ချစ်လိပ်ပြာလေး တဝဲလည်လည်

By htwethannar

193K 7.3K 289

"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ... More

U/Z အခန်း၁ အခန္း၁
U/Z အခန်း၂ အခန္း၂
U/Z အခန်း၃ အခန္း၃
U/Z အခန်း၄ အခန္း၄
U/Z အခန်း၅ အခန္း၅
U/ Z အခန်း၆ အခန္း၆
U/Z အခန်း ၇ အခန္း၇
U/Z အခန်း၈ အခန္း၈
U/ Z အခန်း ၉ အခန္း၉
U/ Z အခန်း၁၀ အခန္း၁၀
U/ Z အခန်း၁၁ အခန္း၁၁
U/Zအခန်း၁၂ အခန္း၁၂
Unicode အခန်း၁၃
Zawgyi အခန္း၁၃
Unicode အခန်း၁၄
Zawgyi အခန္း၁၄
U/ Z အခန်း၁၅ အခန္း၁၅
U/ Z အခန်း၁၆ အခန္း၁၆
U/ Z အခန်း၁၇ အခန္း၁၇
U/ Z အခန်း၁၈
U/ Z အခန်း၁၉
🦋Unicode အခန်း၂၀
🦋Zawgyi အခန္း၂၀
U/Z အခန်း၂၁
U/Z အခန်း၂၂ အခန္း၂၂
U/Z အခန်း၂၃
U/Z အခန်း၂၄
Unicode အခန်း၂၅
Zawgyi အခန္း ၂၅
Unicode အခန်း၂၆
Zawgyi အခန္း၂၆
Unicode အခန်း ၂၇
Zawgyi အခန္း ၂၇
U/Z အခန်း၂၈
U/ Z အခန်း၂၉ အခန္း ၂၉
U/Z အခန်း၃၀
အခန်း၃၂
U/Z အခန်း၃၃
U/Z အခန်း၃၄
U/Z အခန်း၃၅
U/Z အခန်း၃၆
U/Zအခန်း၃၇
U/Z အခန်း၃၈
U/Zအခန်း၃၉
U/Z အခန်း၄၀ ဇာတ်သိမ်း
⚠️⚠️⚠️🚨 Attention

U/ Z အခန်း၃၁

2.7K 101 6
By htwethannar

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၃၁

"နင်လာခဲ့...."

"ဒုန်း...."

"အီးဟီး...အဟင့်..."

အစ်ကိုလေးဟာ ငယ်ငယ်တုန်းကလိုပဲ လက်မောင်းကနေဆွဲပြီး ဧည့်ခန်းကထိုင်ခုံ‌အပေါ်ကို အတင်းထိုင်ခိုင်းတာမို့ လိပ်ပြာကြောက်တာရော၊နာတာရောပေါင်းပြီး ငိုချင်စိတ်က ထိန်းလေ၊ငိုမိလေဖြစ်နေသည်။

"ဘာအခုမှလာငိုနေတာလဲ...နင့်မှာအရှက်နဲနဲတောင်မရှိဘူးလား...တွေးခေါ်နိုင်တဲ့ဦးနှောက်မရှိဘူးလား...ဟမ်...လမ်းမကြီးမှာ..သောက်ရှက်မရှိနမ်းနေကြတာ..
ငါ့သူငယ်ချင်းတွေသာပါလာရင်.. ငါ့မျက်နှာကို ဘယ်နားသွားထားရမလဲ..ဟာ..."

"ဒုန်း!!!"

"အမယ်လေး!!!!...ဟမ်း..."

ကော်ထိုင်ခုံကို ပိတ်ကန်ပစ်လိုက်တာကြောင့် ထိုင်ခုံကြီး လဲသွားရာ လိပ်ပြာအဖို့ လန့်ပြီး ပိုငိုချင်လာတာပဲသိတယ်။

"ဟဲ့..ဟဲ့..ဘာဖြစ်နေကြတာလဲ...ဟင်..ကြည့်စမ်း
ခုံတွေလည်း ပိုးလိုးပက်လက်ကိုလန်လို့ ..."

"အမေ့...အစ်ကိုလေး...သမီးကို..ရိုက်တော့မယ်...ကယ်ပါအုံး"

"ဟဲ့...ကောင်းကျော်...နင်လက်မပါနဲ့နော်..."

အပေါ်ထပ်ကနေ အမေရော၊အဖေပါဆင်းလာသလို အစ်ကိုကြီးကလည်း အိပ်ခန်းထဲမှ အိပ်ချင်မူးထူးပုံစံနဲ့ထွက်လာလေသည်။
အမေကချက်ချင်းပဲ လိပ်ပြာရဲ့ဘေးနားကို ရောက်လာတာကြောင့် အမေ့လက်ကို အားကိုးတကြီးနဲ့ ဆုပ်ကိုင်လိုက်သည်။

"အမေဘာသိလို့လည်း...ဒီကောင်မလေးအရွယ်ကမရောက်သေးဘူး..အမှီးပေါက်ချင်နေတာ
..လူကလက်တောက်လောက်နဲ့ ဂျိုထချင်နေတာ..တောက်!!!"

"ဟဲ့..ကောင်းကျော်..နင် စကားကိုလူလိုပြောစမ်း..
ငါနားမလည်ဘူး..."

ရန်ဖြစ်နေကြတဲ့နှစ်ယောက်က ရယ်စရာကောင်းနေတော့ ဦးကြည်လွင်နဲ့အကြီးကောင်ခမျာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်မိပြီး ရယ်လို့မရတာကြောင့် ပါးစပ်ကြီးတွေကိုသာ စိထားရသည်။

"ဒီလိုဗျာ...စားသောက်ဆိုင်ကနေ..အဲ့အနားကကုမ္ပဏီတစ်ခုမှာ သူ့သူငယ်ချင်းဆီသွားအုံးမယ်ဆိုပြီး..ကျွန်တော့်ကိုအမေ့သမီး လိမ်သွားတာ...ကျွန်တော်လည်း မသင်္ကာလို့ အဲ့ကုမ္ပဏီကို လိုက်သွားကြည့်တော့..အကောင်တစ်ကောင်နဲ့...ကားလမ်းဘေးကြီးမှာ...ဟာ...ပြောရမဲ့ကိုယ့်ပါးစပ်တောင် ကိုယ်ရှက်တယ်..တောက်!!!.."

"ဒုန်း!!!!"

ဒေါသထွက်ပြီး လည်တံရှည်ပန်ကာကြီးကို
ကန်ချလိုက်တာကြောင့် ပန်ကာရဲ့ဇက်ကြီးလန်ထွက်သွားပြီး ကြမ်းပြင်အပေါ်ကို"ဒုန်း"ဆိုလဲကြသွားလေသည်။

"ဟဲ့...ကောင်းကျော်...နင်တော်တော်ရမ်းကားပါလား...အမယ်လေး..ငါ့ပန်ကာကြီးတော့ သွားပါပြီ...သေနာကောင်လေး..လက်ရဲဇက်ရဲအရမ်းနိုင်တာပဲ..."

"တော်ပါတော့အမေရယ်..ကောင်းကျော်..မင်းလည်းတော်တော့..ဒီကိစ္စကအေးဆေးဖြေရှင်းရမှာလေကွာ..."

"ဟုတ်တယ်သားငယ်...သားကြီးပြောတာမှန်တယ်...ဒေါသနဲ့ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး..
မမြဖြူ...သမီးကိုမေးကြည့်စမ်း..အဲ့ကောင်လေးက ဘယ်ကလည်း...ဘာအလုပ်လုပ်သလဲဆိုတာ.."

ဒေါမြဖြူလည်း သားတွေကို သူပဲဒေါသအမွေပေးထားပြီး၊အခုသူကပဲ ညိုမြလာလုပ်နေတဲ့ယောက်ျားကို မကြည်သလို ကြည့်ကာ ငိုနေတဲ့သမီးလေးဘက်သို့လှည့်လိုက်သည်။

"သမီး...လိပ်ပြာဖြူ..မေမေ့ကိုပြောစမ်း..သမီးနဲ့တွဲနေတဲ့ကောင်လေးက ဘယ်သူလဲ..ဘယ်ကလဲ..
ဘာအလုပ်လုပ်သလဲ.. "

"အဟင့်..သူ..သူ့နာမည်က ဘုန်းမြတ်သူရပါ
..အသက်ကတော့ လိပ်ပြာထက်နှနှစ်ပဲကြီးပါတယ်..."

"ဟေ..ဒါဆို နှစ်ဆယ့်လေးနှစ်ပဲရှိသေးတာပေါ့.."

"အမေတွေ့လား..ဒီလောက်ဆုံးမနေတဲ့ကြားက..ကလေးပိစိကို အမေ့သမီးကသွားကြိုက်တာ..
ဒီလောက်အသက်အရွယ်ဆိုရင် ဂျလေဘီပဲ နေမှာ.."

"ဟဲ့ကောင်းကျော်...နင်အသာနေစမ်းပါ..."

"အဲ့လိုတော့ မပြောပါနဲ့ ကိုလေးရယ်..သူကကုမ္ပဏီပိုင်ရှင်...သူဌေးပါ.."

"ဘာ..ဘယ်လို..."

"တွေ့လား..အမေ့သမီးမဟုတ်တာတွေ ပြောနေတာ..အဲ့ကောင်ရုပ်ကို ကျွန်တော်တွေ့ခဲ့ပါတယ်..
နို့နံ့တောင် မစင်သေးတဲ့ရုပ်နဲ့..."

"ဟဲ့ကောင်းကျော်..နင့်အပေါက်ကို ငါလာပိတ်ပေးရမလား...ကိုယ့်ဘာသာပိတ်မလား..."

အမေပိတ်ပေးတာ မခံချင်တဲ့ကောင်းကျော်ကတော့ ထိုင်ခုံမှာပဲ စုတ်သပ်ကာထိုင်ချပစ်လိုက်တော့တယ်။

"သမီး...အမေ့ကိုမှန်မှန်ပြောစမ်း..သမီးကောင်လေးက ဘယ်ကလဲ..ဘာအလုပ်လုပ်လဲ..."

