Unicode
အပိုင်း (၁၁၃)
“အရှင်ရွှီ ပြောတာက အရင်ဝမ်ဖေးယဲ့ကို ပြောတာလား”
ယဲ့ကျန်းက ခေါင်းကိုငုံ့လျက် ညင်သာစွာမေးလိုက်သည်။
ရွှီလောင်၏အကြည့်များက ချက်ချင်းဆိုသလို ထိုရှေ့ရှိကောင်မလေးထံ ရောက်သွား၏။
သူမ၏မေးခွန်းကိုဖြေရမည့်အစား သူက မျက်လုံးကို မှေးကျဉ်းလိုက်သည်။ စားပွဲကို တံတောင်ဖြင့် ထောက်လျက် မေးလိုက်၏။
“မင်းက ဘယ်သူ့သမီးလဲ”
“ကျွန်မအဖေရဲ့နာမည်က လုရှီမင်ဖြစ်ပြီး အမေကိုတော့ ဖေးရှီလို့ခေါ်ပါတယ်၊ ဒီ၁၅နှစ်လုံးလုံး ကျွန်မက နယ်မြို့မှာပဲနေခဲ့တာပါ”
ရွှီလောင်က ခေါင်းညိတ်သည်။ သူ၏ပခုံးများက လျော့ကျသွား၏။ သူက ပြောသည်။
“မင်း မေးတာကို ဖြေရရင်ဟုတ်တယ်၊ ငါက အရင်ဝမ်ဖေးအကြောင်း ပြောနေတာပဲ၊ မင်းလည်း ဒီအလှည့်အပြောင်းတွေအကြောင်းကို ကြားထားဖူးမှာပေါ့”
ရွှီလောင်က တစ်ခဏခန့် မှတ်ဉာဏ်များအတွင်း နစ်မြုပ်သွားသည်။ သူ အားလုံးကို မှတ်မိနေ၏။ ယဲ့ကလန်၏ အမြစ်ပြတ်သုတ်သင်ခံရခြင်းကိုလည်း မှတ်မိနေသေးသည်။
“လူကြီးမင်း သူတို့အားလုံး သေရတာတန်တယ်လို့ ထင်ပါသလား”
“အချို့က သေသင့်တယ်၊ အချို့ကတော့ မသေသင့်ဘူး”
ရွှီလောင်က သူမကို ကြည့်သည်။
“မင်း လုရှီမင်ရဲ့သမီးအရင်းလား”
ယဲ့ကျန်းက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ လုလင်ကျစ်က သူ့အား မသိမ်းသွင်းသွားခင် သူမ ရွှီလောင်၏ယုံကြည်မှုကို ရထားရန်လိုအပ်၏။ သူမ သိသော တစ်ခုတည်းသောနည်းလမ်းက သူမအဖေ၏အဆက်အသွယ်များကို သုံးရန်ဖြစ်သည်။
“မဟုတ်ဘူး၊ ကျွန်မက မွေးစားသမီးပါ၊ ဒါပေမဲ့ သိကြတဲ့သူ သိပ်မရှိဘူး၊ အခု အရှင်ရွှီက သူတို့ထဲက တစ်ယောက်ဖြစ်သွားပြီ”
ယဲ့ကျန်းက တုံ့ဆိုင်းမနေဘဲ ဖြေသည်။
ထိုလူအိုကြီးလည်း အံ့ဩသွား၏။ သူ၏မျက်လုံးများက ပြူးကျယ်သွားကာ စကား ဆက်မပြောနိုင်တော့ပေ။ ယဲ့ကျန်းက သူ့အား အလဲထိုးလိုက်နိုင်၏။
