P O S S E S S I O N (Complete)

By Loeypann

20.2K 2.6K 416

"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး" More

Intro
1
3
4
5
6
7
8
9
10
11
12
13(Part_1)
13(Part_2)
14
15
16
17
18
19
20
21
22
23
24
25 (Final)
Thanks My Readers!!!
Plot Twist!
Extra (1)
Extra (2)
Extra (3)
Final Extra

2

896 124 12
By Loeypann

ဒီနေ့က ဂယူ့ အရေးကြီးတဲ့ပရောဂျက်တစ်ခုကို ဆိုရှယ်မီဒီယာတွင် စပြီးမိတ်ဆက်ပေးခြင်းဖြစ်သည်။
အရမ်းအရေးကြီးတဲ့ ပရောဂျက်ဖြစ်တာကြောင့် တာဝန်ယူထားရသူမှာ ဂယူ့တစ်ယောက်တည်းမဟုတ် အရည်အချင်းရှိသော အမျိုးသမီးတစ်ယောက်လဲပါဝင်သည်။ဂယူတစ်ယောက်တည်းလုပ်နိုင်ပေမယ့် Daddyရဲ့အကြံပေးချက်ကြောင့် ထိုအမျိုးသမီးနှင့်တွဲဖက်လုပ်ရခြင်းဖြစ်သည်။

နာမည်ကြီး ဟိုတယ်တစ်ခု၏ခန်းမထဲသတင်းထောက်တွေ၏အမေးကို  ဂယူ တို့ဖြေကြားနေခြင်းဖြစ်သည်။ပရောဂျက်ကိုလဲချပြရင်း သတင်းထောက်တွေပါခေါ်ထားခြင်းဖြစ်သည်။ထိုideaမှာ တွဲဖက်အမျိုးသမီး၏ideaဖြစ်သည်။

"အစ်ကိုတို့က အရမ်းလိုက်ဖက်ညီတာဘဲနော် ဒီလို အရေးကြီးတဲ့အလုပ်တစ်ခုကို နှစ်ယောက်အတူလုပ်ရတော့ နှစ်ယောက်သားအတော်လေးရင်းနှီးကြမှာဘဲနော်"

သတင်းထောက်အမျိုးသမီးတစ်ဦး၏အမေးကြောင့် ပြုံးနေရင်းမှတည်သွားသူမှာ Kim Group၏အမွေဆက်ခံသူ သားကြီး ကင်ခ်ဂယူဗင်းဖြစ်သည်။
ထိုအမေးကြောင့် လူမှုရေးအရ  ဘေးမှအမျိုးသမီးကိုကြည့်လိုက်တော့ ရှက်ပြုံးပြုံးနေသည်ကိုတွေ့လိုက်ရ၏။

ဂယူ နှခမ်းစွန်းတစ်ချက်မဲ့မိလိုက်သည်။

"ကျွန်တော်တို့က အလုပ်တစ်ခုကိုအတူလုပ်ရတယ်ဆိုတာ ကျွန်တော့်Daddyရဲ့မိတ်ဆက်ပေးမှုကြောင့်ပါ ရင်းနှီးလားဆိုတော့..
အလုပ်ကိစ္စကလွဲရင် စကားသိပ်မပြောဖြစ်ကြတော့ အင်း..လုပ်ဖော်ကိုင်ဖက်ပေါ့"

တည်တည်ကြည်ကြည်ဖြေသွားသော ဂယူ့စကားကြောင့် ဘေးမှအမျိုးသမီးရော သတင်းထောက်အမျိုးသမီးပါ မျက်နှာပျက်ကုန်သည်။
ဒါပေမယ့်လဲ ဂယူ ကဂရုမစိုက်ပါ..

"ဟုတ်ကဲ့ရှင့် နောက်ထပ် ပရောဂျက်တွေမှာလဲ အစ်ကိုတို့နှစ်ဦးတွဲလုပ်ဖြစ်အုံးမလားသိချင်ပါတယ်ရှင့်"

သေချာသည် ဂယူ့အတွေ့အကြုံအရ ထိုသတင်းထောက်အား ဘေးမှအမျိုးသမီး ၏လူဖြစ်ကြောင်းရိပ်မိလိုက်သည်။

"အဲဒါကတော့ ပြောဖို့မသေချာဘူးဗျ မလုပ်ဖြစ်တော့ဖို့တော့များပါတယ် ဒါနဲ့ ကျေးဇူးပြုပြီး အလုပ်အကြောင်းဘဲအဓိကထားမေးပေးပါ့လား ကျွန်တော့်Personalတွေ ပြောရတာ သိပ်မကြိုက်ဘူး!"