ဒုက္ခပါပဲ ခုဏလေးတင်ပြောပြပြီးတဲ့ ဥစ္စာကိုထပ်မေးနေပြန်ပြီ။အမေတို့ဟာလေ ကိုယ့်သမီးကိုယ်တော်တော် အထင်သေးတာပဲ။

"အမေရယ်..ဘုရားဆူး၊မိုးကြိုးပစ်ပါစေ သမီးအမှန်တွေပြောနေတာပါ...သူကရန်ကုန်ဇာတိပဲ..အလုပ်အကိုင်ကတော့ ကိုလေးနဲ့တွေ့ခဲ့တဲ့နေရာက Universal Development Company ဆိုတာ သူ့ကုမ္ပဏီပဲ...မယုံရင်..သမီးပြမယ်..."

လိပ်ပြာချက်ချင်း‌ပဲ ဖုန်းကိုထုတ်လိုက်ပြီး သိပ်မကြာခင်ရက်ကတင် ဖုန်းထဲမှာ သိမ်းထားတဲ့ ကိုကို့အကြောင်းတွေနဲ့ အင်တာဗျူးတွေကို ပြလိုက်တော့ အစ်ကိုလေးအပါအ၀င် အားလုံးကအံ့အားသင့်ကုန်ကြသည်။
အမေကတော့ ငါ့သမီးလင်ရှာတော်လှချည်ရဲ့ဆိုပြီး အပြုံးပန်းတွေ ဝေဆာနေလေသည်။

"ဟဲ့...ကောင်းကျော်...အခု‌ရော ဘယ်လိုလဲ..နင်တို့ပြောခဲ့တဲ့အတိုင်း နိုင်ငံခြားကနေ ဘွဲ့ရပြီးလို့
...ကျိကျိတက်ချမ်းသာတဲ့ စီအီးအို ဆိုလား..
ဘာလား...အဲ့လိုလူနဲ့မှပေးစားမှာဆို...အခုနင့်ညီမက နင်တို့လိုချင်တဲ့အတိုင်း ကွက်တိကိုရှာချပေးလာတာ...ကံကောင်းရင် နင်တို့တောင်တိမ်ပေါ်မှာ တိုက်ဆောက်နေလို့ ရအုံးမှာ..."

ဒေါ်မြဖြူက မျက်နှာထားအမျိုးမျိုးနဲ့ မဲ့ကာရွဲ့ကာလုပ်ပြနေတော့ ကောင်းကျော် စိတ်ကသိကအောင့်ဖြစ်လာသည်။

"တော်တော်‌ ငွေမက်တဲ့မိန်းမကြီး..."

"သေနာလေး...နင်ငါ့ကိုဆော်ကားလှချည်လား..."

"‌ကန်တော့ ကန်တော့ပါအမေရယ် ယောင်သွားလို့ပါ..."

"အေး..နင်ယောင်တာ ကြည့်ယောင်နော် ငရဲအိုးထဲကို ဇောက်ထိုးပြုတ်ကျမှ ကူပါ..ကယ်ပါလာမလုပ်နဲ့...နောက်ပြီးတော့ ငါကငွေမက်တာမဟုတ်ဘူးဟဲ့...ငါ့သမီးလေးကို ကောင်းစားစေချင်တာ..."

"အမေ့စကားကို ဒီမှာတင်ရပ်ရင်ကောင်းမယ်..."

"အောင်မယ်...ငါကအမှန်တွေပြောနေတာပဲလေ..."

"ဘာအမှန်တွေလည်း...ဒီမှာပိုက်ဆံရှိတိုင်း၊ချမ်းသာတိုင်း ကျွန်တော့်ညီမကိုထိုးထည့်ပေးရအောင် ကျွန်တော်အဲ့လောက်မွဲမနေဘူး အမေ.."

"ဟုတ်တယ်အမေ...ကျွန်တော်လည်း ထောက်ခံတယ်...ချမ်းသာတဲ့လူဆိုတိုင်းလည်း ယုံလို့ရတဲ့ခောတ်မဟုတ်ဘူးနော်..."

အကြီးကောင်ကပါ ၀င်ပါလာပြန်သည်။ဒီအကောင်တွေဟာလေ တစ်မျိုးပြီးတစ်မျိုး သိပ်တတ်နိုင်ကြတာပဲ။ ဆင်းရဲတော့လည်း ဆင်းရဲလို့၊ဟော ပိုက်ဆံချမ်းသာပြန်တော့လည်း တစ်မျိုးပြောပြန်ရော ဘယ်ဘ၀က ဂွတီးဂွကျတွေကိုမွေးထားမိမှန်း မသိဘူး။တကယ်ပါ သွေးပါတိုးချင်တယ်။

"နေပါအုံး...အဲ့ဒါဆိုရင် မိုးစက်ကိုကျတော့ ဘာလို့ မဟုတ်မဟက်တွေ ပြောလွှတ်လိုက်သလဲ..."

"အဲ့ဒါကဒီကောင့်ကို တမင်ခြောက်လွှတ်လိုက်တာ အမေရာ...ဒီမှာ..အမေ့သမီးကအသက်
နှစ်ဆယ့်နှစ်ပဲရှိသေးတာနော်...ဒီအရွယ်မှာရည်းစားထားရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မယ်...အဲ့ကျရင် ရင်ကျိုးရမှာက သူ့ရည်စားဖြစ်တဲ့လူလား..ကျွန်တော်တို့လား..."

"နင်တို့ကိုက ဂွကျတာပါဟယ်.."

"လိပ်ပြာဖြူ.."

"ရှင်..."

"ဒီအရွယ်မှာ နင်ယောက်ျားယူပြီး..ကလေးရတယ်ပဲဆိုပါစို့..အိမ်ထောင်မှုတာ၀န်နဲ့ နင့်ကလေးရဲ့ကိစ္စအ၀၀ကို နင်ထိန်းနိုင်မယ်လို့ထင်လို့လား..."

"ထိန်းနိုင်မယ်လို့ထင်တာပဲ..."

"ဟာ..ငါလုပ်လိုက်ရ..."

"အား...အစ်ကိုလေးပဲ ထိန်းနိုင်လားမေးပြီးတော့...အီဟီး..."

သူ့ဘာသာမေးချင်တာမေးပြီး ပြန်ဖြေပြန်တော့လည်း လက်ကပါချင်သေးတယ်။

"ဟဲ့ကောင်းကျော်...နင်စကားကိုအေးဆေးပြောစမ်းပါဟယ်..."

"ကောင်းကျော်...မင်းထိုင်နေ...ငါပြောမယ်..."

ရန်အောင်မင်းက လိပ်ပြာဖြူရဲ့ဘေးနားမှာ ထိုင်လိုက်ပြီး ညီမဖြစ်သူကို စေ့စေ့ကြည့်နေမိသည်။
တကယ်တော့ သူတို့ညီအစ်ကိုရဲ့စိတ်ထဲမှာ ညီမလေးကို လမ်းမှားမရောက်စေချင်ကြသလို အခြားလူတစ်ယောက်က တန်ဖိုးမဲ့အောင် ခြွေယူဖြတ်စီးပစ်မှာကိုလည်း သိပ်ကိုကြောက်ပါတယ်။
ကာယကံရှင်ဖြစ်တဲ့ သူတို့ညီအစ်ကိုသာ အသိဆုံးပါပဲ။

"ညီမလေး...ကိုကြီးပြောပြမယ်..ပိုက်ဆံချမ်းသာလေ အဲ့လူတွေကပိုကြောက်ဖို့ကောင်းလေပဲ..လူတိုင်းကိုတော့မဆိုလိုပေမဲ့ ညီမလေးပြောပြပုံအရဆိုရင် ဒီကောင်လေးရဲ့နောက်ခံအင်အားက တော်တော်လေးကို အင်အားကြီးမားနေတယ်...
ကိုကြီးတို့ရဲ့ လူနေမှုပုံစံကရိုးရှင်းတယ်...ကိုကြီးတို့ရဲ့ အသိုင်းအ၀န်းကလည်း သာမာန်ပဲ...
ဒါပေမဲ့ ညီမလေးသာ သူ့အသိုင်းအ၀န်းထဲကိုရောက်သွားခဲ့ရင် အစပိုင်းမှာမသိသာပေမဲ့..ကြာလာတဲ့အခါမှာ အယူအဆ၊ဘ၀နေထိုင်မှုမတူတာရဲ့ အကျိုးဆက်ကြောင့်..ညီမလေးကိုယ်တိုင်ရော..ညီမလေးရဲ့နောက်က မိသားစုပါ ဖိနှိပ်ခံရနိုင်တယ်..ဒါကိုရော..တွေးမိလား...မတူညီတဲ့အရာတွေကို တန်းညီအောင် ကြိုးစားရင်..အရမ်းပင်ပန်းရလိမ့်မယ်..အဲ့ဒီ့ဒဏ်တွေကိုရော ငါ့ညီမလေး ခံနိုင်မယ်လို့ထင်လား..."

ကိုကြီးပြောတာလည်း မှန်နေတာပါပဲ။ဒါကြောင့်လည်း လိပ်ပြာကိုကိုနဲ့ လမ်းခွဲဖို့စဉ်းစားခဲ့ဖူးတာပေါ့။ လိပ်ပြာလို သာမာန်လူတစ်ယောက်က ကိုကိုနဲ့ လက်တွဲဖို့ဆိုတာ အရမ်းကိုတာ၀န်ကြီးတဲ့ကိစ္စပဲ မနေ့ညကကိစ္စကိုပဲကြည့်လေ ကိုကို့ဆီကို ဖုန်းခေါ်လိုက်ပေမဲ့ လာကိုင်တာက ရန်သူဖြစ်နေတယ်။ ကိုကိုနဲ့ ရာသက်ပန်လက်တွဲဖို့ဆိုရင် အဲ့လိုအနှောက်အယှက်တွေကို လိပ်ပြာခံနိုင်ရည်ရှိဖို့ အရင်ကြိုးစားရပါအုံးမယ်။

"သမီးကို...အချိန်တစ်ခုလောက်ပေးကြပါ...သမီးသေချာပြန်စဉ်းစားပါ့မယ်..."

