"ပယင်း"
"ဗျာ"
"ဓာတ်ပုံရိုက်နေတာလား"
"ဟုတ်ကဲ့ဗျ"
"ဘယ်နေရာကကောင်းလို့ရိုက်နေတာလဲတောင်ကတုံးတွေကို မွဲခြောက်ခြောက်နဲ့ဟာ"
သွေးသစ်ပြုံးမိသည်။သူပြောတာလဲမှန်နေသည်ကိုး။ဒါပေမယ့်အဲလိုအရိုင်းဆန်တဲ့ပုံတွေကိုအလှဆုံးဖြစ်အောင်ရိုက်ပေးချင်တာသူ့ဝါသနာပင်ဖြစ်သည်လေ။
"ဟုတ်ကဲ့ဗျ ဒါမဲ့ကျွန်တော်ကဒီလိုရှုခင်းတွေကိုလူတွေသဘောကျသွားအောင်ရိုက်ပေးရတာကိုဝါသနာပါလို့ပါဗျ"
ဒီလိုအရိုင်းဆန်တဲ့သဘာဝတရားကိုလူတွေရင်ထဲရောက်အောင်ပို့ပေးချင်တာသွေးသစ်ရဲ့ဝါသနာတစ်ခုလဲဖြစ်သည်။ထို့ကြောင့်လှပြီးသားနေရာတွေကိုရိုက်တာထက်ဒီလိုသဘာဝအတိုင်းရှိနေတဲ့အရာကိုရိုက်ရတာပိုသဘောကျသည်။
"ဪ ခင်ဗျားကလူထူးဆန်းပဲ ဒီရှုခင်းတွေကလဲတစ်မျိုးတော့ကြည့်ကောင်းတာကျွန်တော်လဲဝန်ခံပါတယ်"
တကယ်ပင်ပယင်းသွေးသစ်ကလူဆန်းပင်။ဒီလိုideaမျိုးသူမလို့တွေးတတ်ပါပေတယ်။
"ကိုကွန်းအသင်္ချေကရောဘုရားဖူးလို့ပြီးပြီလားဗျ"
"အင်း ပြီးပြီ"
"ဒါနဲ့ခင်ဗျားအသက်ဘယ်လောက်လဲကျွန်တော့်ထက်ငယ်မယ်ထင်တယ်"
"ဗျာ ကျွန်တော့်အသက် ၂၇ပါဘာလို့လဲမသိဘူးဗျ"
"ဪ ဒါဆိုဟိုကောင်တွေခေါ်သလိုကွန်းလို့ပဲခေါ်ဗျာ ကျွန်တော်ခင်ဗျားခုနကခေါ်တဲ့နာမည်နားထောင်ရတာမောလွန်းလို့"
"ဟုတ် ဟုတ်ကဲ့ကွန်း"
"အင်း အဲလိုခေါ်"
"ဟုတ်"
...................
နှစ်ယောက်ကြားထဲလေထုကတိတ်ဆိတ်သွားလေသည်။သွေးသစ်လဲဓာတ်ပုံရိုက်ချင်သေးပေမယ့်သူခန့်တို့စောင့်နေရမှာစိုးလို့မြန်မြန်လက်စသတ်ပြီး
"ဟို ကွန်း ကျွန်တော်တို့သွားရအောင်နော်ဗျ"
"ကောင်းပါပြီ"
"ဟော ပြန်လာပြီလားသွေးသစ်ပုံကောင်းတွေရခဲ့လား"
"အင်း ရခဲ့တယ်သူခန့် စောင့်လိုက်ရလားမင်းတို့ ငါ့ကို"
"မစောင့်ရပါဘူး ကိုဟိန်းမြတ်တို့ကိုငါလိပ်ကန်လိုက်ပို့နေတာကွ"
"ဪ ကွန်းရောရောက်ခဲ့ပြီလားလိပ်ကန်ကို"သွေးသစ်ကမေးလိုက်လေသည်။
"ဘယ်ရောက်ဦးမလဲဗျ ကျွန်တော်ကခင်ဗျားနောက်လိုက်လာတာကို"
"ဪ ဒါဆိုကျွန်တော်လိုက်ပို့ရမလားဗျ"
"နေပါစေ မသွားတော့ဘူး"
"ဪ ဟုတ်ကဲ့"
သူခန့်အံ့ဩနေသည်။သွေးသစ်ကကိုကွန်းကိုရင်းရင်းနှီးနှီး ကွန်းလို့ခေါ်လိုက်တာပေါ့လေ?