“လူကြီးမင်း ယဲ့မိသားစုက မသေသင့်တဲ့သူတွေက ဘယ်သူတွေလို့ထင်လဲ၊ ယဲ့ရီချင်လား”
ယဲ့ကျန်းက ဆက်မေး၏။
“ဟုတ်တယ် သူ မသေသင့်ဘူး”
ရွှီလောင်က တစ်ဖန်ထိုင်ချလိုက်သည်။ သူ၏အသံက သည်မိတ်ဆွေဟောင်းကို သတိရသွားချိန်တွင် ဖျော့တော့သွားတော့၏။
“ယဲ့မိသားစုမှာ လူကောင်းတွေ မများဘူး၊ ဒါပေမဲ့ သူကတော့ ငါ သိထားသမျှထဲမှာ အကောင်းဆုံးလူပဲ”
ယဲ့ကျန်းကလည်း သူမ၏လက်ကိုကျောက်တုံးစားပွဲပေါ် တင်ထားလျက် ညင်သာစွာ ကွေးညွတ်လိုက်သည်။ ဒါက သူမ၏ပထမအကွက်ဖြစ်၏။
“ဒါပေမဲ့ သူ သေသွားပြီ၊ သူ့ရဲ့ကလေးတွေလည်း သွားရှာပြီ”
ရွှီလောင်က ယဲ့ကျန်းကို တင်းကျပ်စွာ စိုက်ကြည့်လာသည်။
“မင်းနဲ့ယဲ့ရီချင်က ဘယ်လို ဆက်နွယ်မှုရှိလဲ”
“ကျွန်မ မသိဘူး”
ယဲ့ကျန်းက ခေါင်းကိုခါသည်။
“အခြားသူတွေပြောတဲ့အတိုင်းဆိုရင် ကျွန်မက ချင်မင်းဆက်ရဲ့ ယခင်ဝမ်ဖေးနဲ့ တူပါတယ်တဲ့၊ ကျွန်မ ယဲ့မိသားစုနဲ့ တစ်ခုခုပတ်သက်တာမျိုးလည်း ဖြစ်နိုင်တာပဲ”
“ရီချင်မှာ နောက်ထပ်သမီးတစ်ယောက်ရှိတယ်လို့ ငါ မကြားဖူးပါဘူး၊ ဒါပေမဲ့ မင်းက တကယ်ပဲ ယဲ့နဲ့ပတ်သက်နေရင် ဒီစာမေးပွဲနဲ့ ခပ်ဝေးဝေးနေသင့်တယ်၊ အနည်းဆုံး မြို့တော်က ထွက်သွားသင့်တယ်၊ ဒီလိုဆိုရင် မင်း သူနဲ့အနာဂတ်မှာ တွေ့ရလိမ့်မယ်”
ရွှီလောင်က သက်ပြင်းချသည်။
သူနဲ့အနာဂတ်မှာတွေ့မယ်။
ရွှီလောင်၏လေသံက ထူးဆန်းသည်ဟု သူမ ခံစားလိုက်ရသည်။ သူ ပြောနေသည်မှာ သူမ၏ဖခင်က အသက်ရှင်နေသည့်အလား … ယဲ့ကျန်း သူမလက်အောက်မှ ကျောက်တုံးစားပွဲကိုပင် ဖိညှစ်လိုက်မိ၏။
“လူကြီးမင်း ဘာပြောလိုက်တာပါလဲ”
ရွှီလောင်က ခေါင်းကိုငုံ့ကာပြော၏။
“အဲဒီနေ့ ဒီအဖိုးကြီးက မိတ်ဆွေရဲ့အလောင်းကို ကောက်ဖို့သွားခဲ့တယ်၊ ယဲ့မိသားစုမှာ လူအယောက် ၁၃၀ ရှိတယ်၊ ဒါပေမဲ့ ယဲ့ရီချင်နဲ့ သူ့သားရဲ့အလောင်းတော့ ရှာမတွေ့ခဲ့ဘူး၊ သူတို့ ထွက်ပြေးသွားကောင်းသွားနိုင်တယ်”
