Second life ( အချို့သောချစ်ခြ...

By moetharchel

120K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 27

1.8K 170 12
By moetharchel

Unicode

"Hello......"

ရုတ်တရက်ကြားလိုက်ရတဲ့ခပ်သြသြအသံလေးမှာလင်းလက်ကြက်သေသေနေမိသည်။ တစ်ခါမှဖုန်းမဆက်ဖူးသလို ၊ ကိုယ့်ဘက်ကစကားစပြောတာလည်းမရှိခဲ့တာမို့ဘာစပြောလို့ပြောရမှန်းလည်းမသိ။

"ကိုကို......"

ဒုတိယအကြိမ်မြောက်စကားသံကလင်းလက်တစ်ကိုယ်လုံးကိုတောင့်တင်းသွားစေပြန်သည်။ ' ဖုန်းထဲကနေပဲဖောက်ထွင်းမြင်နေသလား ' ဆိုပြီးဖုန်းကိုပြန်ကြည့်ရတာလည်းအခါခါပင်။
တကယ်ဆိုထူးထက်စေကိုသူ့ဖုန်းနံပါတ်မပေးခဲ့ဖူးပါဘူး။
ဒါကိုဒီကောင်ကဘယ်လိုလုပ်ပြီး......။

"ကိုကို့ဖုန်းနံပါတ်ကရဖို့လွယ်ပါတယ်......အဲ့ဒါကြောင့်အကြာကြီးစဉ်းစားမနေနဲ့တော့......"

ဟော......ပြောပြန်ပြီ။
ဒီကောင်ဘယ်လိုလုပ်ပြီးလင်းလက်တွေးသမျှကိုသိနေရတာပါလိမ့်။ နေစမ်းပါအုံး ထူးထက်စေ......မင်းအကြားအမြင်များရနေတာလား။

လင်းလက်တစ်ယောက်မျက်နှာကြီးစူပုတ်ကာတွေးနေမိတုန်းရှိသေး ၊ ကြားလိုက်ရတဲ့ရယ်သံကြောင့်လူကလန့်ပင်သွားရသည်။
' ဘာဖြစ်လို့လာရယ်နေတာလဲ ' ဟုပြန်ရန်တွေ့လိုက်ချင်ပါသော်ငြား တစ်ဖက်ကလည်းသူဘာပြောမလဲဆိုတာလေးကိုပဲနားစွင့်နေမိပြန်တယ်။

"ကိုကိုကတော့လေ......ကျွန်တော်ကအကြားအမြင်ရစရာလား...အိမ်း အကြားအမြင်ရတယ်ဆိုရင်လည်း......ကိုကိုပေါက်စလေးတစ်ယောက်တည်းကိုပဲအကြားအမြင်ရနေတာနေမှာ......"

ထပ်ပြောလာတဲ့စကားကြောင့်လင်းလက်လန့်ဖျန့်ကာဖုန်းချလိုက်မိသည်။ ဖုန်းမှာများတစ်ခုခုရှိနေမလားဆိုတဲ့အတွေးကဝင်လာပြန်တာကြောင့်ဖုန်းကိုပါခေါင်းအုံးအောက်ထဲဖိထားပစ်လိုက်တယ်။
ဒီကောင်ဘာဖြစ်လို့အဲ့ဒီ့လောက်အထိသိနေရတာလဲ......သေချာတယ် ထူးထက်စေကလူမဟုတ်လောက်ဘူး......။

_____________________________________________

အဆက်အသွယ်ပြတ်တောက်သွားတဲ့ဖုန်းကိုကြည့်ရင်း ထူးထက်စေတစ်ယောက်သဘောတကျပြုံးလိုက်မိသည်။ ဖုန်းခေါ်ပြီးဘာစကားမှပြောမလာကတည်းကကိုကိုဖြစ်လောက်မည်ဟုစိတ်ထဲထင်တာကြောင့်ခေါ်နေကျနာမ်စားလေးကိုခေါ်လိုက်မိခြင်း။ ဆက်ပြီးတိတ်ဆိတ်နေပုံအရစိတ်ထင်တာနဲ့ပဲခန့်မှန်းမိသလောက်ပြောသလောက်ပြောလိုက်တော့တစ်ဖက်ကကိုကိုဒေါက်တာလေးကလန့်သွားတယ်ထင်ပါရဲ့။

"ဟား!......ကိုကိုကတော့လေ......"

တစ်ယောက်တည်းရေရွတ်မိရင်းscreenပေါ်မှာပေါ်နေဆဲဖြစ်တဲ့ဖုန်းနံပါတ်လေးတစ်ခုကိုcontactထဲမှတ်ထားဖို့ပြင်လိုက်သည်။ အရင်ကတည်းကရှုထောင့်မျိုးစုံကနေခိုးရိုက်ထားမိတဲ့ကိုကို့ဓါတ်ပုံတွေထဲကမှသဘောအကျဆုံးပုံလေးတစ်ပုံနဲ့အတူ ' ကျွန်တော့်ရဲ့အနာဂတ်လက်တွဲဖော် ' ဆိုပြီးရေးမှတ်ထားလိုက်သည်။
ရူးကြောင်ကြောင်နိုင်တယ်လို့ထင်ကောင်းထင်နိုင်ပေမယ့်လို့ မြန်မာပြည်မှာကစကားပုံရှိတယ်လေ။
ဘာသွားရာဘာပါတယ်ဆိုလား။
သေချာမသိပေမယ့်......ဘာပဲဖြစ်ဖြစ်တကယ်ဖြစ်လာရင်လည်းကောင်းတာပဲကို။

ဖုန်းကိုဘေးနားချထားလိုက်ပြီးသောက်လက်စစီးကရက်ကိုတစ်ချက်ဖွာရှိုက်လိုက်တော့အဆုတ်ထဲအထိဝင်ရောက်လာတဲ့မီးခိုးငွေ့တွေ ၊ ထိုမီးခိုးငွေ့တွေကိုပြန်မှုတ်မထုတ်ဘဲအနားကဝိုင်ခွက်ကိုလှမ်းယူကာဝိုင်တစ်ငုံနဲ့အတူအကုန်မျှောချပစ်လိုက်သည်။
ခါးသက်သက်နှင့်မွမ်းကျပ်သွားတဲ့ခံစားမှုကတကယ့်ကိုကျွန်တော့်ဘဝအတိုင်းပါပဲ။

တဖြည်းဖြည်းမှောင်ရီပျိုးစပြုလာတဲ့ကောင်းကင်ကြီးကိုငေးရင်းစီးကရက်ကိုနောက်တစ်ကြိမ်ထပ်ဖွာရှိုက်လိုက်မိစဉ်ရုတ်တရက်ကြားလိုက်ရတဲ့ဖုန်းသံသဲ့သဲ့။ မျှော်လင့်တကြီးကောက်ယူလိုက်မိပေမယ့်လို့မျှော်လင့်ထားတဲ့သူဖြစ်မနေတာကြောင့်ထူးထက်စေရဲ့မျက်နှာကမှုန်ကုပ်သထက်မှုန်ကုပ်သွားရတော့သည်။

ဒေါက်တာတော့ဒေါက်တာပဲ......ဒါပေမယ့်ဒါကနားငြီးအောင်လုပ်မယ့်ဒေါက်တာ......။

"Hel........."

