ဂျီမင်နဲ့ ထယ်ယောင်း ပြန်မလာခင် မေမေ့ကိုသူမသိသမျှဖွင့်ပြောရမည်။သူတို့နှစ်ဦးက သူငယ်ချင်းဆိုတာ နည်းနည်းမှမယုံပေ။အင်းလေးမှာသူဂျီမင်နဲ့ ထိုကောင်လေးဖြစ်မယ်ထင်တယ် ဟိုတယ်ရှေ့မှတွေ့ခဲ့တယ်မလား
မေမေ့အခန်းတံခါးကိုခေါက်တော့ "ဝင်ခဲ့"ဆိုတဲ့အသံကြား၍ သူဝင်သွားသည်။
မေမေက ရေချိုးပြီး အဝတ်အစားဝတ်နေတာ ဘေးမှာလည်း ကောင်မလေးတစ်ယောက်က မေမေ့ခြေထောက်တွေဆေးလူးပေးနေလေသည်
"ခြေထောက်ကိုက်တာ သက်သာလားမေမေ"
မေမေ ခေါင်းဘဲငြိမ့်ပြပြီးမှန်တင်ခုံကမှန်ကိုသူအင်္ကျီပုံကျမကျ ကြည့်သည်။
"မေမေသွားစရာရှိလို့လား"
"မရှိပါဘူး ခဏနေ မြေးပြန်လာရင်တော့ ကုသိုလ်ဘုရားဘက်သွားမလားလို့ မန္တလေးတောင်ပေါ်မတက်ဖြစ်တာလည်းကြာပြီမလား သူ့မေမေ မရှိတော့သူလည်း မိခင်မေတ္တာငတ်ရှာမှာ ငါ့မြေးလေးကြည့်ရတာ ငါတို့နဲ့ စိမ်းတယ် မေမေတော့မြေးလေးကိုမြင်တိုင်း ညည်းအစ်မ မြခက်သွယ်ကို မြင်ယောင်တယ် တစ်ချက်ချက် ပေကပ်ကပ်နိုင်တာ သူ့မေမေနဲ့သိပ်တူတာဘဲ ညည်းတူက"
မေမေက သူ့မြေးအကြောင်း ရယ်ကာမောကာ ပြောတော့ မြခက်နွယ် စိတ်ချမ်းသာရသည်။မေမေ့မြေးကို မေမေသိပ်ချစ်ပြန်ပြီ ညီမလေးလို ခြေစုံကန်သွားရင် မေမေတော့ ဒုတိယတစ်ခေါက်ခံစားရမှာဘဲ
ကောင်မလေးက မေမေ့ခြေထောက်ဆေးလူးပြီးတာနဲ့ အခန်းပြင်ဘက်ထွက်သွားလေသည်။
"မေမေ...."
မေမေက မှန်တင်ခုံကနေထကာ သူ့ဘေးက စက်တီထိုင်ခုံလေးပေါ်လာထိုင်သည်။
"မေမေ့မြေးက ယောက်ျားလေးချင်းကြိုက်နေတယ်ဆိုရင်ရော"
ဒေါ်ရွှေမြခက်တဟားဟားရယ်လိုက်သည်။
"ပေါက်ပေါက်ရှာရှာသမီးရယ်"
"မေမေ...သမီးတကယ်ပြောတာ"
ဒေါ်ရွှေမြခက် မရယ်နိုင်တော့ပေ။
"မဖြစ်နိုင်ပါဘူး မြေးက လိမ္မာတယ် "
မြခက်သွယ် ဖုန်းလေးထဲဓာတ်ပုံလေးတစ်ပုံ မေမေ့ကိုပြသည်။မေမေက ဖုန်းလေးကိုင်ကာ မျက်ရည်ဝဲသွားသည်။
"အဲ့တာ အင်းလေးမှာတုန်းကမေမေ"
"ဒီကောင်လေးက အခုအိမ်ရောက်နေတဲ့ ကလေးလား"
"ဖြစ်နိုင်ပါတယ် မေမေ့မြေး အဲ့ကောင်လေးကို ဟိုတယ်ပြန်လိုက်ပို့တာလေ အစက အမေ့မြေးက သမီး မမြင်ဘူး သူ့တို့ လှေပေါ်မှာ အကြည်စိုက်နေကြတာ တစ်ယောက်ကိုတစ်ယောက်ကြည့်နေတဲ့ပုံမေမေမြင်တာဘဲ သူငယ်ချင်းမှမဟုတ်ဘဲ"
ဒေါ်ရွှေမြခက် အစက တွေဝေကာမှိုင်ကျသွားသည်။ပြီးတော့ လက်သီးတွေ ဆုပ်ကာ နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ပစ်လိုက်၏။
"ငါမရရအောင်ခွဲမယ် မြခက်နွယ်...."
