In Love With An Old Mafia(Com...

By seinyadanawin

155K 9.6K 1.3K

****** Start Date-Mar.31.2023 End Date-Nov.17.2023 ***** More

Intro
Part-1
Part-2
Part-3
part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10+11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31+32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
The End
Characters' Art
New Fiction Promote

Part-23

3.2K 251 45
By seinyadanawin

စိုင်း မျိုးဆက် အားကားဆီသို့ ပြန်လည်ခေါ်ဆောင်နေခိုက် ရုတ်တရက်
သူ့နှုတ်ခမ်းများဆီသို့ လာရောက်ဖိကပ်လာသောမျိုးဆက်၏နှုတ်ခမ်းလွှာတို့။

ရုတ်ချည်းဆန်လှသည်မို့ ပြန်လည်တွန်းကန်ဖို့ရန်အတွက် မဖြစ်နိုင်ခဲ့
နှုတ်ခမ်းပါးတို့ထိကပ်လာခိုက် စိတ်အစုံဟာ ဒေါသအငွေ့တို့တောက်လောင်စွာ။
ပြန်လည်၍ ရိုက်နှက်ပစ်ရန် ကြံရွယ်လိုက်ပါသော်လည်း အရှိန်အဟုန်
ပြင်းပြင်း၏ခြေထောက်တစ်ဖက်က မျိုးဆက်၏ဗိုက်အပေါ်သို့ သူ့အစား
ရောက်နှင့်နေခဲ့ပြီးသား။

ယင်းကန်ချက်ကြောင့် မျိုးဆက်ဟာကားရှိရာဘက်သို့လွှင့်ထွက်သွား၍
ကား၏ကိုယ်ထည်နှင့်ကျောကုန်းကသွားကာဆောင့်မိသွားသည်။
ကန်လိုက်သည့်သူဟာတော့ မည်သူပင်မဟုတ်......သူ၏ ချစ်လှစွာသောအသက်။

နဂိုကအရက်မူး၍ လမ်းပင်မလျှောက်နိုင်တော့သော မျိုးဆက်ဟာတော့
သက်ပိုင်၏ကန်ချက်ကိုလက်ခံရယူပြီးချိန်တွင် ကားကိုယ်ထည်အားမှီ၍ မြေပြင်ပေါ်၌ဖင်ထိုင်လျက်ကျကာ မေ့မျောသွားလေသည်။

စိုင်း သက်ပိုင်အားတချက်ငဲ့ကြည့်မိတော့
နီရဲနေသောမျက်ဝန်းတစ်စုံဟာ လောင်လောင်မြိုက်မြိုက်
ခပ်ရဲရဲနှုတ်ခမ်းပါးတို့ဟာ သွေးအရောင်လွှမ်းနေ၍ သွားဖြင့်ကိုယ့်ဘာသာပြန်လည်ဖိကိုက်ထားဟန်။
တင်းတင်းကြိတ်ထားသောအံ နှင့်အတူ
လည်ပင်းနှင့်နဖူးရှိ
အကြောစိမ်းတို့ဟာလည်း ထောင်လျက်နှင့်။

တုန်ရီနေသော ခန္ဓာကိုယ်နှင့်အတူ
ဒေါသမီးတို့အား ထိန်းချုပ်နေဟန်။
သူ၏သက်ပိုင်မှာတကယ့်ပင်စိတ်တိုနေခြင်း။

"သက်ပိုင်..."ဟူ၍ခပ်တိုးတိုးခေါ်လိုက်တော့အနှီလူငယ်ဟာ သူ့ကိုလှည့်ကြည့်လာရှာ၏။
နီရဲနေသောမျက်လုံးထောင့်များဟာ ဒေါသကြောင့်မဟုတ် ပူဆွေးမှု၊ဝမ်းနည်းမှုတို့ကြောင့်သာလျှင်။

ထို့နောက် သူ့အားကြေကွဲစွာခေါ်လှသည့်နာမ်စားလေးကား

"လေးလေးငယ်...."

စိုင်း သက်ပိုင်၏တုန်ရီနေသောလက်တဖက်အနားသို့ လက်အားလှမ်းလိုက်ရင်း ခပ်သာသာဆုပ်ကိုင်လိုက်တော့ လက်ချောင်းကလေးများကအေးစက်စက်ရယ်။

"အဆင်ပြေပါတယ် သက်ပိုင်...."

မကြာသေးခင်ကပင် လောင်မြိုက်တောက်ကျွမ်းနေသော
စိတ်တို့ဟာယခုအချိန်၌ ဘယ်ဂျောင်ကိုများခိုကပ်ကုန်ကြပါသနည်း။
သူ၏လက်ချောင်းများကိုဆုပ်ကိုင်လာသော ခပ်ကြမ်းကြမ်းလက်တစ်စုံဟာမည်မျှတောင်နွေးထွေးလိုက်ပါသလဲလေ။

လည်ချောင်းတွင်
တစ်ဆို့လာမှုနှင့်အတူ သူ၏အမြင်အာရုံအား အရည်ကြည်အချို့က
လာရောက် ကာစီးကြကုန်၏။

စိတ်ဟာအေးချမ်းသွားသော်လည်း
နှလုံးသားဟာပင်ပန်းနေခဲ့သည်။

"မငိုနဲ့လေအသက်"

ပါးပြင်ပေါ်သို့စီးကျလာသောမျက်ရည်စီးကြောင်းတို့ကို လက်မဖြင့်ဖိသုတ်ပေးရင်း အနှီကလေးငယ်အားအငိုတိတ်ရန်ချော့မိသည်။
နံဘေး၌ မေ့မျောနေသောလူတစ်ယောက်ထက်ကို
သူ၏ချစ်ရသူငိုသည်ကပိုမို၍အရေးတကြီးဖြစ်နေခဲ့သည်။

"လေးလေးငယ်....ကျွန်တော်..."

သက်ပိုင် သူ၏အရှေ့မှ လေးလေးငယ်အား ဖက်တွယ်မိတော့ လေးလေးငယ်ဟာသူ့အားပြန်လည်၍ ထွေးပွေ့လာ၏။

ထို့နောက်သူ၏ကျောပြင်အားပုတ်ပေးရင်း

"အဆင်ပြေသွားမှာပါ...စိတ်ကိုလျှော့...လေးလေးငယ်ရှိတယ်"

ယနေ့ မိုးအုံ့သည်....
အုံ့စိုင်းနေသောတိမ်စိုင် တိမ်ခဲတို့နှင့်အတူ
သူ၏ကောင်လေးငယ်၏စိတ်တို့ဟာလည်း ရှုပ်ထွေးမှိုင်းညှို့ခဲ့၏။

*******

"အကိုမျိုးဆက်ကရော"

ခပ်တိုးတိုးပေါ်ထွက်
လာတဲ့မေးခွန်းဟာ
နံဘေးရှိ အကောင်ပေါက်ထံမှ။
အခုမှငိုရတာမောသွားသည်ထင်ပါရဲ့ သူ့ဘေးမှာငြိမ်ငြိမ်လေးထိုင်ရင်း မြေပြင်ကိုသာစိုက်ကြည့်နေလေရဲ့။

"စက်လင်းလျှံကိုလာကြိုခိုင်းလိုက်တယ်"

ထိုအခါ
"အော်...."ဟုသာတစ်လုံးပြော၍ ပြန်လည်တိတ်ဆိတ်သွားပြန်၏။

"လေးလေးငယ်"

"အင်း"

"ကျွန်တော့်ကြောင့်လား"

မေးလာသည့်မေးခွန်းဟာ အစနှင့်အဆုံးဟူ၍မရှိ။
စိုင်းနားမလည်သည့်ဟန်နှင့် ခေါင်းအားစောင်းလိုက်ရင်း

"ဘာကိုလဲ"

"ထွက်သွားတော့မယ်ဆို"

ပေါ်ထွက်လာသည့်စကားလုံးများဟာစိုင်းအား ချောက်နက်တစ်ခုဆီသို့ဆွဲချလိုက်သလို။
သက်ပိုင်ဘယ်လိုလုပ်သိသွားရတာလဲ။

"ဘာကြောင့်လဲ"

"ဒီတိုင်း...."

