ချစ်လိပ်ပြာလေး တဝဲလည်လည်

By htwethannar

159K 6.3K 275

"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ... More

U/Z အခန်း၁ အခန္း၁
U/Z အခန်း၂ အခန္း၂
U/Z အခန်း၃ အခန္း၃
U/Z အခန်း၄ အခန္း၄
U/Z အခန်း၅ အခန္း၅
U/ Z အခန်း၆ အခန္း၆
U/Z အခန်း ၇ အခန္း၇
U/Z အခန်း၈ အခန္း၈
U/ Z အခန်း ၉ အခန္း၉
U/ Z အခန်း၁၀ အခန္း၁၀
U/ Z အခန်း၁၁ အခန္း၁၁
U/Zအခန်း၁၂ အခန္း၁၂
Unicode အခန်း၁၃
Zawgyi အခန္း၁၃
Unicode အခန်း၁၄
Zawgyi အခန္း၁၄
U/ Z အခန်း၁၅ အခန္း၁၅
U/ Z အခန်း၁၆ အခန္း၁၆
U/ Z အခန်း၁၇ အခန္း၁၇
U/ Z အခန်း၁၈
U/ Z အခန်း၁၉
🦋Unicode အခန်း၂၀
🦋Zawgyi အခန္း၂၀
U/Z အခန်း၂၁
U/Z အခန်း၂၂ အခန္း၂၂
U/Z အခန်း၂၃
U/Z အခန်း၂၄
Unicode အခန်း၂၅
Zawgyi အခန္း ၂၅
Unicode အခန်း၂၆
Zawgyi အခန္း၂၆
Unicode အခန်း ၂၇
Zawgyi အခန္း ၂၇
U/Z အခန်း၂၈
U/ Z အခန်း၂၉ အခန္း ၂၉
U/Z အခန်း၃၀
U/ Z အခန်း၃၁
အခန်း၃၂
U/Z အခန်း၃၃
U/Z အခန်း၃၄
U/Z အခန်း၃၅
U/Zအခန်း၃၇
U/Z အခန်း၃၈
U/Zအခန်း၃၉
U/Z အခန်း၄၀ ဇာတ်သိမ်း
⚠️⚠️⚠️🚨 Attention

U/Z အခန်း၃၆

2.4K 116 4
By htwethannar

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၃၆

အချိန်ရာ‌သီတွေဟာ မျက်လုံးတစ်မှိတ်၊လျှက်တစ်ပြတ်အတွင်းမှာများ ပြန့်လွှင့်ကုန်ဆုံးသွားလေသလားလို့ ထင်မှတ်ရလောက်အောင် အကုန်မြန်လွန်းနေသည်။နွေရွက်ဝါတို့ ကြွေကျပြန့်လွှင့်ပြီးသွားပြန်လေတော့ မိုးသီး၊မိုးပေါက်တို့ကိုခေါ်ဆောင်လာရင်း မုတ်သုန်ဟာအရိုင်းဆန်စွာ ကပြကျီစယ်ခဲ့ပြန်ပါတယ်။
ဟော မျက်စိတစ်မှိတ်အတွင်းမှာပါပဲ မြန်မာနိုင်ငံတစ်ခွင်မှာမြူ‌တွေ ရစ်ဆိုင်းလာပြီး အအေးလှိုင်းလေးက ဖြတ်သန်းကူးလူးသွားပြန်ရော။ရာသီတွေ ဘယ်လိုကူးပြောင်းပြောင်း၊အချိန်အခါတွေက ဘယ်လိုပဲဖြတ်သန်းကူးခက်သွားပါစေ ကိုကိုနဲ့လိပ်ပြာရဲ့အချစ်ရေးက တည်မြဲစဲ၊ ချစ်ကြည်နူး၍မ၀စဲလို့ ခံစားရတဲ့ အခိုက်အတန့်တွေဟာ
နေ့ရပ်တိုင်းလိုပါပဲ။‌‌

အချိန်တွေ ကုန်တာမြန်လာတာနဲ့အမျှ လိပ်ပြာရဲ့ပတ်၀န်းကျင်မှ လူတွေဟာလည်း ပြောင်းလဲမှုတွေ တစ်ခုခုပြီးတစ်ခု ဖြစ်လာကြသည်။ကျောင်းဆရာမလေးဖြစ်တဲ့ သူဇာဟာ ပဲခူးဘက်ကိုပြောင်းရွေ့စာကျတာကြောင့် လွန်ခဲ့တဲ့ခြောက်လလောက်တုန်းက လိပ်ပြာအပါအ၀င် ကျန်သူငယ်ချင်းသုံးယောက်လုံး ပဲခူးသို့ကိုယ်တိုင်
လိုက်ပို့ကြရင်းနဲ့ ပဲခူးမြို့လေးကို လည်ပတ်ခဲ့ကြပါသေးတယ်။

ဂျပန်ဘာသာဆရာမတွေဖြစ်ကြတဲ့ သဲနုနဲ့အေးအေးကလည်း လုံးချင်းတိုက်ခန်းလေးဌားပြီး ကိုယ်ပိုင်သင်တန်းလေး ဖွင့်နေကြတာ တော်တော်လေးကို အဆင်ပြေနေလေရဲ့။
ကြည်ပြာကတော့ ကမာရွတ်က သူ့တိုက်ခန်းလေးမှာ သူငယ်ချင်းတွေတစ်ယောက်မှ မရှိကြလေတော့ သူလည်းမိဘတွေအိမ်ကို ပြန်နေရတာပေါ့။
မင်းမင်းကလည်း တတိယနှစ်ကျောင်းသားကြီး ဖြစ်နေသလို အစ်ကိုကြီးနဲ့အစ်ကိုလေးကလည်း
စင်္ကာပူကနေပြန်လာကြပြီး လိပ်ပြာတို့ရဲ့အိမ်ရှေ့မှာပဲ လက်လီ၊လက်ကားလျှပ်စစ်ပစ္စည်းဆိုင်ကြီး တည်ထားတာများ ဟီးလို့ပေါ့။
လိပ်ပြာကိုမှ မရရင်သေရပါတော့မယ်ဆိုတဲ့
ကိုမိုးစက်ကြီးကလည်း စင်္ကာပူကနေပြန်လာပြီးမကြာပါဘူး မိန်းမတန်းယူပစ်လိုက်တာများ
သူ့မိန်းမတောင် ကို၀န်ခြောက်လရှိနေလေပြီ။

လိပ်ပြာကလည်း နှနှစ်အတွင်းမှာ လုံးချင်း၀တ္ထုအရှည် ခြောက်အုပ်နဲ့၀တ္ထုတိုသုံးအုပ်လောက်ထွက်ထားပြီးတာကြောင့် စာဖတ်ပရိသတ်လည်းတိုးလာခဲ့သလို လိပ်ပြာရေးသမျှလုံးချင်း၀တ္ထုတွေဟာလည်း တစ်နှစ်တာရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်တော့ပ်တန်းစာရင်းမှာ အမြဲလိုလိုပါ၀င်လာလေသည်။ဒါကြောင့် အချို့နယ်များမှ စာပေဟောပြောပေးရန်ဖိတ်ကြားကြတာကြောင့်လိပ်ပြာလည်း ခရီးတွေပိုထွက်လာရ
သလို ကိုယ့်စာအုပ်အတွက်ပဲ အာရုံစိုက်လာရဖန်များလေတော့ ကိုကိုနဲ့ချိန်းတွေ့ဖို့ကိုလည်း လစ်ဟင်းလာရတယ်။ တစ်နေရာဆီရောက်နေတဲ့ သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံဆည်းကြဖို့ တစ်နှစ်နေမှ တစ်ခါသာအချိန်ပေးနိုင်သလို ဖြစ်နေသည်။

အသက်အရွယ်ကြီးရင့်လာလေ အချိန်ရှားပါးလာလေ ဖြစ်လာတဲ့ကိုကိုနဲ့လိပ်ပြာရဲ့ ချစ်သူသက်တမ်းဟာလည်း နှနှစ်တောင် ပြည့်ပါတော့မယ်။ ကိုကိုကလည်း သူ့ရဲ့လုပ်ငန်းတိုးချဲ့မှုတွေဘက်ကိုပဲ လှည့်နေရတာများလာတော့ တစ်ခါတစ်လေ ချိန်းတွေ့ဖို့အချိန်မပေးနိုင်ရင် လိပ်ပြာအတွက်ကထူးခြားပြီးလွမ်းနေစရာမရှိပါဘူး။ကိုကိုကလိပ်ပြာဆီကို မလာနိုင်ရင် လိပ်ပြာက
ကိုကို့ ရုံးခန်းအထိသွားပြီး ၀တ္ထုရေးနေလိုက်တာပါပဲ။

တစ်နေရာမှာ စားသောက်ဖို့ချိန်းတွေ့၊ပျော်စရာတွေကြံဖန်ရှာ ဒါတွေဟာလိပ်ပြာတို့နှစ်ယောက်အတွက်တော့ ရိုးအီနေပါပြီ။ကိုကိုကလိပ်ပြာရဲ့ အနားမှာရှိနေရင်လုံလောက်သလို ကိုကိုကလည်း အလုပ်မအားတဲ့ကြားကနေ လိပ်ပြာကိုလွမ်းရင် ကိုကို့ရုံးခန်းထဲမှာရှိတဲ့ လိပ်ပြာထိုင်နေကြ စားပွဲဆီကိုလာပြီး လိပ်ပြာကိုစက္ကန့်ပိုင်းစာလောက်ပဲဖြစ်ဖြစ် အလွမ်းပြေနမ်းလိုက်၊လာဖက်လိုက်လုပ်တတ်သလို လိပ်ပြာကလည်း ကိုကို့ရဲ့ထိုယုယမှုသေးသေးလေးကိုတောင် တန်ဖိုးထားတတ်နေပါပြီ။

တစ်ခါတစ်လေမှာ လိပ်ပြာစဉ်းစားကြည့်မိတယ်။လိပ်ပြာတို့သာလက်ထပ်လိုက်မယ်ဆိုရင်
မနက်ခင်းတိုင်းမှာ ကိုကို့ကိုနှုတ်ဆက်အနမ်းတွေ တစ်၀ကြီးပေးနိုင်သလို ညအိပ်ရာ၀င်ချိန်မှာလည်း ကိုကို့ရင်ခွင်ထဲမှာ နူးညံ့နွေးထွေးစွာ အိပ်စက်အနားယူခွင့် ရမှာသေချာတယ်လို့ပေါ့။
ဒါပေမဲ့ ကိုကိုဟာလိပ်ပြာကိုအခုထိလက်ထက်ခွင့်မတောင်းသေးဘူး။ချစ်သူသက်တမ်းနှနှစ်ဆိုတာ တိုတောင်းသေးတယ်လို့ပြောနိုင်ပေမဲ့ လိပ်ပြာကိုကို့ကို ချစ်လာခဲ့ရတာဟာ ဆယ့်တစ်နှစ်‌တောင်ရှိခဲ့ရောပေါ့။

