ရှေးဖြစ်ဟော ဆရာသခင် (MM Trans...

By shunleikhin

15.4K 2K 22

English Title - "Fortune Teller Master" Author - 信用卡 (Xinyongka) Chapters Status - Completed (138 Chapters +... More

ရှေးဖြစ်ဟော ဆရာသခင်
အပိုင်း(၁.၁) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၁.၂) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၂.၁) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၂.၂) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၃.၁) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း(၃.၂) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း (၄.၁) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၄.၂) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၅.၁) ရဲအရာရှိငယ်လေး
အပိုင်း (၅.၂) ရဲအရာရှိငယ်လေး
အပိုင်း (၆.၂) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၇.၁) တားဆီးခံရသည့် ကံတရား
အပိုင်း (၇.၂) တားဆီးခံရသည့် ကံတရား
အပိုင်း (၈.၁) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၈.၂) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၉.၁) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၉.၂) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၁၀.၁) ဖြောင့်မတ်သော ဆရာသခင်
အပိုင်း (၁၀.၂) ဖြောင့်မတ်သော ဆရာသခင်
အခန်း (၁၁.၁) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အခန်း (၁၁.၂) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အပိုင်း (၁၂.၁) တမူထူးခြားသော ဗေဒင်ဆရာ
အပိုင်း (၁၂.၂) တမူထူးခြားသော ဗေဒင်ဆရာ
အခန်း (၁၃.၁) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အခန်း (၁၃.၂) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အပိုင်း (၁၄.၁) Making a wedding dress for others
အပိုင်း (၁၄.၂) Making a wedding dress for others
အပိုင်း (၁၅.၁) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၅.၂) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၆.၁) ဒဏ်ခတ်ခံရခြင်း

အပိုင်း (၆.၁) ကံမကောင်းတဲ့ ကျန်းဝေ

423 57 0
By shunleikhin

Unicode

"မင်းခြေထောက်ကို ပြန်ဆုတ်လိုက်ဦး။ ငါ့ကို ခလုတ်တိုက်မိလုနီးပါး ဖြစ်နေပြီ!"


အန်တီလီသည် ဖက်တီးဝမ်၏ ခြေထောက်များကို မနှစ်မြို့စွာ ကန်ကျောက်ပြီး ဦးလေးများနှင့် အဒေါ်များကို နှုတ်ဆက်ရန် ခေါင်းကို လှည့်လိုက်သည် -


"အားလုံးပဲ အေးအေးဆေးဆေး လာကြပါ။ ဆူဆူညံညံမလုပ်ကြပါနဲ့။ တစ်ယောက်ယောက်ကတော့ စိတ်မချမ်းသာပုံရတယ်။"


သူ(မ) မေးစေ့ကို မြှောက်ကာ ဘေးတွင်ရပ်နေသော အန်တီကျန်းအား အေးစက်စွာ အော်ဟစ်လိုက်သည်။



လူအများကြီးလာနေသည်ကို မြင်သောအခါ၊ ဖက်တီးဝမ်သည် ချက်ချင်းပင် သူ့နောက်မှာ ထောက်ခံချက်ပေးပြီး စည်းစနစ်ကျအောင် တန်းစီရန် ဝမ်းသာအားရပြောသည်။


"မင်းရဲ့ကံကြမ္မာကို သိချင်ရင် အရှေ့ကို လာခဲ့ပါ။ မဟုတ်ရင် အချိန်မနှောင့်နှေးစေဖို့ ကျေးဇူးပြုပြီး နှစ်ဖက်စလုံးတွင် ရပ်နေပေးပါ။ စျေးနှုန်းမှာ ဗေဒင်တွက်မယ်ဆိုရင် ယွမ် ၁၀၀၀ ကျပြီး၊ ဆရာသခင်က ငွေသားကိုသာ လက်ခံပါတယ်။


ခင်ဗျားတို့မှာ ငွေသားမရှိဘူးဆိုရင် ဒီကိုလာပြီး ငွေသားလဲလှယ်ဖို့ code ကို scan ဖတ်နိုင်ပါတယ်။"


သူက ပြောလိုက်ပြီးနောက်တွင် ယွမ်တစ်ရာတန် ငွေစက္ကူအသစ်တစ်အုပ်ကို ထုတ်ကာ သူ့လက်ဖဝါးပေါ်၌ နှစ်ခါရိုက်လိုက်သည်။


"ကျွန်တော် မနေ့က ဘဏ်ကိုသွားပြီး ဒီ‌ ငွေစက္ကူအသစ်ကို ရခဲ့တယ်"


လင်းချင်းယင်သည် ဖက်တီးဝမ်ကို သဘောကျစွာ ကြည့်လိုက်သည်။ သူသည် ဗေဒင်ဟောခြင်းလုပ်ငန်းအတွက် မသင့်တော်သော်လည်း၊ စီးပွားရေးအတွက်ဆွဲဆောင်ပြီး ကြော်ငြာရာမှာ ကျွမ်းကျင်သည်။ သူသည် သူ(မ)ကို ပြဿနာ တော်တော်များများကနေ ကယ်တင်ခဲ့၏။


