P O S S E S S I O N (Complete)

By Loeypann

20.2K 2.6K 416

"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး" More

Intro
2
3
4
5
6
7
8
9
10
11
12
13(Part_1)
13(Part_2)
14
15
16
17
18
19
20
21
22
23
24
25 (Final)
Thanks My Readers!!!
Plot Twist!
Extra (1)
Extra (2)
Extra (3)
Final Extra

1

1.3K 109 18
By Loeypann

စံအိမ်ကြီးတစ်ခု၏ ဧည့်ခန်းကျယ်ကြီးထဲတွင် ခြေချိတ်ထိုင်၍ ရှေ့တည့်တည့်ရှိ TVဖန်သားပြင်မှ ပြည့်စုံသည်ထက်ပိုသော အမျိုးသားတစ်ဦး၏လက်အားတွဲချိတ်ထားသူ ပေါ်ပေါ်ထင်ထင်ဝတ်ဆင်ထားသော ချောချောလှလှအမျိုးသမီးတစ်ဦးကိုစူးစိုက်ကြည့်နေသည်။

ထိုကောင်လေးဟာ အလွန်ဆုံးရှိလှ 16နှစ်သာ။
ငယ်ရွယ်ဟန် မျက်နှာနုစင်စင်နှင့် ခန္ဒာကိုယ်ပိန်ပိန်ပါးပါးလေးဟာ လိုက်ဖက်လျက်
သို့ပေမယ့် ထိုအရာတွေနဲ့အံ့ဝင်ခွင်ကျမရှိစွာ အကြည့်စူးစူးတို့ရှိနေသည်။

တစ်အိမ်လုံး အပ်ကျသံပင်မကြားရ
ကောင်လေး၏အသက်ရူသံခပ်ပြင်းပြင်းမှလွဲ၍ တိတ်ဆိတ်လျက်ရှိသည်။

"ဟာကွာ ဒုန်း!!!"

စိတ်၏တစ်နေရာမှတစ်စတစ်စထုထည်ကြီးမားလာသော ကြောက်ရွံ့စိတ်နဲ့အတူဒေါသကြောင့် ရှေ့မှသက်မဲ့ TVအား ယူဂျင်း လက်ထဲမှဝိုင်ခွက်ဖြင့် ပစ်ပေါက်လိုက်မိသည်။

ဒီလောက်နှင့်ဒေါသကမပြေသေး အနီးအနားမှဂေါက်ရိုက်လျှင်သုံးသည့်ဂေါက်တံဖြင့် အပြစ်မရှိသက်မဲ့ TVအား အားကုန်သုံး၍ ရိုက်ခွဲလိုက်သည်။
ဘယ်နှစ်ကြိမ်ထိအသိစိတ်လွတ်စွာ ရိုက်နေမိလဲမသိ သိပ်မကြာခင်မှာပင် TVမှာတစ်စဆီဖြစ်လို့သွားသည်။

ဟန်ယူဂျင်း မှာအနေအေးသည့်ကောင်ငယ်လေးတစ်ယောက်ဖြစ်သည်။
လူတွေနှင့်စကားပြောဆိုဆက်ဆံတဲ့အခါယဥ်ကျေးပျူငုာပြီး အချစ်ခံလေးဖြစ်လို့နေသည်။
ထိုအချက်တွေကြောင့်ပင် တစ်စုံတစ်ဦးက ယူဂျင်းအား သည်းသည်းလှုပ်ချစ်ပေးသည်။

"ကလေးလေးက အရမ်းဖြူစင်တာဘဲ"

ထိုသူထံမှ ယူဂျင်းကြားနေကျစကားဖြစ်သည်။
ထိုစကားကိုကြားရတိုင်း ယူဂျင်းပြန်ပြောတတ်သည်က

"ကိုကို ထင်လို့ပါ.."

အထင်နှင့်အမြင်ဟာ မှားနေကြောင်း ယူဂျင်းဘယ်တော့မှပြောပြလိမ့်မည်မဟုတ်။

ယူဂျင်းမှာ မိဘတွေမရှိတော့၍ အထီးကျန်ဖို့ကောင်းမည်ဟု ထင်ခဲ့ဖူးသည်။
သို့ပေမယ့် ကင်ခ်ဂယူဗင်း ဆိုတဲ့ကိုကိုဟာ တစ်ယောက်တည်းဖြစ်နေတဲ့ယူဂျင်းဘဝထဲသို့ဝင်ရောက်လာခဲ့သည်။
ကိုကိုဟာ သူ့အပေါ်အရမ်းနွေးထွေးပေးသည်။အရမ်းလဲဂရုစိုက်ပြီး အမြဲဦးစားပေးသည်။