မြခက်နွယ် ဘာမှဆက်မပြောတော့ပေ။မေမေ့ကိုကြည့်ကာ ဘာတွေဆက်ဖြစ်မလဲ စောင့်စားနေမိတော့သည်။
ဖြန်းးးးးး
ပါးပေါ်သို့ အရှိန်ပြင်းပြင်းနဲ့ ကျရောက်လာတဲ့ လက်ဖဝါးးးး ထယ်ယောင်းမျက်နှာ လည်သွားကာ ပူထူသွား၏။
"အဘွားးး ဘာလုပ်တာလဲ"
ဂျီမင် ထယ်ယောင်းရှေ့ရပ်လိုက်၏။
"သင်းကို ငါသတ်မယ် ငါ့မြေးကို လာကပ်တဲ့ ကောင် ..."
အဖွားက ဂျီမင် ကာထားရဲ့ကြားက ထယ်ယောင်း အင်္ကျီစကို မရရအောင်ဆွဲကာ လက်သီးဆုပ်နဲ့ထုနေတော့၏။
ဂျီမင် အဖွားကို အတင်းဖက်ကာ ဆွဲရတော့၏။
"ဘာလုပ်တာလဲ အဖွားးးတော်ပါတော့ ကိုကို့မှာဘာအပြစ်ရှိလို့လဲ"
အဖွားပါးစပ်အဟောင်းသားဖြစ်သွားသည်။ကိုကိုလို့ခေါ်လိုက်တာလား ဒါယောက်ျားလေးတစ်ယောက်က ယောက်ျားလေးတစ်ဦးကိုခေါ်လိုက်တာတဲ့လားးးး
"ရှက်လိုက်တာ ဒေါ်ရွှေမြခက်ရဲ့မြေးက အခြောက်တဲ့လားးး အမလေး ငါ့ကိုသာ သတ်လိုက်ပါတော့ ဂျီမင်ရယ်"
ထယ်ယောင်း ခေါင်းလေးသာငုံ့နေလိုက်သည်။မောင်အကြပ်ရိုက်နေမာ့်အခြေအနေမို့ မျက်ရည်မကျအောင်စိတ်ကိုတင်းထားလိုက်ရသည်။
"အဖွားးးး အခြောက်ဆိုတော့လည်း ဘာဖြစ်လဲ အဖွားသားကိုဘဲဆူလေ ရိုက်လေ ကိုကိုနဲ့ဘာဆိုင်လဲ သူများသားသီးကို ဖွားဖွားအခုလို လုပ်စရာလား"
အဖွားဟာ နှုတ်ခမ်းကိုမဲ့ကာ မျက်ရည်တွေလက်ဖမိုးနဲ့သုတ်ပစ်၏။
"ရိုက်ရမယ် သူ့လို အရှက်မရှိတဲ့ကောင် မင်းဆီလာအိပ်တဲ့ကောင်"
ထယ်ယောင်း ခေါင်းလေးမော့လာသည်။ဝင်ပြောမှရတော့မည်။သူနဲ့မောင့်ကို အဖွားတို့သိပ်အထင်လွန်းတယ်
"လာအိပ်တယ် တည်းခိုတာပါ "
"ဟက် ဘူးငြင်းချင်တာလား ဟမ်မင်းမရှက်ဘူးလား ငါ့မြေးဆီညကြီးရောက်လာတယ် ငါ့မြေးနဲ့ညကတစ်ခန်းတည်း အတူနေလိုက်မယ်ပြေတယ် ဟက် ငါ့အိမ်ပေါ်ထဲ လာအိပ်ရဲတာလားးး"
ဂျီမင့် ဒေါသသည်လည်း တလိတ်လိတ်တက်လာပြီ အဖွားက သိပ်တဇွတ်ထိုးဆန်သည်။ဘာမှရေရေရာရာမသိဘဲ သူ့စိတ်ထင်ရာ လုပ်တာဘဲ
