Light on me

By Chochoyaminhlaing

47.3K 3.4K 75

ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင် မည်သူနဲ့မျှစစ်မဖြစ်လို🤍 More

Intro 2
1:1
2:2
3:3
4:4
5:5
6:6
7:7
8:8
9:9
10:10(❣)
11:11
12:12
13:13
14:14
15:15
16:16
17:17
18:18
Hi
19:19
20:20
21:21
💭
22:22
23:23
24:24
25:25
26:26
The end

Intro 1

4.6K 215 2
By Chochoyaminhlaing

''အပြစ်သားJeon Jung Kook အကျယ်ချုပ်မှ လွတ်မြောက်စေ''

အမိန့်သံအဆုံး ရှူးဖိနစ်သံသည် ကျယ်ပြန့်လှသော အခန်းတွင်းမှ ထွက်လာသည်။ ချုပ်နှောင်ထားခြင်းမရှိတော့သော လက်တို့သည် Tattooအပြည့်ဖြင့်။ဆေးစက်တို့ထပ်မံခြယ်သထားသည်မှာ ရုပ်လုံးကြွကြွ။

ကျောလယ်လောက်ထိရှည်လျားနေသော ဆံချည်မျှင်တို့ကိုစုစည်းထားကာ အရာရာဟာ ရူးရူးမိုက်မိုက်ပေ။စီးကရက်တိုကိုလက်ကြားညှပ်ကာ အသင့်စောင့်ကြိုနေသော ကားဆီသို့ အချွေအရံများစွာဖြင့် လျှောက်လှမ်းနေတော့သည်။

''သခင်လေး အိမ်ကိုတန်းမောင်းရမလား''

''လွမ်းနေတဲ့နယ်မြေဆီကိုသာမောင်း''

ကားလေးသည်အလိုက်သင့်ပင် ၅နှစ်တာမျှ ချုပ်နှောင်ခံခဲ့ရသော မှောင်မိုက်နေတဲ့နေရာမှ ထွက်ခွာလာခဲ့သည်။ မမြင်တာကြာသော မြို့လယ်မြင်ကွင်းသည် ​မျက်စိကျိန်းလောက်အောင်ပင်ခမ်းနားလျက်။

''သခင်လေး ဟိုးအရှေ့ကအဆောက်အဦးဟာ သူ့Companyပါ''

အပြာရောင်အဆောက်အဦးကြီးသည်မိုးထိမြင့်ကာထည်ထည်ဝါဝါပင်။သူကဒီအရောင်တွေကိုအခုထိကြိုက်ကြောင်းတစ်မြို့လုံးအားကြေငြာထားသလို။Companyနာမည်ကိုအနက်ရောင်စာလုံးဖြင့်ထွင်းထားသည်ကဆန်းဆန်းပြားပြားရယ်။

ကားလေးသည် အဆောက်အဦး၏မလှမ်းမကမ်းတွင်ရပ်လိုက်သည်။နာရီအနည်းငယ်မျှကြာအောင်Jeonစောင့်လိုက်ရသည်။Companyအတွင်းမှ မြင်ဖူးနေကျ ပြိုင်ကားအနက်ရောင်လေးသည် လှစ်ခနဲမောင်းထွက်သွားတော့သည်။Jeon၏မျက်လုံးအစုံသည် လင်းလက်သွားတော့သည်။ငါးနှစ်ကြာသည်အထိဒီကားလေးကိုသူစီးနေတုန်းလား။

''အိမ်ကိုမောင်း ငါ့အိမ်ကိုမဟုတ်ဘူး''

''သူအိမ်ပြောင်းထားတယ်''

''နေရာမသိဘူးလား''

''စုံစမ်းလို့မရဘူး သခင်လေး''

''အာ့ဆိူလည်းအိမ်ပြန်မယ် ကားလေးတွေ့ရရင်ကိုရပီ ကိုယ်အဆင်ပြေတယ်''

လမ်းကြောင်းမသင့်သည်မို့ ကားလေးသည် မြို့လယ်မှ ပြန်ကွေ့ကာ မြို့ပြင်ဆီသို့။

>>>>>>>>>>>>>♥

''Hello''

''သူပြန်လွတ်လာပြီတဲ့''

''....''

ဖုန်းလေးသည်လက်မှတဆင့်ကြွေပြားပေါ်သို့လွတ်ကျသွားတော့သည်။ပြန်လွတ်လာပြီတဲ့။သူသေသေချာချာချုပ်နှောင်ထားခဲ့တာပါ။ဘာကြောင့်လွတ်လာရတာလဲ။နှစ်ပြည့်တယ်ပြောရအောင်လည်းဒီနေ့မှငါးနှစ်ပြည့်တာလေ။မဖြစ်နိုင်ပါ။ခြေအစုံသည်မခိုင်တော့ပဲ ယိုင်နဲ့သွားတော့သည်။ဝမ်းသာသလိုဝမ်းနည်းသလိုခံစားချက်ကြီးကရင်ထဲကြီးစိုးလျက်။

''အိမ်ပြောင်းရမယ် ငါ့ကိုထပ်တွေ့လို့မဖြစ်ဘူး ငါသူ့ကိုသိပ်ကြောက်တာ သိပ်ကြောက်တာမို့ ဝေးဝေးမှာနေပါ ကူးငယ်ရယ်''

အဖြစ်အပျက်တွေအကုန်လုံး ခေါင်းထဲတိုးဝင်ကာ ခန္ဓာကိုယ်ငယ်သည်လည်း ထောင့်တစ်နေရာမှထမလာတော့။ပြန်လွတ်လာပြီဆိုတဲ့ပဲ့တင်သံတို့သည်အခန်းထဲဝယ်ကျယ်လောင်စွာကြားနေရသည်။

