ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

By purple-j9

157K 4.9K 324

ဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-30
Part-31
Hello
Photo
Part-32
Part-33 (ဇာတ် သိမ်းပိုင်း)
Request
Photo
🥰🥰🥰

Part-29

3.6K 148 14
By purple-j9

အပိုင်း-၂၉

ဒေါက် ဒေါက် ဒေါက်

လက်ရုန်းတံခါးဖွင့်လိုက်တော့

"ကိုလက်ရုန်းနေကောင်းတယ်နော်"

"လာလာ ညီမတို့ဝင်ကြ နွယ်လေးကမနက်ထဲကမျော်နေတာ"

"အော်နန်းအလုပ်ကိတ်စမပီးလို့ နောက်ကျသွားတာ အကို ဆောရီး ကသစ်ရေ"

"ရော့ဒီမှာနင့်အကြိုက်မလိုင်ပေါက်စီရယ် မန်းလေးအထမ်းမြီးရှည်ရယ်ပါတယ် နင့်အတွက်မန်းလေးကနေဒီမနက်မှရောက်တာ ကိုလက်ရုန်းကောကြိုက်ရဲ့လားမသိဘူးကသစ်ကတော့အရမ်းကြိုက်တာ။ ဒါကပြင်ဦးလွင်မလိုင် ကသစ်အကြိုက်လေ"

နွယ်လေးသူငယ်ချင်းတွေကနွယ်လေးအကြိုက်တွေ
ဝယ်လာတာကောသူငယ်ချင်းတွေလာတာကောမလို့
နွယ်လေးပျော်နေရှာသည်။

"ကိုကြီးစားချင်ပီ သူသူတို့ကိုခေါ်တော့"

"အိုကေပါဗျာ"

"လက်ရုန်းသူသူနဲ့နိုနိုကိုခေါ်ကာစားစရာများပြင်ခိုင်းကာ

"ညီမတို့အားမနာနဲ့နော်လွတ်လွတ်လပ်လပ်နေ"

ဟုဆိုကာအခန်းဒီဘက်ခြမ်းမှာမေးလ်ပို့ထားသည်များစစ်လိုက်နွယ်လိုတာထလုပ်ပေးလိုက်နှင့်အလုပ်
လုပ်နေလိုက်သည်။ခါတိုင်းနည်းနည်းတာစားသော
နွယ်လေးသည်ခုသူငယ်ချင်းများနှင့်မို့စားလိုက်ပြော
လိုက်နဲ့တော်တော်များများစားလို့လက်ရုန်းမှာဝမိးသာရသလိုအစာမ​ကြေဖြစ်မှာစိုးလို့nurseတွေကိုမေးကာဆေးတိုက်ရသေးသည်။ နွယ်လေးသူငယ်ချင်းများကနေ့လည်၃နာရီလောက်ကျတော့ပြန်တော့မည်နှုတ်ဆက်တော့

"ညီမတို့ကိုကျေးဇူးတင်လိုက်တာနွယ်လေးကခါတိုင်းမစားဘူးခုဒီနေ့တော်တော်စားတယ်ဒီလိုသာစားရင်သူ့လက်ကdripချိတ်တဲ့အပ်မြန်မြန်ဖြုတ်ရမှာ"

"သီရိတို့လဲအချိန်မရလို့အကိုမဟုတ်ရင်နေ့တိုင်းလာပါတယ်ကဲ ကသစ်တို့သွားပီ အကိုသီရိတို့သွားပီနော်"

အားလံုးပြန်သွားတော့သူသူနဲ့နိုနိုလဲအခန်းရှင်းပီးသူတို့အခန်းဘက်ပြန်မှနွယ်လေးလက်ဆန့်ကာကိုကြီးကိုဖက်ပီးချွဲတော့သည်။

"ကိုကြီးအကြာကြီးတယောက်တည်းပစ်ထားသလို
ဖြစ်သွားတာဆော်ရီးနော် မွမွ"

"ရပါတယ်မပျင်းပါဘူးမေးလ်တွေစစ်နေတာ"

"နွယ်နေကောင်းနေပါပီအလုပ်ပြန်ဝင်တော့လေ"

"မဝင်ပါဘူးကိုယ့်အချစ်ဆေးကုတာဘာညာလုပ်တာတွေအကုန်ပီးလို့ကိုယ့်အချစ်ကျန်းမာရေးကစိတ်ချရပီနေကောင်းပီဆိုမှအလုပ်ပြန်လုပ်မှာ"