"ထူးထက်စေ...မနက်ဖြန်မနက်ကျရင်ကောင်လေးကိုလာကြိုပေး......ဟုတ်ပြီလား......"

ပြောပြီးတာနဲ့ချက်ချင်းဆိုသလိုဖုန်းချသွားပြန်တဲ့ဒေါက်တာစဝ်ထည်ဝါ။ ဖုန်းဆက်တုန်းကဆက်ပြီး ' Hello ' ဆိုတာလေးတောင်ဆုံးအောင်နားမထောင်ဘဲသူပြောချင်တာပြောပြီးဖုန်းချသွားတာပါပင်။
သေချာပါတယ်......မနက်ဖြန်ကျရင်လည်းဒီကောင့်ကိုပဲဆူအုံးမှာ။
တွေ့မယ်...ရည်းစားရမှ ရည်းစားအားကိုးနဲ့နှစ်ယောက်လုံးကိုခွေးစာကျွေးပစ်မယ်......ဘာမှတ်နေလဲ။

_____________________________________________

ပန်းရောင်စုံတွေပြည့်နှက်နေတဲ့နေရာတစ်နေရာ။ အကန့်အသတ်မရှိဘဲရောနှောနေတဲ့ပန်းခင်းကြီးကအရောင်စုံအမျိုးအစားစုံလွန်းတဲ့ပန်းတွေရောထွေးလို့။ မြက်တစ်ပင်တောင်မရှိတဲ့အဆုံးမဲ့ပန်းခင်းကြီးကအသွင်စုံနဲ့ပန်းတွေကြောင့်ထင်ပါရဲ့ ၊ အေးချမ်းလွန်းလိုက်တာ။

"လာဗင်ဒါ......"

ပထမဆုံးထိတွေ့မိတဲ့ပန်းခက်လေးရဲ့အမျိုးအမည်ကိုသူရေရွတ်မိသည်။ ခရမ်းရောင်ပန်းခက်လေးရဲ့အဓိပ္ပါယ်ကိုအတိအကျမသိပေမယ့် လို့ဒီပန်းလေးကိုသူချစ်ရတဲ့လူတစ်ယောက်ကအတော်လေးသဘောကျနှစ်သက်သည်ကိုတော့သတိရမိပါသေးတယ်။
ပုံမှန်ဆိုရင်လှပတဲ့ပန်းခက်လေးကိုမခူးရက်ပေမယ့် ထိုတစ်စုံတစ်ယောက်ကဒီပန်းလေးထက်ပိုအရေးကြီးသည်မို့ခူးဖို့ပြင်မိတော့

"မြတ်သဝဏ်......"

ရုတ်တရက်ကြားလိုက်ရတဲ့အသံတစ်သံကြောင့်လှမ်းနေတဲ့လက်ကတုံ့ခနဲ။ မယုံကြည်နိုင်သေးပေမယ့် အသံလာရာလှည့်ကြည့်မိတော့မြင်လိုက်ရတာကအစ်ကို။
ကျွန်တော်သိပ်ချစ်ခဲ့ဖူးတဲ့အစ်ကို။
အစ်ကိုကဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ......။

"မြတ်သဝဏ်......"

မလာနဲ့......။

အနားတိုးလာတဲ့အစ်ကို့ကြောင့်အော်ပြောမိပါသော်ငြားအသံကထွက်မလာ။ ရင်ထဲမွမ်းကျပ်လာတဲ့ခံစားမှုနဲ့အတူပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်စတစ်ချို့ကလည်းဘာအတွက်ကြောင့်များပါလိမ့်။

"မြတ်သဝဏ်......"

ထွက်သွား......မလာနဲ့...ကျွန်တော့်အနားမလာနဲ့။

"ငါမင်းကိုချစ်တယ်မြတ်သဝဏ်......"

အနားကိုပိုတိုးကပ်လာတဲ့အစ်ကို့ဆီကကြားလိုက်ရတဲ့စကားတစ်ခွန်း။ တစ်ချိန်ကသိပ်ကိုကြားချင်ခဲ့မိတဲ့စကားဆိုပေမယ့်လို့ ၊ အဲ့ဒီ့စကားကြားရရင်သေဖို့အတွက်လုံလောက်တယ်လို့သတ်မှတ်ထားခဲ့မိပေမယ့်လို့ အခုအချိန်မှာတော့အဆိပ်တစ်ခွက်လိုပဲခါးသီးလွန်းတယ်။

"မြတ်သဝဏ်......"

မလာနဲ့......ကျွန်တော့်ဆီမလာနဲ့လို့ပြောနေတယ်လေ......။

**************************************************

သဝဏ်နိုးလာတော့အချိန်က၇နာရီခွဲ။
မူးနောက်မနေတော့ပေမယ့်လို့ခေါင်းကအနည်းငယ်တော့ကိုက်ခဲနေသေးသည်။ သေချာတာကတော့ဒေါက်တာအမူးပြေဆေးထိုးပေးထားတယ်ထင် ၊ မဟုတ်ရင်သူသောက်ခဲ့တဲ့ပမာဏနဲ့ဆိုအခုအချိန်အထိမူးနောက်နေလောက်အုံးမှာ။

"ကောင်လေး......"

နူးညံ့တဲ့ခေါ်ဝေါ်သံနှင့်အတူအနားရောက်လာတဲ့ဒေါက်တာကထုံးစံအတိုင်းထမင်းပွဲပြင်ပြီးယူလာပေးသည်။ ဘေးမှာလည်းblack coffeeတစ်ခွက်ကပါသေး။ လင်ဗန်းကိုကုတင်ပေးကစားပွဲလေးပေါ်တင်လိုက်ပြီးသဝဏ့်နှဖူးကိုလာစမ်းပြန်တဲ့ဒေါက်တာအခုထိစိတ်မချသေးဟန်ပင်။

"ကျွန်တော်ဘာမှမဖြစ်တော့ပါဘူးဒေါက်တာ......"

"ပြောရမလား......ဒီလောက်အထိအများကြီးသောက်လာတာကို......"