"ဒါဆိုသွားကြတော့မလားဗျ ၇နာရီထိုးတော့မယ်ဆိုတော့ညစာနောက်ကျမှာစိုးလို့"သူခန့်ကဆော်ဩလိုက်သည်။
"ဟုတ်ဆင်းရအောင်လေ အလုံအလောက်လဲကြည့်ပြီးသွားပြီဆိုတော့"ဟိန်းမြတ်ကပြန်ဖြေလိုက်သည်။
"ဟုတ် ဒါဆိုသွားကြရအောင်ဗျ"
သွေးသစ်တို့ဘုရားကအပြန်တစ်ခါတည်းညစာစားပြီးတည်းခိုခန်းသို့ပြန်လာကြသည်။
တည်းခိုခန်းရောက်တော့ကွန်းတို့ကသူတို့အခန်းသူတို့အသီးသီးသွားကြပြီးသွေးသစ်တို့လဲကိုယ့်အခန်းထဲမှာကိုယ်နားနေကြသည်။သွေးသစ်ကကိုယ့်ကုတင်ပေါ်မှာကိုယ်နားနေတုန်းသူခန့်ကသွေးသစ်ကုတင်ပေါ်တက်လာသည်။
"သွေးသစ်"
"ဟေ"
"ညနေကမင်းကိုကွန်းကို ကွန်းလို့ခေါ်လိုက်တာပေါ့"
"အေး ဘာလို့"
"သူကမင်းထက်ငယ်လို့လား"
"မသိဘူးလေအဲတာတော့ ငါကကွာသူ့ကိုရိုရိုသေသေကိုကွန်းအသင်္ချေလို့ခေါ်တာ အဲတာကိုသူကနားထောင်ရတာမောလို့တဲ့ဆိုပြီးငါ့အသက်မေးတယ်ကွာငါလဲပြန်ဖြေတော့ ကွန်းလို့ပဲခေါ်တဲ့ အဲတာကြောင့်ခေါ်လိုက်တာလေ"
"ဪ"
"ဘာထူးဆန်းလို့လဲ"
"မဟုတ်ပါဘူးဒီတိုင်းသိချင်လို့"
"ဪ"
"ဒါဆိုသူကငါတို့ထက်ငယ်မယ်ထင်တယ်"
"ဟုတ်မယ်"
"အေး ဒါနဲ့ဒီနေ့ရိုက်ခဲ့တာလေးပြပါဦး"
"ခန"
"အေး"
"ရော့ အဲတာအကုန်ပဲ"
"လှတယ်ကွဟေ့ကောင်"
"ငါ့လက်ရာလေ ဟဲဟဲ"
"အေးပါကွာမင်းကလဲဂုဏ်ဆာနေပြန်ပါပြီ"
"စတာပါကွာဒီတစ်ခေါက်တော့ဆုရရင်ငါရန်ကုန်သွားယူရမလားလို့"
"မင်းက သွားမယ်?"