ပြောပြောဆိုဆိုဖြင့်လက်ရုန်းရင်ခွင်ထဲဝင်ကာချွဲနေသောအကြည်ဓါတ်လေးရဲ့နှုတ်ခမ်းကိုစုပ်ယူနမ်း
လိုက်သည်။

ယု နေသွေးဆီကဘာသတင်းမှမရလို့ နွယ်လေး
တက်သည့်ဆေးရုံသို့လာလိုက်သည်။ရုန်းကအပြင်
သတင်းမေးသူများလက်မခံဘူးလို့ပြောထားလို့အခန်းနံပါတ်ကိုတော်တော်စုံစမ်းလိုက်ရသည်။ဘာလုပ်
ရင်ကောင်းမလဲစဉ်းစားနေတုန်းဘေးကcasher က
ကောင်မလေး၂ယောက်က

"ဟဲ့ 403ကလူနာကဘောစိဆို"

"ဟယ်စိတာမှဟယ် ယောက်ကျားလုပ်သူကသူ့မိန်းမအတွက်အိမ်ဖော်လေး၂ယောက်ကိုတခန်းထားတာဟ"

"ဟဲ့သူတို့VIP ROOMကဒီလောက်ကျယ်တာကိုဘာလို့ကောင်မလေး၂ယောက်ကိုသပ်သပ်ထားတာလဲ"

"ဟဲ့အဲ့ဘောစိကသူ့မိန်းမကိုသဲသဲလုပ်တဲ့ သူတို့လင်မယားသီးသန့်နေချင်လို့တဲ့ ဟိုနေ့ကတာဝန်ကျဆရာမလေးကအခန်းတံခါးမခေါက်ပဲဝင်သွားတာ သူ့မိန်းမကိုပေါင်ပေါ်ပွေ့ထားပီးနမ်းနေတာတဲ့အဲ့ဆရာမတွေကိုတောင်အဲ့ဘောစိကဆူလိုက်တယ်တဲ့တံခါးမခေါက်လို့တဲ့"

"ဟယ်အဲ့လောက်ချစ်နေတာညားခါစထင်တယ်"

"ဘယ်ကသာသမီးအမွှာလေးတွေတောင်၄နှစ်
အရွယ်ဖြစ်နေပီ"

"ဟယ်အဲ့သူဌေးကတော်လေးကံကောင်းတာပေါ့
အချစ်ခံလေးဆိုတော့လေ"

ယုမှာသတင်းရမလားနားထောင်ပါတယ်သွေးတက်စရာသတင်းကြားပီးသက်ဆိုးရှည်နေတဲ့နွယ်ကသစ်ကိုပဲမေတ္တာပို့မိတော့သည်။

"ဟဲ့ဟိုကောင်မလေးကအဲ့ဘောစိအိမ်ကမလား"

"အေးဟုတ်တယ်"

ယုသူတို့ပြောတဲ့ကောင်မလေးကိုကြည့်တော့ဆေးရုံလှေကားနောက်ဝင်သွားလို့မယောင်မလည်လိုက်သွားတော့

"သမီးသူဌေးကတော်ကနေမကောင်းလို့ဆေးရုံ
ရောက်နေတာသမီးကပိုက်ဆံဘယ်လိုတောင်းလို့
ကောင်းမလဲအမေရယ်ပီးတော့အမေတို့လိုတာ
ဆယ်ဂဏန်းလေ
ပီးတာပဲသမီးစဉ်းစားကြ ည့်အုံးမယ်"

ငွေလိုနေသောသူသူကိုခရီးသွားဟန်လွဲသနားတတ်လို့ကူညီတယ်ပြောပီး သိန်း၂၀ချက်ချင်းသူ့အိမ်ကိုလွဲပေးတော့ပီးသူသူ့ရဲ့ကေပေးထဲ ၅သိန်းထည့်ပေး
လိုက်တော့ကောင်မလေးမှာကိုယ့်ကိုရှိခိုးဦးတင်မ
တတ်ကျေးဇူးတင်နေတော့သည်။သူ့  သူဌေးကတော်ကအိပ်ဆေးအလွန်အကျွံသောက်လို့ဆေးစွဲနေတာကောစုံအောင်ပြောပြသွားသည်။သီးသန့်စုံစမ်းစရာမလိုတော့ပေ။

