ရှေးဖြစ်ဟော ဆရာသခင် (MM Trans...

By shunleikhin

13.6K 1.9K 21

English Title - "Fortune Teller Master" Author - 信用卡 (Xinyongka) Chapters Status - Completed (138 Chapters +... More

ရှေးဖြစ်ဟော ဆရာသခင်
အပိုင်း(၁.၁) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၁.၂) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၂.၁) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၂.၂) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၃.၁) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း(၃.၂) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း (၄.၁) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၅.၁) ရဲအရာရှိငယ်လေး
အပိုင်း (၅.၂) ရဲအရာရှိငယ်လေး
အပိုင်း (၆.၁) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၆.၂) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၇.၁) တားဆီးခံရသည့် ကံတရား
အပိုင်း (၇.၂) တားဆီးခံရသည့် ကံတရား
အပိုင်း (၈.၁) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၈.၂) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၉.၁) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၉.၂) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၁၀.၁) ဖြောင့်မတ်သော ဆရာသခင်
အပိုင်း (၁၀.၂) ဖြောင့်မတ်သော ဆရာသခင်
အခန်း (၁၁.၁) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အခန်း (၁၁.၂) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အပိုင်း (၁၂.၁) တမူထူးခြားသော ဗေဒင်ဆရာ
အပိုင်း (၁၂.၂) တမူထူးခြားသော ဗေဒင်ဆရာ
အခန်း (၁၃.၁) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အခန်း (၁၃.၂) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အပိုင်း (၁၄.၁) Making a wedding dress for others
အပိုင်း (၁၄.၂) Making a wedding dress for others
အပိုင်း (၁၅.၁) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၅.၂) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၆.၁) ဒဏ်ခတ်ခံရခြင်း

အပိုင်း (၄.၂) စားသောက်ရတာ မကြိုက်ဘူး

380 52 0
By shunleikhin

Unicode

ဖက်တီးဝမ်က စားပွဲထိုးကို ခေါ်နေတာကို ကြည့်လိုက်ပြီး လင်းချင်းယင်သည် မျှော်လင့်ချက်မဲ့စွာ သက်ပြင်းချလိုက်သည်။ သူ(မ)ရဲ့ အရင်ဘဝက စားသောက်ဖို့ မလိုအပ်ပေမဲ့ လက်ဖက်ရည် သောက်ရတာကိုတော့ အရမ်းကြိုက်ခဲ့သည်။

သူ(မ) သောက်တဲ့ လက်ဖက်ရည်ကို တိမ်တွေပေါ်ရှိ လက်ဖက်ပင်ကနေ ထုတ်ယူရရှိသည်။ တစ်ငုံလောက် သောက်ရုံနဲ့တင် ဝိညာဉ်စွမ်းအားများ ပြည့်နှက်လျက်ရှိသည်။ သို့သော် ဤစားပွဲပေါ်ရှိ လက်ဖက်ရည်ကတော့ ဘာအော်ရာမှ မရှိရုံသာမက အရသာလည်းမကောင်းပေ။

ခဏကြာတော့ စားပွဲထိုးက Mango Pomelo တစ်ခွက် ယူလာပေးသည်။ လင်းချင်းယင်က လှပသော ခွက်ကြီးပေါ်တွင် ပေါ်နေတဲ့ အေးမြသောလေကို ကြည့်ပြီး ဂရုတစိုက်ဖြင့် တစ်ငုံ‌လောက် သောက်လိုက်သည်။ သူမ၏ မျက်လုံးများက အံ့အားသင့်စွာ ပြူးကျယ်သွားသည်-

ဤအရာတွင် ဝိညာဉ်စွမ်းအင်မရှိသော်လည်း အရသာက ကောင်းမွန်လှ၏။

ဖက်တီးဝမ်သည် လင်းချင်းယင်က ပျော်ရွှင်စွာ သောက်နေသည်ကို ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချမိသည်။ ဆရာသခင်ကို ကျေနပ်‌စေဖို့ အရမ်း ခက်ခဲလွန်းတယ်။

သူ(မ)က စားရတာရော လက်ဖက်ရည် သောက်ရတာရောကို မကြိုက်ဘူး။ ကံကောင်းထောက်မစွာ၊ အအေးကတော့ သူ(မ)အတွက် အတော်လေး စားသောက်ချင်စဖွယ် ရှိလှသည်။ မဟုတ်ရင် သူက သူ(မ)ကို ဘယ်လိုပြောရမလဲ မသိတော့ဘူး။

"ဆရာသခင်လင်း၊ ခုဏက အန်တီချန်ရဲ့အိမ်မှာ ဖြစ်ပျက်နေတာကို ဆရာ ဘယ်လိုသိတာလဲ"

ဖက်တီးဝမ်က ထိုအကြောင်းကို ပိုတွေးလေလေ၊ ပိုထူးဆန်းတယ်လို့ ခံစားရ‌လေလေပဲ -

"အဲဒီအရာတွေကို တွက်ချက်လို့ရနိုင်လား"

လင်းချင်းယင်က သူ့ကို မော့ကြည့်ပြီး ပေါ့ပေါ့ပါးပါး လေသံနဲ့ ပြောလိုက်သည် "မင်း မယုံဘူးဆိုရင်၊ ဘာလို့ ဆိုင်ခန်း တစ်ခုတည်ထောင်ပြီး ဗေဒင်‌ဟောတာကို လုပ်‌ခဲ့တာလဲ"

