Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[62]
[63]
[64]
[65]
[66]
[66]

[61]

389 11 1
By --KO--

[Unicode]

အရမ်းအရမ်းကို ပူဆွေးဝမ်းနည်းစရာကောင်းသည့် နေ့တစ်နေ့ ဖြစ်နေလင့်ကာ ရာသီဥတုက ဖောက်လွဲဖောက်ပြန် ဓာတ်ပြုလျက် မိုးများရွာသွန်းနေခဲ့သည်။ ကြီးမားလှသည့် အိမ်ကြီးထဲတွင် ထိုမိုးသံကို လွှမ်းလျက် မိန်းမပျိုလေးတစ်ယောက် ငိုကြွေးနေခဲ့သည်မှာ စင်္ကြာဝဠာ အနန္တတွင် သူမပုံစံက နှလုံးသည်းမွှာတစ်ခုလုံး ဆုံးရှုံးလိုက်ရသည့် သနားစရာအကောင်းဆုံး လူသားအသွင်ဖြင့်။

" လေပြေ "

ဒီလိုမှန်းသိခဲ့ရင် လေပြေအစထဲက လိမ်လိမ်မာမာနေခဲ့မှာ ။ ဒီထက်ပိုပြီး ကိုကိုနဲ့ daddy အနားမှာ အဖော်ပြုပေးခဲ့မှာ

" သန်မာစမ်းပါ...ဒီလိုမျိုးစိတ်ဓာတ်ကျ မနေစမ်းနဲ့ "

" သန်မာရမယ်....သန်မာရမယ်လား။ ဘယ်လိုစိတ်မျိုးနဲ့လဲ.....ဘယ်လိုခံယူချက်မျိုးနဲ့ သန်မာပြရမှာလဲ။ ဟန်ဆောင်ပြီးတော့တောင် မလုပ်နိုင်ဘူး.....အရမ်း...ပင်ပန်းနေပြီ ကိုဆင့် "

" ကိုဆင့်ကို သေချာကြည့်စမ်း လေပြေ "

မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းများက တိမ်ယံဆင့်နဲ့ အကြည့်ချင်း ဆုံလာသည့်အခါ ဝမ်းနည်းမှုက သင်္ကေတအဖြစ် မှတ်ကျောက်တင်ခဲ့သည်။

" နည်းနည်းပါးပါးစဉ်းစားကြည့်စမ်းပါ ရှင်းက လေပြေရဲ့ ဒီလိုပုံစံကို မြင်ချင်ပါ့မလား....သူက လေပြေပြုံးနေရုံတင် စိတ်ချမ်းသာတတ်တဲ့လူမျိုးလေ...."

နောက်စကားကို ထပ်ပြောရန်အလို့ငှာ တိမ်ယံဆင့်မှာ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်လျက် ရှိုက်သံများကို သည်းခံနိုင်လိုက်သော်လည်း မျက်ဝန်းထက်က မျက်ရည်များကို သည်းခံရန် မစွမ်းနိုင်ခဲ့သည့်အတွက် ထိုအရာများက ပါးထက်သို့ ကျဆင်းလာခဲ့ကြသည်။ ကိုယ့်ကိုကိုယ်စိတ်ပျက်သည့်အတွက် ဆင့်က စုပ်သတ်ကာ ခေါင်းလှည့်ပြီး အံကိုကြိတ်ထားလိုက်သည်။

" ကိုဆင့် လေပြေ ဦးလေးကို သွားတွေ့ချင်တယ်။ ဦးလေးတော့ အန္တရာယ်ကင်းလောက်မှာပါ "

" အင်း ကိုကို လိုက်ပို့ပေးမယ် ဟုတ်ပြီလား "

ပိန်းပိတ်အောင် မှောင်မဲနေတဲ့ အိမ်တံခါးအား ဆွဲဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည်မှာ သွေးပျက်ချောက်ခြားမှုများ ကြီးစိုးနေသည့် မြင်ကွင်းတစ်ခု ။ လျှပ်စီးလက်သည့် အချိန်တွင်း မြင်လိုက်ရသည့် ထိုမြင်ကွင်းသည် နောက်ဆက်တွဲ မိုးခြိမ်းသံနှင့်အတူ ဆင့်ရင်ခွင်ကို မွှေနောက်သွားခဲ့ပြန်သည်။

အိမ်ထဲတွင် သွေးချောင်းစီးနေသည်။

တစ်ပိုင်းတစ်စဖြစ်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ပွစာကျဲနေပြီး အိမ်ရဲ့နေရာတိုင်းတွင် သွေးများစွန်းထင်းနေသည်။၅၀ နီးပါးရှိသော လူများတွင် အသက်ရှင်သောလူဟူ၍ တစ်ယောက်ပင်မရှိခဲ့။ အမှတ်မထင် ပြုလုပ်လိုက်သောအရာမှာ ထိုအရာပေါ် သက်ရောက်နေသော လေပြေညှင်းရဲ့ မျက်ဝန်းများကို ပိတ်စို့ပစ်လိုက်ခြင်းသာ။

" မကြည့်နဲ့ အဲ့ကိုမကြည့်နဲ့ "

" ဘာဖြစ်တာလဲ "

" မကြည့်တာ ပိုကောင်းတယ် "

" ကိုဆင့် ? "

" ပြန်ရအောင် "

" ဒါပေမယ့် ဦးလေးကော "

" ပြန်ရအောင် ကိုဆင့်စကား နားထောင်စမ်းပါကွာ "

အိမ်ပြန်နေသည့်လမ်းတွင် ယွန်းဟေမီဆီက ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်ပြီး ပုံမှန်မေးခွန်းများကို ပြန်ဖြေနေရလေသည်။

" ကျွန်တော်တို့အခုပြန်လာပါပြီ အိမ်ရောက်မှ ဆက်ပြောကြတာပေါ့ "

အိမ်ပြန်ရောက်ရောက်ခြင်း ယွန်းဟေမီက စိုးရိမ်နေတဲ့မျက်နှာနဲ့စီးကြိုလာကာ ပြဒါးရံက ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။

" မျက်နှာလဲမကောင်းကြဘူး ဘာဖြစ်လာကြတာလဲ။ ရုတ်တရက်ကြီး အိမ်ကပျောက်သွားလို့ စိတ်ပူနေတာသွေးတွေက ဘယ်ကပေလာကြတာလဲ "

" မမ....ကိုကိုမရှိတော့ဘူး "

" ရှင်းကိုပြောတာလား ဘယ်သွားလို့လဲ "

" သေသွားတာ "

လေပြေညှင်းမပြောနိုင်သော စကားကို ဆင့်က ကူပြောပေးလိုက်ပါသည်။

‌ငိုရန်မစွမ်းသာသော မျက်နှာထားနဲ့အတူ ဆင့်က အခန်းထဲ အလောတကြီး ဝင်သွားခဲ့ပြီး လေပြေက ယွန်းဟေမီဆီက နှစ်သိမ့်မှုကိုခံယူရင်း ကျန်ရစ်ခဲ့သည်။

" ဒေါက်.....ဒေါက် "

တစ်ချက်ချင်းထွက်ပေါ်လာသော တံခါးခေါက်သံသည့် ဆင့်ရဲ့ အခန်းရှေ့မှ တရက်ဆက်ထွက်လာနေသည်မှာ အချိန်အတော်ကြာအထိ ရပ်တန့်မသွားခဲ့။ နောက်ဆုံး တံခါးခေါက်နေသူပြန်သွားသည်ဟု သံသယစိတ်လေးဝင်လာချိန်တွင် ရင်းနှီးနေကျအသံလှိုင်းက တိမ်ယံဆင့်၏ ရင်ခွင်ကို နှစ်သိမ့်နေခဲ့သည်။

" ဆင့် "

ထိုသူဟာ မခေါ်စဖူး သူ့ကို ဆင့်လို့ ခေါ်လာခဲ့သော်လည်း တိမ်ယံဆင့်တွင် ပျော်ရွှင်မှုသေးသေးမှ မခံစားမိခဲ့ချေ။ သူ့နှလုံးသားက အလွန်အမင်းအေးစက်နေခဲ့သလို ၊စိတ်အခြေအနေကလည်း ဟိုးအောက်ခြေထိ ထိုးကျလုဆဲဆဲဖြစ်သည်။

" ကိုရံ ကျွန်တော်တစ်ယောက်ထဲ နေချင်တယ် "

" ဆင့် မင်းခံစားနေရတာ ကိုယ်နားလည်ပါတယ် ဒီလိုမျိုး ကိုယ့်ကိုကိုယ် တစ်ယောက်ထဲ ပိတ်လှောင်ထားတော့ကော ရှင်းကပြန်ရှင်လာမှာလား။ မင်းတို့ဘာတွေကြုံခဲ့လဲ မသိပေမယ့် ကိုယ်မင်းကို တိမ်ယံဆင့်အဖြစ် အသိအမှတ်ပြုတယ်။ ကိုယ်မင်းကို အသိအမှတ်ပြုတာမလို့ မင်းခက်ခဲနေချိန်မှာ ကိုယ်အနားမှာရှိနေပေးချင်တယ် "

" ကျွန်တော် ဘယ်သူနဲ့မှမတွေ့ချင်ဘူး။ ရှင်း မရှိတော့တာ လက်ခံနိုင်ဖို့ အချိန်လိုတယ် "

" လက်ခံနိုင်အောင်ကြိုးစားတာက ဘယ်လိုမျိုးလဲ တံခါးပိတ်ပြီး တစ်ယောက်ထဲ ကြိတ်ငိုတာမျိုးလား။ အဲ့လိုလုပ်လိုက်ရင် မင်းပိုအဆင်ပြေသွားမှာလား ဆင့်။ ကိုယ်အခုမင်းအနားမှာ ရှိနေပေးမယ်လို့ ပြောနေတယ်လေ....ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေချိန်ကျတော့ မင်းဘက်ကဘာလို့ တံခါးပိတ်ထားတာလဲ။ ကိုယ့်မှာ ပြောစရာတွေ ဒီလောက်အများကြီးရှိနေတာ ....ကိုယ်ချစ်တဲ့လူက ဒီလောက်နာကျင်နေရတာ ဘာလို့ ကိုယ့်ကိုနှစ်သိမ့်ဖို့ အခွင့်အရေးလေးတောင် မပေးနိုင်ရတာလဲ။ "

" ကျွန်တော့်သွေးတွေအကုန်လုံး ခမ်းခြောက်သွားတော့မလိုပဲ။ အဆုံးမရှိတဲ့ သွေးအိုင်ထဲမှာ ရှင်းနဲ့ရံ ကို မြင်လိုက်ရတုန်းက ကျွန်တော့်ကမ္ဘာကြီး ချက်ချင်းအမှောင်ဖုံးသွားခဲ့တာ ။ ဘယ်အချိန်ထိ ကျွန်တော်ဂရုစိုက်တဲ့လူတွေ ထိခိုက်နေတာကို ဒီတိုင်းရပ်ကြည့်နေရမှာလဲ။ ကျွန်တော်က အကူအညီတစ်ခုလေးတောင်မရဘူး ဒုက္ခပေးဖို့ပဲတတ်တာ "

" ဆင့် "

ပြဒါးရံက အပိုယူလာသော သော့တစ်ချောင်းဖြင့် တံခါးကိုတွန်းဖွင့်ကာ ဆင့်ကို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်လေသည်။ ခံစားချက်ပြင်းထန်နေသော ဆင့်က ရင်ခွင်ထဲကနေ ရုန်းကန်နေမှုများ အနည်းငယ်ပြုလုပ်လိုက်ပြီးနောက် ကြောင်ပေါက်လေးသဖွယ် ငြိမ်ကျသွားသည်။

" သူမရှိတော့ဘူး ကျွန်တော် ဘယ်လိုလုပ်ရမလဲ ရံ "

" ကျွန်တော့်မှာ သူငယ်ချင်းဆိုလို့ ရှင်း တစ်ယောက်ပဲရှိတာ။ အခု ရှင်း မရှိတော့ဘူး။ "

ပြဒါးရံရဲ့ကော်လံကိုဆွဲလျက် ပြင်းပြင်းထန်ထန် အော်ဟစ်ငိုယိုနေသော တိမ်ယံဆင့်ကို ပြဒါးရံ ပိုမိုသိပ်သည်းစွာ ဖက်ထားလိုက်ပြီး ခေါင်းကို အဆက်မပြတ် ပွပ်ပေးနေခဲ့လေသည်။ လက်ရှိမိမိရင်ခွင်ထဲရှိလူဟာ ဘဝတွင် တန်ဖိုးထားသမျှအရာအားလုံး လက်လွှတ်ဆုံးရှုံးရသည့် သံသရာစက်ဝန်းထဲတွင် ကျင်လည်ရှင်သန်နေရသည့် သနားစရာအကောင်းဆုံး လူသားပါပင်။

ပထမဆုံးတွင် ယာဉ်တိုက်မှုကြောင့် အဖေဖြစ်သူကို ဆုံးရှုံးရချိန်တွင် ဝမ်းနည်းမှုကလွဲပြီး ဘာကိုမှမခံစားခဲ့ရချေ။ အမေဖြစ်သူအား စွန့်လွှတ်လိုက်ရချိန်တွင် ကမ္ဘာပေါ်တွင် တစ်ဦးတည်းရှိသော ဆွေမျိုးသားချင်းနှင့် မှီခိုရာ ရပ်ဝန်းလေးတစ်ခုကို ဆုံးရှုံးလိုက်ရသည်။ ပြဒါးရံအား သူ့ဘဝထဲက အပြီးတိုင် ခွဲထုတ်ပစ်လိုက်ချိန်တွင် သူဟာ ရှင်သန်ရာကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပြီဟု ခံစားခဲ့ရပြီး တစ်ဦးတည်းရှိသည့် သူငယ်ချင်းအား နှုတ်ဆက်ရချိန်တွင်တော့ သူ့ဘဝတွင် အလင်းရောင်ဟူသမျှ စိုးစဉ်းမျှမကျန်ရှိတော့ချေ။ ဆင့်က ‌ထိုဝေဒနာတွေအားလုံးကို သေလုမတတ် ခံစားခဲ့ရသည့် လူတစ်ယောက်ပင်။