နွယ်လေးအိမ်ပြန်ရလို့ရောလက်ကအပ်ဖြုတ်ရလို့ရောအလွန်​ပျော်နေပုံကိုကြည့်ပီးလက်ရုန်းပီတိဖြစ်ရသည်။

နွယ်အိမ်ပြန်ရောက်ထဲက ကိုကြီးကအရိပ်တကြည့်
ကြည့်နဲ့မို့နွယ်ကိုကြီးကိုအားနာလာသည်။

"အား ကျွတ်  ကျွတ်"

"နွယ်လေးဘာဖြစ်တာလဲ"

ဆိုပီးလေထက်မြန်သောအလျင်နဲ့ကိုကြီးအနား
ရောက်လာသည်။

"ဘာမှမဖြစ်ပါဘူးကိုကြီးရယ် အပ်ဖြုတ်ထားတဲ့နေရာကဖိမိသလိုဖြစ်ပီးနာသွားတာ"

"နေဦးကိုကြီးရေခဲကပ်ပေးမယ်"

"မားမီ"
"မားမီ"

လက်ရုန်းတံခါးဖွင့်ကာရေခဲမှာပီးပြန်ဝင်တော့သမီး၂ယောက်ကနွယ့်ပေါ်လုတက်တာနွယ်လက်ထိသွားတယ်ထင်တယ်နာနေတဲ့လက်လေးကိုအပေါ်
မြှောက်ပီးမျက်နှာလေးရှုံ့မဲ့နေလို့

"နွယ်လေးလက်နာသွားတာလား အသဲနဲ့အသက် မေမေလက်နာနေတယ်လေသမီးတို့တယောက်ပီးမှတယောက်မေမေ့ပေါ်ထိုင်"

"အသဲ ကအကြီးမို့အရင်"
"အသက် က အငယ်မို့အရင်"

"အိုကေ ဒယ်ဒီအဆင်ပြေအောင်လုပ်ပေးမယ် scissor paper stone လုပ်နိုင်တဲ့သူအရင်ပဲ"

သမီး၂ယောက်နေရာလုနေတုန်းကိုယ်ကအရင်မိန်းမနားကပ်ခါ နာနေသောလက်ခုံလေးကိုပွတ်ပေးလိုက်
သည်။

နွယ်မျက်နှာတချက်မပျက်ရဲလောက်အောင်ကို
အရိပ်တကြည့်ကြည့်နဲ့ကိုကြီးကဂရုစိုက်ရှာသည်။သမီးတွေကအမေနားမကပ်ရတာကြာတော့တနေ့လုံးအခန်းထဲမှာသားအဖ၃ယောက်နွယ့်နားနေရာကိုလုနေကြတာမို့ပျော်စရာကောင်းလှသည်။ညနေစောင်းတော့သမီးတွေကသူ့အဖိုးပြန်လာလို့ကြိုဖို့အဖွားကခေါ်
မှထွက်သွားကြသည်။

"ကိုကြီးပင်ပန်းသွားပီ မိန်းမမျက်နှာလဲအရိပ်တကြည့်ကြည့် ကြည့်ရ သမီးတွေနဲ့ဆော့ရနဲ့"

ပြောရင်းနွယ်လေးကလက်ရုန်းမျက်နှာကိုလက်ဖြင့်
ကိုင်ရင်းပြောတော့လက်ရုန်းနွယ်လေးကိုခါးကနေမချီပီးပေါင်ပေါ်တင်ထိုင်ကာ

"ဘာမှမပင်ပန်းဘူးအခုကစပီးတသက်လုံးမိန်းမ မျက်နှာကိုပဲစာဖတ်သလိုဖတ်ပီးနေမှာနွယ်လေးလိုလေ   အရင်ကအဲ့လိုမနေခဲ့လို့ ကိုယ့်ရဲ့အကြည်
ဓါတ်လေး ကိုယ့်ကြောင့်နေမကောင်းဖြစ်ရတာကိုယ်မခံစားနိုင်လို့ဟုတ်ပီလား"

