Unicode
ဒါပေမယ့် မူလပိုင်ရှင်သည် Dongfang (သုန်းဖန်း) နိုင်ငံတကာ အထက်တန်းကျောင်းသို့ ဝင်ရောက်သွားပြီးနောက်မှာတော့ လူတွေက နတ်ဆိုးလို့ခေါ်တဲ့ အရာကို သူ(မ) နားလည်လိုက်ရသည်။
အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်းကျောင်းသားတစ်ယောက်အနေနဲ့ ဆရာ/ဆရာမများ ရည်ညွှန်းလေ့ရှိသည့် သူ(မ)သည် အတန်းဖော်တွေဆီကနေ နှောင့်ယှက်ခြင်းခံခဲ့ရသည်။ သူ(မ)ရဲ့ စားပွဲကို အမြဲတမ်း ဆေးသုတ်ထားသည်။ ဒါမှမဟုတ် ထိုင်ခုံပေါ်တွင် သံချောင်းများ ရှိနေခဲ့သည်။ တစ်ဝက်ပွင့်သောတံခါး၏ ထိပ်တွင် ရေပုံးသည် အမြဲရှိနေတတ်သည်။
တဖြည်းဖြည်းနဲ့ သူ(မ)ဟာ ဒီအသေးအမွှား ကိစ္စလေးတွေကို ကျင့်သားရလာခဲ့သည်။ မူလပိုင်ရှင်အတွက် သည်းမခံနိုင်သည့်အချက်မှာ အလုပ်သမားငယ်များသာ ဖြစ်သော သူ(မ)၏ မိဘများကို တိုက်ခိုက်ခြင်း ဖြစ်သည်။ သူတို့သည် သူ(မ)၏ဆင်းရဲသော မိသားစုကို အမြဲ တိုက်ခိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မူလပိုင်ရှင်သည် သူ(မ)၏ လေ့လာမှုအပေါ် လုံးဝ အာရုံမစိုက်နိုင်တော့ပေ။ ထို့ကြောင့် ပထမနှစ်၏ နောက်ဆုံး စာမေးပွဲတွင် သူ(မ)သည် အဆင့် ၃၅ နေရာကို ရရှိခဲ့ပြီး အတန်းတစ်တန်းလုံးက သူ(မ)အား မရပ်မနား လှောင်ပြောင်ခဲ့ကြသည်။
မူလပိုင်ရှင်သည် အသက် ၁၅ နှစ်၊ ၁၆ နှစ် အရွယ် ကျောင်းသူတစ်ဦးမျှသာ ဖြစ်သည်။ ဘယ်လောက်ပဲ စဉ်းစားချင့်ချိန်တတ်ပါစေ သူ(မ)သည် ဖိအားဒဏ်ကို မခံနိုင်ပေ။ သူ(မ)၏ မှတ်တမ်းကို ယူပြီးနောက် အိမ်မပြန်ခဲ့တော့ပေ။ သူ(မ)သည် အများပြည်သူပန်းခြံနှင့် မဝေးသော Xiaofu(ရှောင်ဖူ) မြစ်ထဲသို့ တိုက်ရိုက်ခုန်ချခဲ့သည်။
ထိုအချိန်တွင် လင်းချင်းယင်က နိုးထလာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူ(မ)နှင့် မူလပိုင်ရှင်ကြားတွင် အကြောင်းတရားနှင့် အကျိုးသက်ရောက်မှု ဖြစ်ရပ်များ အမှန်တကယ်ရှိခဲ့သည်။ လင်းချင်းယင်သည် မူလပိုင်ရှင်အတွက် လုပ်ပေးနိုင်တာက သူ(မ)မိဘတွေကို ဂရုစိုက်ပြီး တက္ကသိုလ်တက်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရန်ပင်။
သူ(မ)သည် အခန်းထဲသို့ ပြန်ဝင်ပြီး စာအုပ်များကို လှန်ကြည့်ခဲ့သည်။ အသိပညာတွေကို သူ(မ)ရဲ့ ဦးနှောက်ထဲမှာ သိမ်းဆည်းထားသော်လည်း မူလပိုင်ရှင်နဲ့ ကွာဟချက်ရှိပုံပေါ်သည်။
သူမသည် ၎င်းတို့အားလုံးကို ပထမဆုံးတစ်ချက်ကြည့်လိုက်ပြီး မှတ်မိနိုင်ပေမဲ့ နားမလည်နိုင်ပေ။ လင်းချင်းယင်သည် မူလဆရာမှ ကျွမ်းကျင်သော အသိပညာစနစ်ကို ပြန်ပြောင်းသတိရခဲ့သည်။ ဂျူနီယာ အထက်တန်းကျောင်းရှိ အဓိကဘာသာရပ်စာအုပ်များစွာကို ရှာဖွေခဲ့သည်။
ညည်းညူနေတာကို ရပ်လိုက်ပြီး စာသာ လေ့လာပါ!