ပြဒါးရံသိသော တိမ်ယံဆင့်မှာ အပြင်ပိုင်းတွင် သန်မာချင်ယောက်ဆောင်လျက် သွေးအေးသည့် လူတစ်ယောက်လို ပြုမူနေတတ်သော အကျင့်စရိုက်ရှိကာ အမှန်တစ်ကယ် လက်တွေ့တွင်မူ ပုံမှန်လူတွေထက် နှစ်သိမ့်မှု၊ အားပေးမှုနှင့် အချစ်ခံရမှုတို့ကို ပို၍လိုအပ်နေသူတစ်ဦးဖြစ်သည်။

" အခု ကျွန်တော်အတွက် တန်ဖိုးရှိတဲ့အရာက ဘာမှန်းဆိုတာတောင် မသိတော့ဘူး။ ရံ ခင်ဗျားကျွန်တော့်ကို ထားသွားဖို့ မစဉ်းစားနဲ့.....ကျွန်တော့်မှာ ခင်ဗျားပဲရှိတော့တယ် "

တိမ်ယံဆင့်ရဲ့ တင်းတင်းဆုပ်ထားသော လက်သီးဆုပ်ကြားထဲ လက်လျှိုသွင်းလိုက်ကာ ပြဒါးရံက သူ့ရင်ဘတ်နားကပ်လိုက်သည်။

" ကတိပေးတယ် ကိုယ်မင်းကို ဘယ်တော့မှ ထားမသွားဘူး "

နောက်ဆုံးတွင် ဆင့်ဟာ ပြဒါးရံရဲ့ ရင်ခွင်တွင်းမှာတင်ပဲ အိပ်ပျော်သွားခဲ့သည်။

" ဘယ်လိုလူကများ ရှင်းနဲ့ ဒီလောက်တောင် ရန်ငြိုးတွေ ရှိနေရတာလဲ "

နောက်တစ်နေ့မနက်တွင် အိမ်ထဲမှာ အလွန်အမင်းတိတ်ဆိတ်နေသော အငွေ့အသက်မှအပ ဘာကိုမှမခံစားမိခဲ့ကြပေ။ နှစ်ပါတ်လောက်ကြာသည်ထိ လေပြေဟာ အရွယ်နဲ့မလိုက်အောင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေပြီး ဆင့်ကလည်း တည်ငြိမ်ချင်ယောင်ဆောင်နေသော မျက်နှာထား၏နောက်ကွယ်တွင် ပြိုလဲမှုများ အတိုင်းသားမြင်နေရသည်။ သို့သော် ဆင့်အတွက် ဝမ်းနည်းရချိန် များများစားစားမရှိခဲ့ရချေ။ ပြဒါးရံအတွက် ခွဲစိတ်ရမည့်ရက်ကို အကြောင်းပြချက်မျိုးစုံဖြင့် နောက်ဆုတ်ထားခဲ့သည်မှာ အခုချိန်တွင် နောက်ဆုံးကန့်သတ်ထားသော နေ့သို့ရောက်ရန် တစ်ရက်သာ လိုတော့သည်။ လိုအပ်တာတွေ စီစဉ်ပြီး အခန်းထဲတွင် ခ‌တ္တအနားယူနေတုန်းမှာပင် ဆင့်က ပင်ပန်းလွန်းလို့ အိပ်ပျော်သွားခဲ့ပြန်သည်။

အိပ်မက်ထဲတွင် အစစ်အမှန်နှင့် ဆင်မှားဖွယ်ရာ လူတစ်ယောက်ကို တွေ့ဆုံခဲ့ရချေသည်။ ရင်းနှီးနေသော ယောက်ျားတစ်ယောက်သည် အဖြူရောင်ဝမ်းဆက်ကို ဝတ်နေကျအတိုင်း ဝတ်ဆင်ထားကာ သူဟာ ဆင့်လက်ကို ဆွဲကိုင်ရင်း ဖြာကျနေသော နေရောင်ခြည်တွေအောက် ဆွဲခေါ်သွားသည်။ ရင်ထဲလှိုက်ကို နွေးထွေးစေတဲ့ တစ်ခဏအတွင်းမှာပင် သူ့လက်ကိုဆွဲကိုင်ထားသော ထိုလူဟာ ဘယ်ချိန်ကမှန်းမသိ ပျောက်ကွယ်သွားခဲ့ပြန်သည်။

မျက်ဝန်းတစ်စုံကို ပြန်ဖွင့်ချိန်တွင် ပုံမှန်အတိုင်း အခန်းထဲက ကုတင်ပေါ်မှာ ရှိနေခဲ့ဆဲဖြစ်သည်။

" ရှင်း.... မင်းမရှိတော့ ငါ့လောကကြီးက အကုန်ဗရန်းဗတာပဲ "

" မင်းနဲ့ကိုးလ် ကြားမှာ ဘာတွေဖြစ်ခဲ့ကြတာလဲ "

" ဒေါက်...ဒေါက် "

" ဘယ်သူလဲ "

" မမပါ "

ယွန်းဟေမီက lock မချထားသော တံခါးကိုဖွင့်ရင်း ဆင့်ရဲ့ မလန်းဆန်းသော မျက်နှာကို ကျင့်သားရနေသည့်အတိုင်း ကြည့်လာခဲ့သည်။

" ပင်ပန်းနေပြီလား "

" မဟုတ်ပါဘူး "

ဆင့်ပုံမှန်အတိုင်း ပြန်ဖြေခြင်းဖြစ်သော်လည်း အမှန်တိုင်းသိနေသည့် ယွန်းဟေမီက စိုးရိမ်ပူပန်နေသော အကြည့်များကို ယခုထိတိုင်မဖယ်ရှားသေးပေ။

" မျက်ကွင်းတွေညိုနေတာလည်း ပိုဆိုးလာတဲ့အပြင် ထပ်ပါ ပိန်သွားသေးတယ် "

" ကျွန်တော် အပြင်ခဏသွားလိုက်ဦးမယ် "

" ဘယ်လိုလဲ "

" အသိတစ်ယောက်ဆီပါ "

" အရမ်းနောက်မကျစေနဲ့နော် ဆင့် "

ခေါင်းငြိမ့်ပြလိုက်ရင်း ဆင့်ကထိုအခန်းထဲမှာ ယွန်းဟေမီကိုတစ်ယောက်ထဲ ချန်ထားရစ်ခဲ့လေသည်။

မရောက်ခဲ့သည်မှာကြာပြီဖြစ်သော အခန်းတံခါးကို နောက်တစ်ကြိမ်ဆွဲဖွင့်ရချိန်တွင် သူ့ပုံစံဟာ အရင်တိုင်း ‌လေးလံထိုင်းမှိုင်းနေဆဲပင်။ အရင်ချိန်များနှင့် တစ်ပုံစံထဲ ၊တစ်ထေရာထဲ ထိုတံခါးကို ဆွဲဖွင့်၍ အခန်းထဲ ဝင်ရောက်ခဲ့သည်။

" ကြိုဆိုပါတယ်....ဟမ်.... ဆင့် "

" မင်္ဂလာပါ ဒေါက်တာ မတွေ့ရတာအရမ်းကြာပြီ "

ဆင့်က ပင်ပန်းလွန်းနေသော မျက်ဝန်းတစ်စုံနှင့် မရွှင်မပြဖြစ်နေသော အသံဖြင့် နှုတ်ဆက်လိုက်လေသည်။ သို့သော် သူမမျက်နှာမှာ ဖြတ်ပြေးသွားသော အငွေ့အသက်လေးက ဆင့်ကို တွေ့လိုက်ရသည့်အတွက် လုံးဝဝမ်းသာမနေသည့်နှယ်။

" ဘာဖြစ်တာလဲ ရောဂါပြန်ထလို့လား...အရင်လို အိမ်မက်ဆိုးတွေ မက်နေတုန်းလား "

" ဒေါက်တာ ကျွန်တော် ဘာဆက်လုပ်ရမလဲ "

တိမ်ယံဆင့်က ခေါင်းကို အောက်ငုံ့ထားလျက် လက်ဖဝါးနှစ်ခုကို ပူးကပ်ယှက်သွယ်ထားကာ မေးလာသည်။

သို့သော် သူမအနေဖြင့် အကြောင်းအရာ တစ်စုံတစ်ရာကို သိရှိထားခြင်းမရှိဘဲ တိမ်ယံဆင့်ကို အဖြေပြန်မပေးနိုင်ချေ။

" ဘာဖြစ်လာတာလဲ ဒေါက်တာတို့ စိတ်အေးအေးထားပြီး ဆွေးနွေးရအောင်လေ ဟုတ်ပြီလား ကလေး "

" ကလဲ့စားပြန်ချေရမှာလား ဒါမှမဟုတ် ဒီတိုင်းကျော်လွှားသွားရမှာလား "

ဆင့်က အဆုံးအစမရှိသည့် တစ်ဝက်တစ်ပျက်စကားတို့ကို ဆက်ပြောလာသည်။

" ဘယ်ကနေစပြီး ကလဲ့စား ပြန်ချေရမလဲဆိုတာ ကျွန်တော်မသိဘူး ဒီတိုင်းကျော်လွှားသွားရအောင်လည်း တာဝန်မကျေသလို ခံစားရတယ်။ အဆိုးဆုံးက ကျွန်တော်ခုထိ သူ့ကို လက်မလွှတ်နိုင်သေးဘူး "

" ဆင့် ဒေါက်တာကို ကြည့်ပါဦး "

တိမ်ယံဆင့်က မျက်လွှာပင့်ပြီး စိုက်ကြည့်လိုက်သော်လည်း အမြင်အာရုံဟာ ဝေဝေဝါးဝါးပင်။ သူ့အသိစိတ်နဲ့ထပ်တူ အမြင်အာရုံဟာလည်း နှောက်ကျိနေလျက်သားပင်။

" ခံစားချက်တွေ အရမ်းပြင်းထန်နေရင် ကိုယ်ဘာကိုလိုချင်နေလဲဆိုတာ သိရမှာမဟုတ်ဘူး။ အရင်ဆုံး စိတ်ကိုဖြေလျော့ပြီး အနားပေးကြည့်ရအောင် ။ မအိပ်ရတဲ့ရက်တွေ ဘယ်လောက်တောင်များနေပြီလဲ ....ဒေါက်တာ အိပ်ငွေ့ချပေးမှာမလို့ ကြိုးစားပြီး အိပ်ပျော်အောင်လုပ်ကြည့်နော် ဟုတ်ပြီလား။ "

ဆင့် ခေါင်းငြိမ့်ပြတာကိုမြင်တော့ သူမကလိုအပ်တာတွေပြင်ဆင်ပြီး စတင်အိပ်ငွေ့ချတော့သည်။ ကျွမ်းကျင်ပိုင်နိုင်သည့် သူမ၏အလုပ်ကြောင့် မိနစ်အနည်းငယ်အကြာ ဆင့် တစ်ယောက် လုံးဝအိပ်ပျော်သွားခဲ့သည့်အပြင် အိပ်မက်တစ်ခုတလေမှ မက်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ နာရီအပိုင်းအခြားတစ်ခုတွင် ပြန်နိုးလာခဲ့ပြီး အရင်ကထက်ပိုပြီး လန်းဆန်းလာသည်ဟု ကိုယ့်ကိုကိုယ် တွေးမိစေသည်။

" အခု ဒေါက်တာကို အားလုံးပြောပြလို့ရပြီလား။ အကုန်လုံး ပြန်ကောင်းသွားတာဖြင့် မကြာသေးဘူး နောက်တစ်ခါပြန်ရောက်လာတော့ အရင်တိုင်းပြန်ဖြစ်လာတယ်.... ဘာတွေကြုံခဲ့ရတာလဲ ဒေါက်တာကို ပြောပြလို့ရပါတယ် "

" ရှင်း သေသွားပြီ "

တုံးတိတိနိုင်သည့် စကားတစ်ခွန်းကြောင့် ဒေါက်တာက ခဏတာလောက် ငြိမ်သက်သွားပြီး သူမကိုယ်တိုင် လက်ခံနိုင်အောင် လုပ်နေမှန်း ဆင့်သတိထားမိလိုက်သည်။ သူမက အများကြီးထဲက ဆင့်ကို စိတ်သက်သာရာရစေမည့် အားပေးစကားကို လိုက်ရွေးနေတာလည်း ဖြစ်နိုင်သည်။

" ရှင်း အတွက်စိတ်မကောင်းပါဘူး။ ဒါပေမယ့် .
..ဆင့်လည်း ကိုယ့်ကိုကိုယ် နှိပ်စက်နေလို့မရဘူးလေ။ ဆင့်က အရမ်းသန်မာပါတယ်......ရှင်း ကလည်း ဒါမှစိတ်ချနိုင်မှာလေ....လွှတ်ချလိုက်တော့ "

အေးစက်နေတဲ့မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်တော့ သူမက ဆင့် ဆီက အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေသည့်အသွင်ကို ပြန်ပေးအပ်လာသည်။

" စိတ်မရှိပါနဲ့နော် ကျွန်တော်ပြန်မှရတော့မယ် "

ဆင့်ကချက်ချင်း ထိုင်ခုံကထပြီး အခန်းအပြင်ဘက် ထွက်ဖို့ပြင်လေသည်။

" ဆင့် အချိန်ရရင် နောက်တစ်ခေါက်ထပ်လာခဲ့ပါဦး "

" ကောင်းပါပြီ "

တံခါးပိတ်သွားပြီးနောက် သူမက ခပ်ဖွဖွလေး ရေရွတ်လိုက်မိသည်။

" သနားဖို့ကောင်းလိုက်တဲ့ကလေး.....ကံကြမ္မာက အခုထိ သူ့ကို အလွတ်မပေးသေးဘူး။ "

