ကျောင်းကပြန်လာထဲကစိတ်မကြည်လင်စွာဧည့်ခန်းထဲထိုင်နေသူအား ဘာဖြစ်နေလဲတစ်ခွန်းမမေးမိ။
သက်ပြင်းရှည်တွေခနခနချကာ တစ်ခုခုကိုအလိုမကျသည့်ပုံစံနှင့်ဖြစ်သည်။
ဘေးနားမှာ ရပ်ကြည့်နေတဲ့ Jinကိုတွေ့တော့ ပုခုံးလေးမဆိုသလောက် တွန့်ကာ သူလန့်သွားပါသည်ပေါ့။
''ဘာလို့ ဘေးမှာရပ်ကြည့်နေတာလဲ လန့်အောင်လို့''
''အာ့ဆိုJiminဘာဖြစ်ခဲ့လဲပြောပြမှပေါ့''
''Hyung Jiminပြဿနာဖြစ်ခဲ့တယ် အဲ့ကောင်လေးကသိပ်မိုက်ရိုင်းတာပဲ''
''ဘယ်လို ဘယ်လို Hyung ရဲ့ကလေးက ပြဿနာဖြစ်ခဲ့တယ် ဟုတ်လား အလိမ္မာတုန်းလေးကလေ''
ငယ်ငယ်ထဲက လိမ်လိမ်မာမာလေး နေခဲ့သူမို့ ပြဿနာဆိုတဲ့စကားကိုJiminနှုတ်ဖျားမှမကြားဖူးခဲ့ချေ။အံ့သြပြီး ထိတ်လန့်မိတာတော့ အမှန်ပါ။Jiminကရန်မဖြစ်တတ် ။ရန်တကာကိုလည်းJiminကရှောင်တတ်သည်။ဝင်မပါတတ်တဲ့ကောင်လေးမို့ အခုသူနဲ့ထိပ်တိုက်ပြဿနာဖြစ်လာတယ်ဆိုတာကြီးက အံ့သြဖို့ကောင်းနေခဲ့သည်။
''သူ့ကားနေရာကိုJiminကဝင်ယူမိလို့တဲ့ မထိုးရုံပဲရှိတော့တယ် Jiminမှာ လန့်လွန်းလို့ ရင်တွေတောင်တုန်တယ်''
ရင်ဘတ်ကလေးကိုဖိကာ သူရင်တုန်ကြောင်း ပြောပြနေတဲ့ကောင်လေးကိုစိုးရိမ်မိသည်။
နူးနူးညံ့ညံ့လေးမို့ ဘာထိခိုက်ဒဏ်ရာမှ မရစေချင်။စိတ်ရော လူရောက တကယ်ပန်းရောင်နုနုလေးရယ်ပါ။
''နောက်ခါ အဲ့လူကိုသေချာရှောင်နော် ကလေး Hyungစိတ်ပူတယ် ပြီးတော့ ကလေးက ရန်မဖြစ်တတ်ဘူးလေ''
''Jiminရှောင်မှာပါ အဲ့လိုလူတွေကိုထင်သလိုရိုင်းနေတာ Jiminမကြိုက်ဘူး ''
စားပွဲပေါ် က အိတ်လေးကိုယူကာ Jiminအပေါ်ထပ်တက်သွားတော့သည်။
ဧည့်ခန်းထဲမတ်တပ်ကျန်ခဲ့တဲ့Jinကတော့သက်ပြင်းရှည်တစ်ခုချရင်းJiminအကြောင်းတွေးမိသည်။
သူအထက်တန်းနောက်ဆုံးနှစ်ကိုရောက်တဲ့နှစ်မှာJiminတို့အိမ်ကိုသူရောက်ခဲ့သည်။Jiminဖေဖေနဲ့သူ့ဖေဖေကသူငယ်ချင်းတွေမို့ ဖေဖေမရှိတော့တဲ့နောက် Jiminဖေဖေက မွေးစားခဲ့ခြင်းပင်။
စရောက်တဲ့နေ့မှာပဲ အပြုံးချိုချိုလေးနှင့် အိမ်အပေါက်ဝကကြိုဆိုနေတဲ့Jiminလေးနှင့်ဆုံဆည်းခဲ့သည်။