အိမ်တွင် နှစ်ရက်ကြာ စာအုပ်များကို ဖတ်ပြီးနောက် လင်းချင်ယင်သည် ကြာသပတေးနေ့နံနက်တွင် အိမ်မှထွက်လာသောအခါတွင် ပြန်လည်လန်းဆန်းသလို ခံစားလိုက်ရသည်။ စာလေ့လာခြင်းထက် ဗေဒင်ဟောခြင်းကို ပိုနှစ်သက်တုန်းပင်။
သူ(မ)သည် အများပြည်သူ ပန်းခြံသို့ ပြေးကာ နောက်ဆုံးအကြိမ် သူ(မ) ထိုင်ခဲ့သောနေရာသို့ သွားခဲ့သည်။ သူ(မ)၏ကတ်ထူပြားကို ထုတ်ယူပြီး အရှေ့တွင် ချထားလိုက်သည်။
အတန်ကြာထိုင်ပြီးနောက် အဝေးမှ ဖက်တီးဝမ်သည် သူ့လက်ထဲတွင် တစ်စုံတစ်ခုကို ကိုင်ဆောင်ကာ သူ(မ)ဆီသို့ လျှောက်လာနေသည်ကို တွေ့ခဲ့သည်။ လင်းချင်းယင်က မြင်လိုက်သောအခါတွင် သူ(မ) ၏ မျက်လုံးများသည် တောက်ပလာသည်။
"ဒီအချိန်ထိ မင်း ဒီကတ်ထူပြားကို သယ်ဆောင်ထားမယ်ဆိုတာ ကျွန်တော် သိတယ်။ အဲဒီကတ်ထူပြားက မင်းရဲ့ ဆရာသခင်ပုံစံကို ထိခိုက်စေတယ်!"
ဖက်တီးဝမ်က သူ့လက်ထဲက အရာကို ဖွင့်ပြပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်-
"ဒါကို ကျွန်တော်တွေ့ခဲ့တဲ့ လက်ရေးလှ,ရေးသူ ဆရာကြီးတစ်ယောက်က ရေးထားတာပါ။ စကားလုံးနည်းနည်းပဲပါပြီး ယွမ် ၅၀၀၀ ပေးရတယ်!"
လင်းချင်းယင်သည် "ဗေဒင်ဟောခြင်း"၊ "ဗေဒင်တွက်လျှင် ယွမ် ၁၀၀၀" နှင့် စာလိပ်ပေါ်တွင် ရေးထားသော "ငွေသားသာလက်ခံသည်" ဟူသော စကားလုံးများကို စိုက်ကြည့်နေသည်။
သူ(မ)သည် ဗေဒင်ဟောခြင်းထက် ပိုက်ဆံ ပိုရှာနိုင်သည့် နည်းလမ်းကို ရှာတွေ့သွားပြီလို့ ခံစားမိလိုက်သည်။
သူ(မ)က ဒီထက် ပိုကောင်းအောင် ရေးနိုင်တယ်!
ဖက်တီးဝမ်၏ ဘဝင်ခိုက်နေသော မျက်နှာကို ကြည့်ပြီး လင်းချင်းယင်သည် ချုပ်တည်းထားဖို့ ကြိုးစားပြီး သူ့ကို မရိုက်ခဲ့ပေ။ လက်ဖွာပြီး အသုံးအဖြုန်းကြီးသောသားသည် သူ့ဘိုးဘေးများ၏ ကောင်းချီးကြောင့်သာ ကောင်းသောဘဝဖြင့် နေထိုင်နိုင်သည်။ ဒီလိုမှမဟုတ်ရင် သူ ငတ်သေတာ ကြာနေပြီ။
လင်းချင်းယင်သည် ရှေးဟောင်းသစ်ပင်အောက်ရှိ မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက်။ ဖက်တီးဝမ်သည် ဆန့်တန်းထားသော ခြေထောက်များဖြင့် နံဘေးတွင်သာ ထိုင်နေနိုင်ပြီး ရှက်ရွံ့စွာ ကြည့်နေသည်။
"အဲဒီစာအုပ်ကို မှတ်မိပြီလား"
လင်းချင်ယင်က သူ(မ)လက်ထဲမှ ကျောက်ခဲလေးတွေကို ပစ်ပေါက်ရင်း ပြောလိုက်သည်။
အပူချိန် အဆင်ပြေတယ်လို့ ခံစားရတဲ့အခါ သူ(မ)သည် ဖက်တီးဝမ်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
"အဲဒါတွေကို ကျွန်မကို ပြန်ရွတ်ပြ"
ဖက်တီးဝမ်၏ မျက်နှာသည် ရှက်စိတ်ဖြင့် နီမြန်းသွားသည်။ ဒီတစ်ခါတော့ သူသည် ကျောင်းတက်တုန်းကထက် အများကြီး အားထုတ်ထားပေမယ့် ဉာဏ်မမီတော့ဘူး။ သူသည် စာမျက်နှာတစ်ဝက်ကို မှတ်မိရန် အချိန်နှစ်ရက် ယူခဲ့သည်။
ဖက်တီးဝမ်သည် သူ၏မျက်နှာကို သုတ်လိုက်ပြီး စာအုပ်ထဲက အကြောင်းအရာတွေကို ပြန်မှတ်မိရန်ကြိုးစားလိုက်သည်။ စကားနှစ်ခွန်းလောက် ပြောပြီးနောက် အနီးနားတွင် အော်သံတစ်ခုကို ကြားလိုက်ရသည်။ ဖက်တီးဝမ်သည် လန့်ဖျပ်သွားပြီး သူ သတိပြန်ဝင်လာတဲ့အခါ ကျိန်ဆဲလုနီးပါးပင်။ အဲဒါက ဘယ်လို အော်သံလဲဟ။
"အဲဒီ ဒီမိန်းကလေးပဲ!"
စိတ်အားထက်သန်သော အဒေါ်လီသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်-
"အဲဒီနေ့က ရဲသားလေးကို ဗေဒင်ဟောပေးတဲ့သူပဲ!"
