Unicode
လင်းချင်းယင်သည် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ အတိအကျပြောသည်ကို ကြားတော့ ဦးလေးနှင့် အဒေါ်များသာမက ကျန်းဝေသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။
"ဆရာ ပြောတဲ့ အဓိပ္ပာယ်က ကျွန်တော့်မိသားစုရဲ့ ပြိုလဲမှုက ကျွန်တော်နဲ့ သက်ဆိုင်နေတာလား။ ကျွန်တော်သေရင် မိသားစုကို ကယ်တင်လို့ရနိုင်မှာလား"
"ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားလဲ"
ထိုစကားကို ကြားပြီးနောက် အန်တီလီသည် သူ့ကို ရိုက်လိုက်ပြီး အပြုံးကို ဖျစ်ညှစ်ထုတ်လိုက်ပြီး လင်းချင်းယင်အား ပြောလိုက်သည်။
"ဆရာသခင်၊ သူ့စကားတွေကို နားမထောင်ပါနဲ့။ မင်းလို ဆရာတစ်ယောက်မှာ အဖြေရှိရမယ် ဆိုတာ အန်တီ သိတယ်။ မင်းက သူ့ကို အကြံဉာဏ်လေး ပေးပါဦး"
လင်းချင်းယင်က
"ကျန်းဝေရဲ့ဘဝက အရမ်းကောင်းပါတယ်။ အဲဒါက အကြောင်းတစ်ခုခု ရှိရမယ်။ သူ့ဘဝမှာ အလှည့်အပြောင်းတွေ မရှိသင့်ဘူး။ အခုလက်ရှိ အခြေအနေမှာ ဒီလိုမျိုးဖြစ်နေတာက အမှောင်ထဲမှာ တစ်ယောက်ယောက်က သူ့လက်တွေကို ရွှေ့ထားလို့ပဲ။ ဖြစ်ပျက်ခဲ့တဲ့ နေရာမှန်ကို ရှာတွေ့မှသာလျှင် သူ့အတွက် ကျွန်မ ဖော်ထုတ်ပေးနိုင်မယ်"
ကျန်းဝေသည် လင်းချင်းယင်၏ စကားများကို လျင်မြန်စွာ တွေးလိုက်သည်။ မိန်းမငယ်လေးပြောသည့် စကားများသည် အလွန်တိကျသော်လည်း သူ့မိသားစု၏ ကိစ္စများသည် ဤနယ်ပယ်တွင် လျှို့ဝှက်ချက် မဟုတ်ပေ။ သူ(မ)က ထိုအကြောင်းကို ကြိုတင်ပြီး ကြည့်ထားတာ ဟုတ်မဟုတ်ဆိုသည်ကို သူ မပြောနိုင်ပါ။ သို့သော်လည်း သူတို့မိသားစုရဲ့ လက်ရှိအခြေအနေအရတော့ ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူး။ အလိမ်ခံရရင်တောင် သူတို့ရဲ့ အခြေအနေက ပိုဆိုးလာမှာ မဟုတ်ဘူး။
ကျန်းဝေသည် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ဤကမ္ဘာပေါ်တွင် အလကားရသည့် နေ့လယ်စာဆိုတာ မရှိသည်ကို သူ သိ၏။ ယွမ် ၁၀၀၀ သည် အစောပိုင်းတွင် သူ၏ကံကြမ္မာကို ဖတ်ရန်သာ ဖြစ်သည်။ သူတို့၏ ကံဆိုးမှုကို ချေဖျက်ရန် အပို အခကြေးငွေ ပေးဆောင်ရပါမည်။ အရင်တုန်းက သူတို့မိသားစုသည် ချမ်းသာသောကြောင့် ယွမ်ငွေ ၁ သန်းကို မျက်တောင်မခတ်ဘဲ ထုတ်ယူနိုင်ခဲ့ပေမဲ့ ယခုအချိန်တွင် ယွမ် ၁၀,၀၀၀ ကို ထုတ်ယူဖို့တောင် သူ့အတွက် ခက်ခဲလှသည်။