“ရှင် တကယ်ပြောနေတာလား”
ယဲ့ကျန်း၏ခံစားချက်များကို ထိန်းချုပ်မှု လွတ်ကင်းသွားသည်။ သူမ၏ကိုယ်က တုန်ယင်နေကာ လက်များက တင်းကျပ်စွာဆုပ်ထား၏။
“ရှင်ဆိုလိုတာက ယဲ့ရီချင်နဲ့သူ့သားက သူတို့ အသက်ရှင်နေကြသေးတယ်ပေါ့”
“ဒီအဖိုးကြီးက သူတို့ရဲ့အလောင်းကို ရှာမတွေ့ခဲ့ဘူး၊ ဒီတော့ အပြင်းထန်ဆုံး ဖြစ်နိုင်ခြေက သူတို့ အသက်ရှင်နေသေးလောက်တယ်”
ရွှီလောင်က ပြောသည်။
သူကိုယ်တိုင်လည်း သူတို့ အသက်ရှင်နေသေးကြောင်း မသေချာသေးသော်လည်း ဖြစ်နိုင်ခြေက များသည်။
ယဲ့ကျန်း၏တုန်ယင်နေသော လက်များက သူမ၏စကတ်ကိုဖိခြေနေမိ၏။ မထိန်းချုပ်နိုင်တော့ဘဲ သူမ၏မျက်လုံးများမှ မျက်ရည်များဖြင့် ပြည့်နှက်လာသည်။ သို့သော် သူမ အတတ်နိုင်ဆုံး ထိန်းထား၏။
“သူတို့ မသေလောက်ပါဘူး”
အဖေက ဒီလောက်စွမ်းအားကြီးတာ၊ သူက ပြိုင်ဘက်ကင်းပဲ၊ ဟုတ်တယ်၊ သူ သေသွားပြီလို့ ငါ ဘာလို့ ယုံရမှာလဲ။
ဟုတ်တယ်၊ အဖေက ငါ့ကိုစောင့်နေဖို့ ပြောထားတယ်ဆိုပြီး အိပ်မက်တောင် မက်ထားသေးတယ်မဟုတ်လား၊ သူ သေချာပေါက် အသက်ရှင်နေအုံးမှာပါ။
ရွှီလောင်က ပျော်ရွှင်သွားဟန်ရသောယဲ့ကျန်းကို ကြည့်သည်။ သူ၏နှလုံးသားထဲတွင် သူမ၏နောက်ခံကို နားလည်သွားပြီဖြစ်သည်။ သို့ရာတွင် ယဲ့မိသားစု၏အခြေအနေက ထည့်ပြောရန် မသင့်သေးချေ။ ထို့နောက် ခန့်မှန်းမှုအားလုံးကို ရင်ထဲတွင် သိမ်းထားလိုက်ပြီးမှ ဘာမှ မသိဟန်ဆောင်လိုက်၏။
ယဲ့ကျန်းက သည်အဆောင်အတွင်းတွင် အရှေ့အနောက်စုန်ချည်ဆန်ချည် လျှောက်နေခဲ့သည်။ နောက်ဆုံးတွင် သူမ၏စိတ်လှုပ်ရှားမှုကို ထိန်းနိုင်သွား၏။ သူမက ရွှီလောင်ကို ပြန်ကြည့်ပြီးပြောသည်။
“အရှင်ရွှီ တကယ်လို့ ယဲ့ရီချင်ကသာ မသေဘူးဆိုရင် သူ ဘယ်နေရာကို သွားမယ်လို့အရှင်ထင်လဲ”
“ငါ ကြားတာတော့ သူက အမြဲတမ်းပင်လယ်မှာ နေချင်တယ်လို့ပြောတာပဲ”
ရွှီလောင်က ပြောသည်။