လက်ထပ်လက်စွပ်က‌လေးကို ဘယ်အချိန်များ ‌စွပ်ပေးလေမလဲလို့‌ စောင့်လိုက်ရတာလည်း တစ်နေ့တစ်နေ့မောတောင်လာသလိုပါပဲ။
သို့ပေမဲ့ ဆောင်းရာသီထက်ပိုအေးခဲလွန်းလှတဲ့ လိပ်ပြာရဲ့ကိုကိုရေခဲတုံးကြီးကတော့ 
"ကိုကိုရေ...လိပ်ပြာရဲ့လက်သူကြွယ်လေးမှာ လက်စွပ်လှလှလေး..ရှိရင်သိပ်ကောင်းမှာပဲ.."လို့ အရိပ်ပြလဲအကောင်မမြင်သလို
"ဟိုတစ်လောက သူငယ်ချင်းတွေနဲ့တွေ့တော့...
နင့်အသက်နှစ်ဆယ့်လေးနှစ်ပြည့်တော့မယ်...
နင့်ရည်းစားကလည်း အသက်နှစ်ဆယ့်ခုနှနှစ်ပြည့်တော့မယ်...လက်မထပ်ကြသေးဘူးလား.."
မေးကြတယ်လို့ လိပ်ပြာဘက်ကနေ အရှက်မရှိ ရင်ကိုခွဲပြီး ထုတ်ဖော်ပြသပါသော်လည်း ကိုကိုဟာအထဲကကလီဆာတွေ လှုပ်ရွနေတာကိုပဲ မြင်ပုံရတယ်။
"အမြန်လက်ထက်ပါတော့.."လို့ တည့်ပြောပြန်ရင်လည်း အရှက်မရှိဘူးဖြစ်အုံးမယ်။
တစ်ခါတစ်ခါ ကိုယ့်ရည်းစားကိုယ် လူနုံ၊လူအကြီးများလားလို့တောင် မြင်တတ်နေမိတဲ့အထိဖြစ်နေပါပြီ။

🎶"အချိန်ရာသီများ ပြောင်းနွေ မိုးဆောင်း
ဟောင်းလို့သွားလည်း..."
"ရင်မှာ မင်းတစ်ယောက်ထဲသာ ထာ၀ရ
မပြောင်းလဲ..."🎶

🎶"ရှင်သန်ချိန်ခရီး..ဘယ်လောက်ဖြစ်ဖြစ်
ကိုယ်အမြဲ စောင့်စားမယ်..."
"တစ်ချိန်မှာ မင်းနဲ့နီးရာ မျှော်လင့်ခြင်းကဗျာ"🎶

ဆောင်းရာသီဖြစ်ပေမဲ့ စာရေးချင်စိတ်ကပြင်းပြနေလေတော့ စောင်ကြီးကို ကိုယ်မှာပတ်ထားပြီး ဈာန်အပြည့်၊ ခံစားချက်အပြည့်နဲ့စာရေးနေမိချိန်ကျမှ ဖုန်းက၀င်လာပြန်တော့ စိတ်ညစ်စွာပဲကိုင်လိုက်ပါသည်။
အခြားသူဆိုရင်တော့ ကိုင်ချင်မှကိုင်ဖြစ်မှာပေမဲ့ ကိုကိုဖြစ်နေလေတော့ ဖုန်းမကိုင်ရင်စိတ်ဆိုးမှာ စိုးရိမ်ရတယ်။

"ဟယ်လို...အမိန့်ရှိပါရှင်...

တမင်မသိချင်ယောင်ဆောင်ပြီး ထူးလိုက်ပေမဲ့ ကိုကို့ရယ်သံကို ကြားရတော့လိပ်ပြာလည်းရယ်ချင်လာသည်။

"လိပ်ပြာ...ကိုကို လိပ်ပြာရဲ့အိမ်ရှေ့မှာစောင့်နေမယ်..."

"ဟင်...တကယ်ကြီးလား..."

လိပ်ပြာကုတင်ပေါ်ကနေ စောင်အထူရဲရဲကြီးကို ခြုံလျှက်သားနှင့်ပင် ၀ရန်တာသို့ပြေးထွက်လိုက်တော့ အိမ်ရှေ့မှာ ကားကိုရပ်ထားပြီး ကားဘေးနားမှာ စမတ်တကျမှီရပ်ရင်း "ဖုန်းကိုခါပြ"ကာ အလှဆုံးပြုံးပြနေတဲ့ အမျိုးကောင်းသားလေးကို မြင်ရလေသည်။
အသက်တစ်နှစ်ကြီးလာလေ ပိုချောမောခန့်ညှားလာ‌လေဖြစ်တဲ့ ကိုကိုဟာ ဂျင်းဘောင်းဘီအပွအရှည်နဲ့ တီရှပ်အဖြူကိုတွဲဖက်၀တ်ဆင်ထားပြီး ခေါင်းစွပ်အနွေးထည်အနက်ရောင်လေးကို အပေါ်မှာထပ်၀တ်ထားလိုက်သေးသည်။
တကယ်ပါ ရုပ်ပြစာအုပ်ထဲမှာ အလှပဆုံးရေးခြစ်ထားတဲ့ ဇာတ်လိုက်မင်းသားလေး အပြင်ထွက်လာသလိုပဲ။
ကိုကိုက ဖုန်းကိုလက်ညှိုးထိုးပြပြီး "နားထောင်ပေး"ဆိုတဲ့ အမူအရာလုပ်ပြတာကြောင့် လိပ်ပြာလည်းငေးနေမိရာမှ ဖုန်းကိုနားနဲ့ကပ်လိုက်သည်။

"ကိုကို...ဘာပြောမလို့လဲဟင်..."

"လိပ်ပြာ ကိုကိုတစ်နေရာကိုခေါ်သွားချင်လို့ လိပ်ပြာအားလား..."

"အို....အားသမ သိပ်အား...သုံးမိနစ်ပဲစောင့်..."

လိပ်ပြာရဲ့စကားကြောင့် ကိုကိုဟာသွားတက်
ချွန်ချွန်ကလေးတွေ ပေါ်အောင်ရယ်လိုက်တာကို မြင်လိုက်ရတော့ လိပ်ပြာထံကိုပါ အပျော်တွေကူးကုန်သလိုလို။

"ဘာ၀တ်ရရင်ကောင်းမလဲ...."

အခုတလော ရန်ကုန်ကိုအအေးလှိုင်းဖြတ်သွားမယ်လို့ ကြေငြာထားတာကြောင့် ရာသီဥတုကတော့ စောင်ထဲမှာပဲအမြဲတစေ ကွေးနေချင်စရာအခြေအနေမှာပေါ့။
အရင်ကဆိုရင် လိပ်ပြာကအောက်ထပ်မှာနေရပေမဲ့ မေမေကဒူးတွေသိပ်မကောင်းတော့ဘူးဆိုလို့ လိပ်ပြာရဲ့အခန်းကို ဖေဖေနဲ့မေမေ့အားပေးလိုက်သည်။

"အင်း...ဒါလေးအဆင်ပြေမယ်ထင်တယ်..."

နောက်ဆုံးမှာ လိပ်ပြာရွေးချယ်လိုက်တာက ကိုကိုနဲ့ဆင်တူ ဂျင်းပင်န်အပွလေးနဲ့ ခါးတိုတီရှပ်ပန်းရောင်လက်စက လေးကို ၀တ်လိုက်ပြီး အပေါ်၀တ်အနေနဲ့ အမွှေးပွအနွေးထည်လေးကို ၀တ်လိုက်သည်။ သိုးမွှေးဦး‌ထုပ်အဖြူရောင်လေးကိုဆောင်းလိုက်ပြီး ဆလင်းဘတ်အသေးလေးကို သိုင်းလွယ်လိုက်ရင်း ကိုယ်လုံးပေါ်မှန်ထဲမှာ ခန္ဓာကိုယ်ကို တစ်ပတ်လောက်လှည့်လိုက်တဲ့အခါမှာတော့ စာရေးဆရာမကြီးမဟုတ်တော့ပဲ ပန်းရောင်မင်းသမီးလေးရှင်သန်လာသလိုဖြစ်နေသည်။

"လှလိုက်တဲ့ ငါပါလား...သွားကြစို့..."

ဖားလျားချထားတာကြောင့် ‌အရှေ့ကိုကျလာတဲ့ဆံပင်အရှည်ကြီးတွေကို အနောက်ကိုပို့ပစ်လိုက်ပြီး အခန်းတံခါးကို ပိတ်ခဲ့ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။
ထူးဆန်းတာက အိမ်သားတွေအကုန်လုံးဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိကြတာပဲ။
ကိုကိုနဲ့လည်ဖို့ကသာ အဓိကမို့ ဘာမှတွေးမနေပဲ ခြံတံခါးကိုသာ ဂျက်ချလိုက်သည်။

"ကိုကို့ သွားကျမယ်လေ..."

လိပ်ပြာက ချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ ပြောလိုက်တာကြောင့် ဘုန်းမြတ်လည်းအသဲတွေယားလာသလို ချစ်ချင်းတွေပြည့်နှက်နေတဲ့ခြေလှမ်းတွေက သူ့မအနားသို့အလိုလိုရောက်သွားစေတာကတော့ သူလည်းမတားလိုက်နိုင်ပေ။
သူမအရပ်ကလေးက သူ့အတွက်ပုနေလေတော့ ခန္ဓာကိုယ်ကို လေးကိုင်းသဏ္ဍာန်လုပ်လိုက်ကာ သူမရဲ့မျက်နှာနုနုလေးဆီသို့ တိုးကပ်သွားလိုက်မိသည်။

"လိပ်ပြာ...ကိုကိုလိပ်ပြာကိုနမ်းလို့ရမလား..."

"ဘယ်‌နေရာကိုလည်း..."

"ဒီနေရာလေးကိုလေ..."

လိပ်ပြာရဲ့နှုတ်ခမ်းဖူးဖူးလေးအပေါ်ကိုဘုန်းမြတ်က လက်ညှိုးလေးနဲ့တို့ထိပြလိုက်တော့ သူမလေးကပါးချိုင့်ခွက်ခွက်လေးတွေ ပေါ်အောင်အထိရယ်ပြလာလေရာ ထိုအပြူအမူလေးတွေကပင်သူ့စိတ်ကိုနှိုးဆွသလိုဖြစ်နေသည်။

"မရဘူး...လမ်းမကြီးမှာလေ...မြန်မြန်...မြန်မြန်သွားကြမယ်..."

သူမကတော့ ကားပေါ်ကိုတက်သွားပေမဲ့ သူ့မှာတော့ ခါးကြီးကိုင်းပြီးကျန်နေခဲ့ရတာတော်တော်ကို ဖီးလ်ငုတ်လေသည်။
ဒါပေမဲ့လည်း ဘယ်တတ်နိုင်မှာလဲ။
သူလည်းကားထဲသို့ ၀င်လိုက်ပြီး ယာဉ်မောင်းနေရာမှာ ၀င်ထိုင်လိုက်သည်။သူမကို တစ်ချက်ငဲ့ကြည့်လိုက်တော့ မယ်မင်းကြီးမလေးက ခါးပတ်ကိုအကျအနပတ်ထားပြီး လက်ကိုပိုက်ထားကာသူဌေးမကြီးစတိုင်လ်ဖမ်းနေလေသည်။

"လိပ်ပြာ...ပါးမှာတစ်ခုခုပေနေသလိုပဲ ..."

"ဟင်...ဟုတ်လား...ဘယ်နေရာမှာလဲ..."

"လိပ်ပြာမြင်ရမှာ မဟုတ်ဘူးလာကိုကိုသုတ်ပေးမယ်..."

