Second life ( အချို့သောချစ်ခြ...

By moetharchel

120K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 32

1.5K 156 13
By moetharchel

Unicode


"ဖေဖေ……"

ကြားလိုက်ရတဲ့အသံသေးသေးလေးနဲ့ခပ်နွေးနွေးအထိအတွေ့လေးကြောင့်မှိုင်းညှို့ငိုနေရာကနေခေါင်းမော့ကြည့်မိတော့သူ့ရှေ့မှာဆောင့်ကြောင့်လေးထိုင်ကာငိုနေတဲ့သား။

"သားလေး……"

"ဖေဖေမငိုနဲ့လေ……အဟင့် ဖေဖေငိုရင်သားသားလည်းငိုချင်တယ်……"

မှိုင်းညှို့ပါးပေါ်ကမျက်ရည်စတွေကိုလက်သေးသေးလေးနဲ့ဖယ်သုတ်ပေးနေတဲ့သားကဘယ်လောက်တောင်သိတတ်လိုက်တာပါလိမ့်။ ရှေ့မှာရှိနေတဲ့သားကိုဆွဲဖက်ကာရင်ခွင်ထဲထည့်ထားလိုက်မိတော့သားကအရိပ်အကဲခတ်သလိုလေးကြည့်နေပြန်သေးသည်။

"ဖေဖေ……ဘာလို့ငိုတာလဲဟင် သားသားဘာလုပ်ပေးရမလဲ……"

မျက်နှာငယ်လေးနှင့်မေးလာတဲ့သားကိုခေါင်းအသာခါပြမိတော့သားကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာထပ်ငေးကြည့်နေပြန်လေ၏။
ဖေဖေ့အမှားတွေပါသားလေးရယ်……အကယ်၍ ဖေဖေသာမင်းdaddyကိုတန်ဖိုးထားပြီးချစ်ပေးခဲ့မိရင်…ဖေဖေတို့မိသားစုဘဝလေးကအခုအချိန်မှာပျော်စရာကောင်းနေမှာ……။

_____________________________________________


သဝဏ်နိုးလာတော့အချိန်က၈နာရီခွဲ။ ဘေးကိုကြည့်မိတော့ရင်ဘတ်ပေါ်ခေါင်းမှီအိပ်နေတဲ့ဒေါက်တာလေးကမရှိတော့သလို ၊ နှဖူးပေါ်မှာလည်းရေပတ်ဝတ်တစ်ခုကရောက်နေလေပြီ။ ဒေါက်တာ့လက်ချက်မှန်းသိနေပြီမို့နှဖူးပေါ်ကရေပတ်ဝတ်ကိုဆွဲဖယ်ကာခပ်ဖြေးဖြေးထထိုင်လိုက်တော့ကိုက်ခဲနေတဲ့ခန္ဓာကိုယ်ကလူကိုပါအားနည်းနေစေသလိုပင်။

"ဘာဖြစ်လို့လှဲမနေရတာလဲ……"

နှဖူးကိုလက်ညှိုးနှင့်လက်မသုံးကာဖိနှိပ်နေမိစဉ်ရုတ်တရက်ကြားလိုက်ရတဲ့အသံလေးကြောင့်မော့ကြည့်မိတော့လင်ဗန်းတစ်ချပ်ကိုင်ကာအခန်းထဲဝင်လာတဲ့ဒေါက်တာ။ မျက်မှောင်ကြီးကျုတ်လို့မျက်နှာကလည်းအရင်ကလိုမဟုတ်ဘဲတည်တင်းနေပြန်လေသေးသည်။
ဟား!……ဒေါက်တာ ခင်ဗျားကတော့လေ။

"အအေးဒဏ်မခံနိုင်ဘဲဘာကိစ္စနဲ့airconကိုမြှင့်ထားရတာလဲ……အခုတော့နေမကောင်းဖြစ်နေပြီမလား……"

ပြောပြောဆိုဆိုနှင့်အဆင်သင့်ယူလာသည့်အဝတ်သန့်သန့်တစ်ခုကိုယူကာဘယ်အချိန်ကတည်းကအခန်းထဲရောက်နေမှန်းမသိသည့်ရေဇလုံထဲကိုနှစ်လိုက်ပြီးသဝဏ့်ကိုစိုက်ကြည့်လာသည်။ သဝဏ်လက်ဆောင်ပေးထားသည့်ရွှေရောင်ကိုင်းလေးထောင့်မျက်မှန်လေးအောက်ကမျက်ဝန်းတွေကိုငေးကြည့်မိတော့ခပ်စူးစူးစိုက်ကြည့်လာပြန်ပုံကတကယ့်အသည်းယားစရာ။ ဘာပဲဖြစ်ဖြစ်ထပ်စနေရင်စိတ်ဆိုးတော့မယ့်ပုံရတာမို့အလိုက်တသိမျက်လုံးမှိတ်ပေးရင်းမျက်နှာကိုရှေ့တိုးပေးထားလိုက်တော့သည်။

"ဒီကောင်လေးကတော့…ပြောစကားကိုနားမထောင်ဘူး……"

ရေရွတ်နေမိပေမယ့်ရှေ့ကပြေပြစ်ချောမောသည့်မျက်နှာလေးအပေါ်သာရေစိုဝတ်နှင့်ခပ်ဖွဖွသုတ်ပေးနေမိသည်။ စိတ်ဆိုးယောင်ဆောင်နေပေမယ့်လို့ ထည်ဝါကောင်လေးကိုစိတ်မဆိုးမိဘူးဆိုတာကိုယ့်ကိုကိုယ်အသိဆုံးပင်။