*
မာမင်ယွီ သည် ထိုနေ့က လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်အတူ ဆေးရုံသို့သွားခဲ့ပြီး အစာအိမ်ဓါတ်မှန်ရိုက်ရန် စစ်ဆေးခဲ့သည်။ လုပ်ငန်းစဉ်များ အပြီးတွင် ဆရာဝန်သည် သူ့အား သဘောတူညီချက် စာတစ်စောင်ကို ပေးခဲ့ပြီး သူ၏အစာအိမ်မှ အသားစယူပြီး စစ်ဆေးရန် နမူနာယူမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ထို့နောက် စစ်ဆေးရန်အတွက် ပိုက်ဆံ ပေးချေရန် တောင်းဆိုခဲ့သည်။ ထိုအကြောင်းကို ကြားတဲ့အခါ မာမင်ယွီသည် အံ့သြသွားလျက်။ နှစ်ရက်ကြာပြီးနောက် ရလဒ်ထွက်လာသောအခါ၊ သူသည် နောက်ထပ်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ အဲဒီနောက်မှာတော့ ဆရာဝန်သည် သူ့မှာ အစာအိမ်ကင်ဆာ အစောပိုင်းအဆင့်ရှိကြောင်း ပြောပြပြီး ဝင်ခွင့်စလစ်တစ်စောင်ကို တိုက်ရိုက်ပေးခဲ့သည်။
အန်တီလီက ဒီကိစ္စကို တွေးနေပြီး မာမင်ယွီရဲ့ အခြေအနေကို မေးရန် မနက်တိုင်း ရဲစခန်းသို့ သွားကြည့်၏။
သူသည် အစာအိမ်ကင်ဆာနဲ့ ဆေးရုံတင်ထားရတယ်လို့ ကြားသည်နှင့် ကြက်စွပ်ပြုတ်ချက်ရန် အိမ်သို့ ပြန်ပြီး အဲဒီဉာဏ်နည်းတဲ့ ကောင်စုတ်လေးဆီသို့ သွားကြည့်ခဲ့သည်။ သူ(မ) ပြန်လာသောအခါတွင် မာမင်ယွီ၏ ကုသမှုကို နှောင့်နှေးလုနီးပါး ဖြစ်သည်ဟု ဆိုကာ အန်တီကျန်းနှင့် ရန်ဖြစ်ခဲ့သည်။
အန်တီကျန်းသည် အန်တီလီ၏ အဓိပ္ပာယ်မရှိသော စကားတွေအတွက် အလွန်ဒေါသထွက်ခဲ့သည်။ ထိုရဲသားလေးသည် ငယ်ရွယ်ပုံရသဖြင့် အစာအိမ်ကင်ဆာ အဘယ်သို့ ရှိနိုင်မည်နည်း။ သူ(မ)သည် ဗေဒင်ဆရာမလေး၏ လှည့်စားခြင်း ခံခဲ့ရတာဖြစ်မည်။
၎င်းတို့နှစ်ဦး ငြင်းခုံနေကြသည်ကို မြင်လိုက်ရသဖြင့် အများပြည်သူ ပန်းခြံအတွင်းမှ စိတ်ပါဝင်စားသော ပွဲကြည့်ရှုသူများက ရဲများကို ခေါ်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ ရဲစခန်းသည် ဤအသေးအဖွဲကိစ္စများကို နှစ်ပေါင်းများစွာ ကိုင်တွယ်ဖြေရှင်းခဲ့ဖူးပြီး ၎င်းတို့ရောက်လာသည်နှင့် သူ(မ)တို့နှစ်ဦးကို ကျွမ်းကျင်စွာခွဲထုတ်ခဲ့သည်။
အန်တီလီသည် ပန်းခြံအနီးရှိ ရဲစခန်းမှ ရဲများကို တွေ့လိုက်ရသည်။ သူမသည် ၎င်းတို့ထဲမှ တစ်ယောက်ကို အန်တီကျန်း ရှေ့သို့ ဆွဲထုတ်ပြီး ပြောလိုက်သည်
"သူ(မ)ကို ပြောပြလိုက်။ ဉာဏ်နည်းတဲ့ ကောင်စုတ်လေး ဆေးရုံတင်ထားတယ်မလား။"
"ဉာဏ်နည်းတဲ့ ကောင်စုတ်လေး?"
ရဲသားသည် ခဏလောက် အံ့အားသင့်သွားသည်-
"မာမင်ယွီကို ပြောတာလား။ အိုး၊ အန်တီ စိတ်ပူစရာ မလိုပါဘူး။ သူ့မိသားစုက သူ့ကို ဂရုစိုက်ဖို့ လာခဲ့တယ်။ လာမည့်အပတ်မှာ သူက ခွဲစိတ်ကုသခြင်း ခံရလိမ့်မယ်။ ဆရာဝန်က စောစောစီးစီး တွေ့ရှိရတာ ကံကောင်းတယ်လို့ ပြောပါတယ်။ ဒဏ်ရာကို ဖြတ်တောက်ထားသမျှ သူနေကောင်းနေလိမ့်မယ်။ ပြန်ကောင်းလာဖို့နှုန်းက ၉၀ ရာခိုင်နှုန်း အထက်ပဲ"
အန်တီလီသည် အံ့အားသင့်နေသော လူအုပ်ကြီးကို ကြည့်ပြီး အန်တီကျန်းဆီသို့ ဂုဏ်ယူစွာဖြင့် သူ(မ)၏မေးစေ့ကို မြှောက်ပြလိုက်သည်-
"တွေ့လား။ ငါ မှန်တယ်!"