အထွန့်တက်ချင်နေတဲ့ကောင်လေးကိုထည်ဝါခပ်ဆတ်ဆတ်ပိတ်ဟောက်လိုက်တော့မှဘာမှမပြောဘဲငြိမ်သွားရှာသည်။
ငြိမ်သွားတာမို့စိတ်တော့မကောင်းပေမယ့်ဒီကောင်လေးကဒီလိုပြောတာတောင်စကားနားထောင်တာမှမဟုတ်ဘဲလေ။

"ထမင်းစားရအောင်ကလေး......"

"ဟုတ်......"

ခေါင်းလေးညိတ်ကာပြောလာတု့ကောင်လေးကြောင့်ထည်ဝါ့မှာအသည်းတယားယား။ ဒီလောက်ချစ်ဖို့ကောင်းနေတဲ့ကောင်းလေးကိုဖက်နမ်းပစ်ချင်ပေမယ့်လည်း လက်တွေ့မှာတော့ခပ်ဝဲဝဲကျဆင်းနေတဲ့မီးခိုးရင့်ရောင်ဆံပင်လေးတွေကိုသာလက်တစ်ဖက်နှင့်ထိုးဖွလိုက်သည်။

"ကိုကိုခွံ့ကျွေးရမလား......"

သူ့စကားကိုအပြုံးလေးတစ်ပွင့်နှင့်တုံ့ပြန်လာတဲ့ကောင်လေး။
ဒီကောင်လေးကတော့မသိပေမယ့် ပြုံးလိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်လေးတွေမှာထည်ဝါ့နှလုံးသားကဖြုတ်ခနဲကြွေကျရပြန်ပါ၏။

"ဒေါက်တာကခွံ့ကျွေးချင်လို့လား......"

"အင်း......"

"ဒါဆိုရင်လည်းခွံ့ကျွေးလေ......"

ကောင်လေးဆီကခွင့်ပြုချက်ရသည်နှင့်ကုတင်ဘေးတွင်ဝင်ထိုင်ကာထမင်းနှင့်ဟင်းကိုသေချာနယ်ပြီးတစ်လုတ်စာခပ်ကာကောင်လေးကိုခွံ့ကျွေးလိုက်သည်။ သေချာဝါးစားနေရင်းမျက်မှောင်ကျုတ်သွားတဲ့ကောင်လေးကြောင့်လူကရင်ထဲထိတ်ခနဲ။
ကိုယ်ချက်တာစားမကောင်းလို့များလား......။

"ဒေါက်တာချက်ထားတာလား......"

"အင်း......စားမကောင်းလို့လား......"

"အရမ်းကောင်းလို့...ကျွန်တော်ဘယ်သူလဲဆိုတာတောင်မမှတ်မိတော့သလိုပဲ......"

"ဟားဟားဟား......ဒီကောင်လေးကတော့......"

သီးသန့်ဆန်ပြီးတိတ်ဆိတ်တဲ့အသွင်ဆောင်တဲ့အညိုဖျော့ရောင်အခန်းငယ်ထဲတွင်ရယ်မောသံတစ်ချို့ကနေရာယူကာစိုပြေသွားစေခဲ့ပါ၏။
ထိုကဲ့သို့ပင် ဒဏ်ရာအထပ်ထပ်ကြောင့်ပြိုလဲနေခဲ့ရတဲ့ဒီလူသားငယ်အတွက်ကုသပေးမည့်အကြင်နာနတ်သားလေးသာဝင်ရောက်လာခဲ့မည်ဆိုလျှင် ပျက်ဆီးယိုယွင်းနေရှာသည့်ထိုနှလုံးသားကလည်းပြန်လည်ကောင်းမွန်နိုင်လောက်ပါသေးရဲ့။

_____________________________________________

ထမင်းစားပြီးသည်နှင့်ခြံထဲထွက်ထိုင်နေတဲ့ကောင်လေးကြောင့်ထည်ဝါဂစ်တာတစ်လက်ယူကာကောင်လေးရှိသည့်ဒန်းဆီသို့ထွက်လာခဲ့လိုက်သည်။ အတွေးများနေပုံရတဲ့ကောင်လေးကထည်ဝါ့ကိုမြင်ပုံမရတာကြောင့် ဘေးမှာဝင်ထိုင်နေလိုက်တော့မှကောင်လေးကသတိထားမိသွားဟန်။

"ဒေါက်တာစာဖတ်နေတယ်ထင်နေတာ......"

"အင်း......ကောင်လေးပျင်းနေမှာစိုးလို့......"

တကယ်တော့ကောင်လေးပျင်းနေမှာစိုးတာကြောင့်မဟုတ်မှန်းထည်ဝါအသိဆုံးပါပင်။ ပုံမှန်ဆိုအေးအေးဆေးဆေးစာဖတ်နေကျလူကအခုလိုအငြိမ်မနေဖြစ်နေရခြင်းကအကြောင်းတစ်ခုခုကြောင့်ဆိုတာဒီကောင်လေးမသိလေရော့သလား။ မသိတာလည်းတစ်မျိုးကောင်းတာပါပဲလေ။
မဟုတ်ရင်သူ့ကိုဖွင့်ပြောဖို့ရည်ရွယ်နေမှန်းသိသွားရင်ဘယ်supriseဖြစ်ပါတော့မလဲ။

ဟုတ်ပါတယ်......ဒီနေ့ကောင်လေးကိုဘယ်လောက်ချစ်ကြောင်းဖွင့်ပြောတော့မှာ။
ကောင်လေးကိုတိတ်တိတ်လေးချစ်ခဲ့ရတာဘယ်လောက်တောင်ကြာနေပြီလဲ။ ချစ်ဖို့ကောင်းလွန်းတဲ့ဒီကလေးကိုစိတ်ရှိတိုင်းဖက်နမ်းပစ်လို့ရအောင်ဒီနေ့တော့ခံစားချက်တွေမှန်သမျှဖွင့်ပြောပြီးကောင်လေးရဲ့နှလုံးသားကိုအပိုင်သိမ်းပစ်မှကိုဖြစ်တော့မှာပါ။

"ကိုယ်သီချင်းဆိုပြရမလားကောင်လေး......"

