" အခုသူအိပ်ပြီလား"
* မကြာခင်လေးကတင်အိပ် သွားတာပါသခင်လေး။ ဒီရက်ပိုင်းအစားလည်းကောင်းကောင်းစားပါတယ်။ ဒါပေမဲ့....*
" ဒါပေမဲ့?"
* ဟို... သခင်လေးဘယ်တော့ပြန်လာမလဲဆိုပြီးတစ်ချိန်လုံးမေးနေတာ*
ဝူဆောင်း၏အပြောကြောင့် သက်ပြင်းရှည်တစ်ခုချလိုက်သည်။ ညဉ့်သန်းယံအချိန်ဖြစ်လင့်ကစား ကိုကိုမှေးစက်နေချိန်၌ အခန်းရဲ့မှန်ကာနံရံ ၊တစ်နည်းအားဖြင့်ခြံထဲရှိရေကူးကန်အားလှမ်းမြင်ရသည့်view၌ လိုက်ကာစကိုဖွင့်ရင်း ကလေးငယ်၏အကြောင်းကိုဖုန်းဆက်မေးမြန်းခြင်းဖြစ်သည်။
" မနက်ပြန်ခဲ့မယ်လို့ပြောထားလိုက်။ ငါမရှိတုန်းအမေတို့ကလေးနဲ့မတွေ့ဘူးမဟုတ်လား။"
* ဟုတ်ကဲ့ သခင်လေးခိုင်းခဲ့သလိုအခန်းအပြင်ပေးမထွက်တာမလို့မတွေ့မပါဘူး။ အငယ်လေးကလည်းအခန်းထဲပဲနေတော့စိတ်ချရပါတယ်။*
" ကောင်းပြီ ဒီတစ်ညပဲဆက်ကြည့်ထားပေး"
* ဟုတ်ကဲ့ သခင်လေး*
အမိန့်နာခံသည့်အစကားအဆုံး call endလိုက်သည်။ ညဉ့်သန်းယံအချိန်ခြံထဲရှိရေကူးကန်ကိုခပ်တွေတွေကြည့်ပြီးစိုးရိမ်စိတ်တို့အားဖြေဖျောက်ရ၏။ နို့မို့ဆိုဒီအပူ ဟိုအပူနဲ့ကြာရင်လုံးပါး,ပါးလိမ့်မည်။
ထို့ကြောင့်လိုက်ကာစကိုဆွဲပိတ်ပြီးအိပ်ယာဆီသွားရန်နောက်ကိုလှည့်လိုက်စဥ်။
" ကိုကို "
panjama အစိမ်းရောင်ဝတ်ထားသောကိုကိုဟာ တစ်ရေးနိုးပေမို့ ဆံနွယ်တချို့ကထိုးထောင်နေသည်။ မို့ဖောင်းတဲ့မျက်ခွံတွေအထင်းသားရှိပေမဲ့ အကြည့်တို့ကတော့လူကိုစူးစိုက်ကာကြည့်လာသည်။
" ပြန်မလား အခုပြန်မလား။ ပြန်ကြမယ်လေ။"
" မဟုတ်ဘူး ကိုကိုထင်သလိုမဟုတ်ဘူး။"
" ပြန်မယ်"
" ကျစ်! ကိုကို"
" မထိနဲ့! "
တည်ငြိမ်စွာခနဲ့လာသည့်ကိုကို့အတွက်တန်ပြန်အဖြေမရှိ။ လှည့်ထွက်သွားဟန်ပြင်တဲ့အတွက်လက်ဖျံကိုဖမ်းဆွဲလိုက်သော်ငြား ပုတ်ထုတ်ခံရသည်။
သို့သည်ကြောင့် ပင့်သက်ရှိုက်ရှူရင်း ရေသေတွင်းနက်သဖွယ်တည်ငြိမ်သော်လည်းအန္တရာယ်များသည့်မျက်ဝန်းပိုင်ရှင်ရဲ့ပခုံးနှစ်ဖက်ကိုဖွဖွဆုပ်ကိုင်ပြီးမျက်နှာချင်းဆိုင်လိုက်သည်။
" ကလေးကိုစိတ်မချလို့လှမ်းဆက်တာ။ တခြားဘာအကြောင်းအရာမှမရှိဘူး။"
" ငါတို့ဘာအတွက်ဒီကိုရောက်လာလဲမင်းသိသေးရဲ့လား။ ပူပူနွေးနွေးစေ့စပ်ထားပြီးခဏတာအပန်းဖြေဖို့ရောက်လာတာနော်ထယ်ယောင်း။ ဒါတောင်မင်းကဟိုမှာကျန်ခဲ့တဲ့အဲဒီကလေးဆီပဲစိတ်ရောက်နေတယ်! မင်းငါ့အပေါ်နည်းနည်းလေးမှမငဲ့ညှာဘူး!"
" ကိုကိုမဟုတ်တမ်းတရားမစွပ်စွဲစမ်းပါနဲ့"
" စွပ်စွဲတယ်တဲ့လား...ဟက်!"
