Unicode
အပိုင်း (၁၁၈)
လက်ထပ်တာက ငါ့အတွက်မဟုတ်ဘူး (၁)
သူမ၏မိသားစုမှ သခင်မလေးနှင့် တစ်ထေရာတည်းတူသော ထိုအမျိုးသမီးကို ဟုန်လျန်က စိုက်ကြည့်လိုက်သည်။
သေချာပေါက် ဒါက ပဉ္စမသခင်မလေးပါပဲ၊ ဘာလို့ ငါ မမှတ်မိရမှာလဲ။
“သခင်မလေး သခင်မလေး ဒီအစေခံကို မမှတ်မိတော့ပါဘူးလား၊ ဒီအစေခံက ဟုန်လျန်ပါ”
ဟုန်လျန်က ယဲ့ကျန်း၏အဝတ်ကို ဖမ်းဆွဲလျက် ပြောသည်။
“သခင်မလေး အသက်ရှင်နေသေးတာပဲ၊ အံ့ဩဖို့ကောင်းလိုက်တာ”
ယဲ့ကျန်းက အသက်ပြင်းပြင်းရှူကာ အဝေးရှိ အစေခံကို တစ်ချက်ကြည့်သည်။ ထို့နောက် အသံတိုးတိုးဖြင့် မေး၏။
“နင်က ဒီမှာ ဘာလာလုပ်နေတာလဲ”
သူမက ဟုန်လျန်ကို မယုံကြည်နိုင်ပေ။ ဟုန်ရန်ဟူသော အစေခံက ငယ်စဉ်ကတည်းက သူမကို ခစားလာသူဖြစ်သည့်အပြင် သူမကို ဖိအားပေးကာ အဆိပ်ဝိုင်ကို သောက်စေခဲ့သူလည်း ဖြစ်၏။
ဘာလို့ ဒီမိန်းမက ဒီအရှေ့ကို ရောက်နေတာလဲ။
ထိုနေ့က မြင်ကွင်းကို တစ်ဖန် ပြန်အောက်မေ့လိုက်သည်။ ထိုအချိန်က ဟုန်လျန်သည် သူမနားတွင် မရှိခဲ့ပေ။ သူမ၏နန်းတော်အတွင်း မီးများစွဲလောင်နေခဲ့သည့် တိုင်အောင် သူမ၏အရိပ်ကိုပင် မမြင်ခဲ့ရပေ။
ဟုန်လျန် ဘယ်ကိုရောက်သွားတာလဲ။
ဟုန်လျန်က အော်ငိုကာ ပြောသည်။
“အဲဒီနေ့က ဟုန်ရန်က ဒီအစေခံကို အခန်းထဲမှာ ပိတ်ထားခဲ့တာပါ၊ ဒီအစေခံ နိုးလာတဲ့အချိန်မှာ နန်းတော်တစ်ခုလုံးက မီးထဲရောက်နေပါပြီ၊ ရှောင်ချီက ဒီအစေခံကိုကယ်ခဲ့ပါတယ်၊ ဒါပေမဲ့ သခင်မလေး သခင်မလေးကတော့ … သခင်မလေး အဆင်ပြေနေသေးတာ တော်သေးတာပေါ့၊ ဒီအစေခံ ကြားထားတဲ့အတိုင်းဆိုရင် သခင်မလေး မီးထဲပါသွားပြီလို့ ထင်နေခဲ့တာပါ”
“ချင်တိုင်းပြည်ရဲ့ဝမ်ဖေးက သေပြီ”
ယဲ့ကျန်းက ထိုသို့ပြောသည်။ သို့သော် ရှောင်ချီက ဟုန်လျန်ကို ကယ်ပေးခဲ့ကြောင်း ကြားသောအခါ သူမ အံ့ဩမိသွားသည်။
ရှောင်ချီက သူမ ပျိုးထောင်ခဲ့သော ဝံပုလွေဖြူဖြစ်သည်။ အကောင်ပေါက်အရွယ်တွင် သူမထံ ရောက်လာခြင်းဖြစ်ပြီး သူမ၏လက်နှစ်ဖက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ယူဆောင်ပွေ့ချီခဲ့သည်။ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်အဖြစ် သူမက သဘောထားခဲ့သည့်တိုင်အောင် မထင်ထားဘဲ ဟုန်လျန်ကို ကယ်ခဲ့သည်။
ဟုန်လျန်က ယဲ့ကျန်း၏စကားကို နားမလည်ပေ။
“သခင်မလေး သခင်မလေး ဘာလို့ …”
“ဒီနေရာက စကားပြောလို့မကောင်းဘူး နင်က ဘယ်နေရာမှာ နေတာလဲ”