ဦးလေးများနှင့် အဒေါ်များသည် လင်းချင်းယင်၏အသွင်အပြင်ကို မြင်သောအခါ အနည်းငယ် တုံ့ဆိုင်းနေကြသည်။


သူတို့သည် ဗေဒင်ဟောခ၏ ဈေးနှုန်းကို ကြားပြီး‌နောက်တွင် ရုတ်တရက် ရှေ့သို့ မလှမ်းချင်ကြတော့‌ပေ။ သူတို့ရဲ့အမြင်အရတော့ ဒီလိုအရာမျိုးသည် ငွေကြေးအနည်းငယ်သာလျှင် ကုန်ကျသည်။ ယွမ် ၁၀၀၀ က အရမ်းများလွန်း၏။


သို့သော်လည်း သူတို့သည် ထွက်ခွာရန်လည် ဝန်လေးခဲ့ကြသည်။ နောက်ဆုံးတော့ ဒီမိန်းမငယ်လေးက တကယ့် ဆရာသခင် တစ်‌ယောက်ဖြစ်သည်ဟု အန်တီဝမ်က ပြောလိုက်သည်။ သူတို့အားလုံးသည် ထိုအရာက အမှန်ဟုတ် မဟုတ်ဆိုတာ သိချင်နေကြသည်။


လင်းချင်းယင်သည် စိတ်မရှည်‌တော့ပေ။ သူ(မ)သည် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ပြီးနောက် အနီးနားတွင် ထိုင်နေသော လူငယ်အား ‌ပြောလိုက်သည်။


"မင်းရဲ့ ကံကြမ္မာကို ပြောပြစေချင်သလား"


ရုတ်တရက် ကြည်လင်ပြတ်သားသော အသံတစ်ခုသည် သူ၏ပိတ်မိနေသောကမ္ဘာကို ချိုးဖြတ်လိုက်၏။ လူငယ်သည် သူ၏အတွေးထဲတွင် နစ်မြှုပ်နေခဲ့သည်။


အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ရာ သူ့ပတ်ဝန်းကျင်တွင် လူများစွာရှိနေသည်ကို တွေ့လိုက်ရသည်။ ဦးလေးနှင့် အဒေါ်များ အုပ်စုတစ်စုက သူ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ လူငယ်လေးသည် နောက်သို့ ခြေလှမ်းသုံးလှမ်းဆုတ်ကာ ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။


"ဒါက လူအိုကြီးကျန်းရဲ့မြေးမဟုတ်လား"


အဒေါ်တစ်ယောက်သည် သူ့ဘေးနားကလူကို တိုးတိုးလေးပြောလိုက်သည်။ သို့သော် ထိုလူသည် သူ(မ)၏ပါးစပ်ကို အုပ်လိုက်ကာ လင်းချင်ယင်ဆီသို့ ခေါင်းညိတ်ပြခဲ့သည်။ သူ(မ)၏ အဓိပ္ပါယ်မှာ ထင်ရှားလှသည်။ အချက်အလက်များကို မပေါက်ကြား‌စေဖို့ ပြောနေခြင်းဖြစ်၏။


လူငယ်လေး၏ ရှက်ရွံ့သောအသွင်အပြင်နှင့် ထွက်ပြေးချင်လုနီးပါးဖြစ်နေပုံကို မြင်ရ၍ ဖက်တီးဝမ် သည် လင်းချင်းယင်ကို ကူညီရန် အမြန်လှမ်းလာခဲ့သည်။


"ကောင်လေး၊ မင်းကိုကြည့်ရတာ အရမ်းစိတ်ဓာတ်ကျနေပုံ‌ပေါ်တယ်။ မင်း ဒုက္ခရောက်နေတာ ဖြစ်ရမယ်။ ဟုတ်တယ်မလား။ တစ်ခုခု စိုးရိမ်စရာများရှိရင် မင်း ရှေ့သို့လာပြီး ဆရာသခင်ကို ဗေဒင်ဟောခွင့်ပေးလိုက်။ ဖြစ်နိုင်ရင် မင်းအတွက် အကြံဉာဏ်အသစ်တစ်ခု ရလိမ့်မယ်။"


ထိုစကားများသည် လူငယ်လေး၏ နှလုံးသားကို တုန်လှုပ်သွားစေပုံရသည်။ သူသည် မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လင်းချင်းယင်ကိုကြည့်ကာ သံသယစိတ်ဖြင့် ရောက်လာသည်-


"သူက ဆရာသခင်ပဲလား"


ဗေဒင်ဟောခ၏စျေးနှုန်းကို ကြည့်လိုက်ပြီးနောက် ရင်းနှီးသော ဦးလေးနှင့် အဒေါ်အုပ်စုကို ကြည့်ကာ