''Jin ဒါကသားညီလေး Park Jiminတဲ့ Jiminဒါကသားရဲ့Jin Hyung လိမ်လိမ်မာမာလေးနေပြီးစကားနားထောင်နော်''
''ဟုတ်ကဲ့ Jin Hyung ဒီအိမ်မှာပျော်သလိုသာနေ ဖေဖေက မေမေ့ဆီပြန်ရင် Jiminတို့နှစ်ယောက်နဲ့အန်တီဆွိပဲကျန်ခဲ့မှာ''
Jiminဖေဖေက သူ့မေမေရှိတဲ့ ဂျပန်ကို Jinရောက်ပြီးတစ်ပတ်အကြာမှာထွက်သွားတော့သည်။Jiminလေးကိုစောင့်ရှောက်ဖို့အတန်တန်မှာကာ ''ညီလေးက သိပ်ကြောက်တတ်တယ်''လို့ တဖွဖွပြောသွားတော့သည်။
အမှန်ပင်။မိုးချိန်းတဲ့ညတွေ မီးပျက်တဲ့ညတွေမှာ Jiminကသူ့အားဘယ်မှထွက်သွားခွင့်မပေးပဲဖက်ထားတတ်သည်။အမှောင်ထုတွေထဲမနေတတ်ပါဘူးတဲ့လေ။မိုးချိန်းသံတွေကလည်းသူ့ကိုနားညီးစေလို့ပါတဲ့လေ။Hyungနားမှာနေရရင်အဲ့အရာတွေပျောက်ကုန်တာမို့ Hyungကို အားကိုးတာပါတဲ့။
လအနည်းငယ်ကြာတော့Jiminလေးရဲ့ပတ်ဝန်းကျင်နဲ့သူနေသားကျလာခဲ့သည်။ကျောင်းခြင်းကတူပေမယ့်အတန်းတွေက မတူတာမို့ စာသင်နေချိန်တွေတော့ သူJiminကိုကြည့်မနေနိုင်ပါ။
ကစားတဲ့အချိန်တွေ မုန့်စားတဲ့အချိန်တွေဆို Jiminကိုအဝေးကချောင်းကြည့်နေတတ်သည်။
Jiminသည် သူငယ်ချင်းထားပုံမပေါ်ကာ တွေ့လိုက်တိုင်းတစ်ယောက်တည်း။အမြဲတမ်းလိုလို အပင်တစ်ပင်အောက်တွင် ကာတွန်းစာအုပ်လေးဖတ်ကာ အေးအေးချမ်းချမ်းပင်။
တစ်နေ့တော့။
ပုံမှန်အတိုင်း ကစားချိန်မို့ Jiminကို ကြည့်ရန် သူရှိတတ်မည့် နေရာသို့ သွားခဲ့သည်။
အရင်လိုမဟုတ်တာကတော့ Jiminဘေးနားက အတန်းကြီးကျောင်းသားသုံးယောက်ဝိုင်းနေခြင်း။သေချာတာကသူ့အတန်းကပင်။
Jiminဖတ်နေကျစာအုပ်လေးက လူတစ်ယောက်ရဲ့လက်ထဲမှာ ဆုပ်ဖြဲခြင်းကိုခံလိုက်ရသည်။
''မင်းက ဘာကောင်မို့ ငါတို့မေးတာ ပြန်မပြောပဲ ဘာမဟုတ်တဲ့ဒီစာအုပ်ကို အသဲသန်ဖတ်နေတာလဲ''
Jiminကတစ်ခွန်းမှပြန်မပြောပဲမျက်ရည်အဝိုင်းသားလေးဖြင့်ထိုကျောင်းသားတွေအားမော့ကြည့်နေသည်။Jinသတိမထားမိတာက အနည်းငယ်တုန်ရီနေတဲ့လက်ကလေးတွေ။
မသိမသာJiminဘယ်လိုတုံ့ပြန်မလဲစောင့်ကြည့်နေမိသည်။
''ပြန်မပြောတတ်ဘူးလား အ နေသလား''