မနက်ကထည်ဝါအိပ်ရာနိုးလာတော့ကိုယ်တွေပူကျစ်နေတဲ့အပြင်သတိလစ်မတတ်ဖြစ်နေတဲ့ကောင်လေးကိုတွေ့လိုက်ရတာမို့လူကပျာယာခတ်သွားခဲ့ရတာဒီကောင်လေးဘယ်သိပါလိမ့်မလဲ။
ဟင်း……ဒါကြောင့်ဒီအဆိုးလေးကိုအလျှော့ပေးလို့တော့မဖြစ် ၊ စိတ်ကိုတင်းထားမှဖြစ်မည်။
ဒါမှအဆိုးလေးနောက်မလုပ်ရဲတော့မှာ။

"မနက်စာစားဖို့ယူလာခဲ့ပေးမယ်……"

"ဒေါက်တာ……"

တိုးဖွဖွအသံလေးနဲ့အတူလက်ကိုဖမ်းဆွဲလာတဲ့ကောင်လေး။ ခပ်တည်တည်ပြန်စိုက်ကြည့်ပေးလိုက်တော့ခေါင်းလေးငုံ့သွားရှာသည်။

"ကျွန်တော်က…ဟို……ဒေါက်တာအိပ်ရတာအဆင်မပြေဖြစ်မှာစိုးတာနဲ့……"

"အင်း…ဆက်ပြော……"

လေသံခပ်မာမာနဲ့ပြန်ပြောလိုက်မိတော့မျက်နှာလေးနှင့်ခေါင်းငုံ့သွားပြန်တာမို့လူကစိတ်မကောင်းမိပြန်။
ကောင်လေးရယ်…မင်းကတော့လေမဆူရက်အောင်လုပ်နေပြန်ပါပြီ……။

"ကောင်လေး……"

ရှည်သွယ်သွယ်လက်လေးနှစ်ဖက်ကိုပြန်ဆုပ်ကိုင်ကာခေါ်ဝေါ်မိပေမယ့် ကောင်လေးကခေါင်းငုံ့ထားဆဲပင်ဖြစ်တာကြောင့် လက်တစ်ဖက်ဖြင့်မေးဖျားလေးကနေဆွဲကိုင်ကာအကြည့်ချင်းဆုံစေလိုက်ရင်း

"ကိုယ်မင်းကိုစိတ်မဆိုးပါဘူး……ဒီကိုကိုကဟောဒီ့ကကိုကို့ကလေးလေးကိုစိတ်ဆိုးစရာလား ဟင်……"

"ဒါပေမယ့်……ခုနကကျတော့ဒေါက်တာ့ပုံစံကြီးကစိတ်ဆိုးနေသလိုပုံစံမျိုးလေ……"

မကျေနပ်သလိုပုံစံလေးနှင့်ပြန်ပြောနေတဲ့ကောင်လေးကြောင့်ထည်ဝါ့မှာရယ်ချင်စိတ်ကိုမနည်းထိန်းထားလိုက်ရသည်။ နေမကောင်းရင်အားငယ်တတ်တဲ့ကလေးကအခုတော့ထည်ဝါ့ကြောင့်နေမကောင်းတိုင်းရစ်တတ်တဲ့ကလေးကြီးဖြစ်လာပြီထင်ပါရဲ့။
ဘယ်လိုပဲနေနေအချစ်ပိုရသူကကိုယ်ပဲမဟုတ်လား……။

"မဆိုးပါဘူးဗျာ……ကိုကို့ကလေးလေးကိုဘယ်တုန်းကမှစိတ်မဆိုးဘူး……ပြီးတော့………"

"ပြီးတော့ဘာဖြစ်လဲဒေါက်တာ……"

ထည်ဝါ့မျက်ဝန်းထဲကိုပြန်လည်စူးစိုက်ကြည့်လာသည့်မျက်ဝန်းနက်တွေကြားစကားတစ်ချို့ကရပ်တန့်လို့နေပြန်ပါ၏။ ပြောဖို့စိတ်ကူးယဉ်ခဲ့မှုပေါင်းမနည်းတော့ပေမယ့်တကယ်တမ်းလက်တွေ့မှာကျဒီကလေးရှေ့ရောက်တိုင်းစီရီထားသမျှစကားလုံးတွေကပျောက်ကွယ်သွားရပြန်မြဲပင်။
' ချစ်တယ် '  ဆိုတဲ့စကားလုံးလေးက ဒီလောက်အထိပြောရခက်ခဲ့မှန်းထည်ဝါမသိခဲ့ရိုးအမှန်……။

"ကိုယ်…ကိုယ်ဆေးသွားယူလိုက်အုံးမယ်……မနက်စာစားထားနှင့်နော်……"

ထစ်ထစ်ငေါ့ငေါ့နှင့်ပြောဆိုကာထွက်သွားဖို့ဟန်ပြင်နေသည့်ဒေါက်တာ့လက်တစ်ဖက်ကိုဖမ်းဆွဲထားလိုက်တော့မျက်လုံးအဝိုက်းသားလေးနှင့်ပြန်လှည့်ကြည့်လာသည်။
ဘာရုပ်လေးလဲခင်ဗျားရာ……။

"မနက်စာကဘယ်မှာလဲ……"

"ဟို…ဟိုမှာလေ……လင်ဗန်းထဲမှာစားပွဲပေါ်က……"