"ကျွန်တော့်ကြောင့်မဟုတ်လား"

"....."

ဤမေးခွန်းအတွက်စိုင်း၌ အဖြေမရှိခဲ့။
ငါကဘယ်လိုလုပ်ဖြေနိုင်မှာလဲအသက်ရာ။
မေးခွန်းတွေသိပ်မသတ်ပါနဲ့လား။

"ဟုတ်နေခဲ့တာပဲ.....
ဒါဆိုရင်ပြီးဆုံးသွားပြီပေါ့နော်"

"ဟင်"

"စိတ်မပူပါနဲ့လေးလေးငယ်
ရှေ့ဆက်တိုးဖို့မဖြစ်နိုင်တော့တဲ့အပြင်
နောက်ဆုတ်ဖို့ကလည်း သိပ်နောက်ကျသွားပြီမလား။
စိတ်မပူပါနဲ့ ကျွန်တော်ဒီနားလေးမှာပဲရပ်နေပေးပါ့မယ်"

"ကျွန်တော့်အတွက်တော့ အချစ်ဆိုတာလေးလေးငယ်လိုအပ်တိုင်းဘေးနားမှာရှိနေပေးတာဖြစ်ပြီး
လေးလေးငယ်မလိုတော့ရင်
ဘေးကိုရှောင်ထွက်ပေးလိုက်တာပါပဲ။

သေချာတာကတော့ မလှမ်းကမ်းလေးကနေ လေးလေးငယ်ကိုအမြဲငေးနေခဲ့ပါတယ်"

စိုင်း သက်ပိုင်အား မယုံနိုင်စွာကြည့်မိတော့ သက်ပိုင်ဟာသူ့ကိုကြည်မနေခဲ့ပဲ ကောင်းကင်ကိုသာမော့ကြည့်နေခဲ့သည်။
ယနေ့တိမ်တွေနီနေသည်...မကြာခင်မုန်တိုင်းလာတော့မည်ဖြစ်သည်။

"လေးလေးငယ်ရဲ့စကားတိုင်းက
ကျွန်တော့်အတွက်တော့အမိန့်စကားဖြစ်ပြီး
လေးလေးငယ်ဆန္ဒတစ်ခုမှာကျွန်တော့်ရဲ့အသက်ကိုတောင်ရင်းနိုင်ပါတယ်
လေးလေးငယ်။
ဒါဟာ ပါးစပ်ဖျားမှာသာရှိတဲ့စကား
မဟုတ်ပဲ နှလုံးသားထဲကနေလာတဲ့ လေးလေးငယ်တစ်ယောက်တည်းအတွက်ဖြစ်တည်လာတဲ့စိတ်ခံစားချက်တွေပါ"

"ဘာကြောင့်လဲ သက်ပိုင်...ဘာလို့ငါ့ကိုအဲ့လောက်ထိ.."

"ကျွန်တော်လေးလေးငယ်ကိုချစ်တယ်...
လေးလေးငယ်ဖြစ်နေသရွေ့ကျွန်တော်ချစ်နေမှာပဲ...လေးလေးငယ်ကိုယ်တိုင်ကိုကကျွန်တော်မြတ်နိုးရတဲ့အကြောင်းပြချက်ပါပဲ"

သက်ပိုင်က သူ၏မျက်လုံးများကိုစိုက်ကြည့်လာခိုက်....
သက်ပိုင်၏
ပယင်းရောင်မျက်ဝန်းတို့ဟာ အရောင်မှိန်ဖျော့နေခဲ့သည်။
သို့သော်အချစ်မေတ္တာအရိပ်တို့ကတော့ မီးတောက်တစ်ခုသဖွယ်တောက်လောင်နေခဲ့၏။

"လေးလေးငယ်ရဲ့အလိုကျဖြစ်စေရပါ့မယ်လေးလေးငယ်။
လွမ်းနာကျပြီးသေသွားခဲ့ရင်တောင်ကျွန်တော်လေးလေးငယ်မျက်စိရှေ့လုံးဝပေါ်မလာအောင်ကြိုးစားမှာပါ"

"သက်ပိုင်"

စိုင်း သက်ပိုင်၏နာမည်ကိုသာခေါ်နိုင်ခဲ့၍ကျန်သောစကားလုံးများကိုတော့ဆက်လက်၍မပြောနိုင်ခဲ့။
သက်ပိုင်ဟာ သူ့အားခပ်ဖျော့ဖျော့ပြုံးပြသည်။

ထို့နောက် ထိုင်ရာမှထလာ၍ သူ၏နှဖူးပေါ်ရှိဆံပင်တို့အားသပ်တင်လိုက်ကာ
အနမ်းတပွင့်ကိုခြွေ၏။

"လေးလေးငယ်ကိုချစ်တယ်....
ပျော်ရွှင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ် ကျွန်တော့်ရဲ့လေးလေးငယ်"

လေးလေးငယ်ဟာ သူ့ကိုအရည်ကြည်များရစ်ဝိုင်းနေသောမျက်ဝန်းတစ်စုံနှင့်စိုက်ကြည့်နေခဲ့သည်။
ဒါကဘာလဲ...ကျွန်တော့်ကိုအားနာနေတာလား လေးလေးငယ်။

သက်ပိုင် နာကျင်စွာတချက်ရယ်လိုက်ရင်း
ထိုနေရာမှာကျောခိုင်းလှည့်ထွက်လာခဲ့မိသည်။

အရာအားလုံးဟာပြီးဆုံးသွားခဲ့ပြီပင်။
ဒါဟာ သူနှင့်လေးလေးငယ်၏အဆုံးသတ်ပင်။

တဖတ်သတ်မကလို့ ဘယ်ကပဲသတ်သတ်ပါလေ။
တဖက်ကသတ်တဲ့သူက လေးလေးငယ်ဖြစ်နေဖို့ပဲလိုတယ်။

မပိုင်နိုင်တဲ့အရာကို မတပ်မက်ရဘူးလို့ ရင့်ကျက်ခြင်းတွေရှာတဲ့အထဲမှာကျွန်တော်တွေ့ခဲ့ရပါတယ်။

ကျွန်တော့်ရဲ့အချစ်တွေအားလုံးကို လေးလေးငယ်ရဲ့နဖူးမှာခြွေခဲ့တဲ့အနမ်းတစ်ပွင့်ထဲမှာ ထည့်သိမ်းပေးခဲ့ပါတယ်လေးလေးငယ်။

ကျွန်တော့်ရဲ့ကံကောင်းမှုတွေဟာ
လေးလေးငယ်ဆီသို့ရောက်ပါစေ...
ကျွန်တော့်ရဲ့ပျော်ရွှင်မှုတွေကိုလေးလေးငယ်ကပိုင်ဆိုင်ပါစေ။

ဒဏ်ရာတွေများစွာနဲ့13နှစ်အရွယ်ကလေးတစ်ယောက်ကို ပွေ့ဖက်ပေးခဲ့တဲ့တစ်ဦးတည်းသောလူဟာလေးလေးငယ်ဖြစ်ခဲ့၍
သူဟာလည်း လေးလေးငယ်တစ်ဦးတည်းကိုသာ ခင်တွယ်ခဲ့သည်။

