Second life ( အချို့သောချစ်ခြ...

By moetharchel

120K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 25

1.9K 206 29
By moetharchel

Unicode

"အပြင်သွားစရာရှိတယ်……ခင်ဗျားလိုက်ခဲ့……"

အခန်းကိုသန့်ရှင်းရေးလုပ်ပေးနေတုန်းရှိသေးသူအပြင်သွားဖို့ကိုလိုက်ခဲ့ခိုင်းနေပြန်တဲ့ရဏသဝဏ်ကြောင့်မှိုင်းညှို့အတော်လေးစိတ်အချဉ်ပေါက်သွားရသည်။ ဘယ့်နှယ့်သူ့ဆီမှာအလုပ်ပြန်ဝင်တာတစ်ပတ်ပဲရှိသေးတယ် ၊ အရင်ကcompanyရဲ့ရာထူးရာခံရှိတဲ့လူဆိုတဲ့မျက်နှာမှမထောက် အောက်ခြေသိမ်းကအစအကုန်ကိုခိုင်းနေတော့တာ။ ပြီးရင်လည်းအလုပ်တွေကိုဘယ်ကဘယ်လိုရှာထားသလဲမသိ ၊ ထောင့်ကိုစေ့နေတာပဲ။

"သွားမယ်……ချိန်းတဲ့ကိစ္စနောက်ကျသွားရင်ခင်ဗျားပြန်အလျော်ပေးနိုင်မှာမို့လို့လား……"

"လိုက်ခဲ့မှာပေါ့ သွားနှင့်လေ……"

ဘုဆတ်ဆတ်လေသံနဲ့ပြန်ပြောမိတော့ တစ်ချက်သာပြန်စိုက်ကြည့်လာပြီးလှည့်ထွက်သွားသည်။ ခပ်ဝဲဝဲလှုပ်ခတ်သွားသည့်မီးခိုးရင့်ရောင်ဆံပင်တွေကမိမိုက်နေပေမယ့်လို့ ပိုင်ရှင်ကြောင့်ထင်ပါရဲ့ကြည့်လို့ကိုမရဘူး။

လက်ထဲကကြက်မွှေးကိုဖြစ်သလိုပစ်ချထားခဲ့လိုက်ပြီး companyထဲကထွက်ခဲ့လိုက်တော့ကားပါကင်မှာအဆင်သင့်စောင့်နေတဲ့ပြိုင်ကားအပြာလေး။ ကားပေါ်အမြန်ဝင်ထိုင်ပြီးမှသတိရသည် ၊ မှိုင်းညှို့ဖုန်းယူဖို့မေ့ခဲ့တာပဲ။
ဟူး……အဲ့ဒါရဏသဝဏ်ကြောင့်…အလုပ်လုပ်ရင်ဘယ်တော့မဆိုအလောသုံးဆယ်နဲ့ ကြိုတင်ပြင်ဆင်မှုကိုမရှိဘူး……။

_____________________________________________

"ကိုကို……"

"ခွပ်!……"

လင်းလက်တစ်ယောက် လူနာတွေရဲ့ဆေးမှတ်တမ်းကိုစစ်ဆေးနေတုန်းရုတ်တရက်အနားကပ်ပြီးခေါ်လိုက်တဲ့အသံတစ်သံကြားလိုက်ရတာကြောင့်လန့်ဖြန့်ကာလက်သီးဖြင့်ထိုးလိုက်မိခြင်း။ ထိုးလိုက်မိပြီးမှသေချာကြည့်မိတယ် ၊  မျက်နှာကြီးရှုံ့မဲ့ကာရပ်နေတဲ့သူကတခြားသူမဟုတ်ဘဲထူးထက်စေ……။

"ကိုကိုကျွန်တော့်ကိုအဲ့ဒီ့လောက်တောင်မုန်းတာလားဟင်…ကျွန်တော့်အသံကြားရုံနဲ့အဲ့ဒီ့လောက်တောင်ဒေါသထွက်တာလား……"

အမှတ်တမဲ့ဆိုပေမယ့်ထိုးလိုက်မိတဲ့အားကမနည်းမှန်းသိတာကြောင့်ဘယ်နားထိသွားသလဲလိုက်ကြည့်နေမိတုန်းရှိသေး ၊ မျက်ရည်တွေဝဲကာပြောလာပြန်တဲ့သူကြောင့်လူကအားနာမိရပြန်သည်။

"မဟုတ်ဘူးလေ……မင်းကရုတ်တရက်ကြီးခေါ်လိုက်တော့ ငါကလန့်သွားတာ……အဲ့ဒီ့တော့ယောင်ပြီး……ကျစ်! ငါတောင်းပန်ပါတယ်…အရမ်းနာသွားလား……"

သွေးစတစ်ချို့ကပ်ငြိနေတဲ့နှုတ်ခမ်းထောင့်စွန်းလေးကိုခပ်ဖွဖွထိတွေ့ကာမေးမိတော့ပြုံးလာတဲ့မျက်နှာလေးနဲ့အတူလက်ကိုပြန်အုပ်ကိုင်လာတဲ့လက်တစ်ဖက်။
နူးညံ့လိုက်တာ……ယောက်ျားလေးတစ်ယောက်ရဲ့လက်ကအဲ့ဒီ့လောက်တောင်နူးညံ့ဖို့လိုလို့လား……။

"ရပါတယ်ကိုကိုရဲ့……ကျွန်တော်နည်းနည်းပဲနာတာပါ……"

မျက်ဝန်းထဲစိုက်ကြည့်ကာပြောလာသည်မို့အနေခက်ကာလက်ကိုပြန်ရုတ်မိတော့ မျက်လုံးမှေးစဉ်းသွားသည်အထိပြုံးပြလာပြန်သည်။
ဘာကြောင့်မှန်းမသိပေမယ့် ကြာလေကြာလေထူးထက်စေရဲ့ပုံစံကတကာ့်ကလေးလေးနဲ့တူလာသလိုပဲ။

"ကိုကို……ကျွန်တော်ဗိုက်ဆာတယ်……"

"ဟမ်……ဗိုက်ဆာရင်သွားစားပေါ့…ငါကထမင်းဆိုင်ဖွင့်ထားတာမှမဟုတ်တာ……"

"ကျွန်တော်အရမ်းဗိုက်ဆာနေလို့ပါကိုကိုရဲ့……မနက်ကတည်းကနေအခုထိဘာမှမစားရသေးဘူး……"