"မဟုတ်ဘူး အဖွား အဖွားမြေးက အဖွားသွေးပါတယ်မလား အဲ့လောက်သူများသားသမီးကို တန်ဖိုးမဲ့စေပါ့မလားးးအဖွားစိတ်လျှော့ပြီး သေချာတွေးကြည့်ပါ"
ဂျီမင်ချော့ကာ ပြောသော်လည်း အဖွားက ပိုဆိုးလာသည်။
"အေး ငါ့မြေး ငါ့သမီးအမိုက်မက ငါသဘောမတူတဲ့ အောက်တန်းစားကောင်နဲ့ ယူပြီး ရတဲ့သား မင်းက"
ဂျီမင်မျက်လုံးတွေ မျက်ရည်တွေညွတ်နေတာကနေ အဖွားအပြောကြောင့် ဒေါသမျက်လုံးတွေပိုးထင်းသွားစေသည်။
"ဟုတ်တယ် အောက်တန်းစား သားကအောက်တန်းစားမို့ အဖွားမြေးလို့မသတ်မှတ်နဲ့"
ဂျီမင်ပြောကာ ထယ်ယောင်းလက်ကလေးဆွဲကာ အိမ်ထဲက ထွက်လာလိုက်သည်။
"ဘယ်လဲ မြေး ဂျီမင် ပြန်လာခဲ့စမ်း"
ထယ်ယောင်းဂျီမင့်ကိုကြည့်ကာ
"မောင် ငါ့ကားကိုဒီတစ်ခေါက်တော့ လိုက်စီးပါ အလကားမစီးချက်ရင် နောက်မှ Taxiခပြန်ပေးလေနော်"
ဂျီမင် ခေါင်းလေးငြိမ့်လိုက်သည်။
မောင်က မာနကြီးတယ်....
ပကာသနတွေ မမက်တဲ့မောင်ဟာ သူသိပ်ချစ်တဲ့ ကိုယ့်ဆီကတောင် လက်သည်းခွံစာလေးလောက်တောင် သူ့မာနတွေအကျမခံဘူးးး
အခုလည်း ကားပေါ်မှာ မောင်ငိုချင်နေတာထိန်းကာ တစ်ဖက်မျက်နှာလွှဲထားသည်။
ထယ်ယောင်းကားကို လမ်းဘေးရပ်လိုက်သည်။
"မောင်...."
ထယ်ယောင်းအသံမှာ ငိုသံစွက်နေသည်။သူလည်းငိုချင်တာပေါ့ မိဘကမရိုက်ဖူးတဲ့ ပါးကို မောင့်အဘွားက ရိုက်လေရဲ့ ဒါလည်းမဆိုသလောက်လေး အဆိုးဆုံးက မောင်နဲ့သူ့ရဲ့သိက္ခာ
"မောင်..."
ဒီတစ်ခေါက် ခေါ်သံက သိပ်သိသာလွန်းသွသည်ထင်သည်။မောင်သူ့ဘက်လှည့်လာကာ သူ့ကို ထွေးဖက်ထားတော့၏။
"ဟင့် မောင် ...."
"မောင်တောင်းပန်ပါတယ်.....မောင့်ကြောင့် ကိုကိုအခုလိုအပြောခံရတာ မောင်အဖေမကြိုက်တဲ့အဖွားတို့နဲ့သွားပတ်သတ်မိခဲ့တာ အမှားဘဲ မောင့်ဖေဖေဟာ ဘာလို့မာနကြီးခဲ့လဲ မောင်အခုမှ သိရတာကိုကိုရာ...."