အမာရွတ်များနှင့်ကြောက်ဖို့ကောင်းလှပါချေရဲ့ဆိုသည့် ထိုသူဟာ
သက်ပိုင်အတွက်တော့ သိပ်ကိုမြတ်နိုးချင်စရာကောင်းခဲ့သတဲ့။

13နှစ်အရွယ်ကလေးလေးတစ်ယောက်ဟာ သူ့ထက် ဆယ်စုနှစ်တစ်ခုကြီး
သည့် အမျိုးသားတစ်ယောက်ကို မေတ္တာရှိခဲ့ပါသတဲ့။

ကလေးတစ်ယောက်ဖြစ်နေခဲ့လို့စိတ်ကစားခဲ့ခြင်းမဟုတ်ခဲ့ပဲ
သူဟာ ယင်းအမျိုးသားကို 13နှစ်တိုင်စောင့်နေခဲ့သလို
ဤ13နှစ်အတွင်းမှာလည်း
ထိုလူထံ၌သာ ဖြစ်တည်သောမေတ္တာတို့ဟာ မြေမှုန်တမှုန်စာပင်လျော့နည်းသွားခြင်းမရှိခဲ့။

သာ၍တိုးလာသော မေတ္တာတရားတို့ဟာစစ်မှန်တာထက်ပိုခဲ့ပါ၏။

သို့သော် ..........။

ချစ်ခြင်းတွေများ ကြောက်ဖို့ကောင်းလိုက်ပုံများ။
ကိုယ်ပေးသလောက် ပြန်မရတာထက် ကိုယ်ဘယ်လောက်ပေးပေး သူကမယူတဲ့အခါ နာကျင်လိုက်ရတာများဆိုတာ သွေးစိမ်းစိမ်းရှင်အောင်ထွက်နေသလိုပါပဲလား။

********

စိုင်း လှည့်ထွက်သွားသော
ကျောပြင်ငယ်ကို မြင်ကွင်းမှ ပျောက်သွားသည်အထိစိုက်ကြည့်နေခဲ့မိသည်။

သက်ပိုင်နှင့်သူဟာ တကယ့်ကိုဝေးခဲ့ပြီပင်။

"ဟေ့ကောင်လေး
မင်းနာမည်ဘယ်လိုခေါ်လဲ"

"အောင်သက်ပိုင်ပါ"

"အသက်ကကော"

"ဆယ့်..ဆယ့်နှစ်"

"ငယ်သေးတာပဲ...
အကိုလို့ခေါ် ငါ့ကို"

"လေးလေးငယ်.."

ပထမဆုံး တွေ့ဆုံမှု....။

"လေးလေးငယ်"

"အင်း"

"ကျေးဇူးပါ"

"ဘာလို့လဲ"

"သားကိုဖက်ပေးလို့"

"ကျေးဇူးတင်ရင် မင်းကဘာပြန်ပေးမှာလဲ"

"သားကြီးလာရင်...."

"အမ် မင်းကြီးလာရင်?"

"လေးလေးငယ်ကို ပြန်ပြီးကျောပိုးမယ်"

ပထမဆုံး ပေါက်စ
ပေးခဲ့တဲ့ကတိ။

"ကျွန်တော်က လေးလေးငယ်ရဲ့တူ
မဖြစ်ချင်ဘူး"

"လေးလေးငယ်..."

"အင်း"

"မြန်မြန်ပြန်လာခဲ့နော်...."

"သား လေးလေးငယ်ကိုစောင့်နေမှာ"

ဒါပေမဲ့ သူပြန်မလာနိုင်ခဲ့ဘူး.....
သက်ပိုင်ဆိုတဲ့ကောင်လေးကတော့ သူ့ကို13နှစ်ကြာစောင့်နေခဲ့တာ...
သိပ်ကိုကတိတည်တဲ့ကောင်လေး။

"ကြောက်လို့ပါ..လေးလေးငယ်မုန်းသွားမှာကို"

သူမုန်းသွားမှာကိုကြောက်လို့ အော်ငိုခဲ့တဲ့ကောင်လေး။

"ကျွန်တော်မှ အိမ်ပြန်လမ်းမသိတာလေးလေးငယ်ရယ်"

ဒဏ်ရာများစွာနဲ့ ကြောက်စရာကောင်းတဲ့အတိတ်တွေရှိတဲ့ကောင်လေးကို
စိုင်းက ဒဏ်ရာအသစ်တွေထပ်ပေးလိုက်မိပြီဖြစ်သည်။

ဒဏ်ရာရပြီးသား နှလုံးသားနှစ်စုံဟာ
ကုစားနိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
အတိတ်ကိုယ်စီနဲ့လူတွေမှာ အကြောင်းပြချက်ကိုယ်စီရှိခဲ့ကြပါရဲ့။

မချစ်လို့မဟုတ်ပဲ သတ္တိမရှိခဲ့ခြင်းသာ....။
သူဟာလည်း မျိုးဆက်လို့ရှောင်ပြေးခဲ့မိပြီပင်။

ဘယ်အချိန်မှ ကျက်မည်မှန်းမသိသေးသည့် ဒဏ်ရာတွေနဲ့ သူ့ကလေးငယ်ကိုဒုက္ခမပေးချင်မိခဲ့။
သူပျောက်ကွယ်သွားတာက သက်ပိုင်အတွက်အကောင်းဆုံးဟုထင်ခဲ့မိသည်။

သူလုပ်နေတာတွေဟာမှန်ရဲ့လား...။
နာကျင်နေတဲ့နှလုံးသားတစ်စုံထဲမှာ နောင်တ တရားတို့ဟာ ငြိတွယ်ခဲ့ပြီး ကြောက်စိတ်တို့က နှလုံးသား၏အတွင်းနံရံတွေကြားထဲမှာခိုအောင်းနေခဲ့သည်။

မီးမြိုက်ထားသလိုခံစားချက်ကသူ့ကိုသတ်နေသလို။

"လူအချို့ကပြောတယ်။
ကျွန်တော်တို့
တစ်ယောက်ယောက်
နဲ့အတူဦးပိန်တံတားအဆုံးထိလျှောက်တဲ့အခါကျ အဲ့လူနဲ့ဖူးစာဆုံတယ်တဲ့
အချို့ကျတော့လည်း အဲ့လူနဲ့ တသက်လုံးအတူနေသွားရတယ်တဲ့။
ယုံတမ်းလား အမှန်တကယ်လားတော့ ကျွန်တော်လည်းမသိဘူးရယ်"

အဲ့သည် ယုံတမ်းစကားတွေသာအမှန်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့နှစ်ယောက်
ပေါင်းဖက်နိုင်မယ်လို့ထင်လား အသက်...။အမှန်တကယ်ဖြစ်ရင်သိပ်ကောင်းမယ်...ငါဟာဖြစ်နိုင်ရင်မင်းအနားမှာတသက်လုံးနေချင်ပါရဲ့ ကလေးငယ်။

"လေးလေးငယ်ရဲ့အလိုကျဖြစ်စေရပါ့မယ်လေးလေးငယ်။
လွမ်းနာကျပြီးသေသွားခဲ့ရင်တောင်ကျွန်တော်လေးလေးငယ်မျက်စိရှေ့လုံးဝပေါ်မလာအောင်ကြိုးစားမှာပါ"

အတိတ်ယန္တရားရှိ အတွေးစတို့က ပြန်လည်ပေါ်ပေါက်လာခိုက် နှလုံးသားဟာမီးလောင်တိုက်သွင်း ခံလိုက်ရသကဲ့သို့။

"ကျွန်တော်လေးလေးငယ်ကိုချစ်တယ်"

ထိုစကားကို နား၌ပြန်ကြားယောင်လာခိုက် လျှောက်နေသည့်ခြေလှမ်းတို့ဟာတန့်ကနဲ။
နောင်တ တရားတဲ့။