_________

နောက်တစ်နေ့က ဆင့်အတွက် ပိုလို့တောင် အလုပ်ရှုပ်ပါသေးသည်။ ပြဒါးရံရဲ့ ခွဲစိတ်မှုအတွက် တာဝန်ရှိသူတွေနဲ့ စကားပြောဆိုပြီး ၁၀ နာရီလောက်တွင် ခွဲစိတ်ခန်းစဝင်ကြသည်။ ကြိုတင်ခန့်မှန်းချက်များအရ ခွဲစိတ်မှုက အန္တရာယ်များတာကြောင့် ဆင့်မှာ စိတ်ပူနေခဲ့ရသော်လည်း ဆရာဝန်များ ပြန်ထွက်လာချိန်တွင် အတော်လေး အခြေအနေကောင်းသည်ဟု ဆိုရပေမည်။ သက်ဆိုင်ရာအလှူရှင်နဲ့ မိသားစုအပေါ်လည်း ဆင့်က လုံလုံလောက်လောက် ကူညီထောက်ပံ့ပေးကာ ကျေးဇူးတင်ကြောင်းကို ထပ်တလဲလဲ ပြောကြားပေးနေခဲ့သည်။ အလှူရှင်က နှစ်ရှည်လများခံစားနေရသော နှလုံးအားနည်းရောဂါကြောင့် အသက်ဆက်ရှင်ဖို့ လပိုင်းမျှသာ ကျန်တော့သော်လည်း ဆင့်နဲ့ပြဒါးရံအတွက်တော့ ဘုရားရှင်က ဖန်ဆင်းပေးသည့် ကျေးဇူးရှင်ပင် ဖြစ်သည်။

လူနာခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် ပြဒါးရံက ကုတင်ပေါ်မှာ အဖော်မဲ့စွာ လဲနေသည်။ နောက်ဆုံးတော့ ရံ မျက်လုံးတွေ ပြန်မြင်ရတော့မှာပါလားဆိုသည့် အသိသည် ဆင့်ကို အနည်းငယ်တော့ ရွှင်မြူးသွားစေသည်။

" ရံ နေရတာ အဆင်ပြေလား "

" ကိုယ်အဆင်ပြေပါတယ် "

" လောလောဆယ်တော့ ပတ်တီးစီးထားရလို့ သက်သောင့်သက်သာ ရှိဦးမှာ မဟုတ်ဘူး....တစ်ရက်နှစ်ရက်လောက်ဆိုရင်တော့ နေသားကျသွားမှာပါ "

" ဆင့် အမှန်တော့ လွန်ခဲ့တဲ့ရက်‌တွေက မင်းကို ဆင့်လို့ လက်ခံလိုက်တဲ့အချိန်ကစပြီး ကိုယ်တဖြည်းဖြည်း ပြန်မှတ်မိလာတယ် "

" ဘာကိုလဲ "

" တောင်းပန်ပါတယ် ကိုယ်ကဒီလောက်ဆိုးတာကို ဆင့်ကခွင့်လွှတ်ပေးနေတုန်းပဲ "

ပြဒါးရံက ပြုံးနေရင်း ပုံမှန်အတိုင်းပြောလာသည့်အခါ ဆင့်ခမျာ မအံ့ဩဘဲ မနေနိုင်ချေ။

" ရယ်စရာတွေပြောနေပြန်ပြီ.....ကျွန်တော်တို့အခု အဲ့တာတွေ မပြောဘဲနေကြရအောင် အရင်ကအကြောင်းတွေကို နှစ်ယောက်လုံး ပြန်မတွေးကြေး "

" မင်းသဘောအတိုင်းပဲ.... ဆင့်သာ‌ ပျော်မယ်ဆို ကိုယ်ဘာမဆိုသဘောတူတယ် "

" အင်း...... မမဟေမီက အစည်းအဝေးမပြီးသေးဘူးထင်တယ်။ သူကျွန်တော့်ကို message တွေအများကြီးပို့နေတာ ရံ အကြောင်းတွေကြီးပဲ။ "

" ကိုယ့်ကို စိတ်မပူပို့ပြောပေးပါ "

" ကျွန်တော်ပြောပါတယ် သူက သူ့မောင်ကို လိုတာထက်ပိုပြီး ဂရုစိုက်နေတာ "

" ကျွီ....... "

ပြောဆိုနေရင်းနှင့်ပင် လူနာခန်းတံခါးကို ဖွင့်ပြီး ယွန်ဟေမီနှင့် လေပြေတို့ ဝင်လာကြသည်။

ယွန်းဟေမီ- " ရံလေး နေရတာသက်သာလား "

လေပြေ- " ကိုဆင့် ဒီမှာ ကိုဆင့်အတွက် အဆာပြေ "

ပြဒါးရံ -" အင်း "

တိမ်ယံဆင့် - " အင်း "

" မမပြောစရာရှိတယ် Sunshine က Lara ရဲ့ လက်အောက်ခံဖြစ်သွားပြီ "

ပြဒါးရံ/တိမ်ယံဆင့် - " ဘာ !! "

" ကျွန်တော်ဟိုတလောက သျှားစစ်မီးလျှံနဲ့ ဟွမ်ကို တွေ့‌တုန်းကတောင် သူတို့ဆက်ဆံရေးက အရမ်းကောင်းနေတာပါ "

တိမ်ယံဆင့် သူအရင်ကတွေ့ခဲ့ဖူးသော နှစ်ယောက်သား၏ ဆက်ဆံရေးကို ထုတ်ပြောလိုက်သည်။

" မမလည်း မပြောတတ်ဘူး။ ဒါပေမယ့် Sunshine ရဲ့ CEO ကို နှစ်ပေါင်း ၃၀တိုင် အခွန်ရှောင်မှုနဲ့ တရားဆွဲထားတာကြောင့် ထောင်ထဲမှာ ထိန်းသိမ်းခံထားရတယ် "

" ဒါဆိုဟွမ်ကကော....ဟွမ်ကော အဲ့ကိစ္စနဲ့ တစ်ခုခုပက်သက်နေတာလား "

" မသိဘူး ရံလေး.....သတင်းတွေထွက်သလောက်ဆို သျှားစစ်မီးလျှံက တမင်ရည်ရွယ်ပြီး ဦးရာသစ်မာန်ကို တိုက်ခိုက်တာ.... sunshine ကိုလည်း သူ့နာမည်နဲ့လွှဲယူလိုက်ပြီးပြီ "

" သူဟွမ်ကိုကော အလွတ်ပေးပါ့မလား "

ဆင့်က ခပ်တိုးတိုးရေရွတ်လိုက်ရင်း ဟွမ်အတွက် စိတ်ပူလိုက်မိသည်။

" လူနာရှင်တွေအားလုံး အပြင်ခဏထွက်ပေးကြပါနော် ။ လူနာရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိမရှိ စစ်ဆေးချင်လို့ပါ။ "

သူနာပြုနဲ့အတူပါလာသော ဆရာဝန်ကို အခန်းထဲထားခဲ့ကာ ဆင့်တို့တစ်သိုက်အပြင်ထွက်လာခဲ့ကြသည်။ ဆင့်က ရင်ထဲတွင် အစိုင်အခဲတစ်ခု တည်ရှိနေသကဲ့သို့ မတင်မကျဖြစ်နေကာ လေပြေလက်ကို လာဆွဲမှပဲ သတိပြန်ဝင်လာခဲ့သည်။

အသိစိတ်လွတ်နေသည့်ထဲတွင် ဟွမ်ဟာ အဆိုးဆုံးဖြစ်ပါလိမ့်မည်။ တစ်ခါမှမရောက်ဖူးသော နေရာတွင် သူဂရုစိုက်ရဆုံးသော လူတစ်ယောက်ကိုတွေ့ရန် စောင့်ဆိုင်းနေရခြင်းမှာ ယခင်ချိန်များတုန်းကလို ပျော်ရွှင်ဖွယ်ရာ ကောင်းမနေခဲ့ပေ။ ဒီရက်ပိုင်းအတွင်းတွင် ဟွမ်ဟာ သူ့ကိုယ်သူ မေးခွန်းပေါင်း ထောင်သောင်းများစွာ ထုတ်မေးနေမိသည်။ သူဟာ ဦးရာသစ်မာန်ဆီက ဘာကိုမှ မျှော်လင့်လို့ မရတော့ဘူးဆိုတာတွေရယ် ဒီလူနားမှာပဲ တွယ်ကပ်နေတတ်တဲ့ မိမိရဲ့အကျင့်စရိုက်တွေရယ်ကို နားမလည်နိုင်အောင်ဖြစ်ရသည်။

ခဏအကြာတွင် သူမျှော်လင့်နေသောသူသည် မှန်တစ်ချက်ခြားနေသော မျက်နှာချင်းဆိုင်အရပ်တွင် ထွက်ပေါ်လာသည်။ ခြေထောက်တစ်ဖက်က မသန်တာကြောင့် ယိုင်နဲ့နဲ့နှင့်ပင် ထိုင်‌ခုံပေါ်ဝင်ထိုင်လိုက်သည်။

" ဟွမ် မင်းရောက်လာပြီလား "

" အင်း "

ပင်ကိုယ်စရိုက်အတိုင်း ဟွမ်က အေးစက်စက်ဖြင့် ပြန်ဖြေလေသည်။

" ကောင်းတယ် ဘယ်လိုလဲ ငါ့ကိုဒီထဲကထွက်ဖို့ နည်းလမ်းရှာတွေ့ပြီလား "

" ဟင့်အင်း "

" ဘာ....... "

မိမိအသံကျယ်သွားတာကို သတိထားမိသွားသော ဦးရာသစ်မာန်က ဘေးဘီဝဲယာကို တစ်ချက်လေ့လာလိုက်ပြီး ဟွမ့်ကို ကြိမ်းမောင်းလာသည်။

" ငါ့ကို ဒီထဲမှာပဲနေခိုင်းဖို့စဉ်းစားနေတာလား။ တစ်ရက်လေးတောင်မနေချင်ဘူး အဆင့်အတန်းမရှိတဲ့ နေရာကို။ မြန်မြန်နည်းလမ်းရှာလာခဲ့ မဟုတ်ရင် တရားရုံးမှာ ထွက်ဆိုတဲ့အခါကျ ဒီကိစ္စတွေလည်း မင်းလည်းကြံရာပါဆိုတာ ထုတ်ပြောလိုက်မယ် "

" လုပ်ချင်သလိုသာလုပ် ဒီကိစ္စတွေက အစထဲက ခင်ဗျားတစ်ယောက်ထဲလုပ်ခဲ့တာပဲ။ ခင်ဗျားဒီထဲက လွတ်နိုင်ဦးမယ်လို့ထင်နေတာလား .....သျှားစစ်မီးလျှံရဲ့ မိဘတွေကို သတ်ပစ်ခဲ့တာကော ကျေအေးသွားပြီလို့ထင်နေတာလား "

" ပါးစပ်ပိတ်ထား...အခုတော့မင်းက သတ္တိတွေအရမ်းရှိနေပြီပေါ့လေ။ "

ဦးရာသစ်မာန်က ဟွမ်ကိုကြည့်ကာ ဒေါသထိန်းလိုက်ပြီး အချိုသပ်လာပြန်သည်။

" ကလေး...ကလေး ငါကမင်းအဖေပဲလေ။ ငါအခုကိုယ့်အမှားတွေကို သိနေပါပြီ။ မင်းကိုသားတစ်ယောက်အဖြစ် အသိအမှတ်ပြုပြီး ငါ့အမှားတွေကို ပြန်ပြင်ဆင်တော့မယ့် အချိန်ကျမှပဲ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံရတယ် "

" ခင်ဗျားကိုယ်ခင်ဗျား ကျွန်တော့်အဖေမှန်း သိသေးတယ်ပေါ့။ ကျွန်တော့်မှာ ခင်ဗျားဆီက ဖခင်မေတ္တာကို လိုချင်လွန်းလို့ ဆယ်နှစ်ကျော် ခင်ဗျားအနားမှာပဲနေလာခဲ့တယ်။ အစေခံတစ်ယောက်လို အလုပ်လုပ်ပေးတယ်။ အမှားလုပ်မိရင် အမြဲတမ်းအရိုက်ခံပြီး ဘယ်တုန်းကမှ မိသားစုဝင်တစ်ယောက်အဖြစ် အသိအမှတ်ပြုမခံရဘူး "

" အဖေမှားပါတယ် ....မှားသွားပါတယ် ဟွမ်။ ငါဒီထဲမှာ မနေချင်ဘူး။ ဒီကလွတ်ရင် အဖေတို့နှစ်ယောက် အတူတူနေကြမယ် ဟုတ်ပြီလား။ သားအပေါ် မိဘကောင်းတစ်ယောက်ပီသစေရမယ် "

" ဒါဆိုဘာလို့ ကျွန်တော်နဲ့အမေ့ကို စွန့်ပစ်ခဲ့တာလဲ....သူအရမ်းခက်ခဲခဲ့တာ စားစရာမရှိလို့ ကျွန်တော်တို့ ဒုက္ခအရမ်းရောက်ခဲ့တာ ခင်ဗျားအဲ့ချိန်တုန်းက ဘာလုပ်နေခဲ့တာလဲ......အမေကနေ့တိုင်း ကျွန်တော့်ကို အဖေ့အကြောင်းပြောပြတယ်။ ခင်ဗျားကို မမုန်းဖို့ ၊ ခင်ဗျားမနာကျည်းဖို့ ခင်ဗျားကို အဖေအဖြစ်အသိအမှတ်ပြုဖို့ ။ "

" ဟွမ်လေး "

" ခင်ဗျားသိနေခဲ့တယ် မိဘမဲ့ဂေဟာမှာ ကျွန်တော့်ကိုလာခေါ်တဲ့ အဲ့နေ့ကစပြီး ကျွန်တော်က ခင်ဗျားသားမှန်းသိရက်နဲ့ မသိချင်ယောင်ဆောင်ခဲ့တာ။ ကျွန်တော်ဘယ်လောက်ပေးဆပ်ပေးဆပ် ခင်ဗျား လျစ်လျူရှုခဲ့တာ "

" ဟွမ် အဖေပြောတာကိုနားထောင်....သားနဲ့ သျှားစစ်မီးလျှံက ငယ်ငယ်ထဲက ရင်းနှီးခဲ့ကြတာမလား....သူ့ကိုသွားပြောပေး အဖေ့ကို ကယ်ပေးပါလို့ နော်...နော် ...သားကလိမ္မာပါတယ်...အဖေဒီကလွတ်ရင် သားနဲ့ထပ်မခွဲတော့ဘူး ဟုတ်ပြီလား "

" ဧည့်တွေ့ချိန်ပြည့်ပါပြီ အထဲပြန်ဝင်ပါ "