ခနဲ့သောရယ်သံဖြင့်တုန့်ပြန်ရင်းပခုံးကိုဆုပ်ကိုင်ထားတဲ့လက်တွေအားဖယ်ချသည်။
" စေ့စပ်ပွဲအပြီးညမှာ မင်းငါ့ကိုအိမ်ထောင်ဖက်တစ်ယောက်လိုထိတွေ့ခဲ့လို့လား။"
" အဲဒါက__"
" နောက်နေ့မှာရော? ငါနေမကောင်းတာကိုအကြောင်းပြပြီးမင်းငါနဲ့အတူနေခဲ့လို့လား။ ဒီလိုစိတ်မပါတဲ့အပြုအမူတွေနဲ့ မင်္ဂလာဦးကိုငါတစ်ယောက်တည်းကျင်းပ! ငါတစ်ယောက်တည်းပျော်နေခဲ့တာလို့!"
" တော်တော့ဂင်မ်ဂျောင်ဂု! ခင်ဗျားကိုသနားလို့၊ ခင်ဗျားကို ကိုယ်ချင်းစာလို့အရာအားလုံးမျိုသိပ်ထားတာ။"
"..............."
" ငါချစ်ရတဲ့သူကဒီလိုနာကျင်မှုတွေနဲ့ပေးဆပ်ပြီးအလုပ်လုပ်ခဲ့ရပါ့လား၊ ဒီလိုနေမကောင်းတဲ့အချိန်မှာရောသူမဖြစ်မနေလုပ်ခဲ့ရမှာဆိုတဲ့စိတ်နဲ့ ခင်ဗျားအပေါ်ကြင်နာနွေးထွေးပေးတာဂင်မ်ဂျောင်ဂု! ။ အခုကျွန်တော့်စေတနာတွေကိုစော်ကားလိုက်တာပဲ။"
လက်တစ်ဖက်သည်ခါးကိုထောက်လျက်ကျန်လက်တစ်ဖက်ဖြင့်လက်ညှိုးငေါက်ငေါက်ထိုးကာပြောလာသည်။ မေးကြောတွေတင်းအောင်အံကြိတ်ရင်းပြောသည်မှာမောင်မည်မျှဒေါသထွက်နေမှန်းသိသာ၏။
ညအချိန်မှာတလက်လက်နဲ့စူးရဲလာသောမီးခိုးရောင်မျက်ဝန်းတွေမှာလည်းနာကျင်မှုတွေအထင်းသားပင်။
ဒါဆိုငါမှားပြီလား...တစ်ချိန်လုံးအတွေးလွန်ပြီးမောင့်စေတနာတွေကိုစော်ကားလိုက်မိပြီလား...
တစ်ယောက်တည်းဂယောက်ဂယက်တွေးလျက် ငိုင်နေမိသည်။ အိပ်ယာပေါ်ထိုင်လာသည့်မောင်ကတော့လက်ဖဝါးပြင်နှစ်ဖက်နဲ့မျက်နှာကိုခပ်ကြမ်းကြမ်းဖိပွတ်ပြီးအသက်ရှူနှုန်းတို့မြန်ဆန်၍ဒေါသများပေါက်ဖွားလာသည်ထင်။
" ခင်ဗျားပြောရက်လွန်းတယ်ဂင်မ်ဂျောင်ဂု။ ဒီကောင်ကခင်ဗျားအပေါ်ကိုဘယ်အတိုင်းအတာထိရူးသွပ်လဲဆိုတာသိရက်နဲ့။ တကယ်ပြောရက်လွန်းတယ်။"
"..............."
" မလိုချင်ပဲနေမလား။ တစ်ဦးတည်းသောချစ်ရသူနဲ့မင်္ဂလာဦးမှာစိတ်ကြိုက်ပျော်မွေ့ပစ်ချင်တာပေါ့။ ဒါပေမဲ့ ခင်ဗျားကစေတနာစော်ကားလွန်းဂင်မ်ဂျောင်ဂု။
တစ်သက်လုံးကိုယ့်ဘက်ကိုပဲကြည့်တတ်တဲ့ကျွန်တော်ကခင်ဗျားအတွက်ဆန္ဒတွေကိုချုပ်တီးထားတာ။ ကျွန်တော်ချစ်ရတဲ့ခင်ဗျားကနေမကောင်းချိန်အားငယ်စိတ်ဝင်ပြီး ဒီလိုကိစ္စတွေအပေါ်နာကျင်နေမလားဆိုပြီးတွေးမိလို့ထိန်းချုပ်ထားတာ။ ခင်ဗျားကတော့....."
ရပ်တန့်တိမ်ဝင်သွားသည့်မောင့်စကားလုံးတွေနောက်ကျွန်တော့်နောင်တများကတလှိမ့်လှိမ့်လိုက်သည်။ လက်ရှည်အင်္ကျီရဲ့လက်အနားစ ကိုကျစ်ကျစ်ဆုပ်ရင်း ခေါင်းငုံ့လျက် အောက်နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။
ငါမောင့်စေတနာတွေကိုစော်ကားမိသည်မို့........