"သူ(မ)က ဒီလောက် အသက်ငယ်ငယ်လေးနဲ့ တကယ်ဗေဒင်ဆရာ ဟုတ်လို့လား"


ဦးလေးတစ်ယောက်က သူ့ကို အားပေးလိုက်သည်။ "မင်း ကြိုးစားကြည့်ပြီးရင် သိလိမ့်မယ်"


"ကောင်းပြီ"


လူငယ်‌လေးက ပြုံးပြီး ငွေလွှဲဖို့ သူ၏လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်သည်။


"ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ ယွမ် ၁၀၀၀ ကျော်ရှိတယ်။ အဲဒါကို သုံးလိုက်ရုံပဲ။"


ဖက်တီးဝမ်ထံသို့ ငွေလွှဲပြီးနောက် ဖက်တီးဝမ်သည် ယွမ် ၁၀၀၀ ကို ရေတွက်ပြီး လင်းချင်းယင်၏ အိတ်ထဲသို့ ထည့်လိုက်သည်။ ကြည့်ရှုသူများသည် နောက်သို့ ဆုတ်ပေးကာ လူငယ်‌လေးအား မြေပြင်ပေါ်တွင် ထိုင်ရန် နေရာဖယ်ပေးကြ၏။


လင်းချင်းယင်သည် တိမ်မည်းများဖြင့် ဖုံးလွှမ်းနေသော လူငယ်‌လေး၏ ကံကောင်းခြင်းနှင့် ကံကြမ္မာကို ကြည့်လိုက်သည်။ သူ(မ)သည် သူ့ကို ကရုဏာသက်စွာဖြင့် ကြည့်ကာ ပြောခဲ့သည်။


"မင်းကို ဘယ်လိုခေါ်ရမလဲ။"


"ကျွန်တော့်နာမည်က ကျန်းဝေ ပါ။"


"ကျန်းဝေ!" လင်းချင်းယင်က ခေါင်းညိတ်လိုက်သည်။


"မင်းရဲ့ ကံကြမ္မာကို ငါ ပြောပြရမလား ဒါမှမဟုတ် မင်းရဲ့စရိုက်ကို ခန့်မှန်းရမလား"


"ကွာခြားမှုရှိတာလား" ကျန်းဝေသည် သူ၏မျက်နှာကို သုတ်လိုက်ပြီး ခံစားချက်မဲ့စွာဖြင့် ပြောခဲ့သည်။


"ဆရာ ပြောချင်တာသာ ပြောပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဒီအကြောင်းကို ဘာမှမသိဘူး။ ဆရာက ကျွန်တော့်အခြေအနေကို ရှာတွေ့ရင်တောင် ကျွန်တော် ဘာလုပ်ရမှန်းမသိဘူး။"


လင်းချင်းယင်သည် ဘောပင်နှင့် စာရွက်ကို လွှဲပေးလိုက်သည်။


"မင်းရဲ့ အက္ခရာရှစ်လုံးကို ရေးပါ။"


ကျန်းဝေတွင် သူ၏ မွေးစာရင်းမိတ္တူရှိပြီး မွေးသက္ကရာဇ်နှင့် အချိန်အတိအကျကို မှတ်တမ်းတင်ထားသည်။ ၎င်းကို သူ ကောင်းကောင်းမှတ်မိ၏။


လင်းချင်းယင်သည် ကျန်းဝေ၏ အက္ခရာရှစ်လုံးကို တစ်ချက်သာကြည့်ပြီး ဘေးဖယ်ထားလိုက်သည်။ သူ(မ)သည် စကားလုံးလှလှလေတွေ ပြောရသည်ကို နှစ်သက်သူ မဟုတ်ပေ။ ထို့ကြောင့် သူ(မ)သည် သူ့အား အရိုးရှင်းဆုံးနည်းလမ်းဖြင့် ရှင်းပြခဲ့သည်။


"မင်းဟာ ဘဝမှာ ကြီးကျယ်ခမ်းနားတဲ့ ကံကြမ္မာနဲ့ မွေးဖွားလာခဲ့တယ်။ မင်းကိုမွေးတုန်းက မင်းမိဘတွေက စီးပွားရေးမှာ ပြဿနာတွေ မကြုံဖူးဘူး။ သူတို့က ပိုက်ဆံအမြောက်အများ စု‌ဆောင်းမိကြ ပြီး မင်းကို အကောင်းဆုံး နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်ကို ပေးနိုင်တယ်။ မင်းရဲ့ကံကြမ္မာက မင်းရဲ့အရိုးတွေထဲကို စိမ့်ဝင်ထိုး‌ဖောက်သွားပြီး မင်းရဲ့ကံကောင်းမှုဟာ ထိပ်တန်း နံပါတ် ၁ ဖြစ်ဖို့ပဲ..."