ဦးရာသစ်မာန်သည် ရဲနှစ်ယောက်ရဲ့ ဆွဲခေါ်မှုကြောင့် အထဲပြန်ဝင်သွားရခါနီးမှာတောင် ဟွမ့်ကို သျှားစစ်မီးလျှံဆီသွားတွေ့ပြီး တောင်းပန်ဖို့ မရပ်မနားပြောသွားသေးသည်။

" သျှားစစ်မီးလျှံနဲ့ သွားတွေ့ရမယ်ပေါ့....သူအခုခင်ဗျားကို ဘယ်လောက်တောင် သတ်ပစ်ချင်နေလဲ သိရဲ့လား "

ဟွမ် တစ်ယောက်ထဲရေရွတ်ကာ ထိုနေရာမှပြန်လာခဲ့လေသည်။ နာကျင်ရလွန်းလို့ မျက်ရည်တစ်စက်က ပါးပြင်ပေါ်ယိုဆင်းလာခဲ့သည်အား မထိန်းထားနိုင်ခဲ့ပေ။

" ငါဘာဆက်လုပ်ရမလဲ.....ငါသူ့ကိုမုန်းတယ် ဒီလောက်နှစ်တွေအများကြီး သားအဖြစ် အသိအမှတ်မပြုခဲ့တာကိုလည်း မုန်းတယ်။ ဒါပေမယ့် ငါ့မှာ ရွေးချယ်စရာမရှိဘူး ငါငယ်ငယ်ထဲက သူ့မျက်နှာကိုပဲကြည့်ပြီး ရှင်သန်ခဲ့တာ။ တစ်ချိန်ချိန်တော့ ငါ့ကို ပြန်လှည့်ကြည့်လာမှာပဲဆိုပြီး သည်းခံခဲ့တာ။ "

အေးစက်လှပါသော နှုတ်ခမ်းသားသည် မျက်ဝန်းများနှင့် ဆန့်ကျင်ဘက်ဖြစ်တည်နေခဲ့လေသည်။ ဟွမ်ရဲ့ မျက်တောင်များက စိုစွတ်နေကာ လက်ဖျားများက အေးစက်နေခဲ့သည်။ ဘာဆက်လုပ်သင့်လဲဆိုတာကို စဉ်းစားလိုက်ပြီးနောက် အဖြေတစ်ခုမှရမလာသည့်အဆုံးတွင် အိမ်ကိုသာပြန်ရန်ဆုံးဖြတ်ခဲ့သည်။

အိမ်ရောက်ရောက်ချင်း ပထမဆုံးပြုလုပ်ခဲ့သည်မှာ သျှားစစ်မီးလျှံဆီဖုန်းခေါ်ခဲ့ခြင်းသာ ။ သို့သော်ထိုလူက နှစ်ခါတိတိချပစ်ခဲ့ပြီး သုံးခါမြောက်မှ ကိုင်ခဲ့လေသည်။

" ဟွမ် အခုတော့ ငါ့ကိုဖုန်းဆက်ဖို့ ဇွဲကောင်းနေတာပေါ့ "

" ဦးရာသစ်မာန်ကိုမထိဖို့ ငါ့ကို ကတိပေးထားတယ်မဟုတ်လား "

" ငါတို့နှစ်ယောက်ကြားက ကတိကို မင်းအရင်ဖောက်ဖျက်ခဲ့တာလေ "

" သူကငါ့အဖေ သူနေမကောင်းဖြစ်နေတာ ငါသွားတွေ့လို့မရဘူးလား "

" မရဘူး ငါတို့သဘောတူထားတဲ့ထဲမှာ ငါလိုချင်တဲ့အချိန်တိုင်း မင်းငါ့အနားမှာ ရှိနေရမယ် "

" ငါအရုပ်မဟုတ်ဘူး သျှားစစ်မီးလျှံ.....ငါ့မှာလည်း ခံစားချက်တွေရှိတယ်။ ငါလည်းမိသားစုဆိုတဲ့ ခံစားချက်ကို လိုချင်တယ် ....ငါနှစ်ပေါင်းများစွာ ဒီအရာအတွက် ဒုက္ခခံလာတာ .....မင်းတို့အားလုံး ငါ့ကိုအသက်ရှုခွင့်လေးတောင် မပေးကြဘူး "

" သူကဘယ်နားကောင်းနေလို့လဲ မင်းကို သူ့သားအဖြစ်အသိအမှတ်ပြုချင်တာ မဟုတ်ဘူး။ မင်းနဲ့မင်းအမေအပေါ်မှာလည်း တာဝန်ယူမှုလုံးဝမရှိဘူး။ ဒီလိုလူတစ်ယောက်အတွက် မင်းဒုက္ခခံနေရတာလည်း မတန်ဘူး ။ ဒါကြောင့်ငါက လွယ်ကူအောင်လုပ်ပေးလိုက်တာ။ "

" တီ... "

" Hello သျှားစစ်မီးလျှံ "

ထိုသူဟာ ဖုန်းချသွားခဲ့လေပြီဖြစ်သည်။

" ငါလက်မလျော့ဘူး ငါမင်းကိုလာတွေ့မယ် သျှားစစ်မီးလျှံ "

ဟွမ်ဟာ သူပြောထားသည့်အတိုင်း သျှားစစ်မီးလျှံကို အိမ်တိုင်ရာရောက်သွားတွေ့ခဲ့ပါသည်။ ငွေမျှင်ရောင်ဆံပင်တွေက နေရောင်အောက်မှာ တောက်ပနေသော်ငြား နှုတ်ခမ်းများက အရင်တိုင်း အေးစက်မာကျောနေ၏။ အိမ်ဖော်အချို့ကို သူရောက်နေကြောင်း သွားပြောခိုင်းလိုက်သော်လည်း တမင်ရည်ရွယ်၍လားမသိပေ ထိုသူဟာ လုံးဝထွက်မလာခဲ့။ ဟွမ်ရောက်နေသည်က ညနေစောင်းဖြစ်၍ မကြာခင်မှာပင် မိုးလုံးဝချုပ်သွားခဲ့လေသည်။ အိမ်ဖော်တွေလည်း ပြန်သွားခဲ့ပြီဖြစ်ကာ အရာရာက တိတ်ဆိတ်နေငြိမ်သက်နေခဲ့၏။

" ဘယ်အချိန်ထိ စောင့်နေဖို့ စဉ်းစားထားတာလဲ "

မာကျောကာ အရှိန်အဝါရှိသည့် အသံသည် ဟွမ်နားစည်ကို ရိုက်ခတ်လာသည့်အခါ မော့ကြည့်လိုက်သည့်ခါဝယ် သျှားစစ်မီးလျှံဟာ အရှေ့တူရှု၌ ရပ်နေခဲ့သည်။

" မင်းထွက်လာမဲ့ အချိန်ထိ "

" မကြာခင်မိုးရွာတော့မှာ အထဲဝင်ခဲ့ "

လက်အိတ်ရှိနေသည့်လက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ထားရင်း သျှားစစ်မီးလျှံပြောလာခဲ့သည်။

သျှားစစ်မီးလျှံပြောသည့်အတိုင်းပင် မကြာခင်မှာတွင် မိုးရွာလာသည်ကြောင့် အအေးကြောက်တတ်သည့် ဟွမ်ကြောင့် သျှားစစ်မီးလျှံက အိမ်ထဲက အိမ်ထဲက အဲကွန်းလေကို လျော့ချလိုက်သည်။ ထိုလူဟာ ဟွမ့်ကို မသိမသာ ဂရုစိုက်တတ်နေသေးပါသော်ငြား ဟွမ်ကတော့ လုံးဝသိရှိမနေခဲ့ပေ။

" ဘာစားပြီးပြီလဲ "

" စားချင်စိတ်မရှိဘူး "

မီးဖိုချောင်ထဲ ဝင်သွားသော သျှားစစ်မီးလျှံက ဟွမ်ကို လှမ်းမေးလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ဟွမ်အနေဖြင့် ယခုလိုချိန်မှာ အစားစားချင်စိတ်ရှိနေတာကမှ ပိုလို့ထူးဆန်းနေပါဦးမည်။ အဖေကထောင်ထဲရောက်နေပြီး တစ်သက်လုံး ထိန်းသိမ်းလာသော company က သူများလက်အောက်ခံဖြစ်သွားသည့်အခါ ဟွမ်အနေဖြင့် ပေးဆပ်မှုသာရှိပြီး ပြန်ရလိုက်သည်က ဘာမှမရှိတဲ့ အရာတွေမှန်း နားလည်လိုက်သည့်အခိုက် သူ့ရဲ့ မျှော်လင့်ချက်နှင့် ရည်မှန်းချက်မှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။

" စားလိုက် "

သျှားစစ်မီးလျှံက သူ့ရှေ့ကို ပသျှူးထမင်းကြောက်တစ်ပွဲလာချပေးသည်။

ဟွမ်မော့ကြည့်လိုက်အခါ သျှားစစ်မီးလျှံက ထမင်းစားပွဲအရှည်ကြီး၏ ထိပ်ဆုံးတွင် ဝိုင်တစ်ခွက်ကိုင်၍ ထိုင်နေပြီး ဟွမ်က သူနှင့် မျက်နှာချင်းဆိုင် အခြားအစွန်းတစ်ဖက်တွင် ထိုင်နေခဲ့သည်။ စားချင်စိတ်မရှိသော်ငြား ဟွမ်တစ်ယောက် ဒီရက်ပိုင်းအစာမယ်မယ်ရရမစားထားတာကြောင့် ပိန်သွားကာ ဗိုက်လည်း ဆာနေခဲ့တာကြောင့် ဇွန်းကိုကိုင်ပြီး ဖြည်းဖြည်းချင်းစားလိုက်သည်။

အရသာက ကောင်းမွန်လှသည်မဟုတ်သော်ငြား စားလို့တော့ရပါသေးသည်။ ကြော်ထားသည်က မသေသပ်သော်ငြား အရမ်းအဆိုးကြီး မဟုတ်ပေ။ ခေါင်းငုံ့ပြီး ထိုအရာကို စားနေတာတောင်မှ ဟွမ်ဟာ သျှားစစ်မီးလျှံသူ့ကို စိုက်ကြည့်နေသည့် အငွေ့အသက်များကြောင့် အမြိုမကျဖြစ်ရသည်။

" ကောင်းပြီလေ စားပြီးရင် သူ့ကိုလိုရင်းကိစ္စပြောရမယ် ငါတွေပဲ ဆက်ဖြစ်လာဖြစ်လာ ငါရင်ဆိုင်ဖို့အသင့်ပဲ " လို့ ဟွမ်တေးမှတ်ထားလိုက်လေသည်။

____________________________

[Zawgyi]

အရမ္းအရမ္းကို ပူေဆြးဝမ္းနည္းစရာေကာင္းသည့္ ေန႔တစ္ေန႔ ျဖစ္ေနလင့္ကာ ရာသီဥတုက ေဖာက္လြဲေဖာက္ျပန္ ဓာတ္ျပဳလ်က္ မိုးမ်ား႐ြာသြန္းေနခဲ့သည္။ ႀကီးမားလွသည့္ အိမ္ႀကီးထဲတြင္ ထိုမိုးသံကို လႊမ္းလ်က္ မိန္းမပ်ိဳေလးတစ္ေယာက္ ငိုေႂကြးေနခဲ့သည္မွာ စၾကၤာဝဠာ အနႏၲတြင္ သူမပုံစံက ႏွလုံးသည္းမႊာတစ္ခုလုံး ဆုံးရႈံးလိုက္ရသည့္ သနားစရာအေကာင္းဆုံး လူသားအသြင္ျဖင့္။

" ေလေျပ "

ဒီလိုမွန္းသိခဲ့ရင္ ေလေျပအစထဲက လိမ္လိမ္မာမာေနခဲ့မွာ ။ ဒီထက္ပိုၿပီး ကိုကိုနဲ႔ daddy အနားမွာ အေဖာ္ျပဳေပးခဲ့မွာ

" သန္မာစမ္းပါ...ဒီလိုမ်ိဳးစိတ္ဓာတ္က် မေနစမ္းနဲ႔ "

" သန္မာရမယ္....သန္မာရမယ္လား။ ဘယ္လိုစိတ္မ်ိဳးနဲ႔လဲ.....ဘယ္လိုခံယူခ်က္မ်ိဳးနဲ႔ သန္မာျပရမွာလဲ။ ဟန္ေဆာင္ၿပီးေတာ့ေတာင္ မလုပ္ႏိုင္ဘူး.....အရမ္း...ပင္ပန္းေနၿပီ ကိုဆင့္ "

" ကိုဆင့္ကို ေသခ်ာၾကည့္စမ္း ေလေျပ "

မ်က္ရည္ဝိုင္းေနတဲ့ မ်က္ဝန္းမ်ားက တိမ္ယံဆင့္နဲ႔ အၾကည့္ခ်င္း ဆုံလာသည့္အခါ ဝမ္းနည္းမႈက သေကၤတအျဖစ္ မွတ္ေက်ာက္တင္ခဲ့သည္။

" နည္းနည္းပါးပါးစဥ္းစားၾကည့္စမ္းပါ ရွင္းက ေလေျပရဲ႕ ဒီလိုပုံစံကို ျမင္ခ်င္ပါ့မလား....သူက ေလေျပၿပဳံးေန႐ုံတင္ စိတ္ခ်မ္းသာတတ္တဲ့လူမ်ိဳးေလ...."