ကြိုးညှိပြီးသားဂစ်တာကိုထပ်ကြိုးညှိယောင်ဆောင်ရင်းပြောလိုက်တော့ကောင်လေးကခပ်ဖွဖွခေါင်းညိတ်ပြလာတယ်။

' ငါချစ်ရမှာ...စိတ်ကူးရုံနဲ့
အသွေးအသားထဲက......ပျော်နေတတ်ပြီ
အိပ်မက်ထဲမှာ...ဆုံတွေ့လိုက်တိုင်း
မနေနိုင်ဘူး...ရူးချင်ပြီ......
မင်းရှေ့ကို......ရောက်သွားရင်ပဲ
အားတင်းသမျှ...အရည်ပျော်သွားတယ်...... '

နောက်ထက်ဆက်လာမယ့်စာသားကြောင့်သီချင်းဆိုရင်းကောင်လေးကိုငေးကြည့်မိတော့ စူးရှတောက်ပတဲ့မျက်ဝန်းတစ်စုံနှင့်ဆုံသည်။
ကောင်လေးကသူ့ကိုကြည့်နေမယ်လို့တကယ်ကိုမထင်ထားခဲ့မိတာ......။

' မင်းရဲ့အကြည့်မှာ......မြူခိုးတွေနဲ့
ငါမမြင်နိုင်ဘူး......ဆူးတွေလည်း...... '

နားထောင်နေရင်းကောင်လေးကသွားတန်းဖြူဖြူလေးတွေပေါ်သည်အထိပြုံးသည်။ မြတ်နိုးစရာပါးချိုင့်လေးကမပါမဖြစ်ဆိုပေမယ့် ကောင်လေးဒီလိုပြုံးတာမျိုးပထမဆုံးမြင်ဖူးလိုက်ရတာဖြစ်တာကြောင့်လူကသီချင်းစာသားတောင်မေ့ချင်ချင်ဖြစ်သွားရသည်။

' ရင်ကိုဖွင့်ပြီး......ဆိုမယ်......
မယုံနိုင်အောင် ချစ်......မိတယ်......
ရင်ခုန်သံများ...ချုပ်ထိန်းမရ
သူသိအောင်...ဖွင့်ပြောမည်
ကိုယ့်ဘက်က...အကြင်နာတွေ မင်းသိဖို့လိုပြီ......
ဝေး...ချင်ရင် ဝေး......
ခဏလောက်ဆုံဖြစ်ရင်
ငါ့ရဲ့ကမ္ဘာကို...ကျေနပ်မိ......
ရင်ခုန်သံများချုပ်ထိန်းမရ
သူသိအောင်...ဖွင့်ပြောမည်
ကိုယ့်ဘက်က...အကြင်နာတွေမင်းသိဖို့လိုပြီ......
တို့ဆုံတွေ့ခြင်း......အရှုံးလည်း...ယူလိုက်မည်......
မင်းသိအောင်......ဖွင့်ပြောတော့မည်...... '

ရင်ခုန်မြန်နေပေမယ့်လို့ထည်ဝါသီချင်းဆိုရင်းကောင်လေးမျက်ဝန်းတွေကိုသာငေးကြည့်နေမိသည်။ မျက်ဝန်းတွေကစိတ်ရဲ့ပြတင်းပေါက်ဆိုရင် ကောင်လေးသူ့အချစ်တွေကိုမြင်ပါစေလေ။

"ဟား!......ဒေါက်တာကသီချင်းဆိုတဲ့နေရာမှာလည်းတော်တာပဲ......"

သီချင်းဆုံးသည်နှင့်ထပြောတဲ့ကောင်လေးရဲ့စကားကြောင့်ကြည်နူးမှုလေးကလှိုက်ခနဲ။ ဂစ်တာကိုဘေးအသာချရင်းစကားစဖို့ပြင်လိုက်တော့ကောင်လေးကလည်းအလိုက်တသိငြိမ်နေပေးရှာတယ်။

"ဟို...ဟိုလေ ကောင်လေး......"

"အင်း......"

"ဟို........."

"ပြောလေဒေါက်တာ......"

"ဟို......ဒီမှာအေးတယ်လေ...အိမ်ထဲဝင်တော့......"

ပြောလိုက်မိတဲ့စကားကြောင့်ထည်ဝါကိုယ့်ပါးကိုယ်တောင်ဆယ်ချက်လောက်ဆင့်ရိုက်ပစ်ချင်သွားရသည်။
ပြောချင်တာကတခြား...ပြောလိုက်မိတာကတခြား။

"အာ......အင်း ဟုတ်သားပဲ...ဒါဆိုကျွန်တော်အခန်းထဲပြန်တော့မယ်နော်......Goodnightပါ ဒေါက်တာ......"

ပြုံးကာပြောဆိုပြီးအိမ်ထဲဝင်သွားတဲ့ကောင်လေးရဲ့ကျောပြင်ကျယ်ကိုထည်ဝါမလှုပ်မယှက်နှင့်သာငေးကြည့်နေမိပြန်သည်။
' ကိုယ်မင်းကိုချစ်တယ် ' လို့ပြောရမှာလေ စဝ်ထည်ဝါအရူးရဲ့။
ဘယ့်နှယ့်လို့ဘာကြီးကိုသွားပြောရတာလဲ။ အခုတော့မင်းစီစဉ်ထားသမျှပျက်ပြီ။

ဟူး......နောက်တစ်ခေါက်မှဖွင့်ပြောကြတာပေါ့......။



#################################

သီချင်းလေးကတော့ ' ဒူးထောက်ပြီ ' ဆိုတဲ့သီချင်းလေးပါဗျ။
vdလေးပါထည့်ပေးထားတာမို့ သီချင်းလေးပါနားထောင်ပေးကြပါအုံးနော်ဗျ။

Zawgyi

"Hello......"

ရုတ္တရက္ၾကားလိုက္ရတဲ႕ခပ္ၾသၾသအသံေလးမွာလင္းလက္ၾကက္ေသေသေနမိသည္။ တစ္ခါမွဖုန္းမဆက္ဖူးသလို ၊ ကိုယ့္ဘက္ကစကားစေျပာတာလည္းမရွိခဲ႕တာမို႕ဘာစေျပာလို႕ေျပာရမွန္းလည္းမသိ။

"ကိုကို......"

ဒုတိယအၾကိမ္ေျမာက္စကားသံကလင္းလက္တစ္ကိုယ္လံုးကိုေတာင့္တင္းသြားေစျပန္သည္။ ' ဖုန္းထဲကေနပဲေဖာက္ထြင္းျမင္ေနသလား ' ဆိုျပီးဖုန္းကိုျပန္ၾကည့္ရတာလည္းအခါခါပင္။
တကယ္ဆိုထူးထက္ေစကိုသူ႕ဖုန္းနံပါတ္မေပးခဲ႕ဖူးပါဘူး။
ဒါကိုဒီေကာင္ကဘယ္လိုလုပ္ျပီး......။

"ကိုကို႕ဖုန္းနံပါတ္ကရဖို႕လြယ္ပါတယ္......အဲ႕ဒါေၾကာင့္အၾကာၾကီးစဥ္းစားမေနနဲ႕ေတာ့......"