မျက်နှာငယ်လေးနဲ့ပြောလာတဲ့ထူးထက်စေရဲ့ပုံစံကနည်းနည်းတော့သနားစရာကောင်းသလိုလို။ လက်ကနာရီကိုကြည့်မိတော့ အချိန်က၃နာရီခွဲ။
ဒီအချိန်အထိတကယ်ပဲဘာမှမစားရသေးဘူးလား……။

"ကိုကို့သဘောပါ……ကျွန်တော်ကရပါတယ်……"

ပြောပြောဆိုဆိုနှင့်ခေါင်းလေးငုံ့သွားပြန်တာကြောင့်သနားရတဲ့လူကလည်းဒီလူပါပဲ။

"အဟမ်း!……ငါဒီနေ့ထမင်းပိုထည့်လာမိလို့…နည်းနည်းစားရင်စားသွားပေါ့……"

"ဟီး……"

သွားတန်းဖြူဖြူလေးတွေပေါ်သည်အထိရယ်ပြလာတဲ့သူကြောင့်လင်းလက်တစ်ယောက်နည်းနည်းတောင်သွေးတိုးချင်သွားသလိုလို။
အထူအပါးမညီတဲ့ညိုတိုတိုနှုတ်ခမ်းတစ်စုံကဘာဖြစ်လို့ဆွဲဆောင်မှုရှိတယ်လို့ထင်နေရတာပါလိမ့်။

ဟူး……စိတ်ထိန်းစမ်း ရောင်ခြည်လင်းလက်……မင်းကstraightနော်……။

"ဒေါက်တာ…ဒေါက်တာ!!……"

အနားကိုအသည်းအသန်ပြေးလာတဲ့nurseလေးကတစ်ခုခုကိုအလျှင်လိုနေဟန်ရတာမို့မေးအသာဆတ်ပြလိုက်တော့ ခွဲစိတ်ခန်းဘက်ကိုလက်ညှိုးတထိုးထိုးနှင့်ထစ်ငေါ့ထစ်ငေါ့စကားဆိုလာတယ်။

"လူနာတစ်ယောက်…ခွဲခန်းထဲဝင်ခါနီးမှဆုံးသွားတယ်ဒေါက်တာ……အဲ့ဒါကို…အဲ့ဒါကိုလူနာရှင်ကတာဝန်ကျဆရာဝန်ကိုပြဿနာရှာနေတယ်……"

"ကျစ်!……"

ကြားကြားချင်းခွဲစိတ်ခန်းဘက်ကိုအပြေးလာခဲ့လိုက်ပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ခြေလှမ်းတွေကလေးလံကာရပ်တန့်သွားမိသည်။ လေးငါးနှစ်အရွယ်ကလေးလေးကိုပွေ့ထားပြီးအော်ဟစ်ငိုယိုနေရှာတဲ့အမျိုးသားတစ်ယောက်။ ပြောရရင်ဖခင်တစ်ယောက်။ နိုးမလာနိုင်တော့ကလေးကိုနှိုးရင်းဘေးကလူတွေကိုအတင်းရန်ရှာနေတဲ့ထိုလူကလင်းလက်အတွက်တော့ဒေါသထွက်စရာမကောင်းဘဲသနားစရာသာကောင်းနေသည်။

"စိတ်မကောင်းပေမယ့်…လူနာကဆုံးသွားပါပြီ……ပြီးတော့ ဒီ့ထက်သာစောစောရောက်လာခဲ့မယ်ဆိုရင်ကျွန်တော်တို့ဘက်ကသေချာပေါက်ကယ်တင်ပေးနိုင်ခဲ့မှာပါဗျ……"

"မလိုချင်ဘူး……ငါ့သားကိုရအောင်ကယ်ပေး……ကယ်ပေးလို့ပြောနေတယ်လေ!!……"

ရုတ်တရက်စကားစလာတဲ့ဆရာဝန်တစ်ယောက်ရဲ့ဂျူတီကုတ်ကိုအတင်းဆွဲပြီးအော်ဟစ်နေတဲ့လူက တကယ့်ကိုသားဇောကပ်နေတဲ့ပုံပင်။ လင်းလက်ဒီအခြေအနေကိုနားလည်ပါတယ်။ ပြီးတော့မိဘချင်းလည်းကိုယ်ချင်းစာတယ်။ သူနေမကောင်းဖြစ်ရင်တောင်မေမေကစိတ်ပူပြီးငိုနေရှာတာလေ။ အခုဒီလူသာဆို မိဘတစ်ယောက်အနေနဲ့ဘယ်လောက်တောင်ခံစားနေရလိုက်မလဲ။

"စိတ်ထိန်းပါအစ်ကိုရယ်……"

အရူးတစ်ပိုင်းဖြစ်နေတဲ့ထိုသူကလင်းလက်ကိုမြင်တာနဲ့ ပခုံးကိုအတင်းဆုပ်ကိုင်ကာအော်ဟစ်ပြောဆိုလာတော့သည်။
မျက်ရည်တွေကျကာပြောနေတဲ့ထိုလူနာရှင်ကသူ့ကိုယ်သူဘာလုပ်နေမိလဲတောင်သိပုံမပေါ်ပေ။

"ခင်ဗျားဒါဘာလုပ်တာလဲ!!……"

ရုတ်တရက်ထိုလူကိုဆောင့်တွန်းလိုက်တဲ့လက်တစ်ဖက်။ လင်းလက်အရှေ့ကနေကာရပ်ပြီးထိုလူကိုဒေါသတကြီးအော်ဟစ်ပြောဆိုနေတဲ့ထူးထင်စေကတကယ့်ကိုစာနာစိတ်မရှိတာလား ။ ဒါမှမဟုတ် ကိုယ်ချင်းစာတရားခေါင်းပါးလွန်းတာလား။

"မင်းငါနဲ့လိုက်ခဲ့စမ်း……"

လက်ကိုအတင်းဆုပ်ကိုင်ကာဆွဲခေါ်လာတော့အလိုက်တသင့်ပါလာသည်။ တစ်နေရာရောက်မှလွှတ်ပေးလိုက်ရင်း

"မင်းဦးနှောက်မရှိဘူးလား……လူနာရှင်ကစိတ်ထိခိုက်နေတာလေ အဲ့ဒီ့လိုစွားပြောလို့ဘယ်ဖြစ်မလဲ……"

