''ကိုကို မနေ့က ဘာလို့ ဆိုရာ့ဆီမလာတာလဲ''
''မနေ့က ကိုယ်သွားစရာလေးရှိနေလို့လေ''
''ဒါဆိုဒီနေ့အားတယ်ပေါ့ အာ့ဆို ဆိုရာတို့ ညနေကျောင်းပြန်လျှောက်လည်ကြမယ်လေ နော်''
''မသိသေးဘူး အားရင်ပြောမယ်''
''ဟူတ်ကဲ့ ''
ချွဲနွဲ့သောအသံဖြင့် စကားဆိုကာ ရင်ခွင်ထဲ ခေါင်းတိုးဝှေ့လာသည်။ဘာကြောင့်ရယ်မသိ စိတ်ထဲအနည်းငယ် ကျဥ်းကျပ်နေသလိုမျိုး ခံစားနေရသည်။ဆိုရာကသူ့ရဲ့ဘယ်နှယောက်မြောက်ကောင်မလေးမှန်းမသိပါ။သေချာတာကတော့တွဲတာ တစ်ပတ်ပင်မပြည့်သေးချေ။အချောဆုံးတွေထပ်ဒီကောင်မလေးကပိုသာနေလို့ကောက်တွဲလိုက်ခြင်းသာဖြစ်သည်။
''ကိုကို သူ့ကိုသိလား''
''ဘယ်သူလဲ''
''ရှေ့ကတစ်ယောက်လေ''
ဆိုရာလက်ညှိုးထိုးရာဆီသိူ့ကြည့်လိုက်တော့ အဓိပတိလမ်းအတိုင်းလျှောက်လှမ်းသွားနေသောအဖြူရောင်ပန်းလေးတစ်ပွင့်။သေချာတာကသူ့ရဲ့ပန်းကလေးပင်။တစ်ကိုယ်လုံးအဖြူရောင်ချည်းသာဝတ်ထားကာ နတ်သက်ကြွေလာသော နတ်တစ်ပါးအတိုင်းပင်။ဘေးဘီဘယ်မှစောင်းငဲ့မကြည့်ပဲ လမ်းကိုသာ အာရုံစိုက် လျှောက်နေသူသည် ရန်ရှာချင်စရာကောင်းလှပါသည်။
ထိုင်ခုံတန်းလေးမှလှစ်ခနဲထသွားသောJeonကို ဆိုရာဖမ်းလို့လှမ်းမမိလိုက်။ဘာလဲ ဗြုန်းဆိုင်းကြီး။
''ဟာ ကိုကို ဘယ်လဲ''
တစ်ချက်မှလှည့်မကြည့်သူကသူပြောသောစကားကိုမကြားသည့်ပုံ။
အဖြူရောင်လေးနောက်သို့Jeonဟာအပြေးတပိုင်းလိုက်သွားတော့သည်။
''Park Jimin....Park Jimin''
အနောက်သူ့နာမည်ခေါ်သံကြောင့် လှည့်ကြည့်မိတော့ တစ်မိုးအောက်အဆိုးအဆာပင်။
တကိုယ်လုံးနက်ဆွေးကာ ခေါင်းအစခြေအဆုံး ရှုပ်ယှက်ခက်လို့နေသည်။သူ့နာမည်ကိုသူကဘယ်လိုသိလည်းစိတ်တော့မဝင်စားခဲ့ပါ။
''နာမည်ဘယ်လိုသိလဲလို့ မမေးတော့ဘူးလား''
''တစ်ယောက်ယောက်ကိုမေးရင်ရနေသားပဲလေ''
''ဟ...Park Jiminကတော်သားပဲ''
''အနောက်ကနေလိုက်လာတာဘာကိစ္စ''
''အနောက်က လိုက်လာတာမဟုတ်ပါဘူး ဒါကသွားနေကျလမ်းပဲကို''
အဓိပတိလမ်းမထပ်အဖြူရောင်နတ်တစ်ပါးနှင့်အနက်ရောင်နတ်ဆိုးလေးတို့လျှောက်လှမ်းနေပုံက တစ်ကျောင်းလုံးကိုမျက်စိကျစေသည်။
တစ်ယောက်ထဲသွားနေကျကောင်လေးကဒီနေ့တော့ကျောင်းရဲ့အဆိုးဆာလေးနှင့်တွဲသွားနေတော့ အားလုံးက တအံ့တသြနှင့်ပင်။
''ကိုယ် Park Jiminနဲ့ခင်လို့ရလား''
''Park Jiminကမခင်တတ်ဘူးဆိုတာရော မသိထားဘူးလား''
''ဟာ...ပထမဦးဆုံးခင်မယ့်သူက ကိုယ်ဖြစ်ချင်တယ်လေ''
''ဟင့်အင်း... ငြင်းတယ်''
''Why?''
