( အခန်း၃၂)

397 54 24
                                    

မနက်မိုးသောက်ချိန်ရဲ့နေအလင်းရောင်ကမျက်နှာပေါ်ဖြာကျလာသည်။ နားထဲမှာတံမြက်စည်းလှည်းသံတရှပ်ရှပ်နဲ့အတူကျွတ်စိကျွတ်စိစကားပြောသံအချို့ကြားနေရ၏။

ဘယ်နှနာရီရှိပြီလဲကြည့်ရန် အိပ်ယာဘေးကိုလက်စမ်းလိုက်သော်လည်းထိမိသည်ကအပင်ငုပ်တိုများဖြစ်သည်။ မျက်လုံးများကိုအားယူဖွင့်ကြည့်တော့တွန့်ဆုတ်တွန့်ဆုတ်ကြည့်နေကြသောခြံစောင့်အမျိုးသားကြီးနှစ်ယောက်ကဟီးခနဲရယ်ပြလာသည်။

" သခင်လေး နိုးပြီလား။ ညီအစ်ကိုနှစ်ယောက်အသောက်လွန်ပြီးအိပ်ဖြစ်သွားတယ်ထင်တယ်။"

" သခင်လေးတို့ကျောတွေနာကုန်ပါလိမ့်မယ် အိမ်ထဲကိုဝင်အိပ်ကြပါ။ အိမ်အကူတွေလည်းခြံထဲမှာမြက်ရိတ်ချင်ပေမဲ့သခင်လေးတို့ခိုက်မိမှာစိုးလို့ငြိမ်နေရတယ်။"

ဟုတ်သား.....ထိုအမျိုးသားကြီးနှစ်ယောက်ပြောမှထုံကျဥ်နေတဲ့ခြေထောက်ကိုသတိရသည်။ အပန်းဖြေအိမ်ကခြံထဲမှာတောင်ပိုးသတ်ဆေးတွေဖျန်းသည်မို့ခြင်မလာနိုင်သော်ငြား တစ်ညလုံးကိုကို နိုးသွားမည်စိုးသဖြင့်တုတ်တုတ်မျှမလှုပ်ခဲ့တဲ့ခြေထောက်ကအခုတော့ဒုက္ခပေးချေပြီ။

" ဒီအတိုင်းအိပ်ဖြစ်သွားတာ၊ လုပ်စရာရှိတာလုပ်ကြပါ ကျွန်တော်ကိုကို့ ကိုပွေ့သွားလိုက်ပါ့မယ်။"

" ရပါ့မလားသခင်လေးကျွန်တော်တို့ကူပေးရမလား"

" နေ....ရတယ်"

ပေါင်ပေါ်အိပ်နေဆဲကိုကို့ခေါင်းကို ဖွဖွလေးဆွဲထူပြီးခြေကြွလိုက်သည်။ ထိတွေ့မှုကိုတောင်မသိတော့တဲ့အထိထုံကျဥ်နေပြီမို့ပွေ့ချီရန်ဒူးတစ်ဖက်ကိုတောင်အတော်လေးထောက်ယူရသည်။

သို့သော်လည်း လက်ထဲတောင်မရောက်သေး၊မျက်ဝန်းတွေပွင့်လာသည့်ကိုကို့ကြောင့် တော်သေးတယ်ပြောရဦးမယ်။

ထိုသို့ဖြင့်နိုးနိုးခြင်းအိပ်ယောင်ပြီးပြောလိုက်သည့်စကားကြောင့်ထယ်ယောင်းမှာတစ်နေ့တာကိုအပြုံးတို့ဖြင့်ဖျက်သန်းရင်းအစပြုရတော့မလို။

" အခန်းမျက်နှာကြပ်ဘယ်တုန်းကလဲလိုက်တာလဲ"

" အိပ်ချင်ယောင်ပြီးလျှောက်ပြောမနေနဲ့ နိုးရင်လည်းထ။ "

လေနှင်ရာ (completed) Where stories live. Discover now