ပြောပြောဆိုဆိုနဲ့ငုံ့ကာနွယ့်နှုတ်ခမ်းတွေစိတ်ကြိုက်စုပ်ယူနေတဲ့ကိုကြီးကိုနွယ်ကလဲတုံ့ပြန်အနမ်းတွေပေးနေမိသည်။နွယ့်ရဲ့ချစ်လှစွာသော ဒီလူသားကိုခုမှ
အပိုင်ရသွားသလိုခံစားရတာက ဆေးရုံမှာကိုကြီးပြောခဲ့သော ကိုကြီးရဲ့အချစ်ဦးအချစ်ဆုံးဘယ်အရာနဲ့မှအစားထိုးမရတဲ့သူ ဆိုတဲ့စကားကြောင့်ဖြစ်မယ်
ထင်ပါသည်။

နွယ်ညကဆရာဝန်မှာကြားချက်အတိုင်းလုပ်ဆောင်လို့လားကိုကြီးကဂရုစိုက်လို့လားမသိနှစ်နှစ်ခြိုက်
ခြိုက်အိပ်ပျော်သွားသည်။မနက်နွယ်နိုးတော့ကိုကြီး
ရင်ခွင်ထဲရောက်နေသည်။အိပ်ပျော်နေသောကိုကြီးကိုကြည့်နေတုန်းကိုကြီးက

"ကိုယ့်ယောက်ကျားကိုကြည့်မဝဖြစ်နေတာလားကိုယ့်အချစ်"

"ဟုတ်တယ်ကြည့်လို့လဲမဝဘူးချစ်လို့လဲမဝဘူးရပီလား"

နှုတ်ခမ်းလေးစူပီးပြောနေတဲ့မိန်းမကိုချစ်မဝဖြစ်လွန်းလို့ငုံ့နမ်းလိုက်သည်။နံနက်စာဆင်းစားတော့သမီးတွေကကျောင်းသွားပီမို့လင်မယား၂ယောက်ထဲစားကာခြံထဲလမ်းဆင်းလျောက်ကာခနနားပီးရေမိုးချိုးကြသည်။နေ့လည်စာစားပီးနွယ်လေးနဲ့ရုပ်ရှင်ကြည့်
နေတုန်းသမီးတွေပြန်ရောက်လာကြသည်။

"မားမီ ဒယ်ဒီ မီးတို့ပြန်လာပီ"
"မားမီ ဒယ်ဒီ မီးတို့ပြန်လာပီ"

နွယ့်ပေါ်တော့ခုန်မတက်ကြပဲသူ့တို့အဖေပေါ်ပြေး
တက်ကြသည်။နွယ်ကြည့်လိုက်တော့သမီးငယ်
လက်ထဲမင်ဂလာဆောင်နေတဲ့ကောင်လေးနဲ့ကောင်မလေးကီးချိန်းလေးကိုင်ထားတာတွေ့တော့

"အသက် လက်ထဲကအရုပ်လေးဘယ်ကရတာလဲ အသဲမှာကောမရှိဘူးလား"

"မားမီ အဲဒါအသက်ကို ဘုန်းသန့်ညီပေးတာ သူကဒီနေ့ကျောင်းထွက်သွားပီ သူကြီးလာရင်အသက်ကိုယူမှာတဲ့အဲ့အရုပ်လေးသိမ်းထားဆိုပီးပေးတာသူ့ကိုလဲမမေ့ရဘူးလို့ပြောတယ်"

"ဟုတ်တယ်မားမီ ဘုန်းသန့်ညီက အသဲတို့ရိုက်တာ
စိတ်မဆိုးဘူးတဲ့သူ့ကိုသူငယ်ချင်းအဖြစ်အမြဲအမှတ်ရပေးပါတဲ့ သူကငိုနေတာသူ့အမေနဲ့မနေရတော့ဘူးတဲ့သူ့ကြီးကြီးကသူ့ကိုဟိုးအဝေးကြီးခေါ်သွားမှာတဲ့"

"အေးပါ ဟုတိပါပီသွားအစာပြေမုန့်သွားစားကြ"

နွယ်သမီးတွေကိုအတင်းမောင်းထုတ်လိုက်ရသည်။မဟုတ်ရင်ကိုကြီးမျက်နှာကဒေါသထွက်နေတာမို့
ပြိုတော့မယ့်မိုးလိုဖြစ်နေသည်။

"ဘာဒီလက်တောင့်လောက်က ငါ့သမီးကိုယူမယ် တောက် ငါနဲ့တွေ့ရင်တော့အဲ့ကောင်သေမယ်ရာရာစစငါ့သမီးကိုများ တောက်"