''အဖြေမရှိဘူး''
Jeonကခပ်ယဲဲ့ယဲ့လေးပြုံးသည်။သူ့ပုံစံကဘယ်ထိဖြစ်ဖြစ်ဆက်လိုက်နေမည့်ပုံ။
''ဒါကိုယ့်အတန်းပဲ မင်း ပြန်တော့ မခင်ချင်ဘူး''
''သဘောပါဗျာ...ကိုယ်ကတော့ ကြိုးစားနေဦးမှာ တာတာ့နော်''
လက်ကလေးကိုဝှေ့ရမ်းပြရင်းပြုံးပြုံးကြီးရပ်ကြည့်နေသည်။အမှန်တကယ်စိတ်အနှောင့်ယှက်ဖြစ်ရပါသည်လူဆိုးကောင်ရေ။
''Jeon Jung Kook မင်းဒီအထိဘာလာလုပ်တာလဲ''
အတန်းထဲဝင်ဖို့ခြေလှမ်းပြင်စဥ်အတန်းထဲမှကျောင်းသားတစ်ချို့စကားသံကိုကြားလိုက်ရသည်။
''တက္ကသိုလ်တစ်ခုလုံး ငါဘယ်သွားသွားရတယ်ဆိုတာမသိဘူးလား''
''မင်းခုနကJiminနဲ့အတူလာတာမဟုတ်လား''
''အေး ငါသူ့ကိုလိုက်ပို့တာ''
''ဟ ...Jiminကိုတော့ ချန်ဦးမှပေါ့ကွ''
''မင်းဘာစကားပြောတာလဲ''
''ကြားတဲ့အတိုင်းပဲလေ Jiminက ငါတို့အတန်းထဲမှာ သေချာဥထားတဲ့ ရွှေပဲ မင်းနဲ့မတန်ဘူး တခြားသူတွေသာ သွားကြောင်နေလိုက် Jiminကို မထိနဲ့''
Jiminကိုမထိနဲ့လို့ပြောလာတဲ့ကျောင်းသားလက်တစ်ဖက်ကိုဒေါသတကြီးဆွဲလိမ်မိသွားသည်။
''ဘာအဆင့်ရှိလို့အက်လိုပြောတာလဲ''
''မင်းလွှတ်ပီးမှပြော''
''လွှတ်စရာလား ပြန်ပြောစမ်းပါ Jiminကို မထိနဲ့လို့...တောက်စ် မထိရမှာမင်းတို့ကွ Jiminကအခုကစ ငါနဲ့ပဲဆိုင်တယ်''
''ဒီမှာ....''
ကြားရသည့်စကားများကသူနဲ့သက်ဆိုင်လာသည်မို့ တစ်ခါမှ မပတ်သက်ခဲ့ဖူးသော ရန်ပွဲအတွင်းသို့ ကိုယ်တိုင်သက်ဆင်းလာရတော့သည်။
''ငါက မင်းတို့နှစ်ယောက်လုံးနဲ့ မဆိုင်ဘူး''
ပြောချင်ရာပြောပီးလှည့်ထွက်သွားသူကိုJeonငေးကြည့်မိသည်။ဘာလဲ ဒီပွဲလည်းJeon အရှုံးကြီးရှုံးသွားပြန်သည်။
''Park.....Jimin!!! ခင်များနေဦး မင်းတို့နောက်မှငါနဲ့ရှင်းမယ်''
ဖိနပ်သံဆောင့်ဆောင့်အောင့်အောင့်သည် စီးပွားရေးမေဂျာရဲ့အတန်းAကော်ရစ်တာတွင်ကျယ်လောင်သွားတော့သည်။စိတ်ထဲတွင်ဒီလူရန်ရှာတော့မယ်မှန်းသိသာနေပါသည်။ပြေးဖို့လည်းမဖြစ်နိုင်။တစ်သက်လုံးနူးညံ့လာခဲ့သမျှဒီလူနဲ့မှကို့ရို့ကားယားမနိုင်ချင်။အနောက်မှပြေးလာသူအား လှည့်ကြည့်ရင်း
''ဘာလဲ''
Jiminစကားတစ်ခွန်းကြောင့်ဖိနပ်အစုံသည်ပြေးနေရာမှရပ်တန့်သွားသည်။
''မဆိုင်ဘူးဆိုတာက ဘာလဲ''
''ဆိုင်လို့လား မင်းက ကိုယ့်ကိုတစ်ချိန်လုံး ပြဿနာရှာနေတာ မဆိုင်ချင်ဘူး''
''Park Jimin!!!!!!!"