"မှန်တယ်!" လင်းချင်းယင်က ပြောလို့ မပြီးဆုံးခင်မှာ အန်တီလီသည် မကူညီနိုင်ဘဲ သူမပေါင်ကို ရိုက်လိုက်သည်။


"ဒီကလေးမွေးပြီးတဲ့အခါ ကျန်းမိသားစုက အောင်မြင်လာခဲ့ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်း အဆင့် ၁ ဖြစ်လာခဲ့တယ်။"


သူ(မ)မေးစေ့ကို အန်တီကျန်းဆီသို့ ပင့်မြှောက်ပြလိုက်သည်။ သူ(မ)၏မျက်နှာ ပုံစံသည် ထင်ရှားသော အဓိပ္ပါယ်ရှိ၏။


အန်တီကျန်းက သရော်လှောင်ပြောင်ပြီး ရေရွတ်လိုက်သည်။


"သူ(မ)က အဲဒီအကြောင်းကို တစ်ယောက်ယောက်ဆီကနေ ကြားတာ ဖြစ်နိုင်တာပဲ။"


သို့သော် အန်တီကျန်းသည် အဝေးသို့ ထွက်မသွားသေး‌ပေ။ သူ(မ)သည် ကျန်းဝေ၏အဖွားနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် ဤမိန်းမငယ်လေးသည် တိကျစွာ ခန့်မှန်းနိုင်သည်ကို သူ(မ) သိချင်မိသည်။ ကျန်းဝေ လှည့်စားခံရလျှင် သူ့ကို တားလို့ရနိုင်သည်။


လင်းချင်းယင်က ဆက်လက်ပြောပြသည်။


"မင်း မျက်နှာကိုကြည့်ပြီး မင်းရွေးချယ်တဲ့ အလုပ်မှာ မင်းက ထူးချွန်နိုင်တယ်။ မင်းရဲ့ *ယင်ထန်က အရိပ်ဖုံးနေတာ အခုဆို၂ နှစ်ရှိပြီ။ မင်း မိသားစုရဲ့လုပ်ငန်းတွေ ကျဆင်းပြီး စုဆောင်းငွေတွေကလည်း ကုန်ဆုံးသွားတယ်။ မင်းရဲ့ ကောင်းမွန်တဲ့ ပညာရေးလမ်းကြောင်းက ပိတ်ဆို့ခံထားရပြီး အချစ်ရေးက မျှော်လင့်ချက်မဲ့လာတယ်။ မင်းက ဘယ်အရာမှ အောင်မြင်မှု မရနိုင်ပါဘူး။"


လင်းချင်းယင်သည် ထိုစကားများကို ပြောပြီးနောက် ပြင်းထန်သော အသက်ရှုသံများ ထွက်ပေါ်လာသည်။ ဦးလေးနှင့် အဒေါ်များသည် လင်းချင်းယင်ကို ကွဲပြားစွာ ကြည့်ကြသည်။


သူတို့သည် ကျန်းစုံတွဲ၏ အိမ်နီးနားချင်းများဖြစ်သည်။ ကျန်းမိသားစု ချမ်းသာလာသောအခါ သူတို့၏သားဖြစ်သူက သူတို့ကို အိမ်အသစ်တွင် ပြောင်းရွှေ့ခိုင်းစေခဲ့သည်။ သို့သော် ဇနီးမောင်နှံသည် အိမ်နီးနားချင်း၏ ဆွဲဆောင်မှုကို ငြင်းဆန်ရန် မခံနိုင်သောကြောင့် ဤရပ်ကွက်ဟောင်းတွင်သာ နေထိုင်နေကြတုန်းပင်။ ဒါကြောင့် ကျန်းမိသားစုက ချမ်းသာလာပြီးနောက် ဆင်းရဲသွားတော့ သူတို့အားလုံး မျက်မြင်တွေ့ခဲ့ကြရသည်။


*ယင်ထန် - မျက်ခုံးအလယ်တွင် အပ်စိုက်သည့်နေရာ။


....................

Zawgyi


"မင္းေျခေထာက္ကို ျပန္ဆုတ္လိုက္ဦး။ ငါ့ကို ခလုတ္တိုက္မိလုနီးပါး ျဖစ္ေနၿပီ!"


အန္တီလီသည္ ဖက္တီးဝမ္၏ ေျခေထာက္မ်ားကို မႏွစ္ၿမိဳ႕စြာ ကန္ေက်ာက္ၿပီး ဦးေလးမ်ားႏွင့္ အေဒၚမ်ားကို ႏွုတ္ဆက္ရန္ ေခါင္းကို လွည့္လိုက္သည္ -


"အားလုံးပဲ ေအးေအးေဆးေဆး လာၾကပါ။ ဆူဆူညံညံမလုပ္ၾကပါနဲ႔။ တစ္ေယာက္ေယာက္ကေတာ့ စိတ္မခ်မ္းသာပုံရတယ္။"


သူ(မ) ေမးေစ့ကို ေျမႇာက္ကာ ေဘးတြင္ရပ္ေနေသာ အန္တီက်န္းအား ေအးစက္စြာ ေအာ္ဟစ္လိုက္သည္။