ကျန်းဝေသည် မြေပြင်ပေါ်တွင် မဝံ့မရဲထိုင်ချကာ ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ကိုင်လိုက်သည်။ ရုတ်တရက် ကျောက်စိမ်းဆွဲသီးတစ်ခုသည် သူ၏အင်္ကျီထဲကနေ လျှောကျလာပြီး သူ၏ လက်ကောက်ဝတ်ကို ထိသွား၏။
ကျန်းဝေသည် သူ၏လက်ကို ဆန့်ထုတ်ပြီး လည်ပင်းမှာဆွဲထားသော ကျောက်စိမ်းဆွဲသီးလေးကို ကြည့်လိုက်သည်။ သူသည် ၎င်းကို အားဖြင့်ဆွဲဖြုတ်ပြီး လင်းချင်းယင်အား ဂရုတစိုက်ဖြင့် ပေးခဲ့သည်။
"ဆရာ၊ ကျွန်တော့်မှာ ပိုက်ဆံမရှိတော့ဘူး။ ဒီကျောက်စိမ်းဆွဲသီးနဲ့ဆို လုံလောက်မလား"
ကျောက်စိမ်းဆွဲသီးလေးသည် ဖြူစင်သောအရောင်ရှိပြီး အပြစ်အနာအဆာကင်းသော အသွင်အပြင်ရှိသည်။ ၎င်းကို နှစ်အတော်ကြာအောင် ၀တ်ဆင်ထားပေမဲ့ ချောမွေ့နေတုန်းပင်။ သို့သော် ထိုအရာသည် လင်းချင်းယင်၏ အာရုံစိုက်မှုကို စွဲဆောင်ခဲ့သည့် အကြောင်းအရင်းများ မဟုတ်ပေ။ သူ(မ)သည် ကျောက်စိမ်းအတွင်းရှိ ဝိညာဉ်စွမ်းအင်ကို စိတ်ဝင်စားမိသည်။
"မင်းရဲ့ ကျောက်စိမ်းဆွဲသီးက တန်ဖိုးကြီးလား"
လင်းချင်းယင်က သူ့ကိုကြည့်ပြီး
"မင်းနောင်တမရမှာ သေချာလား"
ကျန်းဝေသည် ခါးသီးစွာ ပြုံးပြီး ကျောက်စိမ်းဆွဲသီးကို လင်းကျင်းယင်၏ရှေ့သို့ ချလိုက်သည်။
"ကျွန်တော့်ရဲ့ကံဆိုးမှုကို ဖြေရှင်းပေးနိုင်တယ်ဆိုရင် ဒီကျောက်စိမ်းဆွဲသီးက ဘာမှမဟုတ်ပါဘူး။ မဖြေရှင်းနိုင်ဘူးဆို...."
လင်းချင်းယင်သည် ကျောက်စိမ်းဆွဲသီးကို လှမ်းကိုင်ပြီး အဝေးတွင် ဖယ်ထားလိုက်သည်။
"ငါ မဖြေရှင်းနိုင်ရင် မင်းကို ပြန်ပေးမယ်"
လင်းချင်းယင်သည် သူ(မ)၏ပစ္စည်းများကို သိမ်းပြီး ကျန်းဝေနှင့်အတူ လိုက်သွားရန် အဆင်သင့်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် တချို့သော ဦးလေးနှင့် အဒေါ်များသည် စိုးရိမ်လာကြ၏။ သူတို့က သူ(မ)ရှေ့သို့ ပြေးလာပြီး မေးလိုက်သည်။
"မနက်ဖြန်ရော လာဦးမှာလား ဆရာ။ ကျွန်တော်တို့လည်း ဗေဒင်မေးချင်လို့!"
လင်းချင်းယင်သည် ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။
"သေတော့ မသေချာဘူး။ ကျန်းဝေရဲ့ ပြဿနာကို ဖြေရှင်းပြီးရင် ကျွန်မ ပြန်လာခဲ့မယ်"
