဝထဲကထွက်သွားလိမ့်မယ်'
ဘာကြောင့်ထွက်သွားမှာလဲ ဘယ်လိုပုံစံမျိုးနဲ့လဲ ထပ်ပြီး သူတစ်ယောက်တည်းအထီးကျန်နေရအုံးမှာလား..
ကိုကို့မှာ သူ့ထက်ပိုပြီးအရေးကြီးတာရှိနေပြီလား ဒါမှမဟုတ် ရှိလာမှာလား..
"အားးမရှိရပါဘူး ကိုကို ယူဂျင်းအနားကထွက်သွားလို့မရဘူး ယူဂျင်းကိုတစ်ယောက်တည်းချန်ခဲ့လို့မရဘူး!!!!"
အခန်းထဲတွင်တစ်ယောက်တည်း အရူးလေးလို အော်ဟစ်သောင်းကျန်း၍ ငိုနေခဲ့သည်။
ကြောက်ရွံ့စိတ်တွေကြောင့်လဲ ပိန်ပိန်သွယ်သွယ် ခန္ဒာကိုယ်လေးဟာ တုန်ယင်လျက်ရှိသည်။
12နှစ်အရွယ်တွင် ထိုခံစားချက်မှာ မပြောပြတတ်အောင်နာကျင်ခဲ့ရသည်။
အရာအားလုံးဟာ ပုံမှန်ဖြစ်နေပါရက်နှင့် ယူဂျင်း၏စိတ်ပိုင်းဆိုင်ရာတွင်တော့ ထိခိုက်မှုအနည်းငယ်ရှိခဲ့သည်။
ယူဂျင်းအခန်းမှာ အသံလုံတာကြောင့် ယူဂျင်းဘယ်လောက်အော်ငိုနေပါစေ ကိုကိုကြားနိုင်မည်မဟုတ်။
ထိုနေ့က အခန်းတွင်း တစ်ယောက်တည်း တစ်ညလုံးထိုင်ငိုနေမိတာကြောင့် မနက်ရောက်တော့ ယူဂျင်းနေမကောင်းဖြစ်တော့သည်။
ထို့ကြောင့် ကိုကို့မှာ ယူဂျင်းအနားတွင် ဂရုတစိူက်ပြုစုရတော့သည်။
ကိုကို ကပုံမှန်အတိုင်းပင် ယူဂျင်းကိုဂရုစိုက်ပေးနေခြင်းဖြစ်သည် ထိုအချိန် ယူဂျင်းစိတ်ထဲမှာတော့ ခဏတာအတွက်ဘဲလားဆိုတဲ့ သံသဃစိတ်လေးဝင်လာခဲ့သည်။
"ကိုကို..."
လက်သေးသွယ်သွယ်လေးမှ ဂယူ့လက်တွေကိုဆုတ်ကိုင်လာသည်။
"ပြောလေ ကလေး ကိုယ်ဘာလုပ်ပေးရမလဲ"
"ယူဂျင်းအနားက ထွက်မသွားနဲ့နော်"
မျက်ရည်စတွေနှင့် ပြောလာသော ကောင်လေးအား ကြည့်လျက် ဂယူ့မှာ စိတ်မကောင်းဖြစ်ရသည်။
ယူဂျင်း မကောင်းတဲ့အတွေးတွေနှင့်ပင်ပန်းခဲ့သည်လား။
ကိုကိုက အမြဲတမ်း ယူဂျင်းဘေးမှာရှိနေမှာမို့ အများကြီးအတွေးမလွန်ပါနဲ့ ကလေးရယ်....
"အွန်း ကိုကို လုံးဝထွက်မသွားဘူး ကတိပေးတယ်နော်ကလေးလေး"
ထိုနေ့မှစ၍ ယူဂျင်းမှာ ဂယူဗင်းနဲ့ပတ်သက်၍ ကြောက်စိတ်တွေပေါ်လာလျှင်နေမကောင်းဖြစ်တတ်လာသည်။ဂယူဗင်းနှင့်ပတ်သက်လာလျှင် နည်းနည်းလေးမှစိတ်ထိခိုက်မခံနိုင်တဲ့ကောင်လေးတစ်ယောက်ဖြစ်လာခဲ့သည်။
ထိုနေ့တွင် ကလေးစိတ်သက်သာစေရန် ကတိတွေတဖွဖွပေးခဲ့ပေမယ့် လက်ကို လွတ်ထွက်သွားမှာဆိုးသည့်အလား ဆွဲကိုင်ထားတာသည်မှာ တစ်ညလုံးပင်..
~~~~~~~~
"ကလေး ဘာတွေ အတွေးလွန်နေပြန်ပြီလဲကွာ.."
အရင်ကလိုခံစားရတာမှန်သမျှထုတ်ပြောတတ်တဲ့ ကလေးအစား ယခု16နှစ် ယူဂျင်းမှာ အရာရာ ကိုကြိတ်ခံစားလာခဲ့သည်။
ထုတ်ပြောပြလာတာမျိုး သိပ်မရှိတော့..
ယခုလဲ ဘာတွေခံစားနေရသည်မှန်း ဂယူမသိတော့ ဖြေရှင်းရန်ခက်၏။
"ဘာလဲ ကိုကိုက ယူဂျင်းနေမကောင်းတော့မပြုစုချင်တော့ဘူးလား "
စိတ်မကောင်းဖြစ်နေဟန် မျက်နှာကိုတစ်ဖက်လွှဲ၍ အသံတိုးလျလျနှင့်ပြောလာသူအား မပြုစုချင်တာမဟုတ်ဘဲ စိတ်ပူနေတာဖြစ်ကြောင်း ဘယ်လိုရှင်းပြရပါ့မလဲ..
"ကလေး ကိုယ်က စိတ်ပူနေတာလေကွာ ကလေးဝမ်းနည်းရင် ကိုယ်ဝမ်းနည်းပြီး ကလေးပျော်ရင် ကိုယ်လဲပျော်တယ်
အခုကလေးနေမကောင်းဖြစ်နေတာကို ကိုယ်ကဘယ်လိုစိတ်ချမ်းသာနိုင်မှာလဲ"
"ဒါပေမယ့်..."
"ဒါပေမယ့်ဆိုတာမရှိဘူး ကိုယ့်အတွက် ယူဂျင်းကသာအဓိက ဆိုတာ သံသဃမဝင်ရင်ကောင်းမယ်.."
ဘယ်အချိန်မဆို မင်းအနားမှာကိုယ်အမြဲရှိနေမှာမို့ ဘယ်အရာမဆို ကိုယ့်ကိုထုတ်ပြောလို့ရပါတယ် အမြဲတမ်း မင်းဘက်မှာကိုယ်ရှိတယ်ဆိုတာ သိတယ်မလား..။
**************
Words_1402
ကိုယ်က အချစ်လေးတို့ကိုအရမ်းအလိုလိုက်တာနော် ဒါကိုသိထားတယ်မလား..
အဲဒါကြောင့် Vote&Cmtလေးတော့ ပေးကြပါလို့
အဲဒါတွေမရရင် ကိုယ်စာဆက်မရေးနိုင်လို့ပါချင်
လိမ်မာရင် အချစ်ကလေးတို့အတွက်ကြည်းပါဘဲ🥺