စကားတွေပါအစီအငေါ်မတည့်တော့တဲ့ဒေါက်တာလေးကြောင့်သဝဏ်စချင်စိတ်ကထိန်းမရတော့။ ဒေါက်တာ့လက်ကိုလွှတ်ပေးကာကလေးဆန်ဆန်လေးပြုံးပြလိုက်ရင်း

"သြော်……ဟုတ်ကဲ့ကိုကို……"

မျက်နှာတွေနီရဲကာပြန်စိုက်ကြည့်လာပြီးမှအခန်းထဲကနေမပြေးရုံတမယ်ထွက်သွားတဲ့ဒေါက်တာ့ကြောင့်သဝဏ်တဟားဟားအော်ရယ်နေမိတော့သည်။
ရှက်တာလေးကလည်း…တစ်မျိုးတော့ချစ်စရာကောင်းသားနော်ဒေါက်တာ……။


_____________________________________________


လင်းလက်တစ်ယောက်ခပ်မြန်မြန်မျက်နှာသစ်ကာအဝတ်အစားတောင်မလဲနိုင်ဘဲထမင်းစားခန်းဆီကိုသာပြန်လာခဲ့လိုက်သည်။ ထမင်းစားခန်းထဲရောက်သည်နှင့်အပြုံးလေးတစ်ပွင့်နှင့်ဆီးကြိုနေသောထူးထက်စေနှင့်အတူမြင်လိုက်ရတာကစားပွဲပေါ်မှာရှိနေတဲ့ဟင်းပွဲမျိုးစုံကိုပင်။
ဒီကောင်လေးဒီလောက်ဟင်းတွေအများကြီးကိုဘယ်အချိန်ကတည်းကထချက်ထားတာပါလိမ့်……။

"ကိုကိုမနက်စာစားတော့မလား……"

အတွေးဘယ်လောက်များနေမိမှန်းမသိ ၊ ထူးထက်စေဘက်ကစကားစလာမှသာလူကသတိဝင်မိသည့်အဖြစ်။ ထိုင်ခုံမှာနေရာတကျဝင်ထိုင်လိုက်တော့ အနောက်တိုင်းဆန်ဆန်ဟင်းမျိုးစုံကိုလင်းလက်ပန်းကန်ထဲခပ်ထည့်ပေးလာပြန်သည်။

"ဒီလောက်အများကြီးငါကဘယ်လိုစားရတော့မှာလဲ……"

လေသံမာမာနှင့်ပြောလိုက်တော့အားနာသွားသည့်အလားပြန်ငေးကြည့်လာသည်။ မျက်နှာငယ်လေးခေါင်းလေးငုံ့သွားပြန်တာကြောင့်နည်းနည်းတော့အားနာမိသွားပေမယ့်လို့လင်းလက်မသိချင်ယောင်သာဆောင်လိုက်မိတယ်။တကယ်လည်းဟင်းတွေကမနည်းမနောဖြစ်နေပြီပဲကို……။

"ကျွန်တော်က…ကိုကို့ကိုစားစေချင်လို့ပါ……"

ကြားလိုက်ရတဲ့ခပ်တိုးတိုးအသံလေးကြောင့်ပန်းကန်ထဲကဟင်းတစ်ခုကိုတစ်ဇွန်းခပ်ကာယူစားလိုက်မိတော့အေးတိအေးစက်အရသာကစိတ်မကြည်ဖြစ်နေတဲ့လင်းလက်ကိုပိုဒေါသထွက်စေပြန်သည်။

"ကျစ်!……မင်းဘယ်လိုချက်လာတာလဲ……"

"ဗျာ……ဟို အေးသွားလို့ကိုကိုစားလို့အဆင်မပြေတော့တာနေမယ်……ကျွန်တော်ကော်ဖီဖျော်ထားတယ် သောက်လိုက်နော်……"

သူ့ဘာသာပြောချင်ရာပြောပြီးပန်းကန်ကိုဆွဲဖယ်ကာကော်ဖီခွက်ကိုကမ်းပေးလာတာကြောင့်

"ငါကော်ဖီမကြိုက်ဘူး……"

' ခွမ်း ' 

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့်ဘေးကိုကြည့်မိတော့ကော်ဖီခွက်အကွဲစတွေကိုပြန်ကောက်နေတဲ့ချာတိတ်။ ခေါင်းလေးငုံ့ကာဖန်ကွဲစတွေကိုပြန်ကောက်နေတဲ့ဒီကောင်လေးရဲ့ပုံစံကအသိစိတ်လွတ်နေလေသလိုလို။

"ထူးထက်စေ……"

"ရ…ရတယ်ကိုကို……ကျွန်တော်ပြန်ရှင်းလိုက်မယ်……"

ခေါင်းငုံ့ရင်းသာတုံ့ပြန်လာတဲ့ချာတိတ်ပုံစံကတစ်ခုခုဖြစ်နေမှန်းသိသာနေတာမို့လက်တစ်ဖက်နှင့်မျက်နှာလေးကိုဆွဲမော့စေလိုက်တော့ မြင်လိုက်ရတဲ့မျက်ဝန်းတစ်စုံကခါတိုင်းနှင့်မတူဘဲမျက်ရည်စတစ်ချို့နှင့်ပင်။ တုန်လှုပ်နေပုံရတဲ့ကောင်လေးရဲ့ပုံစံကထူးဆန်းနေလေပေမယ့် ကိုယ့်ကြောင့်ထိခိုက်သွားရတာကိုတွေးမိတော့ရင်ထဲမကောင်းပြန်။