မောင်က သူ့ကိုတောင်းပန်ရင်း မောင့်ခံစားချက်တွေဖွင့်ဟကာ ငိုတော့၏။
ငါဘာလုပ်ပေးနိုင်မှာလဲမောင်ရယ် ငါမင်းကိုဖေးမနှစ်သိမ့်ပေးချင်တာပေါ့ ဟင့်အင်းငါမင်းမိသားစုတွေအကြောင်းမသိတော့ ငါဝင်မပြောရဲဘူး မှားသွားရင် မောင်ပိုဝမ်းနည်းနေမယ်မလား"
တစ်ခုဘဲ ငါမောင့်ကျောလေးသပ်းရင်း နှစ်သိမ့်ရုံပေါ့...
&&&
တော်သေးတယ်ပြောရမလား နှစ်ယောက်လုံးအဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကိုယ့်အဝတ်အစားတွေတောင်ယ်မလာခဲ့ကြပေမယ့် ပိုက်ဆံအိတ်လေးတွေ ဖုန်းတွေ မှတ်ပုံတင်တွေ ပါလာကြသည်။
မောင့်ကို သူကဘဲ အိမ်ကလေးတစ်လုံးစီခေါ်လာခဲ့သည်။
မောင်ကတော့ ဒီလမ်းတွေသိမှာမဟုတ်ဘူး
အခုကားလေးသည် မန္တလေးကန်တော်ကြီးလမ်းမထက်မှာ....
ကန်တော်ကြီးရဲ့အနောက်မြှောက်ထောင့်မှာရှိသည့် နှစ်ထပ်တိုက်ကလေးတွေ ဆင်တူဆောက် ထားသည့်နေရာကလရောက်တော့ ကားအရှိန်လျှော့လိုက်သည်။ ခြံတစ်ခြံထဲကားဝင်လာသည်နှင့်မောင်က ကားရပ်ချိန်ဘယ်တုန်းကတည်းကစောင့်နေသည်မသိပါဘူး ကားပေါ်ကဆင်းကာ ခြံတံခါးနားသွားရပ်လေသည်။
မောင်သဘောကျနေတာနေမှာပေါ့
ခြံရှေ့လမ်းမကြီးတစ်ဖက်မှာ ကန်တော်ကြီးရေပြင်ရှိတာရယ် ထိုကန်တော်ကြီးဘေးပတ်ပတ်လည်မှာ သစ်ပင်တော်တော်များများလည်းရှိသည်။မောင်သတိထားမိမလားမသိဘူး စိန်ပန်းပင်တွေလာခဲ့တဲ့လမ်းမှာရှိသေးသည်။ဒီမှာတော့စိန်ပန်းနီတွေလေ...
"မောင်"
ဂျီမင် ထယ်ယောင်းဘက်လှည့်လိုက်သည်။
"ကိုကို ဒါက ဘယ်နေရာလဲ"
"ငါ့ဖေဖေ ဝယ်ထားခဲ့ပေးတာ ဖေဖေက ငါ့ကို အမွေပေးခဲ့တာ မေမေတောင်မသိဘူး"
ဂျီမင် ခေါင်းငြိမ့်လိုက်သည်။
"ခဏနေ ညနေစာသွားစားရအောင် ဒီဘက်မှာက စားသောက်ဆိုင်တွေပေါတယ် မောင်"
ဂျီမင် ဘာမှပြန်မတုံ့ပြန်ပေ။ကိုကို့ကို မျက်နှာလွှဲကာ
"မောင့်မနက်ဖန် ပင်းတယပြန်မှာကိုကို"
ထယ်ယောင်း မျက်နှာကလေးတင်းသွားသည်။
"အခုမှ ငါခေါ်လာတဲ့နေရာ ရောက်တာလေ"
"မောင် ကိုကို့ကို အားကိုးနေရတာ ရှက်တယ်"
"ဟက် "
ထယ်ယောင်းနာကြည်းစွာရယ်လိုက်မိ၏။
"အစက ငါကသိမ်ငယ်နေတာထင်ခဲ့တာမောင် တကယ်တော့ ငါမဟုတ်ဘူးမင်းဖြစ်နေတာ"
ဂျီမင်ခေါင်းလေးငြိမ့်သည်။
"ကိုကိုက ဘာဗဟုသုတမှမရှိတော့ မောင့်ရဲ့တာဝန်ယူချင်စိတ်၊အိမ်ထောင်ဦးစီးစိတ်ကို ဘယ်နားလည်ပါ့မလဲ"
ထယ်ယောင်း ပြောစရာစကားပျောက်ရှရသည်။
ဟုတ်တယ် ငါက ဗဟုသုတနည်းတယ် ဘော်ကျော့သဌေးသား....