"အေး"
"ထူးထူးဆန်းဆန်း ဘာစိတ်ကူးပေါက်သွားတာလဲ"
"ဘာရယ်မဟုတ်ပါဘူးကွာ ဒီတိုင်းမရောက်တာကြာတော့ခနလောက်ဖြစ်ဖြစ်ပြန်သွားချင်လို့"
"ဪ အေးပေါ့ ဟုတ်ပါတယ် မင်းအမေနဲ့ရောပြန်တွေ့ချင်သေးလား"
"ဟင့်အင်း မလိုချင်လို့စွန့်ပစ်သွားတာကိုငါကအလိုက်မသိတွယ်ကပ်နေဖို့မှမလိုတာ ပြီးတော့နှစ်တွေလဲဒီလောက်ကြာနေပြီပြန်တွေ့ရင်တောင်ငါ့ကိုမှတ်မိမှာမဟုတ်လောက်ဘူး"
"ဒါတော့ဒါပေါ့ကွာ ဒါမဲ့မိဘနဲ့သားသမီးသံယောဇဉ်ဆိုတာရှိသေးတယ်မလား"
"သူငါတို့သားအဖကိုထားသွားကတည်းကမရှိတော့တာကြာပြီသူခန့် မလိုချင်လို့တောင်ထားခဲ့တဲ့သူတစ်ယောက်ဆီမှာမိဘသံယောဇဉ်ဆိုတာရှိပါဦးမလားစဉ်းစားလေသူငယ်ချင်းရာ"
"အေးပါကွာ ဆက်မပြောတော့ဘူးမင်းငရဲကြီးမှာစိုးလို့ ရန်ကုန်သွားချင်တယ်ဆိုလဲသွားပေါ့ဆုရမှမဟုတ်ပါဘူးဒီတိုင်းသွားချင်ရင်ကိုသွားရပါတယ်ကွ ငါလိုက်ပို့မှာပေါ့"
"အေးပါတကူးတကတော့မသွားပါဘူးကြုံမှပါ"
"ဟုတ်ပါပြီ ငါသိချင်တာလဲသိပြီးပြီဆိုတော့နားတော့မယ် ဟဲဟဲ မင်းလဲအိပ်တော့ခရီးပန်းလာတာ"
"အင်းပါ ဒါလေးတွေစစ်ပြီးအိပ်မှာ"
"အိုကေ အိုကေ good nightငါ့ကောင်"
"Good night"
သွေးသစ်လဲဓာတ်ပုံလေးတွေကိုcolourချိန်သင့်တာချိန်ပြီးအိပ်လိုက်တော့သည်။
နောက်နေ့မနက်ရောက်တော့ကွန်းတို့အုပ်စုဘုရားကိုနေမမြှင့်ခင်သွားဖို့အစောကြီးထပြီးပြင်ဆင်နေကြသည်။ပြင်ပြီးဆင်ပြီးတော့ကားနဲ့ဘုရားသို့သွားကြလေသည်။ဘုရားပေါ်ရောက်တော့လူအနည်းစုတော့ရှိလေသည်။မနေ့ကသွားခဲ့တဲ့ဘုရားထက်စာရင်တော့လူမြင်ရသေးသည်။ကောင်မလေးတစ်ချို့လဲရှိသည်။ဓာတ်ပုံရိုက်တဲ့သူကလဲရိုက်ဖုန်းပြောတဲ့သူကပြောနဲ့အလုပ်ရှုပ်နေကြသည်။ဘုရားဖူးသူကတော့လေးငါးယောက်သာရှိသည်။ကွန်းတို့လဲဘုရားဖူးပြီးရှုခင်းတွေကြည့်ရင်းသွေးသစ်တို့ကရှင်းပြတဲ့ဘုရားကြီးရဲ့သမိုင်းကြောင်းကိုနားထောင်နေကြသည်။ဘုရားကြီးရဲ့အသစ်ဆောက်ထားတဲ့နေရာကနေကြည့်ရင်မြင်နေရတဲ့ရှုခင်းကအရမ်းလှသည်။ဧရာဝတီမြစ်ကြီးနောက်ခံထားပြီးမြစ်ရဲ့အရှေ့မှာတော့ရေနံသံကန်စည်ကြီးတွေနဲ့ရေနံတွင်းတူးတဲ့စက်ကြီးတွေကခန့်ညားထည်ဝါစွာတည်ရှိနေလေသည်။ကွန်းတို့လိုမြို့ကြီးမှာနေရတဲ့သူတွေအဖို့ကတော့တစ်သက်မှာတစ်ခါမှမမြင်ဖူးတဲ့မြင်ကွင်းပင်ဖြစ်သည်။