ေဟာ......ေျပာျပန္ျပီ။
ဒီေကာင္ဘယ္လိုလုပ္ျပီးလင္းလက္ေတြးသမွ်ကိုသိေနရတာပါလိမ့္။ ေနစမ္းပါအံုး ထူးထက္ေစ......မင္းအၾကားအျမင္မ်ားရေနတာလား။

လင္းလက္တစ္ေယာက္မ်က္ႏွာၾကီးစူပုတ္ကာေတြးေနမိတုန္းရွိေသး ၊ ၾကားလိုက္ရတဲ႕ရယ္သံေၾကာင့္လူကလန္႕ပင္သြားရသည္။
' ဘာျဖစ္လို႕လာရယ္ေနတာလဲ ' ဟုျပန္ရန္ေတြ႕လိုက္ခ်င္ပါေသာ္ျငား တစ္ဖက္ကလည္းသူဘာေျပာမလဲဆိုတာေလးကိုပဲနားစြင့္ေနမိျပန္တယ္။

"ကိုကိုကေတာ့ေလ......ကြ်န္ေတာ္ကအၾကားအျမင္ရစရာလား...အိမ္း အၾကားအျမင္ရတယ္ဆိုရင္လည္း......ကိုကိုေပါက္စေလးတစ္ေယာက္တည္းကိုပဲအၾကားအျမင္ရေနတာေနမွာ......"

ထပ္ေျပာလာတဲ႕စကားေၾကာင့္လင္းလက္လန္႕ဖ်န္႕ကာဖုန္းခ်လိုက္မိသည္။ ဖုန္းမွာမ်ားတစ္ခုခုရွိေနမလားဆိုတဲ႕အေတြးကဝင္လာျပန္တာေၾကာင့္ဖုန္းကိုပါေခါင္းအံုးေအာက္ထဲဖိထားပစ္လိုက္တယ္။
ဒီေကာင္ဘာျဖစ္လို႕အဲ႕ဒီ႕ေလာက္အထိသိေနရတာလဲ......ေသခ်ာတယ္ ထူးထက္ေစကလူမဟုတ္ေလာက္ဘူး......။

_____________________________________________

အဆက္အသြယ္ျပတ္ေတာက္သြားတဲ႕ဖုန္းကိုၾကည့္ရင္း ထူးထက္ေစတစ္ေယာက္သေဘာတက်ျပံဳးလိုက္မိသည္။ ဖုန္းေခၚျပီးဘာစကားမွေျပာမလာကတည္းကကိုကိုျဖစ္ေလာက္မည္ဟုစိတ္ထဲထင္တာေၾကာင့္ေခၚေနက်နာမ္စားေလးကိုေခၚလိုက္မိျခင္း။ ဆက္ျပီးတိတ္ဆိတ္ေနပံုအရစိတ္ထင္တာနဲ႕ပဲခန္႕မွန္းမိသေလာက္ေျပာသေလာက္ေျပာလိုက္ေတာ့တစ္ဖက္ကကိုကိုေဒါက္တာေလးကလန္႕သြားတယ္ထင္ပါရဲ႕။

"ဟား!......ကိုကိုကေတာ့ေလ......"

တစ္ေယာက္တည္းေရရြတ္မိရင္းscreenေပၚမွာေပၚေနဆဲျဖစ္တဲ႕ဖုန္းနံပါတ္ေလးတစ္ခုကိုcontactထဲမွတ္ထားဖို႕ျပင္လိုက္သည္။ အရင္ကတည္းကရွဳေထာင့္မ်ိဳးစံုကေနခိုးရိုက္ထားမိတဲ႕ကိုကို႕ဓါတ္ပံုေတြထဲကမွသေဘာအက်ဆံုးပံုေလးတစ္ပံုနဲ႕အတူ ' ကြ်န္ေတာ့္ရဲ႕အနာဂတ္လက္တြဲေဖာ္ ' ဆိုျပီးေရးမွတ္ထားလိုက္သည္။
ရူးေၾကာင္ေၾကာင္နိုင္တယ္လို႕ထင္ေကာင္းထင္နိုင္ေပမယ့္လို႕ ျမန္မာျပည္မွာကစကားပံုရွိတယ္ေလ။
ဘာသြားရာဘာပါတယ္ဆိုလား။
ေသခ်ာမသိေပမယ့္......ဘာပဲျဖစ္ျဖစ္တကယ္ျဖစ္လာရင္လည္းေကာင္းတာပဲကို။

ဖုန္းကိုေဘးနားခ်ထားလိုက္ျပီးေသာက္လက္စစီးကရက္ကိုတစ္ခ်က္ဖြာရွိဳက္လိုက္ေတာ့အဆုတ္ထဲအထိဝင္ေရာက္လာတဲ႕မီးခိုးေငြ႕ေတြ ၊ ထိုမီးခိုးေငြ႕ေတြကိုျပန္မွဳတ္မထုတ္ဘဲအနားကဝိုင္ခြက္ကိုလွမ္းယူကာဝိုင္တစ္ငံုနဲ႕အတူအကုန္ေမွ်ာခ်ပစ္လိုက္သည္။
ခါးသက္သက္ႏွင့္မြမ္းက်ပ္သြားတဲ႕ခံစားမွဳကတကယ့္ကိုကြ်န္ေတာ့္ဘဝအတိုင္းပါပဲ။

တျဖည္းျဖည္းေမွာင္ရီပ်ိဳးစျပဳလာတဲ႕ေကာင္းကင္ၾကီးကိုေငးရင္းစီးကရက္ကိုေနာက္တစ္ၾကိမ္ထပ္ဖြာရွိဳက္လိုက္မိစဥ္ရုတ္တရက္ၾကားလိုက္ရတဲ႕ဖုန္းသံသဲ႕သဲ႕။ ေမွ်ာ္လင့္တၾကီးေကာက္ယူလိုက္မိေပမယ့္လို႕ေမွ်ာ္လင့္ထားတဲ႕သူျဖစ္မေနတာေၾကာင့္ထူးထက္ေစရဲ႕မ်က္ႏွာကမွဳန္ကုပ္သထက္မွဳန္ကုပ္သြားရေတာ့သည္။

ေဒါက္တာေတာ့ေဒါက္တာပဲ......ဒါေပမယ့္ဒါကနားျငီးေအာင္လုပ္မယ့္ေဒါက္တာ......။

"Hel........."

"ထူးထက္ေစ...မနက္ျဖန္မနက္က်ရင္ေကာင္ေလးကိုလာၾကိဳေပး......ဟုတ္ျပီလား......"

