( about this fic)

423 33 46
                                    

hi ကိုယ့်အသဲတို့, မနေ့ကတင်လိုက်တဲ့အပိုင်းနဲ့အတူဒီ (လေနှင်ရာ)  ရဲ့ message အကြောင်းကိုရှင်းပြချင်လို့ပါ။ တကယ်တော့final ပြီးမှတင်မလို့လုပ်ထားပေမဲ့နားလည်မှုလေးတွေလွဲနေကြလို့။

ဒီ (လေနှင်ရာ) ရဲ့ message ကိုက ချစ်ခြင်းနဲ့မြတ်နိုးမှု မတူကွဲပြားကြောင်းကိုပြချင်တာ။ အချစ်မှာကပုံစံအမျိုးမျိုးရှိတယ်လေကွာ။ ဒီလူကနူးနူးညံ့ညံ့ချစ်ပြတတ်ပေမဲ့ဟိုလူကတော့ဒီလိုပုံမျိုးချစ်ပြချင်မှပြတတ်လိမ့်မယ်။

မောင်က ကိုကို့အပေါ်လည်းနူးညံ့တဲ့အချိန်တွေရှိပါတယ်။အကယ်၍မပေါ်လွင်ခဲ့ရင်ဒါကိုယ့်ရဲ့ညံ့ဖျင်းမှုပေါ့

စွန့်လွှတ်တဲ့အချစ်ဆိုတာက မြတ်နိုးမှုတွေပါနေလို့။ မင်းတို့ရှေးမြန်မာရုပ်ရှင်ကြီးတစ်ခုကိုသိမှာပါ ( အကာကအချစ်အနှစ်ကမေတ္တာ) အဲဒီလိုပေါ့။

မြတ်နိုးခြင်းက ကိုယ့်သားသမီးလို၊ကိုယ့်တန်ဖိုးထားရာလေးလိုမထိရက်မကိုင်ရက်နဲ့ရင်ဝယ်ပိုက်ထားတာ။ အချစ်ကတော့အရောင်တွေနဲ့မတူဘူး။မနေ့ကရှင်းပြခဲ့သလိုပဲ။ ချစ်တာနဲ့မြတ်နိုးတာကတအားကြီးကွာမနေပေမဲ့ တကယ်တမ်းဆိုကွဲပြားပါတယ်။

မင်းတို့ယှဥ်ကြည့်လို့ရအောင်ကိုယ်စပွိုင်းပေးမယ်။ အဲဒါက အရင်ရေးခဲ့တဲ့ Side Effet တုန်းကဂျောင်ဂုရဲ့ချစ်ပုံချစ်နည်း၊ Grandfather တုန်းကထယ်ယောင်းဂင်မ်ရဲ့ချစ်ပုံချစ်နည်း၊ နောက်ဆုံး သတိ! ချစ်စကားမပြောရတုန်းကထယ်ယောင်းရဲ့ချစ်ပုံချစ်နည်း။ သေချာကြည့်မယ်ဆိုရင်သူတို့တွေချစ်တဲ့နည်းကမတူညီကြဘူး။

နောက်ပြီး  ထယ့်ရဲ့ဇာတ်ကောင်က အရမ်း toxic ဖြစ်နေရင်တောင် ဒါကကိုယ်ဖန်တီးထားတဲ့ Character သပ်သပ်ပါ။

ထပ်ပြီး ဥပမာပြောရရင် ကလေးနဲ့လည်းပေးညားလိုက်လို့ရတယ်၊ကိုကိုနဲ့လည်းဖြစ်တယ်။

( ကိုကို ကမောင့်ကိုစိတ်နာပြီးထားသွားကလေးနဲ့ညားလည်းရသလို၊ ကလေးကိုသူ့မိဘတွေနဲ့တွေ့ပေးကိုကိုနဲ့ညားပေးလိုက်လို့လည်းရတယ်။) ဒါပေမဲ့ မင်းတို့သိလားအဲဒီလိုလုပ်လိုက်ရင် ဇာတ်အိမ်ကြီးကအဖျားရှူးသွားမှာ။

မင်းတို့teamကိုယ်စီအတွက်လည်းမတရားသလိုကိုယ့်အတွက်လည်းအဆင်မပြေဘူး။ ကိုယ်က ထယ်နဲ့ပတ်သက်ရင် Sensitive ဖြစ်တာမလို့တောင်းဆိုပါရစေ။

ဇာတ်အိမ်နဲ့ပတ်သက်လို့ကတော့ကိုယ့်အသဲတို့ကြိုက်သလောက်ဝေဖန်နိုင်ပါတယ်နော်။ဝေဖန်ပေးတာကိုသဘောကျပါတယ်။

ဒီလိုရှင်းပြတာကကိုယ့်အသဲတို့ကိုစိတ်ဆိုးလို့မဟုတ်ဘူးနော်၊ messageလေးကိုပြောပြချင်ရုံပါ။ ဖြစ်နိုင်ရင်ကိုယ်ပြောခဲ့တဲ့ fic တွေနဲ့ယှဥ်ကြည့်စေချင်တယ်။

လေနှင်ရာ ကအရမ်းfeelling fic ဖြစ်နေတာတောင်ogလိုက်ပေးနေဆဲအသဲတုံးတို့ကိုအများကြီးလည်းကျေးဇူးတင်ပါတယ်နော်❤။

လေနှင်ရာ (completed) Where stories live. Discover now