ပယင်းရောင်မျက်ဝန်းတို့ထဲမှာ မျက်ရည်တို့ဟာကျန်ပါသေးရဲ့လားကလေးငယ်။
တနေ့ကျ မင်းမျက်ရည်တွေကိုသုတ်ပေးမဲ့သူပေါ်လာမလား။

မင်းလက်တွေကိုဖမ်းဆုပ်ထားတဲ့
သူဟာကောရှိလာမလား။
မင်းကိုပွေ့ဖက်ပေးမဲ့သူ
မင်းကိုပြုံးပြမဲ့သူ
မင်းနဲ့တစ်ဘဝလုံးရှိနေပေးသွားမဲ့သူ။

ခံစားရတာမကောင်းဘူး ပေါက်စ...။
နာကျင်ရတယ်...အဆုံးမဲ့ချောက်ကမ်းပါးထိပ်မှာရပ်နေရတဲ့ခံစားချက်၊ သံဆူးကြိုးတစ်ခုကနှလုံးသားကိုလာပြီးရစ်ပတ်ထားသလိုမျိုး တင်းကျပ်ပြီး နာကျင်နေရတယ်။

ကြောက်တယ် ကလေးငယ်....
မင်းဘေးနားရှိမဲ့သူက ငါမဟုတ်တဲ့အခြားတစ်ယောက်ဆိုတာတွေးလိုက်မိတိုင်း နောင်တ တရားတွေက မင်းရဲ့လေးလေးငယ်ကိုအသေသတ်နေသလိုပဲ။

"ပျော်ရွှင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ် လေးလေးငယ်"

ထိုစကားဟာ စိုင်း၏ခေါင်းထဲသို့ဝင်လာခိုက်တွင်တော့ စိုင်းပိုမို၍သေချာသွားရသည်။

ဟုတ်တာပေါ့...ပျော်ရွှင်မှု...
သူ့ရဲ့ပျော်ရွှင်မှုဟာ သက်ပိုင်ပင်။
သက်ပိုင်မရှိရင်သူပျော်နိုင်မည်လို့မထင်။
သက်ပိုင်ဟာသူ၏ ပျော်ရွှင်မှု၊သူ၏ အသည်းကညာပင်တည်း။

စိုင်း ခြေလှမ်းတို့ အနောက်သို့ပြန်လည်လှည့်လိုက်မိသည်။

"လေးလေးငယ်က သားကိုထားသွားမှာလားဟင်"

ငယ်ငယ်ကအသံတိုးတိုးလေးနှင့်မေးခဲ့သည့် မေးခွန်းငယ်။

"မင်း ငါ့လိုမျိုးမဖြစ်စေနဲ့...
ငါတို့နောင်တရတဲ့အချိန်မှာသူတို့ကငါတို့အနားမှာရှိချင်မှရှိနေတော့မှာလေ"

မျိုးဆက်၏ စကားကိုပြန်လည်ကြား​ယောင်လာခိုက်တွင်တော့ စိုင်းခပ်ရေးရေးပြုံးလိုက်မိသည်။
သူမျိုးဆက်လိုအမှားမျိုး မလုပ်နိုင်ချေ။

သူသေချာပေါက် သက်ပိုင်၏နံဘေးမှာတစ်သက်လုံးရှိနေချင်ပါ၏။
မင်းအပေါ်မှာ တစ်ခေါက်ကလေးတော့အတ္တကြီးပါရစေ အသက်။
ဒီထားမိလိုက်တဲ့အတ္တဟာ ငါ့ဘဝတစ်ခုလုံးကိုရည်ညွှန်းပါရဲ့။

ငါ့ရဲ့ထာဝရကို မင်းကိုပေးပါတယ်...ကလေးငယ်။

ကောင်းကင်ကိုမော့ကြည့်မိတော့ တိမ်တွေကပိုမိုနီကာ လေကလည်းအနည်းငယ်စတင်တိုက်နေပြီပင်။

လေးလေးငယ်ကို ခဏပဲစောင့်ပေးပါ။

***

မိနစ်အနည်းငယ်ကြာအပြီးတွင်တော့ မြစ်ကမ်းနံဘေး၌ ထိုင်နေသော ကောင်လေးကို ကားပေါ်မှတဆင့်တွေ့လိုက်ရ၏။

ကမ်းနံဘေးသို့ကားအားထိုးရပ်လိုက်ရင်း ကားပေါ်မှအလျင်ဆင်းလိုက်သည်။
ထိုအခါ သက်ပိုင်ကလှည့်ကြည့်လာ၍
သူ့ကိုမြင်သည့်အချိန်တွင်တော့ အံ့သြတကြီးနှင့်မတ်တပ်ထရပ်သည်။

"လေးလေးငယ်...."

စိုင်း သက်ပိုင်ဆီသို့ပြေးသွားလိုက်ရင်း
အနားသို့ရောက်သည့်အချိန်တွင်တော့ ကောင်လေးငယ်အား ဆွဲကာဖက်လိုက်၏။

"မုန်တိုင်းလာတော့မှာ အသက်"

"......."

"လေးလေးငယ်နဲ့အတူ အိမ်ပြန်ရအောင်"

ငါ့ဒဏ်ရာတွေကို မင်းရဲ့မေတ္တာတွေနဲ့ကုစားပေးပါ အသက်....
အဖိုးအခအနေနဲ့ မြတ်နိုးခြင်းနဲ့ဘဝတစ်ခုလုံးကို ပြန်ပေးပါ့မယ်လေ။

*****

Alexander AN
Jul.2.2023

မုန်တိုင်းပြီးရင် ဘာလာသလဲ အချစ်တို့😼✌

အညိုလေးဒီအပိုင်းကို တစ်လလောက် ဇာတ်ညွှန်းရေးခဲ့ရတာမို့ အညို့ကိုအားပေးတဲ့အနေနဲ့ Voteနဲ့ Comလေးတွေပေးဖို့မမေ့ခဲ့ပါနဲ့ဗျ။

*****

စိုင္း မ်ိဳးဆက္ အားကားဆီသို႔ ျပန္လည္ေခၚေဆာင္ေနခိုက္ ႐ုတ္တရက္
သူ႕ႏႈတ္ခမ္းမ်ားဆီသို႔ လာေရာက္ဖိကပ္လာေသာမ်ိဳးဆက္၏ႏႈတ္ခမ္းလႊာတို႔။

႐ုတ္ခ်ည္းဆန္လွသည္မို႔ ျပန္လည္တြန္းကန္ဖို႔ရန္အတြက္ မျဖစ္ႏိုင္ခဲ့
ႏႈတ္ခမ္းပါးတို႔ထိကပ္လာခိုက္ စိတ္အစုံဟာ ေဒါသအေငြ႕တို႔ေတာက္ေလာင္စြာ။
ျပန္လည္၍ ႐ိုက္ႏွက္ပစ္ရန္ ၾကံ႐ြယ္လိုက္ပါေသာ္လည္း အ႐ွိန္အဟုန္
ျပင္းျပင္း၏ေျခေထာက္တစ္ဖက္က မ်ိဳးဆက္၏ဗိုက္အေပၚသို႔ သူ႕အစား
ေရာက္ႏွင့္ေနခဲ့ၿပီးသား။

ယင္းကန္ခ်က္ေၾကာင့္ မ်ိဳးဆက္ဟာကား႐ွိရာဘက္သို႔လႊင့္ထြက္သြား၍
ကား၏ကိုယ္ထည္ႏွင့္ေက်ာကုန္းကသြားကာေဆာင့္မိသြားသည္။
ကန္လိုက္သည့္သူဟာေတာ့ မည္သူပင္မဟုတ္......သူ၏ ခ်စ္လွစြာေသာအသက္။