"ဘာဖြစ်လို့ငိုနေရတာတုန်းကွာ……"

လင်းလက်ကိုယ်တိုင်ပင်မသိလိုက်ခင်မှာပဲမျက်ရည်စတွေကိုသုတ်ပေးမိလျက်သား။ ရင်ထဲကစူးနစ်နစ်ခံစားချက်ကဘာဖြစ်လို့မှန်းတော့သေချာမသိပေမယ့် ဒီကောင်လေးရဲ့မျက်ရည်တွေကြောင့်ဆိုတာတော့ကျ်န်းသေသည်။

"ကိုယ်မေးတာဖြေလေ……"

"ဘာမှမဖြစ်ပါဘူးကိုကိုရဲ့……ကျွန်တော်အဆင်ပြေပါတယ်……"

ခေါင်းအသာခါပြကာပြောလာတဲ့ကောင်လေးကိုထုရိုက်ပြီးမေးပစ်ချင်ပေမယ့်လို့လင်းလက်မြင်ကွင်းထဲရောက်လာတဲ့သွေးစတွေပေကျံနေသည့်လက်တစ်စုံကြောင့်သက်ပြင်းချကာသာစိတ်လျှော့လိုက်ရသည်။

"ငါဆေးသေတ္တာသွားယူလိုက်အုံးမယ်……ဧည့်ခန်းထဲမှာထိုင်စောင့်နေ ဟုတ်ပြီလား……"

ဆူချင်တိုင်းဆူပြီးထမင်းစားခန်းထဲကနေထွက်သွားတဲ့ကိုကို့ကိုကြည့်ရင်းထူးထက်စေရဲ့အပြုံးကလည်းလှစ်ခနဲ။ တကယ်တော့ကိုကိုကလက်ကိုထိရုံလေးထိလိုက်တာမို့ကော်ဖီကကွဲဖို့မပြောနှင့်လှုပ်တောင်မလှုပ်တာပါ။ ဒါပေမယ့်လည်းဘယ်လိုပဲဖြစ်ဖြစ်ကိုကို့ကြင်နာမှုကိုရမှဖြစ်မှာဆိုတော့အပူအလောင်ခံပြီးတမင်တကာကိုလွှတ်ချလိုက်ရတော့တာပေါ့။

ဖန်ကွဲစတွေကိုတမင်ဆုပ်ကိုင်ကာလုပ်ယူထားခဲ့ရသည့်ဒဏ်ရာကိုသွေးပိုထွက်အောင်တမင်ဖိညှစ်ထားလိုက်တော့နာကျင်မှုကဆစ်ခနဲ။
ဒါပေမယ့်လည်းဒါတွေကကိုကို့လောက်မှအရေးမကြီးတာပဲလေ။ ကိုကို့လိုဒေါက်တာလေးက ကျွန်တော့်ကိုလူဆိုးလေးကိုပြန်ချစ်လာဖို့ဆိုရင်ကျွန်တော်ကဒီလောက်တော့မာယာသုံးတတ်ရမှာပေါ့။

"အဟက်!……ဒီမိတ်ကပ်ကတကယ်မဆိုးဘူးပဲ……"

ဧည့်ခန်းဘက်ကိုအသွားရုတ်တရက်မှန်ထဲမှာမြင်လိုက်ရတဲ့ပုံရိပ်ကြောင့်လူကကျေနပ်ကာရေရွတ်မိခြင်း။ မျက်နှာကိုခပ်ဖွဖွထိကိုက်မိတော့မိတ်ကပ်သားကြောင့်ဖြူဖျော့နေတဲ့အသားအရည်နှင့်ညိုမဲနေတဲ့မျက်ကွင်းတွေကထင်းလို့။ ပုံမှန်ဆိုနေမကောင်းရင်တောင်လုမမာလိုနေရတာသဘောမကျတဲ့သူကအခုတော့အချစ်ကြောင့်နဲ့အလတ်ကြီးကနေလူမမာယောင်ဆောင်နေရပါရောလား။

ဟား…ဘာပဲဖြစ်ဖြစ်ပါလေ……ဒီပုံစံနဲ့ဆိုရင်တော့ဒေါက်တာကိုကိုလေးရဲ့ထာဝရလူနာလေးဖြစ်လို့ရလောက်ပြီထင်ပါရဲ့……။






#################################

Zawgyi


"ေဖေဖ……"

ၾကားလိုက္ရတဲ႕အသံေသးေသးေလးနဲ႕ခပ္ေႏြးေႏြးအထိအေတြ႕ေလးေၾကာင့္မွိဳင္းညိွဳ႕ငိုေနရာကေနေခါင္းေမာ့ၾကည့္မိေတာ့သူ႕ေရွ႕မွာေဆာင့္ေၾကာင့္ေလးထိုင္ကာငိုေနတဲ႕သား။

"သားေလး……"

"ေဖေဖမငိုနဲ႕ေလ……အဟင့္ ေဖေဖငိုရင္သားသားလည္းငိုခ်င္တယ္……"

မွိဳင္းညိွဳ႕ပါးေပၚကမ်က္ရည္စေတြကိုလက္ေသးေသးေလးနဲ႕ဖယ္သုတ္ေပးေနတဲ႕သားကဘယ္ေလာက္ေတာင္သိတတ္လိုက္တာပါလိမ့္။ ေရွ႕မွာရွိေနတဲ႕သားကိုဆြဲဖက္ကာရင္ခြင္ထဲထည့္ထားလိုက္မိေတာ့သားကအရိပ္အကဲခတ္သလိုေလးၾကည့္ေနျပန္ေသးသည္။