ဖက်တီးဝမ်က နှစ်ကြိမ်လောက် တခစ်ခစ် ရယ်‌မောလိုက်သည် "ဒါက ဆရာ့ကို ကျွန်တော် ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ အရင်တုန်းက ကျွန်တော့်အဘိုးက ဗေဒင်အကြောင်းနဲ့ ပက်သက်ပြီး နည်းနည်းသိတယ်။ နောက်ပိုင်း မဲဆွယ်စည်းရုံးရေး စတင်လုပ်တဲ့အခါ၊ အဲဒီ အရာ‌တွေကို ပဒေသရာဇ်အယူသီးမှုများအဖြစ် တံဆိပ်ကပ်ခဲ့တယ်။"

"ပြီးဆုံးသွားတဲ့အခါကျ လူတိုင်းက အဲဒါတွေကို မယုံတော့ဘူး။ ဒီနှစ်တွေအတွင်း တဖြည်းဖြည်း တိုးတက်လာသော်လည်း၊ ရိုးရိုးသားသား ပြောရလျှင် အနည်းငယ်မျှသာ ထိုအရာကို လုပ်ဆောင်နိုင်တယ်။ ဒီလို လုပ်ရတာကိုပဲ ကျွန်‌တော့်အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော့်မှာ တခြားစီးပွားရေးလုပ်ငန်း ရှိတယ်။ ဒါကြောင့် ဒီမှာ စီးပွားရေး မလုပ်နိုင်တာနဲ့ ပက်သက်ပြီး သိပ်စိတ်မပူဘူးရယ်။

"ဖက်တီးဝမ်က အိတ်ထဲမှ စုတ်ပြဲနေသော စာအုပ်ကို ထုတ်ယူပြီး လင်းချင်းယင်ထံသို့ ပေးလိုက်သည်-

"ဒါက ကျွန်တော့်အဖိုး ထားခဲ့တဲ့ စာအုပ်ပဲ။ ဘာမှလုပ်စရာမရှိတဲ့အခါ တစ်ခါတလေကြည့်မိပေမယ့် ကျွန်တော် အဲဒါကို နားမလည်ဘူး ဖြစ်နေတယ်။"

လင်းချင်းယင်က စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည် -

"ဒီစာအုပ်မှာ အခြေခံ ဥပဒေနဲ့အညီ ကျမ်းရေးဆိုင်ရာအချက်အလက်တွေ ရှိတယ်။ ရှင် စာအုပ်ဆိုင်မှာ ဖတ်ခဲ့တဲ့ စာအုပ်တွေထက် ပိုကောင်းပါတယ်။ ဒါပေမယ့်......"

လင်းချင်းယင်သည် ဖက်တီးဝမ်၏ မျက်နှာကို ကြည့်ကာ ခေါင်းခါလိုက်ပြီး "ရှင်က ဒီထမင်းပန်းကန်ကို စားဖို့ မသင့်တော်ဘူး။ ရှင့်ရဲ့ အက္ခရာ ရှစ်လုံးနဲ့ ဆန့်ကျင်‌နေတယ်"

(T/N: ဒီအလုပ်နဲ့ မသင့်တော်ဘူးလို့ ပြောချင်တာပါ။)

"ဟေး၊ ဆရာက အရမ်း ပွင့်လင်းလွန်းတာပဲ!" ဖက်တီးဝမ်က သူ့ပေါင်ကို ရိုက်လိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ် -

"တကယ်တော့ ဒီဒေသမှာ ဗေဒင်ဆရာတွေ အများကြီးရှိတယ်။ သူတို့အားလုံးက လူလိမ်တွေပါ။ တချို့က အနက်ရောင်နှလုံးသားရှိပြီး ကြောက်စရာကောင်းတယ်။ တစ်ချို့က သူတို့ရဲ့ ဖောက်သည်တွေကို အမှုကို ဖောက်ဖျက်ဖို့ ပိုက်ဆံအများကြီး အသုံးပြုကြတယ်။"

"ကျွန်တော်က အဲဒီလောက် အကြင်နာကင်းမဲ့သူ မဟုတ်ပါဘူး။ ဖောက်သည်တွေ ပျော်ရွှင်စေဖို့ စကားကောင်းလေးများသာ ပြောပေးပါတယ်။ ဒါတောင် အကြိမ်ပေါင်းများစွာ အရိုက်ခံရဖူးတယ်။ ၂ ရက် ၃ ရက်လောက်တော့ ပုန်း‌နေရတယ်။ ကျွန်တော့်မှာ ဘယ်လိုဘဝမျိုး ရှိတယ်လို့ ဆရာ ထင်သလဲ!"