ေနာက္စကားကို ထပ္ေျပာရန္အလို႔ငွာ တိမ္ယံဆင့္မွာ ေအာက္ႏႈတ္ခမ္းကို တင္းတင္းကိုက္လိုက္လ်က္ ရႈိက္သံမ်ားကို သည္းခံႏိုင္လိုက္ေသာ္လည္း မ်က္ဝန္းထက္က မ်က္ရည္မ်ားကို သည္းခံရန္ မစြမ္းႏိုင္ခဲ့သည့္အတြက္ ထိုအရာမ်ားက ပါးထက္သို႔ က်ဆင္းလာခဲ့ၾကသည္။ ကိုယ့္ကိုကိုယ္စိတ္ပ်က္သည့္အတြက္ ဆင့္က စုပ္သတ္ကာ ေခါင္းလွည့္ၿပီး အံကိုႀကိတ္ထားလိုက္သည္။

" ကိုဆင့္ ေလေျပ ဦးေလးကို သြားေတြ႕ခ်င္တယ္။ ဦးေလးေတာ့ အႏၲရာယ္ကင္းေလာက္မွာပါ "

" အင္း ကိုကို လိုက္ပို႔ေပးမယ္ ဟုတ္ၿပီလား "

ပိန္းပိတ္ေအာင္ ေမွာင္မဲေနတဲ့ အိမ္တံခါးအား ဆြဲဖြင့္လိုက္ခ်ိန္တြင္ ျမင္လိုက္ရသည္မွာ ေသြးပ်က္ေခ်ာက္ျခားမႈမ်ား ႀကီးစိုးေနသည့္ ျမင္ကြင္းတစ္ခု ။ လွ်ပ္စီးလက္သည့္ အခ်ိန္တြင္း ျမင္လိုက္ရသည့္ ထိုျမင္ကြင္းသည္ ေနာက္ဆက္တြဲ မိုးၿခိမ္းသံႏွင့္အတူ ဆင့္ရင္ခြင္ကို ေမႊေနာက္သြားခဲ့ျပန္သည္။

အိမ္ထဲတြင္ ေသြးေခ်ာင္းစီးေနသည္။

တစ္ပိုင္းတစ္စျဖစ္ေနေသာ ခႏၶာကိုယ္အစိတ္အပိုင္းမ်ား ပြစာက်ဲေနၿပီး အိမ္ရဲ႕ေနရာတိုင္းတြင္ ေသြးမ်ားစြန္းထင္းေနသည္။၅၀ နီးပါးရွိေသာ လူမ်ားတြင္ အသက္ရွင္ေသာလူဟူ၍ တစ္ေယာက္ပင္မရွိခဲ့။ အမွတ္မထင္ ျပဳလုပ္လိုက္ေသာအရာမွာ ထိုအရာေပၚ သက္ေရာက္ေနေသာ ေလေျပညႇင္းရဲ႕ မ်က္ဝန္းမ်ားကို ပိတ္စို႔ပစ္လိုက္ျခင္းသာ။

" မၾကည့္နဲ႔ အဲ့ကိုမၾကည့္နဲ႔ "

" ဘာျဖစ္တာလဲ "

" မၾကည့္တာ ပိုေကာင္းတယ္ "

" ကိုဆင့္ ? "

" ျပန္ရေအာင္ "

" ဒါေပမယ့္ ဦးေလးေကာ "

" ျပန္ရေအာင္ ကိုဆင့္စကား နားေထာင္စမ္းပါကြာ "

အိမ္ျပန္ေနသည့္လမ္းတြင္ ယြန္းေဟမီဆီက ဖုန္းဝင္လာတာေၾကာင့္ ကိုင္လိုက္ၿပီး ပုံမွန္ေမးခြန္းမ်ားကို ျပန္ေျဖေနရေလသည္။

" ကြၽန္ေတာ္တို႔အခုျပန္လာပါၿပီ အိမ္ေရာက္မွ ဆက္ေျပာၾကတာေပါ့ "

အိမ္ျပန္ေရာက္ေရာက္ျခင္း ယြန္းေဟမီက စိုးရိမ္ေနတဲ့မ်က္ႏွာနဲ႔စီးႀကိဳလာကာ ျပဒါးရံက ဧည့္ခန္းထဲတြင္ ထိုင္ေနခဲ့သည္။

" မ်က္ႏွာလဲမေကာင္းၾကဘူး ဘာျဖစ္လာၾကတာလဲ။ ႐ုတ္တရက္ႀကီး အိမ္ကေပ်ာက္သြားလို႔ စိတ္ပူေနတာေသြးေတြက ဘယ္ကေပလာၾကတာလဲ "

" မမ....ကိုကိုမရွိေတာ့ဘူး "

" ရွင္းကိုေျပာတာလား ဘယ္သြားလို႔လဲ "

" ေသသြားတာ "

ေလေျပညႇင္းမေျပာႏိုင္ေသာ စကားကို ဆင့္က ကူေျပာေပးလိုက္ပါသည္။

‌ငိုရန္မစြမ္းသာေသာ မ်က္ႏွာထားနဲ႔အတူ ဆင့္က အခန္းထဲ အေလာတႀကီး ဝင္သြားခဲ့ၿပီး ေလေျပက ယြန္းေဟမီဆီက ႏွစ္သိမ့္မႈကိုခံယူရင္း က်န္ရစ္ခဲ့သည္။

" ေဒါက္.....ေဒါက္ "

တစ္ခ်က္ခ်င္းထြက္ေပၚလာေသာ တံခါးေခါက္သံသည့္ ဆင့္ရဲ႕ အခန္းေရွ႕မွ တရက္ဆက္ထြက္လာေနသည္မွာ အခ်ိန္အေတာ္ၾကာအထိ ရပ္တန႔္မသြားခဲ့။ ေနာက္ဆုံး တံခါးေခါက္ေနသူျပန္သြားသည္ဟု သံသယစိတ္ေလးဝင္လာခ်ိန္တြင္ ရင္းႏွီးေနက်အသံလႈိင္းက တိမ္ယံဆင့္၏ ရင္ခြင္ကို ႏွစ္သိမ့္ေနခဲ့သည္။

" ဆင့္ "

ထိုသူဟာ မေခၚစဖူး သူ႔ကို ဆင့္လို႔ ေခၚလာခဲ့ေသာ္လည္း တိမ္ယံဆင့္တြင္ ေပ်ာ္႐ႊင္မႈေသးေသးမွ မခံစားမိခဲ့ေခ်။ သူ႔ႏွလုံးသားက အလြန္အမင္းေအးစက္ေနခဲ့သလို ၊စိတ္အေျခအေနကလည္း ဟိုးေအာက္ေျခထိ ထိုးက်လုဆဲဆဲျဖစ္သည္။

" ကိုရံ ကြၽန္ေတာ္တစ္ေယာက္ထဲ ေနခ်င္တယ္ "

" ဆင့္ မင္းခံစားေနရတာ ကိုယ္နားလည္ပါတယ္ ဒီလိုမ်ိဳး ကိုယ့္ကိုကိုယ္ တစ္ေယာက္ထဲ ပိတ္ေလွာင္ထားေတာ့ေကာ ရွင္းကျပန္ရွင္လာမွာလား။ မင္းတို႔ဘာေတြႀကဳံခဲ့လဲ မသိေပမယ့္ ကိုယ္မင္းကို တိမ္ယံဆင့္အျဖစ္ အသိအမွတ္ျပဳတယ္။ ကိုယ္မင္းကို အသိအမွတ္ျပဳတာမလို႔ မင္းခက္ခဲေနခ်ိန္မွာ ကိုယ္အနားမွာရွိေနေပးခ်င္တယ္ "

" ကြၽန္ေတာ္ ဘယ္သူနဲ႔မွမေတြ႕ခ်င္ဘူး။ ရွင္း မရွိေတာ့တာ လက္ခံႏိုင္ဖို႔ အခ်ိန္လိုတယ္ "

" လက္ခံႏိုင္ေအာင္ႀကိဳးစားတာက ဘယ္လိုမ်ိဳးလဲ တံခါးပိတ္ၿပီး တစ္ေယာက္ထဲ ႀကိတ္ငိုတာမ်ိဳးလား။ အဲ့လိုလုပ္လိုက္ရင္ မင္းပိုအဆင္ေျပသြားမွာလား ဆင့္။ ကိုယ္အခုမင္းအနားမွာ ရွိေနေပးမယ္လို႔ ေျပာေနတယ္ေလ....ကိုယ့္ဘက္က အဆင္သင့္ျဖစ္ေနခ်ိန္က်ေတာ့ မင္းဘက္ကဘာလို႔ တံခါးပိတ္ထားတာလဲ။ ကိုယ့္မွာ ေျပာစရာေတြ ဒီေလာက္အမ်ားႀကီးရွိေနတာ ....ကိုယ္ခ်စ္တဲ့လူက ဒီေလာက္နာက်င္ေနရတာ ဘာလို႔ ကိုယ့္ကိုႏွစ္သိမ့္ဖို႔ အခြင့္အေရးေလးေတာင္ မေပးႏိုင္ရတာလဲ။ "

" ကြၽန္ေတာ့္ေသြးေတြအကုန္လုံး ခမ္းေျခာက္သြားေတာ့မလိုပဲ။ အဆုံးမရွိတဲ့ ေသြးအိုင္ထဲမွာ ရွင္းနဲ႔ရံ ကို ျမင္လိုက္ရတုန္းက ကြၽန္ေတာ့္ကမာၻႀကီး ခ်က္ခ်င္းအေမွာင္ဖုံးသြားခဲ့တာ ။ ဘယ္အခ်ိန္ထိ ကြၽန္ေတာ္ဂ႐ုစိုက္တဲ့လူေတြ ထိခိုက္ေနတာကို ဒီတိုင္းရပ္ၾကည့္ေနရမွာလဲ။ ကြၽန္ေတာ္က အကူအညီတစ္ခုေလးေတာင္မရဘူး ဒုကၡေပးဖို႔ပဲတတ္တာ "

" ဆင့္ "

ျပဒါးရံက အပိုယူလာေသာ ေသာ့တစ္ေခ်ာင္းျဖင့္ တံခါးကိုတြန္းဖြင့္ကာ ဆင့္ကို ရင္ခြင္ထဲ ေထြးေပြ႕ထားလိုက္ေလသည္။ ခံစားခ်က္ျပင္းထန္ေနေသာ ဆင့္က ရင္ခြင္ထဲကေန ႐ုန္းကန္ေနမႈမ်ား အနည္းငယ္ျပဳလုပ္လိုက္ၿပီးေနာက္ ေၾကာင္ေပါက္ေလးသဖြယ္ ၿငိမ္က်သြားသည္။

" သူမရွိေတာ့ဘူး ကြၽန္ေတာ္ ဘယ္လိုလုပ္ရမလဲ ရံ "

" ကြၽန္ေတာ့္မွာ သူငယ္ခ်င္းဆိုလို႔ ရွင္း တစ္ေယာက္ပဲရွိတာ။ အခု ရွင္း မရွိေတာ့ဘူး။ "

ျပဒါးရံရဲ႕ေကာ္လံကိုဆြဲလ်က္ ျပင္းျပင္းထန္ထန္ ေအာ္ဟစ္ငိုယိုေနေသာ တိမ္ယံဆင့္ကို ျပဒါးရံ ပိုမိုသိပ္သည္းစြာ ဖက္ထားလိုက္ၿပီး ေခါင္းကို အဆက္မျပတ္ ပြပ္ေပးေနခဲ့ေလသည္။ လက္ရွိမိမိရင္ခြင္ထဲရွိလူဟာ ဘဝတြင္ တန္ဖိုးထားသမွ်အရာအားလုံး လက္လႊတ္ဆုံးရႈံးရသည့္ သံသရာစက္ဝန္းထဲတြင္ က်င္လည္ရွင္သန္ေနရသည့္ သနားစရာအေကာင္းဆုံး လူသားပါပင္။

ပထမဆုံးတြင္ ယာဥ္တိုက္မႈေၾကာင့္ အေဖျဖစ္သူကို ဆုံးရႈံးရခ်ိန္တြင္ ဝမ္းနည္းမႈကလြဲၿပီး ဘာကိုမွမခံစားခဲ့ရေခ်။ အေမျဖစ္သူအား စြန႔္လႊတ္လိုက္ရခ်ိန္တြင္ ကမာၻေပၚတြင္ တစ္ဦးတည္းရွိေသာ ေဆြမ်ိဳးသားခ်င္းႏွင့္ မွီခိုရာ ရပ္ဝန္းေလးတစ္ခုကို ဆုံးရႈံးလိုက္ရသည္။ ျပဒါးရံအား သူ႔ဘဝထဲက အၿပီးတိုင္ ခြဲထုတ္ပစ္လိုက္ခ်ိန္တြင္ သူဟာ ရွင္သန္ရာကမာၻႀကီးတစ္ခုလုံး ပ်က္ဆီးသြားၿပီဟု ခံစားခဲ့ရၿပီး တစ္ဦးတည္းရွိသည့္ သူငယ္ခ်င္းအား ႏႈတ္ဆက္ရခ်ိန္တြင္ေတာ့ သူ႔ဘဝတြင္ အလင္းေရာင္ဟူသမွ် စိုးစဥ္းမွ်မက်န္ရွိေတာ့ေခ်။ ဆင့္က ‌ထိုေဝဒနာေတြအားလုံးကို ေသလုမတတ္ ခံစားခဲ့ရသည့္ လူတစ္ေယာက္ပင္။

ျပဒါးရံသိေသာ တိမ္ယံဆင့္မွာ အျပင္ပိုင္းတြင္ သန္မာခ်င္ေယာက္ေဆာင္လ်က္ ေသြးေအးသည့္ လူတစ္ေယာက္လို ျပဳမူေနတတ္ေသာ အက်င့္စ႐ိုက္ရွိကာ အမွန္တစ္ကယ္ လက္ေတြ႕တြင္မူ ပုံမွန္လူေတြထက္ ႏွစ္သိမ့္မႈ၊ အားေပးမႈႏွင့္ အခ်စ္ခံရမႈတို႔ကို ပို၍လိုအပ္ေနသူတစ္ဦးျဖစ္သည္။

" အခု ကြၽန္ေတာ္အတြက္ တန္ဖိုးရွိတဲ့အရာက ဘာမွန္းဆိုတာေတာင္ မသိေတာ့ဘူး။ ရံ ခင္ဗ်ားကြၽန္ေတာ့္ကို ထားသြားဖို႔ မစဥ္းစားနဲ႔.....ကြၽန္ေတာ့္မွာ ခင္ဗ်ားပဲရွိေတာ့တယ္ "

တိမ္ယံဆင့္ရဲ႕ တင္းတင္းဆုပ္ထားေသာ လက္သီးဆုပ္ၾကားထဲ လက္လွ်ိဳသြင္းလိုက္ကာ ျပဒါးရံက သူ႔ရင္ဘတ္နားကပ္လိုက္သည္။

" ကတိေပးတယ္ ကိုယ္မင္းကို ဘယ္ေတာ့မွ ထားမသြားဘူး "

ေနာက္ဆုံးတြင္ ဆင့္ဟာ ျပဒါးရံရဲ႕ ရင္ခြင္တြင္းမွာတင္ပဲ အိပ္ေပ်ာ္သြားခဲ့သည္။

" ဘယ္လိုလူကမ်ား ရွင္းနဲ႔ ဒီေလာက္ေတာင္ ရန္ၿငိဳးေတြ ရွိေနရတာလဲ "