တချို့သောအဒေါ်များသည် သူတို့၏ရင်ဘတ်ကို ရိုက်လိုက်မိသည်။ သူတို့သည် သူ(မ)၏ ဗေဒင်ဟောခြင်းက အလွန်တိကျကြောင်း အနည်းငယ် စောစီးစွာ သိရှိခဲ့လျှင်ပင်။ သူတို့၏ကံကြမ္မာကို အရင်ဆုံး မေးလိုက်သင့်သည်။ ထိုအချိန်တွင် သူတို့သည် ရက်အတော်ကြာ စောင့်ရန် မလိုအပ်တော့ပေ။
သို့သော်လည်း ဦးလေးနှင့် အဒေါ်အများအပြားက စောင့်မျှော်ကြည့်ရှုချင်ကြသည်။ ကျန်းမိသားစု၏ ကျဆုံးမှုကို သူတို့ မြင်ခဲ့ကြပြီးပြီ။ ဒီမိန်းမငယ်လေးသည် သူတို့၏ပြဿနာများကို ဖြေရှင်းပြီး ကျန်းမိသားစုကို တစ်ဖန်ထပ်ပြီး ချမ်းသာအောင် လုပ်နိုင်မယ်ဆိုလျှင်၊ သူ(မ)သည် တကယ် ကျွမ်းကျင်မှုရှိရမည်။ အဲဒီအခါကျ ဗေဒင်မေးရန် အချိန်မနှောင်းသေးပါ။
ဖက်တီးဝမ်သည် စာလိပ်ကို လိပ်ပြီး သူ၏လက်မောင်းတွင် ချိတ်ထားသည်။ ထို့နောက် သူ၏လက်ကိုင်ဖုန်းကို ထုတ်ပြီး ပြောလိုက်သည်။
"group chat ထောင်လိုက်ကြရအောင်။ ခင်ဗျားတို့က ဆရာသခင်နဲ့ တိုင်ပင်ဆွေးနွေးချင်ရင် ကျွန်တော်နဲ့ ရက်ချိန်းဆိုလို့ ရနိုင်ပါတယ်။ မင်းတို့အတွက် ကိစ္စတွေ စီစဉ်ပေးမယ်"
ဦးလေးများနှင့် အဒေါ်များ၏ အသက်အရွယ်ကို မကြည့်လိုက်ပါနှင့်။ သူတို့သည် WeChat ကို ချောမွေ့စွာ အသုံးပြုနိုင်ကြသည်။ စကားလုံးတွေ မရိုက်နိုင်ရင်တောင် အသံမက်ဆေ့ချ် ပို့နိုင်တဲ့အတွက် အရမ်းအဆင်ပြေပါသည်။ အချိန်တိုလေးအတွင်းမှာပဲ အဖွဲ့ဝင် ၅၀ ကျော်ရှိတဲ့ အဖွဲ့ကြီးတစ်ခုကို ဖန်တီးခဲ့သည်။
ဖက်တီးဝမ်သည် အနီရောင်စာအိတ်များ ပေးပို့တော့မည်ဖြစ်သော်လည်း အရောင်စုံသောပုံများနှင့် အနုပညာမြောက်သော (emoticons) အီမိုဂျီ စတစ်ကာများဖြင့် ပြည့်လျှံနေသည်။ ဒါပေမဲ့ သူသည် အဆိုပါ ထူးဆန်းသော ပုံများကို ကြည့်ရန် သည်းမခံနိုင်တော့ပေ။
ဖက်တီးဝမ် : ဒီနှစ် ဖောက်သည်တွေနဲ့ ဆက်ဆံရတာ အရမ်းခက်ခဲတယ်လို့ ခံစားရတယ်။
ကျန်းမိသားစု၏ အိမ်ဟောင်းသည် ပန်းခြံနောက်ဘက်ရှိ လူနေအဆောက်အအုံတွင် ရှိသည်။ ယခုဆိုလျှင် မိသားစုငါးယောက်သည် ဟောင်းနွမ်းသော အိပ်ခန်းနှစ်ခန်းထဲတွင် ပြည့်ကျပ်စွာနေကြသည်။ ကျန်းဝေသည် ဧည့်ခန်းရှိ ရိုးရိုး ခေါက်ကုတင်ပေါ်တွင် အိပ်နေသည်။