လင်းချင်းယင်က အအေးကို သောက်လိုက်ပြီး ပြောလိုက်သည် -
"ရှင့်ဘဝမှာ ကံကြမ္မာတစ်ချို့ ရှိတယ်၊ အစားအသောက်နဲ့ အဝတ်အစားအတွက် စိတ်ပူစရာမလိုဘူး။ ရှင် ဒီလိုလုပ်စရာ မလိုပါဘူး။"

ဖက်တီးဝမ်က "အိုး..." ဆိုပြီး အသံပြုလိုက်ကာ နှစ်ထောင်းအားရပြီး လေးစားစွာဖြင့် လက်မထောင်ပြလိုက်သည် -

"ဆရာက အဲဒါကို ထပ်ပြီး တွက်ချက်လိုက်တာပေါ့။ ကျွန်တော့်အိမ်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြိုချခံခဲ့ရတယ်။ အဲ့ကနေ ငွေပမာဏ တစ်ခုလောက် လက်ခံရရှိခဲ့ပြီးတော့ တံခါး ခြောက်ပေါက်ပါ တိုက်ခန်းကို ဆောက်လုပ်ခဲ့တယ်။"

"ကျွန်တော်က ကျွန်တော်ရဲ့ ကိုယ်ပိုင်တိုက်ခန်းမှာ နေထိုင်ပါတယ်။ ကျန်တာတွေကိုတော့ ငှားထားတယ်။ အိမ်လခက တစ်လကို ယွမ် ၂၀,၀၀၀ နဲ့ အတိုးနည်းနည်းရခဲ့တယ်။ ဗေဒင်ဟောတာ ဝါသနာသက်သက်ပါပဲ။ အဲဒါက အလုပ်သွားရတာထက် စကားစမြည်ပြောတာက ပိုကောင်းပါတယ်။"

လင်းချင်းယင်က သူ(မ)လက်ကို ဆန့်ထုတ်က အိတ်ကပ်ထဲက ယွမ် ၁၀၀၀ ကို ထိလိုက်မိသည်။ ရုတ်တရက် သူ(မ)က ဖက်တီးဝမ်ကို ဂရုမစိုက်ချင်တော့ပေ။

စကားပြောနေစဉ်တွင် တစ်ယောက်ယောက်က သီးသန့်ခန်း တံခါးကို နှစ်ကြိမ်ခေါက်လိုက်သည်။ ထို့နောက် စားပွဲထိုးက ထမင်းစားတွန်းလှည်းဖြင့် ဝင်လာပြီး ဝန်ဆောင်မှုပေးသည်။ ပျားရည်ဆန်း ဝက်သားကင်၊ ကြက်ကင်၊ ဘဲကင်၊ ကြက်တောင်ပံကြော်၊ ဝက်ချိုချဉ်ကြော်၊ ဂဏန်း အစပ်သား ... ...

လင်းချင်းယင်က စားပွဲပေါ်ရှိ အရောင် တောက်တောက်ပပနှင့် မွှေးကြိုင်သော ဟင်းလျာများကို မြင်သောအခါ သူ(မ) အံ့အားသင့်သွားသည်။ ဒီအစားအစာက အိမ်မှာ ပြုတ်ထားတဲ့ အသီးအရွက်တွေနဲ့ လုံးဝကို မတူဘူးပဲ။ ဒီဟင်းက အရမ်းကောင်းတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖက်တီးဝမ်က ဟင်းချိုကို လင်းချင်းယင် ရှေ့သို့ ချပေးက ပြောလိုက်သည် -

"ဗိုက်ထဲ အစာမရှိရင် ဘာမှ ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မစားချင်ဘူးဆိုရင်တောင် နည်းနည်း‌‌တော့ စားသင့်တယ်။ မဟုတ်ရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်။"


လင်းချင်းယင်က ကြက်သားတစ်ပိုင်းကို သူ(မ)ရဲ့တူဖြင့် ညှပ်ကာ ပါးစပ်ထဲသို့ ထည့်ပြီးနောက် သူ(မ) မျက်လုံးများ တောက်ပလာသည်။

နာရီဝက်အကြာတွင် ဖက်တီးဝမ်က စားပွဲပေါ်ရှိ ပန်းကန်အလွတ်များကို စိုက်ကြည့်ကာ တိတ်တိတ်ဆိတ်ဆိတ်ပင် လူခေါ်ဘဲလ်ကို နှိပ်ကာ ခေါ်လိုက်သည်။


တစ်နာရီလောက်ကြာတော့ ဖက်တီးဝမ်က ငွေတောင်းခံလွှာကို မေးလိုက်ပြီး မျက်ရည်မကျဘဲ ငိုချင်သွားတယ် - ဆရာသခင်၊ စားသောက်ရတာ မကြိုက်ဘူးလို့ ဆရာပဲ ပြောခဲ့တယ်လေ!!!

လင်းချင်းယင်က အရက်ကို လက်တစ်ဖက်တွင် ကိုင်ထားပြီး အခြားလက်ဖြင့် သူ(မ)ဗိုက်ကို ပွတ်သပ်လိုက်သည်။ သူ(မ)က ကျေနပ်စွာ သက်ပြင်းချရင်း "မမေးနဲ့တော့၊ ဒီဟင်းက အရသာရှိတုန်းပဲ"

စားပြီးတာနဲ့ ဖက်တီးဝမ်က သူတို့နှစ်ယောက် နည်းနည်း ရင်းနှီးလာတယ်လို့ ခံစားလိုက်ရတဲ့အတွက် သူ့လက်ကိုင်ဖုန်းကို နောက်တစ်ကြိမ် ထုတ်လိုက်ပြီး လင်းချင်းယင်ရဲ့  WeChat ကို add ချင်ခဲ့သည်။

လင်းချင်းယင်က ခဏစဉ်းစားပြီး မေးလိုက်သည် -

"လက်ကိုင်ဖုန်း ဝယ်ရင် ဘယ်လောက်ကျနိုင်မလဲ"