"ေဖေဖ……ဘာလို႕ငိုတာလဲဟင္ သားသားဘာလုပ္ေပးရမလဲ……"

မ်က္ႏွာငယ္ေလးႏွင့္ေမးလာတဲ႕သားကိုေခါင္းအသာခါျပမိေတာ့သားကမ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ကာထပ္ေငးၾကည့္ေနျပန္ေလ၏။
ေဖေဖ့အမွားေတြပါသားေလးရယ္……အကယ္၍ ေဖေဖသာမင္းdaddyကိုတန္ဖိုးထားျပီးခ်စ္ေပးခဲ႕မိရင္…ေဖေဖတို႕မိသားစုဘဝေလးကအခုအခ်ိန္မွာေပ်ာ္စရာေကာင္းေနမွာ……။

_____________________________________________


သဝဏ္နိုးလာေတာ့အခ်ိန္က၈နာရီခြဲ။ ေဘးကိုၾကည့္မိေတာ့ရင္ဘတ္ေပၚေခါင္းမွီအိပ္ေနတဲ႕ေဒါက္တာေလးကမရွိေတာ့သလို ၊ ႏွဖူးေပၚမွာလည္းေရပတ္ဝတ္တစ္ခုကေရာက္ေနေလျပီ။ ေဒါက္တာ့လက္ခ်က္မွန္းသိေနျပီမို႕ႏွဖူးေပၚကေရပတ္ဝတ္ကိုဆြဲဖယ္ကာခပ္ေျဖးေျဖးထထိုင္လိုက္ေတာ့ကိုက္ခဲေနတဲ႕ခႏၶာကိုယ္ကလူကိုပါအားနည္းေနေစသလိုပင္။

"ဘာျဖစ္လို႕လွဲမေနရတာလဲ……"

နွဖူးကိုလက္ညိွဳးႏွင့္လက္မသံုးကာဖိႏွိပ္ေနမိစဥ္ရုတ္တရက္ၾကားလိုက္ရတဲ႕အသံေလးေၾကာင့္ေမာ့ၾကည့္မိေတာ့လင္ဗန္းတစ္ခ်ပ္ကိုင္ကာအခန္းထဲဝင္လာတဲ႕ေဒါက္တာ။ မ်က္ေမွာင္ၾကီးက်ဳတ္လို႕မ်က္ႏွာကလည္းအရင္ကလိုမဟုတ္ဘဲတည္တင္းေနျပန္ေလေသးသည္။
ဟား!……ေဒါက္တာ ခင္ဗ်ားကေတာ့ေလ။

"အေအးဒဏ္မခံနိုင္ဘဲဘာကိစၥနဲ႕airconကိုျမွင့္ထားရတာလဲ……အခုေတာ့ေနမေကာင္းျဖစ္ေနျပီမလား……"

ေျပာေျပာဆိုဆိုႏွင့္အဆင္သင့္ယူလာသည့္အဝတ္သန္႕သန္႕တစ္ခုကိုယူကာဘယ္အခ်ိန္ကတည္းကအခန္းထဲေရာက္ေနမွန္းမသိသည့္ေရဇလံုထဲကိုႏွစ္လိုက္ျပီးသဝဏ့္ကိုစိုက္ၾကည့္လာသည္။ သဝဏ္လက္ေဆာင္ေပးထားသည့္ေရႊေရာင္ကိုင္းေလးေထာင့္မ်က္မွန္ေလးေအာက္ကမ်က္ဝန္းေတြကိုေငးၾကည့္မိေတာ့ခပ္စူးစူးစိုက္ၾကည့္လာျပန္ပံုကတကယ့္အသည္းယားစရာ။ ဘာပဲျဖစ္ျဖစ္ထပ္စေနရင္စိတ္ဆိုးေတာ့မယ့္ပံုရတာမို႕အလိုက္တသိမ်က္လံုးမွိတ္ေပးရင္းမ်က္ႏွာကိုေရွ႕တိုးေပးထားလိုက္ေတာ့သည္။

"ဒီေကာင္ေလးကေတာ့…ေျပာစကားကိုနားမေထာင္ဘူး……"

ေရရြတ္ေနမိေပမယ့္ေရွ႕ကေျပျပစ္ေခ်ာေမာသည့္မ်က္ႏွာေလးအေပၚသာေရစိုဝတ္ႏွင့္ခပ္ဖြဖြသုတ္ေပးေနမိသည္။ စိတ္ဆိုးေယာင္ေဆာင္ေနေပမယ့္လို႕ ထည္ဝါေကာင္ေလးကိုစိတ္မဆိုးမိဘူးဆိုတာကိုယ့္ကိုကိုယ္အသိဆံုးပင္။

မနက္ကထည္ဝါအိပ္ရာနိုးလာေတာ့ကိုယ္ေတြပူက်စ္ေနတဲ႕အျပင္သတိလစ္မတတ္ျဖစ္ေနတဲ႕ေကာင္ေလးကိုေတြ႕လိုက္ရတာမို႕လူကပ်ာယာခတ္သြားခဲ႕ရတာဒီေကာင္ေလးဘယ္သိပါလိမ့္မလဲ။
ဟင္း……ဒါေၾကာင့္ဒီအဆိုးေလးကိုအေလွ်ာ့ေပးလို႕ေတာ့မျဖစ္ ၊ စိတ္ကိုတင္းထားမွျဖစ္မည္။
ဒါမွအဆိုးေလးေနာက္မလုပ္ရဲေတာ့မွာ။