"ဘာမှ စဉ်းစားမနေနဲ့...ဒီနေ့ကစပြီး သူ့ကိုအိမ်ထဲကနေ အိမ်ပြင်ကိုလုံး၀မထွက်စေနဲ့..ဖုန်းကိုလဲ ကျွန်တော်သိမ်းထားလိုက်မယ်..ဘယ်သူ့ဆီမှလည်း ဖုန်းမဆက်စေနဲ့...အဲ့ကောင်နဲ့ဖြတ်ဖို့ပဲ စဉ်းစား..."

"ဒီသေချင်းဆိုးလေးကတော့လေ..
ပြောမကောင်း၊ဆိုမကောင်း..."

အိမ်အပေါ်ထပ်ကို ခြေသံပြင်းပြင်းနင်းပြီး တက်သွားတဲ့ အစ်ကိုလေးအား အမေကကျိန်ဆဲနေတော့သည်။
လိပ်ပြာမှာတော့ ရင်မောတာပဲသိတယ်။
ကိုကို့  အပေါ်ချစ်မိတာက လိပ်ပြာမှားသလား။ဒါဆိုရင်တော့ လိပ်ပြာရဲ့အမှားဟာ ရှစ်တန်း ကျောင်းသူဘ၀ထဲက စတင်ခဲ့တာပါပဲ။ဒါကြောင့် ရင်ထဲမှာအမျှစ်တွယ်နေပြီးသား သစ်ပင်လေးတစ်ပင်ကို လိပ်ပြာဘယ်လိုများ သတ်ပစ်နိုင်မှာတဲ့လဲ။
ကံကြမ္မာကြီးရယ် ကိုကိုဟာသာမာန်ကောင်လေးတစ်ယောက်ဆိုရင် သိပ်ကောင်းမှာပဲ။
လိပ်ပြာရဲ့ မျက်၀န်းအိမ်မှ မျက်ရည်တွေဟာ ပြိုင်တူကျဆင်းလာတာတော့ လိပ်ပြာလည်း မတားဆီးလိုက်နိုင်ပါဘူး။တာဆီးဖို့ ခွန်အားမရှိတော့တာဆိုရင် ပိုမှန်ပါလိမ့်မယ်။

🦋🦋🦋🦋🦋🦋🦋🦋🦋

ခမ်းနားတဲ့ အိမ်ကြီးထဲကို ၀င်လာရပေမဲ့ ဘုန်းမြတ်ရဲ့စိတ်ထဲမှာတော့ ဘယ်အရာကမှ အရောင်၊အဝါတောက်ပနေတယ်လို့ မခံစားရပါဘူး။
သူ့ရဲ့စိတ်အစဉ်ကို လွှမ်းမိုးထားတာကတော့  လိပ်ပြာကို သူမအစ်ကိုက ကြမ်းတမ်းစွာဆွဲခေါ်သွားတဲ့ မြင်ကွင်းတွေပါပဲ။
လိပ်ပြာကိုဖုန်းအကြိမ်ကြိမ်ခေါ်ပေမဲ့ စက်ပိတ်ထားတယ်တဲ့။အခုချိန်ဆိုရင် သူမဘယ်လိုခံစားနေရမလဲ။သူမအစ်ကိုတွေက သူမကိုဘယ်လိုများ အပြစ်ပေးကြမှာလဲ။သူမရင်ထဲမှာ စိတ်ဒဏ်ရာတွေ မစွန်းထင်းသွားပါစေနဲ့လို့ ဆုတောင်းနေမိတာလည်း အကြိမ်ကြိမ်ပါပဲ။

"ကိုမြတ်..ပြန်လာပြီလား..."

"ရွှေစင်သက်ထား...မင်းငါ့အိမ်ကိုဘာလာလုပ်တာလဲ..."

အဖေနေခဲ့တဲ့အိမ်ကို ခဏပြန်လာပါတယ်။အကုသိုလ်တွေက တန်းစီပြီးကိုကြိုနေတော့တာပဲ။
ဘုန်းမြတ်ထိုမိန်းမကို လှည့်တောင်မကြည့်ပဲ လှေကားဆီသို့သာ တန်းသွားလိုက်တယ်။

"ကိုမြတ်ရယ်...သက်ထားက ကိုမြတ်ကိုသတိရလို့လာတာပေါ့...အန်တီရီက..သက်ထားကိုမုန့်လုပ်ကျွေးဖို့ ခေါ်ထားတာလဲပါတယ်..လာပါ...ကိုမြတ်လည်း အတူ၀င်စားလိုက်ပါလား..."

လက်မောင်းကို အတင်းလာဆွဲနေတာကြောင့် ဘုန်းမြတ်ချက်ချင်း ဆောင့်ရုန်းလိုက်သည်။

"ငါ့အသားကို မင်းလာမထိနဲ့...မင်းတို့တစ်မျိုးလုံးကို ရွံလွန်းလို့...
ငါနဲ့အတူတစ်စားပွဲထဲစားဖို့ စိတ်ကူးယဉ်နေတာ မလွန်လွန်းဘူးလား...မင်းကတကယ်အရှက်မရှိတဲ့မိန်းမပဲ..."

"ဟဲ့...နင်ငါ့တူမကို ဘယ်လိုပြောလိုက်တာလဲ..."

နောက်ထပ်ဂျိုဆိုးတစ်ကောင်ရဲ့ အသံကိုကြားလိုက်တာနဲ့ ဘုန်းမြတ်သက်ပြင်းတစ်ခုကို ချလိုက်ရတယ်။တကယ်ပါ။ကိုယ့်အိမ်ကိုယ်ပြန်လာတာတောင် တစ်စက်မှစိတ်မချမ်းသာရဘူး။

"ဟဲ့...ငါမေးနေတယ်လေ...နင်ငါ့တူမကို အခုချက်ချင်းပြန်တောင်းပန်စမ်း..."

"ဒီမှာ...ဒေါ်မြနှင်းကြည်..ဒါကျုပ်အိမ်...ကျုပ်အိမ်မှာ ကျုပ်ကြိုက်တာကိုလုပ်ပိုင်ခွင့်ရှိတယ်...မခံနိုင်တဲ့လူ ထွက်သွား!!!..."

ပြီးနောက်ဘုန်းမြတ်တစ်ချက်မဲ့ပစ်လိုက်ပြီး...

"တောင်းပန်ရအောင်...ကျုပ်အသားကို ဘယ်သူကအရင်စထိတာလဲ...အဟင်း...မထင်ရဘူးနော်...
တူမဖြစ်သူကလည်း...အဒေါ်တွေအတိုင်း...အချိုးကတစ်ချိုးထဲပဲ..."

"ဟဲ့...နင်ဘာစကားပြောတာလဲ...ဟမ်!!...နင်လူကမွေးရင်...အကြီးကိုအကြီးမှန်းသိရတယ်ဟဲ့...
အေးလေ..အရူးမကမွေးထားတဲ့သားဆိုတော့...ဆိုဆုံးမမှုမရှိ၊ဘာမရှိနဲ့ ရှိုင်းစိုင်းတာ...
မဆန်းပါဘူး..."

"ခင်ဗျား...ဘာစကားပြောတာလဲ..."

"အမယ်လေး!!!!!အာ့....အစ်..အစ်..."

အနာဟောင်းကို ပြန်အဆွခံလိုက်ရတာကြောင့် ရင်ထဲမှအမုန်းမီးတွေဟာလည်း တဟုန်းဟုန်းနဲ့
ထတောက်လာတော့သည်။
ဘုန်းမြတ်ရဲ့လက်တွေဟာ ဒေါ်မြနှင်းရီရဲ့ လက်ပင်းကို အားကုန်ညှစ်ထားနေမိပြီး သူ့အသိစိတ်တွေကလည်း တဒင်္ဂလွတ်သွားတော့သည်။
သူ့စိတ်ထဲမှာရှိနေတာက တစ်ခုတည်းရယ်။
သူ လူသတ်ချင်နေတယ်။

"ခင်ဗျားကိုကျုပ်သတ်မယ်...ခင်ဗျားသေရမယ်
...ခင်ဗျားကို သတ်မယ်...သေ..သေစမ်း..."

"ကိုမြတ်...ကိုမြတ်..အန်တီရီ့ကို လွတ်လိုက်ပါ...
ကိုမြတ်!!!!!"

‌ကိုမြတ်ရဲ့လက်တွေကို သက်ထားထုနှက်နေမိလည်းပဲ ကိုမြတ်ဟာ သူ့လက်ထဲက အသက်တစ်ချောင်းကို အစဖျောက်ဖို့သာ အားသန်လွန်းနေတယ်။နီရဲနေတဲ့ မျက်လုံးတွေနဲ့အတူ ကိုမြတ်ဟာ လည်ပင်းအကြောတွေ၊နားထင်အကြောတွေပါ အထင်းသားမြင်နေရတဲ့အထိ ဒေါသအရှိန်ပြင်းလွန်းနေသည်။

"ခင်ဗျားသေရမယ်...ကျုပ်အမေကို ဝေဖန်ရအောင် ခင်ဗျားက ဘာသောက်ဆင့်ရှိလို့လဲ...
ခင်ဗျားကို ကျုပ်သတ်မယ်....သတ်မယ်"

"အာ့...အစ်..အစ်..."

"အမယ်လေး...သား...သားဘုန်းမြတ်..."

အိမ်အကူ ဒေါ်ယဉ်မေနဲ့ ဒေါ်မြနှင်းကြည်တို့မှာ ထမင်းစားအခန်းထဲမှ ထွက်လာလာချင်း မြင်လိုက်ရတဲ့ အသဲထိတ်စရာ မြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။

"ဟဲ့ကောင်...နင်..ငါ့ညီမကိုလွှတ်နော်
...လွှတ်...လွှတ်လို့ငါပြောနေတယ်..."

"သားဘုန်းမြတ်ရယ်...လွှတ်လိုက်ပါ...
အန်တီယဉ်တောင်းပန်ပါတယ်...အနည်းဆုံးတော့ မင်းအဖေရဲ့ မျက်နှာကိုထောက်ထားပါကွယ်..."

"အဖေ..."