သူ(မ)ရရှိသော ယွမ် ၁,၀၀၀ ကို ထုတ်ယူပြီး တခြားမေးခွန်း ထပ်မေးလိုက်သည် -

"ဒီပိုက်ဆံနဲ့ လုံလောက်မလား။"

ဖက်တီးဝမ်က လင်းချင်းယင်ကို တအံ့တသြဖြင့် ကြည့်လိုက်မိသည်။ ဒီဆရာသခင်ငယ်‌လေးက အနည်းငယ် ဆင်းရဲပုံပေါက်သည်ကို သူသိလိုက်ရသည်။

ဖက်တီးဝမ်က လင်းချင်းယင်ကို အနီးနားရှိ မိုဘိုင်းလ်ဖုန်းဆိုင်သို့ ခေါ်ဆောင်သွားပြီး ယွမ် ၈၀၀ ကျော်တန် ဖုန်းတစ်လုံးကို ဝယ်ယူခဲ့သည်။ ၎င်းတွင် အခြေခံအကျဆုံး လုပ်ဆောင်ချက်‌တွေ ပါ‌ဝင်ပေမဲ့၊ အနည်းငယ် ပိုကြီးသော memory လည်း ရှိသည်။

လင်းချင်းယင်မှာ ID ကတ် မရှိပေ။ သူ(မ) ဆင်းမ်ကတ်ဝယ်ပြီး WeChat အကောင့် ဖွင့်ဖို့ ဖက်တီးဝမ်က သူ့ရဲ့ ID ကတ်ကို အသုံးပြုခဲ့သည်။

လင်းချင်းယင်၏ ဖုန်းနံပါတ်ကို မှတ်ပြီး သူမ၏ WeChat ကို ထည့်သွင်းပြီးနောက် ဖက်တီးဝမ်သည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့သည်။ သူသည် သူ(မ)ကို မျက်နှာချိုသွေးဖို့ အတော် ကြိုးစားခဲ့ရသည်။

လင်းချင်းယင်က သူ(မ)လက်ထဲက ကိရိယာလေးကို ကြည့်ပြီး ဖက်တီးဝမ်ကို ခေါင်းညိတ်ပြလိုက်ပြီး - "ကျေးဇူးအများကြီးတင်ပါတယ်"

"ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။"

ဖက်တီးဝမ်က သူ့လက်တွေကို ပွတ်သပ်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလိုက်သည် -

"ဒါဆို ဆရာ ကျွန်တော့်ကို ညွှန်ကြားပေးလို့ရမလား! ဒါက ကျွန်တော့်အတွက် ကြီးမားတဲ့ ကိစ္စတစ်ခုပါ။ ဗေဒင်ဟောတာကို မလေ့လာဘူးဆိုရင် ဆက်ပြီး ခန့်မှန်းလို့ ရနိုင်ပါ‌သေးတယ်။"

လင်းချင်းယင် ခဏလောက်စဉ်းစားပြီး "ရှင့်စာအုပ်ကို ကြာသပတေးနေ့ မနက် ၅:၃၀ မှာ အများပြည်သူပန်းခြံကို ယူလာခဲ့လိုက်၊ ပြီးရင် ကျွန်မ ရှင့်ကို ပြောပြမယ်"

ဖက်တီးဝမ်က ခေါင်းညိတ်ပြပြီး၊ နားမလည်သဖြင့် မေးလိုက်သည် - "ဘာလို့ ကြာသပတေးနေ့လဲ?"

လင်းချင်းယင်က သူ့ကိုကြည့်ကာ ပြောလိုက်သည် - "ဘာလို့လဲဆိုတော့ အဲဒီနေ့မှာပဲ အလုပ်ကိစ္စရှိတော့မှာမို့။"

ဖက်တီးဝမ်က ကြက်သေ သေသွားပြီး - "ဒီအရာကိုလည်း တွက်ချက်နိုင်တာပဲလား။ မင်းက အရမ်းအံ့သြစရာကောင်းတာပဲ!"

လင်းချင်းယင်သည် သူ(မ)၏ လက်ကိုင်ဖုန်းကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် တွေးတောလိုက်သည်။ ထိုအချိန်တွင် ရဲအရာရှိ၏ ဆေးစစ်မှုရလဒ် ထွက်လာသင့်နေပြီမလား?


Mango Pomelo ကိုရှာကြည့်လိုက်တာ သောက်ချင်စရာလေးနော်။


....................

Zawgyi

ဖက္တီးဝမ္က စားပြဲထိုးကို ေခၚေနတာကို ၾကည့္လိုက္ၿပီး လင္းခ်င္းယင္သည္ ေမၽွာ္လင့္ခ်က္မဲ့စြာ သက္ျပင္းခ်လိုက္သည္။ သူ(မ)ရဲ့ အရင္ဘဝက စားေသာက္ဖို႔ မလိုအပ္ေပမဲ့ လက္ဖက္ရည္ ေသာက္ရတာကိုေတာ့ အရမ္းႀကိဳက္ခဲ့သည္။

သူ(မ) ေသာက္တဲ့ လက္ဖက္ရည္ကို တိမ္ေတြေပၚရွိ လက္ဖက္ပင္ကေန ထုတ္ယူရရွိသည္။ တစ္ငုံေလာက္ ေသာက္႐ုံနဲ႔တင္ ဝိညာဥ္စြမ္းအားမ်ား ျပည့္ႏွက္လ်က္ရွိသည္။ သို႔ေသာ္ ဤစားပြဲေပၚရွိ လက္ဖက္ရည္ကေတာ့ ဘာေအာ္ရာမွ မရွိ႐ုံသာမက အရသာလည္းမေကာင္းေပ။