"မနက္စာစားဖို႕ယူလာခဲ႕ေပးမယ္……"

"ေဒါက္တာ……"

တိုးဖြဖြအသံေလးနဲ႕အတူလက္ကိုဖမ္းဆြဲလာတဲ႕ေကာင္ေလး။ ခပ္တည္တည္ျပန္စိုက္ၾကည့္ေပးလိုက္ေတာ့ေခါင္းေလးငံု႕သြားရွာသည္။

"ကြ်န္ေတာ္က…ဟို……ေဒါက္တာအိပ္ရတာအဆင္မေျပျဖစ္မွာစိုးတာနဲ႕……"

"အင္း…ဆက္ေျပာ……"

ေလသံခပ္မာမာနဲ႕ျပန္ေျပာလိုက္မိေတာ့မ်က္ႏွာေလးနွင့္ေခါင္းငံု႕သြားျပန္တာမို႕လူကစိတ္မေကာင္းမိျပန္။
ေကာင္ေလးရယ္…မင္းကေတာ့ေလမဆူရက္ေအာင္လုပ္ေနျပန္ပါျပီ……။

"ေကာင္ေလး……"

ရွည္သြယ္သြယ္လက္ေလးႏွစ္ဖက္ကိုျပန္ဆုပ္ကိုင္ကာေခၚေဝၚမိေပမယ့္ ေကာင္ေလးကေခါင္းငံု႕ထားဆဲပင္ျဖစ္တာေၾကာင့္ လက္တစ္ဖက္ျဖင့္ေမးဖ်ားေလးကေနဆြဲကိုင္ကာအၾကည့္ခ်င္းဆံုေစလိုက္ရင္း

"ကိုယ္မင္းကိုစိတ္မဆိုးပါဘူး……ဒီကိုကိုကေဟာဒီ႕ကကိုကို႕ကေလးေလးကိုစိတ္ဆိုးစရာလား ဟင္……"

"ဒါေပမယ့္……ခုနကက်ေတာ့ေဒါက္တာ့ပံုစံၾကီးကစိတ္ဆိုးေနသလိုပံုစံမ်ိဳးေလ……"

မေက်နပ္သလိုပံုစံေလးႏွင့္ျပန္ေျပာေနတဲ႕ေကာင္ေလးေၾကာင့္ထည္ဝါ့မွာရယ္ခ်င္စိတ္ကိုမနည္းထိန္းထားလိုက္ရသည္။ ေနမေကာင္းရင္အားငယ္တတ္တဲ႕ကေလးကအခုေတာ့ထည္ဝါ့ေၾကာင့္ေနမေကာင္းတိုင္းရစ္တတ္တဲ႕ကေလးၾကီးျဖစ္လာျပီထင္ပါရဲ႕။
ဘယ္လိုပဲေနေနအခ်စ္ပိုရသူကကိုယ္ပဲမဟုတ္လား……။

"မဆိုးပါဘူးဗ်ာ……ကိုကို႕ကေလးေလးကိုဘယ္တုန္းကမွစိတ္မဆိုးဘူး……ျပီးေတာ့………"

"ျပီးေတာ့ဘာျဖစ္လဲေဒါက္တာ……"

ထည္ဝါ့မ်က္ဝန္းထဲကိုျပန္လည္စူးစိုက္ၾကည့္လာသည့္မ်က္ဝန္းနက္ေတြၾကားစကားတစ္ခ်ိဳ႕ကရပ္တန္႕လို႕ေနျပန္ပါ၏။ ေျပာဖို႕စိတ္ကူးယဥ္ခဲ႔မွဳေပါင္းမနည္းေတာ့ေပမယ့္တကယ္တမ္းလက္ေတြ႕မွာက်ဒီကေလးေရွ႕ေရာက္တိုင္းစီရီထားသမွ်စကားလံုးေတြကေပ်ာက္ကြယ္သြားရျပန္ျမဲပင္။
' ခ်စ္တယ္ '  ဆိုတဲ႕စကားလံုးေလးက ဒီေလာက္အထိေျပာရခက္ခဲ႕မွန္းထည္ဝါမသိခဲ႔ရိုးအမွန္……။

"ကိုယ္…ကိုယ္ေဆးသြားယူလိုက္အံုးမယ္……မနက္စာစားထားႏွင့္ေနာ္……"

ထစ္ထစ္ေငါ့ေငါ့ႏွင့္ေျပာဆိုကာထြက္သြားဖို႕ဟန္ျပင္ေနသည့္ေဒါက္တာ့လက္တစ္ဖက္ကိုဖမ္းဆြဲထားလိုက္ေတာ့မ်က္လံုးအဝိုက္းသားေလးႏွင့္ျပန္လွည့္ၾကည့္လာသည္။
ဘာရုပ္ေလးလဲခင္ဗ်ားရာ……။

"မနက္စာကဘယ္မွာလဲ……"

"ဟို…ဟိုမွာေလ……လင္ဗန္းထဲမွာစားပြဲေပၚက……"

စကားေတြပါအစီအေငၚမတည့္ေတာ့တဲ႕ေဒါက္တာေလးေၾကာင့္သဝဏ္စခ်င္စိတ္ကထိန္းမရေတာ့။ ေဒါက္တာ့လက္ကိုလႊတ္ေပးကာကေလးဆန္ဆန္ေလးျပံဳးျပလိုက္ရင္း

