( အခန်း၂၈)

428 61 33
                                    

Zawgi
_______

" ဂျိုးဇက်လေး တစ်လုတ်လောက်ပဲဖြစ်ဖြစ်စားလိုက်ပါနော် အန်တီမင်းအတွက်အရုပ်တွေအများကြီးဝယ်ပေးမယ်လေ။"

" သား....က..ကလေး...မဟုတ်တော့ဘူး။"

အခန်းပြတင်းပေါက်ဘက်ခေါင်းစောင်းရင်းငေးကြည့်နေသူလေးက အစားမစားတာတစ်ရက်နီးပါးရှိတော့မည်။ ထို့ကြောင့် ပေါင်မုန့်နုနုကိုနွားနို့ထဲဆိမ်ပြီးကျွေးတော့လည်းငြင်းပြန်၏။

ကလေးမဟုတ်တော့ဘူးအတင်းငြင်းနေသောကလေးလေးကသူ့ကိုယ်သူ သား ဟုသုံးနှုန်းတုန်းပင်။ မည်သူ့ကိုမျှော်နေမှန်းလည်းသိသလို၊ မည်သူ့အားစိတ်ဆိုးနေမှန်းလည်းသိသည်။

အစ်ကိုလေးလာသွားတုန်းက မော်ဒယ်လိုင်လာအတူပါမယ်ထင်ပြီးပျော်သွားတဲ့မျက်နှာလေးကချစ်ဖို့ကောင်းသလိုသနားဖို့လည်းကောင်းသည်။ သို့ပေမဲ့အစ်ကိုလေးကတော့ သားအမိအဖြစ်ဟန်ဆောင်ခိုင်းပြီး မော်ဒယ်လိုင်လာရောက်လာခဲ့ရင်လည်းစကားကိုဆင်ခြင်ပြောဖို့မှားသွားသေး၏။

မနူးမနပ်အရွယ်လေးမှာအချစ်ရဲ့ဝေဒ နာခံစားနေရရှာသည့်ကလေးလေးကဝှီးချဲပေါ်မှာထိုင်ရင်းတွေတွေလေးငေးနေပြန်သည်။

" ဂျိုးဇက်လေး အန်တီစကားကိုနားထောင်ပါကွယ်"

" Daddyက....သား...သားကို...မချစ်..တော့ဘူးမလား"

" အို မဟုတ်တာ! ဂျိုးဇက်လေးကဒီလောက်ချစ်စရာကောင်းတာကို မော်ဒယ်လိုင်လာကသေချာပေါက်ချစ်မှာပေါ့။"

" ကိုကိုပြော....ပြော..သွားတယ်။"

" ဟင် အစ်ကိုလေးကဘာပြောသွားလို့လဲ"

" သား...Daddyနဲ့အ...အတူပြန်လိုက်...သွားရင်Daddy....နာ..နာကျင်ရမှာတဲ့။"

"............"

" ပြီး...တော့၊ သားက...ကိုကိုရဲ့အစားထိုးခံမလို့....ဟင့်!....သားကို....အေး...အေးအေးချမ်းချမ်းရှိ...စေချင်....ပြီတဲ့။ သားကို...ကိုကိုကသံယောဇဉ်...ရှိ..ရှိတာမလို့မနာကျင်စေ....ချင်...ဘူးတဲ့။Daddyနဲ့မ..မတွေ့ပဲ...ဟိုး...အဝေးကြီးကို....ထွက်သွားပေးရင်...ကိုကိုပျော်မှာတဲ့။"

" ဂျိုးဇက်လေးရယ်"

သူမမှာပြောစရာစကားမရှိတော့။ ဆို့တက်လာသည့်သံယောဇဉ်မှသွယ်တန်းသောဝမ်းနည်းခြင်းများကြောင့်မျက်ရည်ပေါက်ပေါက်ကျလျက်ဝမ်းနည်းနေတဲ့ကလေးငယ်အားဖက်ထားလိုက်သည်။

လေနှင်ရာ (completed) Where stories live. Discover now