''Jimin ရန်မဖြစ်ချင်ဘူး ဘာမှလည်းပြန်မပြောချင်ဘူး Jiminစာအုပ်လည်းဖြဲလိုက်ပီမလား ကျေနပ်ပြီဆို သွားပါတော့နော်''
တုံ့ပြန်မှုကJinခန့်မှန်းထားသလိုမဟုတ်ခဲ့ပေ။နူးနူးညံ့ညံ့လေးနှင့်တိုးလျှိုတောင်းပန်နေသလို။ခေါင်းလေးငုံ့ထားကာပြောချင်တာပြောပြီးပြန်တိတ်ဆိတ်သွားခဲ့သည်။တဖက်ကျောင်းသားကသဘောမကျသည့်ဟန်ဖြင့်လက်ပြင်တော့ ပုန်းကွယ်နေရာကနေJinထွက်လာရတော့သည်။
''ငါ့ညီကို မင်းရိုက်မလို့လား မှားနေတာက မင်းလေ''
မထင်မှတ်ပဲရောက်လာသူကြောင့်Jiminကျလုနီးမျက်ရည်တွေကိုသုတ်ပစ်လိုက်သည်။
''Jin Hyung သွားရအောင်နော် Jiminတို့က ရန်ဖြစ်ရမယ့်လူတွေမှမဟုတ်ပဲ''
ထပ်မံအံ့သြရပြန်သည်။သူ့အားလည်းရန်မဖြစ်ရန်တောင်းဆိုနေသလို။သူ့လက်ကလေးကိုဆွဲကာထိုရန်ရှာတဲ့ကောင်တွေနားက ထွက်လာခဲ့သည်။အနောက်တွင် ဆဲဆိုသံတွေက ကျန်ခဲ့ပေမယ့် Jiminက လျစ်လျူရှူထားစမြဲပင်။
''ဘာလို့ ကိုယ့်ကို ရန်ရှာတဲ့သူကို ဘာမှပြန်မလုပ်တာလဲ ကလေး''
''ရန်စဆိုတာ မရှည်လေကောင်းလေလို့ မေမေကမှာထားဖူးတယ် ဖေဖေကလည်းရန်ဖြစ်တာမကြိုက်ဘူးလေ ပြီးတော့ Jiminကလည်းရန်မဖြစ်ချင်တာ''
အဖြေကရိုးရိုးရှင်းရှင်းလေးရယ်။
အဲ့ရက်တွေနောက်ပိုင်းမှာ Jiminကလူတွေနဲ့ပိုဝေးအောင်နေခဲ့သည်။ပိုဆိုးသည်ကမိန်းကလေးတွေနှင့်မျက်လုံးချင်းတောင်မဆိုင် ကွေ့ရှောင်သွားတတ်သည်။
အရွယ်ရောက်လာတာနှင့်အမျှJiminကဖူးပွင့်စ ပန်းကလေး လို လှပလာသည်။
ရုပ်ရည်သည် အပြစ်ရှာစရာ အစအနလေးတောင် မရှိပဲ လူအများကြား ချောမောတဲ့ကောင်လေးအဖြစ်ရှင်သန်နေထိုင်ခဲ့သည်။
Jiminအထက်တန်းနောက်ဆုံးနှစ်မှာJinကတက္ကသိုလ်ကျောင်းသားဖြစ်ခဲ့သည်။Jiminကိုအရင်လိုစောင့်ကြည့်စရာမလိုတော့။
သို့ပေမယ့် Jiminကကျောင်းမှာဖြစ်သမျှအရာ အားလုံးကို Jin အားပြန်ပြောပြတတ်တဲ့အကျင့်လေးရှိသည်။
နောက်ပီး Jiminကြောက်သည့် အရာတစ်ခုရှိသေးသည်။
အဲ့ဒါက အချစ်ပင်။
အချစ်ကိုခံစားတတ်တဲ့ ဆယ်ကျော်သက်ကောင်လေး အရွယ်ရောက်လာပေမယ့် Jiminက အချစ်ကိုမခံစားတတ်ပေ။