နဂိုကအရက္မူး၍ လမ္းပင္မေလွ်ာက္ႏိုင္ေတာ့ေသာ မ်ိဳးဆက္ဟာေတာ့
သက္ပိုင္၏ကန္ခ်က္ကိုလက္ခံရယူၿပီးခ်ိန္တြင္ ကားကိုယ္ထည္အားမွီ၍ ေျမျပင္ေပၚ၌ဖင္ထိုင္လ်က္က်ကာ ေမ့ေမ်ာသြားေလသည္။

စိုင္း သက္ပိုင္အားတခ်က္ငဲ့ၾကည့္မိေတာ့
နီရဲေနေသာမ်က္ဝန္းတစ္စုံဟာ ေလာင္ေလာင္ၿမိဳက္ၿမိဳက္
ခပ္ရဲရဲႏႈတ္ခမ္းပါးတို႔ဟာ ေသြးအေရာင္လႊမ္းေန၍ သြားျဖင့္ကိုယ့္ဘာသာျပန္လည္ဖိကိုက္ထားဟန္။
တင္းတင္းႀကိတ္ထားေသာအံ ႏွင့္အတူ
လည္ပင္းႏွင့္နဖူး႐ွိ
အေၾကာစိမ္းတို႔ဟာလည္း ေထာင္လ်က္ႏွင့္။

တုန္ရီေနေသာ ခႏၶာကိုယ္ႏွင့္အတူ
ေဒါသမီးတို႔အား ထိန္းခ်ဳပ္ေနဟန္။
သူ၏သက္ပိုင္မွာတကယ့္ပင္စိတ္တိုေနျခင္း။

"သက္ပိုင္..."ဟူ၍ခပ္တိုးတိုးေခၚလိုက္ေတာ့အႏွီလူငယ္ဟာ သူ႕ကိုလွည့္ၾကည့္လာ႐ွာ၏။
နီရဲေနေသာမ်က္လုံးေထာင့္မ်ားဟာ ေဒါသေၾကာင့္မဟုတ္ ပူေဆြးမႈ၊ဝမ္းနည္းမႈတို႔ေၾကာင့္သာလွ်င္။

ထို႔ေနာက္ သူ႕အားေၾကကြဲစြာေခၚလွသည့္နာမ္စားေလးကား

"ေလးေလးငယ္...."

စိုင္း သက္ပိုင္၏တုန္ရီေနေသာလက္တဖက္အနားသို႔ လက္အားလွမ္းလိုက္ရင္း ခပ္သာသာဆုပ္ကိုင္လိုက္ေတာ့ လက္ေခ်ာင္းကေလးမ်ားကေအးစက္စက္ရယ္။

"အဆင္ေျပပါတယ္ သက္ပိုင္...."

မၾကာေသးခင္ကပင္ ေလာင္ၿမိဳက္ေတာက္ကြၽမ္းေနေသာ
စိတ္တို႔ဟာယခုအခ်ိန္၌ ဘယ္ေဂ်ာင္ကိုမ်ားခိုကပ္ကုန္ၾကပါသနည္း။
သူ၏လက္ေခ်ာင္းမ်ားကိုဆုပ္ကိုင္လာေသာ ခပ္ၾကမ္းၾကမ္းလက္တစ္စုံဟာမည္မွ်ေတာင္ေႏြးေထြးလိုက္ပါသလဲေလ။

လည္ေခ်ာင္းတြင္
တစ္ဆို႔လာမႈႏွင့္အတူ သူ၏အျမင္အာ႐ုံအား အရည္ၾကည္အခ်ိဳ႕က
လာေရာက္ ကာစီးၾကကုန္၏။

စိတ္ဟာေအးခ်မ္းသြားေသာ္လည္း
ႏွလုံးသားဟာပင္ပန္းေနခဲ့သည္။

"မငိုနဲ႔ေလအသက္"

ပါးျပင္ေပၚသို႔စီးက်လာေသာမ်က္ရည္စီးေၾကာင္းတို႔ကို လက္မျဖင့္ဖိသုတ္ေပးရင္း အႏွီကေလးငယ္အားအငိုတိတ္ရန္ေခ်ာ့မိသည္။
နံေဘး၌ ေမ့ေမ်ာေနေသာလူတစ္ေယာက္ထက္ကို
သူ၏ခ်စ္ရသူငိုသည္ကပိုမို၍အေရးတႀကီးျဖစ္ေနခဲ့သည္။

"ေလးေလးငယ္....ကြၽန္ေတာ္..."

သက္ပိုင္ သူ၏အေ႐ွ႕မွ ေလးေလးငယ္အား ဖက္တြယ္မိေတာ့ ေလးေလးငယ္ဟာသူ႕အားျပန္လည္၍ ေထြးေပြ႕လာ၏။

ထို႔ေနာက္သူ၏ေက်ာျပင္အားပုတ္ေပးရင္း

"အဆင္ေျပသြားမွာပါ...စိတ္ကိုေလွ်ာ့...ေလးေလးငယ္႐ွိတယ္"

ယေန႔ မိုးအုံ႔သည္....
အုံ႔စိုင္းေနေသာတိမ္စိုင္ တိမ္ခဲတို႔ႏွင့္အတူ
သူ၏ေကာင္ေလးငယ္၏စိတ္တို႔ဟာလည္း ႐ႈပ္ေထြးမိႈင္းညိႇဳ႕ခဲ့၏။

*******

"အကိုမ်ိဳးဆက္ကေရာ"

ခပ္တိုးတိုးေပၚထြက္
လာတဲ့ေမးခြန္းဟာ
နံေဘး႐ွိ အေကာင္ေပါက္ထံမွ။
အခုမွငိုရတာေမာသြားသည္ထင္ပါရဲ႕ သူ႕ေဘးမွာၿငိမ္ၿငိမ္ေလးထိုင္ရင္း ေျမျပင္ကိုသာစိုက္ၾကည့္ေနေလရဲ႕။

"စက္လင္းလွ်ံကိုလာႀကိဳခိုင္းလိုက္တယ္"

ထိုအခါ
"ေအာ္...."ဟုသာတစ္လုံးေျပာ၍ ျပန္လည္တိတ္ဆိတ္သြားျပန္၏။

"ေလးေလးငယ္"

"အင္း"

"ကြၽန္ေတာ္႕ေၾကာင့္လား"

ေမးလာသည့္ေမးခြန္းဟာ အစႏွင့္အဆုံးဟူ၍မ႐ွိ။
စိုင္းနားမလည္သည့္ဟန္ႏွင့္ ေခါင္းအားေစာင္းလိုက္ရင္း

"ဘာကိုလဲ"

"ထြက္သြားေတာ့မယ္ဆို"

ေပၚထြက္လာသည့္စကားလုံးမ်ားဟာစိုင္းအား ေခ်ာက္နက္တစ္ခုဆီသို႔ဆြဲခ်လိုက္သလို။
သက္ပိုင္ဘယ္လိုလုပ္သိသြားရတာလဲ။

"ဘာေၾကာင့္လဲ"

"ဒီတိုင္း...."

"ကြၽန္ေတာ္႕ေၾကာင့္မဟုတ္လား"

"....."