" ကျွန်တော်ကလေးကိုစိတ်မချလို့ဖုန်းဆက်တာမှန်တယ်။ သူ့ဘဝမှာအားကိုးစရာကျွန်တော်ပဲရှိတာမလို့ကာကွယ်ပေးချင်တာ၊ နှစ်သိမ့်ပေးချင်တာ။ အကယ်၍ ကျွန်တော်ကပါသူ့ကိုဥပေက္ခာပြုလိုက်မယ်ဆိုရင် ဒီလောကမှာသူ့အတွက်ခိုကိုးရာမဲ့သွားလိမ့်မယ်။"
" ငါ ...အင့်! ...တောင်းပန်ပါတယ်"
" ငိုစရာဘာအကြောင်းမှမပါဘူးကိုကို"
မောင့်ရဲ့အပြောကြောင့်ရှိုက်သံမထွက်အောင်ထိန်းချုပ်လိုက်ရသည်။
" ဘယ်နှကြိမ်ဘယ်နှခါပြောမှနားဝင်မှာလဲကိုကို။ ချစ်တာနဲ့သနားတာ၊ စွဲလမ်းတာနဲ့အဖြူရောင်မေတ္တာ အဲဒါတွေကတခြားစီပါလို့ကျွန်တော်ဘယ်နှခါပြောရဦးမှာလဲ။"
" တော်ပါတော့...ထပ်မပြောပါနဲ့တော့...ငါမှားတာမလို့တောင်းပန်ပါတယ်~"
တရွေ့ရွေ့နှင့်လျှောက်လှမ်းလာသောကိုယ်လေးက အိပ်ယာအစွန်းတွင်ထိုင်နေသည့်ထယ်ယောင်းရဲ့လည်တိုင်ကိုသိုင်းဖက်ကာငိုချသည်။
" ငါမောင့်စေတနာတွေကိုစော်ကားတာမဟုတ်ရပါဘူး။ ငါသဝန်တိုလို့ပါမောင်ရယ်...ငါချစ်တဲ့လူကိုငါတစ်ယောက်တည်းပဲပိုင်ဆိုင်ချင်လွန်းလို့ပါ။"
ဤသို့ပြောတော့မောင့်ရဲ့လေပူမှုတ်ထုတ်သံတချို့ကိုကြားရသည်။ အဲဒီနောက် ခါးကနေကိုင်ရင်းကိုယ်ချင်းဆွဲခွာ၏။
ပြီးနောက် ပါးပြင်ရှိမျက်ရည်များကိုရှယ်သွယ်သောလက်ချောင်းတို့ဖြင့်သုတ်ပေးလာသည်။
" အိပ်တော့ မနက်ကျရင်ပြန်ရမယ်"
" ငါတောင်းပန်ပါတယ်"
" အင်း သိပြီမလို့ပြန်အိပ်"
" ဒါပေမဲ့"
" ကိုကို "
သတိပေးသည့်မျက်ဝန်းတွေနဲ့အတူ ထူထဲသောမျက်ခုံးတို့တွန့်ချိုးလာခြင်းကြောင့် နှုတ်ဆိတ်သွားသည်။ ထို့အတွက်အိပ်ယာပေါ်ပြန်တက်ရင်းသူ့ကိုကျောပေးလို့စောင်ကိုခေါင်းအထိဆွဲခြုံကာလှဲလိုက်သည်။
များမကြာမီ အိခနဲသိမ့်ကျလာတဲ့အိပ်ယာတစ်ဖက်ကြောင့်မောင်ပါအတူလှဲအိပ်ပြီဆိုတာသိလိုက်သော်လည်း ကျောဘက်မှဆွဲယူ၍ရင်ခွင်ကျယ်အတွင်းခေါ်သွင်းလေသူ။
" လျှောက်တွေးမနေပဲအိပ်လိုက်၊ နေကောင်းရင်လိုချင်တာအကုန်ရစေရမယ်။"
စောင်တစ်ထပ်ခံနေသော်ငြားနားအနီးတိုးကပ်ကာ ဩရှညှင်းသွဲ့သည့်အသံနှင့်ပြောလာခြင်းကြောင့် နောက်ကိုပိုဆုတ်လို့ ရင်ခွင်ကျယ်ဆီတိုးဝင်မိသည်။
မောင်ပြောသောသဘောအားအတိအကျသိပါသော်လည်း ဒီညတော့မဟုတ်တန်ရာ။ သို့သည်အတွက်အမြန်ဆုံးနေကောင်းချင်လေပြီ။
__________
သောကြာနေ့၏မနက်စောစော အပန်းဖြေစံအိမ်သို့ပြန်လာခဲ့သည်။ ဒီနေ့မှထူးဆန်းစွာခြံရှေ့မှာသက်တော်စောင့်အတော်များများကိုချထားပြီး၊ အိမ်ထဲဝင်တော့လည်းသေနတ်ကိုယ်စီကိုင်ထားတဲ့သက်တော်စောင့်တွေကြောင့်မကြုံဖူးတဲ့ဂျောင်ဂုမှာကြောက်ကြောက်နှင့်ထယ်ယောင်းဘေးတိုးကပ်သည်။
" မကြောက်နဲ့ ကိစ္စတစ်ခုခုရှိလို့နေမှာ"
" အင်း "
တွန့်ဆုတ်တွန့်ဆုတ်လုပ်နေသည့်အတွက်ပခုံးမှသိုင်းဖက်ရင်းအိမ်အတွင်းသို့ဝင်ရန်ပြင်သည်။ သို့သော်အိမ်ထဲကထွက်လာသော ဝန်ကြီးချုပ်ကခြေသွက်သွက်နဲ့ထွက်လာ၏။