ေနာက္တစ္ေန႔မနက္တြင္ အိမ္ထဲမွာ အလြန္အမင္းတိတ္ဆိတ္ေနေသာ အေငြ႕အသက္မွအပ ဘာကိုမွမခံစားမိခဲ့ၾကေပ။ ႏွစ္ပါတ္ေလာက္ၾကာသည္ထိ ေလေျပဟာ အ႐ြယ္နဲ႔မလိုက္ေအာင္ ေပ်ာ္႐ႊင္မႈေတြ ေပ်ာက္ဆုံးေနၿပီး ဆင့္ကလည္း တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနေသာ မ်က္ႏွာထား၏ေနာက္ကြယ္တြင္ ၿပိဳလဲမႈမ်ား အတိုင္းသားျမင္ေနရသည္။ သို႔ေသာ္ ဆင့္အတြက္ ဝမ္းနည္းရခ်ိန္ မ်ားမ်ားစားစားမရွိခဲ့ရေခ်။ ျပဒါးရံအတြက္ ခြဲစိတ္ရမည့္ရက္ကို အေၾကာင္းျပခ်က္မ်ိဳးစုံျဖင့္ ေနာက္ဆုတ္ထားခဲ့သည္မွာ အခုခ်ိန္တြင္ ေနာက္ဆုံးကန႔္သတ္ထားေသာ ေန႔သို႔ေရာက္ရန္ တစ္ရက္သာ လိုေတာ့သည္။ လိုအပ္တာေတြ စီစဥ္ၿပီး အခန္းထဲတြင္ ခ‌တၱအနားယူေနတုန္းမွာပင္ ဆင့္က ပင္ပန္းလြန္းလို႔ အိပ္ေပ်ာ္သြားခဲ့ျပန္သည္။

အိပ္မက္ထဲတြင္ အစစ္အမွန္ႏွင့္ ဆင္မွားဖြယ္ရာ လူတစ္ေယာက္ကို ေတြ႕ဆုံခဲ့ရေခ်သည္။ ရင္းႏွီးေနေသာ ေယာက္်ားတစ္ေယာက္သည္ အျဖဴေရာင္ဝမ္းဆက္ကို ဝတ္ေနက်အတိုင္း ဝတ္ဆင္ထားကာ သူဟာ ဆင့္လက္ကို ဆြဲကိုင္ရင္း ျဖာက်ေနေသာ ေနေရာင္ျခည္ေတြေအာက္ ဆြဲေခၚသြားသည္။ ရင္ထဲလႈိက္ကို ေႏြးေထြးေစတဲ့ တစ္ခဏအတြင္းမွာပင္ သူ႔လက္ကိုဆြဲကိုင္ထားေသာ ထိုလူဟာ ဘယ္ခ်ိန္ကမွန္းမသိ ေပ်ာက္ကြယ္သြားခဲ့ျပန္သည္။

မ်က္ဝန္းတစ္စုံကို ျပန္ဖြင့္ခ်ိန္တြင္ ပုံမွန္အတိုင္း အခန္းထဲက ကုတင္ေပၚမွာ ရွိေနခဲ့ဆဲျဖစ္သည္။

" ရွင္း.... မင္းမရွိေတာ့ ငါ့ေလာကႀကီးက အကုန္ဗရန္းဗတာပဲ "

" မင္းနဲ႔ကိုးလ္ ၾကားမွာ ဘာေတြျဖစ္ခဲ့ၾကတာလဲ "

" ေဒါက္...ေဒါက္ "

" ဘယ္သူလဲ "

" မမပါ "

ယြန္းေဟမီက lock မခ်ထားေသာ တံခါးကိုဖြင့္ရင္း ဆင့္ရဲ႕ မလန္းဆန္းေသာ မ်က္ႏွာကို က်င့္သားရေနသည့္အတိုင္း ၾကည့္လာခဲ့သည္။

" ပင္ပန္းေနၿပီလား "

" မဟုတ္ပါဘူး "

ဆင့္ပုံမွန္အတိုင္း ျပန္ေျဖျခင္းျဖစ္ေသာ္လည္း အမွန္တိုင္းသိေနသည့္ ယြန္းေဟမီက စိုးရိမ္ပူပန္ေနေသာ အၾကည့္မ်ားကို ယခုထိတိုင္မဖယ္ရွားေသးေပ။

" မ်က္ကြင္းေတြညိဳေနတာလည္း ပိုဆိုးလာတဲ့အျပင္ ထပ္ပါ ပိန္သြားေသးတယ္ "

" ကြၽန္ေတာ္ အျပင္ခဏသြားလိုက္ဦးမယ္ "

" ဘယ္လိုလဲ "

" အသိတစ္ေယာက္ဆီပါ "

" အရမ္းေနာက္မက်ေစနဲ႔ေနာ္ ဆင့္ "

ေခါင္းၿငိမ့္ျပလိုက္ရင္း ဆင့္ကထိုအခန္းထဲမွာ ယြန္းေဟမီကိုတစ္ေယာက္ထဲ ခ်န္ထားရစ္ခဲ့ေလသည္။

မေရာက္ခဲ့သည္မွာၾကာၿပီျဖစ္ေသာ အခန္းတံခါးကို ေနာက္တစ္ႀကိမ္ဆြဲဖြင့္ရခ်ိန္တြင္ သူ႔ပုံစံဟာ အရင္တိုင္း ‌ေလးလံထိုင္းမႈိင္းေနဆဲပင္။ အရင္ခ်ိန္မ်ားႏွင့္ တစ္ပုံစံထဲ ၊တစ္ေထရာထဲ ထိုတံခါးကို ဆြဲဖြင့္၍ အခန္းထဲ ဝင္ေရာက္ခဲ့သည္။

" ႀကိဳဆိုပါတယ္....ဟမ္.... ဆင့္ "

" မဂၤလာပါ ေဒါက္တာ မေတြ႕ရတာအရမ္းၾကာၿပီ "

ဆင့္က ပင္ပန္းလြန္းေနေသာ မ်က္ဝန္းတစ္စုံႏွင့္ မ႐ႊင္မျပျဖစ္ေနေသာ အသံျဖင့္ ႏႈတ္ဆက္လိုက္ေလသည္။ သို႔ေသာ္ သူမမ်က္ႏွာမွာ ျဖတ္ေျပးသြားေသာ အေငြ႕အသက္ေလးက ဆင့္ကို ေတြ႕လိုက္ရသည့္အတြက္ လုံးဝဝမ္းသာမေနသည့္ႏွယ္။

" ဘာျဖစ္တာလဲ ေရာဂါျပန္ထလို႔လား...အရင္လို အိမ္မက္ဆိုးေတြ မက္ေနတုန္းလား "

" ေဒါက္တာ ကြၽန္ေတာ္ ဘာဆက္လုပ္ရမလဲ "

တိမ္ယံဆင့္က ေခါင္းကို ေအာက္ငုံ႔ထားလ်က္ လက္ဖဝါးႏွစ္ခုကို ပူးကပ္ယွက္သြယ္ထားကာ ေမးလာသည္။

သို႔ေသာ္ သူမအေနျဖင့္ အေၾကာင္းအရာ တစ္စုံတစ္ရာကို သိရွိထားျခင္းမရွိဘဲ တိမ္ယံဆင့္ကို အေျဖျပန္မေပးႏိုင္ေခ်။

" ဘာျဖစ္လာတာလဲ ေဒါက္တာတို႔ စိတ္ေအးေအးထားၿပီး ေဆြးေႏြးရေအာင္ေလ ဟုတ္ၿပီလား ကေလး "

" ကလဲ့စားျပန္ေခ်ရမွာလား ဒါမွမဟုတ္ ဒီတိုင္းေက်ာ္လႊားသြားရမွာလား "

ဆင့္က အဆုံးအစမရွိသည့္ တစ္ဝက္တစ္ပ်က္စကားတို႔ကို ဆက္ေျပာလာသည္။

" ဘယ္ကေနစၿပီး ကလဲ့စား ျပန္ေခ်ရမလဲဆိုတာ ကြၽန္ေတာ္မသိဘူး ဒီတိုင္းေက်ာ္လႊားသြားရေအာင္လည္း တာဝန္မေက်သလို ခံစားရတယ္။ အဆိုးဆုံးက ကြၽန္ေတာ္ခုထိ သူ႔ကို လက္မလႊတ္ႏိုင္ေသးဘူး "

" ဆင့္ ေဒါက္တာကို ၾကည့္ပါဦး "

တိမ္ယံဆင့္က မ်က္လႊာပင့္ၿပီး စိုက္ၾကည့္လိုက္ေသာ္လည္း အျမင္အာ႐ုံဟာ ေဝေဝဝါးဝါးပင္။ သူ႔အသိစိတ္နဲ႔ထပ္တူ အျမင္အာ႐ုံဟာလည္း ေႏွာက္က်ိေနလ်က္သားပင္။

" ခံစားခ်က္ေတြ အရမ္းျပင္းထန္ေနရင္ ကိုယ္ဘာကိုလိုခ်င္ေနလဲဆိုတာ သိရမွာမဟုတ္ဘူး။ အရင္ဆုံး စိတ္ကိုေျဖေလ်ာ့ၿပီး အနားေပးၾကည့္ရေအာင္ ။ မအိပ္ရတဲ့ရက္ေတြ ဘယ္ေလာက္ေတာင္မ်ားေနၿပီလဲ ....ေဒါက္တာ အိပ္ေငြ႕ခ်ေပးမွာမလို႔ ႀကိဳးစားၿပီး အိပ္ေပ်ာ္ေအာင္လုပ္ၾကည့္ေနာ္ ဟုတ္ၿပီလား။ "

ဆင့္ ေခါင္းၿငိမ့္ျပတာကိုျမင္ေတာ့ သူမကလိုအပ္တာေတြျပင္ဆင္ၿပီး စတင္အိပ္ေငြ႕ခ်ေတာ့သည္။ ကြၽမ္းက်င္ပိုင္ႏိုင္သည့္ သူမ၏အလုပ္ေၾကာင့္ မိနစ္အနည္းငယ္အၾကာ ဆင့္ တစ္ေယာက္ လုံးဝအိပ္ေပ်ာ္သြားခဲ့သည့္အျပင္ အိပ္မက္တစ္ခုတေလမွ မက္ခဲ့ျခင္းလည္း မရွိခဲ့ေပ။ နာရီအပိုင္းအျခားတစ္ခုတြင္ ျပန္ႏိုးလာခဲ့ၿပီး အရင္ကထက္ပိုၿပီး လန္းဆန္းလာသည္ဟု ကိုယ့္ကိုကိုယ္ ေတြးမိေစသည္။

" အခု ေဒါက္တာကို အားလုံးေျပာျပလို႔ရၿပီလား။ အကုန္လုံး ျပန္ေကာင္းသြားတာျဖင့္ မၾကာေသးဘူး ေနာက္တစ္ခါျပန္ေရာက္လာေတာ့ အရင္တိုင္းျပန္ျဖစ္လာတယ္.... ဘာေတြႀကဳံခဲ့ရတာလဲ ေဒါက္တာကို ေျပာျပလို႔ရပါတယ္ "

" ရွင္း ေသသြားၿပီ "

တုံးတိတိႏိုင္သည့္ စကားတစ္ခြန္းေၾကာင့္ ေဒါက္တာက ခဏတာေလာက္ ၿငိမ္သက္သြားၿပီး သူမကိုယ္တိုင္ လက္ခံႏိုင္ေအာင္ လုပ္ေနမွန္း ဆင့္သတိထားမိလိုက္သည္။ သူမက အမ်ားႀကီးထဲက ဆင့္ကို စိတ္သက္သာရာရေစမည့္ အားေပးစကားကို လိုက္ေ႐ြးေနတာလည္း ျဖစ္ႏိုင္သည္။

" ရွင္း အတြက္စိတ္မေကာင္းပါဘူး။ ဒါေပမယ့္ .
..ဆင့္လည္း ကိုယ့္ကိုကိုယ္ ႏွိပ္စက္ေနလို႔မရဘူးေလ။ ဆင့္က အရမ္းသန္မာပါတယ္......ရွင္း ကလည္း ဒါမွစိတ္ခ်ႏိုင္မွာေလ....လႊတ္ခ်လိုက္ေတာ့ "

ေအးစက္ေနတဲ့မ်က္လုံးေတြနဲ႔ ျပန္ၾကည့္လိုက္ေတာ့ သူမက ဆင့္ ဆီက အေျဖကို ေမွ်ာ္လင့္တႀကီး ေစာင့္ဆိုင္းေနသည့္အသြင္ကို ျပန္ေပးအပ္လာသည္။

" စိတ္မရွိပါနဲ႔ေနာ္ ကြၽန္ေတာ္ျပန္မွရေတာ့မယ္ "

ဆင့္ကခ်က္ခ်င္း ထိုင္ခုံကထၿပီး အခန္းအျပင္ဘက္ ထြက္ဖို႔ျပင္ေလသည္။

" ဆင့္ အခ်ိန္ရရင္ ေနာက္တစ္ေခါက္ထပ္လာခဲ့ပါဦး "

" ေကာင္းပါၿပီ "

တံခါးပိတ္သြားၿပီးေနာက္ သူမက ခပ္ဖြဖြေလး ေရ႐ြတ္လိုက္မိသည္။

" သနားဖို႔ေကာင္းလိုက္တဲ့ကေလး.....ကံၾကမၼာက အခုထိ သူ႔ကို အလြတ္မေပးေသးဘူး။ "