ကားနောက်ကြည့်မှန်ကို ကြည့်မလို့လုပ်နေစဉ်မှာ ကိုကိုက လိပ်ပြာရဲ့ပါးလေးကို သူ့ရဲ့ညာဘက်လက်နဲ့ အုပ်ကိုင်လိုက်သည်။ကိုကို့လက်ဖဝါးကြီးက လိပ်ပြာရဲ့ ဘယ်ဘက်ပါးနဲ့မေးစေ့ကိုနှစ်မြှုပ်စေလောက်တဲ့အထိ ကြီးမားတာကြောင့် လိပ်ပြာလည်းကိုကို့အား ကြောင်ကြည့်နေမိသည်။
တကယ်ပဲ ပါးပေါ်မှာပေနေတာကို သုတ်ပေးမယ်အထင်နဲ့ မျက်နှာကို ကိုကို့ဘက်လှည့်ပေးလိုက်ချိန်မှာ မေးစေ့ကိုညှစ်ပြီး ဆွဲယူခံလိုက်ရတဲ့ လိပ်ပြာဟာ ကိုကို့နှုတ်ခမ်းပါးနဲ့ထိကပ်သွားသည်။

ရမ္မက်ဆန်တာမဟုတ်ပဲ "ချစ်လွန်းလို့နမ်းတာ"ဆိုတဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က
ကိုကို့ရဲ့စကားကိုလည်း ပြန်ကြားယောင်နေမိတာကြောင့် နူးညံ့စွာလှုပ်ရှားနေတဲ့ အနမ်းနွေးနွေးလေးကို လိပ်ပြာတဒင်္ဂမျှ ယစ်မူးနေမိသည်။
"တစ်..နှစ်..သုံး..လေး..."လိပ်ပြာရဲ့စိတ်ထဲမှာ စက္ကန့်တွေကို ရေတွက်နေမိရင်းမှ စက္ကန့်ခြောက်ဆယ် အကြာမှ နူးညံ့ချိုမြိန်လှတဲ့ အနမ်းကမ္ဘာထဲမှ လိပ်ပြာလွတ်မြောက်သွားလေသည်။
ကိုကိုကလည်း အောင်နိုင်သူကြီးလို ကျေနပ်စွာပြုံးလို့ပေါ့။

ကားမောင်းနေရင်းနဲ့ ကိုကိုက"လိပ်ပြာဒီနေ့ဘာနှုတ်ခမ်းနီဆိုးထားတာလဲလို့ "မေးလာလေတော့ လိပ်ပြာလည်း ကြောင်တက်တက်ကလေးနဲ့ပဲ လိပ်ပြာနှုတ်ခမ်းနီမဆိုးထားဘူးလို့ဖြေလိုက်တယ်။
ဘာကြောင့်ရယ်မသိ ကိုကိုကသွားတက်တွေပေါ်အောင် ရယ်လာပြန်ပြီး"နှုတ်ခမ်းနီမဆိုးထားတဲ့ သဘာ၀အရသာက သိပ်ချိုတာပဲ"လို့ပြောလာလေတော့ လိပ်ပြာခပ်ရှက်ရှက်နဲ့ ကိုကို့ကိုလှမ်းထုလိုက်ရာ ကိုကိုကတစ်ဟားဟားနဲ့ အသားကုန်ရယ်လာသည်။လိပ်ပြာစိတ်ထဲမှာတော့ ဒီနေ့ကိုကိုသိပ်အူရွှင်နေသလားလို့ တွေးလိုက်မိသည်။

ကိုကိုကအဝေးကြီးကိုမောင်းမယ်ထင်နေတာ သိပ်ကြာကြာမမောင်းလိုက်ရပဲ ခြံကြီးတစ်ခုထဲသို့ ကားကိုမောင်း၀င်လိုက်သည်။ခြံကြီးနေရှိရာနေရာဟာ လှိုင်မြစ်ကိုဖြတ်သန်းတည်ဆောက်ထားတဲ့ အောင်ဇေယျတံတားကြီးနဲ့ သိပ်မဝေးသလို လှိုင်မြစ်ကြီးနဲ့လည်း အရမ်းကိုနီးကပ်လွန်းနေသည်။
ခြံကြီးက ဟော်တယ်အကြီးစားကြီးဆောက်လို့ရသလောက် ကျယ်၀န်းပြီး လိပ်ပြာတို့အိမ်နဲ့လည်း သိပ်မဝေးလှဘူး။
ကားနဲ့နန်းတော်တမျှခန်းနားတဲ့ အိမ်ကြီးဆီကိုမောင်းသွားရာလမ်းတစ်လျှောက်မှာလည်း မြက်ခင်းပြင်အကျယ်ကြီးကို တွေ့နေရပြီး အုန်းပင်တွေတောင် စိုက်ထားတာမနည်းမနောပဲ။မသိရင် ကမ်းခြေမှအပန်းဖြေစခန်းကို ရောက်နေရသလိုထင်မှတ်မိသည်။
ပြီးတော့ စကားဝါးပင်တွေဆိုတာလည်း ဖွေးဖွေးကိုလှုပ်လို့ တကယ့်ကိုဥယျာဉ်ခြံထဲကို လာလည်နေရသလို စိတ်ကြည်လင်လိုက်တာပြောမနေပါနဲ့။

"လိပ်ပြာ...ဆင်းတော့လေ..."

ခြံရဲ့အရှေ့ဘက်အခြမ်းလေးမှာတင် မြင်မြင်သမျှကိုငေးနေမိတဲ့ လိပ်ပြာမှာ ကားလေးစက်ရပ်လိုက်တာတောင်သတိမထားမိနိုင်ဖြစ်နေသည်။လိပ်ပြာကားပေါ်မှ ဆင်းလိုက်တော့ ကိုကိုကလိပ်ပြာရဲ့လက်ကလေးကို ဆွဲပြီး အသင့်ဖွင့်ထားတဲ့ အိမ်မကြီးတံခါးမှ အိမ်ထဲသို့ခေါ်လာလေသည်။

"ဝါး...အိမ်အတွင်းပိုင်းကလည်း သိပ်မိုက်တာပဲနော် ဘယ်လိုအိုင်ဒီယာတွေနဲ့များ တွေးပြီးဆောက်ထားသလဲမသိဘူး နန်းတော်ကြီးကျနေတာပဲ..."

"လိပ်ပြာ ဒီအိမ်ပုံစံလေးနဲ့ ဒီခြံကိုသဘောကျလား..."

"သဘောကျတာပေါ့ကိုကိုရာ. .."

လိပ်ပြာအိမ်အတွင်းပိုင်းကိုပဲ ငေးနေမိရင်း ကိုကို့ကိုတောင် လှည့်မကြည့်ပဲဖြေလိုက်သည်။
ဒီလောက်လှ၊ဒီလောက်ခမ်းနားထည်ဝါတဲ့ အိမ်ကြီးကိုဘယ်လို သူဌေးတွေကများပိုင်တာပါလိမ့်။

"ကိုကို...ဒီအိမ်ပိုင်ရှင်က ဘယ်သူလဲ..ဘယ်ရောက်နေတာလဲ..တွေ့လည်းမတွေ့မိဘူး..."

"ဒီအိမ်ပိုင်ရှင်နာမည်က လိပ်ပြာဖြူတဲ့ အခုကိုကို့အရှေ့မှာ ရှိနေတဲ့သူလေးပေါ့..."

"ဟမ်..."

ကိုကိုဘာတွေပြောနေပါလိမ့်လို့တွေးပြီး ကိုကို့ဘက်ကိုလှည့်ကြည့်လိုက်တော့  လိပ်ပြာကိုယ့်ပါးစပ်ကိုယ်လက်နဲ့ ပြန်အုပ်မိကာ အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
ကိုကို့ရဲ့ ဒူးတစ်ဖက်ဟာ ပြောင်လက်နေတဲ့ ကြွေပြားချပ်ကြီးအပေါ်မှာ ကွေးညွှတ်ကာထောက်ထားပြီး  ကျန်ဒူးပေါ်မှာတော့ ကတ္တီပါဘူးအပြာလေးကို ကိုင်ထားတဲ့ လက်အားတုန်ယင်မသွားစေအောင် ထိန်းထားလေသည်။
ထိုကတ္တီပါ ဘူးလေးထဲတွင်တော့ မောင်း‌ကွင်းလေးတစ်ကွင်းနှင့် စိန်ငါးလုံးစီခြယ်ထားသောလက်စွပ်လေးတစ်ကွင်းရှိနေသည်။

ကိုကိုဟာ လိပ်ပြာကို ဟိုအရင်ကထက် လေးနက်လွန်းတဲ့ တန်းဖိုးကြီးအရာတစ်ခုအား နှစ်သက်မြတ်နိုးသလို ကြည့်လာသည်။
ပြီးနောက် သထွေးကိုတစ်ချက်မြိုချလိုက်ဟန်တူပြီး ပြုံးကာပြောလာသည်က...

"လိပ်ပြာ...ကိုကို လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ဒီခြံကြီးထဲမှာ လိပ်ပြာနဲ့ကိုကို့ရဲ့အနာဂတ်အိမ်လေးကို ပုံဖော်နေခဲ့တာပါ...ဖေဖေ့အိမ်မှာက ကိုကို့မိထွေးတွေကို မောင်းထုတ်လိုက်ပေမဲ့  ကိုကို့အတွက်အတိတ်ဆိုး‌တွေရှင်သန်နေတာကြောင့် လိပ်ပြာကို ကိုကိုမနေစေချင်ခဲ့ဘူး
...ဒါကြောင့် လိပ်ပြာရဲ့မိသားစုအိမ်နဲ့လည်း သိပ်မဝေးတဲ့နေရာလေးမှာ အိမ်တစ်လုံးနဲ့ပန်းဥယျာဉ်တစ်ခုကို  အလှဆုံးပုံဖော်လိုက်မိတယ်...လိပ်ပြာကိုအံ့ဩစေချင်လို့ ကိုကိုမပြောခဲ့တာပါ...လိပ်ပြာစိတ်မဆိုးဘူးမဟုတ်လား..."

ကိုကို့အမေးစကားကို လိပ်ပြာပါးစပ်ကနေတောင် ဖြေနိုင်စွမ်းမရှိတော့တာမို့ ခေါင်းတွေသာ တွင်တွင်ခါပစ်လိုက်သည်။

"ဒါဆိုရင် လိပ်ပြာကို...ကိုကိုလက်ထပ်ပါရစေ
...လိပ်ပြာလက်ခံပေးနိုင်မလားဟင်..."

တောင်းပန်တိုးလျိုးလွန်းတဲ့ကိုကို့အကြည့်၊အရမ်းချမ်းသာပြီး ဂုဏ်သတင်းကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်နေပါသော်လည်း ချစ်သူဆီမှ လက်ထပ်ဖို့ "သဘောတူ"ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို  ကြားရဖို့အတွက်နဲ့ ကိုကို့ရဲ့အကြည့်တွေဟာကြောက်နေတာတွေရော၊စိတ်လှုပ်ရှားမှု တွေပါ ရောထွေးနေမှန် လက်စွပ်ဘူးလေးကို ခပ်တုန်တုန်ကိုင်ထားရတဲ့ ကိုကို့လက်တွေကို ကြည့်လိုက်တာနဲ့ တန်းသိလိုက်ပါတယ်။

"လိပ်ပြာ...ကိုကို့ကို လက်ထပ်ပါနော်...
ကိုကိုလိပ်ပြာကို တစ်သတ်လုံးတစ်ပြားတစ်ချက်တောင် မလျော့တဲ့အချစ်နဲ့ ချစ်သွားပေးချင်တယ်
..လိပ်ပြာ..."

ကိုကို့ရဲ့"လိပ်ပြာ"လို့ နောက်ဆုံးခေါ်လိုက်တဲ့အသံအဆုံးမှာတော့ လိပ်ပြာရဲ့မျက်၀န်းအိမ်တွင်မျက်ရည်တွေတစ်ပေါက်ပြီး တစ်ပေါက်ကျလာသည်။လိပ်ပြာ၀မ်းနည်းလို့မဟုတ်ဘူး။
ပျော်လွန်းလို့ငိုမိတာပါ။နောက်ဆုံးမှာ လိပ်ပြာရဲ့အချစ်ဦးက လိပ်ပြာကိုဒီလိုတန်ဖိုးထားပြီး လက်ထပ်ခွင့်တောင်းပါတယ်တဲ့။လူဘယ်နှစ်ယောက်လောက်ကများ ဒီလိုကြုံနိုင်ကြပါသလဲ။ကြုံဖူးတဲ့ လူတိုင်းဟာလည်း လိပ်ပြာလိုငိုမိကြမှာလား။

"လိပ်ပြာ...လက်ခံပါတယ်...လိပ်ပြာကိုကို့ကို လက်ထပ်‌ဖို့ သဘောတူတယ်..."