ယဲ့ကျန်းက နူးညံ့စွာ မေးလိုက်သည်။ သူမ၏ ယခင်အစေခံက အသက်ရှင်လျက် ရှိနေအုံးမည်ဟု သူမသည်လည်း မထင်ထားမိပေ။ ယင်းက သူမကို အံ့ဩသွားစေသည်။ သူမက ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးခဲ့သော သည်အစေခံအပါအဝင် သစ္စာဖောက် ဟုန်ရန်ပင် လုလင်ကျစ်ထံ အသက်ခံရပြီဟု ထင်ခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် ဟုန်လျန်က အသက်ရှင်နေခဲ့သေး၏။ ဟုန်လျန်က ကျေးဇူးသိတတ်ပြီး သူမကို သစ္စာမဖောက်ခဲ့ပေ။
ဟုန်လျန်က ယဲ့ကျန်း၏ယုံကြည်မှုကို ပြန်လည်ရရှိသွားသည်။ ယဲ့ကျန်းကို စိုက်ကြည့်ပြီးနောက် သူမသည် သည်မိန်းကလေးက သူမ၏မိသားစုမှ မိန်းကလေးဖြစ်သော်လည်း သူမ ထင်ထားသည်နှင့် ကွာခြားသောဘဝတစ်ခုကို ပိုင်ဆိုင်ထားကြောင်း နားလည်လိုက်သည်။
“သခင်မလေး ဒီအစေခံက ချင်းယွီမှာ နေပါတယ်”
ချင်းယွီလမ်းကျဉ်း...
ယဲ့ကျန်း၏နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားကာ ပြုံးလိုက်သည်။
“ကောင်းပြီ၊ နင်သွားသင့်ပြီ၊ ငါက နင့်ကို လာရှာပါ့မယ်”
ဟုန်လျန်က လှည့်ထွက်သွားသော ယဲ့ကျန်းကို ကြည့်ရင်း မျက်နှာက တည်သွားသည်။
ပဉ္စမသခင်မလေးက အရင်နဲ့ ကွာခြားသွားသလိုပဲ၊ ဒါက သေချာပေါက် ပဉ္စမသခင်မလေးပါ၊ ဒါပေမဲ့ သခင်မလေး ယဲ့ကျန်း ဟုတ်ရဲ့လား၊ မဟုတ်ရင် ဘာလို့ ဒီလောက်အထိ တူနေတာလဲ။
ရှောင်ချီက သူမကို ကယ်ပြီးနောက် သူမသည် ဝမ်ဖေး၏နန်းဆောင်သို့ နောက်ရက်တွင် သွားခဲ့သည်။ သို့သော် မည်သူမျှ အသက်ရှင်လျက် မကျန်ရစ်ခဲ့ပေ။ သူတို့အားလုံး ပြောကြသည်မှာ ဝမ်ဖေးက မီးထဲတွင် သေသွားသည်ဟု ဆိုသည်။ သူမက အချိန်အတန်ကြာ ငိုကြွေးခဲ့ပြီး သူမ၏သခင်မလေးနှင့် ထိုက်တန်မှုမရှိဟု ခံစားခဲ့မိသည်။
ဟုန်လျန်က ရထားလုံးထဲဝင်သွားသော ယဲ့ကျန်းကို ကြည့်ပြီးနောက် သံသယများက နက်ရှိုင်းသွားသည်။
ယဲ့ကျန်းက ဟုန်လျန်ကို လှည့်မကြည့်ပေ။ အနားရှိ အစေခံကောင်လေးက သူမကို မေးမြန်းလာသောအခါ အခြားတစ်ယောက်က လမ်းမေးနေသည်ဟုသာ သူမက ဖြေလိုက်သည်။ ထို့နောက် ရထားလုံးထဲသို့ ဝင်သည်။ သူမ၏သေးသွယ်ဖြူဖျော့နေသော လက်ချောင်းများက မျက်လုံးကို အုပ်လိုက်ချိန်တွင် နာကျင်မှုများအားလုံးက ဖိအားအပြည့်ဖြင့် ဖယ်ရှားခံရပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။
...