ဤေမးခြန္းအတြက္စိုင္း၌ အေျဖမ႐ွိခဲ့။
ငါကဘယ္လိုလုပ္ေျဖႏိုင္မွာလဲအသက္ရာ။
ေမးခြန္းေတြသိပ္မသတ္ပါနဲ႔လား။

"ဟုတ္ေနခဲ့တာပဲ.....
ဒါဆိုရင္ၿပီးဆုံးသြားၿပီေပါ့ေနာ္"

"ဟင္"

"စိတ္မပူပါနဲ႔ေလးေလးငယ္
ေ႐ွ႕ဆက္တိုးဖို႔မျဖစ္ႏိုင္ေတာ့တဲ့အျပင္
ေနာက္ဆုတ္ဖို႔ကလည္း သိပ္ေနာက္က်သြားၿပီမလား။
စိတ္မပူပါနဲ႔ ကြၽန္ေတာ္ဒီနားေလးမွာပဲရပ္ေနေပးပါ့မယ္"

"ကြၽန္ေတာ္႕အတြက္ေတာ့ အခ်စ္ဆိုတာေလးေလးငယ္လိုအပ္တိုင္းေဘးနားမွာ႐ွိေနေပးတာျဖစ္ၿပီး
ေလးေလးငယ္မလိုေတာ့ရင္
ေဘးကိုေ႐ွာင္ထြက္ေပးလိုက္တာပါပဲ။

ေသခ်ာတာကေတာ့ မလွမ္းကမ္းေလးကေန ေလးေလးငယ္ကိုအၿမဲေငးေနခဲ့ပါတယ္"

စိုင္း သက္ပိုင္အား မယုံႏိုင္စြာၾကည့္မိေတာ့ သက္ပိုင္ဟာသူ႕ကိုၾကည္မေနခဲ့ပဲ ေကာင္းကင္ကိုသာေမာ့ၾကည့္ေနခဲ့သည္။
ယေန႔တိမ္ေတြနီေနသည္...မၾကာခင္မုန္တိုင္းလာေတာ့မည္ျဖစ္သည္။

"ေလးေလးငယ္ရဲ႕စကားတိုင္းက
ကြၽန္ေတာ္႕အတြက္ေတာ့အမိန္႔စကားျဖစ္ၿပီး
ေလးေလးငယ္ဆႏၵတစ္ခုမွာကြၽန္ေတာ္႕ရဲ႕အသက္ကိုေတာင္ရင္းႏိုင္ပါတယ္
ေလးေလးငယ္။
ဒါဟာ ပါးစပ္ဖ်ားမွာသာ႐ွိတဲ့စကား
မဟုတ္ပဲ ႏွလုံးသားထဲကေနလာတဲ့ ေလးေလးငယ္တစ္ေယာက္တည္းအတြက္ျဖစ္တည္လာတဲ့စိတ္ခံစားခ်က္ေတြပါ"

"ဘာေၾကာင့္လဲ သက္ပိုင္...ဘာလို႔ငါ့ကိုအဲ့ေလာက္ထိ.."

"ကြၽန္ေတာ္ေလးေလးငယ္ကိုခ်စ္တယ္...
ေလးေလးငယ္ျဖစ္ေနသေ႐ြ႕ကြၽန္ေတာ္ခ်စ္ေနမွာပဲ...ေလးေလးငယ္ကိုယ္တိုင္ကိုကကြၽန္ေတာ္ျမတ္ႏိုးရတဲ့အေၾကာင္းျပခ်က္ပါပဲ"

သက္ပိုင္က သူ၏မ်က္လုံးမ်ားကိုစိုက္ၾကည့္လာခိုက္....
သက္ပိုင္၏
ပယင္းေရာင္မ်က္ဝန္းတို႔ဟာ အေရာင္မွိန္ေဖ်ာ့ေနခဲ့သည္။
သို႔ေသာ္အခ်စ္ေမတၱာအရိပ္တို႔ကေတာ့ မီးေတာက္တစ္ခုသဖြယ္ေတာက္ေလာင္ေနခဲ့၏။

"ေလးေလးငယ္ရဲ႕အလိုက်ျဖစ္ေစရပါ့မယ္ေလးေလးငယ္။
လြမ္းနာက်ၿပီးေသသြားခဲ့ရင္ေတာင္ကြၽန္ေတာ္ေလးေလးငယ္မ်က္စိေ႐ွ႕လုံးဝေပၚမလာေအာင္ႀကိဳးစားမွာပါ"

"သက္ပိုင္"

စိုင္း သက္ပိုင္၏နာမည္ကိုသာေခၚႏိုင္ခဲ့၍က်န္ေသာစကားလုံးမ်ားကိုေတာ့ဆက္လက္၍မေျပာႏိုင္ခဲ့။
သက္ပိုင္ဟာ သူ႕အားခပ္ေဖ်ာ့ေဖ်ာ့ျပဳံးျပသည္။

ထို႔ေနာက္ ထိုင္ရာမွထလာ၍ သူ၏ႏွဖူးေပၚ႐ွိဆံပင္တို႔အားသပ္တင္လိုက္ကာ
အနမ္းတပြင့္ကိုေႁခြ၏။

"ေလးေလးငယ္ကိုခ်စ္တယ္....
ေပ်ာ္႐ႊင္ပါေစလို႔ကြၽန္ေတာ္ဆုေတာင္းေပးပါတယ္ ကြၽန္ေတာ္႕ရဲ႕ေလးေလးငယ္"

ေလးေလးငယ္ဟာ သူ႕ကိုအရည္ၾကည္မ်ားရစ္ဝိုင္းေနေသာမ်က္ဝန္းတစ္စုံႏွင့္စိုက္ၾကည့္ေနခဲ့သည္။
ဒါကဘာလဲ...ကြၽန္ေတာ္႕ကိုအားနာေနတာလား ေလးေလးငယ္။

သက္ပိုင္ နာက်င္စြာတခ်က္ရယ္လိုက္ရင္း
ထိုေနရာမွာေက်ာခိုင္းလွည့္ထြက္လာခဲ့မိသည္။

အရာအားလုံးဟာၿပီးဆုံးသြားခဲ့ၿပီပင္။
ဒါဟာ သူႏွင့္ေလးေလးငယ္၏အဆုံးသတ္ပင္။

တဖတ္သတ္မကလို႔ ဘယ္ကပဲသတ္သတ္ပါေလ။
တဖက္ကသတ္တဲ့သူက ေလးေလးငယ္ျဖစ္ေနဖို႔ပဲလိုတယ္။

မပိုင္ႏိုင္တဲ့အရာကို မတပ္မက္ရဘူးလို႔ ရင့္က်က္ျခင္းေတြ႐ွာတဲ့အထဲမွာကြၽန္ေတာ္ေတြ႕ခဲ့ရပါတယ္။

ကြၽန္ေတာ္႕ရဲ႕အခ်စ္ေတြအားလုံးကို ေလးေလးငယ္ရဲ႕နဖူးမွာေႁခြခဲ့တဲ့အနမ္းတစ္ပြင့္ထဲမွာ ထည့္သိမ္းေပးခဲ့ပါတယ္ေလးေလးငယ္။

ကြၽန္ေတာ္႕ရဲ႕ကံေကာင္းမႈေတြဟာ
ေလးေလးငယ္ဆီသို႔ေရာက္ပါေစ...
ကြၽန္ေတာ္႕ရဲ႕ေပ်ာ္႐ႊင္မႈေတြကိုေလးေလးငယ္ကပိုင္ဆိုင္ပါေစ။

ဒဏ္ရာေတြမ်ားစြာနဲ႔13ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ကို ေပြ႕ဖက္ေပးခဲ့တဲ့တစ္ဦးတည္းေသာလူဟာေလးေလးငယ္ျဖစ္ခဲ့၍
သူဟာလည္း ေလးေလးငယ္တစ္ဦးတည္းကိုသာ ခင္တြယ္ခဲ့သည္။

အမာ႐ြတ္မ်ားႏွင့္ေၾကာက္ဖို႔ေကာင္းလွပါေခ်ရဲ႕ဆိုသည့္ ထိုသူဟာ
သက္ပိုင္အတြက္ေတာ့ သိပ္ကိုျမတ္ႏိုးခ်င္စရာေကာင္းခဲ့သတဲ့။