ထယ်ယောင်းဒီနေ့ရိုက်ခံရတဲ့ပါး အစွပ်စွဲခံရတဲ့သိက္ခာကျစေတဲ့စကားထက် မောင့်စကားကပိုနာကျင်ရသည်။ရင်ဘတ်ကြီးကို ဓားနဲ့မွှန်းတာထက်ပိုတယ်....
ထယ်ယောင်းအိမ်ထဲပြေးဝင်လာခဲ့တော့သည်။
တစ်အိမ်ထဲ အတူတူရှိနေပေမယ့် စကားမပြောရတဲ့ခံစားချက်က အတော်နာကျင်ရသည်။မောင်ကတော့ သူလက်မှတ်ဝယ်လိုက်ကြောင်း မနက်ဖန်ပြန်တော့မှာ ကိုကိုပါပြန်လိုက်နော် ဆိုပြီး ပြောပေမယ့် ကိုယ်မှ သူ့စကားအစာမကြေသေးဘဲ အင်းအဲမလုပ်ဘဲ အိမ်ပေါ်ထပ် တက်ခဲ့သည်။
မောင်အခု ဧည့်ခန်းမှာဘဲပေါ့....
မောင်က သိပ်မာနကြီးတာ
သူခေါ်လည်း အပေါ်ထပ်တက်မှာမှမဟုတ်ဘဲ သူဘဲစိတ်ထဲမတင်မကျနဲ့ ဒေါသထွက်နေရမှာ အပေါ်ထပ်တက်ပါ့လား မပြောလိုက်တာ အခုတော့ အခုမနေနိုင်တဲ့ ကိုယ်ကဘဲ အောက်ထပ်ဆင်းလာခဲ့သည်။
ဂျီမင်အိပ်နေသည်။ဧည့်ခန်းရဲ့ ဆိုဖာပေါ်ကွေးကွေးလေး
ထယ်ယောင်း အနားသွားကာ ဒူးထောက်ထိုင်ရင်းမောင့် မျက်နှာကို တစိမ့်စိမ့်ကြည့်သည်။
"မောင်က သိပ်ယောက်ျားပီသတာဘဲ နှာတံပြေပြေလေးရယ် နှုတ်ခမ်းထူထူအိအိလေးက ဆံပင်နဖူးထက် တင်ထားချိန် သိပ်ချောတာ အခုလည်း မောင့်မျက်ခွံတွေကမြတ်နိုးဖွယ်ရာလေးတစ်ခုဘဲ မောင့်မျက်ခုံးတွေငါ သိပ်ကြိုက်တာ"
ထယ်ယောင်းတစ်ယောက်တည်းရေရွတ်ရင်း မောင့်နဖူးပေါ် အနမ်းနုနုပေးသည်။
"ကောင်းသောညပါမောင် ကလေးလေးလိုဘဲ မောင်ကအပြစ်ကင်းတယ် တစ်ခုဘဲ မောင်က သိပ်မာနကြီးတယ်"
ထယ်ယောင်း မောင့်ဘေးလက်ကလေးနှစ်ဖက်တင်ကာ ခေါင်းလေးထိုလက်လေးပေါ်တင်ပြီး မျက်လုံးလေးတွေ မှိတ်ချလိုက်တော့သည်။
ဒီလောက်ဆို လုံလောက်ပြီ ငါအိပ်ချင်ပြီမို့ မောင့်ကိုချစ်ကြောင်း အိပ်ယာနိုးမှ ဆက်မည်။
&&&
Double updateပါဗျို့
Mafiaလေးနဲ့ ဒီficလေးပြီးတာ စာရေးတာကို အကန့်အသတ်မရှိနားမှာပါ။
zawgyi
"မဖွဈနိုငျပါဘူး မွေးက လိမ်မာတယျ "
&&&
&&&