လိပ်ပြာက လက်စွပ်၀တ်ပေးဖို့ လက်ကိုရှေ့သို့ထုတ်ပေးလိုက်တော့ ကိုကိုကရွှေနဲ့လုပ်ထားတဲ့မောင်းကွင်းလေးကို အရင်၀တ်ပေးလာသည်။
ပြီးနောက်စိန်ဖြူ‌လေးငါးလုံးခြံရံထားတဲ့ လက်စွပ်ကလေးကို ထပ်စွပ်ပေးသည်။
လိပ်ပြာစာထဲမှာဖတ်ဖူးခဲ့ပါတယ်။
ပြောင်ချောနေတဲ့ မောင်းကွင်းလေးကို စွပ်ပေးရခြင်းက အိမ်ထောင်ရေးခရီးလမ်း မှာ ဖြောင့်ဖြူးသာယာစေဖို့အတွက်ဖြစ်ပြီး၊ လက်ထပ်ခွင့်ပန်တဲ့ လက်စွပ်လေးမှာ စိန်တစ်လုံးပဲပါရင် "ချစ်တယ်"လို့ ဆိုပါတယ်။စိန်သုံးလုံးဆိုရင်တော့
"မင်းကိုငါချစ်တယ်"လို့ အဓိပ္ပာယ်သက်ရောက်သတဲ့။စိန်ငါးလုံးဆိုရင်တော့"မင်းကိုငါသိပ်ချစ်ပါတယ်"ဆိုပြီး အဓိပ္ပာယ်အသီးသီးဖွင့်ကြလေ့ရှိတယ်။အခု ကိုကိုကလိပ်ပြာကို "သိပ်ချစ်တယ်"
ဆိုတဲ့ အဓိပ္ပယ်ကိုဆောင်တာပေါ့။"သိပ်"ဆိုတဲ့စကားလုံးမှာ လေးနက်မှုတွေဟာ မ‌နည်းမနောဆိုတာ လိပ်ပြာသိတာပေါ့။

"ကိုယ့်ဘ၀ထဲကို ၀င်လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် လိပ်ပြာ...."

လိပ်ပြာလက်စွပ်လေးကို အားရအောင်ကြည့်ပြီးနောက် ခေါင်းမော့လိုက်စဉ်မှာပဲ နဖူးပေါ်သို့ကျရောက်လာတဲ့ အနမ်းတစ်ပွင့် ပြီးတော့ စိုစွတ်မှုတစ်ခုကိုလည်း ခံစားလိုက်ရတယ်။

"ကိုကို...ငိုနေတယ်..."

"ဟေး!!!!!!!"

"ဖောင်း!!!!!...ဖောင်း!!!!..."

"အမယ်လေး!!!!!"

ရုတ်တရက်  တစ်ခုခုပေါက်ကွဲတဲ့အသံကြီးနဲ့အတူ ရွှေမျှင်၊ငွေမျှင်ကြိုးလေးတွေဟာ လိပ်ပြာတို့အပေါ်ကို ပျံ့လွှင့်လာသည်။

"အစ်ကိုတို့...အစ်မတို့ရေဒီတစ်သက် ငိုလို့ရောပြီးကြအုံးမှာလား...သတို့သမီးကငိုပြီးတော့ ဟောသတို့သားကငိုပြန်ရော..."

အသံတွေလာရာဆီကို သေချာကြည့်လိုက်မိတော့ မှ "လိပ်ပြာတို့အိမ်ကလူတွေအကုန်လုံး ဘယ်ရောက်နေသလဲမှတ်တယ်...ဒီမှာကြိုတင်ပြီးလာပုန်းနေကြတာပါလားလို့ "သဘောပေါက်လိုက်မိပါတယ်။  ပြီးတော့လိပ်ပြာရဲ့သူငယ်ချင်းလေးယောက်....

"သူဇာ...အေးအေး..သဲနု...ကြည်ပြာ...နင်တို့တွေ အားလုံးရောက်နေကြတယ်..."

မဆုံဖြစ်တာကြာနေပြီ ဖြစ်တဲ့သူငယ်ချင်းများအား လိပ်ပြာမျက်ရည်ဝဲရင်း ပြောမိတော့ သူငယ်ချင်းတွေကလည်း လိပ်ပြာအား
ခေါင်းလေးကို တစ်ယောက်တစ်ချက်ဆီလာပုတ်ပြီး ပြုံးပြလာကြသည်။

"လာရတာပေါ့ဟာ...ကိုဘုန်းမြတ်ကြီးက နင့်ကိုလက်ထပ်ခွင့်တောင်းတော့မှာမို့ အသိသက်သေလာလုပ်ပေးကြပါလားဆိုပြီး ခွင့်တောင်းလာတာနဲ့ ငါတို့လည်းမလာပဲကို မနေနိုင်တာ...."

"အီဟီး...နင်တို့ငါ့အတွက် အလုပ်တွေပျက်ရပြီ...နင်တို့ကိုငါသိပ်လွမ်းနေတာ သိရဲ့လား..."

"လိပ်ပြာရယ်..ငါတို့အားလုံးကလည်း ဟိုအရင်ကသူငယ်ချင်းတွေ ပျော်ပါးခဲ့ကြတာလေးတွေကို ပြန်တွေးလိုက်မိတိုင်း ငိုရတာ...ပြောမနေပါနဲ့ဟာ..."

"အီဟီး...."

တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး လိပ်ပြာတို့သူငယ်ချင်းအုပ်စုကြီးမှာ ငိုလို့မဆုံးနိုင်ဖြစ်နေကြတော့ မင်းမင်းကတောင်"အစ်မဟာက လက်ထပ်ခွင့်တောင်းခံရလို့ ငိုတာလား..သူငယ်ချင်းတွေနဲ့ဆုံခွင့်ရလို့ ငိုတာလား.."ဆိုပြီး မေးခွန်းထုတ်လာသလို သူငယ်ချင်းတွေကလည်း "ငါတို့အဖွဲ့ထဲမှာ စွံဖို့ဘိတ်ချေးလို့ သတ်မှတ်ထားတဲ့လူက အရင်ယောက်ျားယူရတော့မယ်...ကျန်တဲ့လူတွေသေလို့ရပြီ.."ဆိုပြီး စကြလေသည်။ လိပ်ပြာလည်း ပြန်ပြောလိုက်ပါတယ်"ယောက်ျားရသွားတာ...
ဘ၀ကြီးပြောင်းသွားတာမှမဟုတ်တာ...
သူငယ်ချင်းနဲ့ ယောက်ျားကိုတစ်ကန့်စီထားမှာပါလို့" ကတိပေးလိုက်တယ်။
မေမေနဲ့ဖေဖေကတော့ သူ့သားမက်လေးကို 
ချီးကျူးထောပနာပြုလို့ မဆုံးဖြစ်နေကြသလို စီးပွားရေးသမားအစ်ကိုလေးကလည်း
သူ့ယောက်ဖနဲ့ အဝေတည့်နေလိုက်တာများ ပြောမနေပါနဲ့ လိပ်ပြာနဲ့တစ်လနေလို့မှ စကားနှစ်ခွန်း လောက်ပြောရင် သူ့ယောက်ဖနဲ့တိုင်ပင်ဆွေးနွေးတာက အခွန်းတစ်ရာလောက်မကပေ။

တစ်ခါတစ်လေမှာ ကိုကိုဟာ ပုံစံပြောင်းလူသားတစ်ယောက်လို့ခံစားရ‌စေတယ်။
တကယ်ပါ ကိုကိုဟာ လုံး၀ပြောင်းလဲသွားပြီဆို တာ သေချာပါတယ်။ရှစ်တန်းအရွယ်မှာ ဘယ်အရာကိုမဆို အဓိပ္ပာယ်မဲ့စွာ ကြည့်တတ်တဲ့ ကိုကို့မျက်၀န်းတွေဟာ အခုဆိုရင်ရွှန်းလဲ့‌ တောက်ပနေတတ်ပြီး အနာဂတ်အစီအစဉ်တွေကိုလည်း
ပလန်ဆွဲကာလိပ်ပြာကို စပရိုက်တိုက်တိုက်လာတတ်သလို သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကိုလည်း လိပ်ပြာအတွက်သာမကပဲ လိပ်ပြာရဲ့မိသားစုနဲ့ပါ အချိန်ဖြုန်းလာတတ်ခဲ့လေပြီ။
ကိုကိုဟာ အားတဲ့အချိန်တိုင်း လိပ်ပြာတို့အိမ်မှာပဲ အချိန်ဖြုန်းတာတို့ ထမင်းအတူလာစားတာတို့လုပ်တတ်တာကြောင့် လိပ်ပြာတို့ရဲ့မိသားစုအိမ်ကလေးဟာ ကိုကို့အတွက် ဒုတိယရိပ်မြုံကြီးလို ဖြစ်နေသည်ထင်ပါရဲ့။

မေမေကလည်း မိခင်မေတ္တာချို့တဲ့ခဲ့ရ၍ ချစ်သနားပိုပြီး သားလေး၊သားလေးဖြစ်နေသလို ဖေဖေကလည်း သူ့သားအရင်းတွေက သည်းမခံနိုင်တဲ့ သူ့ရဲ့အငြင်းသန်တဲ့စရိုက်ကို လက်ခံဆွေးနွေးပေးတတ်တဲ့ သားသမက်ကလေးကို သဘောကျမဆုံး ၊ရှုမ၀မဆုံးဖြစ်နေလေပြီ။
ပြောရရင်တော့ ဒီအိမ်ရဲ့တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့ လိပ်ပြာထက် လိပ်ပြာရဲ့ သတို့သားလောင်းက ပိုအရေးပေးခံနေရတာ မြေကြီးကို လက်နဲ့ခပ်ရင်တောင်
မလွှဲစေသတည်း  ဖြစ်နေရပါပြီ။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🎶🦋🎶🦋🦋🦋🦋👋

ပျော်ကြလေသတည်း

Zawgyi
ခ်စ္လိပ္ျပာေလး တဝဲလည္လည္
                             အခန္း ၃၆

အခ်ိန္ရာ‌သီေတြဟာ မ်က္လုံးတစ္မွိတ္၊လွ်က္တစ္ျပတ္အတြင္းမွာမ်ား ျပန႔္လႊင့္ကုန္ဆုံးသြားေလသလားလို႔ ထင္မွတ္ရေလာက္ေအာင္ အကုန္ျမန္လြန္းေနသည္။ေႏြ႐ြက္ဝါတို႔ ေႂကြက်ျပန႔္လႊင့္ၿပီးသြားျပန္ေလေတာ့ မိုးသီး၊မိုးေပါက္တို႔ကိုေခၚေဆာင္လာရင္း မုတ္သုန္ဟာအ႐ိုင္းဆန္စြာ ကျပက်ီစယ္ခဲ့ျပန္ပါတယ္။
ေဟာ မ်က္စိတစ္မွိတ္အတြင္းမွာပါပဲ ျမန္မာႏိုင္ငံတစ္ခြင္မွာျမဴ‌ေတြ ရစ္ဆိုင္းလာၿပီး အေအးလႈိင္းေလးက ျဖတ္သန္းကူးလူးသြားျပန္ေရာ။ရာသီေတြ ဘယ္လိုကူးေျပာင္းေျပာင္း၊အခ်ိန္အခါေတြက ဘယ္လိုပဲျဖတ္သန္းကူးခက္သြားပါေစ ကိုကိုနဲ႔လိပ္ျပာရဲ႕အခ်စ္ေရးက တည္ၿမဲစဲ၊ ခ်စ္ၾကည္ႏူး၍မ၀စဲလို႔ ခံစားရတဲ့ အခိုက္အတန႔္ေတြဟာ
ေန႔ရပ္တိုင္းလိုပါပဲ။‌‌