မူလက ကျန်းမိသားစုတွင် ကောင်းမွန်သောဘဝရှိခဲ့တုန်းက ဇနီးမောင်နှံနှစ်ဦးသာ ဤအိမ်တွင် နေထိုင်ခဲ့သည်။ နေ့တိုင်း အိမ်သည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်ခဲ့သည်။ နေရာတိုင်းတွင် နွေးထွေးသောပန်းပင်များ စိုက်ထားခဲ့ကြသည်။ ယခုမူ အိမ်တွင် လူများပြည့်နေသဖြင့် နွေးထွေးသောပန်းများ မဆိုထားနှင့်၊ လူများအားလုံး တစ်နေရာတည်းတွင် ရှိနေပါက မွန်းကျပ်သလို ခံစားရသည်။
အဖေကျန်း၏ စက်ရုံသည် ယခုအခါ တိုးတက်မှုများ ကျဆင်းနေပြီဖြစ်သည်။ ၎င်းကို ထောက်ပံ့ရန် ရုန်းကန်နေရသည့် သူနဲ့ သူ့ဇနီးကလွဲရင် တခြားဝန်ထမ်းများ မရှိတော့ပါ။ ယခုတွင် အရောင်းအဝယ် လုပ်ငန်းများ မရှိတော့သဖြင့် စက်ပစ္စည်းများအားလုံး ပိတ်ထားရသည်။ သူတို့သည် စက်ရုံတွင် ဘာမှ လုပ်စရာမရှိသောကြောင့် လင်မယားနှစ်ယောက်စလုံး အိမ်မှာပဲ နေကြရသည်။
"စက်ရုံကိုလည်း ရောင်းရအောင်"
နူးညံ့သိမ်မွေ့သော မျက်နှာရှိခဲ့ဖူးသည့် အမေကျန်း သည် ယခုအခါတွင် အရေးအကြောင်းများနှင့် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။
"မြေကွက်နဲ့ စက်ပစ္စည်းတွေကို ပိုက်ဆံနည်းနည်းနဲ့ ရောင်းလို့ရနိုင်တယ်။ ကျွန်မတို့ အကြွေးတွေကို ဆပ်နိုင်ပြီး ကျန်တာတွေကိုလည်း အရင်းအနှီးအနေနဲ့ အသုံးချပြီး လုပ်ငန်းအသေးစားလေးတွေ လုပ်နိုင်ပါတယ်။"
အဖေကျန်းသည် အတန်ကြာပြီးနောက် သက်ပြင်းချလိုက်သည်။ ဒီသက်ပြင်းချသံကနေ သူ၏ သဘောမတူဖြစ်မှုကို ခံစားလိုက်ရသည်။ သူသည် သူတို့၏အိမ်ကြီး၊ အနောက်တိုင်းစတိုင်အိမ်များ၊ ဇိမ်ခံကားများနှင့် ကုမ္ပဏီကိုတောင် ရောင်းချသည်ကို လက်ခံနိုင်ပေမဲ့၊ တဖြည်းဖြည်းချင်း အောက်ခြေကနေ သူ တည်ထောင်ခဲ့သည့် စက်ရုံတော့ မပါပေ။ သူ့နှလုံးသားကို တူးဆွနေသလိုပဲ။
အမေကျန်းသည် ခင်ပွန်းဖြစ်သူ၏ တုံ့ပြန်မှုကို မြင်သောအခါ သက်ပြင်းချလိုက်မိသည်။ အိပ်ခန်းထဲတွင် လင်မယားနှစ်ယောက် တိတ်ဆိတ်ငြိမ်သက် သွား၏။ ဘေးအခန်းတွင် ရှိနေသည့် လူအိုစုံတွဲ နှစ်ယောက်က ခေါင်းခါလိုက်သည်။ အိမ်တွင် မမြင်ရသော တောင်ကြီးတစ်လုံးက သူတို့၏နှလုံးသားကို ဖိထားသကဲ့သို့ပဲ။
"ပြန်ရောက်ပါပြီ"
ခိုးယူခံရမှုကို ဆန့်ကျင်သော တံခါးဟောင်းကို တွန်းဖွင့်ခံလိုက်ရသောအခါတွင် စူးရှသော အသံတစ်ခုက အိမ်တွင်းရှိ တိတ်ဆိတ်မှုကို ချိုးဖျက်ပစ်လိုက်သည်။
ကျန်းဝေသည် ကသိကအောက်ဖြစ်စွာဖြင့် အော်ဟစ်လိုက်ပြီး လင်းကျင်းယင်နှင့် ဖက်တီးဝမ်တို့နှင့်အတူ လျှောက်လာပါသည်။