“ဟုတ်တယ် ဒါက သူပြောတာပဲ”
ယဲ့ကျန်း ရယ်ချင်သွားသည်။
သူမသည်လည်း သူမ၏ဖခင်က ပင်လယ်ကို နှစ်သက်ကြောင်းသိ၏။ သူမ အသက်ပြင်းပြင်း ရှူလိုက်ကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး တစ်ဖန်ပြန်ထိုင်လိုက်သည်။ ထို့နောက် တည်ငြိမ်သော လေသံဖြင့် ပြော၏။
“အရှင်ရွှီ ကျွန်မတို့အခုပဲ ကော့ကို ဆော့ရအောင်”
သူမက ယခင်ကထက် ပျော်သွားသည်။ သည်လောကတွင် သူမ ဂရုအစိုက်ဆုံးက သူမ၏ဖခင်နှင့်အစ်ကိုကြီးသာလျှင် ဖြစ်သည်။ ယခု ထိုနှစ်ယောက်က အသက်ရှင်နေသည်မှန်း သူမ သေချာသွားလေပြီ။ အမှောင်ထဲတွင် အလင်းကို သူမ နောက်ဆုံးမြင်လိုက်ရ၏။ သူမကသာ ထိုလူများကို ရှာနိုင်မည်ဆိုလျှင်...။
…
သူမကိုယ်သူမ ကတိပေးလိုက်သည်။ သူတို့အတွက် သူမ ကောင်းကောင်းအသက်ရှင်ရမည်ပေ။
အဖေ၊ အစ်ကိုနှစ်၊ သမီးလာပြီး ရှာမဲ့အချိန်ကို သေချာပေါက်စောင့်ပေးပါ။
...
Zawgyi
အပိုင္း (၁၁၃)
“အရွင္႐ႊီ ေျပာတာက အရင္ဝမ္ေဖးယဲ့ကို ေျပာတာလား”
ယဲ့က်န္းက ေခါင္းကိုငုံ႕လ်က္ ညင္သာစြာေမးလိုက္သည္။
႐ႊီေလာင္၏အၾကည့္မ်ားက ခ်က္ခ်င္းဆိုသလို ထိုေရွ႕ရွိေကာင္မေလးထံ ေရာက္သြား၏။
သူမ၏ေမးခြန္းကိုေျဖရမည့္အစား သူက မ်က္လုံးကို ေမွးက်ဥ္းလိုက္သည္။ စားပြဲကို တံေတာင္ျဖင့္ ေထာက္လ်က္ ေမးလိုက္၏။
“မင္းက ဘယ္သူ႕သမီးလဲ”
“ကြၽန္မအေဖရဲ႕နာမည္က လုရွီမင္ျဖစ္ၿပီး အေမကိုေတာ့ ေဖးရွီလို႔ေခၚပါတယ္၊ ဒီ၁၅ႏွစ္လုံးလုံး ကြၽန္မက နယ္ၿမိဳ႕မွာပဲေနခဲ့တာပါ”
႐ႊီေလာင္က ေခါင္းညိတ္သည္။ သူ၏ပခုံးမ်ားက ေလ်ာ့က်သြား၏။ သူက ေျပာသည္။
“မင္း ေမးတာကို ေျဖရရင္ဟုတ္တယ္၊ ငါက အရင္ဝမ္ေဖးအေၾကာင္း ေျပာေနတာပဲ၊ မင္းလည္း ဒီအလွည့္အေျပာင္းေတြအေၾကာင္းကို ၾကားထားဖူးမွာေပါ့”
႐ႊီေလာင္က တစ္ခဏခန႔္ မွတ္ဉာဏ္မ်ားအတြင္း နစ္ျမဳပ္သြားသည္။ သူ အားလုံးကို မွတ္မိေန၏။ ယဲ့ကလန္၏ အျမစ္ျပတ္သုတ္သင္ခံရျခင္းကိုလည္း မွတ္မိေနေသးသည္။