"ဒါပေမယ့် သူကကိုကို့ကိုလာထိတာကို……"

လေသံတိုးတိုးလေးနှင့်မရဲတရဲလေးပြောနေပေမယ့်လင်းလက်ဒီတစ်ခါတော့အလျှော့မပေးမိသလို ၊ မသနားမိ။ 
ဒီကောင့်ကိုပြောမှကိုဖြစ်မှာ……။

"ငါ့ကိုထိတော့ရောဘာဖြစ်လဲ……မင်းနဲ့ငါနဲ့ကဘာဆိုင်လို့လဲ……"

ခပ်တွေတွေလေးဖြစ်သွားတဲ့မျက်ဝန်းတွေကြောင့်အားနာမိပေမယ့် ဒေါသအရှိန်မပြေသေးတာမို့လက်သီးတင်းတင်းဆုပ်ကာ

"မင်းမှာနှလုံးသားမရှိဘူးလားထူးထက်စေ……မင်းမိဘချင်းကိုယ်ချင်းမစာတတ်ဘူးလား…သားသမီးတစ်ယောက်လုံးကိုဆုံးရှုံးသွားတဲ့မိဘကဘယ်လောက်တောင်ခံစားရမလဲမတွေးမိဘူးလား……မိဘမေတ္တာကိုမင်းနားလည်သင့်တာပေါ့ကွ……"

ခေါင်းငုံ့ထားပေမယ့်ကွက်ခနဲပျက်သွားတဲ့မျက်နှာကိုလင်းလက်မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။ ဒေါသလည်းနည်းနည်းတော့ပြေသွားပြီမို့ တောက်တစ်ချက်ခေါက်ကာမျက်နှာလွှဲနေလိုက်တော့ အနည်းငယ်တုန်ယင်နေတဲ့အသံလေးကတိုးဖွဖွထွက်ပေါ်လာပြန်တယ်။

"တောင်းပန်ပါတယ် ကိုကို……ကျွန်တော်…ကျွန်တော်ကကိုကို့ကိုပဲစိတ်ထဲထားမိလိုက်တာကြောင့်ပါ……ပြီးတော့ ကျွန်တော်က…ကျွန်တော်ကမိဘမဲ့မို့ ဒါတွေနားမလည်မိလိုက်တဲ့အတွက်တကယ်ပဲတောင်းပန်ပါတယ်……"

စကားဆုံးသည်နှင့်ထွက်သွားရှာတဲ့ကျောပြင်ကျယ်ကိုငေးကြည့်ရင်းလင်းလက်စိတ်ထဲတစ်ခုခုလစ်ဟာသွားသလိုလို။ မရည်ရွယ်ဘဲပြောလိုက်မိတဲ့စကားတစ်ခွန်းကသူ့ကိုအရမ်းများထိခိုက်သွားစေသလားတွေးရင်း အကြောင်းအရာတစ်ခုကသာထပ်ကာတလဲလဲအတွေးထဲဝင်ရောက်နေရာယူနေသည်။

သူက ' မိဘမဲ့ '  တဲ့……။

_____________________________________________

ချိန်းထားတဲ့ကိစ္စရှိတယ်ဆိုပြီးပန်းခြံကိုခေါ်လာတဲ့ရဏသဝဏ်ကြောင့်မှိုင်းညှို့မှာအံ့သြမှုပေါင်းသောင်းခြောက်ထောင်ပါပင်။ ဘာကိစ္စနဲ့လာတယ်ဆိုတာလည်းမပြောသလို ၊ တစ်လမ်းလုံးလည်းဘာစကားမျှမပြော။ အခုလည်းဘာမပြောညာမပြောနှင့်ကားပေါ်ကနေဆင်းသွားပြန်တာကြောင့်ထိုင်ခုံခါးပတ်ကိုဖြုတ်ကာအနောက်ကနေအမြန်ပြေးလိုက်လာရသည်။

"ဒီမှာဘာအလုပ်ကိစ္စရှိလို့လဲ……"

"ခင်ဗျားပါးစပ်ပိတ်ထားစမ်းပါ……"

ဘေးကနေလာမေးနေတဲ့သူကိုပိတ်ဟောင်လိုက်တော့မှငြိမ်ကျသွားသည်။ ဒါတောင်ဦးမှိုင်းညှို့ရွှေဘုံတို့ကအကျင့်အရပွစိပွစိပြောနေသေး။

အတော်လေးလျှောက်လာပြီးတဲ့နောက်မှပန်းခြံရဲ့တစ်နေရာမှာမြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုကြောင့်ကျေနပ်ပြုံးတစ်ပွင့်ကလှစ်ခနဲ။ မိန်းကလေးတစ်ယောက်နဲ့လက်တွဲပြီးပြုံးပျော်နေပုံရတဲ့ခက်ထန်ယစ်ရဲ့ပုံစံကသဝဏ့်အတွက်တကယ့်ကိုအချိန်ကိုက်ပင်။ ဘေးကလူကိုတစ်ချက်ငဲ့စောင်းကာကြည့်မိတော့ငြိမ်သက်ပြီးမလှုပ်မယှက်ငေးကြည့်နေရှာသည်။ ငေးကြည့်နေတဲ့မျက်ဝန်းတွေမှာမျက်ရည်စတစ်ချို့ကြောင့်စိုစွတ်လာပေမယ့်ဦးမှိုင်းညှို့ရွှေဘုံကဆက်ငေးကြည့်နေဆဲ။

"မ…မဟုတ်ဘူး……"

တိုးဖွဖွထွက်ပေါ်လာတဲ့အသံကြောင့်သဝဏ့်အပြုံးကပိုမိုပီပြင်လို့လာသည်။ မဲ့ပြုံးပြုံးရင်းဘေးကလူကိုစိုက်ကြည့်နေမိတော့ ခုံတန်းရှည်တစ်ခုဆီကိုခပ်ဖြေးဖြေးလေးလျှောက်သွားတဲ့ခန္ဓာကိုယ်လေးကတကယ့်ကိုစိတ်ကျေနက်စရာကောင်းလွန်းတယ်။
ခင်ဗျားနာကျင်နေရတာနည်းနည်းလေးလိုနေသေးတော့…ကျွန်တော်ကလောင်စာထပ်ဖြည့်ပေးရမှာပေါ့……။