"ပါး၊ မား ကျွန်တော် ဆရာသခင်တစ်ယောက်ကို အိမ်ကို ဖိတ်လာခဲ့တယ်"
....................
Zawgyi
လင္းခ်င္းယင္သည္ ဘာေတြျဖစ္ပ်က္ခဲ့သလဲဆိုတာ အတိအက်ေျပာသည္ကို ၾကားေတာ့ ဦးေလးႏွင့္ အေဒၚမ်ားသာမက က်န္းေဝသည္လည္း ထိတ္လန႔္တုန္လွုပ္သြားသည္။
"ဆရာ ေျပာတဲ့ အဓိပၸာယ္က ကၽြန္ေတာ့္မိသားစုရဲ့ ၿပိဳလဲမွုက ကၽြန္ေတာ္နဲ႔ သက္ဆိုင္ေနတာလား။ ကၽြန္ေတာ္ေသရင္ မိသားစုကို ကယ္တင္လို႔ရနိုင္မွာလား"
"ဘယ္လို အဓိပၸာယ္မရွိတဲ့ စကားလဲ"
ထိုစကားကို ၾကားၿပီးေနာက္ အန္တီလီသည္ သူ႔ကို ရိုက္လိုက္ၿပီး အျပဳံးကို ဖ်စ္ညႇစ္ထုတ္လိုက္ၿပီး လင္းခ်င္းယင္အား ေျပာလိုက္သည္။
"ဆရာသခင္၊ သူ႔စကားေတြကို နားမေထာင္ပါနဲ႔။ မင္းလို ဆရာတစ္ေယာက္မွာ အေျဖရွိရမယ္ ဆိုတာ အန္တီ သိတယ္။ မင္းက သူ႔ကို အႀကံဉာဏ္ေလး ေပးပါဦး"
လင္းခ်င္းယင္က
"က်န္းေဝရဲ့ဘဝက အရမ္းေကာင္းပါတယ္။ အဲဒါက အေၾကာင္းတစ္ခုခု ရွိရမယ္။ သူ႔ဘဝမွာ အလွည့္အေျပာင္းေတြ မရွိသင့္ဘူး။ အခုလက္ရွိ အေျခအေနမွာ ဒီလိုမ်ိဳးျဖစ္ေနတာက အေမွာင္ထဲမွာ တစ္ေယာက္ေယာက္က သူ႔လက္ေတြကို ေရႊ႕ထားလို႔ပဲ။ ျဖစ္ပ်က္ခဲ့တဲ့ ေနရာမွန္ကို ရွာေတြ႕မွသာလၽွင္ သူ႔အတြက္ ကၽြန္မ ေဖာ္ထုတ္ေပးနိုင္မယ္"
က်န္းေဝသည္ လင္းခ်င္းယင္၏ စကားမ်ားကို လ်င္ျမန္စြာ ေတြးလိုက္သည္။ မိန္းမငယ္ေလးေျပာသည့္ စကားမ်ားသည္ အလြန္တိက်ေသာ္လည္း သူ႔မိသားစု၏ ကိစၥမ်ားသည္ ဤနယ္ပယ္တြင္ လၽွို႔ဝွက္ခ်က္ မဟုတ္ေပ။ သူ(မ)က ထိုအေၾကာင္းကို ႀကိဳတင္ၿပီး ၾကည့္ထားတာ ဟုတ္မဟုတ္ဆိုသည္ကို သူ မေျပာနိုင္ပါ။ သို႔ေသာ္လည္း သူတို႔မိသားစုရဲ့ လက္ရွိအေျခအေနအရေတာ့ ဆုံးရွုံးစရာ ဘာမွမရွိေတာ့ဘူး။ အလိမ္ခံရရင္ေတာင္ သူတို႔ရဲ့ အေျခအေနက ပိုဆိုးလာမွာ မဟုတ္ဘူး။
က်န္းေဝသည္ အနည္းငယ္ စိတ္လွုပ္ရွားေနေသာ္လည္း ဤကမၻာေပၚတြင္ အလကားရသည့္ ေန႔လယ္စာဆိုတာ မရွိသည္ကို သူ သိ၏။ ယြမ္ ၁၀၀၀ သည္ အေစာပိုင္းတြင္ သူ၏ကံၾကမၼာကို ဖတ္ရန္သာ ျဖစ္သည္။ သူတို႔၏ ကံဆိုးမွုကို ေခ်ဖ်က္ရန္ အပို အခေၾကးေငြ ေပးေဆာင္ရပါမည္။ အရင္တုန္းက သူတို႔မိသားစုသည္ ခ်မ္းသာေသာေၾကာင့္ ယြမ္ေငြ ၁ သန္းကို မ်က္ေတာင္မခတ္ဘဲ ထုတ္ယူနိုင္ခဲ့ေပမဲ့ ယခုအခ်ိန္တြင္ ယြမ္ ၁၀,၀၀၀ ကို ထုတ္ယူဖို႔ေတာင္ သူ႔အတြက္ ခက္ခဲလွသည္။