ခဏအကြာတွင် အန်တီလီသည် ပန်းခြံတစ်ဝိုက်ရှိ အဘွားအိုများ၏ ဝိုင်းရံခြင်းခံရလေသည်။ ဒီလူကြီးတွေက ဒီလိုအရာမျိုးကို ယုံတယ်ပေါ့။
ဒီရက်တွေမှာ ရိုက်စားလုပ်တဲ့သူတွေလည်း များလွန်းလှ၏။ အနည်းစုသာ အမှန်တကယ် အရည်အချင်းရှိကြသည်။
ဒါကြောင့် သဘာဝအလျောက်၊ သူတို့က ပိုက်ဆံမဖြုန်းချင်ကြပေ။ ဒါပေမဲ့ အခုတော့ တကယ့် အစစ်အမှန် ဆရာသခင်တစ်ယောက်ရှိသဖြင့် ထိုအကြောင်းကို မေးမြန်းချင်ကြသည်။
အနာဂတ်တွင် ၎င်းတို့၏ မိသားစု၊ ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းများ တစ်ခုခုဖြစ်လာပါက ထိုပုဂ္ဂိုလ်ကို ရှာဖွေလိုကြသည်။
ဗေဒင်ဆရာနဲ့ပတ်သက်တဲ့ လူတိုင်း၏ မေးခွန်းတွေကို ကြားသည့်အခါ အန်တီလီသည် အန်တီကျန်းအား လက်ညိုးထိုးလိုက်ပြီး ဒေါသတကြီးနှင့် ပြောလိုက်သည်
"ကလေးမလေးက သူ(မ)ကို ကြောက်လို့ အခုဆို ဒီကို မလာတာ နှစ်ရက်ရှိနေပြီ"
အန်တီကျန်းသည် အန်တီလီ၏ လက်ကို ဖြတ်ရိုက်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောပေ။ သူတို့စကားများကို နားထောင်ရင်း ရဲများသည် ရယ်ရမလား ငိုရမလား မသိတော့ပေ။ သို့သော်လည်း စည်းမျဉ်းများနှင့်အညီ ပဒေသရာဇ်အယူသီးမှုကို အားမပေးရန် အကြံဉာဏ်ပေးလိုက်သေးသည်။ ထို့နောက် ထွက်ခွာသွားကြ၏။
အန်တီကျန်းသည် ထိုနေ့မှ အကြောင်းအရာများကို ပြန်သတိရပြီး သူ(မ)၏ နှလုံးသားထဲ၌ ညည်းတွားနေမိသည်။ အန်တီလီနှင့် နှစ်အတော်ကြာ ရန်ဖြစ်ခဲ့သော်လည်း သူ(မ) အနိုင်ရရန် ခွင့်မပြုပေ။
ဗေဒင်ဆရာမလေး နောက်တစ်ကြိမ် ပြန်လာတဲ့အခါ၊ သူ(မ)ကို ဖော်ထုတ်ပြရမည်။ အန်တီလီသည် ဆရာသခင်ငယ်လေး ပြန်လာတဲ့အခါ ဒီအဘွားကြီးရဲ့ မျက်နှာကို ရှင်းပစ်ရမယ်ဟု သူ(မ) စိတ်ထဲ တွေးလိုက်သည်။
အန်တီလီက ဗေဒင်ဆရာငယ်လေးသည် ယခင်က အန်တီကျန်းအား ကြောက်လန့်သွားသည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် သူ(မ)သည် နောက်တစ်ကြိမ် ပြန်မလာနိုင်ဝံ့ပေ။
ယနေ့တွင် အများပြည်သူ ပန်းခြံကို ရောက်သည်နှင့် မထင်မှတ်ပဲ ဆရာသခင်ငယ်လေးကို တွေ့လိုက်သည့်အခါ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်မိသည် ။ ထိုက်ချီ လေ့ကျင့်နေသော အဘွားအိုများသည် အလျင်အမြန် ပြေးသွားကြလျက်။ ခဏအတွင်း ဗေဒင်ဟောသည့်နေရာကို လူများ ဝိုင်းလာကြသည်။
လင်းချင်းယင်သည် အံ့အားသင့်နေသော ဖက်တီးဝမ်ဆီသို့ သူ(မ)မေးစေ့ကို ဂုဏ်ယူစွာဖြင့် မြှောက်ပြလိုက်သည် -
ကျွန်မ ရှင့်ကို မပြောဘူးလား။ ဒီနေ့ စီးပွားရေးတစ်ခု ရှိတော့မယ်လို့။
....................
Zawgyi
ဒါေပမယ့္ မူလပိုင္ရွင္သည္ Dongfang (သုန္းဖန္း) နိုင္ငံတကာ အထက္တန္းေက်ာင္းသို႔ ဝင္ေရာက္သြားၿပီးေနာက္မွာေတာ့ လူေတြက နတ္ဆိုးလို႔ေခၚတဲ့ အရာကို သူ(မ) နားလည္လိုက္ရသည္။
အထက္တန္းေက်ာင္းဝင္ခြင့္စာေမးပြဲမွာ ထိပ္တန္းေက်ာင္းသားတစ္ေယာက္အေနနဲ႔ ဆရာ/ဆရာမမ်ား ရည္ညႊန္းေလ့ရွိသည့္ သူ(မ)သည္ အတန္းေဖာ္ေတြဆီကေန ေႏွာင့္ယွက္ျခင္းခံခဲ့ရသည္။ သူ(မ)ရဲ့ စားပြဲကို အျမဲတမ္း ေဆးသုတ္ထားသည္။ ဒါမွမဟုတ္ ထိုင္ခုံေပၚတြင္ သံေခ်ာင္းမ်ား ရွိေနခဲ့သည္။ တစ္ဝက္ပြင့္ေသာတံခါး၏ ထိပ္တြင္ ေရပုံးသည္ အျမဲရွိေနတတ္သည္။