“လူႀကီးမင္း သူတို႔အားလုံး ေသရတာတန္တယ္လို႔ ထင္ပါသလား”
“အခ်ိဳ႕က ေသသင့္တယ္၊ အခ်ိဳ႕ကေတာ့ မေသသင့္ဘူး”
႐ႊီေလာင္က သူမကို ၾကည့္သည္။
“မင္း လုရွီမင္ရဲ႕သမီးအရင္းလား”
ယဲ့က်န္းက လက္သီးကို တင္းက်ပ္စြာ ဆုပ္လိုက္သည္။ လုလင္က်စ္က သူ႕အား မသိမ္းသြင္းသြားခင္ သူမ ႐ႊီေလာင္၏ယုံၾကည္မႈကို ရထားရန္လိုအပ္၏။ သူမ သိေသာ တစ္ခုတည္းေသာနည္းလမ္းက သူမအေဖ၏အဆက္အသြယ္မ်ားကို သုံးရန္ျဖစ္သည္။
“မဟုတ္ဘူး၊ ကြၽန္မက ေမြးစားသမီးပါ၊ ဒါေပမဲ့ သိၾကတဲ့သူ သိပ္မရွိဘူး၊ အခု အရွင္႐ႊီက သူတို႔ထဲက တစ္ေယာက္ျဖစ္သြားၿပီ”
ယဲ့က်န္းက တုံ႕ဆိုင္းမေနဘဲ ေျဖသည္။
ထိုလူအိုႀကီးလည္း အံ့ဩသြား၏။ သူ၏မ်က္လုံးမ်ားက ျပဴးက်ယ္သြားကာ စကား ဆက္မေျပာနိုင္ေတာ့ေပ။ ယဲ့က်န္းက သူ႕အား အလဲထိုးလိုက္နိုင္၏။
“လူႀကီးမင္း ယဲ့မိသားစုက မေသသင့္တဲ့သူေတြက ဘယ္သူေတြလို႔ထင္လဲ၊ ယဲ့ရီခ်င္လား”
ယဲ့က်န္းက ဆက္ေမး၏။
“ဟုတ္တယ္ သူ မေသသင့္ဘူး”
႐ႊီေလာင္က တစ္ဖန္ထိုင္ခ်လိဳက္သည္။ သူ၏အသံက သည္မိတ္ေဆြေဟာင္းကို သတိရသြားခ်ိန္တြင္ ေဖ်ာ့ေတာ့သြားေတာ့၏။
“ယဲ့မိသားစုမွာ လူေကာင္းေတြ မမ်ားဘူး၊ ဒါေပမဲ့ သူကေတာ့ ငါ သိထားသမွ်ထဲမွာ အေကာင္းဆုံးလူပဲ”
ယဲ့က်န္းကလည္း သူမ၏လက္ကိုေက်ာက္တုံးစားပြဲေပၚ တင္ထားလ်က္ ညင္သာစြာ ေကြးၫြတ္လိုက္သည္။ ဒါက သူမ၏ပထမအကြက္ျဖစ္၏။
“ဒါေပမဲ့ သူ ေသသြားၿပီ၊ သူ႕ရဲ႕ကေလးေတြလည္း သြားရွာၿပီ”
႐ႊီေလာင္က ယဲ့က်န္းကို တင္းက်ပ္စြာ စိုက္ၾကည့္လာသည္။
“မင္းနဲ႕ယဲ့ရီခ်င္က ဘယ္လို ဆက္ႏြယ္မႈရွိလဲ”
“ကြၽန္မ မသိဘူး”
ယဲ့က်န္းက ေခါင္းကိုခါသည္။
“အျခားသူေတြေျပာတဲ့အတိုင္းဆိုရင္ ကြၽန္မက ခ်င္မင္းဆက္ရဲ႕ ယခင္ဝမ္ေဖးနဲ႕ တူပါတယ္တဲ့၊ ကြၽန္မ ယဲ့မိသားစုနဲ႕ တစ္ခုခုပတ္သက္တာမ်ိဳးလည္း ျဖစ္နိုင္တာပဲ”