ေျပာျပီးတာနဲ႕ခ်က္ခ်င္းဆိုသလိုဖုန္းခ်သြားျပန္တဲ႕ေဒါက္တာစဝ္ထည္ဝါ။ ဖုန္းဆက္တုန္းကဆက္ျပီး ' Hello ' ဆိုတာေလးေတာင္ဆံုးေအာင္နားမေထာင္ဘဲသူေျပာခ်င္တာေျပာျပီးဖုန္းခ်သြားတာပါပင္။
ေသခ်ာပါတယ္......မနက္ျဖန္က်ရင္လည္းဒီေကာင့္ကိုပဲဆူအံုးမွာ။
ေတြ႕မယ္...ရည္းစားရမွ ရည္းစားအားကိုးနဲ႕ႏွစ္ေယာက္လံုးကိုေခြးစာေကြ်းပစ္မယ္......ဘာမွတ္ေနလဲ။

_____________________________________________

ပန္းေရာင္စံုေတြျပည့္ႏွက္ေနတဲ႕ေနရာတစ္ေနရာ။ အကန္႕အသတ္မရွိဘဲေရာေႏွာေနတဲ႕ပန္းခင္းၾကီးကအေရာင္စံုအမ်ိဳးအစားစံုလြန္းတဲ႕ပန္းေတြေရာေထြးလို႕။ ျမက္တစ္ပင္ေတာင္မရွိတဲ႕အဆံုးမဲ႕ပန္းခင္းၾကီးကအသြင္စံုနဲ႕ပန္းေတြေၾကာင့္ထင္ပါရဲ႕ ၊ ေအးခ်မ္းလြန္းလိုက္တာ။

"လာဗင္ဒါ......"

ပထမဆံုးထိေတြ႕မိတဲ႕ပန္းခက္ေလးရဲ႕အမ်ိဳးအမည္ကိုသူေရရြတ္မိသည္။ ခရမ္းေရာင္ပန္းခက္ေလးရဲ႕အဓိပၸါယ္ကိုအတိအက်မသိေပမယ့္ လို႕ဒီပန္းေလးကိုသူခ်စ္ရတဲ႕လူတစ္ေယာက္ကအေတာ္ေလးသေဘာက်ႏွစ္သက္သည္ကိုေတာ့သတိရမိပါေသးတယ္။
ပံုမွန္ဆိုရင္လွပတဲ႕ပန္းခက္ေလးကိုမခူးရက္ေပမယ့္ ထိုတစ္စံုတစ္ေယာက္ကဒီပန္းေလးထက္ပိုအေရးၾကီးသည္မို႕ခူးဖို႕ျပင္မိေတာ့

"ျမတ္သဝဏ္......"

ရုတ္တရက္ၾကားလိုက္ရတဲ႕အသံတစ္သံေၾကာင့္လွမ္းေနတဲ႕လက္ကတံု႕ခနဲ။ မယံုၾကည္နိုင္ေသးေပမယ့္ အသံလာရာလွည့္ၾကည့္မိေတာ့ျမင္လိုက္ရတာကအစ္ကို။
ကြ်န္ေတာ္သိပ္ခ်စ္ခဲ႕ဖူးတဲ႕အစ္ကို။
အစ္ကိုကဒီကိုဘယ္လိုလုပ္ေရာက္ေနတာလဲ......။

"ျမတ္သဝဏ္......"

မလာနဲ႕......။

အနားတိုးလာတဲ႕အစ္ကို႕ေၾကာင့္ေအာ္ေျပာမိပါေသာ္ျငားအသံကထြက္မလာ။ ရင္ထဲမြမ္းက်ပ္လာတဲ႕ခံစားမွဳနဲ႕အတူပါးျပင္ေပၚစီးက်လာတဲ႕မ်က္ရည္စတစ္ခ်ိဳ႕ကလည္းဘာအတြက္ေၾကာင့္မ်ားပါလိမ့္။

"ျမတ္သဝဏ္......"

ထြက္သြား......မလာနဲ႕...ကြ်န္ေတာ့္အနားမလာနဲ႕။

"ငါမင္းကိုခ်စ္တယ္ျမတ္သဝဏ္......"

အနားကိုပိုတိုးကပ္လာတဲ႕အစ္ကို႕ဆီကၾကားလိုက္ရတဲ႕စကားတစ္ခြန္း။ တစ္ခ်ိန္ကသိပ္ကိုၾကားခ်င္ခဲ႕မိတဲ႕စကားဆိုေပမယ့္လို႕ ၊ အဲ႕ဒီ႕စကားၾကားရရင္ေသဖို႕အတြက္လံုေလာက္တယ္လို႕သတ္မွတ္ထားခဲ႕မိေပမယ့္လို႕ အခုအခ်ိန္မွာေတာ့အဆိပ္တစ္ခြက္လိုပဲခါးသီးလြန္းတယ္။

"ျမတ္သဝဏ္......"

မလာနဲ႕......ကြ်န္ေတာ့္ဆီမလာနဲ႕လို႕ေျပာေနတယ္ေလ......။

**************************************************

သဝဏ္နိုးလာေတာ့အခ်ိန္က၇နာရီခြဲ။
မူးေနာက္မေနေတာ့ေပမယ့္လို႕ေခါင္းကအနည္းငယ္ေတာ့ကိုက္ခဲေနေသးသည္။ ေသခ်ာတာကေတာ့ေဒါက္တာအမူးေျပေဆးထိုးေပးထားတယ္ထင္ ၊ မဟုတ္ရင္သူေသာက္ခဲ႕တဲ႕ပမာဏနဲ႕ဆိုအခုအခ်ိန္အထိမူးေနာက္ေနေလာက္အံုးမွာ။

"ေကာင္ေလး......"

ႏူးညံ႕တဲ႕ေခၚေဝၚသံႏွင့္အတူအနားေရာက္လာတဲ႕ေဒါက္တာကထံုးစံအတိုင္းထမင္းပြဲျပင္ျပီးယူလာေပးသည္။ ေဘးမွာလည္းblack coffeeတစ္ခြက္ကပါေသး။ လင္ဗန္းကိုကုတင္ေပးကစားပြဲေလးေပၚတင္လိုက္ျပီးသဝဏ့္နွဖူးကိုလာစမ္းျပန္တဲ႕ေဒါက္တာအခုထိစိတ္မခ်ေသးဟန္ပင္။

"ကြ်န္ေတာ္ဘာမွမျဖစ္ေတာ့ပါဘူးေဒါက္တာ......"

"ေျပာရမလား......ဒီေလာက္အထိအမ်ားၾကီးေသာက္လာတာကို......"

အထြန္႕တက္ခ်င္ေနတဲ႕ေကာင္ေလးကိုထည္ဝါခပ္ဆတ္ဆတ္ပိတ္ေဟာက္လိုက္ေတာ့မွဘာမွမေျပာဘဲျငိမ္သြားရွာသည္။
ျငိမ္သြားတာမို႕စိတ္ေတာ့မေကာင္းေပမယ့္ဒီေကာင္ေလးကဒီလိုေျပာတာေတာင္စကားနားေထာင္တာမွမဟုတ္ဘဲေလ။

"ထမင္းစားရေအာင္ကေလး......"