တျဖည္းျဖည္းနဲ႔ သူ(မ)ဟာ ဒီအေသးအမႊား ကိစၥေလးေတြကို က်င့္သားရလာခဲ့သည္။ မူလပိုင္ရွင္အတြက္ သည္းမခံနိုင္သည့္အခ်က္မွာ အလုပ္သမားငယ္မ်ားသာ ျဖစ္ေသာ သူ(မ)၏ မိဘမ်ားကို တိုက္ခိုက္ျခင္း ျဖစ္သည္။ သူတို႔သည္ သူ(မ)၏ဆင္းရဲေသာ မိသားစုကို အျမဲ တိုက္ခိုက္သည္။
ဤကဲ့သို႔ေသာ အေျခအေနမ်ိဳးတြင္ မူလပိုင္ရွင္သည္ သူ(မ)၏ ေလ့လာမွုအေပၚ လုံးဝ အာ႐ုံမစိုက္နိုင္ေတာ့ေပ။ ထို႔ေၾကာင့္ ပထမႏွစ္၏ ေနာက္ဆုံး စာေမးပြဲတြင္ သူ(မ)သည္ အဆင့္ ၃၅ ေနရာကို ရရွိခဲ့ၿပီး အတန္းတစ္တန္းလုံးက သူ(မ)အား မရပ္မနား ေလွာင္ေျပာင္ခဲ့ၾကသည္။
မူလပိုင္ရွင္သည္ အသက္ ၁၅ ႏွစ္၊ ၁၆ ႏွစ္ အရြယ္ ေက်ာင္းသူတစ္ဦးမၽွသာ ျဖစ္သည္။ ဘယ္ေလာက္ပဲ စဥ္းစားခ်င့္ခ်ိန္တတ္ပါေစ သူ(မ)သည္ ဖိအားဒဏ္ကို မခံနိုင္ေပ။ သူ(မ)၏ မွတ္တမ္းကို ယူၿပီးေနာက္ အိမ္မျပန္ခဲ့ေတာ့ေပ။ သူ(မ)သည္ အမ်ားျပည္သူပန္းၿခံႏွင့္ မေဝးေသာ Xiaofu(ေရွာင္ဖူ) ျမစ္ထဲသို႔ တိုက္ရိုက္ခုန္ခ်ခဲ့သည္။
ထိုအခ်ိန္တြင္ လင္းခ်င္းယင္က နိုးထလာခဲ့သည္။
မည္သို႔ပင္ဆိုေစကာမူ သူ(မ)ႏွင့္ မူလပိုင္ရွင္ၾကားတြင္ အေၾကာင္းတရားႏွင့္ အက်ိဳးသက္ေရာက္မွု ျဖစ္ရပ္မ်ား အမွန္တကယ္ရွိခဲ့သည္။ လင္းခ်င္းယင္သည္ မူလပိုင္ရွင္အတြက္ လုပ္ေပးနိုင္တာက သူ(မ)မိဘေတြကို ဂ႐ုစိုက္ၿပီး တကၠသိုလ္တက္ခ်င္တဲ့ ဆႏၵကို ျဖည့္ဆည္းေပးရန္ပင္။
သူ(မ)သည္ အခန္းထဲသို႔ ျပန္ဝင္ၿပီး စာအုပ္မ်ားကို လွန္ၾကည့္ခဲ့သည္။ အသိပညာေတြကို သူ(မ)ရဲ့ ဦးေႏွာက္ထဲမွာ သိမ္းဆည္းထားေသာ္လည္း မူလပိုင္ရွင္နဲ႔ ကြာဟခ်က္ရွိပုံေပၚသည္။
သူမသည္ ၎တို႔အားလုံးကို ပထမဆုံးတစ္ခ်က္ၾကည့္လိုက္ၿပီး မွတ္မိနိုင္ေပမဲ့ နားမလည္နိုင္ေပ။ လင္းခ်င္းယင္သည္ မူလဆရာမွ ကၽြမ္းက်င္ေသာ အသိပညာစနစ္ကို ျပန္ေျပာင္းသတိရခဲ့သည္။ ဂ်ဴနီယာ အထက္တန္းေက်ာင္းရွိ အဓိကဘာသာရပ္စာအုပ္မ်ားစြာကို ရွာေဖြခဲ့သည္။
ညည္းညဴေနတာကို ရပ္လိုက္ၿပီး စာသာ ေလ့လာပါ!
အိမ္တြင္ ႏွစ္ရက္ၾကာ စာအုပ္မ်ားကို ဖတ္ၿပီးေနာက္ လင္းခ်င္ယင္သည္ ၾကာသပေတးေန႔နံနက္တြင္ အိမ္မွထြက္လာေသာအခါတြင္ ျပန္လည္လန္းဆန္းသလို ခံစားလိုက္ရသည္။ စာေလ့လာျခင္းထက္ ေဗဒင္ေဟာျခင္းကို ပိုႏွစ္သက္တုန္းပင္။
သူ(မ)သည္ အမ်ားျပည္သူ ပန္းၿခံသို႔ ေျပးကာ ေနာက္ဆုံးအႀကိမ္ သူ(မ) ထိုင္ခဲ့ေသာေနရာသို႔ သြားခဲ့သည္။ သူ(မ)၏ကတ္ထူျပားကို ထုတ္ယူၿပီး အေရွ႕တြင္ ခ်ထားလိုက္သည္။
အတန္ၾကာထိုင္ၿပီးေနာက္ အေဝးမွ ဖက္တီးဝမ္သည္ သူ႔လက္ထဲတြင္ တစ္စုံတစ္ခုကို ကိုင္ေဆာင္ကာ သူ(မ)ဆီသို႔ ေလၽွာက္လာေနသည္ကို ေတြ႕ခဲ့သည္။ လင္းခ်င္းယင္က ျမင္လိုက္ေသာအခါတြင္ သူ(မ) ၏ မ်က္လုံးမ်ားသည္ ေတာက္ပလာသည္။
"ဒီအခ်ိန္ထိ မင္း ဒီကတ္ထူျပားကို သယ္ေဆာင္ထားမယ္ဆိုတာ ကၽြန္ေတာ္ သိတယ္။ အဲဒီကတ္ထူျပားက မင္းရဲ့ ဆရာသခင္ပုံစံကို ထိခိုက္ေစတယ္!"