ဒီထက်ပိုလွန်လာရင် ထိုအမျိုးသမီးနှစ်ယောက်လုံးအတွက်မလွယ်..

အမေးအဖြေမှာ 1နာရီကြာပြီးနောက်ပြီးဆုံးသွားသည်။
ထိုVedioမှာ Liveဖြစ်တာကြောင့် ချက်ခြင်း ဆိုရှယ်မီဒီယာတွင်ရောက်သွားမှာပင်။
အလုပ်အပြင်းအထန်လုပ်ခဲ့တာကြောင့် ဂယူအိမ်ပြန်အနားယူချင်နေပြီဖြစ်သည်။

အိမ်မပြန်ခင် ကလေးလေးဆီဖုန်းအရင်ဆက်ရအုံးမည်။

Suitအပြည့်ဝတ်ထားရတာကြောင့် စိတ်အိုက်နေသည်။
အဆင်သင့်စံအိမ်မှလာကြိုသောကားပေါ်သို့တက်၍ အပေါ်ကုတ်ကို ချွတ်ကာ ဖုန်း ယူလိုက်သည်။

ထို့နောက်  'My Baby'ဟု မှတ်ထားသောContactကိုနှိပ်လိုက်၍ကလေးလေးအားဖုန်းခေါ်လိုက်သည်။

မကြာလိုက် တစ်ဖက်မှဖုန်းကိုင်ပြီး လွမ်းနေရသောအသံချိုချိုလေးကို ကြားလိုက်ရသည်။

"ဟယ်လို ကိုကို"

"အွန်း ကလေးလေး ကိုယ်အလုပ်ပြီးလို့အိမ်ပြန်လာတော့မှာ ကလေးလေး ဘာမှာအုံးမလဲ"

ပုံမှန်ဆို ဂယူ အလုပ်ကပြန်တိုင်း ယူဂျင်းက စားချင်တာမှာနေကျမို့မေးလိုက်ခြင်းဖြစ်သည်။

"ဘာမှ မဝယ်လာနဲ့ ကိုကို စားချင်စိတ်မရှိဘူး"

အလုပ်​ပင်ပန်းနေတဲ့သူ့ထက်ပင် ပိုနွမ်းနွယ်နေပုံပေါ်နေသော အသံ​လေးကြောင့် ဂယူ့မှာ ပြာယာခတ်သွားရသည်။

"ကလေးလေးနေမကောင်းဘူးလား ကိုယ် ဘာလုပ်ပေးရမလဲဟင် ပြဿနာတစ်ခုခုရှိလို့လား"

ဖုန်းထဲမှ စိုးရိမ်တကြီးမေးလာသောကိုကို့ကြောင့် ယူဂျင်းပြုံးမိလိုက်သည်။

ကိုကိုဟာလွယ်လွန်းသည် လိမ်ဖို့လဲလွယ်ပြီး လှည့်စားလို့လဲလွယ်သည်။
ဒါပေမယ့် အဲလိုလွယ်ကူတာဟာ ယူဂျင်းတစ်ယောက်တည်းအပေါ်မှာဘဲဖြစ်လို့ ကျေနပ်မိသည်။

"ကိုကို အများကြီးစိတ်မပူပါနဲ့ အိမ်ကိုဘဲအမြန်ပြန်လာနော်"

ဒီနေ့ သင်တန်းပိတ်ရက်ဖြစ်တာကြောင့်ယူဂျင်းတစ်ယောက်အိမ်မှာရှိနေသည်။
ယူဂျင်းမိဘများမှာ ယူဂျင်း 13နှစ်အရွယ်တွင် မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ရသည်။

အဲဒီအချိန်မှာကိုကိုက 17နှစ်ရှိပြီဖြစ်သည် ယူဂျင်းကိုစောင့်ရှောက်ရန်ဟူသည့်အကြောင်းပြချက်ဖြင့် ကိုကိုက သူ့အိမ်ကို ခွင့်တောင်း၍ ယူဂျင်းနှင့်အတူလာနေခြင်းဖြစ်သည်။