ဘယ်သူမှအနားမှာမရှိနိုင်ကြတဲ့ ယူဂျင်းအတွက် ကိုကိုက ဘယ်လိုမှအဆုံးအရှုံးမခံနိုင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့သည်။
အဲဒီအကြောင်းအရင်းကြောင့်ဘဲ ယူဂျင်းကို လူလိမ်မာလေးမှ တဖြည်းဖြည်း လူဆိုးလေးဖြစ်လာစေခဲ့သည်။

~~~~~~~

"ယူဂျင်းအရုပ်ပြန်ပေး  ယူဂျင်းအရုပ်ပြန်ပေးလို့ မင်ဟီးရား အီးဟီး"

ဖေဖေက ယူဂျင်း 9နှစ်ပြည့်မှာ မွေးနေ့လက်ဆောင်အဖြစ်ပေးထားသော စက်ရုပ်လေးအား လုယူသွားသော  ကင်ခ်မင်ဟီးထံတွင် ယူဂျင်းပြန်တောင်းနေခြင်းဖြစ်သည်။

ယူဂျင်း မိဘများက အရမ်းချမ်းသာတာကြောင့် ထိုအရုပ်ထက်ပိုကောင်းတဲ့အရုပ်ကို လိုချင်သလောက်ပူဆာလို့ရမှန်း ယူဂျင်းသိသည်။
ဒါပေမယ့် ယူဂျင်းဘဝတွင် ကိုယ့်အပိုင်ပစ္စည်းတစ်ခုကို တခြားလူလက်ထဲအား လုံးဝထည့်မပေးလိုက်နိုင် ထိုပစ္စည်းအား မလိုချင်လျှင်တောင် ယူဂျင်းကိုယ်တိုင်လက်နှင့်ဖျက်ဆီးပစ်မည် တခြားသူအားမပေးလို။

ကင်ခ်မင်ဟီးဆိုသည့် ကောင်လေးမှာ
ဘေးအိမ်တွင် ပြောင်းလာသော ကင်ခ်မိသားစုမှသားအငယ်ဆုံးဖြစ်သည်။
ယူဂျင်းနှင့်ရွယ်တူဖြစ်တာကြောင့် သူငယ်ချင်းလုပ်၍ အတူကစားရာမှ မင်ဟီးက ယူဂျင်းအရုပ်အား သဘောကျ၍ သူယူသွားမည်ဆိုပြီး လုပြေးသွားခြင်းဖြစ်သည်။

စံအိမ်ကြီးထဲတွင် ကလေးနှစ်ဦး၏ပြေးလွှားအော်ဟစ်သံတွေနှင့်ညံနေတော့သည်။

ယူဂျင်း ပြေးလိုက်ရတာမောလာတာကြောင့်ခဏနားလိုက်သည်။မျက်နှာလေးမှာငိုထားတာကြောင့်  ပန်းသီးလေးလိုနီရဲလျက်ရှိသည်။
ရှိုက်သံလေးတွေထွက်နေသေးသည်

"ကလေးလေး ဘာလို့ငိုနေတာလဲဟင်"

အရှေ့မှ အသံချိုချိုကြောင့် အမောဖြေနေတဲ့ယူဂျင်း မျက်ရည်စတွေဝန်းရံနေတဲ့မျက်လုံးဝိုင်းတွေဖြင့် မော့ကြည့်လိုက်သည်။

"ကိုကိုက မင်ဟီးရဲ့ကိုကိုလားဟင်"

မင်ဟီးနှင့်ရုပ်ချင်းအနည်းငယ်ဆင်တူတာကြောင့် ယူဂျင်းမေးလိုက်မိခြင်းဖြစ်သည်။
အမှန်အတိုင်းပြောရရင်တော့ အရှေ့မှကိုကိုက မင်ဟီးထက်ပိုပြီးချောသည်။

"ဟုတ်တယ် ကလေးလေး ဘာဖြစ်လို့လဲဟင် မင်ဟီးကအနိုင်ကျင့်လို့လား"

ကလေးတွေဟာ ချော့လျှင်ပိုငိုသည်တဲ့ ဂယူ့ရဲ့နူးနူးညံ့ညံ့မေးသံကြောင့် ယူဂျင်းမျက်ဝန်းမှ မျက်ရည်တွေ ဝိုင်းလာပြန်တော့သည်။

"ဟင့် ကိုကို မင်ဟီးက သားအရုပ်ကို လုယူသွားတယ် သားမပေးနိုင်ဘူး ပြန်လိုချင်တယ် ကိုကိုပြန်ယူပေး အီးဟီး"

သူ့ကိုအားကိုးတကြီး​ အကူညီတောင်းလာသည့် ကလေးလေးအား ဂယူ့ချစ်စနိုးပါးဖောင်းဖောင်းလေးကို အသာအယာဖဲ့၍ မျက်ရည်စများလဲဖွဖွသုတ်ဖယ်ပေးလျက်

"ကိုကို ပြန်ယူပေးမှာမို့ မငိုနဲ့တော့နော်ကလေးလေး"

ကလေးလေးက လိုချင်ရင် ကိုကိုကယူပေးရမှာပေါ့..

"ကင်ခ်မင်ဟီး!!!"

14နှစ်ရှိနေပြီဖြစ်သော ဂယူ့အသံက သြရှရှ
အော်ခေါ်လိုက်တော့ ပြေးနေရင်းမှ ရပ်၍ မျက်နှာငယ်ဖြင့်ကြည့်လာသော သူ့၏တစ်ဦးတည်းသောညီငယ်လေးအား မသနားမညှာတာစွာ..