အခ်ိန္ေတြ ကုန္တာျမန္လာတာနဲ႔အမွ် လိပ္ျပာရဲ႕ပတ္၀န္းက်င္မွ လူေတြဟာလည္း ေျပာင္းလဲမႈေတြ တစ္ခုခုၿပီးတစ္ခု ျဖစ္လာၾကသည္။ေက်ာင္းဆရာမေလးျဖစ္တဲ့ သူဇာဟာ ပဲခူးဘက္ကိုေျပာင္းေ႐ြ႕စာက်တာေၾကာင့္ လြန္ခဲ့တဲ့ေျခာက္လေလာက္တုန္းက လိပ္ျပာအပါအ၀င္ က်န္သူငယ္ခ်င္းသုံးေယာက္လုံး ပဲခူးသို႔ကိုယ္တိုင္
လိုက္ပို႔ၾကရင္းနဲ႔ ပဲခူးၿမိဳ႕ေလးကို လည္ပတ္ခဲ့ၾကပါေသးတယ္။

ဂ်ပန္ဘာသာဆရာမေတြျဖစ္ၾကတဲ့ သဲႏုနဲ႔ေအးေအးကလည္း လုံးခ်င္းတိုက္ခန္းေလးဌားၿပီး ကိုယ္ပိုင္သင္တန္းေလး ဖြင့္ေနၾကတာ ေတာ္ေတာ္ေလးကို အဆင္ေျပေနေလရဲ႕။
ၾကည္ျပာကေတာ့ ကမာ႐ြတ္က သူ႔တိုက္ခန္းေလးမွာ သူငယ္ခ်င္းေတြတစ္ေယာက္မွ မရွိၾကေလေတာ့ သူလည္းမိဘေတြအိမ္ကို ျပန္ေနရတာေပါ့။
မင္းမင္းကလည္း တတိယႏွစ္ေက်ာင္းသားႀကီး ျဖစ္ေနသလို အစ္ကိုႀကီးနဲ႔အစ္ကိုေလးကလည္း
စကၤာပူကေနျပန္လာၾကၿပီး လိပ္ျပာတို႔ရဲ႕အိမ္ေရွ႕မွာပဲ လက္လီ၊လက္ကားလွ်ပ္စစ္ပစၥည္းဆိုင္ႀကီး တည္ထားတာမ်ား ဟီးလို႔ေပါ့။
လိပ္ျပာကိုမွ မရရင္ေသရပါေတာ့မယ္ဆိုတဲ့
ကိုမိုးစက္ႀကီးကလည္း စကၤာပူကေနျပန္လာၿပီးမၾကာပါဘူး မိန္းမတန္းယူပစ္လိုက္တာမ်ား
သူ႔မိန္းမေတာင္ ကို၀န္ေျခာက္လရွိေနေလၿပီ။

လိပ္ျပာကလည္း ႏွႏွစ္အတြင္းမွာ လုံးခ်င္း၀တၳဳအရွည္ ေျခာက္အုပ္နဲ႔၀တၳဳတိုသုံးအုပ္ေလာက္ထြက္ထားၿပီးတာေၾကာင့္ စာဖတ္ပရိသတ္လည္းတိုးလာခဲ့သလို လိပ္ျပာေရးသမွ်လုံးခ်င္း၀တၳဳေတြဟာလည္း တစ္ႏွစ္တာရဲ႕ ေရာင္းအားအေကာင္းဆုံးစာအုပ္ေတာ့ပ္တန္းစာရင္းမွာ အၿမဲလိုလိုပါ၀င္လာေလသည္။ဒါေၾကာင့္ အခ်ိဳ႕နယ္မ်ားမွ စာေပေဟာေျပာေပးရန္ဖိတ္ၾကားၾကတာေၾကာင့္လိပ္ျပာလည္း ခရီးေတြပိုထြက္လာရ
သလို ကိုယ့္စာအုပ္အတြက္ပဲ အာ႐ုံစိုက္လာရဖန္မ်ားေလေတာ့ ကိုကိုနဲ႔ခ်ိန္းေတြ႕ဖို႔ကိုလည္း လစ္ဟင္းလာရတယ္။ တစ္ေနရာဆီေရာက္ေနတဲ့ သူငယ္ခ်င္းေတြနဲ႔လည္း ျပန္ဆုံဆည္းၾကဖို႔ တစ္ႏွစ္ေနမွ တစ္ခါသာအခ်ိန္ေပးႏိုင္သလို ျဖစ္ေနသည္။

အသက္အ႐ြယ္ႀကီးရင့္လာေလ အခ်ိန္ရွားပါးလာေလ ျဖစ္လာတဲ့ကိုကိုနဲ႔လိပ္ျပာရဲ႕ ခ်စ္သူသက္တမ္းဟာလည္း ႏွႏွစ္ေတာင္ ျပည့္ပါေတာ့မယ္။ ကိုကိုကလည္း သူ႔ရဲ႕လုပ္ငန္းတိုးခ်ဲ႕မႈေတြဘက္ကိုပဲ လွည့္ေနရတာမ်ားလာေတာ့ တစ္ခါတစ္ေလ ခ်ိန္းေတြ႕ဖို႔အခ်ိန္မေပးႏိုင္ရင္ လိပ္ျပာအတြက္ကထူးျခားၿပီးလြမ္းေနစရာမရွိပါဘူး။ကိုကိုကလိပ္ျပာဆီကို မလာႏိုင္ရင္ လိပ္ျပာက
ကိုကို႔ ႐ုံးခန္းအထိသြားၿပီး ၀တၳဳေရးေနလိုက္တာပါပဲ။

တစ္ေနရာမွာ စားေသာက္ဖို႔ခ်ိန္းေတြ႕၊ေပ်ာ္စရာေတြႀကံဖန္ရွာ ဒါေတြဟာလိပ္ျပာတို႔ႏွစ္ေယာက္အတြက္ေတာ့ ႐ိုးအီေနပါၿပီ။ကိုကိုကလိပ္ျပာရဲ႕ အနားမွာရွိေနရင္လုံေလာက္သလို ကိုကိုကလည္း အလုပ္မအားတဲ့ၾကားကေန လိပ္ျပာကိုလြမ္းရင္ ကိုကို႔႐ုံးခန္းထဲမွာရွိတဲ့ လိပ္ျပာထိုင္ေနၾက စားပြဲဆီကိုလာၿပီး လိပ္ျပာကိုစကၠန႔္ပိုင္းစာေလာက္ပဲျဖစ္ျဖစ္ အလြမ္းေျပနမ္းလိုက္၊လာဖက္လိုက္လုပ္တတ္သလို လိပ္ျပာကလည္း ကိုကို႔ရဲ႕ထိုယုယမႈေသးေသးေလးကိုေတာင္ တန္ဖိုးထားတတ္ေနပါၿပီ။

တစ္ခါတစ္ေလမွာ လိပ္ျပာစဥ္းစားၾကည့္မိတယ္။လိပ္ျပာတို႔သာလက္ထပ္လိုက္မယ္ဆိုရင္
မနက္ခင္းတိုင္းမွာ ကိုကို႔ကိုႏႈတ္ဆက္အနမ္းေတြ တစ္၀ႀကီးေပးႏိုင္သလို ညအိပ္ရာ၀င္ခ်ိန္မွာလည္း ကိုကို႔ရင္ခြင္ထဲမွာ ႏူးညံ့ေႏြးေထြးစြာ အိပ္စက္အနားယူခြင့္ ရမွာေသခ်ာတယ္လို႔ေပါ့။
ဒါေပမဲ့ ကိုကိုဟာလိပ္ျပာကိုအခုထိလက္ထက္ခြင့္မေတာင္းေသးဘူး။ခ်စ္သူသက္တမ္းႏွႏွစ္ဆိုတာ တိုေတာင္းေသးတယ္လို႔ေျပာႏိုင္ေပမဲ့ လိပ္ျပာကိုကို႔ကို ခ်စ္လာခဲ့ရတာဟာ ဆယ့္တစ္ႏွစ္‌ေတာင္ရွိခဲ့ေရာေပါ့။

လက္ထပ္လက္စြပ္က‌ေလးကို ဘယ္အခ်ိန္မ်ား ‌စြပ္ေပးေလမလဲလို႔‌ ေစာင့္လိုက္ရတာလည္း တစ္ေန႔တစ္ေန႔ေမာေတာင္လာသလိုပါပဲ။
သို႔ေပမဲ့ ေဆာင္းရာသီထက္ပိုေအးခဲလြန္းလွတဲ့ လိပ္ျပာရဲ႕ကိုကိုေရခဲတုံးႀကီးကေတာ့ 
"ကိုကိုေရ...လိပ္ျပာရဲ႕လက္သူႂကြယ္ေလးမွာ လက္စြပ္လွလွေလး..ရွိရင္သိပ္ေကာင္းမွာပဲ.."လို႔ အရိပ္ျပလဲအေကာင္မျမင္သလို
"ဟိုတစ္ေလာက သူငယ္ခ်င္းေတြနဲ႔ေတြ႕ေတာ့...
နင့္အသက္ႏွစ္ဆယ့္ေလးႏွစ္ျပည့္ေတာ့မယ္...
နင့္ရည္းစားကလည္း အသက္ႏွစ္ဆယ့္ခုႏွႏွစ္ျပည့္ေတာ့မယ္...လက္မထပ္ၾကေသးဘူးလား.."
ေမးၾကတယ္လို႔ လိပ္ျပာဘက္ကေန အရွက္မရွိ ရင္ကိုခြဲၿပီး ထုတ္ေဖာ္ျပသပါေသာ္လည္း ကိုကိုဟာအထဲကကလီဆာေတြ လႈပ္႐ြေနတာကိုပဲ ျမင္ပုံရတယ္။
"အျမန္လက္ထက္ပါေတာ့.."လို႔ တည့္ေျပာျပန္ရင္လည္း အရွက္မရွိဘူးျဖစ္အုံးမယ္။
တစ္ခါတစ္ခါ ကိုယ့္ရည္းစားကိုယ္ လူႏုံ၊လူအႀကီးမ်ားလားလို႔ေတာင္ ျမင္တတ္ေနမိတဲ့အထိျဖစ္ေနပါၿပီ။

🎶"အခ်ိန္ရာသီမ်ား ေျပာင္းေႏြ မိုးေဆာင္း
ေဟာင္းလို႔သြားလည္း..."
"ရင္မွာ မင္းတစ္ေယာက္ထဲသာ ထာ၀ရ
မေျပာင္းလဲ..."🎶

🎶"ရွင္သန္ခ်ိန္ခရီး..ဘယ္ေလာက္ျဖစ္ျဖစ္
ကိုယ္အၿမဲ ေစာင့္စားမယ္..."
"တစ္ခ်ိန္မွာ မင္းနဲ႔နီးရာ ေမွ်ာ္လင့္ျခင္းကဗ်ာ"🎶

ေဆာင္းရာသီျဖစ္ေပမဲ့ စာေရးခ်င္စိတ္ကျပင္းျပေနေလေတာ့ ေစာင္ႀကီးကို ကိုယ္မွာပတ္ထားၿပီး ဈာန္အျပည့္၊ ခံစားခ်က္အျပည့္နဲ႔စာေရးေနမိခ်ိန္က်မွ ဖုန္းက၀င္လာျပန္ေတာ့ စိတ္ညစ္စြာပဲကိုင္လိုက္ပါသည္။
အျခားသူဆိုရင္ေတာ့ ကိုင္ခ်င္မွကိုင္ျဖစ္မွာေပမဲ့ ကိုကိုျဖစ္ေနေလေတာ့ ဖုန္းမကိုင္ရင္စိတ္ဆိုးမွာ စိုးရိမ္ရတယ္။

"ဟယ္လို...အမိန႔္ရွိပါရွင္...