''ဟင့်အင်းလေ ကူးငယ်လေးက ကိုကို့ဆီထပ်မလာနဲ့တော့နော် ''

တစ်ယောက်ထဲညီးညူကာနားနှစ်ဖက်ကိုအတင်းပိတ်ထားလျက်။နာကျင်ခဲ့သော အချိန်တွေက ကုန်ခဲ့ပီမို့ ထပ်မဆုံချင်တော့။ အိပ်ဆေးလိုတယ်။ အိပ်နေရင်သူ့ကိုမတွေ့ရတော့ဘူးလေ။

ကမန်းကတန်းထကာ အံဆွဲအထပ်ထပ်ကို မွှေနှောက်ရှာတော့သည်။ဒီနေ့ကျမှဆေးတွေအကုန်ကုန်။ ကြမ်းပြင်ပေါ်မှဖုန်းလေးအားကောက်ကာDr.Kimဆီသိူ့အကြောင်းကြားရမည်။

''Hello Dr.''

''အင်းပြောလေ''

''ကျွန်တော် အိပ်ဆေးလိုတယ် သူပြန်လွတ်လာပြီတဲ့Dr ကျွန်တော် ထွက်ပြေးရမယ်''

''မေ့နေနိုင်ပီမဟုတ်လား ဆေးသောက်ဖို့မလိုတော့ဘူးလေ''

''လိုတယ်Dr စကားတွေအများကြီးမပြောပါနဲ့တော့ ကျွန်တော်အိပ်ပျော်ဖို့လိုတယ်''

''အင်းအင်းကိုယ်အခုလာပြီ''

''သူမတွေ့စေနဲ့နော်''.

''အင်းပါ''

လူနာတွေထဲမှာမှ အထူးဆန်းဆုံးလူနာက သူပင်။အမြဲလိုလိုလူတစ်ယောက်အားမေ့နေနိုင်အောင်ဆေးတွေတောင်းသတဲ့။တကယ်ပါအဲ့ကလေးဆေးပျက်တာမကြာသေးပေ။အရိပ်လေးပင်မတွေ့ရသေးတာတောင် အသံကြားရုံနဲ့တင် သူ့မှာ အဖျားခတ်နေပြီ။သူသိပ်ကြောက်တတ်တာ။

မြို့အစွန်ဆုံးကတောင်ကုန်းလေးပေါ်မှာ သစ်ပင်ကြီးကြီးတို့ အုပ်စိုးထားတဲ့အိမ်ဟာ တိတ်ဆိတ်လျက်။အိမ်တစ်ခုလုံးမီးမှိတ်ထားကာ အခန်းငယ်လေးတစ်ခုသာ အလင်းမှိန်မှိန်လေးကျရောက်နေသည်။

''Dr.သူအခန်းထဲမှာ ရှိတယ် ဘာမှလည်းထွက်မစားဘူး သူတစ်ခုခုဖြစ်နေတယ်ထင်တယ်''

''အင်းJung Kookပြန်ရောက်လာလို့''

''အဲ့လူက အခုထိသိပ်ကိုသူ့စိတ်ထဲကြောက်စရာကောင်းနေတုန်းထင်တယ် ကျွန်တော်ကမေ့ပြီထင်နေတာ''

''ကိုယ်ရောပဲလေ ဒီနေ့ကျမှဖုန်းဆက်ခေါ်လို့ မီးတွေဖွင့်ထားလိုက်ပါ ကိုယ်သေချာရှင်းပြလိုက်ပါမယ်''

Dr.Kimအပြောကြောင့်စိတ်ချရကာ တစ်အိမ်လုံးမီးတွေပြန်လင်းထိန်လာတော့သည်။နားနှစ်ဖက်ပိတ်ကာ ချောင်လေးထဲထိုင်နေသူသည် မီးဖွင့်သံတွေဆူညံသွားတာကြောင့်ဒေါသအနည်းငယ်ထွက်လာတော့သည်။ဒင်းတို့မို့အကြောက်တရားမရှိ။

''ဘယ်သူထွန်းတာလဲ ပိတ်စမ်းအခု မကြောက်မလန့်နဲ့ အခုပိတ်''

''ကောင်လေး''

''Dr.''

''ကိုယ်ဖွင့်ခိုင်းလိုက်တာ မှောင်နေရင်ပိုသံသယဖြစ်မှာဆိုးလို့''

''ဟုတ်ကဲ့ ကျွန်တော် ပြောတဲ့အိပ်ဆေးရောဟင်''

အ​ခြေအနေတွေသည်လွန်ခဲ့သော လများနှင့်များစွာကွာခြားသွားတော့သည်။ကောင်လေးဟာ တစ်ညနေထဲနှင့်ပိန်ကျသွားသလို။ဖရိုဖရဲပုံစံနှင့်လက်သေးသေးလေးအားဖြန့်ကာ သူ့ထံမှ အကူညီတောင်းသလိုမျက်ဝန်းတွေနှင့်။တော်သေးတာပေါ့ ဘာထိခိုက်ဒဏ်ရာမှဖြစ်မထားလို့။

''သူ့ကိုကျွန်တော်မေ့ဖို့လိုတယ် မဟုတ်ရင် ကျွန်တော်သေမှာ''








Continue Reading

You'll Also Like

1.7M 98.6K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
167K 7.7K 103
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
732K 20K 74
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...
75.5K 2K 30
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...