က်န္းေဝသည္ ေျမျပင္ေပၚတြင္ မဝံ့မရဲထိုင္ခ်ကာ ကူကယ္ရာမဲ့စြာျဖင့္ သူ၏ေခါင္းကို ကိုင္လိုက္သည္။ ႐ုတ္တရက္ ေက်ာက္စိမ္းဆြဲသီးတစ္ခုသည္ သူ၏အကၤ်ီထဲကေန ေလၽွာက်လာၿပီး သူ၏ လက္ေကာက္ဝတ္ကို ထိသြား၏။
က်န္းေဝသည္ သူ၏လက္ကို ဆန႔္ထုတ္ၿပီး လည္ပင္းမွာဆြဲထားေသာ ေက်ာက္စိမ္းဆြဲသီးေလးကို ၾကည့္လိုက္သည္။ သူသည္ ၎ကို အားျဖင့္ဆြဲျဖဳတ္ၿပီး လင္းခ်င္းယင္အား ဂ႐ုတစိုက္ျဖင့္ ေပးခဲ့သည္။
"ဆရာ၊ ကၽြန္ေတာ့္မွာ ပိုက္ဆံမရွိေတာ့ဘူး။ ဒီေက်ာက္စိမ္းဆြဲသီးနဲ႔ဆို လုံေလာက္မလား"
ေက်ာက္စိမ္းဆြဲသီးေလးသည္ ျဖဴစင္ေသာအေရာင္ရွိၿပီး အျပစ္အနာအဆာကင္းေသာ အသြင္အျပင္ရွိသည္။ ၎ကို ႏွစ္အေတာ္ၾကာေအာင္ ၀တ္ဆင္ထားေပမဲ့ ေခ်ာေမြ႕ေနတုန္းပင္။ သို႔ေသာ္ ထိုအရာသည္ လင္းခ်င္းယင္၏ အာ႐ုံစိုက္မွုကို စြဲေဆာင္ခဲ့သည့္ အေၾကာင္းအရင္းမ်ား မဟုတ္ေပ။ သူ(မ)သည္ ေက်ာက္စိမ္းအတြင္းရွိ ဝိညာဥ္စြမ္းအင္ကို စိတ္ဝင္စားမိသည္။
"မင္းရဲ့ ေက်ာက္စိမ္းဆြဲသီးက တန္ဖိုးႀကီးလား"
လင္းခ်င္းယင္က သူ႔ကိုၾကည့္ၿပီး
"မင္းေနာင္တမရမွာ ေသခ်ာလား"
က်န္းေဝသည္ ခါးသီးစြာ ျပဳံးၿပီး ေက်ာက္စိမ္းဆြဲသီးကို လင္းက်င္းယင္၏ေရွ႕သို႔ ခ်လိုက္သည္။
"ကၽြန္ေတာ့္ရဲ့ကံဆိုးမွုကို ေျဖရွင္းေပးနိုင္တယ္ဆိုရင္ ဒီေက်ာက္စိမ္းဆြဲသီးက ဘာမွမဟုတ္ပါဘူး။ မေျဖရွင္းနိုင္ဘူးဆို...."
လင္းခ်င္းယင္သည္ ေက်ာက္စိမ္းဆြဲသီးကို လွမ္းကိုင္ၿပီး အေဝးတြင္ ဖယ္ထားလိုက္သည္။
"ငါ မေျဖရွင္းနိုင္ရင္ မင္းကို ျပန္ေပးမယ္"
လင္းခ်င္းယင္သည္ သူ(မ)၏ပစၥည္းမ်ားကို သိမ္းၿပီး က်န္းေဝႏွင့္အတူ လိုက္သြားရန္ အဆင္သင့္ျဖစ္ေနသည္ကို ျမင္လိုက္ရသျဖင့္ တခ်ိဳ႕ေသာ ဦးေလးႏွင့္ အေဒၚမ်ားသည္ စိုးရိမ္လာၾက၏။ သူတို႔က သူ(မ)ေရွ႕သို႔ ေျပးလာၿပီး ေမးလိုက္သည္။
"မနက္ျဖန္ေရာ လာဦးမွာလား ဆရာ။ ကၽြန္ေတာ္တို႔လည္း ေဗဒင္ေမးခ်င္လို႔!"
လင္းခ်င္းယင္သည္ ခဏေလာက္စဥ္းစားၿပီး ေျပာလိုက္သည္။
"ေသေတာ့ မေသခ်ာဘူး။ က်န္းေဝရဲ့ ျပႆနာကို ေျဖရွင္းၿပီးရင္ ကၽြန္မ ျပန္လာခဲ့မယ္"
တခ်ိဳ႕ေသာအေဒၚမ်ားသည္ သူတို႔၏ရင္ဘတ္ကို ရိုက္လိုက္မိသည္။ သူတို႔သည္ သူ(မ)၏ ေဗဒင္ေဟာျခင္းက အလြန္တိက်ေၾကာင္း အနည္းငယ္ ေစာစီးစြာ သိရွိခဲ့လၽွင္ပင္။ သူတို႔၏ကံၾကမၼာကို အရင္ဆုံး ေမးလိုက္သင့္သည္။ ထိုအခ်ိန္တြင္ သူတို႔သည္ ရက္အေတာ္ၾကာ ေစာင့္ရန္ မလိုအပ္ေတာ့ေပ။