တမင္မသိခ်င္ေယာင္ေဆာင္ၿပီး ထူးလိုက္ေပမဲ့ ကိုကို႔ရယ္သံကို ၾကားရေတာ့လိပ္ျပာလည္းရယ္ခ်င္လာသည္။

"လိပ္ျပာ...ကိုကို လိပ္ျပာရဲ႕အိမ္ေရွ႕မွာေစာင့္ေနမယ္..."

"ဟင္...တကယ္ႀကီးလား..."

လိပ္ျပာကုတင္ေပၚကေန ေစာင္အထူရဲရဲႀကီးကို ၿခဳံလွ်က္သားႏွင့္ပင္ ၀ရန္တာသို႔ေျပးထြက္လိုက္ေတာ့ အိမ္ေရွ႕မွာ ကားကိုရပ္ထားၿပီး ကားေဘးနားမွာ စမတ္တက်မွီရပ္ရင္း "ဖုန္းကိုခါျပ"ကာ အလွဆုံးၿပဳံးျပေနတဲ့ အမ်ိဳးေကာင္းသားေလးကို ျမင္ရေလသည္။
အသက္တစ္ႏွစ္ႀကီးလာေလ ပိုေခ်ာေမာခန႔္ညႇားလာ‌ေလျဖစ္တဲ့ ကိုကိုဟာ ဂ်င္းေဘာင္းဘီအပြအရွည္နဲ႔ တီရွပ္အျဖဴကိုတြဲဖက္၀တ္ဆင္ထားၿပီး ေခါင္းစြပ္အေႏြးထည္အနက္ေရာင္ေလးကို အေပၚမွာထပ္၀တ္ထားလိုက္ေသးသည္။
တကယ္ပါ ႐ုပ္ျပစာအုပ္ထဲမွာ အလွပဆုံးေရးျခစ္ထားတဲ့ ဇာတ္လိုက္မင္းသားေလး အျပင္ထြက္လာသလိုပဲ။
ကိုကိုက ဖုန္းကိုလက္ညႇိဳးထိုးျပၿပီး "နားေထာင္ေပး"ဆိုတဲ့ အမူအရာလုပ္ျပတာေၾကာင့္ လိပ္ျပာလည္းေငးေနမိရာမွ ဖုန္းကိုနားနဲ႔ကပ္လိုက္သည္။

"ကိုကို...ဘာေျပာမလို႔လဲဟင္..."

"လိပ္ျပာ ကိုကိုတစ္ေနရာကိုေခၚသြားခ်င္လို႔ လိပ္ျပာအားလား..."

"အို....အားသမ သိပ္အား...သုံးမိနစ္ပဲေစာင့္..."

လိပ္ျပာရဲ႕စကားေၾကာင့္ ကိုကိုဟာသြားတက္
ခြၽန္ခြၽန္ကေလးေတြ ေပၚေအာင္ရယ္လိုက္တာကို ျမင္လိုက္ရေတာ့ လိပ္ျပာထံကိုပါ အေပ်ာ္ေတြကူးကုန္သလိုလို။

"ဘာ၀တ္ရရင္ေကာင္းမလဲ...."

အခုတေလာ ရန္ကုန္ကိုအေအးလႈိင္းျဖတ္သြားမယ္လို႔ ေၾကျငာထားတာေၾကာင့္ ရာသီဥတုကေတာ့ ေစာင္ထဲမွာပဲအၿမဲတေစ ေကြးေနခ်င္စရာအေျခအေနမွာေပါ့။
အရင္ကဆိုရင္ လိပ္ျပာကေအာက္ထပ္မွာေနရေပမဲ့ ေမေမကဒူးေတြသိပ္မေကာင္းေတာ့ဘူးဆိုလို႔ လိပ္ျပာရဲ႕အခန္းကို ေဖေဖနဲ႔ေမေမ့အားေပးလိုက္သည္။

"အင္း...ဒါေလးအဆင္ေျပမယ္ထင္တယ္..."

ေနာက္ဆုံးမွာ လိပ္ျပာေ႐ြးခ်ယ္လိုက္တာက ကိုကိုနဲ႔ဆင္တူ ဂ်င္းပင္န္အပြေလးနဲ႔ ခါးတိုတီရွပ္ပန္းေရာင္လက္စက ေလးကို ၀တ္လိုက္ၿပီး အေပၚ၀တ္အေနနဲ႔ အေမႊးပြအေႏြးထည္ေလးကို ၀တ္လိုက္သည္။ သိုးေမႊးဦး‌ထုပ္အျဖဴေရာင္ေလးကိုေဆာင္းလိုက္ၿပီး ဆလင္းဘတ္အေသးေလးကို သိုင္းလြယ္လိုက္ရင္း ကိုယ္လုံးေပၚမွန္ထဲမွာ ခႏၶာကိုယ္ကို တစ္ပတ္ေလာက္လွည့္လိုက္တဲ့အခါမွာေတာ့ စာေရးဆရာမႀကီးမဟုတ္ေတာ့ပဲ ပန္းေရာင္မင္းသမီးေလးရွင္သန္လာသလိုျဖစ္ေနသည္။

"လွလိုက္တဲ့ ငါပါလား...သြားၾကစို႔..."

ဖားလ်ားခ်ထားတာေၾကာင့္ ‌အေရွ႕ကိုက်လာတဲ့ဆံပင္အရွည္ႀကီးေတြကို အေနာက္ကိုပို႔ပစ္လိုက္ၿပီး အခန္းတံခါးကို ပိတ္ခဲ့ကာ ေအာက္ထပ္သို႔ဆင္းလာလိုက္သည္။
ထူးဆန္းတာက အိမ္သားေတြအကုန္လုံးဘယ္ေရာက္လို႔ ဘယ္ေပါက္ေနမွန္းမသိၾကတာပဲ။
ကိုကိုနဲ႔လည္ဖို႔ကသာ အဓိကမို႔ ဘာမွေတြးမေနပဲ ၿခံတံခါးကိုသာ ဂ်က္ခ်လိုက္သည္။

"ကိုကို႔ သြားက်မယ္ေလ..."

လိပ္ျပာက ခ်စ္စရာေကာင္းတဲ့အမူအရာေလးနဲ႔ ေျပာလိုက္တာေၾကာင့္ ဘုန္းျမတ္လည္းအသဲေတြယားလာသလို ခ်စ္ခ်င္းေတြျပည့္ႏွက္ေနတဲ့ေျခလွမ္းေတြက သူ႔မအနားသို႔အလိုလိုေရာက္သြားေစတာကေတာ့ သူလည္းမတားလိုက္ႏိုင္ေပ။
သူမအရပ္ကေလးက သူ႔အတြက္ပုေနေလေတာ့ ခႏၶာကိုယ္ကို ေလးကိုင္းသ႑ာန္လုပ္လိုက္ကာ သူမရဲ႕မ်က္ႏွာႏုႏုေလးဆီသို႔ တိုးကပ္သြားလိုက္မိသည္။

"လိပ္ျပာ...ကိုကိုလိပ္ျပာကိုနမ္းလို႔ရမလား..."

"ဘယ္‌ေနရာကိုလည္း..."

"ဒီေနရာေလးကိုေလ..."

လိပ္ျပာရဲ႕ႏႈတ္ခမ္းဖူးဖူးေလးအေပၚကိုဘုန္းျမတ္က လက္ညႇိဳးေလးနဲ႔တို႔ထိျပလိုက္ေတာ့ သူမေလးကပါးခ်ိဳင့္ခြက္ခြက္ေလးေတြ ေပၚေအာင္အထိရယ္ျပလာေလရာ ထိုအျပဴအမူေလးေတြကပင္သူ႔စိတ္ကိုႏႈိးဆြသလိုျဖစ္ေနသည္။

"မရဘူး...လမ္းမႀကီးမွာေလ...ျမန္ျမန္...ျမန္ျမန္သြားၾကမယ္..."

သူမကေတာ့ ကားေပၚကိုတက္သြားေပမဲ့ သူ႔မွာေတာ့ ခါးႀကီးကိုင္းၿပီးက်န္ေနခဲ့ရတာေတာ္ေတာ္ကို ဖီးလ္ငုတ္ေလသည္။
ဒါေပမဲ့လည္း ဘယ္တတ္ႏိုင္မွာလဲ။
သူလည္းကားထဲသို႔ ၀င္လိုက္ၿပီး ယာဥ္ေမာင္းေနရာမွာ ၀င္ထိုင္လိုက္သည္။သူမကို တစ္ခ်က္ငဲ့ၾကည့္လိုက္ေတာ့ မယ္မင္းႀကီးမေလးက ခါးပတ္ကိုအက်အနပတ္ထားၿပီး လက္ကိုပိုက္ထားကာသူေဌးမႀကီးစတိုင္လ္ဖမ္းေနေလသည္။

"လိပ္ျပာ...ပါးမွာတစ္ခုခုေပေနသလိုပဲ ..."

"ဟင္...ဟုတ္လား...ဘယ္ေနရာမွာလဲ..."

"လိပ္ျပာျမင္ရမွာ မဟုတ္ဘူးလာကိုကိုသုတ္ေပးမယ္..."

ကားေနာက္ၾကည့္မွန္ကို ၾကည့္မလို႔လုပ္ေနစဥ္မွာ ကိုကိုက လိပ္ျပာရဲ႕ပါးေလးကို သူ႔ရဲ႕ညာဘက္လက္နဲ႔ အုပ္ကိုင္လိုက္သည္။ကိုကို႔လက္ဖဝါးႀကီးက လိပ္ျပာရဲ႕ ဘယ္ဘက္ပါးနဲ႔ေမးေစ့ကိုႏွစ္ျမႇဳပ္ေစေလာက္တဲ့အထိ ႀကီးမားတာေၾကာင့္ လိပ္ျပာလည္းကိုကို႔အား ေၾကာင္ၾကည့္ေနမိသည္။
တကယ္ပဲ ပါးေပၚမွာေပေနတာကို သုတ္ေပးမယ္အထင္နဲ႔ မ်က္ႏွာကို ကိုကို႔ဘက္လွည့္ေပးလိုက္ခ်ိန္မွာ ေမးေစ့ကိုညႇစ္ၿပီး ဆြဲယူခံလိုက္ရတဲ့ လိပ္ျပာဟာ ကိုကို႔ႏႈတ္ခမ္းပါးနဲ႔ထိကပ္သြားသည္။

ရမၼက္ဆန္တာမဟုတ္ပဲ "ခ်စ္လြန္းလို႔နမ္းတာ"ဆိုတဲ့ လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္ေလာက္က
ကိုကို႔ရဲ႕စကားကိုလည္း ျပန္ၾကားေယာင္ေနမိတာေၾကာင့္ ႏူးညံ့စြာလႈပ္ရွားေနတဲ့ အနမ္းေႏြးေႏြးေလးကို လိပ္ျပာတဒဂၤမွ် ယစ္မူးေနမိသည္။
"တစ္..ႏွစ္..သုံး..ေလး..."လိပ္ျပာရဲ႕စိတ္ထဲမွာ စကၠန႔္ေတြကို ေရတြက္ေနမိရင္းမွ စကၠန႔္ေျခာက္ဆယ္ အၾကာမွ ႏူးညံ့ခ်ိဳၿမိန္လွတဲ့ အနမ္းကမာၻထဲမွ လိပ္ျပာလြတ္ေျမာက္သြားေလသည္။
ကိုကိုကလည္း ေအာင္ႏိုင္သူႀကီးလို ေက်နပ္စြာၿပဳံးလို႔ေပါ့။