"ဟုတ္......"

ေခါင္းေလးညိတ္ကာေျပာလာတဳ႕ေကာင္ေလးေၾကာင့္ထည္ဝါ့မွာအသည္းတယားယား။ ဒီေလာက္ခ်စ္ဖို႕ေကာင္းေနတဲ႕ေကာင္းေလးကိုဖက္နမ္းပစ္ခ်င္ေပမယ့္လည္း လက္ေတြ႕မွာေတာ့ခပ္ဝဲဝဲက်ဆင္းေနတဲ႕မီးခိုးရင့္ေရာင္ဆံပင္ေလးေတြကိုသာလက္တစ္ဖက္ႏွင့္ထိုးဖြလိုက္သည္။

"ကိုကိုခြံ႕ေကြ်းရမလား......"

သူ႕စကားကိုအျပံဳးေလးတစ္ပြင့္ႏွင့္တံု႕ျပန္လာတဲ႕ေကာင္ေလး။
ဒီေကာင္ေလးကေတာ့မသိေပမယ့္ ျပံဳးလိုက္တိုင္းေပၚလာတဲ႕ပါးခ်ိဳင့္ေလးေတြမွာထည္ဝါ့ႏွလံုးသားကျဖဳတ္ခနဲေၾကြက်ရျပန္ပါ၏။

"ေဒါက္တာကခြံ႕ေကြ်းခ်င္လို႕လား......"

"အင္း......"

"ဒါဆိုရင္လည္းခြံ႕ေကြ်းေလ......"

ေကာင္ေလးဆီကခြင့္ျပဳခ်က္ရသည္ႏွင့္ကုတင္ေဘးတြင္ဝင္ထိုင္ကာထမင္းႏွင့္ဟင္းကိုေသခ်ာနယ္ျပီးတစ္လုတ္စာခပ္ကာေကာင္ေလးကိုခြံ႕ေကြ်းလိုက္သည္။ ေသခ်ာဝါးစားေနရင္းမ်က္ေမွာင္က်ဳတ္သြားတဲ႕ေကာင္ေလးေၾကာင့္လူကရင္ထဲထိတ္ခနဲ။
ကိုယ္ခ်က္တာစားမေကာင္းလို႕မ်ားလား......။

"ေဒါက္တာခ်က္ထားတာလား......"

"အင္း......စားမေကာင္းလို႕လား......"

"အရမ္းေကာင္းလို႕...ကြ်န္ေတာ္ဘယ္သူလဲဆိုတာေတာင္မမွတ္မိေတာ့သလိုပဲ......"

"ဟားဟားဟား......ဒီေကာင္ေလးကေတာ့......"

သီးသန္႕ဆန္ျပီးတိတ္ဆိတ္တဲ႕အသြင္ေဆာင္တဲ႕အညိဳေဖ်ာ့ေရာင္အခန္းငယ္ထဲတြင္ရယ္ေမာသံတစ္ခ်ိဳ႕ကေနရာယူကာစိုေျပသြားေစခဲ႕ပါ၏။
ထိုကဲ႕သို႕ပင္ ဒဏ္ရာအထပ္ထပ္ေၾကာင့္ျပိဳလဲေနခဲ႕ရတဲ႕ဒီလူသားငယ္အတြက္ကုသေပးမည့္အၾကင္နာနတ္သားေလးသာဝင္ေရာက္လာခဲ႕မည္ဆိုလွ်င္ ပ်က္ဆီးယိုယြင္းေနရွာသည့္ထိုႏွလံုးသားကလည္းျပန္လည္ေကာင္းမြန္နိုင္ေလာက္ပါေသးရဲ႕။

_____________________________________________

ထမင္းစားျပီးသည္ႏွင့္ျခံထဲထြက္ထိုင္ေနတဲ႕ေကာင္ေလးေၾကာင့္ထည္ဝါဂစ္တာတစ္လက္ယူကာေကာင္ေလးရွိသည့္ဒန္းဆီသို႕ထြက္လာခဲ႕လိုက္သည္။ အေတြးမ်ားေနပံုရတဲ႕ေကာင္ေလးကထည္ဝါ့ကိုျမင္ပံုမရတာေၾကာင့္ ေဘးမွာဝင္ထိုင္ေနလိုက္ေတာ့မွေကာင္ေလးကသတိထားမိသြားဟန္။

"ေဒါက္တာစာဖတ္ေနတယ္ထင္ေနတာ......"

"အင္း......ေကာင္ေလးပ်င္းေနမွာစိုးလို႕......"

တကယ္ေတာ့ေကာင္ေလးပ်င္းေနမွာစိုးတာေၾကာင့္မဟုတ္မွန္းထည္ဝါအသိဆံုးပါပင္။ ပံုမွန္ဆိုေအးေအးေဆးေဆးစာဖတ္ေနက်လူကအခုလိုအျငိမ္မေနျဖစ္ေနရျခင္းကအေၾကာင္းတစ္ခုခုေၾကာင့္ဆိုတာဒီေကာင္ေလးမသိေလေရာ့သလား။ မသိတာလည္းတစ္မ်ိဳးေကာင္းတာပါပဲေလ။
မဟုတ္ရင္သူ႕ကိုဖြင့္ေျပာဖို႕ရည္ရြယ္ေနမွန္းသိသြားရင္ဘယ္supriseျဖစ္ပါေတာ့မလဲ။

ဟုတ္ပါတယ္......ဒီေန႕ေကာင္ေလးကိုဘယ္ေလာက္ခ်စ္ေၾကာင္းဖြင့္ေျပာေတာ့မွာ။
ေကာင္ေလးကိုတိတ္တိတ္ေလးခ်စ္ခဲ႕ရတာဘယ္ေလာက္ေတာင္ၾကာေနျပီလဲ။ ခ်စ္ဖို႕ေကာင္းလြန္းတဲ႕ဒီကေလးကိုစိတ္ရွိတိုင္းဖက္နမ္းပစ္လို႕ရေအာင္ဒီေန႕ေတာ့ခံစားခ်က္ေတြမွန္သမွ်ဖြင့္ေျပာျပီးေကာင္ေလးရဲ႔ႏွလံုးသားကိုအပိုင္သိမ္းပစ္မွကိုျဖစ္ေတာ့မွာပါ။

"ကိုယ္သီခ်င္းဆိုျပရမလားေကာင္ေလး......"