ခဏၾကာေတာ့ စားပြဲထိုးက Mango Pomelo တစ္ခြက္ ယူလာေပးသည္။ လင္းခ်င္းယင္က လွပေသာ ခြက္ႀကီးေပၚတြင္ ေပၚေနတဲ့ ေအးျမေသာေလကို ၾကည့္ၿပီး ဂ႐ုတစိုက္ျဖင့္ တစ္ငုံ‌ေလာက္ ေသာက္လိုက္သည္။ သူမ၏ မ်က္လုံးမ်ားက အံ့အားသင့္စြာ ျပဴးက်ယ္သြားသည္-

ဤအရာတြင္ ဝိညာဥ္စြမ္းအင္မရွိေသာ္လည္း အရသာက ေကာင္းမြန္လွ၏။

ဖက္တီးဝမ္သည္ လင္းခ်င္းယင္က ေပ်ာ္ရႊင္စြာ ေသာက္ေနသည္ကို ၾကည့္ၿပီး တိတ္တဆိတ္ သက္ျပင္းခ်မိသည္။ ဆရာသခင္ကို ေက်နပ္‌ေစဖို႔ အရမ္း ခက္ခဲလြန္းတယ္။

သူ(မ)က စားရတာေရာ လက္ဖက္ရည္ ေသာက္ရတာေရာကို မႀကိဳက္ဘူး။ ကံေကာင္းေထာက္မစြာ၊ အေအးကေတာ့ သူ(မ)အတြက္ အေတာ္ေလး စားေသာက္ခ်င္စဖြယ္ ရွိလွသည္။ မဟုတ္ရင္ သူက သူ(မ)ကို ဘယ္လိုေျပာရမလဲ မသိေတာ့ဘူး။

"ဆရာသခင္လင္း၊ ခုဏက အန္တီခ်န္ရဲ့အိမ္မွာ ျဖစ္ပ်က္ေနတာကို ဆရာ ဘယ္လိုသိတာလဲ"

ဖက္တီးဝမ္က ထိုအေၾကာင္းကို ပိုေတြးေလေလ၊ ပိုထူးဆန္းတယ္လို႔ ခံစားရ‌ေလေလပဲ -

"အဲဒီအရာေတြကို တြက္ခ်က္လို႔ရနိုင္လား"

လင္းခ်င္းယင္က သူ႔ကို ေမာ့ၾကည့္ၿပီး ေပါ့ေပါ့ပါးပါး ေလသံနဲ႔ ေျပာလိုက္သည္ "မင္း မယုံဘူးဆိုရင္၊ ဘာလို႔ ဆိုင္ခန္း တစ္ခုတည္ေထာင္ၿပီး ေဗဒင္‌ေဟာတာကို လုပ္‌ခဲ့တာလဲ"

ဖက္တီးဝမ္က ႏွစ္ႀကိမ္ေလာက္ တခစ္ခစ္ ရယ္‌ေမာလိုက္သည္ "ဒါက ဆရာ့ကို ကၽြန္ေတာ္ ဖုံးကြယ္ထားမွာ မဟုတ္ဘူး။ အရင္တုန္းက ကၽြန္ေတာ့္အဘိုးက ေဗဒင္အေၾကာင္းနဲ႔ ပက္သက္ၿပီး နည္းနည္းသိတယ္။ ေနာက္ပိုင္း မဲဆြယ္စည္း႐ုံးေရး စတင္လုပ္တဲ့အခါ၊ အဲဒီ အရာ‌ေတြကို ပေဒသရာဇ္အယူသီးမွုမ်ားအျဖစ္ တံဆိပ္ကပ္ခဲ့တယ္။"

"ၿပီးဆုံးသြားတဲ့အခါက် လူတိုင္းက အဲဒါေတြကို မယုံေတာ့ဘူး။ ဒီႏွစ္ေတြအတြင္း တျဖည္းျဖည္း တိုးတက္လာေသာ္လည္း၊ ရိုးရိုးသားသား ေျပာရလၽွင္ အနည္းငယ္မၽွသာ ထိုအရာကို လုပ္ေဆာင္နိုင္တယ္။ ဒီလို လုပ္ရတာကိုပဲ ကၽြန္‌ေတာ့္အတြက္ ဝမ္းသာမိပါတယ္။ ကၽြန္ေတာ့္မွာ တျခားစီးပြားေရးလုပ္ငန္း ရွိတယ္။ ဒါေၾကာင့္ ဒီမွာ စီးပြားေရး မလုပ္နိုင္တာနဲ႔ ပက္သက္ၿပီး သိပ္စိတ္မပူဘူးရယ္။

"ဖက္တီးဝမ္က အိတ္ထဲမွ စုတ္ျပဲေနေသာ စာအုပ္ကို ထုတ္ယူၿပီး လင္းခ်င္းယင္ထံသို႔ ေပးလိုက္သည္-