“ရီခ်င္မွာ ေနာက္ထပ္သမီးတစ္ေယာက္ရွိတယ္လို႔ ငါ မၾကားဖူးပါဘူး၊ ဒါေပမဲ့ မင္းက တကယ္ပဲ ယဲ့နဲ႕ပတ္သက္ေနရင္ ဒီစာေမးပြဲနဲ႕ ခပ္ေဝးေဝးေနသင့္တယ္၊ အနည္းဆုံး ၿမိဳ႕ေတာ္က ထြက္သြားသင့္တယ္၊ ဒီလိုဆိုရင္ မင္း သူနဲ႕အနာဂတ္မွာ ေတြ႕ရလိမ့္မယ္”
႐ႊီေလာင္က သက္ျပင္းခ်သည္။
သူနဲ႕အနာဂတ္မွာေတြ႕မယ္။
႐ႊီေလာင္၏ေလသံက ထူးဆန္းသည္ဟု သူမ ခံစားလိုက္ရသည္။ သူ ေျပာေနသည္မွာ သူမ၏ဖခင္က အသက္ရွင္ေနသည့္အလား … ယဲ့က်န္း သူမလက္ေအာက္မွ ေက်ာက္တုံးစားပြဲကိုပင္ ဖိညွစ္လိုက္မိ၏။
“လူႀကီးမင္း ဘာေျပာလိုက္တာပါလဲ”
႐ႊီေလာင္က ေခါင္းကိုငုံ႕ကာေျပာ၏။
“အဲဒီေန႕ ဒီအဖိုးႀကီးက မိတ္ေဆြရဲ႕အေလာင္းကို ေကာက္ဖို႔သြားခဲ့တယ္၊ ယဲ့မိသားစုမွာ လူအေယာက္ ၁၃၀ ရွိတယ္၊ ဒါေပမဲ့ ယဲ့ရီခ်င္နဲ႕ သူ႕သားရဲ႕အေလာင္းေတာ့ ရွာမေတြ႕ခဲ့ဘူး၊ သူတို႔ ထြက္ေျပးသြားေကာင္းသြားနိုင္တယ္”
“ရွင္ တကယ္ေျပာေနတာလား”
ယဲ့က်န္း၏ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္မႈ လြတ္ကင္းသြားသည္။ သူမ၏ကိုယ္က တုန္ယင္ေနကာ လက္မ်ားက တင္းက်ပ္စြာဆုပ္ထား၏။
“ရွင္ဆိုလိုတာက ယဲ့ရီခ်င္နဲ႕သူ႕သားက သူတို႔ အသက္ရွင္ေနၾကေသးတယ္ေပါ့”
“ဒီအဖိုးႀကီးက သူတို႔ရဲ႕အေလာင္းကို ရွာမေတြ႕ခဲ့ဘူး၊ ဒီေတာ့ အျပင္းထန္ဆုံး ျဖစ္နိုင္ေျခက သူတို႔ အသက္ရွင္ေနေသးေလာက္တယ္”
႐ႊီေလာင္က ေျပာသည္။
သူကိုယ္တိုင္လည္း သူတို႔ အသက္ရွင္ေနေသးေၾကာင္း မေသခ်ာေသးေသာ္လည္း ျဖစ္နိုင္ေျခက မ်ားသည္။
ယဲ့က်န္း၏တုန္ယင္ေနေသာ လက္မ်ားက သူမ၏စကတ္ကိုဖိေျခေနမိ၏။ မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ သူမ၏မ်က္လုံးမ်ားမွ မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္လာသည္။ သို႔ေသာ္ သူမ အတတ္နိုင္ဆုံး ထိန္းထား၏။
“သူတို႔ မေသေလာက္ပါဘူး”