ကိုကို ယူဂျင်းအပေါ် ကောင်းပေးခဲ့သမျှအရာရာတိုင်းဟာ ယူဂျင်းဘက်ကတောင်းဆိုခြင်းမရှိခဲ့ ကိုကို ကိုယ်တိုင်က အလိုက်တသိလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ဒါကအရင်အချိန်ကဖြစ်သည်။အခုချိန်ကစပြီး ယူဂျင်း ကိုကို့ကို အရာရာတိုင်း
တောင်းဆိုတော့မှာဖြစ်သည်။

"ကလေးလေးက ကိုယ့်ကိုအခုကတည်းကလွမ်းနေပြီလား"

ဟိုမလွတ်ဒီမလွတ် စကားတွေအရမ်းပြောတတ်သောကိုကိုနဲ့တော့ ခက်သည်။

"အွန်း လွမ်းနေပြီ"

အရင်ကလို ကိုကိုပြောသမျှကို ယူဂျင်း နားလည်သလိုအဓိပ္ပာယ်ကောက်လိုက်မည်။
နောက်မှ ကိုကို အပြစ်မတင်စေလို..

"အိုခေဗျာ ကိုကို အမြန်ပြန်လာခဲ့မယ်နော် ကလေးလေး"

တစ်နေ့တာတွင်ယူဂျင်းနှင့်စပြီးယူဂျင်းနှင့်အဆုံးသတ်သည်။
မိသားစုရှိပေမယ့် ဟန်ယူဂျင်းဟူသောကလေးလေးနှင့်သာ မိသားစုဟု ခံစားမိသည်မှာ 13နှစ်အရွယ် ကလေးနှင့်စတွေ့ပြီးကတည်းကဖြစ်သည်။

ယူဂျင်းတွင် သူသာရှိသည် အဲလိုပင် သူ့မှာလဲယူဂျင်းငယ်သာရှိသည်။

ဖုန်းပြောပြီး မကြာလိုက် အနက်ရောင်ကားလေးမှာ စံအိမ်တစ်အိမ်၏ခြံရှေ့သို့ရောက်လာသည်။

ခြံတံခါးက Auto အဖွင့်အပိတ်လုပ်လို့ရတာကြောင့် ခြံဝင်းထဲအဆင်ပြေပြေဝင်လို့ရသည်။

စံအိမ်ဆိုပေမယ့် ဂယူနှင့်ကလေး နှစ်ယောက်တည်းသာနေတာကြောင့် အိမ်အကူနှစ်ယောက်သာ အချိန်ပိုင်းနှင့်ခေါ်ထားပြီး ကားဒရိုင်ဘာတစ်ယောက်သာ ထားသည်။
ဒီနေ့​တော့အိမ်အကူနှစ်ယောက်လုံးမတွေ့ရ..
အလုပ်ပြီး၍ ပြန်သွားကြပြီထင်သည်။

"ကလေးလေးရေ ကိုကိုပြန်လာပြီ"

တစ်ချက် အသံပြု၍ ဧည့်ခန်းထဲဝေ့ကြည့်တော့ အရိပ်လေးတောင်မတွေ့ရ။
ပုံမှန်ဆိုထွက်ကြိုတတ်တဲ့ကလေးကြောင့် အမှန်တကယ်ကို စိတ်ပူလို့သွားရသည်။

"ဒေါက် ဒေါက်!ကလေးလေး အခန်းထဲမှာလား ကိုယ်ဝင်လာမယ်နော်"

ယူဂျင်းအခန်းကဂယူ့အခန်းနှင့် ဘေးချင်းကပ်ရပ်ဖြစ်သည်။
ပြန်ဖြေသံကို မစောင့်တော့ဘဲ ဂယူ အခန်းတွင်းဝင်လိုက်တော့သည်။
သူအရမ်းစိတ်ပူနေသည်လေ။

သူစိတ်ပူတဲ့အတိုင်းပင် အိပ်ယာထဲခွေနေသော ယူဂျင်းအားတွေ့လိုက်ရသည်။

"ကိုကို ပြန်လာပြီလား"

တိုးလျှလျှ အမေးကိုပြန်မဖြေနိုင်ဘဲ ယူဂျင်းအနားသို့ပြေးသွားလိုက်သည်။

"ကလေးနေမကောင်းတာ ဘာ​လို့ ကိုယ့်ကိုမပြောတာလဲ အခုရောသက်သာရဲ့လား ဘယ်လိုနေသေးလဲ ကိုကိုဘာလုပ်ပေးရမလဲ"