ၾကိဳးညိွျပီးသားဂစ္တာကိုထပ္ၾကိဳးညိွေယာင္ေဆာင္ရင္းေျပာလိုက္ေတာ့ေကာင္ေလးကခပ္ဖြဖြေခါင္းညိတ္ျပလာတယ္။

' ငါခ်စ္ရမွာ...စိတ္ကူးရံုနဲ႕
အေသြးအသားထဲက......ေပ်ာ္ေနတတ္ျပီ
အိပ္မက္ထဲမွာ...ဆံုေတြ႕လိုက္တိုင္း
မေနနိုင္ဘူး...ရူးခ်င္ျပီ......
မင္းေရွ႕ကို......ေရာက္သြားရင္ပဲ
အားတင္းသမွ်...အရည္ေပ်ာ္သြားတယ္...... '

ေနာက္ထက္ဆက္လာမယ့္စာသားေၾကာင့္သီခ်င္းဆိုရင္းေကာင္ေလးကိုေငးၾကည့္မိေတာ့ စူးရွေတာက္ပတဲ႕မ်က္ဝန္းတစ္စံုႏွင့္ဆံုသည္။
ေကာင္ေလးကသူ႕ကိုၾကည့္ေနမယ္လို႕တကယ္ကိုမထင္ထားခဲ႔မိတာ......။

' မင္းရဲ႕အၾကည့္မွာ......ျမဴခိုးေတြနဲ႕
ငါမျမင္နိုင္ဘူး......ဆူးေတြလည္း...... '

နားေထာင္ေနရင္းေကာင္ေလးကသြားတန္းျဖဴျဖဴေလးေတြေပၚသည္အထိျပံဳးသည္။ ျမတ္နိုးစရာပါးခ်ိဳင့္ေလးကမပါမျဖစ္ဆိုေပမယ့္ ေကာင္ေလးဒီလိုျပံဳးတာမ်ိဳးပထမဆံုးျမင္ဖူးလိုက္ရတာျဖစ္တာေၾကာင့္လူကသီခ်င္းစာသားေတာင္ေမ့ခ်င္ခ်င္ျဖစ္သြားရသည္။

' ရင္ကိုဖြင့္ျပီး......ဆိုမယ္......
မယံုနိုင္ေအာင္ ခ်စ္......မိတယ္......
ရင္ခုန္သံမ်ား...ခ်ဳပ္ထိန္းမရ
သူသိေအာင္...ဖြင့္ေျပာမည္
ကိုယ့္ဘက္က...အၾကင္နာေတြ မင္းသိဖို႕လိုျပီ......
ေဝး...ခ်င္ရင္ ေဝး......
ခဏေလာက္ဆံုျဖစ္ရင္
ငါ့ရဲ႕ကမ႓ာကို...ေက်နပ္မိ......
ရင္ခုန္သံမ်ားခ်ဳပ္ထိန္းမရ
သူသိေအာင္...ဖြင့္ေျပာမည္
ကိုယ့္ဘက္က...အၾကင္နာေတြမင္းသိဖို႕လိုျပီ......
တို႕ဆံုေတြ႕ျခင္း......အရွံဳးလည္း...ယူလိုက္မည္......
မင္းသိေအာင္......ဖြင့္ေျပာေတာ့မည္...... '

ရင္ခုန္ျမန္ေနေပမယ့္လို႕ထည္ဝါသီခ်င္းဆိုရင္းေကာင္ေလးမ်က္ဝန္းေတြကိုသာေငးၾကည့္ေနမိသည္။ မ်က္ဝန္းေတြကစိတ္ရဲ႕ျပတင္းေပါက္ဆိုရင္ ေကာင္ေလးသူ႕အခ်စ္ေတြကိုျမင္ပါေစေလ။

"ဟား!......ေဒါက္တာကသီခ်င္းဆိုတဲ႕ေနရာမွာလည္းေတာ္တာပဲ......"

သီခ်င္းဆံုးသည္ႏွင့္ထေျပာတဲ႕ေကာင္ေလးရဲ႕စကားေၾကာင့္ၾကည္ႏူးမွဳေလးကလွိဳက္ခနဲ။ ဂစ္တာကိုေဘးအသာခ်ရင္းစကားစဖို႕ျပင္လိုက္ေတာ့ေကာင္ေလးကလည္းအလိုက္တသိျငိမ္ေနေပးရွာတယ္။

"ဟို...ဟိုေလ ေကာင္ေလး......"

"အင္း......"

"ဟို........."

"ေျပာေလေဒါက္တာ......"

"ဟို......ဒီမွာေအးတယ္ေလ...အိမ္ထဲဝင္ေတာ့......"

ေျပာလိုက္မိတဲ႕စကားေၾကာင့္ထည္ဝါကိုယ့္ပါးကိုယ္ေတာင္ဆယ္ခ်က္ေလာက္ဆင့္ရိုက္ပစ္ခ်င္သြားရသည္။
ေျပာခ်င္တာကတျခား...ေျပာလိုက္မိတာကတျခား။

"အာ......အင္း ဟုတ္သားပဲ...ဒါဆိုကြ်န္ေတာ္အခန္းထဲျပန္ေတာ့မယ္ေနာ္......Goodnightပါ ေဒါက္တာ......"

ျပံဳးကာေျပာဆိုျပီးအိမ္ထဲဝင္သြားတဲ႕ေကာင္ေလးရဲ႕ေက်ာျပင္က်ယ္ကိုထည္ဝါမလွဳပ္မယွက္ႏွင့္သာေငးၾကည့္ေနမိျပန္သည္။
' ကိုယ္မင္းကိုခ်စ္တယ္ ' လို႕ေျပာရမွာေလ စဝ္ထည္ဝါအရူးရဲ႕။
ဘယ့္ႏွယ့္လို႕ဘာၾကီးကိုသြားေျပာရတာလဲ။ အခုေတာ့မင္းစီစဥ္ထားသမွ်ပ်က္ျပီ။

ဟူး......ေနာက္တစ္ေခါက္မွဖြင့္ေျပာၾကတာေပါ့......။



#################################

သီခ်င္းေလးကေတာ့ ' ဒူးေထာက္ျပီ ' ဆိုတဲ႕သီခ်င္းေလးပါဗ်။
vdေလးပါထည့္ေပးထားတာမို႕ သီခ်င္းေလးပါနားေထာင္ေပးၾကပါအံုးေနာ္ဗ်။

Continue Reading

You'll Also Like

10.9K 381 39
"ကျွန်​တော် ကတိတည်တဲ့သူဘဲ ဖြစ်ချင်တယ် အ​​မေ" "လိုက်လာတာလား?"
191K 6.9K 13
2 tom dylogii ,,Agony"
66.6K 2.7K 30
In novels, there are always one or two tragic villains who are protested by readers because of their tragic endings. Shen Ci's mission is to save th...
34.5K 1.3K 31
ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama အရမ်းမပါပါဘူးနော်။ cover ပုံက...