_________

ေနာက္တစ္ေန႔က ဆင့္အတြက္ ပိုလို႔ေတာင္ အလုပ္ရႈပ္ပါေသးသည္။ ျပဒါးရံရဲ႕ ခြဲစိတ္မႈအတြက္ တာဝန္ရွိသူေတြနဲ႔ စကားေျပာဆိုၿပီး ၁၀ နာရီေလာက္တြင္ ခြဲစိတ္ခန္းစဝင္ၾကသည္။ ႀကိဳတင္ခန႔္မွန္းခ်က္မ်ားအရ ခြဲစိတ္မႈက အႏၲရာယ္မ်ားတာေၾကာင့္ ဆင့္မွာ စိတ္ပူေနခဲ့ရေသာ္လည္း ဆရာဝန္မ်ား ျပန္ထြက္လာခ်ိန္တြင္ အေတာ္ေလး အေျခအေနေကာင္းသည္ဟု ဆိုရေပမည္။ သက္ဆိုင္ရာအလႉရွင္နဲ႔ မိသားစုအေပၚလည္း ဆင့္က လုံလုံေလာက္ေလာက္ ကူညီေထာက္ပံ့ေပးကာ ေက်းဇူးတင္ေၾကာင္းကို ထပ္တလဲလဲ ေျပာၾကားေပးေနခဲ့သည္။ အလႉရွင္က ႏွစ္ရွည္လမ်ားခံစားေနရေသာ ႏွလုံးအားနည္းေရာဂါေၾကာင့္ အသက္ဆက္ရွင္ဖို႔ လပိုင္းမွ်သာ က်န္ေတာ့ေသာ္လည္း ဆင့္နဲ႔ျပဒါးရံအတြက္ေတာ့ ဘုရားရွင္က ဖန္ဆင္းေပးသည့္ ေက်းဇူးရွင္ပင္ ျဖစ္သည္။

လူနာခန္းတံခါးကို ဖြင့္လိုက္ခ်ိန္တြင္ ျပဒါးရံက ကုတင္ေပၚမွာ အေဖာ္မဲ့စြာ လဲေနသည္။ ေနာက္ဆုံးေတာ့ ရံ မ်က္လုံးေတြ ျပန္ျမင္ရေတာ့မွာပါလားဆိုသည့္ အသိသည္ ဆင့္ကို အနည္းငယ္ေတာ့ ႐ႊင္ျမဴးသြားေစသည္။

" ရံ ေနရတာ အဆင္ေျပလား "

" ကိုယ္အဆင္ေျပပါတယ္ "

" ေလာေလာဆယ္ေတာ့ ပတ္တီးစီးထားရလို႔ သက္ေသာင့္သက္သာ ရွိဦးမွာ မဟုတ္ဘူး....တစ္ရက္ႏွစ္ရက္ေလာက္ဆိုရင္ေတာ့ ေနသားက်သြားမွာပါ "

" ဆင့္ အမွန္ေတာ့ လြန္ခဲ့တဲ့ရက္‌ေတြက မင္းကို ဆင့္လို႔ လက္ခံလိုက္တဲ့အခ်ိန္ကစၿပီး ကိုယ္တျဖည္းျဖည္း ျပန္မွတ္မိလာတယ္ "

" ဘာကိုလဲ "

" ေတာင္းပန္ပါတယ္ ကိုယ္ကဒီေလာက္ဆိုးတာကို ဆင့္ကခြင့္လႊတ္ေပးေနတုန္းပဲ "

ျပဒါးရံက ၿပဳံးေနရင္း ပုံမွန္အတိုင္းေျပာလာသည့္အခါ ဆင့္ခမ်ာ မအံ့ဩဘဲ မေနႏိုင္ေခ်။

" ရယ္စရာေတြေျပာေနျပန္ၿပီ.....ကြၽန္ေတာ္တို႔အခု အဲ့တာေတြ မေျပာဘဲေနၾကရေအာင္ အရင္ကအေၾကာင္းေတြကို ႏွစ္ေယာက္လုံး ျပန္မေတြးေၾကး "

" မင္းသေဘာအတိုင္းပဲ.... ဆင့္သာ‌ ေပ်ာ္မယ္ဆို ကိုယ္ဘာမဆိုသေဘာတူတယ္ "

" အင္း...... မမေဟမီက အစည္းအေဝးမၿပီးေသးဘူးထင္တယ္။ သူကြၽန္ေတာ့္ကို message ေတြအမ်ားႀကီးပို႔ေနတာ ရံ အေၾကာင္းေတြႀကီးပဲ။ "

" ကိုယ့္ကို စိတ္မပူပို႔ေျပာေပးပါ "

" ကြၽန္ေတာ္ေျပာပါတယ္ သူက သူ႔ေမာင္ကို လိုတာထက္ပိုၿပီး ဂ႐ုစိုက္ေနတာ "

" ကြၽီ....... "

ေျပာဆိုေနရင္းႏွင့္ပင္ လူနာခန္းတံခါးကို ဖြင့္ၿပီး ယြန္ေဟမီႏွင့္ ေလေျပတို႔ ဝင္လာၾကသည္။

ယြန္းေဟမီ- " ရံေလး ေနရတာသက္သာလား "

ေလေျပ- " ကိုဆင့္ ဒီမွာ ကိုဆင့္အတြက္ အဆာေျပ "

ျပဒါးရံ -" အင္း "

တိမ္ယံဆင့္ - " အင္း "

" မမေျပာစရာရွိတယ္ Sunshine က Lara ရဲ႕ လက္ေအာက္ခံျဖစ္သြားၿပီ "

ျပဒါးရံ/တိမ္ယံဆင့္ - " ဘာ !! "

" ကြၽန္ေတာ္ဟိုတေလာက သွ်ားစစ္မီးလွ်ံနဲ႔ ဟြမ္ကို ေတြ႕‌တုန္းကေတာင္ သူတို႔ဆက္ဆံေရးက အရမ္းေကာင္းေနတာပါ "

တိမ္ယံဆင့္ သူအရင္ကေတြ႕ခဲ့ဖူးေသာ ႏွစ္ေယာက္သား၏ ဆက္ဆံေရးကို ထုတ္ေျပာလိုက္သည္။

" မမလည္း မေျပာတတ္ဘူး။ ဒါေပမယ့္ Sunshine ရဲ႕ CEO ကို ႏွစ္ေပါင္း ၃၀တိုင္ အခြန္ေရွာင္မႈနဲ႔ တရားဆြဲထားတာေၾကာင့္ ေထာင္ထဲမွာ ထိန္းသိမ္းခံထားရတယ္ "

" ဒါဆိုဟြမ္ကေကာ....ဟြမ္ေကာ အဲ့ကိစၥနဲ႔ တစ္ခုခုပက္သက္ေနတာလား "

" မသိဘူး ရံေလး.....သတင္းေတြထြက္သေလာက္ဆို သွ်ားစစ္မီးလွ်ံက တမင္ရည္႐ြယ္ၿပီး ဦးရာသစ္မာန္ကို တိုက္ခိုက္တာ.... sunshine ကိုလည္း သူ႔နာမည္နဲ႔လႊဲယူလိုက္ၿပီးၿပီ "

" သူဟြမ္ကိုေကာ အလြတ္ေပးပါ့မလား "

ဆင့္က ခပ္တိုးတိုးေရ႐ြတ္လိုက္ရင္း ဟြမ္အတြက္ စိတ္ပူလိုက္မိသည္။

" လူနာရွင္ေတြအားလုံး အျပင္ခဏထြက္ေပးၾကပါေနာ္ ။ လူနာရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြ ရွိမရွိ စစ္ေဆးခ်င္လို႔ပါ။ "

သူနာျပဳနဲ႔အတူပါလာေသာ ဆရာဝန္ကို အခန္းထဲထားခဲ့ကာ ဆင့္တို႔တစ္သိုက္အျပင္ထြက္လာခဲ့ၾကသည္။ ဆင့္က ရင္ထဲတြင္ အစိုင္အခဲတစ္ခု တည္ရွိေနသကဲ့သို႔ မတင္မက်ျဖစ္ေနကာ ေလေျပလက္ကို လာဆြဲမွပဲ သတိျပန္ဝင္လာခဲ့သည္။

အသိစိတ္လြတ္ေနသည့္ထဲတြင္ ဟြမ္ဟာ အဆိုးဆုံးျဖစ္ပါလိမ့္မည္။ တစ္ခါမွမေရာက္ဖူးေသာ ေနရာတြင္ သူဂ႐ုစိုက္ရဆုံးေသာ လူတစ္ေယာက္ကိုေတြ႕ရန္ ေစာင့္ဆိုင္းေနရျခင္းမွာ ယခင္ခ်ိန္မ်ားတုန္းကလို ေပ်ာ္႐ႊင္ဖြယ္ရာ ေကာင္းမေနခဲ့ေပ။ ဒီရက္ပိုင္းအတြင္းတြင္ ဟြမ္ဟာ သူ႔ကိုယ္သူ ေမးခြန္းေပါင္း ေထာင္ေသာင္းမ်ားစြာ ထုတ္ေမးေနမိသည္။ သူဟာ ဦးရာသစ္မာန္ဆီက ဘာကိုမွ ေမွ်ာ္လင့္လို႔ မရေတာ့ဘူးဆိုတာေတြရယ္ ဒီလူနားမွာပဲ တြယ္ကပ္ေနတတ္တဲ့ မိမိရဲ႕အက်င့္စ႐ိုက္ေတြရယ္ကို နားမလည္ႏိုင္ေအာင္ျဖစ္ရသည္။

ခဏအၾကာတြင္ သူေမွ်ာ္လင့္ေနေသာသူသည္ မွန္တစ္ခ်က္ျခားေနေသာ မ်က္ႏွာခ်င္းဆိုင္အရပ္တြင္ ထြက္ေပၚလာသည္။ ေျခေထာက္တစ္ဖက္က မသန္တာေၾကာင့္ ယိုင္နဲ႔နဲ႔ႏွင့္ပင္ ထိုင္‌ခုံေပၚဝင္ထိုင္လိုက္သည္။

" ဟြမ္ မင္းေရာက္လာၿပီလား "

" အင္း "

ပင္ကိုယ္စ႐ိုက္အတိုင္း ဟြမ္က ေအးစက္စက္ျဖင့္ ျပန္ေျဖေလသည္။

" ေကာင္းတယ္ ဘယ္လိုလဲ ငါ့ကိုဒီထဲကထြက္ဖို႔ နည္းလမ္းရွာေတြ႕ၿပီလား "

" ဟင့္အင္း "

" ဘာ....... "

မိမိအသံက်ယ္သြားတာကို သတိထားမိသြားေသာ ဦးရာသစ္မာန္က ေဘးဘီဝဲယာကို တစ္ခ်က္ေလ့လာလိုက္ၿပီး ဟြမ့္ကို ႀကိမ္းေမာင္းလာသည္။

" ငါ့ကို ဒီထဲမွာပဲေနခိုင္းဖို႔စဥ္းစားေနတာလား။ တစ္ရက္ေလးေတာင္မေနခ်င္ဘူး အဆင့္အတန္းမရွိတဲ့ ေနရာကို။ ျမန္ျမန္နည္းလမ္းရွာလာခဲ့ မဟုတ္ရင္ တရား႐ုံးမွာ ထြက္ဆိုတဲ့အခါက် ဒီကိစၥေတြလည္း မင္းလည္းႀကံရာပါဆိုတာ ထုတ္ေျပာလိုက္မယ္ "

" လုပ္ခ်င္သလိုသာလုပ္ ဒီကိစၥေတြက အစထဲက ခင္ဗ်ားတစ္ေယာက္ထဲလုပ္ခဲ့တာပဲ။ ခင္ဗ်ားဒီထဲက လြတ္ႏိုင္ဦးမယ္လို႔ထင္ေနတာလား .....သွ်ားစစ္မီးလွ်ံရဲ႕ မိဘေတြကို သတ္ပစ္ခဲ့တာေကာ ေက်ေအးသြားၿပီလို႔ထင္ေနတာလား "

" ပါးစပ္ပိတ္ထား...အခုေတာ့မင္းက သတၱိေတြအရမ္းရွိေနၿပီေပါ့ေလ။ "

ဦးရာသစ္မာန္က ဟြမ္ကိုၾကည့္ကာ ေဒါသထိန္းလိုက္ၿပီး အခ်ိဳသပ္လာျပန္သည္။

" ကေလး...ကေလး ငါကမင္းအေဖပဲေလ။ ငါအခုကိုယ့္အမွားေတြကို သိေနပါၿပီ။ မင္းကိုသားတစ္ေယာက္အျဖစ္ အသိအမွတ္ျပဳၿပီး ငါ့အမွားေတြကို ျပန္ျပင္ဆင္ေတာ့မယ့္ အခ်ိန္က်မွပဲ ဒီလိုအျဖစ္ဆိုးမ်ိဳးနဲ႔ ႀကဳံရတယ္ "

" ခင္ဗ်ားကိုယ္ခင္ဗ်ား ကြၽန္ေတာ့္အေဖမွန္း သိေသးတယ္ေပါ့။ ကြၽန္ေတာ့္မွာ ခင္ဗ်ားဆီက ဖခင္ေမတၱာကို လိုခ်င္လြန္းလို႔ ဆယ္ႏွစ္ေက်ာ္ ခင္ဗ်ားအနားမွာပဲေနလာခဲ့တယ္။ အေစခံတစ္ေယာက္လို အလုပ္လုပ္ေပးတယ္။ အမွားလုပ္မိရင္ အၿမဲတမ္းအ႐ိုက္ခံၿပီး ဘယ္တုန္းကမွ မိသားစုဝင္တစ္ေယာက္အျဖစ္ အသိအမွတ္ျပဳမခံရဘူး "

" အေဖမွားပါတယ္ ....မွားသြားပါတယ္ ဟြမ္။ ငါဒီထဲမွာ မေနခ်င္ဘူး။ ဒီကလြတ္ရင္ အေဖတို႔ႏွစ္ေယာက္ အတူတူေနၾကမယ္ ဟုတ္ၿပီလား။ သားအေပၚ မိဘေကာင္းတစ္ေယာက္ပီသေစရမယ္ "

" ဒါဆိုဘာလို႔ ကြၽန္ေတာ္နဲ႔အေမ့ကို စြန႔္ပစ္ခဲ့တာလဲ....သူအရမ္းခက္ခဲခဲ့တာ စားစရာမရွိလို႔ ကြၽန္ေတာ္တို႔ ဒုကၡအရမ္းေရာက္ခဲ့တာ ခင္ဗ်ားအဲ့ခ်ိန္တုန္းက ဘာလုပ္ေနခဲ့တာလဲ......အေမကေန႔တိုင္း ကြၽန္ေတာ့္ကို အေဖ့အေၾကာင္းေျပာျပတယ္။ ခင္ဗ်ားကို မမုန္းဖို႔ ၊ ခင္ဗ်ားမနာက်ည္းဖို႔ ခင္ဗ်ားကို အေဖအျဖစ္အသိအမွတ္ျပဳဖို႔ ။ "