ထို့ကြောင့်အနားရောက်သည့်အခါဂျောင်ဂုတိုးတိုးတိတ်တိတ်မေးလိုက်သည်။
" အန်ကယ်လိုင်လာ ဘာတွေဖြစ်နေတာလဲဟင်"
" အရင်ဆုံးအိမ်ထဲဝင်ကြ"
ဘေးဘီကိုဝေ့ဝိုက်ကြည့်ပြီး ပြောသည့်အတွက်ထယ်ယောင်းနဲ့ဂျောင်ဂုလည်းလိုက်ဝင်ရသည်။ အဲဒီ့နောက်ဧည့်ခန်းဆိုဖာမှာအသင့်စောင့်နေတဲ့မိခင်ဖြစ်သူက သူမဘေးလာထိုင်ရန်နှစ်ယောက်လုံးကိုခေါ်သည်။
" ဘာတွေဖြစ်ထားလို့လဲအဖေ၊ လက်နက်တွေအထိပါဆိုတော့ကျွန်တော်တို့အတွက်အန္တရာယ်ရှိနိုင်လို့လား။"
" မင်းတို့စေ့စပ်ပွဲနေ့ညက အဖေတို့အရင်စံအိမ်မှာရှိတဲ့ခြံစောင့်အသက်ခံလိုက်ရတယ်။"
" ဘယ်လို"
" လူသတ်မှု! ဟုတ်လားအန်ကယ်၊ဘာလို့ကျွန်တော်တို့ခြံစောင့်မှလဲ။"
အံ့ဩတကြီးဖြစ်သွားကြတဲ့သားနှစ်ယောက်ကြောင့်မိဘတွေလည်းသက်ပြင်းကိုယ်စီလှိမ့်ချသည်။ ဝန်ကြီးချုပ်ဆိုသည့်ရာထူးကတန်းမသေးသလို၊ မိခင်ဖြစ်သူဦးစီးတဲ့စီးပွားရေးနယ်ပယ်ကလည်းအကျယ်တစ်ဝန်းပေမို့ဒီလိုလုပ်ကြံမှုအန္တရာယ်တွေဆိုတာရှိနိုင်သည်။
သို့ပေမဲ့သူတို့မသိသည်က အမှန်တကယ်အံ့ဩသူဘေးက လုပ်ဇာတ်ခင်းကာမူပိုနေသူကိုသာ...။
" ခြံစောင့်ရဲ့ခေါင်းတစ်ခြမ်းလုံးကြေမွပြီး မသေခင်ရုန်းကန်ထားတဲ့သဘောရှိတယ်လို့စစ်ဆေးချက်တွေတင်ပြလာတယ်။ စစ်ဆေးရသလောက်ဆို အလုပ်သမားတန်းလျားအထွက်က ပန်းအိုးအဟောင်းတင်တဲ့ကျောက်တုံးခပ်ကြီးကြီးပဲ။
ကျောက်တုံးကနေရာတကျရှိမနေပဲသွေးတွေလည်းစွန်းထားတော့တစ်စုံတစ်ယောက်ဝင်ပြီးသတ်သွားတာ။"
" အဲဒါကြောင့် လက်နက်ကိုင်အစောင့်တွေချထားတာလားအန်ကယ်။"
" ဆိုပါတော့ကွာ"
" လိုင်လာပြောတဲ့အတိုင်းဆိုမင်းတို့လည်းအသွားအလာသတိရှိကြ။ မင်းတို့အဖေဘက်မှာတင်မဟုတ်ဘူး ငါ့ဘက်စီးပွားရေးမှာပါထိန်းသိမ်းသူမရှိတော့လုယက်ချင်နေကြတဲ့လူတွေတစ်ပုံကြီး။ ငါမင်းတို့ကိုအန္တရာယ်အဖြစ်မခံနိုင်ဘူး။"
မိခင်ဖြစ်သူကပါဝင်ပြောလာတော့ဂျောင်ဂုခေါင်းတညိတ်ညိတ်လုပ်သည်။ ထိုသို့ခဏတာတိတ်ဆိတ်သွားပြီးနောက်ထယ်ယောင်းကမတ်တတ်ထရပ်လို့စကားဆက်သည်။
" ကျွန်တော်ရေသွားချိုးဦးမယ်။...ကိုကို ခဏနေဆေးသောက်ရမှာ၊ဆေးကဒ်တွေကကျွန်တော်ယူထားတာမလို့ကိုကို့အခန်းထဲလာခဲ့မယ်။"
" ဟုတ်ပါပြီ....ရေအကြာကြီးမချိုးနဲ့နော်မောင်!"
ကျောခိုင်းသွားသောလူသားအားအော်ပြော၍လှမ်းမှာတော့ဆံနွယ်တွေကိုဂျစ်ကန်ကန်ဟန်ပန်နဲ့ထိုးဖွရင်းခေါင်းညိတ်ပြသွားသည်။ သို့သည်တိုင်အပေါ်ထပ်တက်သွားတဲ့မောင့်ကျောပြင်ပျောက်ကွယ်သည်အထိလိုက်ကြည့်နေမိ၏။
" ဂျောင်ဂု"
" ဗျာ အမေ"
" မင်းနေမကောင်းဘူးလား"
" ဟုတ် ကျွန်တော်အဖျားနည်းနည်းဝင်သွားလို့"
" အဖျားဝင်အောင်အထိကဲကြသလား..ဟမ်! ငါထုထည့်လိုက်လို့သေတော့မယ်။"
ဘုန်း!