"မင်း ဘာကြောင့် သူများအရုပ်ကိုလုပြေးရတာလဲ!"

"ကိုကို သားက.."

မင်ဟီး၏စကားမဆုံးခင် ဂယူဗင်းမှာ ဒေါသတကြီးအော်​လာသည်။

"မင်းကို ကိုကိုလို့ မခေါ်ပါနဲ့လို့ ဘယ်နှစ်ကြိမ်ပြောရမှာလဲ မင်ဟီး!"

ဘေးမှ ကိုကို၏ ဒေါသထွက်နေပုံကို ယူဂျင်း မျက်လုံးလေးတွေဝိုင်း၍ ကြည့်နေမိသည်မှာ မျက်တောင်ပင်မခတ်

"ကိုကြီး သားက ယူဂျင်းကိုစတာပါ ဟင့် အရုပ်ကိုတကယ်မယူပါဘူး ဟင့်"

ငိုသံပါပါရှင်းပြလာသော အဖေတူ အမေကွဲ ညီငယ်အား ဂယူ မသနားမိ။မင်ဟီးမရှင်းပြလဲ ဂယူသိသည်။သူ့ညီဟာ အစအနောက်သံရုံကလွဲ သူများပစ္စည်းကိုလုမယူတတ်..
သို့ပေမယ့်လဲ ကလေးလေးအား မျက်ရည်ကျစေတာကြောင့် အလျော့ပေးဖို့မစဥ်းစားမိ။

ဘာစကားမှထပ်မပြောတော့ဘဲ မင်ဟီးလက်ထဲမှ အရုပ်ကိုဆွဲယူ၍ ကလေးလေးရှေ့ဒူးထောက်လိုက်၏။

"ကလေးလေး ဒီမှာ ကလေးရဲ့အရုပ်လေး နောက်တစ်ခါ ကလေးလိုချင်တာ ဖြစ်ချင်တာရှိရင် ကိုကို့ကိုအရင်ပြောပြမယ်လို့ ကတိပေးမလား.... ကတိပေးမှ ဒီအရုပ်ကို ပြန်ပေးမယ်"

ရှေ့မှ ကိုကိုချောချောက ယူဂျင်းမျက်ဝန်းထဲသို့ သေချာကြည့်လျက် အလေးအနက်ထားပြောလာသည်။

ဘာရယ်ကြောင့်မှန်း ယူဂျင်းမသိပေမယ့်
ယူဂျင်းဖြစ်ချင်တာ လိုချင်တာမှန်သမျှ ဒီကိုကိုကလုပ်ပေးနိုင်သည်ဟု ယုံကြည်မှု သေးသေးလေးဝင်ရောက်လာတာကြောင့်

"ဟုတ် သား ကတိပေးပါတယ်ကိုကြီး"

ကိုကို့ရဲ့လက်သန်းကို ယူဂျင်းရဲ့လက်သန်းဖြင့်ချိတ်၍ ကတိပေးခဲ့သည်။

"ဘာကြောင့် ကိုယ့်ကို ကိုကိုလို့မခေါ်တော့တာလဲ"

အလိုမကျသလို မျက်ခုံးတွေတွန့်ချိုးလျက် မေးလာသော ကိုကို့အား ယူဂျင်းက အပြစ်ကင်းစင်တဲ့မျက်ဝန်းလေးနှင့်ကြည့်၍

"ကိုကို က ကိုကိုလို့ခေါ်တာမကြိုက်ဘူးမလား အခုနက မင်ဟီးကို ကိုကိုလို့ခေါ်လို့အော်လိုက်တာ သားမြင်တယ်"

အကြောက်အရွံ့မရှိ စကားလုံးတိုင်းကို ချစ်ဖို့​ကောင်းစွာဆိုလာသော ကလေးလေးကြောင့် ဂယူပြုံးမိလိုက်သည်။

"ကိုကို က ယူဂျင်းလေးရဲ့ကိုကို လို့ခေါ်တာကိုတော့အရမ်းသဘောကျတယ်"

"သားလဲသဘောကျတယ် ကိုကိုကို့"

ယူဂျင်းရဲ့စကားကြောင့် ဂယူ ခဏအံ့သြမိသွားသည်။
ကလေးလေးက 10နှစ် သူက 14နှစ်သာရှိသေးသော်လည်း..
သူအဓိပ္ပာယ်တစ်မျိုးကောက်မိသွားသည်။
သို့ပေမယ့် ဘာမှမဖြစ်သလိုကလေးလေးအား ပြုံးပြရင်း..

"ကိုကို့ ကိုသဘောကျရင် ကလေးလေးရဲ့အပိုင်လုပ်လိုက်ပေါ့"

ဒီစကားရဲ့အဓိပ္ပာယ်ကို သိ၍လား မသိဘဲနှင့် ​ပြောခဲ့သည်လား ယူဂျင်းသေချာမသိ။

ထိုစကား၏အတိုင်းအတာ ဘယ်လောက်ထိလဲ သူတို့နှစ်ဦးလုံး ထိုအချိန်က မသိနားမလည်ခဲ့တာဖြစ်နိုင်သည်။

သို့ပေမယ့် 10နှစ်သား ဟန်ယူဂျင်း၏စိတ်ထဲမှာရော နှလုံးသားငယ်မှာပါ
'ကိုကိုကင်ခ်ဂယူဗင်းဟာ ဟန်ယူဂျင်းအပိုင်'ဟု နားလည်ခဲ့သည်။