"ဒါက ကၽြန္ေတာ့္အဖိုး ထားခဲ့တဲ့ စာအုပ္ပဲ။ ဘာမွလုပ္စရာမရွိတဲ့အခါ တစ္ခါတေလၾကည့္မိေပမယ့္ ကၽြန္ေတာ္ အဲဒါကို နားမလည္ဘူး ျဖစ္ေနတယ္။"

လင္းခ်င္းယင္က စာမ်က္ႏွာ အနည္းငယ္ကို လွန္ၾကည့္ၿပီး ေခါင္းညိတ္ျပလိုက္သည္ -

"ဒီစာအုပ္မွာ အေျခခံ ဥပေဒနဲ႔အညီ က်မ္းေရးဆိုင္ရာအခ်က္အလက္ေတြ ရွိတယ္။ ရွင္ စာအုပ္ဆိုင္မွာ ဖတ္ခဲ့တဲ့ စာအုပ္ေတြထက္ ပိုေကာင္းပါတယ္။ ဒါေပမယ့္......"

လင္းခ်င္းယင္သည္ ဖက္တီးဝမ္၏ မ်က္ႏွာကို ၾကည့္ကာ ေခါင္းခါလိုက္ၿပီး "ရွင္က ဒီထမင္းပန္းကန္ကို စားဖို႔ မသင့္ေတာ္ဘူး။ ရွင့္ရဲ့ အကၡရာ ရွစ္လုံးနဲ႔ ဆန႔္က်င္‌ေနတယ္"

(T/N: ဒီအလုပ္နဲ႔ မသင့္ေတာ္ဘူးလို႔ ေျပာခ်င္တာပါ။)

"ေဟး၊ ဆရာက အရမ္း ပြင့္လင္းလြန္းတာပဲ!" ဖက္တီးဝမ္က သူ႔ေပါင္ကို ရိုက္လိုက္ၿပီး စိတ္ပ်က္လက္ပ်က္နဲ႔ ေျပာလိုက္တယ္ -

"တကယ္ေတာ့ ဒီေဒသမွာ ေဗဒင္ဆရာေတြ အမ်ားႀကီးရွိတယ္။ သူတို႔အားလုံးက လူလိမ္ေတြပါ။ တခ်ိဳ႕က အနက္ေရာင္ႏွလုံးသားရွိၿပီး ေၾကာက္စရာေကာင္းတယ္။ တစ္ခ်ိဳ႕က သူတို႔ရဲ့ ေဖာက္သည္ေတြကို အမွုကို ေဖာက္ဖ်က္ဖို႔ ပိုက္ဆံအမ်ားႀကီး အသုံးျပဳၾကတယ္။"

"ကၽြန္ေတာ္က အဲဒီေလာက္ အၾကင္နာကင္းမဲ့သူ မဟုတ္ပါဘူး။ ေဖာက္သည္ေတြ ေပ်ာ္ရႊင္ေစဖို႔ စကားေကာင္းေလးမ်ားသာ ေျပာေပးပါတယ္။ ဒါေတာင္ အႀကိမ္ေပါင္းမ်ားစြာ အရိုက္ခံရဖူးတယ္။ ၂ ရက္ ၃ ရက္ေလာက္ေတာ့ ပုန္း‌ေနရတယ္။ ကၽြန္ေတာ့္မွာ ဘယ္လိုဘဝမ်ိဳး ရွိတယ္လို႔ ဆရာ ထင္သလဲ!"

လင္းခ်င္းယင္က အေအးကို ေသာက္လိုက္ၿပီး ေျပာလိုက္သည္ -
"ရွင့္ဘဝမွာ ကံၾကမၼာတစ္ခ်ိဳ႕ ရွိတယ္၊ အစားအေသာက္နဲ႔ အဝတ္အစားအတြက္ စိတ္ပူစရာမလိုဘူး။ ရွင္ ဒီလိုလုပ္စရာ မလိုပါဘူး။"

ဖက္တီးဝမ္က "အိုး..." ဆိုၿပီး အသံျပဳလိုက္ကာ ႏွစ္ေထာင္းအားရၿပီး ေလးစားစြာျဖင့္ လက္မေထာင္ျပလိုက္သည္ -

"ဆရာက အဲဒါကို ထပ္ၿပီး တြက္ခ်က္လိုက္တာေပါ့။ ကၽြန္ေတာ့္အိမ္ဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ၿဖိဳခ်ခံခဲ့ရတယ္။ အဲ့ကေန ေငြပမာဏ တစ္ခုေလာက္ လက္ခံရရွိခဲ့ၿပီးေတာ့ တံခါး ေျခာက္ေပါက္ပါ တိုက္ခန္းကို ေဆာက္လုပ္ခဲ့တယ္။"

"ကၽြန္ေတာ္က ကၽြန္ေတာ္ရဲ့ ကိုယ္ပိုင္တိုက္ခန္းမွာ ေနထိုင္ပါတယ္။ က်န္တာေတြကိုေတာ့ ငွားထားတယ္။ အိမ္လခက တစ္လကို ယြမ္ ၂၀,၀၀၀ နဲ႔ အတိုးနည္းနည္းရခဲ့တယ္။ ေဗဒင္ေဟာတာ ဝါသနာသက္သက္ပါပဲ။ အဲဒါက အလုပ္သြားရတာထက္ စကားစျမည္ေျပာတာက ပိုေကာင္းပါတယ္။"