" အာ့! အမေကလည်း! ကျွန်တော်အနွေးထည်ပါမသွားလို့ဖျားတာဘာတွေပြောမှန်းမသိဘူး။"
အပြောထက်လက်ကအရင်မြန်သည့်မိခင်ဖြစ်သူကြောင့်ဂျောင်ဂုကျောပြင်အီစိမ့်သွားသည်။ ဝန်ကြီးချုပ်ကတော့မရယ်မိအောင်အတင်းထိန်းထားပုံရ၏။
" မသိဘူးလေ မင်းတို့ကဒီလောက်ဖြစ်ပျက်နေကြတာကို"
" ဒါနဲ့....ဒီရက်ပိုင်းဟိုကလေးဘယ်လိုနေလဲ"
" အို မင်းသိစရာမလိုပါဘူး။ အဲဒီ့ကလေးကြောင့်မင်းဘယ်လောက်ထိသောကရောက်ပြီးပြီလဲ။"
" ကျွန်တော်သိချင်တာရှိလို့ပါ။ စေ့စပ်ပွဲညကမောင်နဲ့အဲဒီ့ကလေးကိုများ...."
" သူတို့လုံးဝမတွေ့ဘူး။ ငါကိုယ်တိုင်အဲဒီကလေးကိုလူအမြင်မခံခဲ့တာ။"
မိခင်ပြောသောစကားမှာစိတ်ကျေနပ်ဖွယ်ကောင်းပေမဲ့ ရင်ထဲကအစိုင်အခဲမှာမပြေပျောက်သေးချေ။ မောင့်ကိုသံသယဝင်တာမကောင်းသော်လည်းရင်ထဲမှာခဲဆွဲထားသလိုလေးပင်နေသည်။
ဤသို့တိုင် ငူငိုင်သွားတဲ့ဂျောင်ဂုကြောင့် သူမရဲ့လက်တွေကကျောပြင်ကိုပုတ်ပေးလာသည်။
" ဘာမှစိတ်မပူနဲ့...အကယ်၍အဲဒီကလေးသာမင်းကိုစိတ်ဆင်းရဲစေမယ်ဆိုရင် အမေမင်းအတွက်ဘာမဆိုလုပ်ပေးနိုင်တယ်။"
" ဟင့်အင်း အမေအထင်လွဲနေပြီ။ ကျွန်တော်သူ့ကိုဒုက္ခပေးချင်တဲ့စိတ်မျိုးမထားပါဘူး။ ဒီအတိုင်းမောင့်သဘောထားတွေကိုတိတိကျကျသိချင်ရုံပါ။"
ဒီလိုဆိုတော့တလျှောက်လုံးငြိမ်လာသည့်ဝန်ကြီးချုပ်ကကြားဖြတ်ပြောသည်။
" ဗန်တီမင်းကိုဘယ်လောက်ချစ်လဲဆိုတာသားဂျောင်ဂုအသိဆုံးပါ။ လွန်ခဲ့တဲ့အချိန်တွေတုန်းကမင်းမရှိလို့ဖြစ်ပျက်သွားတဲ့သူ့ပုံရိပ်တွေကသွေးပျက်ဖို့ကောင်းအောင်အထိပဲ။"
ဝန်ကြီးချုပ်ရဲ့စကားကိုဂျောင်ဂုလက်ခံပါသည်။ သိလည်းသိ၏။ သို့ပေမဲ့အရာရာကိုအတိအကျမယုံရဲဘူး။
___________
" ကလေး "
" Da..ddy!"
အခန်းတံခါးကိုတွန်းဖွင့်ရင်းခေါ်တော့ မနက်စာစားတုန်းထင်။ မီဂွန်း ခွန့်ကျွေးတဲ့ပေါင်မုန့်နဲ့နို့စိမ်းကိုစားနေသည်။
လူကိုမြင်တာနဲ့ခပ်ဝဝခန္ဓာကိုယ်ရှိသည့်မီဂွန်းအပေါ်ကျော်ခွကာ မပြေးနိုင်ပြေးနိုင်ခြေလှမ်းကလေးများနှင့်ရောက်လာသည်။
ဒါကြောင့်ကိုယ်ကပဲအနားရောက်အောင်သွားပြီးပြေးဖက်လာတဲ့ကိုယ်လေးကို တင်ပါးကနေမချီလိုက်သည်။
" လွမ်း...နေ..နေတာ..."
" ကိုယ်ရောပါပဲ ....အခုသက်သာရဲ့လား၊နာနေသေးလား။"
" န..နည်းနည်း...နာနာ"
" ဟဟ~...."
ချစ်ဖို့ကောင်းအောင်ပြောတတ်လွန်းသည့်အနှီလူသားလေးကြောင့်ပါးဖောင်းဖောင်းထံနှာတံနစ်ဝင်အောင်နမ်းရှိုက်လိုက်သည်။
ပြီးတဲ့နောက် ဘေးမှာရပ်ဆဲမီဂွန်းထံလှည့်ပြီး....