~~~~

အဲဒီအချိန်က ကိုကိုပြောခဲ့တဲ့စကားကြောင့် ဖြစ်ပေါ်လာတဲ့အရာတွေကို ကိုကိုတာဝန်ယူပေးရမယ်..
ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကိုကို့ကြောင့်မို့ အရာအားလုံးလက်ခံနိုင်ဖို့ ကျွန်တော်မျှော်လင့်တယ်ကိုကို..

ကျွန်တော့်ကိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့ သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ အကောင်းအတိုင်းထားဖို့ စိတ်ကူးမရှိဘူးကိုကို

အဲဒီအရာက ကိုကိုနဲ့ပတ်သက်လာရင်တော့ အတိုင်းအထက်အလွန်ပေါ့ဗျာ။

အကြောင်းအရင်းက တစ်ခုတည်းဘဲ

'ကျွန်တော့်အပိုင်ကို ဘယ်သူ့လက်ထဲမှမပေးလိုက်နိုင်ဘူး...'

**************

Words_1594

Hello ကြာသွားတယ်မလားဟင် အခုပြန်လာပြီမို့
တစ်နေ့တစ်ပိုင်း Updateပေးပါတော့မယ်
အချစ်ကလေးတို့သာ လိမ်မာရင်ပေါ့ရှင်><❤️


Continue Reading

You'll Also Like

139K 2.8K 44
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1.8M 58.8K 72
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
771K 17.4K 46
In wich a one night stand turns out to be a lot more than that.
698K 11.2K 65
ˏˋ°•*⁀➷ 𝗔𝗱𝗱𝗶𝗻𝗴 𝘁𝗵𝗲 𝘄𝗿𝗼𝗻𝗴 𝗻𝘂𝗺𝗯𝗲𝗿 𝘁𝗼 𝗮 𝗴𝗿𝗼𝘂𝗽𝗰𝗵𝗮𝘁 𝗶𝘀 𝗲𝗮𝘀𝗶𝗹𝘆 𝗱𝗼𝗻𝗲 𝗻𝗼 𝗺𝗮𝘁𝘁𝗲𝗿 𝗵𝗼𝘄 𝗳𝗮𝗺𝗼𝘂𝘀 𝘆𝗼�...