အဖေဆိုတဲ့အသံကို ကြားတော့မှ အသိစိတ်တွေပြန်၀င်လာပြီး လက်တွေကိုဖြေလျှော့ပစ်မိသည်။
ဟုတ်တယ်။ဒယ်ဒီ..ဒယ်ဒီသက်ရှိထင်ရှားရှိနေသေးတာပဲ။ပြီး‌နောက်မျက်စိရှေ့မှာ မြင်နေရတဲ့ ထိုမိန်းမသုံးယောက်ကို ရွံရှာစွာ ကြည့်လိုက်ပြီး...

"ဒေါ်မြနှင်းရီ...ကျုပ်ဒယ်ဒီရဲ့...မျက်နှာကိုထောက်ပြီး ဒီတစ်ခါတော့ သည်းခံလိုက်မယ်...ခင်ဗျားမှတ်ထား...နောက်တစ်ခါဆိုတာရှိလာခဲ့ရင်...ခင်ဗျားတင်မကဘူး...ခင်ဗျားတို့တစ်မျိုးလုံး တစ်ဆွေလုံးကို...အစဖျောက်ပစ်မယ်...
နားလည်လား...."

ကိုယ့်ညီမကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောနေတော့လည်း ‌နှင်းကြည်လုံး၀မခံနိုင်ဘူး။
ဒါကြောင့် ညီမလေးအရှေ့ကနေ ကာရပ်လိုက်ပြီး ဘုန်းမြတ်နဲ့ မျက်နှာချင်းဆိုင်ပစ်လိုက်တယ်။

"ဟဲ့...ဘုန်းမြတ်...နင်ငါ့ညီမကို ဘာမှလာခြိမ်းခြောက်စရာအကြောင်းမရှိဘူး...အရာရာကို နင်တစ်ယောက်ထဲပဲ ပိုင်ဆိုင်တယ်ဆိုပြီး
မဏ္ဍတ်တိုင်လာတက်ပြမနေနဲ့...နင်သိထားဖို့က နင့်အဖေနဲ့ငါက အခုထိမကွာရှင်းရသေးဘူး...အဲ့တော့ ငါကနင့်အမေနေရာမှာ ရှိနေတုန်းပဲနော်
..စကားကိုဆင်ခြင်..."

"ဟား..ဟား.."
"ဟား..ဟား..ဟား..သိပ်ရယ်ရတဲ့ပြက်လုံးပဲ..
ခင်ဗျားမှာ အရှက်သိက္ခာဆိုတာရော..ရှိသေးရဲ့လား...လင်မယားချင်း ခြောက်လလောက်အတူမ‌ နေရတော့ရင် လင်ခန်းမယားခန်းပြတ်တယ်ဆိုတာခင်ဗျားမသိဘူးလား...
တော်ရုံပဲမျက်နှာပြောင်တိုက်ပါဗျာ...
ကြည့်လေ ရွံလေဖြစ်လာလို့...ထွီ!!!...."

"ကိုမြတ်...အန်တီကြည်တို့ကို အဲ့လိုတော့မပြောသင့်ပါဘူး...နဲနဲတော့ လေးစားမှုရှိသင့်တယ်..."

မဆိုင်ပဲ အာလာချောင်တဲ့ ရွှေစင်သက်ထားကြောင့် ဘုန်းမြတ်ပါးဆောင်ကို လျှာနဲ့ထိုးလိုက်ပြီး  ထိုမိန်းမအရှေ့ကို တစ်လှမ်းတိုးလိုက်သည်။

"မင်းအဒေါ်တွေကို လေးစားပေးစေချင်ရင် ဒီအိမ်ပေါ်ကနေ အခုချက်ချင်းခေါ်သွားလိုက်...မင်းကိုလည်း ငါမှတ်ထားလိုက်မယ်နော်...နောက်တစ်ခါ..ငါ့ချစ်သူနဲ့ ငါ့ကြားမှာ သွေးလာထိုးရင်...
မင်းဘ၀စုတ်ပြတ်သတ်သွားမယ်...ကြားလား..."

"ဟုတ်...ကြား..ကြားပါတယ်..."

ဟိန်းထွက်လာတဲ့ ကိုမြတ်ရဲ့အသံကြောင့် သက်ထားမှာ လိပ်ပြာလွှင့်ထွက်မတတ် ကြောင့်ရွံ့တုန်လှုပ်နေမိတယ်။
ကိုမြတ်ဟာ သိပ်ကိုကြောက်ဖို့ကောင်းတဲ့ယောက်ျားပဲ။

"တောက်!!!!အိမ်လေးတစ်ခါပြန်လာတာ...
အကုသိုလ်တွေ တက်အောင်လာလုပ်နေကြတယ်..."

ဒေါနဲ့မောနဲ့ လှေကားအပေါ်သို့တက်သွားကာ
သူ့အခန်းတံခါးပိတ်တဲ့အသံကို ကြားလိုက်တော့မှ အမျိုးသမီးသုံးယောက်ခမျာ သက်ပြင်းကို ပြိုင်တူချလိုက်ကြရသည်။

"ဟဲ့...တူမလေး...ဟိုအကောင်ပြောတဲ့...သူ့ချစ်သူဆိုတာ...ဘယ်သူလည်း...ဘယ်ကလည်း..."

လည်ပင်းအညှစ်ခံရတာလည်း မမှတ်သေးပဲ အနားကို အတင်းတိုးကပ်လာတဲ့ အန်တီနှင်းရီကို သက်ထား ကြည့်လိုက်သည်။

"UDCက အတွင်းသတင်းအရ သက်ထားစုံစမ်းမိသလောက်ကတော့..အဲ့ကောင်မလေးနာမည်က လိပ်ပြာဖြူတဲ့...ကိုမြတ်ဆီမှာ PAလုပ်ဖူးတယ်တဲ့..."

"ဒီကောင့်ဆီမှာ အလုပ်လုပ်ဖူးတယ်ဆိုတော့ ကြည့်ရတာ သာမာန်မိသားစုကပဲနေမယ်...
မဟုတ်မှလွဲရော ပိုက်ဆံချမ်းသာလို့ အတင်းလာကပ်တာများလား...မမ...အဲ့ဒါဆိုရင် တို့အတွက် ရန်သူပဲတိုးလာဖို့ရှိတယ်နော်..အခုတောင် ဒီကောင်ကတို့အပေါ်ကို ဒီလောက်မုန်းနေတာ..."

ညီမဖြစ်သူရဲ့အပြောကြောင့် မြနှင်းကြည်လည်း စဉ်းစားခန်းဖွင့်ရတော့သည်။
ဘုန်းမြတ်ရဲ့အဖေဟာ သူ့သားရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးချင်တာကြောင့် အမေဆိုတဲ့ဂုဏ်ပုဒ်ကို သူမအားခံယူစေခဲ့တယ်။ ဒီကောင်လေးကလည်း အကြောကတင်းသလားမမေးပါနဲ့မိထွေးကို အလိုမရှိဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့အဒေါ်အိမ်ကို ဆင်းသွားပါသတဲ့။ သူ့အဖေ မုဆိုးဖိုကြီးကို အစတည်းက ချစ်လို့၊ကြိုက်လို့ ယူခဲ့တာမှမဟုတ်ပဲ။ အဲ့တော့ ကလေးကိုလည်း မကြင်နာခဲ့မိဘူး။ အဲ့ဒီ့ခေါင်းမာခဲ့တဲ့အကျိုးဆက်ကြောင့်ပဲ လင်တော်ကြီး ကိုဘုန်းဇေယျ စင်္ကာပူမှာ ကားတိုက်လို့ကိုမာဖြစ်နေတော့မှ ဟောဒီကနှင်းကြည်အတွက် တစ်ပြားတစ်စိတောင် မချန်ထားခဲ့ဘူးဆိုတာ သိလိုက်ရတယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ပုံစံ ဟန်ဆောင်နေပြလည်းပဲ ဒီကောင်ဆိုးလေးက တစ်စက်မှာ အမြင်မကြည်လာဘူး။အဲ့တော့ နှင်းကြည် ဒီနေ့ကစပြီး လူကြမ်းပဲလုပ်တော့မယ်။
မင်းစောင့်ကြည့်နေလိုက် ဘုန်းမြတ်ရေ။မင်းပဲ အရင်ငိုရမလား၊ငါတို့ပဲ ငိုရမလားဆိုတာ ကံဇာတ်ဆရာက ပြောင်းလဲပေးပါလိမ့်မယ်။မဟုတ်ဘူး ကံဇာတ်ဆရာဆိုတာ မြနှင်းကြည်ကိုယ်တိုင်ပဲ။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋
ဆရာကြီးက အသက်၂၄နှစ်ပေမဲ့ ကိုလေးထက် နှစ်ဆ ဆိုးတယ်နော်

Zawgyi
ခ်စ္လိပ္ျပာေလး တဝဲလည္လည္
                             အခန္း ၃၁

"နင္လာခဲ့...."

"ဒုန္း...."

"အီးဟီး...အဟင့္..."

အစ္ကိုေလးဟာ ငယ္ငယ္တုန္းကလိုပဲ လက္ေမာင္းကေနဆြဲၿပီး ဧည့္ခန္းကထိုင္ခုံ‌အေပၚကို အတင္းထိုင္ခိုင္းတာမို႔ လိပ္ျပာေၾကာက္တာေရာ၊နာတာေရာေပါင္းၿပီး ငိုခ်င္စိတ္က ထိန္းေလ၊ငိုမိေလျဖစ္ေနသည္။

"ဘာအခုမွလာငိုေနတာလဲ...နင့္မွာအရွက္နဲနဲေတာင္မရွိဘူးလား...ေတြးေခၚႏိုင္တဲ့ဦးေႏွာက္မရွိဘူးလား...ဟမ္...လမ္းမႀကီးမွာ..ေသာက္ရွက္မရွိနမ္းေနၾကတာ..
ငါ့သူငယ္ခ်င္းေတြသာပါလာရင္.. ငါ့မ်က္ႏွာကို ဘယ္နားသြားထားရမလဲ..ဟာ..."

"ဒုန္း!!!"

"အမယ္ေလး!!!!...ဟမ္း..."