Zawgyi
အပိုင္း (၁၁၈)
လက္ထပ္တာက ငါ့အတြက္မဟုတ္ဘူး (၁)
သူမ၏မိသားစုမွ သခင္မေလးႏွင့္ တစ္ေထရာတည္းတူေသာ ထိုအမ်ိဳးသမီးကို ဟုန္လ်န္က စိုက္ၾကည့္လိုက္သည္။
ေသခ်ာေပါက္ ဒါက ပၪၥမသခင္မေလးပါပဲ၊ ဘာလို႔ ငါ မမွတ္မိရမွာလဲ။
“သခင္မေလး သခင္မေလး ဒီအေစခံကို မမွတ္မိေတာ့ပါဘူးလား၊ ဒီအေစခံက ဟုန္လ်န္ပါ”
ဟုန္လ်န္က ယဲ့က်န္း၏အဝတ္ကို ဖမ္းဆြဲလ်က္ ေျပာသည္။
“သခင္မေလး အသက္ရွင္ေနေသးတာပဲ၊ အံ့ဩဖို႔ေကာင္းလိုက္တာ”
ယဲ့က်န္းက အသက္ျပင္းျပင္းရႉကာ အေဝးရွိ အေစခံကို တစ္ခ်က္ၾကည့္သည္။ ထို႔ေနာက္ အသံတိုးတိုးျဖင့္ ေမး၏။
“နင္က ဒီမွာ ဘာလာလုပ္ေနတာလဲ”
သူမက ဟုန္လ်န္ကို မယုံၾကည္နိုင္ေပ။ ဟုန္ရန္ဟူေသာ အေစခံက ငယ္စဥ္ကတည္းက သူမကို ခစားလာသူျဖစ္သည့္အျပင္ သူမကို ဖိအားေပးကာ အဆိပ္ဝိုင္ကို ေသာက္ေစခဲ့သူလည္း ျဖစ္၏။
ဘာလို႔ ဒီမိန္းမက ဒီအေရွ႕ကို ေရာက္ေနတာလဲ။
ထိုေန႕က ျမင္ကြင္းကို တစ္ဖန္ ျပန္ေအာက္ေမ့လိုက္သည္။ ထိုအခ်ိန္က ဟုန္လ်န္သည္ သူမနားတြင္ မရွိခဲ့ေပ။ သူမ၏နန္းေတာ္အတြင္း မီးမ်ားစြဲေလာင္ေနခဲ့သည့္ တိုင္ေအာင္ သူမ၏အရိပ္ကိုပင္ မျမင္ခဲ့ရေပ။
ဟုန္လ်န္ ဘယ္ကိုေရာက္သြားတာလဲ။
ဟုန္လ်န္က ေအာ္ငိုကာ ေျပာသည္။
“အဲဒီေန႕က ဟုန္ရန္က ဒီအေစခံကို အခန္းထဲမွာ ပိတ္ထားခဲ့တာပါ၊ ဒီအေစခံ နိုးလာတဲ့အခ်ိန္မွာ နန္းေတာ္တစ္ခုလုံးက မီးထဲေရာက္ေနပါၿပီ၊ ေရွာင္ခ်ီက ဒီအေစခံကိုကယ္ခဲ့ပါတယ္၊ ဒါေပမဲ့ သခင္မေလး သခင္မေလးကေတာ့ … သခင္မေလး အဆင္ေျပေနေသးတာ ေတာ္ေသးတာေပါ့၊ ဒီအေစခံ ၾကားထားတဲ့အတိုင္းဆိုရင္ သခင္မေလး မီးထဲပါသြားၿပီလို႔ ထင္ေနခဲ့တာပါ”
“ခ်င္တိုင္းျပည္ရဲ႕ဝမ္ေဖးက ေသၿပီ”
ယဲ့က်န္းက ထိုသို႔ေျပာသည္။ သို႔ေသာ္ ေရွာင္ခ်ီက ဟုန္လ်န္ကို ကယ္ေပးခဲ့ေၾကာင္း ၾကားေသာအခါ သူမ အံ့ဩမိသြားသည္။
ေရွာင္ခ်ီက သူမ ပ်ိဳးေထာင္ခဲ့ေသာ ဝံပုေလြျဖဴျဖစ္သည္။ အေကာင္ေပါက္အ႐ြယ္တြင္ သူမထံ ေရာက္လာျခင္းျဖစ္ၿပီး သူမ၏လက္ႏွစ္ဖက္ျဖင့္ ကိုယ္တိုင္ကိုယ္က် ယူေဆာင္ေပြ႕ခ်ီခဲ့သည္။ အိမ္ေမြးတိရိစာၦန္တစ္ေကာင္အျဖစ္ သူမက သေဘာထားခဲ့သည့္တိုင္ေအာင္ မထင္ထားဘဲ ဟုန္လ်န္ကို ကယ္ခဲ့သည္။
ဟုန္လ်န္က ယဲ့က်န္း၏စကားကို နားမလည္ေပ။
“သခင္မေလး သခင္မေလး ဘာလို႔ …”