အေဖက ဒီေလာက္စြမ္းအားႀကီးတာ၊ သူက ၿပိဳင္ဘက္ကင္းပဲ၊ ဟုတ္တယ္၊ သူ ေသသြားၿပီလို႔ ငါ ဘာလို႔ ယုံရမွာလဲ။
ဟုတ္တယ္၊ အေဖက ငါ့ကိုေစာင့္ေနဖို႔ ေျပာထားတယ္ဆိုၿပီး အိပ္မက္ေတာင္ မက္ထားေသးတယ္မဟုတ္လား၊ သူ ေသခ်ာေပါက္ အသက္ရွင္ေနအုံးမွာပါ။
႐ႊီေလာင္က ေပ်ာ္႐ႊင္သြားဟန္ရေသာယဲ့က်န္းကို ၾကည့္သည္။ သူ၏ႏွလုံးသားထဲတြင္ သူမ၏ေနာက္ခံကို နားလည္သြားၿပီျဖစ္သည္။ သို႔ရာတြင္ ယဲ့မိသားစု၏အေျခအေနက ထည့္ေျပာရန္ မသင့္ေသးေခ်။ ထို႔ေနာက္ ခန႔္မွန္းမႈအားလုံးကို ရင္ထဲတြင္ သိမ္းထားလိုက္ၿပီးမွ ဘာမွ မသိဟန္ေဆာင္လိုက္၏။
ယဲ့က်န္းက သည္အေဆာင္အတြင္းတြင္ အေရွ႕အေနာက္စုန္ခ်ည္ဆန္ခ်ည္ ေလွ်ာက္ေနခဲ့သည္။ ေနာက္ဆုံးတြင္ သူမ၏စိတ္လႈပ္ရွားမႈကို ထိန္းနိုင္သြား၏။ သူမက ႐ႊီေလာင္ကို ျပန္ၾကည့္ၿပီးေျပာသည္။
“အရွင္႐ႊီ တကယ္လို႔ ယဲ့ရီခ်င္ကသာ မေသဘူးဆိုရင္ သူ ဘယ္ေနရာကို သြားမယ္လို႔အရွင္ထင္လဲ”
“ငါ ၾကားတာေတာ့ သူက အၿမဲတမ္းပင္လယ္မွာ ေနခ်င္တယ္လို႔ေျပာတာပဲ”
႐ႊီေလာင္က ေျပာသည္။
“ဟုတ္တယ္ ဒါက သူေျပာတာပဲ”
ယဲ့က်န္း ရယ္ခ်င္သြားသည္။
သူမသည္လည္း သူမ၏ဖခင္က ပင္လယ္ကို ႏွစ္သက္ေၾကာင္းသိ၏။ သူမ အသက္ျပင္းျပင္း ရႉလိုက္ကာ စိတ္လႈပ္ရွားမႈကို ထိန္းခ်ဳပ္ၿပီး တစ္ဖန္ျပန္ထိုင္လိုက္သည္။ ထို႔ေနာက္ တည္ၿငိမ္ေသာ ေလသံျဖင့္ ေျပာ၏။
“အရွင္႐ႊီ ကြၽန္မတို႔အခုပဲ ေကာ့ကို ေဆာ့ရေအာင္”
သူမက ယခင္ကထက္ ေပ်ာ္သြားသည္။ သည္ေလာကတြင္ သူမ ဂ႐ုအစိုက္ဆုံးက သူမ၏ဖခင္ႏွင့္အစ္ကိုႀကီးသာလွ်င္ ျဖစ္သည္။ ယခု ထိုႏွစ္ေယာက္က အသက္ရွင္ေနသည္မွန္း သူမ ေသခ်ာသြားေလၿပီ။ အေမွာင္ထဲတြင္ အလင္းကို သူမ ေနာက္ဆုံးျမင္လိုက္ရ၏။ သူမကသာ ထိုလူမ်ားကို ရွာနိုင္မည္ဆိုလွ်င္...။
…
သူမကိုယ္သူမ ကတိေပးလိုက္သည္။ သူတို႔အတြက္ သူမ ေကာင္းေကာင္းအသက္ရွင္ရမည္ေပ။
အေဖ၊ အစ္ကိုႏွစ္၊ သမီးလာၿပီး ရွာမဲ့အခ်ိန္ကို ေသခ်ာေပါက္ေစာင့္ေပးပါ။
...