ေကာ္ထိုင္ခုံကို ပိတ္ကန္ပစ္လိုက္တာေၾကာင့္ ထိုင္ခုံႀကီး လဲသြားရာ လိပ္ျပာအဖို႔ လန႔္ၿပီး ပိုငိုခ်င္လာတာပဲသိတယ္။

"ဟဲ့..ဟဲ့..ဘာျဖစ္ေနၾကတာလဲ...ဟင္..ၾကည့္စမ္း
ခုံေတြလည္း ပိုးလိုးပက္လက္ကိုလန္လို႔ ..."

"အေမ့...အစ္ကိုေလး...သမီးကို..႐ိုက္ေတာ့မယ္...ကယ္ပါအုံး"

"ဟဲ့...ေကာင္းေက်ာ္...နင္လက္မပါနဲ႔ေနာ္..."

အေပၚထပ္ကေန အေမေရာ၊အေဖပါဆင္းလာသလို အစ္ကိုႀကီးကလည္း အိပ္ခန္းထဲမွ အိပ္ခ်င္မူးထူးပုံစံနဲ႔ထြက္လာေလသည္။
အေမကခ်က္ခ်င္းပဲ လိပ္ျပာရဲ႕ေဘးနားကို ေရာက္လာတာေၾကာင့္ အေမ့လက္ကို အားကိုးတႀကီးနဲ႔ ဆုပ္ကိုင္လိုက္သည္။

"အေမဘာသိလို႔လည္း...ဒီေကာင္မေလးအ႐ြယ္ကမေရာက္ေသးဘူး..အမွီးေပါက္ခ်င္ေနတာ
..လူကလက္ေတာက္ေလာက္နဲ႔ ဂ်ိဳထခ်င္ေနတာ..ေတာက္!!!"

"ဟဲ့..ေကာင္းေက်ာ္..နင္ စကားကိုလူလိုေျပာစမ္း..
ငါနားမလည္ဘူး..."

ရန္ျဖစ္ေနၾကတဲ့ႏွစ္ေယာက္က ရယ္စရာေကာင္းေနေတာ့ ဦးၾကည္လြင္နဲ႔အႀကီးေကာင္ခမ်ာ တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ၾကည့္မိၿပီး ရယ္လို႔မရတာေၾကာင့္ ပါးစပ္ႀကီးေတြကိုသာ စိထားရသည္။

"ဒီလိုဗ်ာ...စားေသာက္ဆိုင္ကေန..အဲ့အနားကကုမၸဏီတစ္ခုမွာ သူ႔သူငယ္ခ်င္းဆီသြားအုံးမယ္ဆိုၿပီး..ကြၽန္ေတာ့္ကိုအေမ့သမီး လိမ္သြားတာ...ကြၽန္ေတာ္လည္း မသကၤာလို႔ အဲ့ကုမၸဏီကို လိုက္သြားၾကည့္ေတာ့..အေကာင္တစ္ေကာင္နဲ႔...ကားလမ္းေဘးႀကီးမွာ...ဟာ...ေျပာရမဲ့ကိုယ့္ပါးစပ္ေတာင္ ကိုယ္ရွက္တယ္..ေတာက္!!!.."

"ဒုန္း!!!!"

ေဒါသထြက္ၿပီး လည္တံရွည္ပန္ကာႀကီးကို
ကန္ခ်လိုက္တာေၾကာင့္ ပန္ကာရဲ႕ဇက္ႀကီးလန္ထြက္သြားၿပီး ၾကမ္းျပင္အေပၚကို"ဒုန္း"ဆိုလဲၾကသြားေလသည္။

"ဟဲ့...ေကာင္းေက်ာ္...နင္ေတာ္ေတာ္ရမ္းကားပါလား...အမယ္ေလး..ငါ့ပန္ကာႀကီးေတာ့ သြားပါၿပီ...ေသနာေကာင္ေလး..လက္ရဲဇက္ရဲအရမ္းႏိုင္တာပဲ..."

"ေတာ္ပါေတာ့အေမရယ္..ေကာင္းေက်ာ္..မင္းလည္းေတာ္ေတာ့..ဒီကိစၥကေအးေဆးေျဖရွင္းရမွာေလကြာ..."

"ဟုတ္တယ္သားငယ္...သားႀကီးေျပာတာမွန္တယ္...ေဒါသနဲ႔ေျဖရွင္းလို႔ရတဲ့ ကိစၥမဟုတ္ဘူး..
မျမျဖဴ...သမီးကိုေမးၾကည့္စမ္း..အဲ့ေကာင္ေလးက ဘယ္ကလည္း...ဘာအလုပ္လုပ္သလဲဆိုတာ.."

ေဒါျမျဖဴလည္း သားေတြကို သူပဲေဒါသအေမြေပးထားၿပီး၊အခုသူကပဲ ညိဳျမလာလုပ္ေနတဲ့ေယာက္်ားကို မၾကည္သလို ၾကည့္ကာ ငိုေနတဲ့သမီးေလးဘက္သို႔လွည့္လိုက္သည္။

"သမီး...လိပ္ျပာျဖဴ..ေမေမ့ကိုေျပာစမ္း..သမီးနဲ႔တြဲေနတဲ့ေကာင္ေလးက ဘယ္သူလဲ..ဘယ္ကလဲ..
ဘာအလုပ္လုပ္သလဲ.. "

"အဟင့္..သူ..သူ႔နာမည္က ဘုန္းျမတ္သူရပါ
..အသက္ကေတာ့ လိပ္ျပာထက္ႏွႏွစ္ပဲႀကီးပါတယ္..."

"ေဟ..ဒါဆို ႏွစ္ဆယ့္ေလးႏွစ္ပဲရွိေသးတာေပါ့.."

"အေမေတြ႕လား..ဒီေလာက္ဆုံးမေနတဲ့ၾကားက..ကေလးပိစိကို အေမ့သမီးကသြားႀကိဳက္တာ..
ဒီေလာက္အသက္အ႐ြယ္ဆိုရင္ ဂ်ေလဘီပဲ ေနမွာ.."

"ဟဲ့ေကာင္းေက်ာ္...နင္အသာေနစမ္းပါ..."

"အဲ့လိုေတာ့ မေျပာပါနဲ႔ ကိုေလးရယ္..သူကကုမၸဏီပိုင္ရွင္...သူေဌးပါ.."

"ဘာ..ဘယ္လို..."

"ေတြ႕လား..အေမ့သမီးမဟုတ္တာေတြ ေျပာေနတာ..အဲ့ေကာင္႐ုပ္ကို ကြၽန္ေတာ္ေတြ႕ခဲ့ပါတယ္..
ႏို႔နံ႔ေတာင္ မစင္ေသးတဲ့႐ုပ္နဲ႔..."

"ဟဲ့ေကာင္းေက်ာ္..နင့္အေပါက္ကို ငါလာပိတ္ေပးရမလား...ကိုယ့္ဘာသာပိတ္မလား..."

အေမပိတ္ေပးတာ မခံခ်င္တဲ့ေကာင္းေက်ာ္ကေတာ့ ထိုင္ခုံမွာပဲ စုတ္သပ္ကာထိုင္ခ်ပစ္လိုက္ေတာ့တယ္။

"သမီး...အေမ့ကိုမွန္မွန္ေျပာစမ္း..သမီးေကာင္ေလးက ဘယ္ကလဲ..ဘာအလုပ္လုပ္လဲ..."

ဒုကၡပါပဲ ခုဏေလးတင္ေျပာျပၿပီးတဲ့ ဥစၥာကိုထပ္ေမးေနျပန္ၿပီ။အေမတို႔ဟာေလ ကိုယ့္သမီးကိုယ္ေတာ္ေတာ္ အထင္ေသးတာပဲ။

"အေမရယ္..ဘုရားဆူး၊မိုးႀကိဳးပစ္ပါေစ သမီးအမွန္ေတြေျပာေနတာပါ...သူကရန္ကုန္ဇာတိပဲ..အလုပ္အကိုင္ကေတာ့ ကိုေလးနဲ႔ေတြ႕ခဲ့တဲ့ေနရာက Universal Development Company ဆိုတာ သူ႔ကုမၸဏီပဲ...မယုံရင္..သမီးျပမယ္..."

လိပ္ျပာခ်က္ခ်င္း‌ပဲ ဖုန္းကိုထုတ္လိုက္ၿပီး သိပ္မၾကာခင္ရက္ကတင္ ဖုန္းထဲမွာ သိမ္းထားတဲ့ ကိုကို႔အေၾကာင္းေတြနဲ႔ အင္တာဗ်ဴးေတြကို ျပလိုက္ေတာ့ အစ္ကိုေလးအပါအ၀င္ အားလုံးကအံ့အားသင့္ကုန္ၾကသည္။
အေမကေတာ့ ငါ့သမီးလင္ရွာေတာ္လွခ်ည္ရဲ႕ဆိုၿပီး အၿပဳံးပန္းေတြ ေဝဆာေနေလသည္။

"ဟဲ့...ေကာင္းေက်ာ္...အခု‌ေရာ ဘယ္လိုလဲ..နင္တို႔ေျပာခဲ့တဲ့အတိုင္း ႏိုင္ငံျခားကေန ဘြဲ႕ရၿပီးလို႔
...က်ိက်ိတက္ခ်မ္းသာတဲ့ စီအီးအို ဆိုလား..
ဘာလား...အဲ့လိုလူနဲ႔မွေပးစားမွာဆို...အခုနင့္ညီမက နင္တို႔လိုခ်င္တဲ့အတိုင္း ကြက္တိကိုရွာခ်ေပးလာတာ...ကံေကာင္းရင္ နင္တို႔ေတာင္တိမ္ေပၚမွာ တိုက္ေဆာက္ေနလို႔ ရအုံးမွာ..."

ေဒၚျမျဖဴက မ်က္ႏွာထားအမ်ိဳးမ်ိဳးနဲ႔ မဲ့ကာ႐ြဲ႕ကာလုပ္ျပေနေတာ့ ေကာင္းေက်ာ္ စိတ္ကသိကေအာင့္ျဖစ္လာသည္။

"ေတာ္ေတာ္‌ ေငြမက္တဲ့မိန္းမႀကီး..."