ဖက္တီးဝမ္က သူ႔လက္ထဲက အရာကို ဖြင့္ျပၿပီး စိတ္လွုပ္ရွားစြာနဲ႔ ေျပာလိုက္သည္-
"ဒါကို ကၽြန္ေတာ္ေတြ႕ခဲ့တဲ့ လက္ေရးလွ,ေရးသူ ဆရာႀကီးတစ္ေယာက္က ေရးထားတာပါ။ စကားလုံးနည္းနည္းပဲပါၿပီး ယြမ္ ၅၀၀၀ ေပးရတယ္!"
လင္းခ်င္းယင္သည္ "ေဗဒင္ေဟာျခင္း"၊ "ေဗဒင္တြက္လၽွင္ ယြမ္ ၁၀၀၀" ႏွင့္ စာလိပ္ေပၚတြင္ ေရးထားေသာ "ေငြသားသာလက္ခံသည္" ဟူေသာ စကားလုံးမ်ားကို စိုက္ၾကည့္ေနသည္။
သူ(မ)သည္ ေဗဒင္ေဟာျခင္းထက္ ပိုက္ဆံ ပိုရွာနိုင္သည့္ နည္းလမ္းကို ရွာေတြ႕သြားၿပီလို႔ ခံစားမိလိုက္သည္။
သူ(မ)က ဒီထက္ ပိုေကာင္းေအာင္ ေရးနိုင္တယ္!
ဖက္တီးဝမ္၏ ဘဝင္ခိုက္ေနေသာ မ်က္ႏွာကို ၾကည့္ၿပီး လင္းခ်င္းယင္သည္ ခ်ဳပ္တည္းထားဖို႔ ႀကိဳးစားၿပီး သူ႔ကို မရိုက္ခဲ့ေပ။ လက္ဖြာၿပီး အသုံးအျဖဳန္းႀကီးေသာသားသည္ သူ႔ဘိုးေဘးမ်ား၏ ေကာင္းခ်ီးေၾကာင့္သာ ေကာင္းေသာဘဝျဖင့္ ေနထိုင္နိုင္သည္။ ဒီလိုမွမဟုတ္ရင္ သူ ငတ္ေသတာ ၾကာေနၿပီ။
လင္းခ်င္းယင္သည္ ေရွးေဟာင္းသစ္ပင္ေအာက္ရွိ ျမက္ခင္းျပင္ေပၚတြင္ တင္ပ်ဥ္ေခြထိုင္လ်က္။ ဖက္တီးဝမ္သည္ ဆန႔္တန္းထားေသာ ေျခေထာက္မ်ားျဖင့္ နံေဘးတြင္သာ ထိုင္ေနနိုင္ၿပီး ရွက္ရြံ့စြာ ၾကည့္ေနသည္။
"အဲဒီစာအုပ္ကို မွတ္မိၿပီလား"
လင္းခ်င္ယင္က သူ(မ)လက္ထဲမွ ေက်ာက္ခဲေလးေတြကို ပစ္ေပါက္ရင္း ေျပာလိုက္သည္။
အပူခ်ိန္ အဆင္ေျပတယ္လို႔ ခံစားရတဲ့အခါ သူ(မ)သည္ ဖက္တီးဝမ္ကို ေမာ့ၾကည့္ၿပီး ေျပာလိုက္သည္။
"အဲဒါေတြကို ကၽြန္မကို ျပန္ရြတ္ျပ"
ဖက္တီးဝမ္၏ မ်က္ႏွာသည္ ရွက္စိတ္ျဖင့္ နီျမန္းသြားသည္။ ဒီတစ္ခါေတာ့ သူသည္ ေက်ာင္းတက္တုန္းကထက္ အမ်ားႀကီး အားထုတ္ထားေပမယ့္ ဉာဏ္မမီေတာ့ဘူး။ သူသည္ စာမ်က္ႏွာတစ္ဝက္ကို မွတ္မိရန္ အခ်ိန္ႏွစ္ရက္ ယူခဲ့သည္။
ဖက္တီးဝမ္သည္ သူ၏မ်က္ႏွာကို သုတ္လိုက္ၿပီး စာအုပ္ထဲက အေၾကာင္းအရာေတြကို ျပန္မွတ္မိရန္ႀကိဳးစားလိုက္သည္။ စကားႏွစ္ခြန္းေလာက္ ေျပာၿပီးေနာက္ အနီးနားတြင္ ေအာ္သံတစ္ခုကို ၾကားလိုက္ရသည္။ ဖက္တီးဝမ္သည္ လန႔္ဖ်ပ္သြားၿပီး သူ သတိျပန္ဝင္လာတဲ့အခါ က်ိန္ဆဲလုနီးပါးပင္။ အဲဒါက ဘယ္လို ေအာ္သံလဲဟ။
"အဲဒီ ဒီမိန္းကေလးပဲ!"
စိတ္အားထက္သန္ေသာ အေဒၚလီသည္ စိတ္လွုပ္ရွားစြာျဖင့္ ေျပးလာသည္-
"အဲဒီေန႔က ရဲသားေလးကို ေဗဒင္ေဟာေပးတဲ့သူပဲ!"