သို႔ေသာ္လည္း ဦးေလးႏွင့္ အေဒၚအမ်ားအျပားက ေစာင့္ေမၽွာ္ၾကည့္ရွုခ်င္ၾကသည္။ က်န္းမိသားစု၏ က်ဆုံးမွုကို သူတို႔ ျမင္ခဲ့ၾကၿပီးၿပီ။ ဒီမိန္းမငယ္ေလးသည္ သူတို႔၏ျပႆနာမ်ားကို ေျဖရွင္းၿပီး က်န္းမိသားစုကို တစ္ဖန္ထပ္ၿပီး ခ်မ္းသာေအာင္ လုပ္နိုင္မယ္ဆိုလၽွင္၊ သူ(မ)သည္ တကယ္ ကၽြမ္းက်င္မွုရွိရမည္။ အဲဒီအခါက် ေဗဒင္ေမးရန္ အခ်ိန္မေႏွာင္းေသးပါ။
ဖက္တီးဝမ္သည္ စာလိပ္ကို လိပ္ၿပီး သူ၏လက္ေမာင္းတြင္ ခ်ိတ္ထားသည္။ ထို႔ေနာက္ သူ၏လက္ကိုင္ဖုန္းကို ထုတ္ၿပီး ေျပာလိုက္သည္။
"group chat ေထာင္လိုက္ၾကရေအာင္။ ခင္ဗ်ားတို႔က ဆရာသခင္နဲ႔ တိုင္ပင္ေဆြးေႏြးခ်င္ရင္ ကၽြန္ေတာ္နဲ႔ ရက္ခ်ိန္းဆိုလို႔ ရနိုင္ပါတယ္။ မင္းတို႔အတြက္ ကိစၥေတြ စီစဥ္ေပးမယ္"
ဦးေလးမ်ားႏွင့္ အေဒၚမ်ား၏ အသက္အရြယ္ကို မၾကည့္လိုက္ပါႏွင့္။ သူတို႔သည္ WeChat ကို ေခ်ာေမြ႕စြာ အသုံးျပဳနိုင္ၾကသည္။ စကားလုံးေတြ မရိုက္နိုင္ရင္ေတာင္ အသံမက္ေဆ့ခ်္ ပို႔နိုင္တဲ့အတြက္ အရမ္းအဆင္ေျပပါသည္။ အခ်ိန္တိုေလးအတြင္းမွာပဲ အဖြဲ႕ဝင္ ၅၀ ေက်ာ္ရွိတဲ့ အဖြဲ႕ႀကီးတစ္ခုကို ဖန္တီးခဲ့သည္။
ဖက္တီးဝမ္သည္ အနီေရာင္စာအိတ္မ်ား ေပးပို႔ေတာ့မည္ျဖစ္ေသာ္လည္း အေရာင္စုံေသာပုံမ်ားႏွင့္ အႏုပညာေျမာက္ေသာ (emoticons) အီမိုဂ်ီ စတစ္ကာမ်ားျဖင့္ ျပည့္လၽွံေနသည္။ ဒါေပမဲ့ သူသည္ အဆိုပါ ထူးဆန္းေသာ ပုံမ်ားကို ၾကည့္ရန္ သည္းမခံနိုင္ေတာ့ေပ။
ဖက္တီးဝမ္ : ဒီႏွစ္ ေဖာက္သည္ေတြနဲ႔ ဆက္ဆံရတာ အရမ္းခက္ခဲတယ္လို႔ ခံစားရတယ္။
က်န္းမိသားစု၏ အိမ္ေဟာင္းသည္ ပန္းၿခံေနာက္ဘက္ရွိ လူေနအေဆာက္အအုံတြင္ ရွိသည္။ ယခုဆိုလၽွင္ မိသားစုငါးေယာက္သည္ ေဟာင္းႏြမ္းေသာ အိပ္ခန္းႏွစ္ခန္းထဲတြင္ ျပည့္က်ပ္စြာေနၾကသည္။ က်န္းေဝသည္ ဧည့္ခန္းရွိ ရိုးရိုး ေခါက္ကုတင္ေပၚတြင္ အိပ္ေနသည္။
မူလက က်န္းမိသားစုတြင္ ေကာင္းမြန္ေသာဘဝရွိခဲ့တုန္းက ဇနီးေမာင္ႏွံႏွစ္ဦးသာ ဤအိမ္တြင္ ေနထိုင္ခဲ့သည္။ ေန႔တိုင္း အိမ္သည္ ေပ်ာ္ရႊင္မွုမ်ားျဖင့္ ျပည့္ႏွက္ခဲ့သည္။ ေနရာတိုင္းတြင္ ေႏြးေထြးေသာပန္းပင္မ်ား စိုက္ထားခဲ့ၾကသည္။ ယခုမူ အိမ္တြင္ လူမ်ားျပည့္ေနသျဖင့္ ေႏြးေထြးေသာပန္းမ်ား မဆိုထားႏွင့္၊ လူမ်ားအားလုံး တစ္ေနရာတည္းတြင္ ရွိေနပါက မြန္းက်ပ္သလို ခံစားရသည္။