အနားကိုတိုးသွားလိုက်တော့ရှင်းရှင်းလင်းလင်းမြင်ရလာတဲ့မျက်နှာပေါ်ကမျက်ရည်စတွေ။ ရင်ဘတ်ကအင်္ကျီစကိုဆုပ်ကိုင်ထားပုံအရတော့ရင်ထဲမွမ်းကျပ်ပြီးအတော်လေးခံစားနေရပုံပဲ။

"နာကျင်ရတယ်မလား……"

မော့ကြည့်လာတဲ့မျက်နှာလေးကမျက်ရည်စတွေရွှဲနစ်နေပေမယ့် သုတ်ပေးဖို့တော့စိတ်ကူးမရှိပါလေ။
ခင်ဗျားနာကျင်ရတယ်ဆိုတာ…ကျွန်တော့်နာကျင်မှုကိုမမှီသေးပါဘူး။
ဘယ်လိုခံစားရလဲ။ လုပ်ရက်လိုက်လေခြင်းဆိုပြီးယူကျုံးမရဖြစ်ရတဲ့ခံစားချက်ကဘယ်လိုနေလဲ။ တော်တော်မှခံစားလို့ကောင်းရဲ့လား။

"ငါ…ငါ……"

"ကျွန်တော်ကြားဖူးတာရှိတယ်……လူတစ်ယောက်ရဲ့ချစ်မေတ္တာတွေကိုစော်ကားမိရင်…မေတ္တာစူးပြန်စူးတတ်တယ်တဲ့……"

နောက်ဆုံးစကားလုံးကိုတစ်လုံးချင်းဖိပြောလိုက်တော့တစ်ခုခုကိုသတိရသွားသလိုတွေဝေသွားတဲ့မျက်နှာထားလေး။ ဆက်နွယ်နေမိတဲ့မျက်ဝန်းတစ်စုံကိုရှောင်ဖယ်ကာကောင်းကင်ကြီးဆီအကြည့်ပြန်လွှဲလိုက်ရင်း

"တစ်ခါတစ်လေကျပြန်တော့လည်း……ဝဋ်ပြန်လည်တတ်တာမျိုးလည်းဖြစ်တတ်ပါတယ်……"

သဝဏ့်ကိုတောင်မကြည့်တော့ဘဲမြက်ခင်းပြင်ကိုသာတွေတွေလေးငေးနေတဲ့သူကိုလျစ်လျူရှုကာကားဆီကိုပြန်လျှောက်လာခဲ့လိုက်သည်။ တစ်ချိန်ကခံစားချက်တွေကြောင့် စူးနင့်လာတဲ့နှလုံးသားတစ်နေရာကမွမ်းကျပ်လာမှုကမျက်ရည်တစ်ချို့ကိူပါဖန်တီးလာတာကြောင့်လက်သီးတင်းတင်းဆုပ်ကာအောက်နှုတ်ခမ်းကိုဖိကိုက်ထားမိတယ်။

နာကျင်မှုတွေအကုန်ပုံချလိုက်မိလို့ထင်ပါရဲ့။ ဖိကိုက်ထားမိတဲ့နှုတ်ခမ်းသားကတဖြည်းဖြည်းစိမ့်ထွက်လာတဲ့သွေးစက်တွေ။ သို့သော်သဝဏ်ကတော့သွေးစတို့စွန်းပေနေသည့်နှုတ်ခမ်းပါးထောင့်စွန်းတစ်ဖက်ပင့်သက်အောင်ပြုံးလိုက်မိသည်။
မငိုဘူး……တစ်ချိန်ကလိုပျော့ညံ့ပြီးအရှုံးပေးလွယ်တဲ့မြတ်သဝဏ်မဟုတ်တော့တဲ့အတွက်မို့။
ခင်ဗျားကြောင့်နဲ့ခင်ဗျားလိုလူအတွက်နဲ့……ကျုပ်ဘယ်တော့မှမငိုတော့ဘူး။

                 မုန်းတယ်အစ်ကို……
                 ခင်ဗျားကိုလည်းမုန်းတယ်……
                 ကျွန်တော့်ကိုယ်ကျွန်တော်လည်းမုန်းတယ်……
အရာအားလုံးရဲ့အစဖြစ်တဲ့
                  ကျွန်တော်တို့ရဲ့တွေ့ဆုံခြင်းကိုလည်းမုန်းတယ်……
   အမုန်းဆုံးကတော့
                 ခင်ဗျားကိုချစ်ခဲ့မိတဲ့ကျွန်တော့်နှလုံးသားကိုပါပဲ……




#################################

updateတွေမမှန်ဖြစ်နေတာသိပါတယ်ဗျ။ မျှော်နေမယ့်readerလေးတွေကိုလည်းတကယ်ပဲတောင်းပန်ပါတယ်။
ဒီရက်ပိုင်းကျွန်တော်အလုပ်တွေအရမ်းရှုပ်နေလို့ပါ။
updateအတွက်တကယ်ပဲတောင်းပန်ပါတယ်ဗျာ။

Zawgyi

"အျပင္သြားစရာရွိတယ္……ခင္ဗ်ားလိုက္ခဲ႕……"

အခန္းကိုသန္႕ရွင္းေရးလုပ္ေပးေနတုန္းရွိေသးသူအျပင္သြားဖို႕ကိုလိုက္ခဲ႕ခိုင္းေနျပန္တဲ႕ရဏသဝဏ္ေၾကာင့္မွိဳင္းညိွဳ႕အေတာ္ေလးစိတ္အခ်ဥ္ေပါက္သြားရသည္။ ဘယ့္နွယ့္သူ႕ဆီမွာအလုပ္ျပန္ဝင္တာတစ္ပတ္ပဲရွိေသးတယ္ ၊ အရင္ကcompanyရဲ႕ရာထူးရာခံရွိတဲ႕လူဆိုတဲ႕မ်က္နွာမွမေထာက္ ေအာက္ေျခသိမ္းကအစအကုန္ကိုခိုင္းေနေတာ့တာ။ ျပီးရင္လည္းအလုပ္ေတြကိုဘယ္ကဘယ္လိုရွာထားသလဲမသိ ၊ ေထာင့္ကိုေစ့ေနတာပဲ။

"သြားမယ္……ခ်ိန္းတဲ႕ကိစၥေနာက္က်သြားရင္ခင္ဗ်ားျပန္အေလ်ာ္ေပးနိုင္မွာမို႕လို႕လား……"

"လိုက္ခဲ႕မွာေပါ့ သြားႏွင့္ေလ……"