" မင်းသွားလို့ရပြီ ည ၁၀ နာရီအလုပ်သမားတန်းလျားရှေ့ထွက်ခဲ့။ သုံးယောက်လုံးနော်။"
" ဟုတ်ကဲ့ပါသခင်လေး ကျွန်မမှတ်ထားပါ့မယ်။"
ကြောက်ရွံ့မှုများကိုထိန်းချုပ်လို့ ပေါင်မုန့်နဲ့နို့စိမ်းပန်းကန်အား အိပ်ယာဘေးစင်ပေါ်ချခဲ့ပြီးထွက်သွားသည်။
သို့မှသာကိုယ်ငယ်လေးကိုပွေ့ချီရင်းအိပ်ယာပေါ်ဘေးတစ်စောင်းထိုင်လိုက်၏။
မျက်နှာလေးကိုမော့ကြည့်တော့ပါးပြင်ထက်လက်ကွေးကွေးလေးများနှင့်အုပ်ကိုင်လာသည်။
" Da..Daddy...ပျော်...ခဲ့လား...ဟင်"
" ကိုယ်မပျော်နိုင်ဘူးပြောရင်မင်းယုံပါ့မလား။ ပျော်ချင်ပေမဲ့ကျူးလွန်ခဲ့သမျှအပြစ်တွေကအိပ်မက်ဆိုးလိုခြောက်လှန့်နေတယ်။"
" သား..နား..မ..မလည်ဘူး"
" ကလေးနားလည်သွားတဲ့တစ်နေ့ကိုယ့်ကိုမုန်းမှာလား"
" Daddyကို...ဘယ်...တော့မှ...မ..မုန်းဘူး။ သ..သားက...Da..dyကိုချစ်...တယ်။"
" တောင်းပန်ပါတယ်...ဒါကလွဲပြီးကိုယ့်မှာပြောစရာမရှိတဲ့အတွက်ကလေးကိုအားနာမိတယ်။"
ချစ်တယ်ဆိုသော်လည်း ထပ်တူညီသည့်အဖြေကိုမကြားရပြန်။ သားပြုံးပြလိုက်ပါတယ်။ သားပြုံးတိုင်းDaddyရယ်သည်မို့ဒါဟာအမြတ်စွန်းပေပေါ့။
Daddyက ကိုကို့ ,ကိုချစ်သည်၊သို့သော် သားကတော့Daddyကိုချစ်၏။ မြစ်ဖျားခံရာခြင်းမတူညီသောခံစားချက်စမ်းချောင်းငယ်က သားအတွက်တော့အချစ်ဗိပ္မါန်နန်းဆန်ဆန်သာဖြစ်တည်သည်။
သားအဖြစ်ကိုဆိုရလျှင် ခိုလုံရသည့်ကိုင်းသေးသေးလေးကိုတစ်ဘုံတစ်နန်းထင်၍၊ ရာဇပုလ္လင်အုပ်စိုးစဥ်သည့်တစ်ယောက်သောသူမှာတော့ ရွှေဘုံနန်းကြီးကသူ့အတွက်မဟုတ်ဘူးထင်နေသည်။
ကိုကိုသာမြင်အောင်ကြည့်မည်ဆိုလျှင် သားအတွက်ကိုင်းတစ်ကိုင်း၊ကိုကို့အတွက်ပင်စည်ရိုင်းများစွာဖြစ်သည်။
ဒါပေမဲ့လည်း ပထမဦးဆုံးအကြိမ်သားဘက်ကစလိုက်သည့်ထိတွေ့မှုကြောင့်Daddyခန္ဓာကိုယ်တစ်ခုလုံးတောင့်ခဲကာကျောက်ရုပ်တစ်ရုပ်နှယ်ဖြစ်သွားသည်။
" ကလေး"
" ထ..ထား..မ...သွားပါနဲ့...နော်"
နူးညံ့ညံ့နှုတ်ခမ်းသားဖြင့်ဖိကပ်ခြင်းခံလိုက်ရတဲ့ကိုယ့်နှုတ်ခမ်းတစ်စုံဟာရုတ်ချည်းတုန်ယင်သွားသည်။
အရင်တစ်ချိန်က ကိုကိုနှင့်နှိုင်းယှဥ်လို့အစားထိုးခဲ့သည်မို့ ရမ္မက်ဆန်စွာပြုမူနိုင်သော်ငြား ယခုမှာမူဒီလူသားလေးအပေါ်ထိုသို့အပြုအမူ၊ တပ်မက်ခြင်းပြယုဂ်တို့မရှိချေ။
ထို့ကြောင့် ကလေးငယ်အားမည်သို့ရှင်းပြရမည်နည်း။ ကိုယ့်နှုတ်ခမ်းနဲ့ထိတွေ့လိုက်တဲ့ဖူးငုံသည့်နှုတ်ခမ်းလေးကိုလက်မဖြင့်မနာအောင်ဖိသုတ်ပေးရင်းဆိုလိုက်သည်။
" ကိုယ်နဲ့မတန်တာမို့ပြန်ယူသွားပါကလေးငယ်။ ဒီရွံရှာဖွယ်လူသားအတွက်မင်းအနမ်းကိုတစ်သက်လုံးမပေးလိုက်ပါနဲ့။"
".............."