ရုတ်တရက် အော်လိုက်သောကြောင့်Jiminလန့်သွားသည်။တကယ်ပါသူနဲ့တွေ့တိုင်း ရင်ဘက်ကလေးမှာ တုန်တုန်သွားရသည်ချည်းသာ။
''ဘာလို့အဲ့လောက် အော်နေရတာလဲ ငါ့ကိုလူတွေဝိုင်းကြည့်နေကုန်ပြီ မင်းပြန်တော့''
''ဆိုင်တယ်ဆိုမှ ပြန်မယ်''
''ဘာဆိုင်လဲ''
''ဆိုင်တယ်လို့ဆို''
''မဆိုင်ဘူး''
''ဆိုင်တယ်လို့ပြောရင် ပြဿနာမရှာတော့ဘူး''
Jiminတစ်ချက်စဥ်းစားဟန်ပြုသွားသည်။စဥ်းစားနေပုံသည်မူလတန်းကလေးလေးကဘယ်မုန့်စားရင်ကောင်းမလဲစဥ်းစားနေပုံနှင့်တူသည်။တကယ်Park Jiminကချစ်စရာ။
''အင်းအင်း ဆိုင်တယ် သွားတော့''
ပြဿနာအေးရန်သာဆိုင်တယ်ဟုလွယ်လွယ်ပြောလိုက်သည်။ဆိုင်တဲ့အဓိပ္ပါယ်ကိုသူသေချာရေရာမသိပါ။
''ပီးတော့ ကျွန်တော့်ကို ကူးငယ် လို့ပဲခေါ် ကျွန်တော်က Park Jimin ရဲ့ ပထမဆုံး ကူးငယ်ပဲ''
ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ထိုးထည့်ကာပြုံးပြုံးလေးပြောနေသူသည် အပြစ်ကင်းသော ကလေးတစ်ယောက်လို။နာမည်ကလည်းလူကောင်နဲ့မှမလိုက် ချစ်ဖို့ကောင်းလွန်းသည်။Jeon Jung Kookသာ မဆိုးမိုက်ဘူးဆိုရင် ဒီလို ချစ်စရာကူးငယ်လေးကို သူခင်မိမှာ အသေချာဖြစ်သည်။
>>>>>>>>>>>>>>>>>>>>>>♥
''Jin Hyung ဒီနေ့ Jiminသူငယ်ချင်းတစ်ယောက်ရခဲ့တယ်''
Jiminနှင့်အတူနေလာတဲ့တစ်လျှောက် ပထမဆုံး ကြားရတဲ့ စကားပင်။
''နာမည်က ကူးငယ်တဲ့ ''
''ကူးငယ်ဆိုတာက နာမည်အရင်းလား''
''သူ့နာမည်က Jeon Jung Kook လေ အတင်းပြဿနာရှာနေလို့ သူငယ်ချင်း ဖြစ်ခဲ့ရတာ''
''ဘုရားရေ... ''
''ဘုရား တမနေပါနဲ့ သူJiminကိုဘာမှမလုပ်ပါဘူး''
''ဟုတ်ပါပီ ကလေးသဘောပါ ဒီနေ့စောစောအိပ်နော် ညနက်တဲ့ထိ စာတွေလုပ်မနေနဲ့နော်''
''ဟုတ်ကဲ့ Hyungလည်း နားတော့နော် Good night''
''Good night ''
Jin Hyungစာကြည့်ခန်းထဲမှ နှုတ်ဆက်ကာထွက်သွားတော့သည်။စာအုပ်အစီရီပုံကြား Jiminခေါင်းစိုက်ကာ စာကျက်တော့သည်။တစ်နေ့အနည်းဆုံးJiminကငါးနာရီလောက်ပုံမှန်စာလုပ်သည်။အမြဲတမ်းကြိုးစားမှူကြောင့်Jiminကရလာဒ်ကောင်းအမြဲရသည်။
''12တောင်ထိုးပြီ ''
စားပွဲတင်နာရီလေးရဲ့အချက်ပေးသံသည်ည၁၂နာရီတိတိ။Jiminရဲ့အိပ်ချိန်ရောက်ပြီ။Jiminက၈နာရီပြည့်အောင်တော့အိပ်စက်တတ်သည်။မနက်ဆိုမနက်၈နာရီကျော်မှထကာ ကျောင်းသွားတိုင်းအမြဲနောက်ကျစမြဲပင်။
Jin Hyungပြင်ပေးနေကျ မနက်စာ ကိုစားကာ ကျောင်းကမန်းကတန်းပြေးခဲ့ရသည်က အထက်တန်းကျောင်းသားဘဝထဲကဖြစ်သည်။တော်သေးတာပေါ့။အကိုလိုအားကိုးရတဲ့Jin Hyungရှိနေလို့သာပေါ့။မဟုတ်ရင်သူကျောင်းပုံမှန်တတ်နိုင်မည်တောင်မဟုတ်ပေ။
ကျေးဇူးပါ Jin Hyung....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>♥
16.7.2023🤍
တစ်ရက်ခြားပုံမှန်Upပေးမှာမို့ တိုသွားတဲ့အခါကျခွင့်လွှတ်ပေးကြပါနော်
အားလုံးကိုချစ်ပါတယ်🌻