"ေၾသာ္……ဟုတ္ကဲ႕ကိုကို……"

မ်က္ႏွာေတြနီရဲကာျပန္စိုက္ၾကည့္လာျပီးမွအခန္းထဲကေနမေျပးရံုတမယ္ထြက္သြားတဲ႕ေဒါက္တာ့ေၾကာင့္သဝဏ္တဟားဟားေအာ္ရယ္ေနမိေတာ့သည္။
ရွက္တာေလးကလည္း…တစ္မ်ိဳးေတာ့ခ်စ္စရာေကာင္းသားေနာ္ေဒါက္တာ……။


_____________________________________________


လင္းလက္တစ္ေယာက္ခပ္ျမန္ျမန္မ်က္ႏွာသစ္ကာအဝတ္အစားေတာင္မလဲနိုင္ဘဲထမင္းစားခန္းဆီကိုသာျပန္လာခဲ႕လိုက္သည္။ ထမင္းစားခန္းထဲေရာက္သည္ႏွင့္အျပံဳးေလးတစ္ပြင့္ႏွင့္ဆီးၾကိဳေနေသာထူးထက္ေစႏွင့္အတူျမင္လိုက္ရတာကစားပြဲေပၚမွာရွိေနတဲ႕ဟင္းပြဲမ်ိဳးစံုကိုပင္။
ဒီေကာင္ေလးဒီေလာက္ဟင္းေတြအမ်ားၾကီးကိုဘယ္အခ်ိန္ကတည္းကထခ်က္ထားတာပါလိမ့္……။

"ကိုကိုမနက္စာစားေတာ့မလား……"

အေတြးဘယ္ေလာက္မ်ားေနမိမွန္းမသိ ၊ ထူးထက္ေစဘက္ကစကားစလာမွသာလူကသတိဝင္မိသည့္အျဖစ္။ ထိုင္ခံုမွာေနရာတက်ဝင္ထိုင္လိုက္ေတာ့ အေနာက္တိုင္းဆန္ဆန္ဟင္းမ်ိဳးစံုကိုလင္းလက္ပန္းကန္ထဲခပ္ထည့္ေပးလာျပန္သည္။

"ဒီေလာက္အမ်ားၾကီးငါကဘယ္လိုစားရေတာ့မွာလဲ……"

ေလသံမာမာႏွင့္ေျပာလိုက္ေတာ့အားနာသြားသည့္အလားျပန္ေငးၾကည့္လာသည္။ မ်က္ႏွာငယ္ေလးေခါင္းေလးငံု႕သြားျပန္တာေၾကာင့္နည္းနည္းေတာ့အားနာမိသြားေပမယ့္လို႕လင္းလက္မသိခ်င္ေယာင္သာေဆာင္လိုက္မိတယ္။တကယ္လည္းဟင္းေတြကမနည္းမေနာျဖစ္ေနျပီပဲကို……။

"ကြ်န္ေတာ္က…ကိုကို႕ကိုစားေစခ်င္လို႕ပါ……"

ၾကားလိုက္ရတဲ႕ခပ္တိုးတိုးအသံေလးေၾကာင့္ပန္းကန္ထဲကဟင္းတစ္ခုကိုတစ္ဇြန္းခပ္ကာယူစားလိုက္မိေတာ့ေအးတိေအးစက္အရသာကစိတ္မၾကည္ျဖစ္ေနတဲ႕လင္းလက္ကိုပိုေဒါသထြက္ေစျပန္သည္။

"က်စ္!……မင္းဘယ္လိုခ်က္လာတာလဲ……"

"ဗ်ာ……ဟို ေအးသြားလို႕ကိုကိုစားလို႕အဆင္မေျပေတာ့တာေနမယ္……ကြ်န္ေတာ္ေကာ္ဖီေဖ်ာ္ထားတယ္ ေသာက္လိုက္ေနာ္……"

သူ႕ဘာသာေျပာခ်င္ရာေျပာျပီးပန္းကန္ကိုဆြဲဖယ္ကာေကာ္ဖီခြက္ကိုကမ္းေပးလာတာေၾကာင့္

"ငါေကာ္ဖီမၾကိဳက္ဘူး……"

' ခြမ္း ' 

ရုတ္တရက္ၾကားလိုက္ရတဲ႕အသံေၾကာင့္ေဘးကိုၾကည့္မိေတာ့ေကာ္ဖီခြက္အကြဲစေတြကိုျပန္ေကာက္ေနတဲ႕ခ်ာတိတ္။ ေခါင္းေလးငံု႕ကာဖန္ကြဲစေတြကိုျပန္ေကာက္ေနတဲ႕ဒီေကာင္ေလးရဲ႕ပံုစံကအသိစိတ္လြတ္ေနေလသလိုလို။

"ထူးထက္ေစ……"

"ရ…ရတယ္ကိုကို……ကြ်န္ေတာ္ျပန္ရွင္းလိုက္မယ္……"

ေခါင္းငံု႕ရင္းသာတံု႕ျပန္လာတဲ႕ခ်ာတိတ္ပံုစံကတစ္ခုခုျဖစ္ေနမွန္းသိသာေနတာမို႕လက္တစ္ဖက္ႏွင့္မ်က္ႏွာေလးကိုဆြဲေမာ့ေစလိုက္ေတာ့ ျမင္လိုက္ရတဲ႕မ်က္ဝန္းတစ္စံုကခါတိုင္းႏွင့္မတူဘဲမ်က္ရည္စတစ္ခ်ိဳ႕ႏွင့္ပင္။ တုန္လွဳပ္ေနပံုရတဲ႕ေကာင္ေလးရဲ႕ပံုစံကထူးဆန္းေနေလေပမယ့္ ကိုယ့္ေၾကာင့္ထိခိုက္သြားရတာကိုေတြးမိေတာ့ရင္ထဲမေကာင္းျပန္။