*
မာမင္ယြီ သည္ ထိုေန႔က လုပ္ေဖာ္ကိုင္ဖက္တစ္ဦးႏွင့္အတူ ေဆး႐ုံသို႔သြားခဲ့ၿပီး အစာအိမ္ဓါတ္မွန္ရိုက္ရန္ စစ္ေဆးခဲ့သည္။ လုပ္ငန္းစဥ္မ်ား အၿပီးတြင္ ဆရာဝန္သည္ သူ႔အား သေဘာတူညီခ်က္ စာတစ္ေစာင္ကို ေပးခဲ့ၿပီး သူ၏အစာအိမ္မွ အသားစယူၿပီး စစ္ေဆးရန္ နမူနာယူမည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။
ထို႔ေနာက္ စစ္ေဆးရန္အတြက္ ပိုက္ဆံ ေပးေခ်ရန္ ေတာင္းဆိုခဲ့သည္။ ထိုအေၾကာင္းကို ၾကားတဲ့အခါ မာမင္ယြီသည္ အံ့ၾသသြားလ်က္။ ႏွစ္ရက္ၾကာၿပီးေနာက္ ရလဒ္ထြက္လာေသာအခါ၊ သူသည္ ေနာက္ထပ္စမ္းသပ္မွုမ်ား ျပဳလုပ္ခဲ့သည္။ အဲဒီေနာက္မွာေတာ့ ဆရာဝန္သည္ သူ႔မွာ အစာအိမ္ကင္ဆာ အေစာပိုင္းအဆင့္ရွိေၾကာင္း ေျပာျပၿပီး ဝင္ခြင့္စလစ္တစ္ေစာင္ကို တိုက္ရိုက္ေပးခဲ့သည္။
အန္တီလီက ဒီကိစၥကို ေတြးေနၿပီး မာမင္ယြီရဲ့ အေျခအေနကို ေမးရန္ မနက္တိုင္း ရဲစခန္းသို႔ သြားၾကည့္၏။
သူသည္ အစာအိမ္ကင္ဆာနဲ႔ ေဆး႐ုံတင္ထားရတယ္လို႔ ၾကားသည္ႏွင့္ ၾကက္စြပ္ျပဳတ္ခ်က္ရန္ အိမ္သို႔ ျပန္ၿပီး အဲဒီဉာဏ္နည္းတဲ့ ေကာင္စုတ္ေလးဆီသို႔ သြားၾကည့္ခဲ့သည္။ သူ(မ) ျပန္လာေသာအခါတြင္ မာမင္ယြီ၏ ကုသမွုကို ေႏွာင့္ေႏွးလုနီးပါး ျဖစ္သည္ဟု ဆိုကာ အန္တီက်န္းႏွင့္ ရန္ျဖစ္ခဲ့သည္။
အန္တီက်န္းသည္ အန္တီလီ၏ အဓိပၸာယ္မရွိေသာ စကားေတြအတြက္ အလြန္ေဒါသထြက္ခဲ့သည္။ ထိုရဲသားေလးသည္ ငယ္ရြယ္ပုံရသျဖင့္ အစာအိမ္ကင္ဆာ အဘယ္သို႔ ရွိနိုင္မည္နည္း။ သူ(မ)သည္ ေဗဒင္ဆရာမေလး၏ လွည့္စားျခင္း ခံခဲ့ရတာျဖစ္မည္။
၎တို႔ႏွစ္ဦး ျငင္းခုံေနၾကသည္ကို ျမင္လိုက္ရသျဖင့္ အမ်ားျပည္သူ ပန္းၿခံအတြင္းမွ စိတ္ပါဝင္စားေသာ ပြဲၾကည့္ရွုသူမ်ားက ရဲမ်ားကို ေခၚခဲ့သည္။ ကံေကာင္းေထာက္မစြာ၊ ရဲစခန္းသည္ ဤအေသးအဖြဲကိစၥမ်ားကို ႏွစ္ေပါင္းမ်ားစြာ ကိုင္တြယ္ေျဖရွင္းခဲ့ဖူးၿပီး ၎တို႔ေရာက္လာသည္ႏွင့္ သူ(မ)တို႔ႏွစ္ဦးကို ကၽြမ္းက်င္စြာခြဲထုတ္ခဲ့သည္။
အန္တီလီသည္ ပန္းၿခံအနီးရွိ ရဲစခန္းမွ ရဲမ်ားကို ေတြ႕လိုက္ရသည္။ သူမသည္ ၎တို႔ထဲမွ တစ္ေယာက္ကို အန္တီက်န္း ေရွ႕သို႔ ဆြဲထုတ္ၿပီး ေျပာလိုက္သည္
"သူ(မ)ကို ေျပာျပလိုက္။ ဉာဏ္နည္းတဲ့ ေကာင္စုတ္ေလး ေဆး႐ုံတင္ထားတယ္မလား။"
"ဉာဏ္နည္းတဲ့ ေကာင္စုတ္ေလး?"
ရဲသားသည္ ခဏေလာက္ အံ့အားသင့္သြားသည္-
"မာမင္ယြီကို ေျပာတာလား။ အိုး၊ အန္တီ စိတ္ပူစရာ မလိုပါဘူး။ သူ႔မိသားစုက သူ႔ကို ဂ႐ုစိုက္ဖို႔ လာခဲ့တယ္။ လာမည့္အပတ္မွာ သူက ခြဲစိတ္ကုသျခင္း ခံရလိမ့္မယ္။ ဆရာဝန္က ေစာေစာစီးစီး ေတြ႕ရွိရတာ ကံေကာင္းတယ္လို႔ ေျပာပါတယ္။ ဒဏ္ရာကို ျဖတ္ေတာက္ထားသမၽွ သူေနေကာင္းေနလိမ့္မယ္။ ျပန္ေကာင္းလာဖို႔ႏွုန္းက ၉၀ ရာခိုင္ႏွုန္း အထက္ပဲ"
အန္တီလီသည္ အံ့အားသင့္ေနေသာ လူအုပ္ႀကီးကို ၾကည့္ၿပီး အန္တီက်န္းဆီသို႔ ဂုဏ္ယူစြာျဖင့္ သူ(မ)၏ေမးေစ့ကို ေျမႇာက္ျပလိုက္သည္-
"ေတြ႕လား။ ငါ မွန္တယ္!"