"စိတ်လျော့ပါ ကိုကြီးရယ် ခလေးတွေပဲရှိသေးတာဘာမှနားမလည်သေးပါဘူးကိုကြီးရယ်နော်"

ကိုကြီးစိတ်တအားတိုနေလို့နွယ်မှာအတော်ချော့
လိုက်ရသည်။

ခုဆိုဆေးရုံကဆင်းတာလဲ၃ပါတ်လောက်ရှိပီနောက်၂ရက်နေရင်စင်ကာပူလဲသွားရတော့မည်ဖြစ်သည်။သမီးတွေကတော့ကိုကြီးမေမေနဲ့နွယ့်မေမေကောမခြူးတို့ပါရှိလို့စိတ်ချရလို့ထားခဲ့ပီးကိုကြီးနဲ့နွယ်၂ယောက်တည်းသွားကြမှာဖြစ်သည်။ကိုကြီးကခုပဲရုံးမှာလက်မှတ်ထိုးစရာရှိလို့ခနထွက်သွားသည်။သွားခါနီးတောင်

"မေမေနွယ့်နားနေနော် သားဒီနေ့စိတ်ထဲတမျိုးပဲ သားနဲနဲကြာမယ်  ပြင်သစ်ကအလုပ်စာချုပ်အဖွဲ့နဲ့ခနတွေ့ရမှာမို့နွယ်အပြင်သွားရင်မေမေမအားရင်မခြူးနဲ့မှသွားခိုင်း"

"အေးပါ ငါ့ချွေးမ ငါစောင့်ရှောက်နိုင်ပါတယ်"

ကိုကြီးထွက်သွားတော့မေမေနဲ့စကားပြောရင်း
ဆရာဝန်ကဖုန်းခေါ်လာသည်။ဆေးမှတ်တမ်းတွေယူလာဖို့ပြောလို့ဆေးစာအုပ်တွေစုရင်းမှ

"ဟော တော်"

"သမီးဘာဖြစ်လို့လဲ"

"လက်မောင်းထဲအပ်ထည့်ပီးခလေးတားတာ
ရက်လွန်နေတာ ၄လလောက်ရှိနေပီမေမေ"

"ဟယ်သမီးရယ်ဆရာဝန်ကိုဖုန်းဆက်ပါအုံး"

နွယ်ရဲ့ဆရာဝန်ဆီဆက်တော့အိုဂျီဆီသွားပြဖို့ပြောတာနဲ့အိုဂျီကိုဖုန်းဆက်တော့ခုလာခဲ့ဆိုတာနဲ့ကိုကြီးမေမေနဲ့ဆေးရုံကိုထွက်လာလိုက်သည်။အိုဂျီကအပ်
ထပ်ထည့်ဖို့ကလေးရှိမရှိစစ်တော့မှ နွယ့်မှာကိုယ်ဝန်ရှိနေမှန်းသိရသည်။ကိုယ်ဝန်အခြေနေ သိရအောင် အက်ထရာဆောင်းရိုက်တော့ တလလောက်ရှိပီဆိုတာနဲ့မေမေနဲ့နွယ်ပျော်ပီးပြန်လာကြသည်။ကိုကြီးကိုဖုန်းခေါ်တာမရတော့မေမေကပြန်လာမှပြောလို့ဆိုသည်။

"ဟုတ်တယ်မေမေကိုကြီးပြန်လာမှ အဲ့ညနေ မိသားစုအားလုံးစုံမှ  surprise ဆိုပီးပြောမယ်နော်မေမေ"

"အေး ကောင်းတယ်သမီး"

အိမ်ရောက်တော့ ခနနားပီးမေမေကရေချိုးဖို့ခန
ထွက်သွားတုန်းသူသူရောက်လာကာ 

"မမအတွက် လိမ်မော်ရည် ကြီးကြီးကပို့ခိုင်းလို့"

"အေးထားခဲ့သူသူ"

"မမသောက်တာသမီးစောင့်ယူသွားလိုက်မယ်"

နွယ်ယူသောက်တာကို   မျော်လင့်ချက်မျက်ဝန်းနဲ့ငေးနေတဲ့သူသူ့ရဲ့မျက်ဝန်းတွေကို နွယ်လေးသတိမထားမိဘူးဖြစ်သွားသည်။