ကားေမာင္းေနရင္းနဲ႔ ကိုကိုက"လိပ္ျပာဒီေန႔ဘာႏႈတ္ခမ္းနီဆိုးထားတာလဲလို႔ "ေမးလာေလေတာ့ လိပ္ျပာလည္း ေၾကာင္တက္တက္ကေလးနဲ႔ပဲ လိပ္ျပာႏႈတ္ခမ္းနီမဆိုးထားဘူးလို႔ေျဖလိုက္တယ္။
ဘာေၾကာင့္ရယ္မသိ ကိုကိုကသြားတက္ေတြေပၚေအာင္ ရယ္လာျပန္ၿပီး"ႏႈတ္ခမ္းနီမဆိုးထားတဲ့ သဘာ၀အရသာက သိပ္ခ်ိဳတာပဲ"လို႔ေျပာလာေလေတာ့ လိပ္ျပာခပ္ရွက္ရွက္နဲ႔ ကိုကို႔ကိုလွမ္းထုလိုက္ရာ ကိုကိုကတစ္ဟားဟားနဲ႔ အသားကုန္ရယ္လာသည္။လိပ္ျပာစိတ္ထဲမွာေတာ့ ဒီေန႔ကိုကိုသိပ္အူ႐ႊင္ေနသလားလို႔ ေတြးလိုက္မိသည္။

ကိုကိုကအေဝးႀကီးကိုေမာင္းမယ္ထင္ေနတာ သိပ္ၾကာၾကာမေမာင္းလိုက္ရပဲ ၿခံႀကီးတစ္ခုထဲသို႔ ကားကိုေမာင္း၀င္လိုက္သည္။ၿခံႀကီးေနရွိရာေနရာဟာ လႈိင္ျမစ္ကိုျဖတ္သန္းတည္ေဆာက္ထားတဲ့ ေအာင္ေဇယ်တံတားႀကီးနဲ႔ သိပ္မေဝးသလို လႈိင္ျမစ္ႀကီးနဲ႔လည္း အရမ္းကိုနီးကပ္လြန္းေနသည္။
ၿခံႀကီးက ေဟာ္တယ္အႀကီးစားႀကီးေဆာက္လို႔ရသေလာက္ က်ယ္၀န္းၿပီး လိပ္ျပာတို႔အိမ္နဲ႔လည္း သိပ္မေဝးလွဘူး။
ကားနဲ႔နန္းေတာ္တမွ်ခန္းနားတဲ့ အိမ္ႀကီးဆီကိုေမာင္းသြားရာလမ္းတစ္ေလွ်ာက္မွာလည္း ျမက္ခင္းျပင္အက်ယ္ႀကီးကို ေတြ႕ေနရၿပီး အုန္းပင္ေတြေတာင္ စိုက္ထားတာမနည္းမေနာပဲ။မသိရင္ ကမ္းေျခမွအပန္းေျဖစခန္းကို ေရာက္ေနရသလိုထင္မွတ္မိသည္။
ၿပီးေတာ့ စကားဝါးပင္ေတြဆိုတာလည္း ေဖြးေဖြးကိုလႈပ္လို႔ တကယ့္ကိုဥယ်ာဥ္ၿခံထဲကို လာလည္ေနရသလို စိတ္ၾကည္လင္လိုက္တာေျပာမေနပါနဲ႔။

"လိပ္ျပာ...ဆင္းေတာ့ေလ..."

ၿခံရဲ႕အေရွ႕ဘက္အျခမ္းေလးမွာတင္ ျမင္ျမင္သမွ်ကိုေငးေနမိတဲ့ လိပ္ျပာမွာ ကားေလးစက္ရပ္လိုက္တာေတာင္သတိမထားမိႏိုင္ျဖစ္ေနသည္။လိပ္ျပာကားေပၚမွ ဆင္းလိုက္ေတာ့ ကိုကိုကလိပ္ျပာရဲ႕လက္ကေလးကို ဆြဲၿပီး အသင့္ဖြင့္ထားတဲ့ အိမ္မႀကီးတံခါးမွ အိမ္ထဲသို႔ေခၚလာေလသည္။

"ဝါး...အိမ္အတြင္းပိုင္းကလည္း သိပ္မိုက္တာပဲေနာ္ ဘယ္လိုအိုင္ဒီယာေတြနဲ႔မ်ား ေတြးၿပီးေဆာက္ထားသလဲမသိဘူး နန္းေတာ္ႀကီးက်ေနတာပဲ..."

"လိပ္ျပာ ဒီအိမ္ပုံစံေလးနဲ႔ ဒီၿခံကိုသေဘာက်လား..."

"သေဘာက်တာေပါ့ကိုကိုရာ. .."

လိပ္ျပာအိမ္အတြင္းပိုင္းကိုပဲ ေငးေနမိရင္း ကိုကို႔ကိုေတာင္ လွည့္မၾကည့္ပဲေျဖလိုက္သည္။
ဒီေလာက္လွ၊ဒီေလာက္ခမ္းနားထည္ဝါတဲ့ အိမ္ႀကီးကိုဘယ္လို သူေဌးေတြကမ်ားပိုင္တာပါလိမ့္။

"ကိုကို...ဒီအိမ္ပိုင္ရွင္က ဘယ္သူလဲ..ဘယ္ေရာက္ေနတာလဲ..ေတြ႕လည္းမေတြ႕မိဘူး..."

"ဒီအိမ္ပိုင္ရွင္နာမည္က လိပ္ျပာျဖဴတဲ့ အခုကိုကို႔အေရွ႕မွာ ရွိေနတဲ့သူေလးေပါ့..."

"ဟမ္..."

ကိုကိုဘာေတြေျပာေနပါလိမ့္လို႔ေတြးၿပီး ကိုကို႔ဘက္ကိုလွည့္ၾကည့္လိုက္ေတာ့  လိပ္ျပာကိုယ့္ပါးစပ္ကိုယ္လက္နဲ႔ ျပန္အုပ္မိကာ အေနာက္သို႔ေျခတစ္လွမ္းဆုတ္လိုက္မိသည္။
ကိုကို႔ရဲ႕ ဒူးတစ္ဖက္ဟာ ေျပာင္လက္ေနတဲ့ ေႂကြျပားခ်ပ္ႀကီးအေပၚမွာ ေကြးၫႊတ္ကာေထာက္ထားၿပီး  က်န္ဒူးေပၚမွာေတာ့ ကတၱီပါဘူးအျပာေလးကို ကိုင္ထားတဲ့ လက္အားတုန္ယင္မသြားေစေအာင္ ထိန္းထားေလသည္။
ထိုကတၱီပါ ဘူးေလးထဲတြင္ေတာ့ ေမာင္း‌ကြင္းေလးတစ္ကြင္းႏွင့္ စိန္ငါးလုံးစီျခယ္ထားေသာလက္စြပ္ေလးတစ္ကြင္းရွိေနသည္။

ကိုကိုဟာ လိပ္ျပာကို ဟိုအရင္ကထက္ ေလးနက္လြန္းတဲ့ တန္းဖိုးႀကီးအရာတစ္ခုအား ႏွစ္သက္ျမတ္ႏိုးသလို ၾကည့္လာသည္။
ၿပီးေနာက္ သေထြးကိုတစ္ခ်က္ၿမိဳခ်လိုက္ဟန္တူၿပီး ၿပဳံးကာေျပာလာသည္က...

"လိပ္ျပာ...ကိုကို လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္ကတည္းက ဒီၿခံႀကီးထဲမွာ လိပ္ျပာနဲ႔ကိုကို႔ရဲ႕အနာဂတ္အိမ္ေလးကို ပုံေဖာ္ေနခဲ့တာပါ...ေဖေဖ့အိမ္မွာက ကိုကို႔မိေထြးေတြကို ေမာင္းထုတ္လိုက္ေပမဲ့  ကိုကို႔အတြက္အတိတ္ဆိုး‌ေတြရွင္သန္ေနတာေၾကာင့္ လိပ္ျပာကို ကိုကိုမေနေစခ်င္ခဲ့ဘူး
...ဒါေၾကာင့္ လိပ္ျပာရဲ႕မိသားစုအိမ္နဲ႔လည္း သိပ္မေဝးတဲ့ေနရာေလးမွာ အိမ္တစ္လုံးနဲ႔ပန္းဥယ်ာဥ္တစ္ခုကို  အလွဆုံးပုံေဖာ္လိုက္မိတယ္...လိပ္ျပာကိုအံ့ဩေစခ်င္လို႔ ကိုကိုမေျပာခဲ့တာပါ...လိပ္ျပာစိတ္မဆိုးဘူးမဟုတ္လား..."

ကိုကို႔အေမးစကားကို လိပ္ျပာပါးစပ္ကေနေတာင္ ေျဖႏိုင္စြမ္းမရွိေတာ့တာမို႔ ေခါင္းေတြသာ တြင္တြင္ခါပစ္လိုက္သည္။

"ဒါဆိုရင္ လိပ္ျပာကို...ကိုကိုလက္ထပ္ပါရေစ
...လိပ္ျပာလက္ခံေပးႏိုင္မလားဟင္..."

ေတာင္းပန္တိုးလ်ိဳးလြန္းတဲ့ကိုကို႔အၾကည့္၊အရမ္းခ်မ္းသာၿပီး ဂုဏ္သတင္းႀကီးမားတဲ့ ပုဂၢိဳလ္ႀကီးျဖစ္ေနပါေသာ္လည္း ခ်စ္သူဆီမွ လက္ထပ္ဖို႔ "သေဘာတူ"ပါတယ္ဆိုတဲ့ စကားေလးတစ္ခြန္းကို  ၾကားရဖို႔အတြက္နဲ႔ ကိုကို႔ရဲ႕အၾကည့္ေတြဟာေၾကာက္ေနတာေတြေရာ၊စိတ္လႈပ္ရွားမႈ ေတြပါ ေရာေထြးေနမွန္ လက္စြပ္ဘူးေလးကို ခပ္တုန္တုန္ကိုင္ထားရတဲ့ ကိုကို႔လက္ေတြကို ၾကည့္လိုက္တာနဲ႔ တန္းသိလိုက္ပါတယ္။

"လိပ္ျပာ...ကိုကို႔ကို လက္ထပ္ပါေနာ္...
ကိုကိုလိပ္ျပာကို တစ္သတ္လုံးတစ္ျပားတစ္ခ်က္ေတာင္ မေလ်ာ့တဲ့အခ်စ္နဲ႔ ခ်စ္သြားေပးခ်င္တယ္
..လိပ္ျပာ..."

ကိုကို႔ရဲ႕"လိပ္ျပာ"လို႔ ေနာက္ဆုံးေခၚလိုက္တဲ့အသံအဆုံးမွာေတာ့ လိပ္ျပာရဲ႕မ်က္၀န္းအိမ္တြင္မ်က္ရည္ေတြတစ္ေပါက္ၿပီး တစ္ေပါက္က်လာသည္။လိပ္ျပာ၀မ္းနည္းလို႔မဟုတ္ဘူး။
ေပ်ာ္လြန္းလို႔ငိုမိတာပါ။ေနာက္ဆုံးမွာ လိပ္ျပာရဲ႕အခ်စ္ဦးက လိပ္ျပာကိုဒီလိုတန္ဖိုးထားၿပီး လက္ထပ္ခြင့္ေတာင္းပါတယ္တဲ့။လူဘယ္ႏွစ္ေယာက္ေလာက္ကမ်ား ဒီလိုႀကဳံႏိုင္ၾကပါသလဲ။ႀကဳံဖူးတဲ့ လူတိုင္းဟာလည္း လိပ္ျပာလိုငိုမိၾကမွာလား။

"လိပ္ျပာ...လက္ခံပါတယ္...လိပ္ျပာကိုကို႔ကို လက္ထပ္‌ဖို႔ သေဘာတူတယ္..."