လူအမ်ားႀကီးလာေနသည္ကို ျမင္ေသာအခါ၊ ဖက္တီးဝမ္သည္ ခ်က္ခ်င္းပင္ သူ႔ေနာက္မွာ ေထာက္ခံခ်က္ေပးၿပီး စည္းစနစ္က်ေအာင္ တန္းစီရန္ ဝမ္းသာအားရေျပာသည္။


"မင္းရဲ့ကံၾကမၼာကို သိခ်င္ရင္ အေရွ႕ကို လာခဲ့ပါ။ မဟုတ္ရင္ အခ်ိန္မေႏွာင့္ေႏွးေစဖို႔ ေက်းဇူးျပဳၿပီး ႏွစ္ဖက္စလုံးတြင္ ရပ္ေနေပးပါ။ ေစ်းႏွုန္းမွာ ေဗဒင္တြက္မယ္ဆိုရင္ ယြမ္ ၁၀၀၀ က်ၿပီး၊ ဆရာသခင္က ေငြသားကိုသာ လက္ခံပါတယ္။


ခင္ဗ်ားတို႔မွာ ေငြသားမရွိဘူးဆိုရင္ ဒီကိုလာၿပီး ေငြသားလဲလွယ္ဖို႔ code ကို scan ဖတ္နိုင္ပါတယ္။"


သူက ေျပာလိုက္ၿပီးေနာက္တြင္ ယြမ္တစ္ရာတန္ ေငြစကၠဴအသစ္တစ္အုပ္ကို ထုတ္ကာ သူ႔လက္ဖဝါးေပၚ၌ ႏွစ္ခါရိုက္လိုက္သည္။


"ကၽြန္ေတာ္ မေန႔က ဘဏ္ကိုသြားၿပီး ဒီ‌ ေငြစကၠဴအသစ္ကို ရခဲ့တယ္"


လင္းခ်င္းယင္သည္ ဖက္တီးဝမ္ကို သေဘာက်စြာ ၾကည့္လိုက္သည္။ သူသည္ ေဗဒင္ေဟာျခင္းလုပ္ငန္းအတြက္ မသင့္ေတာ္ေသာ္လည္း၊ စီးပြားေရးအတြက္ဆြဲေဆာင္ၿပီး ေၾကာ္ျငာရာမွာ ကၽြမ္းက်င္သည္။ သူသည္ သူ(မ)ကို ျပႆနာ ေတာ္ေတာ္မ်ားမ်ားကေန ကယ္တင္ခဲ့၏။


ဦးေလးမ်ားႏွင့္ အေဒၚမ်ားသည္ လင္းခ်င္းယင္၏အသြင္အျပင္ကို ျမင္ေသာအခါ အနည္းငယ္ တုံ႔ဆိုင္းေနၾကသည္။


သူတို႔သည္ ေဗဒင္ေဟာခ၏ ေဈးႏွုန္းကို ၾကားၿပီး‌ေနာက္တြင္ ႐ုတ္တရက္ ေရွ႕သို႔ မလွမ္းခ်င္ၾကေတာ့‌ေပ။ သူတို႔ရဲ့အျမင္အရေတာ့ ဒီလိုအရာမ်ိဳးသည္ ေငြေၾကးအနည္းငယ္သာလၽွင္ ကုန္က်သည္။ ယြမ္ ၁၀၀၀ က အရမ္းမ်ားလြန္း၏။


သို႔ေသာ္လည္း သူတို႔သည္ ထြက္ခြာရန္လည္ ဝန္ေလးခဲ့ၾကသည္။ ေနာက္ဆုံးေတာ့ ဒီမိန္းမငယ္ေလးက တကယ့္ ဆရာသခင္ တစ္‌ေယာက္ျဖစ္သည္ဟု အန္တီဝမ္က ေျပာလိုက္သည္။ သူတို႔အားလုံးသည္ ထိုအရာက အမွန္ဟုတ္ မဟုတ္ဆိုတာ သိခ်င္ေနၾကသည္။


လင္းခ်င္းယင္သည္ စိတ္မရွည္‌ေတာ့ေပ။ သူ(မ)သည္ ပတ္ဝန္းက်င္ကို လွည့္လည္ၾကည့္ၿပီးေနာက္ အနီးနားတြင္ ထိုင္ေနေသာ လူငယ္အား ‌ေျပာလိုက္သည္။


"မင္းရဲ့ ကံၾကမၼာကို ေျပာျပေစခ်င္သလား"


႐ုတ္တရက္ ၾကည္လင္ျပတ္သားေသာ အသံတစ္ခုသည္ သူ၏ပိတ္မိေနေသာကမၻာကို ခ်ိဳးျဖတ္လိုက္၏။ လူငယ္သည္ သူ၏အေတြးထဲတြင္ နစ္ျမႇုပ္ေနခဲ့သည္။