" ပူလောင်လွန်းတဲ့အချစ်တွေမင်းကိုမပေးချင်ဘူး။ သန့်ရှင်းစင်ကြယ်တဲ့မြတ်နိုးမှုတွေကိုသာအပြည့်အဝယူထားပါ။"
" မြတ်..မြတ်နိုး..တာ...နဲ့..ချစ်တာ...အ..အ..တူတူပဲလားဟင်..Da..ddy"
မျှော်လင့်ခြင်းအပြည့်နဲ့မေးလာတော့ခေါင်းအသာယမ်းပြသည်။ပြီးတဲ့နောက် မျက်ဝန်းဝိုင်းလေးများထံစေ့စေ့ကြည့်လျက်အဖြေပေး၏။
" မှတ်ထားနော်ကိုယ့်ကလေးလေး..."
" ဟ..ဟုတ်..."
" အချစ်ဆိုတဲ့ဒသနမှာ လောဘနဲ့အတ္တ၊ မာနနဲ့ ရက်စက်မှုတွေပါတယ်။ ဥပမာပြောရရင် ကိုကို့,ကိုချစ်တယ်။
ချစ်လို့ပိုင်ဆိုင်ချင်တယ်၊အနားမှာထားချင်တယ်။သူပျော်သည်ဖြစ်စေ၊မပျော်သည်ဖြစ်စေ။ ကိုယ်ကဒီလူသားရှိနေမှအသက်ရှင်နိုင်မှာမလို့ အတ္တကြီးကြီးနဲ့အနားမှာချုပ်နှောင်ထားတယ်။"
"................"
" ပြီးတော့ သူကြည်ဖြူသည်ဖြစ်စေ၊မကြည်ဖြူသည်ဖြစ်စေ။ ေလာဘကြီးကြီးနဲ့ရယူမိတဲ့အချိန်တွေလည်းရှိခဲ့ဖူးတယ်။ ထပ်ပြီးမာနတရားပေါ့။
ငါကဒီလူ့ကိုချစ်တာမှန်ပေမဲ့ ဘာအတွက်သူ့ကိုခယပြီးဆွဲထားမှာလဲ။ ငါလိုချင်တာကိုသိမ်းပိုက်ပစ်လိုက်ရင်ရပြီ ။အဲဒီလိုမာနတရားတွေဖြစ်လာတယ်။
တချို့သောဆက်ဆံရေးတွေမှာချစ်ရသူထွက်မသွားဖို့ဒူးထောက်တောင်းပန်တာမျိုးအထိရှိပေမဲ့တစ်ယောက်နဲ့တစ်ယောက်ချစ်ပုံချစ်နည်းခြင်းမတူညီကြဘူးကလေးရဲ့။"
" ဒါ...ဒါဆို..ရက်စက်တာ..က..ရော"
" ကလေးကြားဖူးလား၊ အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့စကားရှိတယ်။ ကိုယ်လည်းဒီအတိုင်းပဲ....အချစ်ကြီးလွန်းလို့၊ ကိုကို့, ကိုချစ်လွန်းလို့။
ကိုယ့်အနားကပြေးထွက်သွားမယ်ကြံတိုင်းရက်ရက်စက်စက်နာကျင်စေခဲ့တာ။ ချစ်ပြတယ်၊ကြင်နာပြတယ်၊ နောက်ပြီး...ဂရုစိုက်မှုတွေနဲ့ကျီစယ်စနောက်ချိန်လေးတွေ။
အဲဒါတွေအကုန်လုံးက နှလုံးသားရဲ့စေခိုင်းမှု၊ ဦးနှောက်ရဲ့ညွှန်ပြချက်ကတော့ ' မင်းဆီကသူထွက်မသွားအောင်နှလုံးသားနဲ့မြူဆွယ်' တဲ့လေ။"
" ...သား...ကိုကျရော"
စိတ်အားငယ်စွာမေးလာသည့်အတွက်ခေါင်းလုံးလုံးလေးကိုပွတ်သပ်ကာပြန်ဖြေမိသည်။
" ကိုယ့်ဘဝတလျှောက်လုံးဘယ်အရာကိုမှမထိရက်မကိုင်ရက်ဆိုတာမရှိခဲ့ဖူးဘူး။ လိုချင်တာကိုမရ,ရအောင်ယူတတ်တယ်။
ဒါပေမဲ့...မင်းကတော့ထိရက်စရာမရှိ၊ကြမ်းရက်စရာမရှိတဲ့ဝါဂွမ်းနုနုလေးလိုမျိုး။ "
"..............."
" မင်းသိလား...မင်းပျော်နေတာမြင်ရင်ကိုယ်ပါအလိုလိုလိုက်ပြုံးမိတာ။ မင်းဘာမှမလုပ်ပဲကျောက်ရုပ်လိုထိုင်နေမယ်ဆိုရင်တောင် သဘောကျပြီးတစိမ့်စိမ့်နဲ့ပြုံးနေမိဦးမှာ။
ဥယျာဥ်မှူးတစ်ယောက်ကသူ့ပန်းကလေးတွေကိုတယုတယကိုင်တွယ်သလိုမျိုး၊ ပန်းချီဆရာတစ်ယောက်သူ့ကားချပ်တွေကိုမထိရက်မကိုင်ရက်ဖြစ်တစ်ဖန်အဲဒီလိုခံစားချက်မျိုးပဲ။"
"................"