ဘုဆတ္ဆတ္ေလသံနဲ႕ျပန္ေျပာမိေတာ့ တစ္ခ်က္သာျပန္စိုက္ၾကည့္လာျပီးလွည့္ထြက္သြားသည္။ ခပ္ဝဲဝဲလွဳပ္ခတ္သြားသည့္မီးခိုးရင့္ေရာင္ဆံပင္ေတြကမိမိုက္ေနေပမယ့္လို႕ ပိုင္ရွင္ေၾကာင့္ထင္ပါရဲ႕ၾကည့္လို႕ကိုမရဘူး။

လက္ထဲကၾကက္ေမႊးကိုျဖစ္သလိုပစ္ခ်ထားခဲ႕လိုက္ျပီး companyထဲကထြက္ခဲ႕လိုက္ေတာ့ကားပါကင္မွာအဆင္သင့္ေစာင့္ေနတဲ႕ျပိဳင္ကားအျပာေလး။ ကားေပၚအျမန္ဝင္ထိုင္ျပီးမွသတိရသည္ ၊ မွိဳင္းညိွဳ႕ဖုန္းယူဖို႕ေမ့ခဲ႕တာပဲ။
ဟူး……အဲ႕ဒါရဏသဝဏ္ေၾကာင့္…အလုပ္လုပ္ရင္ဘယ္ေတာ့မဆိုအေလာသံုးဆယ္နဲ႔ ၾကိဳတင္ျပင္ဆင္မွဳကိုမရွိဘူး……။

_____________________________________________

"ကိုကို……"

"ခြပ္!……"

လင္းလက္တစ္ေယာက္ လူနာေတြရဲ႕ေဆးမွတ္တမ္းကိုစစ္ေဆးေနတုန္းရုတ္တရက္အနားကပ္ျပီးေခၚလိုက္တဲ႔အသံတစ္သံၾကားလိုက္ရတာေၾကာင့္လန္႕ျဖန္႕ကာလက္သီးျဖင့္ထိုးလိုက္မိျခင္း။ ထိုးလိုက္မိျပီးမွေသခ်ာၾကည့္မိတယ္ ၊  မ်က္ႏွာၾကီးရွံဳ႕မဲ႕ကာရပ္ေနတဲ႕သူကတျခားသူမဟုတ္ဘဲထူးထက္ေစ……။

"ကိုကိုကြ်န္ေတာ့္ကိုအဲ႕ဒီ႕ေလာက္ေတာင္မုန္းတာလားဟင္…ကြ်န္ေတာ့္အသံၾကားရံုနဲ႕အဲ႕ဒီ႕ေလာက္ေတာင္ေဒါသထြက္တာလား……"

အမွတ္တမဲ႕ဆိုေပမယ့္ထိုးလိုက္မိတဲ႕အားကမနည္းမွန္းသိတာေၾကာင့္ဘယ္နားထိသြားသလဲလိုက္ၾကည့္ေနမိတုန္းရွိေသး ၊ မ်က္ရည္ေတြဝဲကာေျပာလာျပန္တဲ႕သူေၾကာင့္လူကအားနာမိရျပန္သည္။

"မဟုတ္ဘူးေလ……မင္းကရုတ္တရက္ၾကီးေခၚလိုက္ေတာ့ ငါကလန္႕သြားတာ……အဲ႕ဒီ႕ေတာ့ေယာင္ျပီး……က်စ္! ငါေတာင္းပန္ပါတယ္…အရမ္းနာသြားလား……"

ေသြးစတစ္ခ်ိဳ႕ကပ္ျငိေနတဲ႕ႏွဳတ္ခမ္းေထာင့္စြန္းေလးကိုခပ္ဖြဖြထိေတြ႕ကာေမးမိေတာ့ျပံဳးလာတဲ႕မ်က္ႏွာေလးနဲ႕အတူလက္ကိုျပန္အုပ္ကိုင္လာတဲ႕လက္တစ္ဖက္။
နူးညံ႕လိုက္တာ……ေယာက်္ားေလးတစ္ေယာက္ရဲ႕လက္ကအဲ႕ဒီ႕ေလာက္ေတာင္ႏူးညံ႕ဖို႕လိုလို႕လား……။

"ရပါတယ္ကိုကိုရဲ႕……ကြ်န္ေတာ္နည္းနည္းပဲနာတာပါ……"

မ်က္ဝန္းထဲစိုက္ၾကည့္ကာေျပာလာသည္မို႕အေနခက္ကာလက္ကိုျပန္ရုတ္မိေတာ့ မ်က္လံုးေမွးစဥ္းသြားသည္အထိျပံဳးျပလာျပန္သည္။
ဘာေၾကာင့္မွန္းမသိေပမယ့္ ၾကာေလၾကာေလထူးထက္ေစရဲ႕ပံုစံကတကာ့္ကေလးေလးနဲ႕တူလာသလိုပဲ။

"ကိုကို……ကြ်န္ေတာ္ဗိုက္ဆာတယ္……"

"ဟမ္……ဗိုက္ဆာရင္သြားစားေပါ့…ငါကထမင္းဆိုင္ဖြင့္ထားတာမွမဟုတ္တာ……"

"ကြ်န္ေတာ္အရမ္းဗိုက္ဆာေနလို႕ပါကိုကိုရဲ႕……မနက္ကတည္းကေနအခုထိဘာမွမစားရေသးဘူး……"

မ်က္ႏွာငယ္ေလးနဲ႕ေျပာလာတဲ႕ထူးထက္ေစရဲ႕ပံုစံကနည္းနည္းေတာ့သနားစရာေကာင္းသလိုလို။ လက္ကနာရီကိုၾကည့္မိေတာ့ အခ်ိန္က၃နာရီခြဲ။
ဒီအခ်ိန္အထိတကယ္ပဲဘာမွမစားရေသးဘူးလား……။

"ကိုကို႕သေဘာပါ……ကြ်န္ေတာ္ကရပါတယ္……"

ေျပာေျပာဆိုဆိုႏွင့္ေခါင္းေလးငံု႕သြားျပန္တာေၾကာင့္သနားရတဲ႕လူကလည္းဒီလူပါပဲ။

"အဟမ္း!……ငါဒီေန႕ထမင္းပိုထည့္လာမိလို႕…နည္းနည္းစားရင္စားသြားေပါ့……"

"ဟီး……"