အသံ၏ ဦးတည္ရာဆီသို႔ လွမ္းၾကည့္လိုက္ရာ သူ႔ပတ္ဝန္းက်င္တြင္ လူမ်ားစြာရွိေနသည္ကို ေတြ႕လိုက္ရသည္။ ဦးေလးႏွင့္ အေဒၚမ်ား အုပ္စုတစ္စုက သူ႔ကို စိတ္အားထက္သန္စြာ စိုက္ၾကည့္ေနသည္ကို ျမင္လိုက္ရသည့္အခါ လူငယ္ေလးသည္ ေနာက္သို႔ ေျခလွမ္းသုံးလွမ္းဆုတ္ကာ ထိတ္လန႔္တၾကား ျဖစ္သြားခဲ့သည္။


"ဒါက လူအိုႀကီးက်န္းရဲ့ေျမးမဟုတ္လား"


အေဒၚတစ္ေယာက္သည္ သူ႔ေဘးနားကလူကို တိုးတိုးေလးေျပာလိုက္သည္။ သို႔ေသာ္ ထိုလူသည္ သူ(မ)၏ပါးစပ္ကို အုပ္လိုက္ကာ လင္းခ်င္ယင္ဆီသို႔ ေခါင္းညိတ္ျပခဲ့သည္။ သူ(မ)၏ အဓိပၸါယ္မွာ ထင္ရွားလွသည္။ အခ်က္အလက္မ်ားကို မေပါက္ၾကား‌ေစဖို႔ ေျပာေနျခင္းျဖစ္၏။


လူငယ္ေလး၏ ရွက္ရြံ့ေသာအသြင္အျပင္ႏွင့္ ထြက္ေျပးခ်င္လုနီးပါးျဖစ္ေနပုံကို ျမင္ရ၍ ဖက္တီးဝမ္ သည္ လင္းခ်င္းယင္ကို ကူညီရန္ အျမန္လွမ္းလာခဲ့သည္။


"ေကာင္ေလး၊ မင္းကိုၾကည့္ရတာ အရမ္းစိတ္ဓာတ္က်ေနပုံ‌ေပၚတယ္။ မင္း ဒုကၡေရာက္ေနတာ ျဖစ္ရမယ္။ ဟုတ္တယ္မလား။ တစ္ခုခု စိုးရိမ္စရာမ်ားရွိရင္ မင္း ေရွ႕သို႔လာၿပီး ဆရာသခင္ကို ေဗဒင္ေဟာခြင့္ေပးလိုက္။ ျဖစ္နိုင္ရင္ မင္းအတြက္ အႀကံဉာဏ္အသစ္တစ္ခု ရလိမ့္မယ္။"


ထိုစကားမ်ားသည္ လူငယ္ေလး၏ ႏွလုံးသားကို တုန္လွုပ္သြားေစပုံရသည္။ သူသည္ ျမက္ခင္းျပင္ေပၚတြင္ တင္ပ်ဥ္ေခြထိုင္ေနေသာ လင္းခ်င္းယင္ကိုၾကည့္ကာ သံသယစိတ္ျဖင့္ ေရာက္လာသည္-


"သူက ဆရာသခင္ပဲလား"


ေဗဒင္ေဟာခ၏ေစ်းႏွုန္းကို ၾကည့္လိုက္ၿပီးေနာက္ ရင္းႏွီးေသာ ဦးေလးႏွင့္ အေဒၚအုပ္စုကို ၾကည့္ကာ


"သူ(မ)က ဒီေလာက္ အသက္ငယ္ငယ္ေလးနဲ႔ တကယ္ေဗဒင္ဆရာ ဟုတ္လို႔လား"


ဦးေလးတစ္ေယာက္က သူ႔ကို အားေပးလိုက္သည္။ "မင္း ႀကိဳးစားၾကည့္ၿပီးရင္ သိလိမ့္မယ္"


"ေကာင္းၿပီ"


လူငယ္‌ေလးက ျပဳံးၿပီး ေငြလႊဲဖို႔ သူ၏လက္ကိုင္ဖုန္းကို ဆြဲထုတ္လိုက္သည္။


"ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ့္မွာ ယြမ္ ၁၀၀၀ ေက်ာ္ရွိတယ္။ အဲဒါကို သုံးလိုက္႐ုံပဲ။"


ဖက္တီးဝမ္ထံသို႔ ေငြလႊဲၿပီးေနာက္ ဖက္တီးဝမ္သည္ ယြမ္ ၁၀၀၀ ကို ေရတြက္ၿပီး လင္းခ်င္းယင္၏ အိတ္ထဲသို႔ ထည့္လိုက္သည္။ ၾကည့္ရွုသူမ်ားသည္ ေနာက္သို႔ ဆုတ္ေပးကာ လူငယ္‌ေလးအား ေျမျပင္ေပၚတြင္ ထိုင္ရန္ ေနရာဖယ္ေပးၾက၏။


လင္းခ်င္းယင္သည္ တိမ္မည္းမ်ားျဖင့္ ဖုံးလႊမ္းေနေသာ လူငယ္‌ေလး၏ ကံေကာင္းျခင္းႏွင့္ ကံၾကမၼာကို ၾကည့္လိုက္သည္။ သူ(မ)သည္ သူ႔ကို က႐ုဏာသက္စြာျဖင့္ ၾကည့္ကာ ေျပာခဲ့သည္။