လင္းခ်င္းယင္က သူ(မ)လက္ကို ဆန႔္ထုတ္က အိတ္ကပ္ထဲက ယြမ္ ၁၀၀၀ ကို ထိလိုက္မိသည္။ ႐ုတ္တရက္ သူ(မ)က ဖက္တီးဝမ္ကို ဂ႐ုမစိုက္ခ်င္ေတာ့ေပ။

စကားေျပာေနစဥ္တြင္ တစ္ေယာက္ေယာက္က သီးသန႔္ခန္း တံခါးကို ႏွစ္ႀကိမ္ေခါက္လိုက္သည္။ ထို႔ေနာက္ စားပြဲထိုးက ထမင္းစားတြန္းလွည္းျဖင့္ ဝင္လာၿပီး ဝန္ေဆာင္မွုေပးသည္။ ပ်ားရည္ဆန္း ဝက္သားကင္၊ ၾကက္ကင္၊ ဘဲကင္၊ ၾကက္ေတာင္ပံေၾကာ္၊ ဝက္ခ်ိဳခ်ဥ္ေၾကာ္၊ ဂဏန္း အစပ္သား ... ...

လင္းခ်င္းယင္က စားပြဲေပၚရွိ အေရာင္ ေတာက္ေတာက္ပပႏွင့္ ေမႊးႀကိဳင္ေသာ ဟင္းလ်ာမ်ားကို ျမင္ေသာအခါ သူ(မ) အံ့အားသင့္သြားသည္။ ဒီအစားအစာက အိမ္မွာ ျပဳတ္ထားတဲ့ အသီးအရြက္ေတြနဲ႔ လုံးဝကို မတူဘူးပဲ။ ဒီဟင္းက အရမ္းေကာင္းတယ္ဆိုတာ ျဖစ္နိုင္ပါ့မလား။

ဖက္တီးဝမ္က ဟင္းခ်ိဳကို လင္းခ်င္းယင္ ေရွ႕သို႔ ခ်ေပးက ေျပာလိုက္သည္ -

"ဗိုက္ထဲ အစာမရွိရင္ ဘာမွ ေကာင္းေကာင္း လုပ္နိုင္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ မစားခ်င္ဘူးဆိုရင္ေတာင္ နည္းနည္း‌‌ေတာ့ စားသင့္တယ္။ မဟုတ္ရင္ က်န္းမာေရး ထိခိုက္လိမ့္မယ္။"


လင္းခ်င္းယင္က ၾကက္သားတစ္ပိုင္းကို သူ(မ)ရဲ့တူျဖင့္ ညႇပ္ကာ ပါးစပ္ထဲသို႔ ထည့္ၿပီးေနာက္ သူ(မ) မ်က္လုံးမ်ား ေတာက္ပလာသည္။

နာရီဝက္အၾကာတြင္ ဖက္တီးဝမ္က စားပြဲေပၚရွိ ပန္းကန္အလြတ္မ်ားကို စိုက္ၾကည့္ကာ တိတ္တိတ္ဆိတ္ဆိတ္ပင္ လူေခၚဘဲလ္ကို ႏွိပ္ကာ ေခၚလိုက္သည္။


တစ္နာရီေလာက္ၾကာေတာ့ ဖက္တီးဝမ္က ေငြေတာင္းခံလႊာကို ေမးလိုက္ၿပီး မ်က္ရည္မက်ဘဲ ငိုခ်င္သြားတယ္ - ဆရာသခင္၊ စားေသာက္ရတာ မႀကိဳက္ဘူးလို႔ ဆရာပဲ ေျပာခဲ့တယ္ေလ!!!

လင္းခ်င္းယင္က အရက္ကို လက္တစ္ဖက္တြင္ ကိုင္ထားၿပီး အျခားလက္ျဖင့္ သူ(မ)ဗိုက္ကို ပြတ္သပ္လိုက္သည္။ သူ(မ)က ေက်နပ္စြာ သက္ျပင္းခ်ရင္း "မေမးနဲ႔ေတာ့၊ ဒီဟင္းက အရသာရွိတုန္းပဲ"

စားၿပီးတာနဲ႔ ဖက္တီးဝမ္က သူတို႔ႏွစ္ေယာက္ နည္းနည္း ရင္းႏွီးလာတယ္လို႔ ခံစားလိုက္ရတဲ့အတြက္ သူ႔လက္ကိုင္ဖုန္းကို ေနာက္တစ္ႀကိမ္ ထုတ္လိုက္ၿပီး လင္းခ်င္းယင္ရဲ့ WeChat ကို add ခ်င္ခဲ့သည္။

လင္းခ်င္းယင္က ခဏစဥ္းစားၿပီး ေမးလိုက္သည္ -

"လက္ကိုင္ဖုန္း ဝယ္ရင္ ဘယ္ေလာက္က်နိုင္မလဲ"

သူ(မ)ရရွိေသာ ယြမ္ ၁,၀၀၀ ကို ထုတ္ယူၿပီး တျခားေမးခြန္း ထပ္ေမးလိုက္သည္ -

"ဒီပိုက္ဆံနဲ႔ လုံေလာက္မလား။"

ဖက္တီးဝမ္က လင္းခ်င္းယင္ကို တအံ့တၾသျဖင့္ ၾကည့္လိုက္မိသည္။ ဒီဆရာသခင္ငယ္‌ေလးက အနည္းငယ္ ဆင္းရဲပုံေပါက္သည္ကို သူသိလိုက္ရသည္။