သြားတန္းျဖဴျဖဴေလးေတြေပၚသည္အထိရယ္ျပလာတဲ႕သူေၾကာင့္လင္းလက္တစ္ေယာက္နည္းနည္းေတာင္ေသြးတိုးခ်င္သြားသလိုလို။
အထူအပါးမညီတဲ႕ညိဳတိုတိုနွဳတ္ခမ္းတစ္စံုကဘာျဖစ္လို႕ဆြဲေဆာင္မွဳရွိတယ္လို႕ထင္ေနရတာပါလိမ့္။

ဟူး……စိတ္ထိန္းစမ္း ေရာင္ျခည္လင္းလက္……မင္းကstraightေနာ္……။

"ေဒါက္တာ…ေဒါက္တာ!!……"

အနားကိုအသည္းအသန္ေျပးလာတဲ႕nurseေလးကတစ္ခုခုကိုအလွ်င္လိုေနဟန္ရတာမို႕ေမးအသာဆတ္ျပလိုက္ေတာ့ ခြဲစိတ္ခန္းဘက္ကိုလက္ညိွဳးတထိုးထိုးႏွင့္ထစ္ေငါ့ထစ္ေငါ့စကားဆိုလာတယ္။

"လူနာတစ္ေယာက္…ခြဲခန္းထဲဝင္ခါနီးမွဆံုးသြားတယ္ေဒါက္တာ……အဲ႕ဒါကို…အဲ႕ဒါကိုလူနာရွင္ကတာဝန္က်ဆရာဝန္ကိုျပႆနာရွာေနတယ္……"

"က်စ္!……"

ၾကားၾကားခ်င္းခြဲစိတ္ခန္းဘက္ကိုအေျပးလာခဲ႕လိုက္ေပမယ့္ ျမင္လိုက္ရတဲ႕ျမင္ကြင္းေၾကာင့္ေျခလွမ္းေတြကေလးလံကာရပ္တန္႕သြားမိသည္။ ေလးငါးႏွစ္အရြယ္ကေလးေလးကိုေပြ႕ထားျပီးေအာ္ဟစ္ငိုယိုေနရွာတဲ႕အမ်ိဳးသားတစ္ေယာက္။ ေျပာရရင္ဖခင္တစ္ေယာက္။ ႏိုးမလာနိုင္ေတာ့ကေလးကိုႏွိဳးရင္းေဘးကလူေတြကိုအတင္းရန္ရွာေနတဲ႕ထိုလူကလင္းလက္အတြက္ေတာ့ေဒါသထြက္စရာမေကာင္းဘဲသနားစရာသာေကာင္းေနသည္။

"စိတ္မေကာင္းေပမယ့္…လူနာကဆံုးသြားပါျပီ……ျပီးေတာ့ ဒီ႕ထက္သာေစာေစာေရာက္လာခဲ႕မယ္ဆိုရင္ကြ်န္ေတာ္တို႕ဘက္ကေသခ်ာေပါက္ကယ္တင္ေပးနိုင္ခဲ႕မွာပါဗ်……"

"မလိုခ်င္ဘူး……ငါ့သားကိုရေအာင္ကယ္ေပး……ကယ္ေပးလို႕ေျပာေနတယ္ေလ!!……"

ရုတ္တရက္စကားစလာတဲ႕ဆရာဝန္တစ္ေယာက္ရဲ႕ဂ်ဴတီကုတ္ကိုအတင္းဆြဲျပီးေအာ္ဟစ္ေနတဲ႕လူက တကယ့္ကိုသားေဇာကပ္ေနတဲ႕ပံုပင္။ လင္းလက္ဒီအေျခအေနကိုနားလည္ပါတယ္။ ျပီးေတာ့မိဘခ်င္းလည္းကိုယ္ခ်င္းစာတယ္။ သူေနမေကာင္းျဖစ္ရင္ေတာင္ေမေမကစိတ္ပူျပီးငိုေနရွာတာေလ။ အခုဒီလူသာဆို မိဘတစ္ေယာက္အေနနဲ႕ဘယ္ေလာက္ေတာင္ခံစားေနရလိုက္မလဲ။

"စိတ္ထိန္းပါအစ္ကိုရယ္……"

အရူးတစ္ပိုင္းျဖစ္ေနတဲ႕ထိုသူကလင္းလက္ကိုျမင္တာနဲ႕ ပခံုးကိုအတင္းဆုပ္ကိုင္ကာေအာ္ဟစ္ေျပာဆိုလာေတာ့သည္။
မ်က္ရည္ေတြက်ကာေျပာေနတဲ႕ထိုလူနာရွင္ကသူ႕ကိုယ္သူဘာလုပ္ေနမိလဲေတာင္သိပံုမေပၚေပ။

"ခင္ဗ်ားဒါဘာလုပ္တာလဲ!!……"

ရုတ္တရက္ထိုလူကိုေဆာင့္တြန္းလိုက္တဲ႕လက္တစ္ဖက္။ လင္းလက္အေရွ႕ကေနကာရပ္ျပီးထိုလူကိုေဒါသတၾကီးေအာ္ဟစ္ေျပာဆိုေနတဲ႕ထူးထင္ေစကတကယ့္ကိုစာနာစိတ္မရွိတာလား ။ ဒါမွမဟုတ္ ကိုယ္ခ်င္းစာတရားေခါင္းပါးလြန္းတာလား။

"မင္းငါနဲ႕လိုက္ခဲ႕စမ္း……"

လက္ကိုအတင္းဆုပ္ကိုင္ကာဆြဲေခၚလာေတာ့အလိုက္တသင့္ပါလာသည္။ တစ္ေနရာေရာက္မွလႊတ္ေပးလိုက္ရင္း

"မင္းဦးေႏွာက္မရွိဘူးလား……လူနာရွင္ကစိတ္ထိခိုက္ေနတာေလ အဲ႕ဒီ႕လိုစြားေျပာလို႕ဘယ္ျဖစ္မလဲ……"

"ဒါေပမယ့္ သူကကိုကို႕ကိုလာထိတာကို……"

ေလသံတိုးတိုးေလးႏွင့္မရဲတရဲေလးေျပာေနေပမယ့္လင္းလက္ဒီတစ္ခါေတာ့အေလွ်ာ့မေပးမိသလို ၊ မသနားမိ။ 
ဒီေကာင့္ကိုေျပာမွကိုျဖစ္မွာ……။