ခဏအၾကာတြင္ အန္တီလီသည္ ပန္းၿခံတစ္ဝိုက္ရွိ အဘြားအိုမ်ား၏ ဝိုင္းရံျခင္းခံရေလသည္။ ဒီလူႀကီးေတြက ဒီလိုအရာမ်ိဳးကို ယုံတယ္ေပါ့။
ဒီရက္ေတြမွာ ရိုက္စားလုပ္တဲ့သူေတြလည္း မ်ားလြန္းလွ၏။ အနည္းစုသာ အမွန္တကယ္ အရည္အခ်င္းရွိၾကသည္။
ဒါေၾကာင့္ သဘာဝအေလ်ာက္၊ သူတို႔က ပိုက္ဆံမျဖဳန္းခ်င္ၾကေပ။ ဒါေပမဲ့ အခုေတာ့ တကယ့္ အစစ္အမွန္ ဆရာသခင္တစ္ေယာက္ရွိသျဖင့္ ထိုအေၾကာင္းကို ေမးျမန္းခ်င္ၾကသည္။
အနာဂတ္တြင္ ၎တို႔၏ မိသားစု၊ ေဆြမ်ိဳးမ်ား သို႔မဟုတ္ သူငယ္ခ်င္းမ်ား တစ္ခုခုျဖစ္လာပါက ထိုပုဂၢိဳလ္ကို ရွာေဖြလိုၾကသည္။
ေဗဒင္ဆရာနဲ႔ပတ္သက္တဲ့ လူတိုင္း၏ ေမးခြန္းေတြကို ၾကားသည့္အခါ အန္တီလီသည္ အန္တီက်န္းအား လက္ညိဳးထိုးလိုက္ၿပီး ေဒါသတႀကီးႏွင့္ ေျပာလိုက္သည္
"ကေလးမေလးက သူ(မ)ကို ေၾကာက္လို႔ အခုဆို ဒီကို မလာတာ ႏွစ္ရက္ရွိေနၿပီ"
အန္တီက်န္းသည္ အန္တီလီ၏ လက္ကို ျဖတ္ရိုက္လိုက္ေသာ္လည္း စကားတစ္ခြန္းမၽွ မေျပာေပ။ သူတို႔စကားမ်ားကို နားေထာင္ရင္း ရဲမ်ားသည္ ရယ္ရမလား ငိုရမလား မသိေတာ့ေပ။ သို႔ေသာ္လည္း စည္းမ်ဥ္းမ်ားႏွင့္အညီ ပေဒသရာဇ္အယူသီးမွုကို အားမေပးရန္ အႀကံဉာဏ္ေပးလိုက္ေသးသည္။ ထို႔ေနာက္ ထြက္ခြာသြားၾက၏။
အန္တီက်န္းသည္ ထိုေန႔မွ အေၾကာင္းအရာမ်ားကို ျပန္သတိရၿပီး သူ(မ)၏ ႏွလုံးသားထဲ၌ ညည္းတြားေနမိသည္။ အန္တီလီႏွင့္ ႏွစ္အေတာ္ၾကာ ရန္ျဖစ္ခဲ့ေသာ္လည္း သူ(မ) အနိုင္ရရန္ ခြင့္မျပဳေပ။
ေဗဒင္ဆရာမေလး ေနာက္တစ္ႀကိမ္ ျပန္လာတဲ့အခါ၊ သူ(မ)ကို ေဖာ္ထုတ္ျပရမည္။ အန္တီလီသည္ ဆရာသခင္ငယ္ေလး ျပန္လာတဲ့အခါ ဒီအဘြားႀကီးရဲ့ မ်က္ႏွာကို ရွင္းပစ္ရမယ္ဟု သူ(မ) စိတ္ထဲ ေတြးလိုက္သည္။
အန္တီလီက ေဗဒင္ဆရာငယ္ေလးသည္ ယခင္က အန္တီက်န္းအား ေၾကာက္လန႔္သြားသည္ဟု ထင္ခဲ့သည္။ ထို႔ေၾကာင့္ သူ(မ)သည္ ေနာက္တစ္ႀကိမ္ ျပန္မလာနိုင္ဝံ့ေပ။
ယေန႔တြင္ အမ်ားျပည္သူ ပန္းၿခံကို ေရာက္သည္ႏွင့္ မထင္မွတ္ပဲ ဆရာသခင္ငယ္ေလးကို ေတြ႕လိုက္သည့္အခါ စိတ္လွုပ္ရွားစြာျဖင့္ ေအာ္ဟစ္လိုက္မိသည္ ။ ထိုက္ခ်ီ ေလ့က်င့္ေနေသာ အဘြားအိုမ်ားသည္ အလ်င္အျမန္ ေျပးသြားၾကလ်က္။ ခဏအတြင္း ေဗဒင္ေဟာသည့္ေနရာကို လူမ်ား ဝိုင္းလာၾကသည္။
လင္းခ်င္းယင္သည္ အံ့အားသင့္ေနေသာ ဖက္တီးဝမ္ဆီသို႔ သူ(မ)ေမးေစ့ကို ဂုဏ္ယူစြာျဖင့္ ေျမႇာက္ျပလိုက္သည္ -
ကၽြန္မ ရွင့္ကို မေျပာဘူးလား။ ဒီေန႔ စီးပြားေရးတစ္ခု ရွိေတာ့မယ္လို႔။
....................