သူသူမမသောက်ထားတဲ့အအေးခွက်ကိုယူရင်း မနက်ကမမယုဖုန်းဆက်တာကိုသတိရမိသည်။

"သူသူ မမကိုဒါလေးတခုပဲကူညီ အမနွယ်လေးကို
စိတ်ဆိုးလို့ဆေးလေးခတ်ရုံပဲသိလားဆေးကလဲခနပဲသတိမေ့တာနော်အဲ့ဒါလေးပဲလုပ်ပေး အမကနယ်မှာသူသူ့မိဘတွေကိုလယ်ကောနေဖို့အိမ်ပါဝယ်ထားပေးတယ်နော်"

"မမယုတကယ်အန်တရယ်မရှိတာသေချာတယ်နော် သမီးကြောက်တယ်"

"အမကိုယုံပါငါ့ညီမရယ်"

မမယုဆီကငွေတွေယူတာလက်လွန်ထားလို့သာလုပ်ရတာသူသူကြောက်နေမိသည်။မမယုပေးသောဆေးမှုန့်တွေကိုအအေးထဲထည့်တိုက်လိုက်တာဖြစ်သည်။

"မ ဒီနေ့ပျော်နေသလိုပဲ"

"ပျော်စရာရှိလို့လေမောင်ရဲ့"

"မောင့်လဲပြောပြ"

"နွယ်ကသစ်ဒီနေ့သေမှာ"

"ဟား မဘာတွေလျောက်လုပ်ထားတာလဲ"

"အိပ်ဆေးကြိတ်တိုက်လိုက်တာလေ  ဟား ဟား ဟာ"
"ဟား  မ"

နေသွေးစိတ်ပူကာနွယ်ကသစ်တက်ဖူးတဲ့ဆေးရုံက လူနာတင်ကားကိုနွယ်ကသစ်အိမ်သို့လာဖို့အကြောင်းကြားလိုက်သည်။ကားထုတ်ကာနွယ်ကသစ်တို့အိမ်ရှေ့မှာစောင့်ကြည့်ဖို့ထွက်လာလိုက်သည်။

နွယ်အအေးသောက်ပီးအိပ်ယာပေါ်လှဲနေရင်း
ရင်ခေါင်းထဲကပူလာကမျက်လုံးတွေကအိပ်ချင်လာလို့တခုခုဖြစ်ပီလို့စိတ်ထဲကထင်ရင်း   အားတင်းကာကိုကြီးကို
ဖုန်းခေါ်လိုက်သည်။၃ခါလောက်မကိုင်တော့မေမေ့ကိုသတိရကာဖုန်းခေါ်တော့မေမေက

"ဟလို သမီးဘာစားချင်"

"ေ မ ေ မ ရင် ဘတ် ထဲ ရင်ဘတ်ထဲ  က တအား တအား ပူ "

"သမီး"

သမီးနွယ်ဖုန်းဆက်ထဲကဒေါ်မြ သက်သမီးအခန်းကိုထွက်လာတာအသံကမူမမှန်လို့ပြေးလာတော့သမီးကအိပ်ယာပေါ်လူးလိမ့်နေတာမို့အိပ်ယာပေါ်ပြေးပီးသမီးကိုပွေ့ကာအိမ်ကခလေးမတွေအော်ခေါ်လိုက်သည်။နွယ်လေးကဒေါ်မြသက်လက်ကိုကိုင်ရင်းငြိမ်ကျသွားတော့တအိမ်လံုးရောက်ရက်ခတ်ပီးလူနာတင်ကားရောက်လာလို့ဒေါ်မြသက်နဲ့ကောင်မလေးတယောက်သမီးနွယ်နဲ့အတူဆေးရုံသို့လိုက်လာခဲ့သည်။

💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰

Continue Reading

You'll Also Like

48.2K 679 20
"မိန်းမ ကိုက မင်းရှိတဲ့ အရပ်မှာဘဲပျော်တာ... မင်းနဲ့ဘဲ နေချင်တာ... ကို အသွင့်ကို ချစ်လာခဲ့တာ တစ်ရက် နှစ်ရက်မှမဟုတ်တာ... ကို နှစ်တွေ အများကြီးချစ်လာခဲ့...
12.2K 296 7
ကိုယ်ဆိုတဲ့ကောင်က သက်ထားဈာန်ဆိုတဲ့ မင်း အပိုင်။ Write Date. 11.5.2024 End Date.
1.4M 34.1K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...