" ဟြမ္ေလး "

" ခင္ဗ်ားသိေနခဲ့တယ္ မိဘမဲ့ေဂဟာမွာ ကြၽန္ေတာ့္ကိုလာေခၚတဲ့ အဲ့ေန႔ကစၿပီး ကြၽန္ေတာ္က ခင္ဗ်ားသားမွန္းသိရက္နဲ႔ မသိခ်င္ေယာင္ေဆာင္ခဲ့တာ။ ကြၽန္ေတာ္ဘယ္ေလာက္ေပးဆပ္ေပးဆပ္ ခင္ဗ်ား လ်စ္လ်ဴရႈခဲ့တာ "

" ဟြမ္ အေဖေျပာတာကိုနားေထာင္....သားနဲ႔ သွ်ားစစ္မီးလွ်ံက ငယ္ငယ္ထဲက ရင္းႏွီးခဲ့ၾကတာမလား....သူ႔ကိုသြားေျပာေပး အေဖ့ကို ကယ္ေပးပါလို႔ ေနာ္...ေနာ္ ...သားကလိမၼာပါတယ္...အေဖဒီကလြတ္ရင္ သားနဲ႔ထပ္မခြဲေတာ့ဘူး ဟုတ္ၿပီလား "

" ဧည့္ေတြ႕ခ်ိန္ျပည့္ပါၿပီ အထဲျပန္ဝင္ပါ "

ဦးရာသစ္မာန္သည္ ရဲႏွစ္ေယာက္ရဲ႕ ဆြဲေခၚမႈေၾကာင့္ အထဲျပန္ဝင္သြားရခါနီးမွာေတာင္ ဟြမ့္ကို သွ်ားစစ္မီးလွ်ံဆီသြားေတြ႕ၿပီး ေတာင္းပန္ဖို႔ မရပ္မနားေျပာသြားေသးသည္။

" သွ်ားစစ္မီးလွ်ံနဲ႔ သြားေတြ႕ရမယ္ေပါ့....သူအခုခင္ဗ်ားကို ဘယ္ေလာက္ေတာင္ သတ္ပစ္ခ်င္ေနလဲ သိရဲ႕လား "

ဟြမ္ တစ္ေယာက္ထဲေရ႐ြတ္ကာ ထိုေနရာမွျပန္လာခဲ့ေလသည္။ နာက်င္ရလြန္းလို႔ မ်က္ရည္တစ္စက္က ပါးျပင္ေပၚယိုဆင္းလာခဲ့သည္အား မထိန္းထားႏိုင္ခဲ့ေပ။

" ငါဘာဆက္လုပ္ရမလဲ.....ငါသူ႔ကိုမုန္းတယ္ ဒီေလာက္ႏွစ္ေတြအမ်ားႀကီး သားအျဖစ္ အသိအမွတ္မျပဳခဲ့တာကိုလည္း မုန္းတယ္။ ဒါေပမယ့္ ငါ့မွာ ေ႐ြးခ်ယ္စရာမရွိဘူး ငါငယ္ငယ္ထဲက သူ႔မ်က္ႏွာကိုပဲၾကည့္ၿပီး ရွင္သန္ခဲ့တာ။ တစ္ခ်ိန္ခ်ိန္ေတာ့ ငါ့ကို ျပန္လွည့္ၾကည့္လာမွာပဲဆိုၿပီး သည္းခံခဲ့တာ။ "

ေအးစက္လွပါေသာ ႏႈတ္ခမ္းသားသည္ မ်က္ဝန္းမ်ားႏွင့္ ဆန႔္က်င္ဘက္ျဖစ္တည္ေနခဲ့ေလသည္။ ဟြမ္ရဲ႕ မ်က္ေတာင္မ်ားက စိုစြတ္ေနကာ လက္ဖ်ားမ်ားက ေအးစက္ေနခဲ့သည္။ ဘာဆက္လုပ္သင့္လဲဆိုတာကို စဥ္းစားလိုက္ၿပီးေနာက္ အေျဖတစ္ခုမွရမလာသည့္အဆုံးတြင္ အိမ္ကိုသာျပန္ရန္ဆုံးျဖတ္ခဲ့သည္။

အိမ္ေရာက္ေရာက္ခ်င္း ပထမဆုံးျပဳလုပ္ခဲ့သည္မွာ သွ်ားစစ္မီးလွ်ံဆီဖုန္းေခၚခဲ့ျခင္းသာ ။ သို႔ေသာ္ထိုလူက ႏွစ္ခါတိတိခ်ပစ္ခဲ့ၿပီး သုံးခါေျမာက္မွ ကိုင္ခဲ့ေလသည္။

" ဟြမ္ အခုေတာ့ ငါ့ကိုဖုန္းဆက္ဖို႔ ဇြဲေကာင္းေနတာေပါ့ "

" ဦးရာသစ္မာန္ကိုမထိဖို႔ ငါ့ကို ကတိေပးထားတယ္မဟုတ္လား "

" ငါတို႔ႏွစ္ေယာက္ၾကားက ကတိကို မင္းအရင္ေဖာက္ဖ်က္ခဲ့တာေလ "

" သူကငါ့အေဖ သူေနမေကာင္းျဖစ္ေနတာ ငါသြားေတြ႕လို႔မရဘူးလား "

" မရဘူး ငါတို႔သေဘာတူထားတဲ့ထဲမွာ ငါလိုခ်င္တဲ့အခ်ိန္တိုင္း မင္းငါ့အနားမွာ ရွိေနရမယ္ "

" ငါအ႐ုပ္မဟုတ္ဘူး သွ်ားစစ္မီးလွ်ံ.....ငါ့မွာလည္း ခံစားခ်က္ေတြရွိတယ္။ ငါလည္းမိသားစုဆိုတဲ့ ခံစားခ်က္ကို လိုခ်င္တယ္ ....ငါႏွစ္ေပါင္းမ်ားစြာ ဒီအရာအတြက္ ဒုကၡခံလာတာ .....မင္းတို႔အားလုံး ငါ့ကိုအသက္ရႈခြင့္ေလးေတာင္ မေပးၾကဘူး "

" သူကဘယ္နားေကာင္းေနလို႔လဲ မင္းကို သူ႔သားအျဖစ္အသိအမွတ္ျပဳခ်င္တာ မဟုတ္ဘူး။ မင္းနဲ႔မင္းအေမအေပၚမွာလည္း တာဝန္ယူမႈလုံးဝမရွိဘူး။ ဒီလိုလူတစ္ေယာက္အတြက္ မင္းဒုကၡခံေနရတာလည္း မတန္ဘူး ။ ဒါေၾကာင့္ငါက လြယ္ကူေအာင္လုပ္ေပးလိုက္တာ။ "

" တီ... "

" Hello သွ်ားစစ္မီးလွ်ံ "

ထိုသူဟာ ဖုန္းခ်သြားခဲ့ေလၿပီျဖစ္သည္။

" ငါလက္မေလ်ာ့ဘူး ငါမင္းကိုလာေတြ႕မယ္ သွ်ားစစ္မီးလွ်ံ "

ဟြမ္ဟာ သူေျပာထားသည့္အတိုင္း သွ်ားစစ္မီးလွ်ံကို အိမ္တိုင္ရာေရာက္သြားေတြ႕ခဲ့ပါသည္။ ေငြမွ်င္ေရာင္ဆံပင္ေတြက ေနေရာင္ေအာက္မွာ ေတာက္ပေနေသာ္ျငား ႏႈတ္ခမ္းမ်ားက အရင္တိုင္း ေအးစက္မာေက်ာေန၏။ အိမ္ေဖာ္အခ်ိဳ႕ကို သူေရာက္ေနေၾကာင္း သြားေျပာခိုင္းလိုက္ေသာ္လည္း တမင္ရည္႐ြယ္၍လားမသိေပ ထိုသူဟာ လုံးဝထြက္မလာခဲ့။ ဟြမ္ေရာက္ေနသည္က ညေနေစာင္းျဖစ္၍ မၾကာခင္မွာပင္ မိုးလုံးဝခ်ဳပ္သြားခဲ့ေလသည္။ အိမ္ေဖာ္ေတြလည္း ျပန္သြားခဲ့ၿပီျဖစ္ကာ အရာရာက တိတ္ဆိတ္ေနၿငိမ္သက္ေနခဲ့၏။

" ဘယ္အခ်ိန္ထိ ေစာင့္ေနဖို႔ စဥ္းစားထားတာလဲ "

မာေက်ာကာ အရွိန္အဝါရွိသည့္ အသံသည္ ဟြမ္နားစည္ကို ႐ိုက္ခတ္လာသည့္အခါ ေမာ့ၾကည့္လိုက္သည့္ခါဝယ္ သွ်ားစစ္မီးလွ်ံဟာ အေရွ႕တူရႈ၌ ရပ္ေနခဲ့သည္။

" မင္းထြက္လာမဲ့ အခ်ိန္ထိ "

" မၾကာခင္မိုး႐ြာေတာ့မွာ အထဲဝင္ခဲ့ "

လက္အိတ္ရွိေနသည့္လက္ကို ေဘာင္းဘီအိတ္ကပ္ထဲထည့္ထားရင္း သွ်ားစစ္မီးလွ်ံေျပာလာခဲ့သည္။

သွ်ားစစ္မီးလွ်ံေျပာသည့္အတိုင္းပင္ မၾကာခင္မွာတြင္ မိုး႐ြာလာသည္ေၾကာင့္ အေအးေၾကာက္တတ္သည့္ ဟြမ္ေၾကာင့္ သွ်ားစစ္မီးလွ်ံက အိမ္ထဲက အိမ္ထဲက အဲကြန္းေလကို ေလ်ာ့ခ်လိုက္သည္။ ထိုလူဟာ ဟြမ့္ကို မသိမသာ ဂ႐ုစိုက္တတ္ေနေသးပါေသာ္ျငား ဟြမ္ကေတာ့ လုံးဝသိရွိမေနခဲ့ေပ။

" ဘာစားၿပီးၿပီလဲ "

" စားခ်င္စိတ္မရွိဘူး "

မီးဖိုေခ်ာင္ထဲ ဝင္သြားေသာ သွ်ားစစ္မီးလွ်ံက ဟြမ္ကို လွမ္းေမးလိုက္ျခင္းပင္ ျဖစ္သည္။ သို႔ေသာ္ ဟြမ္အေနျဖင့္ ယခုလိုခ်ိန္မွာ အစားစားခ်င္စိတ္ရွိေနတာကမွ ပိုလို႔ထူးဆန္းေနပါဦးမည္။ အေဖကေထာင္ထဲေရာက္ေနၿပီး တစ္သက္လုံး ထိန္းသိမ္းလာေသာ company က သူမ်ားလက္ေအာက္ခံျဖစ္သြားသည့္အခါ ဟြမ္အေနျဖင့္ ေပးဆပ္မႈသာရွိၿပီး ျပန္ရလိုက္သည္က ဘာမွမရွိတဲ့ အရာေတြမွန္း နားလည္လိုက္သည့္အခိုက္ သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ႏွင့္ ရည္မွန္းခ်က္မွာ ေသဆုံးသြားခဲ့ၿပီျဖစ္သည္။

" စားလိုက္ "

သွ်ားစစ္မီးလွ်ံက သူ႔ေရွ႕ကို ပသွ်ဴးထမင္းေၾကာက္တစ္ပြဲလာခ်ေပးသည္။

ဟြမ္ေမာ့ၾကည့္လိုက္အခါ သွ်ားစစ္မီးလွ်ံက ထမင္းစားပြဲအရွည္ႀကီး၏ ထိပ္ဆုံးတြင္ ဝိုင္တစ္ခြက္ကိုင္၍ ထိုင္ေနၿပီး ဟြမ္က သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ အျခားအစြန္းတစ္ဖက္တြင္ ထိုင္ေနခဲ့သည္။ စားခ်င္စိတ္မရွိေသာ္ျငား ဟြမ္တစ္ေယာက္ ဒီရက္ပိုင္းအစာမယ္မယ္ရရမစားထားတာေၾကာင့္ ပိန္သြားကာ ဗိုက္လည္း ဆာေနခဲ့တာေၾကာင့္ ဇြန္းကိုကိုင္ၿပီး ျဖည္းျဖည္းခ်င္းစားလိုက္သည္။

အရသာက ေကာင္းမြန္လွသည္မဟုတ္ေသာ္ျငား စားလို႔ေတာ့ရပါေသးသည္။ ေၾကာ္ထားသည္က မေသသပ္ေသာ္ျငား အရမ္းအဆိုးႀကီး မဟုတ္ေပ။ ေခါင္းငုံ႔ၿပီး ထိုအရာကို စားေနတာေတာင္မွ ဟြမ္ဟာ သွ်ားစစ္မီးလွ်ံသူ႔ကို စိုက္ၾကည့္ေနသည့္ အေငြ႕အသက္မ်ားေၾကာင့္ အၿမိဳမက်ျဖစ္ရသည္။

" ေကာင္းၿပီေလ စားၿပီးရင္ သူ႔ကိုလိုရင္းကိစၥေျပာရမယ္ ငါေတြပဲ ဆက္ျဖစ္လာျဖစ္လာ ငါရင္ဆိုင္ဖို႔အသင့္ပဲ " လို႔ ဟြမ္ေတးမွတ္ထားလိုက္ေလသည္။

Continue Reading

You'll Also Like

40.8K 866 11
ဒီရေနဲ့ Rhyme တို့ရဲ့marriage life လေးကိုသီးသန့်ပြောပြပေးမှာဖြစ်ပါတယ် ။ ကကလေး ဘယ်လိုရောက်လာတယ် ဘယ်လိုဒုက္ခတွေကြုံရတယ် ဆိုတာ တွေ့ရမှာဖြစ်ပါတယ် 😁🙆
795K 31.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
821K 69.5K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi
174K 12.6K 53
အေးချမ်းရာကို ဖန်တီးပေးသည်မို့ မင်းဟာ ကိုယ့်ရဲ့ အေးမြရိပ်မြုံကလေး...။ ကိုယ့်နှလုံးသားရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပန်ကာကလေး....။ ေအးခ်မ္းရာကို ဖန္တီးေပးသ...