"ငါ့ကိုထိေတာ့ေရာဘာျဖစ္လဲ……မင္းနဲ႕ငါနဲ႕ကဘာဆိုင္လို႕လဲ……"

ခပ္ေတြေတြေလးျဖစ္သြားတဲ႕မ်က္ဝန္းေတြေၾကာင့္အားနာမိေပမယ့္ ေဒါသအရွိန္မေျပေသးတာမို႕လက္သီးတင္းတင္းဆုပ္ကာ

"မင္းမွာႏွလံုးသားမ႐ွိဘူးလားထူးထက္ေစ……မင္းမိဘခ်င္းကိုယ္ခ်င္းမစာတတ္ဘူးလား…သားသမီးတစ္ေယာက္လံုးကိုဆံုးရွံဳးသြားတဲ႕မိဘကဘယ္ေလာက္ေတာင္ခံစားရမလဲမေတြးမိဘူးလား……မိဘေမတၲာကိုမင္းနားလည္သင့္တာေပါ့ကြ……"

ေခါင္းငံု႕ထားေပမယ့္ကြက္ခနဲပ်က္သြားတဲ႕မ်က္ႏွာကိုလင္းလက္ျမင္ျဖစ္ေအာင္ျမင္လိုက္ပါေသးသည္။ ေဒါသလည္းနည္းနည္းေတာ့ေျပသြားျပီမို႕ ေတာက္တစ္ခ်က္ေခါက္ကာမ်က္ႏွာလႊဲေနလိုက္ေတာ့ အနည္းငယ္တုန္ယင္ေနတဲ႕အသံေလးကတိုးဖြဖြထြက္ေပၚလာျပန္တယ္။

"ေတာင္းပန္ပါတယ္ ကိုကို……ကြ်န္ေတာ္…ကြ်န္ေတာ္ကကိုကို႕ကိုပဲစိတ္ထဲထားမိလိုက္တာေၾကာင့္ပါ……ျပီးေတာ့ ကြ်န္ေတာ္က…ကြ်န္ေတာ္ကမိဘမဲ႕မို႕ ဒါေတြနားမလည္မိလိုက္တဲ႕အတြက္တကယ္ပဲေတာင္းပန္ပါတယ္……"

စကားဆံုးသည္ႏွင့္ထြက္သြားရွာတဲ႕ေက်ာျပင္က်ယ္ကိုေငးၾကည့္ရင္းလင္းလက္စိတ္ထဲတစ္ခုခုလစ္ဟာသြားသလိုလို။ မရည္ရြယ္ဘဲေျပာလိုက္မိတဲ႕စကားတစ္ခြန္းကသူ႕ကိုအရမ္းမ်ားထိခိုက္သြားေစသလားေတြးရင္း အေၾကာင္းအရာတစ္ခုကသာထပ္ကာတလဲလဲအေတြးထဲဝင္ေရာက္ေနရာယူေနသည္။

သူက ' မိဘမဲ႕ '  တဲ႕……။

_____________________________________________

ခ်ိန္းထားတဲ႕ကိစၥရွိတယ္ဆိုျပီးပန္းျခံကိုေခၚလာတဲ႕ရဏသဝဏ္ေၾကာင့္မွိဳင္းညိွဳ႕မွာအံ႕ၾသမွဳေပါင္းေသာင္းေျခာက္ေထာင္ပါပင္။ ဘာကိစၥနဲ႕လာတယ္ဆိုတာလည္းမေျပာသလို ၊ တစ္လမ္းလံုးလည္းဘာစကားမွ်မေျပာ။ အခုလည္းဘာမေျပာညာမေျပာနွင့္ကားေပၚကေနဆင္းသြားျပန္တာေၾကာင့္ထိုင္ခံုခါးပတ္ကိုျဖဳတ္ကာအေနာက္ကေနအျမန္ေျပးလိုက္လာရသည္။

"ဒီမွာဘာအလုပ္ကိစၥရွိလို႕လဲ……"

"ခင္ဗ်ားပါးစပ္ပိတ္ထားစမ္းပါ……"

ေဘးကေနလာေမးေနတဲ႕သူကိုပိတ္ေဟာင္လိုက္ေတာ့မွျငိမ္က်သြားသည္။ ဒါေတာင္ဦးမွိဳင္းညိွဳ႕ေရႊဘံုတို႕ကအက်င့္အရပြစိပြစိေျပာေနေသး။

အေတာ္ေလးေလွ်ာက္လာျပီးတဲ႕ေနာက္မွပန္းျခံရဲ႕တစ္ေနရာမွာျမင္လိုက္ရတဲ႕ျမင္ကြင္းတစ္ခုေၾကာင့္ေက်နပ္ျပံဳးတစ္ပြင့္ကလွစ္ခနဲ။ မိန္းကေလးတစ္ေယာက္နဲ႕လက္တြဲျပီးျပံဳးေပ်ာ္ေနပံုရတဲ႕ခက္ထန္ယစ္ရဲ႕ပံုစံကသဝဏ့္အတြက္တကယ့္ကိုအခ်ိန္ကိုက္ပင္။ ေဘးကလူကိုတစ္ခ်က္ငဲ႕ေစာင္းကာၾကည့္မိေတာ့ျငိမ္သက္ျပီးမလွဳပ္မယွက္ေငးၾကည့္ေနရွာသည္။ ေငးၾကည့္ေနတဲ႕မ်က္ဝန္းေတြမွာမ်က္ရည္စတစ္ခ်ိဳ႕ေၾကာင့္စိုစြတ္လာေပမယ့္ဦးမွိဳင္းညိွဳ႕ေရႊဘံုကဆက္ေငးၾကည့္ေနဆဲ။

"မ…မဟုတ္ဘူး……"

တိုးဖြဖြထြက္ေပၚလာတဲ႕အသံေၾကာင့္သဝဏ့္အျပံဳးကပိုမိုပီျပင္လို႕လာသည္။ မဲ႕ျပံဳးျပံဳးရင္းေဘးကလူကိုစိုက္ၾကည့္ေနမိေတာ့ ခံုတန္းရွည္တစ္ခုဆီကိုခပ္ေျဖးေျဖးေလးေလွ်ာက္သြားတဲ႕ခႏၶာကိုယ္ေလးကတကယ့္ကိုစိတ္ေက်နက္စရာေကာင္းလြန္းတယ္။
ခင္ဗ်ားနာက်င္ေနရတာနည္းနည္းေလးလိုေနေသးေတာ့…ကြ်န္ေတာ္ကေလာင္စာထပ္ျဖည့္ေပးရမွာေပါ့……။