“ဒီေနရာက စကားေျပာလို႔မေကာင္းဘူး နင္က ဘယ္ေနရာမွာ ေနတာလဲ”
ယဲ့က်န္းက ႏူးညံ့စြာ ေမးလိုက္သည္။ သူမ၏ ယခင္အေစခံက အသက္ရွင္လ်က္ ရွိေနအုံးမည္ဟု သူမသည္လည္း မထင္ထားမိေပ။ ယင္းက သူမကို အံ့ဩသြားေစသည္။ သူမက ကိုယ္တိုင္ကိုယ္က် ေလ့က်င့္ေပးခဲ့ေသာ သည္အေစခံအပါအဝင္ သစၥာေဖာက္ ဟုန္ရန္ပင္ လုလင္က်စ္ထံ အသက္ခံရၿပီဟု ထင္ခဲ့ျခင္းျဖစ္သည္။ မေမွ်ာ္လင့္ထားစြာပင္ ဟုန္လ်န္က အသက္ရွင္ေနခဲ့ေသး၏။ ဟုန္လ်န္က ေက်းဇူးသိတတ္ၿပီး သူမကို သစၥာမေဖာက္ခဲ့ေပ။
ဟုန္လ်န္က ယဲ့က်န္း၏ယုံၾကည္မႈကို ျပန္လည္ရရွိသြားသည္။ ယဲ့က်န္းကို စိုက္ၾကည့္ၿပီးေနာက္ သူမသည္ သည္မိန္းကေလးက သူမ၏မိသားစုမွ မိန္းကေလးျဖစ္ေသာ္လည္း သူမ ထင္ထားသည္ႏွင့္ ကြာျခားေသာဘဝတစ္ခုကို ပိုင္ဆိုင္ထားေၾကာင္း နားလည္လိုက္သည္။
“သခင္မေလး ဒီအေစခံက ခ်င္းယြီမွာ ေနပါတယ္”
ခ်င္းယြီလမ္းက်ဥ္း...
ယဲ့က်န္း၏ႏႈတ္ခမ္းေထာင့္စြန္းမ်ားက ေကာ့တက္သြားကာ ၿပဳံးလိုက္သည္။
“ေကာင္းၿပီ၊ နင္သြားသင့္ၿပီ၊ ငါက နင့္ကို လာရွာပါ့မယ္”
ဟုန္လ်န္က လွည့္ထြက္သြားေသာ ယဲ့က်န္းကို ၾကည့္ရင္း မ်က္ႏွာက တည္သြားသည္။
ပၪၥမသခင္မေလးက အရင္နဲ႕ ကြာျခားသြားသလိုပဲ၊ ဒါက ေသခ်ာေပါက္ ပၪၥမသခင္မေလးပါ၊ ဒါေပမဲ့ သခင္မေလး ယဲ့က်န္း ဟုတ္ရဲ႕လား၊ မဟုတ္ရင္ ဘာလို႔ ဒီေလာက္အထိ တူေနတာလဲ။
ေရွာင္ခ်ီက သူမကို ကယ္ၿပီးေနာက္ သူမသည္ ဝမ္ေဖး၏နန္းေဆာင္သို႔ ေနာက္ရက္တြင္ သြားခဲ့သည္။ သို႔ေသာ္ မည္သူမွ် အသက္ရွင္လ်က္ မက်န္ရစ္ခဲ့ေပ။ သူတို႔အားလုံး ေျပာၾကသည္မွာ ဝမ္ေဖးက မီးထဲတြင္ ေသသြားသည္ဟု ဆိုသည္။ သူမက အခ်ိန္အတန္ၾကာ ငိုေႂကြးခဲ့ၿပီး သူမ၏သခင္မေလးႏွင့္ ထိုက္တန္မႈမရွိဟု ခံစားခဲ့မိသည္။
ဟုန္လ်န္က ရထားလုံးထဲဝင္သြားေသာ ယဲ့က်န္းကို ၾကည့္ၿပီးေနာက္ သံသယမ်ားက နက္ရွိုင္းသြားသည္။
ယဲ့က်န္းက ဟုန္လ်န္ကို လွည့္မၾကည့္ေပ။ အနားရွိ အေစခံေကာင္ေလးက သူမကို ေမးျမန္းလာေသာအခါ အျခားတစ္ေယာက္က လမ္းေမးေနသည္ဟုသာ သူမက ေျဖလိုက္သည္။ ထို႔ေနာက္ ရထားလုံးထဲသို႔ ဝင္သည္။ သူမ၏ေသးသြယ္ျဖဴေဖ်ာ့ေနေသာ လက္ေခ်ာင္းမ်ားက မ်က္လုံးကို အုပ္လိုက္ခ်ိန္တြင္ နာက်င္မႈမ်ားအားလုံးက ဖိအားအျပည့္ျဖင့္ ဖယ္ရွားခံရၿပီး ေဖ်ာ့ေတာ့စြာ ၿပဳံးလိုက္သည္။
...