ဖက္တီးဝမ္က လင္းခ်င္းယင္ကို အနီးနားရွိ မိုဘိုင္းလ္ဖုန္းဆိုင္သို႔ ေခၚေဆာင္သြားၿပီး ယြမ္ ၈၀၀ ေက်ာ္တန္ ဖုန္းတစ္လုံးကို ဝယ္ယူခဲ့သည္။ ၎တြင္ အေျခခံအက်ဆုံး လုပ္ေဆာင္ခ်က္‌ေတြ ပါ‌ဝင္ေပမဲ့၊ အနည္းငယ္ ပိုႀကီးေသာ memory လည္း ရွိသည္။

လင္းခ်င္းယင္မွာ ID ကတ္ မရွိေပ။ သူ(မ) ဆင္းမ္ကတ္ဝယ္ၿပီး WeChat အေကာင့္ ဖြင့္ဖို႔ ဖက္တီးဝမ္က သူ႔ရဲ့ ID ကတ္ကို အသုံးျပဳခဲ့သည္။

လင္းခ်င္းယင္၏ ဖုန္းနံပါတ္ကို မွတ္ၿပီး သူမ၏ WeChat ကို ထည့္သြင္းၿပီးေနာက္ ဖက္တီးဝမ္သည္ ေနာက္ဆုံးတြင္ စိတ္သက္သာရာ ရသြားခဲ့သည္။ သူသည္ သူ(မ)ကို မ်က္ႏွာခ်ိဳေသြးဖို႔ အေတာ္ ႀကိဳးစားခဲ့ရသည္။

လင္းခ်င္းယင္က သူ(မ)လက္ထဲက ကိရိယာေလးကို ၾကည့္ၿပီး ဖက္တီးဝမ္ကို ေခါင္းညိတ္ျပလိုက္ၿပီး - "ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

"ကၽြန္ေတာ့္ကို ေက်းဇူးတင္ဖို႔ မလိုပါဘူး။"

ဖက္တီးဝမ္က သူ႔လက္ေတြကို ပြတ္သပ္ၿပီး ျပဳံးျပဳံးရႊင္ရႊင္နဲ႔ေျပာလိုက္သည္ -

"ဒါဆို ဆရာ ကၽြန္ေတာ့္ကို ညႊန္ၾကားေပးလို႔ရမလား! ဒါက ကၽြန္ေတာ့္အတြက္ ႀကီးမားတဲ့ ကိစၥတစ္ခုပါ။ ေဗဒင္ေဟာတာကို မေလ့လာဘူးဆိုရင္ ဆက္ၿပီး ခန႔္မွန္းလို႔ ရနိုင္ပါ‌ေသးတယ္။"

လင္းခ်င္းယင္ ခဏေလာက္စဥ္းစားၿပီး "ရွင့္စာအုပ္ကို ၾကာသပေတးေန႔ မနက္ ၅:၃၀ မွာ အမ်ားျပည္သူပန္းၿခံကို ယူလာခဲ့လိုက္၊ ၿပီးရင္ ကၽြန္မ ရွင့္ကို ေျပာျပမယ္"

ဖက္တီးဝမ္က ေခါင္းညိတ္ျပၿပီး၊ နားမလည္သျဖင့္ ေမးလိုက္သည္ - "ဘာလို႔ ၾကာသပေတးေန႔လဲ?"

လင္းခ်င္းယင္က သူ႔ကိုၾကည့္ကာ ေျပာလိုက္သည္ - "ဘာလို႔လဲဆိုေတာ့ အဲဒီေန႔မွာပဲ အလုပ္ကိစၥရွိေတာ့မွာမို႔။"

ဖက္တီးဝမ္က ၾကက္ေသ ေသသြားၿပီး - "ဒီအရာကိုလည္း တြက္ခ်က္နိုင္တာပဲလား။ မင္းက အရမ္းအံ့ၾသစရာေကာင္းတာပဲ!"

လင္းခ်င္းယင္သည္ သူ(မ)၏ လက္ကိုင္ဖုန္းကို အိတ္ကပ္ထဲသို႔ ထည့္လိုက္ၿပီး တည္ၿငိမ္စြာျဖင့္ ေတြးေတာလိုက္သည္။ ထိုအခ်ိန္တြင္ ရဲအရာရွိ၏ ေဆးစစ္မွုရလဒ္ ထြက္လာသင့္ေနၿပီမလား?

Mango Pomelo ကိုရွာၾကည့္လိုက္တာ ေသာက္ခ်င္စရာေလးေနာ္။


....................

Continue Reading

You'll Also Like

96.8K 2.2K 11
مافيا - حب - قسوه - غيره renad231_5 مرت سنه والقلب ذابحهه الهجر ومرت سنه والهجر عيا يستحي الروايه موجوده في انستا : renad2315
81.3K 2.7K 80
BANG... BANG..... BANG I jumped up out my sleep to three gun shots. I creep up to my door, opening it up just a little, seeing my father go to my...
12.7K 303 17
so i got inspired by the many 'x black reader' stories that i've read so i've decided to write my own. ..y'all idk i suck at writing descriptions🧍🏾...
12K 1K 22
အံ့ဖွယ်ဆရာဝန်ရှချင်းသည် မတော်တဆ ရေထဲသို့ ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ စိုက်ပျိုးရေးဝတ္ထုထဲသို့ ကူးပြောင်းသွားသည်ကို တွ...