အနားကိုတိုးသြားလိုက္ေတာ့ရွင္းရွင္းလင္းလင္းျမင္ရလာတဲ႕မ်က္ႏွာေပၚကမ်က္ရည္စေတြ။ ရင္ဘတ္ကအက်ီ ၤစကိုဆုပ္ကိုင္ထားပံုအရေတာ့ရင္ထဲမြမ္းက်ပ္ျပီးအေတာ္ေလးခံစားေနရပံုပဲ။

"နာက်င္ရတယ္မလား……"

ေမာ့ၾကည့္လာတဲ႕မ်က္ႏွာေလးကမ်က္ရည္စေတြရႊဲနစ္ေနေပမယ့္ သုတ္ေပးဖို႕ေတာ့စိတ္ကူးမရွိပါေလ။
ခင္ဗ်ားနာက်င္ရတယ္ဆိုတာ…ကြ်န္ေတာ့္နာက်င္မွဳကိုမမွီေသးပါဘူး။
ဘယ္လိုခံစားရလဲ။ လုပ္ရက္လိုက္ေလျခင္းဆိုျပီးယူက်ံဳးမရျဖစ္ရတဲ႕ခံစားခ်က္ကဘယ္လိုေနလဲ။ ေတာ္ေတာ္မွခံစားလို႕ေကာင္းရဲ႕လား။

"ငါ…ငါ……"

"ကြ်န္ေတာ္ၾကားဖူးတာရွိတယ္……လူတစ္ေယာက္ရဲ႕ခ်စ္ေမတၲာေတြကိုေစာ္ကားမိရင္…ေမတၲာစူးျပန္စူးတတ္တယ္တဲ႕……"

ေနာက္ဆံုးစကားလံုးကိုတစ္လံုးခ်င္းဖိေျပာလိုက္ေတာ့တစ္ခုခုကိုသတိရသြားသလိုေတြေဝသြားတဲ႕မ်က္ႏွာထားေလး။ ဆက္ႏြယ္ေနမိတဲ႕မ်က္ဝန္းတစ္စံုကိုေရွာင္ဖယ္ကာေကာင္းကင္ၾကီးဆီအၾကည့္ျပန္လႊဲလိုက္ရင္း

"တစ္ခါတစ္ေလက်ျပန္ေတာ့လည္း……ဝဋ္ျပန္လည္တတ္တာမ်ိဳးလည္းျဖစ္တတ္ပါတယ္……"

သဝဏ့္ကိုေတာင္မၾကည့္ေတာ့ဘဲျမက္ခင္းျပင္ကိုသာေတြေတြေလးေငးေနတဲ႕သူကိုလ်စ္လ်ဴရွဳကာကားဆီကိုျပန္ေလွ်ာက္လာခဲ႔လိုက္သည္။ တစ္ခ်ိန္ကခံစားခ်က္ေတြေၾကာင့္ စူးနင့္လာတဲ႕ႏွလံုးသားတစ္ေနရာကမြမ္းက်ပ္လာမွဳကမ်က္ရည္တစ္ခ်ိဳ႕ကိူပါဖန္တီးလာတာေၾကာင့္လက္သီးတင္းတင္းဆုပ္ကာေအာက္ႏွဳတ္ခမ္းကိုဖိကိုက္ထားမိတယ္။

နာက်င္မွဳေတြအကုန္ပံုခ်လိုက္မိလို႕ထင္ပါရဲ႕။ ဖိကိုက္ထားမိတဲ႕ႏွဳတ္ခမ္းသားကတျဖည္းျဖည္းစိမ့္ထြက္လာတဲ႕ေသြးစက္ေတြ။ သို႕ေသာ္သဝဏ္ကေတာ့ေသြးစတို႕စြန္းေပေနသည့္ႏွဳတ္ခမ္းပါးေထာင့္စြန္းတစ္ဖက္ပင့္သက္ေအာင္ျပံဳးလိုက္မိသည္။
မငိုဘူး……တစ္ခ်ိန္ကလိုေပ်ာ့ညံ႕ျပီးအရွံဳးေပးလြယ္တဲ႕ျမတ္သဝဏ္မဟုတ္ေတာ့တဲ႕အတြက္မို႕။
ခင္ဗ်ားေၾကာင့္နဲ႕ခင္ဗ်ားလိုလူအတြက္နဲ႕……က်ဳပ္ဘယ္ေတာ့မွမငိုေတာ့ဘူး။

                 မုန္းတယ္အစ္ကို……
                 ခင္ဗ်ားကိုလည္းမုန္းတယ္……
                 ကြ်န္ေတာ့္ကိုယ္ကြ်န္ေတာ္လည္းမုန္းတယ္……
အရာအားလံုးရဲ႕အစျဖစ္တဲ႕
                  ကြ်န္ေတာ္တို႕ရဲ႕ေတြ႕ဆံုျခင္းကိုလည္းမုန္းတယ္……
   အမုန္းဆံုးကေတာ့
                 ခင္ဗ်ားကိုခ်စ္ခဲ႕မိတဲ႕ကြ်န္ေတာ့္ႏွလံုးသားကိုပါပဲ……




#################################

updateေတြမမွန္ျဖစ္ေနတာသိပါတယ္ဗ်။ ေမွ်ာ္ေနမယ့္readerေလးေတြကိုလည္းတကယ္ပဲေတာင္းပန္ပါတယ္။
ဒီရက္ပိုင္းကြ်န္ေတာ္အလုပ္ေတြအရမ္းရွဳပ္ေနလို႕ပါ။
updateအတြက္တကယ္ပဲေတာင္းပန္ပါတယ္ဗ်ာ။

Continue Reading

You'll Also Like

10.9K 381 39
"ကျွန်​တော် ကတိတည်တဲ့သူဘဲ ဖြစ်ချင်တယ် အ​​မေ" "လိုက်လာတာလား?"
2.9K 51 7
Continuation of the last Yandere!Transformers Book. The Author attempts to send you back to your home only for it to backfire and send you to the Re...
172K 10.5K 31
U+Z 24 ပုဒ်မြောက် ABO (Omegaverse World) Picture from Pinterest
66.6K 2.7K 30
In novels, there are always one or two tragic villains who are protested by readers because of their tragic endings. Shen Ci's mission is to save th...