"ေသနာေလး...နင္ငါ့ကိုေဆာ္ကားလွခ်ည္လား..."

"‌ကန္ေတာ့ ကန္ေတာ့ပါအေမရယ္ ေယာင္သြားလို႔ပါ..."

"ေအး..နင္ေယာင္တာ ၾကည့္ေယာင္ေနာ္ ငရဲအိုးထဲကို ေဇာက္ထိုးျပဳတ္က်မွ ကူပါ..ကယ္ပါလာမလုပ္နဲ႔...ေနာက္ၿပီးေတာ့ ငါကေငြမက္တာမဟုတ္ဘူးဟဲ့...ငါ့သမီးေလးကို ေကာင္းစားေစခ်င္တာ..."

"အေမ့စကားကို ဒီမွာတင္ရပ္ရင္ေကာင္းမယ္..."

"ေအာင္မယ္...ငါကအမွန္ေတြေျပာေနတာပဲေလ..."

"ဘာအမွန္ေတြလည္း...ဒီမွာပိုက္ဆံရွိတိုင္း၊ခ်မ္းသာတိုင္း ကြၽန္ေတာ့္ညီမကိုထိုးထည့္ေပးရေအာင္ ကြၽန္ေတာ္အဲ့ေလာက္မြဲမေနဘူး အေမ.."

"ဟုတ္တယ္အေမ...ကြၽန္ေတာ္လည္း ေထာက္ခံတယ္...ခ်မ္းသာတဲ့လူဆိုတိုင္းလည္း ယုံလို႔ရတဲ့ေခာတ္မဟုတ္ဘူးေနာ္..."

အႀကီးေကာင္ကပါ ၀င္ပါလာျပန္သည္။ဒီအေကာင္ေတြဟာေလ တစ္မ်ိဳးၿပီးတစ္မ်ိဳး သိပ္တတ္ႏိုင္ၾကတာပဲ။ ဆင္းရဲေတာ့လည္း ဆင္းရဲလို႔၊ေဟာ ပိုက္ဆံခ်မ္းသာျပန္ေတာ့လည္း တစ္မ်ိဳးေျပာျပန္ေရာ ဘယ္ဘ၀က ဂြတီးဂြက်ေတြကိုေမြးထားမိမွန္း မသိဘူး။တကယ္ပါ ေသြးပါတိုးခ်င္တယ္။

"ေနပါအုံး...အဲ့ဒါဆိုရင္ မိုးစက္ကိုက်ေတာ့ ဘာလို႔ မဟုတ္မဟက္ေတြ ေျပာလႊတ္လိုက္သလဲ..."

"အဲ့ဒါကဒီေကာင့္ကို တမင္ေျခာက္လႊတ္လိုက္တာ အေမရာ...ဒီမွာ..အေမ့သမီးကအသက္
ႏွစ္ဆယ့္ႏွစ္ပဲရွိေသးတာေနာ္...ဒီအ႐ြယ္မွာရည္းစားထားရင္ မျဖစ္သင့္တာေတြ ျဖစ္ကုန္လိမ့္မယ္...အဲ့က်ရင္ ရင္က်ိဳးရမွာက သူ႔ရည္စားျဖစ္တဲ့လူလား..ကြၽန္ေတာ္တို႔လား..."

"နင္တို႔ကိုက ဂြက်တာပါဟယ္.."

"လိပ္ျပာျဖဴ.."

"ရွင္..."

"ဒီအ႐ြယ္မွာ နင္ေယာက္်ားယူၿပီး..ကေလးရတယ္ပဲဆိုပါစို႔..အိမ္ေထာင္မႈတာ၀န္နဲ႔ နင့္ကေလးရဲ႕ကိစၥအ၀၀ကို နင္ထိန္းႏိုင္မယ္လို႔ထင္လို႔လား..."

"ထိန္းႏိုင္မယ္လို႔ထင္တာပဲ..."

"ဟာ..ငါလုပ္လိုက္ရ..."

"အား...အစ္ကိုေလးပဲ ထိန္းႏိုင္လားေမးၿပီးေတာ့...အီဟီး..."

သူ႔ဘာသာေမးခ်င္တာေမးၿပီး ျပန္ေျဖျပန္ေတာ့လည္း လက္ကပါခ်င္ေသးတယ္။

"ဟဲ့ေကာင္းေက်ာ္...နင္စကားကိုေအးေဆးေျပာစမ္းပါဟယ္..."

"ေကာင္းေက်ာ္...မင္းထိုင္ေန...ငါေျပာမယ္..."

ရန္ေအာင္မင္းက လိပ္ျပာျဖဴရဲ႕ေဘးနားမွာ ထိုင္လိုက္ၿပီး ညီမျဖစ္သူကို ေစ့ေစ့ၾကည့္ေနမိသည္။
တကယ္ေတာ့ သူတို႔ညီအစ္ကိုရဲ႕စိတ္ထဲမွာ ညီမေလးကို လမ္းမွားမေရာက္ေစခ်င္ၾကသလို အျခားလူတစ္ေယာက္က တန္ဖိုးမဲ့ေအာင္ ေႁခြယူျဖတ္စီးပစ္မွာကိုလည္း သိပ္ကိုေၾကာက္ပါတယ္။
ကာယကံရွင္ျဖစ္တဲ့ သူတို႔ညီအစ္ကိုသာ အသိဆုံးပါပဲ။

"ညီမေလး...ကိုႀကီးေျပာျပမယ္..ပိုက္ဆံခ်မ္းသာေလ အဲ့လူေတြကပိုေၾကာက္ဖို႔ေကာင္းေလပဲ..လူတိုင္းကိုေတာ့မဆိုလိုေပမဲ့ ညီမေလးေျပာျပပုံအရဆိုရင္ ဒီေကာင္ေလးရဲ႕ေနာက္ခံအင္အားက ေတာ္ေတာ္ေလးကို အင္အားႀကီးမားေနတယ္...
ကိုႀကီးတို႔ရဲ႕ လူေနမႈပုံစံက႐ိုးရွင္းတယ္...ကိုႀကီးတို႔ရဲ႕ အသိုင္းအ၀န္းကလည္း သာမာန္ပဲ...
ဒါေပမဲ့ ညီမေလးသာ သူ႔အသိုင္းအ၀န္းထဲကိုေရာက္သြားခဲ့ရင္ အစပိုင္းမွာမသိသာေပမဲ့..ၾကာလာတဲ့အခါမွာ အယူအဆ၊ဘ၀ေနထိုင္မႈမတူတာရဲ႕ အက်ိဳးဆက္ေၾကာင့္..ညီမေလးကိုယ္တိုင္ေရာ..ညီမေလးရဲ႕ေနာက္က မိသားစုပါ ဖိႏွိပ္ခံရႏိုင္တယ္..ဒါကိုေရာ..ေတြးမိလား...မတူညီတဲ့အရာေတြကို တန္းညီေအာင္ ႀကိဳးစားရင္..အရမ္းပင္ပန္းရလိမ့္မယ္..အဲ့ဒီ့ဒဏ္ေတြကိုေရာ ငါ့ညီမေလး ခံႏိုင္မယ္လို႔ထင္လား..."

ကိုႀကီးေျပာတာလည္း မွန္ေနတာပါပဲ။ဒါေၾကာင့္လည္း လိပ္ျပာကိုကိုနဲ႔ လမ္းခြဲဖို႔စဥ္းစားခဲ့ဖူးတာေပါ့။ လိပ္ျပာလို သာမာန္လူတစ္ေယာက္က ကိုကိုနဲ႔ လက္တြဲဖို႔ဆိုတာ အရမ္းကိုတာ၀န္ႀကီးတဲ့ကိစၥပဲ မေန႔ညကကိစၥကိုပဲၾကည့္ေလ ကိုကို႔ဆီကို ဖုန္းေခၚလိုက္ေပမဲ့ လာကိုင္တာက ရန္သူျဖစ္ေနတယ္။ ကိုကိုနဲ႔ ရာသက္ပန္လက္တြဲဖို႔ဆိုရင္ အဲ့လိုအေႏွာက္အယွက္ေတြကို လိပ္ျပာခံႏိုင္ရည္ရွိဖို႔ အရင္ႀကိဳးစားရပါအုံးမယ္။

"သမီးကို...အခ်ိန္တစ္ခုေလာက္ေပးၾကပါ...သမီးေသခ်ာျပန္စဥ္းစားပါ့မယ္..."

"ဘာမွ စဥ္းစားမေနနဲ႔...ဒီေန႔ကစၿပီး သူ႔ကိုအိမ္ထဲကေန အိမ္ျပင္ကိုလုံး၀မထြက္ေစနဲ႔..ဖုန္းကိုလဲ ကြၽန္ေတာ္သိမ္းထားလိုက္မယ္..ဘယ္သူ႔ဆီမွလည္း ဖုန္းမဆက္ေစနဲ႔...အဲ့ေကာင္နဲ႔ျဖတ္ဖို႔ပဲ စဥ္းစား..."

"ဒီေသခ်င္းဆိုးေလးကေတာ့ေလ..
ေျပာမေကာင္း၊ဆိုမေကာင္း..."