မေးခွန်းတွေဆက်တိုက်မေးလာသူအား
ယူဂျင်းငေးကြည့်မိသည်။
ကိုကိုဟာ ချောမောသည်ထက်ပိုသောရုပ်ရည်ကိုပိုင်ဆိုင်ထားသည်။
အရပ်လဲရှည်သည် မိသားစုနောက်ခံလဲကောင်း၏။အရည်အချင်းလဲရှိပြီး Kim Group၏CEOနေရာကို တစ်ချိန်ဆက်ခံ
ရမည့် သခင်လေးဖြစ်သည်။

ဒီလိုပြည့်စုံနေတဲ့အမျိုးသားတစ်ယောက်ကို မလိုချင်သူဘယ်ရှိပါ့မလဲ။
ကိုကို့အနားလာဝဲတဲ့လိပ်ပြာတွေဟာ အများသားမို့ ယူဂျင်း အားလုံးကိုရှင်းထုတ်နိုင်ပါ့မလားလို့ ပထမဆုံးအကြိမ်စိုးရိမ်စိတ်လေးပေါ်ပေါက်လာသည်။

"ကိုကို.."

အားအင်ကုန်ခမ်းနေသလို ခေါ်သံမှာလဲခပ်တိုးတိုးသာ..
ယူဂျင်းခေါ်သံကို ကိုကိုက အကြည့်ဖြင့်ပြန်ဖြေလာသည်။
ယူဂျင်း ကိုကို့လက်အားဆုတ်ကိုင်၍

"ကိုကိုက ယူဂျင်းအပိုင်လို့ပြောခဲ့တယ်မလား"

"အွန်း ကိုယ်က ကလေးလေးအပိုင်"

ပြုံးလျက်ဖြေလာသော ကိုကိုမှာ ထိုစကားကို အပေါ်ယံပြောလာခြင်းတော့မဟုတ်

"အဲဒီစကားက ဘယ်အချိန်ထိ တည်နေမှာလဲကိုကို"

လောဘကြီးတယ်လို့ပြောပြော အတ္တကြီးတယ်လို့ဆိုချင်ဆို ကိုကို့ကို တခြားလူ စကားနဲ့တောင် မထိပါးစေချင်ပါ။

ကိုကိုဟာ ယူဂျင်းအမြဲသိမ်းထားချင်မိတဲ့တန်ဖိုးကြီးအရုပ်လေးတစ်ရုပ်ဖြစ်သည်။

ထုတ်ပြလိုက်ရင် လိုချင်သူရှိလာမည်ကို ယူဂျင်းမနှစ်မြို့..
ဟန်ယူဂျင်းဘဝမှာ ကိုယ့်အပိုင်လို့ မှတ်ယူပြီးရင် ထိုအရာအပေါ်သက်ရောက်မှုဟာလဲပြင်းထန်လေ့ရှိသည်။

ဒါကိုလဲ6နှစ်တာ အတူရှိခဲ့တဲ့ ကိုကိုလဲ သိထားလိမ့်မည်ဖြစ်သည်။

ကိုကိုဟာ မျှော်လင့်မထားတဲ့အဖြေကိုပေးလာခဲ့သည်။

"ယူဂျင်းဘဝမှာ ကိုယ့်ကိုလိုအပ်နေသေးသ၍ ကိုယ်က ကလေးရဲ့အပိုင်"

မလိုအပ်တော့ရင်ဆိုတဲ့အတွေးမျိုးတော့မတွေးမိ..
ယူဂျင်းဘဝမှာသူ့ကိုမလိုအပ်တော့မည့်အချိန်ဆိုတာ နောင်ဘဝတောင်မဖြစ်နိုင်ဟု ကင်ခ်ဂယူဗင်းကယုံကြည်သည်။

***************

Words_1533

ဒီFicက ချိုချဥ်လေးပါနော် ခဝေးစာတွေကျည်းလိမ့်စားခိုင်းရင် စိတ်ဆိုးကြမှာဆိုးတာကြောင့် သံပရာသီးပါ စားခိုင်းမှာပါ🤣

Vote&Cmt အခြေအနေကိုကြည့်ပြီး Updateပေးပါ့မယ် ဟဲဟဲ
သဘောကျမကျ ပြောပေးကြပါအုံးနော်😭🙏


Continue Reading

You'll Also Like

187K 8.6K 30
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
161K 4.7K 64
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
117K 4.1K 37
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
1M 39.7K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...