"မင္းကို ဘယ္လိုေခၚရမလဲ။"


"ကၽြန္ေတာ့္နာမည္က က်န္းေဝ ပါ။"


"က်န္းေဝ!" လင္းခ်င္းယင္က ေခါင္းညိတ္လိုက္သည္။


"မင္းရဲ့ ကံၾကမၼာကို ငါ ေျပာျပရမလား ဒါမွမဟုတ္ မင္းရဲ့စရိုက္ကို ခန႔္မွန္းရမလား"


"ကြာျခားမွုရွိတာလား" က်န္းေဝသည္ သူ၏မ်က္ႏွာကို သုတ္လိုက္ၿပီး ခံစားခ်က္မဲ့စြာျဖင့္ ေျပာခဲ့သည္။


"ဆရာ ေျပာခ်င္တာသာ ေျပာပါ။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္က ဒီအေၾကာင္းကို ဘာမွမသိဘူး။ ဆရာက ကၽြန္ေတာ့္အေျခအေနကို ရွာေတြ႕ရင္ေတာင္ ကၽြန္ေတာ္ ဘာလုပ္ရမွန္းမသိဘူး။"


လင္းခ်င္းယင္သည္ ေဘာပင္ႏွင့္ စာရြက္ကို လႊဲေပးလိုက္သည္။


"မင္းရဲ့ အကၡရာရွစ္လုံးကို ေရးပါ။"


က်န္းေဝတြင္ သူ၏ ေမြးစာရင္းမိတၱဴရွိၿပီး ေမြးသကၠရာဇ္ႏွင့္ အခ်ိန္အတိအက်ကို မွတ္တမ္းတင္ထားသည္။ ၎ကို သူ ေကာင္းေကာင္းမွတ္မိ၏။


လင္းခ်င္းယင္သည္ က်န္းေဝ၏ အကၡရာရွစ္လုံးကို တစ္ခ်က္သာၾကည့္ၿပီး ေဘးဖယ္ထားလိုက္သည္။ သူ(မ)သည္ စကားလုံးလွလွေလေတြ ေျပာရသည္ကို ႏွစ္သက္သူ မဟုတ္ေပ။ ထို႔ေၾကာင့္ သူ(မ)သည္ သူ႔အား အရိုးရွင္းဆုံးနည္းလမ္းျဖင့္ ရွင္းျပခဲ့သည္။


"မင္းဟာ ဘဝမွာ ႀကီးက်ယ္ခမ္းနားတဲ့ ကံၾကမၼာနဲ႔ ေမြးဖြားလာခဲ့တယ္။ မင္းကိုေမြးတုန္းက မင္းမိဘေတြက စီးပြားေရးမွာ ျပႆနာေတြ မၾကဳံဖူးဘူး။ သူတို႔က ပိုက္ဆံအေျမာက္အမ်ား စု‌ေဆာင္းမိၾက ၿပီး မင္းကို အေကာင္းဆုံး ေနထိုင္နိုင္တဲ့ ပတ္ဝန္းက်င္ကို ေပးနိုင္တယ္။ မင္းရဲ့ကံၾကမၼာက မင္းရဲ့အရိုးေတြထဲကို စိမ့္ဝင္ထိုး‌ေဖာက္သြားၿပီး မင္းရဲ့ကံေကာင္းမွုဟာ ထိပ္တန္း နံပါတ္ ၁ ျဖစ္ဖို႔ပဲ..."


"မွန္တယ္!" လင္းခ်င္းယင္က ေျပာလို႔ မၿပီးဆုံးခင္မွာ အန္တီလီသည္ မကူညီနိုင္ဘဲ သူမေပါင္ကို ရိုက္လိုက္သည္။


"ဒီကေလးေမြးၿပီးတဲ့အခါ က်န္းမိသားစုက ေအာင္ျမင္လာခဲ့ၿပီး ေကာလိပ္ဝင္ခြင့္စာေမးပြဲမွာ ထိပ္တန္း အဆင့္ ၁ ျဖစ္လာခဲ့တယ္။"


သူ(မ)ေမးေစ့ကို အန္တီက်န္းဆီသို႔ ပင့္ေျမႇာက္ျပလိုက္သည္။ သူ(မ)၏မ်က္ႏွာ ပုံစံသည္ ထင္ရွားေသာ အဓိပၸါယ္ရွိ၏။


အန္တီက်န္းက သေရာ္ေလွာင္ေျပာင္ၿပီး ေရရြတ္လိုက္သည္။


"သူ(မ)က အဲဒီအေၾကာင္းကို တစ္ေယာက္ေယာက္ဆီကေန ၾကားတာ ျဖစ္နိုင္တာပဲ။"