အိမ္အေပၚထပ္ကို ေျခသံျပင္းျပင္းနင္းၿပီး တက္သြားတဲ့ အစ္ကိုေလးအား အေမကက်ိန္ဆဲေနေတာ့သည္။
လိပ္ျပာမွာေတာ့ ရင္ေမာတာပဲသိတယ္။
ကိုကို႔  အေပၚခ်စ္မိတာက လိပ္ျပာမွားသလား။ဒါဆိုရင္ေတာ့ လိပ္ျပာရဲ႕အမွားဟာ ရွစ္တန္း ေက်ာင္းသူဘ၀ထဲက စတင္ခဲ့တာပါပဲ။ဒါေၾကာင့္ ရင္ထဲမွာအမွ်စ္တြယ္ေနၿပီးသား သစ္ပင္ေလးတစ္ပင္ကို လိပ္ျပာဘယ္လိုမ်ား သတ္ပစ္ႏိုင္မွာတဲ့လဲ။
ကံၾကမၼာႀကီးရယ္ ကိုကိုဟာသာမာန္ေကာင္ေလးတစ္ေယာက္ဆိုရင္ သိပ္ေကာင္းမွာပဲ။
လိပ္ျပာရဲ႕ မ်က္၀န္းအိမ္မွ မ်က္ရည္ေတြဟာ ၿပိဳင္တူက်ဆင္းလာတာေတာ့ လိပ္ျပာလည္း မတားဆီးလိုက္ႏိုင္ပါဘူး။တာဆီးဖို႔ ခြန္အားမရွိေတာ့တာဆိုရင္ ပိုမွန္ပါလိမ့္မယ္။

🦋🦋🦋🦋🦋🦋🦋🦋🦋

ခမ္းနားတဲ့ အိမ္ႀကီးထဲကို ၀င္လာရေပမဲ့ ဘုန္းျမတ္ရဲ႕စိတ္ထဲမွာေတာ့ ဘယ္အရာကမွ အေရာင္၊အဝါေတာက္ပေနတယ္လို႔ မခံစားရပါဘူး။
သူ႔ရဲ႕စိတ္အစဥ္ကို လႊမ္းမိုးထားတာကေတာ့  လိပ္ျပာကို သူမအစ္ကိုက ၾကမ္းတမ္းစြာဆြဲေခၚသြားတဲ့ ျမင္ကြင္းေတြပါပဲ။
လိပ္ျပာကိုဖုန္းအႀကိမ္ႀကိမ္ေခၚေပမဲ့ စက္ပိတ္ထားတယ္တဲ့။အခုခ်ိန္ဆိုရင္ သူမဘယ္လိုခံစားေနရမလဲ။သူမအစ္ကိုေတြက သူမကိုဘယ္လိုမ်ား အျပစ္ေပးၾကမွာလဲ။သူမရင္ထဲမွာ စိတ္ဒဏ္ရာေတြ မစြန္းထင္းသြားပါေစနဲ႔လို႔ ဆုေတာင္းေနမိတာလည္း အႀကိမ္ႀကိမ္ပါပဲ။

"ကိုျမတ္..ျပန္လာၿပီလား..."

"ေ႐ႊစင္သက္ထား...မင္းငါ့အိမ္ကိုဘာလာလုပ္တာလဲ..."

အေဖေနခဲ့တဲ့အိမ္ကို ခဏျပန္လာပါတယ္။အကုသိုလ္ေတြက တန္းစီၿပီးကိုႀကိဳေနေတာ့တာပဲ။
ဘုန္းျမတ္ထိုမိန္းမကို လွည့္ေတာင္မၾကည့္ပဲ ေလွကားဆီသို႔သာ တန္းသြားလိုက္တယ္။

"ကိုျမတ္ရယ္...သက္ထားက ကိုျမတ္ကိုသတိရလို႔လာတာေပါ့...အန္တီရီက..သက္ထားကိုမုန႔္လုပ္ေကြၽးဖို႔ ေခၚထားတာလဲပါတယ္..လာပါ...ကိုျမတ္လည္း အတူ၀င္စားလိုက္ပါလား..."

လက္ေမာင္းကို အတင္းလာဆြဲေနတာေၾကာင့္ ဘုန္းျမတ္ခ်က္ခ်င္း ေဆာင့္႐ုန္းလိုက္သည္။

"ငါ့အသားကို မင္းလာမထိနဲ႔...မင္းတို႔တစ္မ်ိဳးလုံးကို ႐ြံလြန္းလို႔...
ငါနဲ႔အတူတစ္စားပြဲထဲစားဖို႔ စိတ္ကူးယဥ္ေနတာ မလြန္လြန္းဘူးလား...မင္းကတကယ္အရွက္မရွိတဲ့မိန္းမပဲ..."

"ဟဲ့...နင္ငါ့တူမကို ဘယ္လိုေျပာလိုက္တာလဲ..."

ေနာက္ထပ္ဂ်ိဳဆိုးတစ္ေကာင္ရဲ႕ အသံကိုၾကားလိုက္တာနဲ႔ ဘုန္းျမတ္သက္ျပင္းတစ္ခုကို ခ်လိုက္ရတယ္။တကယ္ပါ။ကိုယ့္အိမ္ကိုယ္ျပန္လာတာေတာင္ တစ္စက္မွစိတ္မခ်မ္းသာရဘူး။

"ဟဲ့...ငါေမးေနတယ္ေလ...နင္ငါ့တူမကို အခုခ်က္ခ်င္းျပန္ေတာင္းပန္စမ္း..."

"ဒီမွာ...ေဒၚျမႏွင္းၾကည္..ဒါက်ဳပ္အိမ္...က်ဳပ္အိမ္မွာ က်ဳပ္ႀကိဳက္တာကိုလုပ္ပိုင္ခြင့္ရွိတယ္...မခံႏိုင္တဲ့လူ ထြက္သြား!!!..."

ၿပီးေနာက္ဘုန္းျမတ္တစ္ခ်က္မဲ့ပစ္လိုက္ၿပီး...

"ေတာင္းပန္ရေအာင္...က်ဳပ္အသားကို ဘယ္သူကအရင္စထိတာလဲ...အဟင္း...မထင္ရဘူးေနာ္...
တူမျဖစ္သူကလည္း...အေဒၚေတြအတိုင္း...အခ်ိဳးကတစ္ခ်ိဳးထဲပဲ..."

"ဟဲ့...နင္ဘာစကားေျပာတာလဲ...ဟမ္!!...နင္လူကေမြးရင္...အႀကီးကိုအႀကီးမွန္းသိရတယ္ဟဲ့...
ေအးေလ..အ႐ူးမကေမြးထားတဲ့သားဆိုေတာ့...ဆိုဆုံးမမႈမရွိ၊ဘာမရွိနဲ႔ ရႈိင္းစိုင္းတာ...
မဆန္းပါဘူး..."

"ခင္ဗ်ား...ဘာစကားေျပာတာလဲ..."

"အမယ္ေလး!!!!!အာ့....အစ္..အစ္..."

အနာေဟာင္းကို ျပန္အဆြခံလိုက္ရတာေၾကာင့္ ရင္ထဲမွအမုန္းမီးေတြဟာလည္း တဟုန္းဟုန္းနဲ႔
ထေတာက္လာေတာ့သည္။
ဘုန္းျမတ္ရဲ႕လက္ေတြဟာ ေဒၚျမႏွင္းရီရဲ႕ လက္ပင္းကို အားကုန္ညႇစ္ထားေနမိၿပီး သူ႔အသိစိတ္ေတြကလည္း တဒဂၤလြတ္သြားေတာ့သည္။
သူ႔စိတ္ထဲမွာရွိေနတာက တစ္ခုတည္းရယ္။
သူ လူသတ္ခ်င္ေနတယ္။

"ခင္ဗ်ားကိုက်ဳပ္သတ္မယ္...ခင္ဗ်ားေသရမယ္
...ခင္ဗ်ားကို သတ္မယ္...ေသ..ေသစမ္း..."

"ကိုျမတ္...ကိုျမတ္..အန္တီရီ႕ကို လြတ္လိုက္ပါ...
ကိုျမတ္!!!!!"

‌ကိုျမတ္ရဲ႕လက္ေတြကို သက္ထားထုႏွက္ေနမိလည္းပဲ ကိုျမတ္ဟာ သူ႔လက္ထဲက အသက္တစ္ေခ်ာင္းကို အစေဖ်ာက္ဖို႔သာ အားသန္လြန္းေနတယ္။နီရဲေနတဲ့ မ်က္လုံးေတြနဲ႔အတူ ကိုျမတ္ဟာ လည္ပင္းအေၾကာေတြ၊နားထင္အေၾကာေတြပါ အထင္းသားျမင္ေနရတဲ့အထိ ေဒါသအရွိန္ျပင္းလြန္းေနသည္။

"ခင္ဗ်ားေသရမယ္...က်ဳပ္အေမကို ေဝဖန္ရေအာင္ ခင္ဗ်ားက ဘာေသာက္ဆင့္ရွိလို႔လဲ...
ခင္ဗ်ားကို က်ဳပ္သတ္မယ္....သတ္မယ္"

"အာ့...အစ္..အစ္..."

"အမယ္ေလး...သား...သားဘုန္းျမတ္..."

အိမ္အကူ ေဒၚယဥ္ေမနဲ႔ ေဒၚျမႏွင္းၾကည္တို႔မွာ ထမင္းစားအခန္းထဲမွ ထြက္လာလာခ်င္း ျမင္လိုက္ရတဲ့ အသဲထိတ္စရာ ျမင္ကြင္းေၾကာင့္ တုန္လႈပ္သြားၾကသည္။

"ဟဲ့ေကာင္...နင္..ငါ့ညီမကိုလႊတ္ေနာ္
...လႊတ္...လႊတ္လို႔ငါေျပာေနတယ္..."

"သားဘုန္းျမတ္ရယ္...လႊတ္လိုက္ပါ...
အန္တီယဥ္ေတာင္းပန္ပါတယ္...အနည္းဆုံးေတာ့ မင္းအေဖရဲ႕ မ်က္ႏွာကိုေထာက္ထားပါကြယ္..."

"အေဖ..."

အေဖဆိုတဲ့အသံကို ၾကားေတာ့မွ အသိစိတ္ေတြျပန္၀င္လာၿပီး လက္ေတြကိုေျဖေလွ်ာ့ပစ္မိသည္။
ဟုတ္တယ္။ဒယ္ဒီ..ဒယ္ဒီသက္ရွိထင္ရွားရွိေနေသးတာပဲ။ၿပီး‌ေနာက္မ်က္စိေရွ႕မွာ ျမင္ေနရတဲ့ ထိုမိန္းမသုံးေယာက္ကို ႐ြံရွာစြာ ၾကည့္လိုက္ၿပီး...