13ႏွစ္အ႐ြယ္ကေလးေလးတစ္ေယာက္ဟာ သူ႕ထက္ ဆယ္စုႏွစ္တစ္ခုႀကီး
သည့္ အမ်ိဳးသားတစ္ေယာက္ကို ေမတၱာ႐ွိခဲ့ပါသတဲ့။

ကေလးတစ္ေယာက္ျဖစ္ေနခဲ့လို႔စိတ္ကစားခဲ့ျခင္းမဟုတ္ခဲ့ပဲ
သူဟာ ယင္းအမ်ိဳးသားကို 13ႏွစ္တိုင္ေစာင့္ေနခဲ့သလို
ဤ13ႏွစ္အတြင္းမွာလည္း
ထိုလူထံ၌သာ ျဖစ္တည္ေသာေမတၱာတို႔ဟာ ေျမမႈန္တမႈန္စာပင္ေလ်ာ့နည္းသြားျခင္းမ႐ွိခဲ့။

သာ၍တိုးလာေသာ ေမတၱာတရားတို႔ဟာစစ္မွန္တာထက္ပိုခဲ့ပါ၏။

သို႔ေသာ္ ..........။

ခ်စ္ျခင္းေတြမ်ား ေၾကာက္ဖို႔ေကာင္းလိုက္ပုံမ်ား။
ကိုယ္ေပးသေလာက္ ျပန္မရတာထက္ ကိုယ္ဘယ္ေလာက္ေပးေပး သူကမယူတဲ့အခါ နာက်င္လိုက္ရတာမ်ားဆိုတာ ေသြးစိမ္းစိမ္း႐ွင္ေအာင္ထြက္ေနသလိုပါပဲလား။

********

စိုင္း လွည့္ထြက္သြားေသာ
ေက်ာျပင္ငယ္ကို ျမင္ကြင္းမွ ေပ်ာက္သြားသည္အထိစိုက္ၾကည့္ေနခဲ့မိသည္။

သက္ပိုင္ႏွင့္သူဟာ တကယ့္ကိုေဝးခဲ့ၿပီပင္။

"ေဟ့ေကာင္ေလး
မင္းနာမည္ဘယ္လိုေခၚလဲ"

"ေအာင္သက္ပိုင္ပါ"

"အသက္ကေကာ"

"ဆယ့္..ဆယ့္ႏွစ္"

"ငယ္ေသးတာပဲ...
အကိုလို႔ေခၚ ငါ့ကို"

"ေလးေလးငယ္.."

ပထမဆုံး ေတြ႕ဆုံမႈ....။

"ေလးေလးငယ္"

"အင္း"

"ေက်းဇူးပါ"

"ဘာလို႔လဲ"

"သားကိုဖက္ေပးလို႔"

"ေက်းဇူးတင္ရင္ မင္းကဘာျပန္ေပးမွာလဲ"

"သားႀကီးလာရင္...."

"အမ္ မင္းႀကီးလာရင္?"

"ေလးေလးငယ္ကို ျပန္ၿပီးေက်ာပိုးမယ္"

ပထမဆုံး ေပါက္စ
ေပးခဲ့တဲ့ကတိ။

"ကြၽန္ေတာ္က ေလးေလးငယ္ရဲ႕တူ
မျဖစ္ခ်င္ဘူး"

"ေလးေလးငယ္..."

"အင္း"

"ျမန္ျမန္ျပန္လာခဲ့ေနာ္...."

"သား ေလးေလးငယ္ကိုေစာင့္ေနမွာ"

ဒါေပမဲ့ သူျပန္မလာႏိုင္ခဲ့ဘူး.....
သက္ပိုင္ဆိုတဲ့ေကာင္ေလးကေတာ့ သူ႕ကို13ႏွစ္ၾကာေစာင့္ေနခဲ့တာ...
သိပ္ကိုကတိတည္တဲ့ေကာင္ေလး။

"ေၾကာက္လို႔ပါ..ေလးေလးငယ္မုန္းသြားမွာကို"

သူမုန္းသြားမွာကိုေၾကာက္လို႔ ေအာ္ငိုခဲ့တဲ့ေကာင္ေလး။

"ကြၽန္ေတာ္မွ အိမ္ျပန္လမ္းမသိတာေလးေလးငယ္ရယ္"

ဒဏ္ရာမ်ားစြာနဲ႔ ေၾကာက္စရာေကာင္းတဲ့အတိတ္ေတြ႐ွိတဲ့ေကာင္ေလးကို
စိုင္းက ဒဏ္ရာအသစ္ေတြထပ္ေပးလိုက္မိၿပီျဖစ္သည္။

ဒဏ္ရာရၿပီးသား ႏွလုံးသားႏွစ္စုံဟာ
ကုစားႏိုင္ဖို႔ဆိုတာ ျဖစ္ႏိုင္ပါ့မလား။
အတိတ္ကိုယ္စီနဲ႔လူေတြမွာ အေၾကာင္းျပခ်က္ကိုယ္စီ႐ွိခဲ့ၾကပါရဲ႕။

မခ်စ္လို႔မဟုတ္ပဲ သတၱိမ႐ွိခဲ့ျခင္းသာ....။
သူဟာလည္း မ်ိဳးဆက္လို႔ေ႐ွာင္ေျပးခဲ့မိၿပီပင္။

ဘယ္အခ်ိန္မွ က်က္မည္မွန္းမသိေသးသည့္ ဒဏ္ရာေတြနဲ႔ သူ႕ကေလးငယ္ကိုဒုကၡမေပးခ်င္မိခဲ့။
သူေပ်ာက္ကြယ္သြားတာက သက္ပိုင္အတြက္အေကာင္းဆုံးဟုထင္ခဲ့မိသည္။

သူလုပ္ေနတာေတြဟာမွန္ရဲ႕လား...။
နာက်င္ေနတဲ့ႏွလုံးသားတစ္စုံထဲမွာ ေနာင္တ တရားတို႔ဟာ ၿငိတြယ္ခဲ့ၿပီး ေၾကာက္စိတ္တို႔က ႏွလုံးသား၏အတြင္းနံရံေတြၾကားထဲမွာခိုေအာင္းေနခဲ့သည္။

မီးၿမိဳက္ထားသလိုခံစားခ်က္ကသူ႕ကိုသတ္ေနသလို။

"လူအခ်ိဳ႕ကေျပာတယ္။
ကြၽန္ေတာ္တို႔
တစ္ေယာက္ေယာက္
နဲ႔အတူဦးပိန္တံတားအဆုံးထိေလွ်ာက္တဲ့အခါက် အဲ့လူနဲ႔ဖူးစာဆုံတယ္တဲ့
အခ်ိဳ႕က်ေတာ့လည္း အဲ့လူနဲ႔ တသက္လုံးအတူေနသြားရတယ္တဲ့။
ယုံတမ္းလား အမွန္တကယ္လားေတာ့ ကြၽန္ေတာ္လည္းမသိဘူးရယ္"

အဲ့သည္ ယုံတမ္းစကားေတြသာအမွန္ျဖစ္ခဲ့မယ္ဆိုရင္ ငါတို႔ႏွစ္ေယာက္
ေပါင္းဖက္ႏိုင္မယ္လို႔ထင္လား အသက္...။အမွန္တကယ္ျဖစ္ရင္သိပ္ေကာင္းမယ္...ငါဟာျဖစ္ႏိုင္ရင္မင္းအနားမွာတသက္လုံးေနခ်င္ပါရဲ႕ ကေလးငယ္။