"ဘာျဖစ္လို႕ငိုေနရတာတုန္းကြာ……"

လင္းလက္ကိုယ္တိုင္ပင္မသိလိုက္ခင္မွာပဲမ်က္ရည္စေတြကိုသုတ္ေပးမိလ်က္သား။ ရင္ထဲကစူးနစ္နစ္ခံစားခ်က္ကဘာျဖစ္လို႕မွန္းေတာ့ေသခ်ာမသိေပမယ့္ ဒီေကာင္ေလးရဲ႕မ်က္ရည္ေတြေၾကာင့္ဆိုတာေတာ့က်္န္းေသသည္။

"ကိုယ္ေမးတာေျဖေလ……"

"ဘာမွမျဖစ္ပါဘူးကိုကိုရဲ႕……ကြ်န္ေတာ္အဆင္ေျပပါတယ္……"

ေခါင္းအသာခါျပကာေျပာလာတဲ႕ေကာင္ေလးကိုထုရိုက္ျပီးေမးပစ္ခ်င္ေပမယ့္လို႕လင္းလက္ျမင္ကြင္းထဲေရာက္လာတဲ႕ေသြးစေတြေပက်ံေနသည့္လက္တစ္စံုေၾကာင့္သက္ျပင္းခ်ကာသာစိတ္ေလွ်ာ့လိုက္ရသည္။

"ငါေဆးေသတၲာသြားယူလိုက္အံုးမယ္……ဧည့္ခန္းထဲမွာထိုင္ေစာင့္ေန ဟုတ္ျပီလား……"

ဆူခ်င္တိုင္းဆူျပီးထမင္းစားခန္းထဲကေနထြက္သြားတဲ႕ကိုကို႕ကိုၾကည့္ရင္းထူးထက္ေစရဲ႕အျပံဳးကလည္းလွစ္ခနဲ။ တကယ္ေတာ့ကိုကိုကလက္ကိုထိရံုေလးထိလိုက္တာမို႕ေကာ္ဖီကကြဲဖို႕မေျပာႏွင့္လွဳပ္ေတာင္မလွဳပ္တာပါ။ ဒါေပမယ့္လည္းဘယ္လိုပဲျဖစ္ျဖစ္ကိုကို႕ၾကင္နာမွဳကိုရမွျဖစ္မွာဆိုေတာ့အပူအေလာင္ခံျပီးတမင္တကာကိုလႊတ္ခ်လိုက္ရေတာ့တာေပါ့။

ဖန္ကြဲစေတြကိုတမင္ဆုပ္ကိုင္ကာလုပ္ယူထားခဲ႕ရသည့္ဒဏ္ရာကိုေသြးပိုထြက္ေအာင္တမင္ဖိညွစ္ထားလိုက္ေတာ့နာက်င္မွဳကဆစ္ခနဲ။
ဒါေပမယ့္လည္းဒါေတြကကိုကို႕ေလာက္မွအေရးမၾကီးတာပဲေလ။ ကိုကို႕လိုေဒါက္တာေလးက ကြ်န္ေတာ့္ကိုလူဆိုးေလးကိုျပန္ခ်စ္လာဖို႕ဆိုရင္ကြ်န္ေတာ္ကဒီေလာက္ေတာ့မာယာသံုးတတ္ရမွာေပါ့။

"အဟက္!……ဒီမိတ္ကပ္ကတကယ္မဆိုးဘူးပဲ……"

ဧည့္ခန္းဘက္ကိုအသြားရုတ္တရက္မွန္ထဲမွာျမင္လိုက္ရတဲ႕ပံုရိပ္ေၾကာင့္လူကေက်နပ္ကာေရရြတ္မိျခင္း။ မ်က္ႏွာကိုခပ္ဖြဖြထိကိုက္မိေတာ့မိတ္ကပ္သားေၾကာင့္ျဖဴေဖ်ာ့ေနတဲ႕အသားအရည္ႏွင့္ညိဳမဲေနတဲ႕မ်က္ကြင္းေတြကထင္းလို႕။ ပံုမွန္ဆိုေနမေကာင္းရင္ေတာင္လုမမာလိုေနရတာသေဘာမက်တဲ႕သူကအခုေတာ့အခ်စ္ေၾကာင့္နဲ႕အလတ္ၾကီးကေနလူမမာေယာင္ေဆာင္ေနရပါေရာလား။

ဟား…ဘာပဲျဖစ္ျဖစ္ပါေလ……ဒီပံုစံနဲ႕ဆိုရင္ေတာ့ေဒါက္တာကိုကိုေလးရဲ႕ထာဝရလူနာေလးျဖစ္လို႕ရေလာက္ျပီထင္ပါရဲ႕……။






#################################

Continue Reading

You'll Also Like

234K 5.2K 74
imagines as taylor swift as your mom and travis kelce as your dad
179K 15.8K 30
"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို...
2.2K 109 5
Danny lives, eats and sleeps in Gotham. He breathes in the toxic air everyday. This place is someplace he may never leave. There are too many vengefu...