သို႔ေသာ္ အန္တီက်န္းသည္ အေဝးသို႔ ထြက္မသြားေသး‌ေပ။ သူ(မ)သည္ က်န္းေဝ၏အဖြားႏွင့္ ေကာင္းမြန္ေသာဆက္ဆံေရးရွိေသာေၾကာင့္ ဤမိန္းမငယ္ေလးသည္ တိက်စြာ ခန႔္မွန္းနိုင္သည္ကို သူ(မ) သိခ်င္မိသည္။ က်န္းေဝ လွည့္စားခံရလၽွင္ သူ႔ကို တားလို႔ရနိုင္သည္။


လင္းခ်င္းယင္က ဆက္လက္ေျပာျပသည္။


"မင္း မ်က္ႏွာကိုၾကည့္ၿပီး မင္းေရြးခ်ယ္တဲ့ အလုပ္မွာ မင္းက ထူးခၽြန္နိုင္တယ္။ မင္းရဲ့ *ယင္ထန္က အရိပ္ဖုံးေနတာ အခုဆို၂ ႏွစ္ရွိၿပီ။ မင္း မိသားစုရဲ့လုပ္ငန္းေတြ က်ဆင္းၿပီး စုေဆာင္းေငြေတြကလည္း ကုန္ဆုံးသြားတယ္။ မင္းရဲ့ ေကာင္းမြန္တဲ့ ပညာေရးလမ္းေၾကာင္းက ပိတ္ဆို႔ခံထားရၿပီး အခ်စ္ေရးက ေမၽွာ္လင့္ခ်က္မဲ့လာတယ္။ မင္းက ဘယ္အရာမွ ေအာင္ျမင္မွု မရနိုင္ပါဘူး။"


လင္းခ်င္းယင္သည္ ထိုစကားမ်ားကို ေျပာၿပီးေနာက္ ျပင္းထန္ေသာ အသက္ရွုသံမ်ား ထြက္ေပၚလာသည္။ ဦးေလးႏွင့္ အေဒၚမ်ားသည္ လင္းခ်င္းယင္ကို ကြဲျပားစြာ ၾကည့္ၾကသည္။


သူတို႔သည္ က်န္းစုံတြဲ၏ အိမ္နီးနားခ်င္းမ်ားျဖစ္သည္။ က်န္းမိသားစု ခ်မ္းသာလာေသာအခါ သူတို႔၏သားျဖစ္သူက သူတို႔ကို အိမ္အသစ္တြင္ ေျပာင္းေရႊ႕ခိုင္းေစခဲ့သည္။ သို႔ေသာ္ ဇနီးေမာင္ႏွံသည္ အိမ္နီးနားခ်င္း၏ ဆြဲေဆာင္မွုကို ျငင္းဆန္ရန္ မခံနိုင္ေသာေၾကာင့္ ဤရပ္ကြက္ေဟာင္းတြင္သာ ေနထိုင္ေနၾကတုန္းပင္။ ဒါေၾကာင့္ က်န္းမိသားစုက ခ်မ္းသာလာၿပီးေနာက္ ဆင္းရဲသြားေတာ့ သူတို႔အားလုံး မ်က္ျမင္ေတြ႕ခဲ့ၾကရသည္။


*ယင္ထန္ - မ်က္ခုံးအလယ္တြင္ အပ္စိုက္သည့္ေနရာ။


....................





Continue Reading

You'll Also Like

15.7K 416 20
ဒီကောင်မလေးကို ပြန်ပေးဆွဲထားတာဘာအတွက်လဲ ချစ်လို့လား ကြိုက်လို့လား လိင်ကိစ္စကြောင့်လား မဖြစ်နိုင်ဘူးလေ မင်းက Asexualတစ်ယောက်လေ.... possessive type, Re...
32.3K 4.4K 65
🐾️ Caractors වෙන වෙනම introduce කරන්නෙ නම් නෑ.. 🔞 කොටස් සහිත නිසා කැමති අය විතරක් කියවන්න හොඳේ. Daily Updates නම් දෙන්න බැරි වේවි.. පුළුවන් ඉක්මනට...
248K 17K 29
𝐓𝐇𝐄𝐘\'𝐑𝐄 𝐀 𝐌𝐀𝐅𝐈𝐀.🧠💸🛢️. عالم مُغطىٰ بالذهب الأسود وَ السوَآد . حياة اعيشُها حالكةُ الظُلمِ وَ الظلام . أرواحٌ مــأسـورةٌ في سـرآيا ا...
49.7K 2K 16
Book 2 of the 𝕱𝖎𝖌𝖍𝖙𝖈𝖑𝖚𝖇 series {Duology} 𖤓 𝕾𝖔𝖒𝖊 𝖒𝖊𝖒𝖔𝖗𝖎𝖊𝖘 𝖓𝖊𝖛𝖊𝖗 𝖑𝖊𝖆𝖛𝖊 𝖞𝖔𝖚𝖗 𝖇𝖔𝖓𝖊𝖘. 𝕿𝖍𝖊𝖞 𝖇𝖊𝖈𝖔𝖒𝖊 𝖕𝖆�...