"ေဒၚျမႏွင္းရီ...က်ဳပ္ဒယ္ဒီရဲ႕...မ်က္ႏွာကိုေထာက္ၿပီး ဒီတစ္ခါေတာ့ သည္းခံလိုက္မယ္...ခင္ဗ်ားမွတ္ထား...ေနာက္တစ္ခါဆိုတာရွိလာခဲ့ရင္...ခင္ဗ်ားတင္မကဘူး...ခင္ဗ်ားတို႔တစ္မ်ိဳးလုံး တစ္ေဆြလုံးကို...အစေဖ်ာက္ပစ္မယ္...
နားလည္လား...."

ကိုယ့္ညီမကို လက္ညႇိဳးေငါက္ေငါက္ထိုးၿပီးေျပာေနေတာ့လည္း ‌ႏွင္းၾကည္လုံး၀မခံႏိုင္ဘူး။
ဒါေၾကာင့္ ညီမေလးအေရွ႕ကေန ကာရပ္လိုက္ၿပီး ဘုန္းျမတ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ပစ္လိုက္တယ္။

"ဟဲ့...ဘုန္းျမတ္...နင္ငါ့ညီမကို ဘာမွလာၿခိမ္းေျခာက္စရာအေၾကာင္းမရွိဘူး...အရာရာကို နင္တစ္ေယာက္ထဲပဲ ပိုင္ဆိုင္တယ္ဆိုၿပီး
မ႑တ္တိုင္လာတက္ျပမေနနဲ႔...နင္သိထားဖို႔က နင့္အေဖနဲ႔ငါက အခုထိမကြာရွင္းရေသးဘူး...အဲ့ေတာ့ ငါကနင့္အေမေနရာမွာ ရွိေနတုန္းပဲေနာ္
..စကားကိုဆင္ျခင္..."

"ဟား..ဟား.."
"ဟား..ဟား..ဟား..သိပ္ရယ္ရတဲ့ျပက္လုံးပဲ..
ခင္ဗ်ားမွာ အရွက္သိကၡာဆိုတာေရာ..ရွိေသးရဲ႕လား...လင္မယားခ်င္း ေျခာက္လေလာက္အတူမ‌ ေနရေတာ့ရင္ လင္ခန္းမယားခန္းျပတ္တယ္ဆိုတာခင္ဗ်ားမသိဘူးလား...
ေတာ္႐ုံပဲမ်က္ႏွာေျပာင္တိုက္ပါဗ်ာ...
ၾကည့္ေလ ႐ြံေလျဖစ္လာလို႔...ထြီ!!!...."

"ကိုျမတ္...အန္တီၾကည္တို႔ကို အဲ့လိုေတာ့မေျပာသင့္ပါဘူး...နဲနဲေတာ့ ေလးစားမႈရွိသင့္တယ္..."

မဆိုင္ပဲ အာလာေခ်ာင္တဲ့ ေ႐ႊစင္သက္ထားေၾကာင့္ ဘုန္းျမတ္ပါးေဆာင္ကို လွ်ာနဲ႔ထိုးလိုက္ၿပီး  ထိုမိန္းမအေရွ႕ကို တစ္လွမ္းတိုးလိုက္သည္။

"မင္းအေဒၚေတြကို ေလးစားေပးေစခ်င္ရင္ ဒီအိမ္ေပၚကေန အခုခ်က္ခ်င္းေခၚသြားလိုက္...မင္းကိုလည္း ငါမွတ္ထားလိုက္မယ္ေနာ္...ေနာက္တစ္ခါ..ငါ့ခ်စ္သူနဲ႔ ငါ့ၾကားမွာ ေသြးလာထိုးရင္...
မင္းဘ၀စုတ္ျပတ္သတ္သြားမယ္...ၾကားလား..."

"ဟုတ္...ၾကား..ၾကားပါတယ္..."

ဟိန္းထြက္လာတဲ့ ကိုျမတ္ရဲ႕အသံေၾကာင့္ သက္ထားမွာ လိပ္ျပာလႊင့္ထြက္မတတ္ ေၾကာင့္႐ြံ႕တုန္လႈပ္ေနမိတယ္။
ကိုျမတ္ဟာ သိပ္ကိုေၾကာက္ဖို႔ေကာင္းတဲ့ေယာက္်ားပဲ။

"ေတာက္!!!!အိမ္ေလးတစ္ခါျပန္လာတာ...
အကုသိုလ္ေတြ တက္ေအာင္လာလုပ္ေနၾကတယ္..."

ေဒါနဲ႔ေမာနဲ႔ ေလွကားအေပၚသို႔တက္သြားကာ
သူ႔အခန္းတံခါးပိတ္တဲ့အသံကို ၾကားလိုက္ေတာ့မွ အမ်ိဳးသမီးသုံးေယာက္ခမ်ာ သက္ျပင္းကို ၿပိဳင္တူခ်လိုက္ၾကရသည္။

"ဟဲ့...တူမေလး...ဟိုအေကာင္ေျပာတဲ့...သူ႔ခ်စ္သူဆိုတာ...ဘယ္သူလည္း...ဘယ္ကလည္း..."

လည္ပင္းအညႇစ္ခံရတာလည္း မမွတ္ေသးပဲ အနားကို အတင္းတိုးကပ္လာတဲ့ အန္တီႏွင္းရီကို သက္ထား ၾကည့္လိုက္သည္။

"UDCက အတြင္းသတင္းအရ သက္ထားစုံစမ္းမိသေလာက္ကေတာ့..အဲ့ေကာင္မေလးနာမည္က လိပ္ျပာျဖဴတဲ့...ကိုျမတ္ဆီမွာ PAလုပ္ဖူးတယ္တဲ့..."

"ဒီေကာင့္ဆီမွာ အလုပ္လုပ္ဖူးတယ္ဆိုေတာ့ ၾကည့္ရတာ သာမာန္မိသားစုကပဲေနမယ္...
မဟုတ္မွလြဲေရာ ပိုက္ဆံခ်မ္းသာလို႔ အတင္းလာကပ္တာမ်ားလား...မမ...အဲ့ဒါဆိုရင္ တို႔အတြက္ ရန္သူပဲတိုးလာဖို႔ရွိတယ္ေနာ္..အခုေတာင္ ဒီေကာင္ကတို႔အေပၚကို ဒီေလာက္မုန္းေနတာ..."

ညီမျဖစ္သူရဲ႕အေျပာေၾကာင့္ ျမႏွင္းၾကည္လည္း စဥ္းစားခန္းဖြင့္ရေတာ့သည္။
ဘုန္းျမတ္ရဲ႕အေဖဟာ သူ႔သားရဲ႕လိုအပ္ခ်က္ကို ျဖည့္စည္းေပးခ်င္တာေၾကာင့္ အေမဆိုတဲ့ဂုဏ္ပုဒ္ကို သူမအားခံယူေစခဲ့တယ္။ ဒီေကာင္ေလးကလည္း အေၾကာကတင္းသလားမေမးပါနဲ႔မိေထြးကို အလိုမရွိဆိုတဲ့ ေခါင္းစဥ္နဲ႔ သူ႔အေဒၚအိမ္ကို ဆင္းသြားပါသတဲ့။ သူ႔အေဖ မုဆိုးဖိုႀကီးကို အစတည္းက ခ်စ္လို႔၊ႀကိဳက္လို႔ ယူခဲ့တာမွမဟုတ္ပဲ။ အဲ့ေတာ့ ကေလးကိုလည္း မၾကင္နာခဲ့မိဘူး။ အဲ့ဒီ့ေခါင္းမာခဲ့တဲ့အက်ိဳးဆက္ေၾကာင့္ပဲ လင္ေတာ္ႀကီး ကိုဘုန္းေဇယ် စကၤာပူမွာ ကားတိုက္လို႔ကိုမာျဖစ္ေနေတာ့မွ ေဟာဒီကႏွင္းၾကည္အတြက္ တစ္ျပားတစ္စိေတာင္ မခ်န္ထားခဲ့ဘူးဆိုတာ သိလိုက္ရတယ္။ ဘယ္ေလာက္ပဲ ေကာင္းတဲ့ပုံစံ ဟန္ေဆာင္ေနျပလည္းပဲ ဒီေကာင္ဆိုးေလးက တစ္စက္မွာ အျမင္မၾကည္လာဘူး။အဲ့ေတာ့ ႏွင္းၾကည္ ဒီေန႔ကစၿပီး လူၾကမ္းပဲလုပ္ေတာ့မယ္။
မင္းေစာင့္ၾကည့္ေနလိုက္ ဘုန္းျမတ္ေရ။မင္းပဲ အရင္ငိုရမလား၊ငါတို႔ပဲ ငိုရမလားဆိုတာ ကံဇာတ္ဆရာက ေျပာင္းလဲေပးပါလိမ့္မယ္။မဟုတ္ဘူး ကံဇာတ္ဆရာဆိုတာ ျမႏွင္းၾကည္ကိုယ္တိုင္ပဲ။

#စာေရးသူ_ေဆာင္း‌ေငြ႕ေဝ
#ေဆာင္းေငြ႕ေဝရဲ႕၀တၳဳမ်ားPageမွတင္ဆက္သည္

🦋🦋🦋🦋🦋🦋🦋🦋
ဆရာႀကီးက အသက္၂၄ႏွစ္ေပမဲ့ ကိုေလးထက္ ႏွစ္ဆ ဆိုးတယ္ေနာ္

Continue Reading

You'll Also Like

339K 7K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
3.1K 129 16
MUFL နောက်ခံအချစ်ဇာက်လမ်းလေးတစ်ပုဒ် ဇာက်လမ်းအကျဉ်း 🌹🌹🌹🌹🌹🌹🌹 စိုင်းခွန်းသနဲ့ သဲနဒီတို့က အရမ်းချစ်ကြတဲ့ချစ်သူတွေပါ သူတို့နှစ်ဦးရဲ့အချစ်ရေးကိုတစ်...
33.4K 1K 29
ခ်စ္ရတဲ့မိန္းကေလးေရာ ပတ္သတ္မိသမွ် မိန္းကေလး ေတြပါ အျဖစ္ဆိုးေတြနဲ႔ ေသဆုံးခဲ့တာေၾကာင့္ မိန္းကေလးေတြနဲ႔ မပတ္သတ္ရဲေလာက္ေအာင္ျဖစ္ေနတဲ့ ေကာင္ေလးဟာ သံစဥ္ ဆိ...
371K 35.1K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...