" ကိုယ်မင်းကိုကြမ်းတမ်းမိခဲ့တာတွေက အချစ်စိတ်မွှန်ပြီးကျူးလွန်ခဲ့တဲ့ပြစ်မှုမျိုးပေါ့။ အချစ်မှာကိုယ်ကလွဲပြီးတခြားသူအပိုင်မဖြစ်စေချင်သလောက်၊ မြတ်နိုးမှုကတော့ မင်းကိုယ့်ဆီမှာတခဏလေးမနေပျော်ရင်တောင်မင်းပျော်မယ့်အရပ်ဆီကိုယ်တိုင်ကြည်ကြည်ဖြူဖြူထည့်လွှတ်လိုက်မှာ။
ထပ်ပြီး....ကိုယ့်ဆီမှာအန္တရာယ်တွေပြည့်နေချိန်မင်းဘေးကင်းဖို့ဆိုအဝေးကိုပို့ပစ်ဖို့လည်းဝန်မလေးဘူး။"
" သား...ဘ..ဘယ်မှ..မ...သွားချင်ဘူး"
" သဘောပြောပြတာ။ မြတ်နိုးမှုမှာ ပေးဆပ်ခြင်းတွေနဲ့ပြည့်နေကြောင်းကိုယ်သက်သေပြပေးချင်ရုံပါ။"
စကားရှည်တို့၏အဆုံး အနှီလူသားငယ်ကပါးလေးတစ်ဖက်နှင့်ရင်အုံကိုမှီငြိမ်းလာသည်။ အပေါ်စီးကမြင်ရတာတောင်ဆူထွက်လာသောနှုတ်ခမ်းလေးကအသည်းယားစရာကောင်းလွန်းပါ၏။
" ဒါဆို... သ..သား...နဲ့Daddyက...ကစားရ...တော့ဘူးလား"
" ကစားလို့ရတာပေါ့ကွ၊ ကိုယ်အားတဲ့အချိန်တိုင်းကလေးနဲ့လာကစားပေးမယ်လေ။"
" ဟုတ်...ဟုတ်...ဘူးလေ..ဟိုလိုမျိုး"
" အော်~ "
သဘောပေါက်သွားဟန်အသံရှည်ဆွဲကာပြောတော့ယုန်မျက်စောင်းခပ်သေးသေးကဒိုင်းခနဲ။
" ဟားဟား....မျက်စောင်းကြီးကဒိုင်းခနဲပါလား"
" ဟွန့်!"
" ဒီလိုကိစ္စတွေအတွက်ကလေးကအသက်ငယ်လွန်းသေးတယ်။ ကိုယ်အဆင်မခြင်လုပ်ခဲ့မိတဲ့အမှားမျိုးနောက်ဘယ်တော့မှထပ်မလုပ်တော့ဖို့ဆုံးဖြတ်ထားတာ။"
"..............."
" ပိုးသားဖြူလိုပိတ်စလေးကိုကိုယ်ဘယ်တော့မှအညစ်နွမ်းခံမှာမဟုတ်တော့ဘူး။"
ဆံနွယ်ရှည်တွေကြားနမ်းရှိုက်ရင်းပြောလိုက်သည့်ထိုစကားဟာမှန်ရာ၏။
သူဘယ်တော့မှအပြစ်မရှိတဲ့အဖြူထည်လေးအပေါ်အခွင့်ရေးမယူဝံ့တော့ပါဘူး။ ရွေးချယ်ဖို့ကစောသေးတယ်၊ ဆုံးဖြတ်ချက်ကလည်းအလွယ်တကူချမရသေးသည်မို့ဇာတ်မြောတန်သောဒီပြကွက်မှာ ကျွန်တော်သည်သာဗီလိန်ပေတည်း။
အချစ်ရဲ့ပြယုဂ် နှုတ်သုံးနှုတ်ရှိလျှင်တောင်ဆိုမကုန်ချေ။ သို့သော် မြတ်နိုးခြင်းအမှုထမ်းမှာတော့ရဲရင့်စွာဆုံးဖြတ်ချက်ချထားသည်။
တန်ဖိုးထားသည့်ဒီလူသားလေးကိုထိသမျှ အကုန်ဘုရားတအောင်ရက်စက်ပစ်မည်။ ကိုယ်တိုင်လည်းတစ်ချိန်ချိန်မှာအပြစ်ခံရဦးမှာဆိုပေမဲ့ မကျေပွဲနွှဲလို့ထားသည်မို့......။
နောက် 2 ပိုင်းလောက်ဆိုမုန်တိုင်းပိစိလေးရှိပါတယ်:)
(Note: ထွေးငယ်နဲ့The Ukesလေးကိုနောက်ရက်ကျupပေးပါ့မယ်နော်ကိုယ့်အသဲတို့၊ ဒီဘက်လေးအာရုံစိုက်နေမိလို့ရယ်။)