အေဖက်န္း၏ စက္႐ုံသည္ ယခုအခါ တိုးတက္မွုမ်ား က်ဆင္းေနၿပီျဖစ္သည္။ ၎ကို ေထာက္ပံ့ရန္ ႐ုန္းကန္ေနရသည့္ သူနဲ႔ သူ႔ဇနီးကလြဲရင္ တျခားဝန္ထမ္းမ်ား မရွိေတာ့ပါ။ ယခုတြင္ အေရာင္းအဝယ္ လုပ္ငန္းမ်ား မရွိေတာ့သျဖင့္ စက္ပစၥည္းမ်ားအားလုံး ပိတ္ထားရသည္။ သူတို႔သည္ စက္႐ုံတြင္ ဘာမွ လုပ္စရာမရွိေသာေၾကာင့္ လင္မယားႏွစ္ေယာက္စလုံး အိမ္မွာပဲ ေနၾကရသည္။
"စက္႐ုံကိုလည္း ေရာင္းရေအာင္"
ႏူးညံ့သိမ္ေမြ႕ေသာ မ်က္ႏွာရွိခဲ့ဖူးသည့္ အေမက်န္း သည္ ယခုအခါတြင္ အေရးအေၾကာင္းမ်ားႏွင့္ ပင္ပန္းႏြမ္းနယ္မွုမ်ား ျပည့္ႏွက္ေနသည္။
"ေျမကြက္နဲ႔ စက္ပစၥည္းေတြကို ပိုက္ဆံနည္းနည္းနဲ႔ ေရာင္းလို႔ရနိုင္တယ္။ ကၽြန္မတို႔ အေႂကြးေတြကို ဆပ္နိုင္ၿပီး က်န္တာေတြကိုလည္း အရင္းအႏွီးအေနနဲ႔ အသုံးခ်ၿပီး လုပ္ငန္းအေသးစားေလးေတြ လုပ္နိုင္ပါတယ္။"
အေဖက်န္းသည္ အတန္ၾကာၿပီးေနာက္ သက္ျပင္းခ်လိုက္သည္။ ဒီသက္ျပင္းခ်သံကေန သူ၏ သေဘာမတူျဖစ္မွုကို ခံစားလိုက္ရသည္။ သူသည္ သူတို႔၏အိမ္ႀကီး၊ အေနာက္တိုင္းစတိုင္အိမ္မ်ား၊ ဇိမ္ခံကားမ်ားႏွင့္ ကုမၸဏီကိုေတာင္ ေရာင္းခ်သည္ကို လက္ခံနိုင္ေပမဲ့၊ တျဖည္းျဖည္းခ်င္း ေအာက္ေျခကေန သူ တည္ေထာင္ခဲ့သည့္ စက္႐ုံေတာ့ မပါေပ။ သူ႔ႏွလုံးသားကို တူးဆြေနသလိုပဲ။
အေမက်န္းသည္ ခင္ပြန္းျဖစ္သူ၏ တုံ႔ျပန္မွုကို ျမင္ေသာအခါ သက္ျပင္းခ်လိုက္မိသည္။ အိပ္ခန္းထဲတြင္ လင္မယားႏွစ္ေယာက္ တိတ္ဆိတ္ၿငိမ္သက္ သြား၏။ ေဘးအခန္းတြင္ ရွိေနသည့္ လူအိုစုံတြဲ ႏွစ္ေယာက္က ေခါင္းခါလိုက္သည္။ အိမ္တြင္ မျမင္ရေသာ ေတာင္ႀကီးတစ္လုံးက သူတို႔၏ႏွလုံးသားကို ဖိထားသကဲ့သို႔ပဲ။
"ျပန္ေရာက္ပါၿပီ"
ခိုးယူခံရမွုကို ဆန႔္က်င္ေသာ တံခါးေဟာင္းကို တြန္းဖြင့္ခံလိုက္ရေသာအခါတြင္ စူးရွေသာ အသံတစ္ခုက အိမ္တြင္းရွိ တိတ္ဆိတ္မွုကို ခ်ိဳးဖ်က္ပစ္လိုက္သည္။
က်န္းေဝသည္ ကသိကေအာက္ျဖစ္စြာျဖင့္ ေအာ္ဟစ္လိုက္ၿပီး လင္းက်င္းယင္ႏွင့္ ဖက္တီးဝမ္တို႔ႏွင့္အတူ ေလၽွာက္လာပါသည္။
"ပါး၊ မား ကၽြန္ေတာ္ ဆရာသခင္တစ္ေယာက္ကို အိမ္ကို ဖိတ္လာခဲ့တယ္"
....................