"ေလးေလးငယ္ရဲ႕အလိုက်ျဖစ္ေစရပါ့မယ္ေလးေလးငယ္။
လြမ္းနာက်ၿပီးေသသြားခဲ့ရင္ေတာင္ကြၽန္ေတာ္ေလးေလးငယ္မ်က္စိေ႐ွ႕လုံးဝေပၚမလာေအာင္ႀကိဳးစားမွာပါ"

အတိတ္ယႏၲရား႐ွိ အေတြးစတို႔က ျပန္လည္ေပၚေပါက္လာခိုက္ ႏွလုံးသားဟာမီးေလာင္တိုက္သြင္း ခံလိုက္ရသကဲ့သို႔။

"ကြၽန္ေတာ္ေလးေလးငယ္ကိုခ်စ္တယ္"

ထိုစကားကို နား၌ျပန္ၾကားေယာင္လာခိုက္ ေလွ်ာက္ေနသည့္ေျခလွမ္းတို႔ဟာတန္႔ကနဲ။
ေနာင္တ တရားတဲ့။

ပယင္းေရာင္မ်က္ဝန္းတို႔ထဲမွာ မ်က္ရည္တို႔ဟာက်န္ပါေသးရဲ႕လားကေလးငယ္။
တေန႔က် မင္းမ်က္ရည္ေတြကိုသုတ္ေပးမဲ့သူေပၚလာမလား။

မင္းလက္ေတြကိုဖမ္းဆုပ္ထားတဲ့
သူဟာေကာ႐ွိလာမလား။
မင္းကိုေပြ႕ဖက္ေပးမဲ့သူ
မင္းကိုျပဳံးျပမဲ့သူ
မင္းနဲ႔တစ္ဘဝလုံး႐ွိေနေပးသြားမဲ့သူ။

ခံစားရတာမေကာင္းဘူး ေပါက္စ...။
နာက်င္ရတယ္...အဆုံးမဲ့ေခ်ာက္ကမ္းပါးထိပ္မွာရပ္ေနရတဲ့ခံစားခ်က္၊ သံဆူးႀကိဳးတစ္ခုကႏွလုံးသားကိုလာၿပီးရစ္ပတ္ထားသလိုမ်ိဳး တင္းက်ပ္ၿပီး နာက်င္ေနရတယ္။

ေၾကာက္တယ္ ကေလးငယ္....
မင္းေဘးနား႐ွိမဲ့သူက ငါမဟုတ္တဲ့အျခားတစ္ေယာက္ဆိုတာေတြးလိုက္မိတိုင္း ေနာင္တ တရားေတြက မင္းရဲ႕ေလးေလးငယ္ကိုအေသသတ္ေနသလိုပဲ။

"ေပ်ာ္႐ႊင္ပါေစလို႔ကြၽန္ေတာ္ဆုေတာင္းေပးပါတယ္ ေလးေလးငယ္"

ထိုစကားဟာ စိုင္း၏ေခါင္းထဲသို႔ဝင္လာခိုက္တြင္ေတာ့ စိုင္းပိုမို၍ေသခ်ာသြားရသည္။

ဟုတ္တာေပါ့...ေပ်ာ္႐ႊင္မႈ...
သူ႕ရဲ႕ေပ်ာ္႐ႊင္မႈဟာ သက္ပိုင္ပင္။
သက္ပိုင္မ႐ွိရင္သူေပ်ာ္ႏိုင္မည္လို႔မထင္။
သက္ပိုင္ဟာသူ၏ ေပ်ာ္႐ႊင္မႈ၊သူ၏ အသည္းကညာပင္တည္း။

စိုင္း ေျခလွမ္းတို႔ အေနာက္သို႔ျပန္လည္လွည့္လိုက္မိသည္။

"ေလးေလးငယ္က သားကိုထားသြားမွာလားဟင္"

ငယ္ငယ္ကအသံတိုးတိုးေလးႏွင့္ေမးခဲ့သည့္ ေမးခြန္းငယ္။

"မင္း ငါ့လိုမ်ိဳးမျဖစ္ေစနဲ႔...
ငါတို႔ေနာင္တရတဲ့အခ်ိန္မွာသူတို႔ကငါတို႔အနားမွာ႐ွိခ်င္မွ႐ွိေနေတာ့မွာေလ"

မ်ိဳးဆက္၏ စကားကိုျပန္လည္ၾကား​ေယာင္လာခိုက္တြင္ေတာ့ စိုင္းခပ္ေရးေရးျပဳံးလိုက္မိသည္။
သူမ်ိဳးဆက္လိုအမွားမ်ိဳး မလုပ္ႏိုင္ေခ်။

သူေသခ်ာေပါက္ သက္ပိုင္၏နံေဘးမွာတစ္သက္လုံး႐ွိေနခ်င္ပါ၏။
မင္းအေပၚမွာ တစ္ေခါက္ကေလးေတာ့အတၱႀကီးပါရေစ အသက္။
ဒီထားမိလိုက္တဲ့အတၱဟာ ငါ့ဘဝတစ္ခုလုံးကိုရည္ၫႊန္းပါရဲ႕။

ငါ့ရဲ႕ထာဝရကို မင္းကိုေပးပါတယ္...ကေလးငယ္။

ေကာင္းကင္ကိုေမာ့ၾကည့္မိေတာ့ တိမ္ေတြကပိုမိုနီကာ ေလကလည္းအနည္းငယ္စတင္တိုက္ေနၿပီပင္။

ေလးေလးငယ္ကို ခဏပဲေစာင့္ေပးပါ။

***

မိနစ္အနည္းငယ္ၾကာအၿပီးတြင္ေတာ့ ျမစ္ကမ္းနံေဘး၌ ထိုင္ေနေသာ ေကာင္ေလးကို ကားေပၚမွတဆင့္ေတြ႕လိုက္ရ၏။

ကမ္းနံေဘးသို႔ကားအားထိုးရပ္လိုက္ရင္း ကားေပၚမွအလ်င္ဆင္းလိုက္သည္။
ထိုအခါ သက္ပိုင္ကလွည့္ၾကည့္လာ၍
သူ႕ကိုျမင္သည့္အခ်ိန္တြင္ေတာ့ အံ့ၾသတႀကီးႏွင့္မတ္တပ္ထရပ္သည္။

"ေလးေလးငယ္...."

စိုင္း သက္ပိုင္ဆီသို႔ေျပးသြားလိုက္ရင္း
အနားသို႔ေရာက္သည့္အခ်ိန္တြင္ေတာ့ ေကာင္ေလးငယ္အား ဆြဲကာဖက္လိုက္၏။

"မုန္တိုင္းလာေတာ့မွာ အသက္"

"......."

"ေလးေလးငယ္နဲ႔အတူ အိမ္ျပန္ရေအာင္"

ငါ့ဒဏ္ရာေတြကို မင္းရဲ႕ေမတၱာေတြနဲ႔ကုစားေပးပါ အသက္....
အဖိုးအခအေနနဲ႔ ျမတ္ႏိုးျခင္းနဲ႔ဘဝတစ္ခုလုံးကို ျပန္ေပးပါ့မယ္ေလ။

*****

Alexander AN
Jul.2.2023

မုန္တိုင္းၿပီးရင္ ဘာလာသလဲ အခ်စ္တို႔😼✌

အညိဳေလးဒီအပိုင္းကို တစ္လေလာက္ ဇာတ္ၫႊန္းေရးခဲ့ရတာမို႔ အညိဳ႕ကိုအားေပးတဲ့အေနနဲ႔ Voteနဲ႔ Comေလးေတြေပးဖို႔မေမ့ခဲ့ပါနဲ႔ဗ်။

*****

Continue Reading

You'll Also Like

1.1M 28.1K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.7M 95.2K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
3.9M 114K 116
Dr. River Johnson didn't know the consequences of sleeping with the Capo of the Sicilian Mafia. She didn't even remember his name or face. But then t...
3M 193K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...