လိပ္ျပာက လက္စြပ္၀တ္ေပးဖို႔ လက္ကိုေရွ႕သို႔ထုတ္ေပးလိုက္ေတာ့ ကိုကိုကေ႐ႊနဲ႔လုပ္ထားတဲ့ေမာင္းကြင္းေလးကို အရင္၀တ္ေပးလာသည္။
ၿပီးေနာက္စိန္ျဖဴ‌ေလးငါးလုံးၿခံရံထားတဲ့ လက္စြပ္ကေလးကို ထပ္စြပ္ေပးသည္။
လိပ္ျပာစာထဲမွာဖတ္ဖူးခဲ့ပါတယ္။
ေျပာင္ေခ်ာေနတဲ့ ေမာင္းကြင္းေလးကို စြပ္ေပးရျခင္းက အိမ္ေထာင္ေရးခရီးလမ္း မွာ ေျဖာင့္ျဖဴးသာယာေစဖို႔အတြက္ျဖစ္ၿပီး၊ လက္ထပ္ခြင့္ပန္တဲ့ လက္စြပ္ေလးမွာ စိန္တစ္လုံးပဲပါရင္ "ခ်စ္တယ္"လို႔ ဆိုပါတယ္။စိန္သုံးလုံးဆိုရင္ေတာ့
"မင္းကိုငါခ်စ္တယ္"လို႔ အဓိပၸာယ္သက္ေရာက္သတဲ့။စိန္ငါးလုံးဆိုရင္ေတာ့"မင္းကိုငါသိပ္ခ်စ္ပါတယ္"ဆိုၿပီး အဓိပၸာယ္အသီးသီးဖြင့္ၾကေလ့ရွိတယ္။အခု ကိုကိုကလိပ္ျပာကို "သိပ္ခ်စ္တယ္"
ဆိုတဲ့ အဓိပၸယ္ကိုေဆာင္တာေပါ့။"သိပ္"ဆိုတဲ့စကားလုံးမွာ ေလးနက္မႈေတြဟာ မ‌နည္းမေနာဆိုတာ လိပ္ျပာသိတာေပါ့။

"ကိုယ့္ဘ၀ထဲကို ၀င္လာေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္ လိပ္ျပာ...."

လိပ္ျပာလက္စြပ္ေလးကို အားရေအာင္ၾကည့္ၿပီးေနာက္ ေခါင္းေမာ့လိုက္စဥ္မွာပဲ နဖူးေပၚသို႔က်ေရာက္လာတဲ့ အနမ္းတစ္ပြင့္ ၿပီးေတာ့ စိုစြတ္မႈတစ္ခုကိုလည္း ခံစားလိုက္ရတယ္။

"ကိုကို...ငိုေနတယ္..."

"ေဟး!!!!!!!"

"ေဖာင္း!!!!!...ေဖာင္း!!!!..."

"အမယ္ေလး!!!!!"

႐ုတ္တရက္  တစ္ခုခုေပါက္ကြဲတဲ့အသံႀကီးနဲ႔အတူ ေ႐ႊမွ်င္၊ေငြမွ်င္ႀကိဳးေလးေတြဟာ လိပ္ျပာတို႔အေပၚကို ပ်ံ႕လႊင့္လာသည္။

"အစ္ကိုတို႔...အစ္မတို႔ေရဒီတစ္သက္ ငိုလို႔ေရာၿပီးၾကအုံးမွာလား...သတို႔သမီးကငိုၿပီးေတာ့ ေဟာသတို႔သားကငိုျပန္ေရာ..."

အသံေတြလာရာဆီကို ေသခ်ာၾကည့္လိုက္မိေတာ့ မွ "လိပ္ျပာတို႔အိမ္ကလူေတြအကုန္လုံး ဘယ္ေရာက္ေနသလဲမွတ္တယ္...ဒီမွာႀကိဳတင္ၿပီးလာပုန္းေနၾကတာပါလားလို႔ "သေဘာေပါက္လိုက္မိပါတယ္။  ၿပီးေတာ့လိပ္ျပာရဲ႕သူငယ္ခ်င္းေလးေယာက္....

"သူဇာ...ေအးေအး..သဲႏု...ၾကည္ျပာ...နင္တို႔ေတြ အားလုံးေရာက္ေနၾကတယ္..."

မဆုံျဖစ္တာၾကာေနၿပီ ျဖစ္တဲ့သူငယ္ခ်င္းမ်ားအား လိပ္ျပာမ်က္ရည္ဝဲရင္း ေျပာမိေတာ့ သူငယ္ခ်င္းေတြကလည္း လိပ္ျပာအား
ေခါင္းေလးကို တစ္ေယာက္တစ္ခ်က္ဆီလာပုတ္ၿပီး ၿပဳံးျပလာၾကသည္။

"လာရတာေပါ့ဟာ...ကိုဘုန္းျမတ္ႀကီးက နင့္ကိုလက္ထပ္ခြင့္ေတာင္းေတာ့မွာမို႔ အသိသက္ေသလာလုပ္ေပးၾကပါလားဆိုၿပီး ခြင့္ေတာင္းလာတာနဲ႔ ငါတို႔လည္းမလာပဲကို မေနႏိုင္တာ...."

"အီဟီး...နင္တို႔ငါ့အတြက္ အလုပ္ေတြပ်က္ရၿပီ...နင္တို႔ကိုငါသိပ္လြမ္းေနတာ သိရဲ႕လား..."

"လိပ္ျပာရယ္..ငါတို႔အားလုံးကလည္း ဟိုအရင္ကသူငယ္ခ်င္းေတြ ေပ်ာ္ပါးခဲ့ၾကတာေလးေတြကို ျပန္ေတြးလိုက္မိတိုင္း ငိုရတာ...ေျပာမေနပါနဲ႔ဟာ..."

"အီဟီး...."

တစ္ေယာက္ကိုတစ္ေယာက္ဖက္ၿပီး လိပ္ျပာတို႔သူငယ္ခ်င္းအုပ္စုႀကီးမွာ ငိုလို႔မဆုံးႏိုင္ျဖစ္ေနၾကေတာ့ မင္းမင္းကေတာင္"အစ္မဟာက လက္ထပ္ခြင့္ေတာင္းခံရလို႔ ငိုတာလား..သူငယ္ခ်င္းေတြနဲ႔ဆုံခြင့္ရလို႔ ငိုတာလား.."ဆိုၿပီး ေမးခြန္းထုတ္လာသလို သူငယ္ခ်င္းေတြကလည္း "ငါတို႔အဖြဲ႕ထဲမွာ စြံဖို႔ဘိတ္ေခ်းလို႔ သတ္မွတ္ထားတဲ့လူက အရင္ေယာက္်ားယူရေတာ့မယ္...က်န္တဲ့လူေတြေသလို႔ရၿပီ.."ဆိုၿပီး စၾကေလသည္။ လိပ္ျပာလည္း ျပန္ေျပာလိုက္ပါတယ္"ေယာက္်ားရသြားတာ...
ဘ၀ႀကီးေျပာင္းသြားတာမွမဟုတ္တာ...
သူငယ္ခ်င္းနဲ႔ ေယာက္်ားကိုတစ္ကန႔္စီထားမွာပါလို႔" ကတိေပးလိုက္တယ္။
ေမေမနဲ႔ေဖေဖကေတာ့ သူ႔သားမက္ေလးကို 
ခ်ီးက်ဴးေထာပနာျပဳလို႔ မဆုံးျဖစ္ေနၾကသလို စီးပြားေရးသမားအစ္ကိုေလးကလည္း
သူ႔ေယာက္ဖနဲ႔ အေဝတည့္ေနလိုက္တာမ်ား ေျပာမေနပါနဲ႔ လိပ္ျပာနဲ႔တစ္လေနလို႔မွ စကားႏွစ္ခြန္း ေလာက္ေျပာရင္ သူ႔ေယာက္ဖနဲ႔တိုင္ပင္ေဆြးေႏြးတာက အခြန္းတစ္ရာေလာက္မကေပ။

တစ္ခါတစ္ေလမွာ ကိုကိုဟာ ပုံစံေျပာင္းလူသားတစ္ေယာက္လို႔ခံစားရ‌ေစတယ္။
တကယ္ပါ ကိုကိုဟာ လုံး၀ေျပာင္းလဲသြားၿပီဆို တာ ေသခ်ာပါတယ္။ရွစ္တန္းအ႐ြယ္မွာ ဘယ္အရာကိုမဆို အဓိပၸာယ္မဲ့စြာ ၾကည့္တတ္တဲ့ ကိုကို႔မ်က္၀န္းေတြဟာ အခုဆိုရင္႐ႊန္းလဲ့‌ ေတာက္ပေနတတ္ၿပီး အနာဂတ္အစီအစဥ္ေတြကိုလည္း
ပလန္ဆြဲကာလိပ္ျပာကို စပ႐ိုက္တိုက္တိုက္လာတတ္သလို သူ႔ရဲ႕ကိုယ္ပိုင္အခ်ိန္ေတြကိုလည္း လိပ္ျပာအတြက္သာမကပဲ လိပ္ျပာရဲ႕မိသားစုနဲ႔ပါ အခ်ိန္ျဖဳန္းလာတတ္ခဲ့ေလၿပီ။
ကိုကိုဟာ အားတဲ့အခ်ိန္တိုင္း လိပ္ျပာတို႔အိမ္မွာပဲ အခ်ိန္ျဖဳန္းတာတို႔ ထမင္းအတူလာစားတာတို႔လုပ္တတ္တာေၾကာင့္ လိပ္ျပာတို႔ရဲ႕မိသားစုအိမ္ကေလးဟာ ကိုကို႔အတြက္ ဒုတိယရိပ္ၿမဳံႀကီးလို ျဖစ္ေနသည္ထင္ပါရဲ႕။

ေမေမကလည္း မိခင္ေမတၱာခ်ိဳ႕တဲ့ခဲ့ရ၍ ခ်စ္သနားပိုၿပီး သားေလး၊သားေလးျဖစ္ေနသလို ေဖေဖကလည္း သူ႔သားအရင္းေတြက သည္းမခံႏိုင္တဲ့ သူ႔ရဲ႕အျငင္းသန္တဲ့စ႐ိုက္ကို လက္ခံေဆြးေႏြးေပးတတ္တဲ့ သားသမက္ကေလးကို သေဘာက်မဆုံး ၊ရႈမ၀မဆုံးျဖစ္ေနေလၿပီ။
ေျပာရရင္ေတာ့ ဒီအိမ္ရဲ႕တစ္ဦးတည္းေသာ မိန္းကေလးျဖစ္တဲ့ လိပ္ျပာထက္ လိပ္ျပာရဲ႕ သတို႔သားေလာင္းက ပိုအေရးေပးခံေနရတာ ေျမႀကီးကို လက္နဲ႔ခပ္ရင္ေတာင္
မလႊဲေစသတည္း  ျဖစ္ေနရပါၿပီ။

#စာေရးသူ_ေဆာင္း‌ေငြ႕ေဝ
#ေဆာင္းေငြ႕ေဝရဲ႕၀တၳဳမ်ားPageမွတင္ဆက္သည္

🦋🦋🦋🎶🦋🎶🦋🦋🦋🦋👋

ေပ်ာ္ၾကေလသတည္း

Continue Reading

You'll Also Like

54.6K 1.6K 13
ငါ မုန်းတယ်..မင်း...မပြုံးနဲ့...။ ~ နင်.. အပြုံးကို ငါ ..မုန်းတယ်..။ ~ အငြိုးအတေးနဲ့ အနိုင်ကျင့်တာမျိုး မလုပ်မိစေနဲ့....ရူးသွားလိမ့်မယ် ....ဆိုတဲ့ မ...
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
124K 3.7K 27
ဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့​ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကို...
49.3K 1.2K 11
ဘ၀ကို အရိုးသားဆုံး အဖြူစင်ဆုံး ဖြတ်သန်းတတ်တဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်~~