ကောင်မလေးအများစုက Jiminကိုသဘောကျကြသည်။အမြဲတမ်းလိုလိုJiminနားကပ်နေကြသည်။စိတ်ရှုပ်တတ်တဲ့ကောင်လေးက စကားလုံးနူးနူးညံ့ညံ့တွေဖြင့် အနားကပ်လာသူတွေအား နှင်ထုတ်တတ်သည်။
''အချိန်တိုင်းကျွန်တော့်အနားမှာပဲ နေမနေကြနဲ့လေ အနာဂတ်အတွက်ကြိုးစားကြပါဦး ကျွန်တော်က အချိန်ဖြုန်းတဲ့သူဆို မကြိုက်ဘူး ''
ဒါကJiminရဲ့ ပြောနေကျ စကားစုပင်။
အကုန်လုံးကိုခြုံငုံကြည့်မယ်ဆို Jiminက ရိုးရိုးရှင်းရှင်းလေးနဲ့ အနေအေးအေးကောင်လေးတစ်ယောက်ပါပဲ။
''ခေါ်နေတာကို မကြားလောက်တဲ့အထိHyungက အတွေးလွန်နေတာပဲ''
''Aww Jiminတောင် ရေချိုးပြီးပြီပဲ ဗိုက်ဆာပြီလား အန်တီဆွိက Jiminကြိုက်တာလေးတွေ ချက်ထားတယ်Hyungပြင်ပေးမယ်နော်''
သုတ်သုတ်နဲ့ထွက်သွားသောJinအားကြည့်ကာJiminပြုံးမိသည်။
''ဒီHyungဒီရက်ပိုင်း စိတ်တွေလေလွင့်နေတယ်ထင်ပ့''
စာအနည်းငယ်ကြည့်ရန်စာကြည့်ခန်းအတွင်းဝင်လာလိုက်သည်။သူကစီးပွားရေးမေဂျာ တတိယ နှစ်ကျောင်းသားတစ်ယောက်ပင်။
ဖခင်ရဲ့စီးပွားရေးလုပ်ငန်းတွေကို တစ်ချိန်ကျ လုပ်ကိုင်ရမယ့် အနာဂတ်CEOမို့ တစ်ခြားသူတွေထက်ပိုတက်ကျွမ်း ပိုနားလည်အောင် အချိန်ပြည့်ကြိုးစားတတ်သည်။
ဖေဖေကနိုင်ငံခြားကCompanyမှာ ကြီးကြပ်နေပေမယ့် ဆိုးလ်က Companyကိုလည်း စီမံနေသည်။လူယုံပေါင်းများစွာက စိတ်ချရသည်မို့ ဖေဖေ့ Companyက အတိုက်အခိုက်မရှိအောင်မြင်နေသည်။
''ကလေး ပြီးမှ စာကြည့်ပါလား အရင်သွားစားလိုက်ဦး''
အနောက်မှJin Hyungအသံကြောင့် ဖေဖေ့အကြောင်းတွေးတာ အဆက်ပြတ်သွားသည်။ စာအုပ်လေးကိုပိတ်ကာ မီးဖိုခန်းသို့Hyungနဲ့အတူတူလျှောက်လာသည်။
စားပွဲပေါ်မှာJiminကြိုက်တတ်တဲ့ အရာများက အပြည့်ပင်။ဘေးမှာရပ်နေတဲ့အန်တီဆွိကိုတောင်အားနာမိသည်။
သူကအများကြီးမစားတတ်ပေမယ့် အန်တီက အများကြီး ပြင်ဆင်ပေးတတ်သည်။ငယ်ငယ်ထဲကအတူတူနေလာသည်မို့ တာဝန်မပျက်မကွက် အန်တီက လုပ်ကိုင်ပေးနေတုန်းပင်။
Jiminရဲ့ဘဝမှာ အခင်တွယ်ရဆုံးနှင့် သံယောဇဥ် အရှိဆုံးကHyungနဲ့အန်တီဆွိပင်ဖြစ်သည်။
တခြားသူတွေမလိုပါ။
သူတို့နှစ်ယောက်ရှိရုံနှင့်တင်ဘဝကလုံခြုံနေပြီမို့။
12.7.2023