ချစ်လိပ်ပြာလေး တဝဲလည်လည်

By htwethannar

161K 6.3K 285

"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ... More

U/Z အခန်း၁ အခန္း၁
U/Z အခန်း၂ အခန္း၂
U/Z အခန်း၃ အခန္း၃
U/Z အခန်း၄ အခန္း၄
U/Z အခန်း၅ အခန္း၅
U/ Z အခန်း၆ အခန္း၆
U/Z အခန်း ၇ အခန္း၇
U/Z အခန်း၈ အခန္း၈
U/ Z အခန်း ၉ အခန္း၉
U/ Z အခန်း၁၀ အခန္း၁၀
U/ Z အခန်း၁၁ အခန္း၁၁
U/Zအခန်း၁၂ အခန္း၁၂
Unicode အခန်း၁၃
Zawgyi အခန္း၁၃
Unicode အခန်း၁၄
Zawgyi အခန္း၁၄
U/ Z အခန်း၁၅ အခန္း၁၅
U/ Z အခန်း၁၆ အခန္း၁၆
U/ Z အခန်း၁၇ အခန္း၁၇
U/ Z အခန်း၁၈
U/ Z အခန်း၁၉
🦋Unicode အခန်း၂၀
🦋Zawgyi အခန္း၂၀
U/Z အခန်း၂၁
U/Z အခန်း၂၂ အခန္း၂၂
U/Z အခန်း၂၃
U/Z အခန်း၂၄
Unicode အခန်း၂၅
Zawgyi အခန္း ၂၅
Unicode အခန်း၂၆
Zawgyi အခန္း၂၆
Unicode အခန်း ၂၇
Zawgyi အခန္း ၂၇
U/Z အခန်း၂၈
U/Z အခန်း၃၀
U/ Z အခန်း၃၁
အခန်း၃၂
U/Z အခန်း၃၃
U/Z အခန်း၃၄
U/Z အခန်း၃၅
U/Z အခန်း၃၆
U/Zအခန်း၃၇
U/Z အခန်း၃၈
U/Zအခန်း၃၉
U/Z အခန်း၄၀ ဇာတ်သိမ်း
⚠️⚠️⚠️🚨 Attention

U/ Z အခန်း၂၉ အခန္း ၂၉

2.6K 125 17
By htwethannar

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၂၉

အေးမြသစ်လွင်လွန်းတဲ့ မနက်ခင်းလေးကတော့ လိပ်ပြာကိုအားမာန်အပြည့်နဲ့ ကြိုဆိုနေလေသည်။
ငှက်ကလေးတွေကလည်း တစ်ရေးနိုးလို့ တစ်ကျွီကျွီမြည်တမ်းရင်း အလုပ်ရှုပ်နေလေပြီ။
လိပ်ပြာက အောက်ထပ်အိပ်ခန်းမှာနေရပြီး လိပ်ပြာရဲ့ပြူတင်းပေါက်အနားလေးမှာ စံပယ်ရုံနှစ်ရုံ ရှိတာကြောင့် မနက်မိုးသောက်ရဲ့ လင်းရောင်ခြည်နဲ့အပြိုင် စံပယ်အငုံ၊အပွင့်လေးတွေရဲ့သင်းရနံ့ဟာ နှင်းသောက်လို့မွှေးမွှေးကြူနေတော့သည်။

"ဟဲ့...လိပ်ပြာရေ...ခြောက်နာရီထိုးနေပြီ...ထတော့...
စံပယ်တွေပွင့်‌ နေပြီ ခူးပြီးဘုရားကိုကပ်လိုက်
သိလား..."

"ဟုတ်ကဲ့အမေ......"

"အေး...အေး..."

အမေကအိပ်ခန်းရဲ့ အပြင်ဘက်ကနေအော်ပြီး အိပ်ရာလာနှိုးသွားလေသည်။
လိပ်ပြာလည်း အမြန်ထပြီး အိပ်ယာတွေ သိမ်းဆည်းကာ ရေချိုးခန်းထဲသို့၀င်ပြီး မျက်နှာသစ် သွားတိုက်ရသည်။
သွားတိုက်နေရင်းနဲ့ ဒီနေ့ကိုကိုနဲ့လည်ဖို့ ဘယ်နေရာတွေကို သွားရင်ကောင်းမလဲလို့ တွေးနေမိသည်။

"အင်းယားကန်ဘောင်လား မဟုတ်သေးပါဘူး..
အင်းယားက နေ့ခင်းဘက်ဆိုနေပူပြီး ဘာမှလည်းသိပ်မရှိပါဘူး...ရန်ကုန်တက္ကသိုလ်ထဲကို လျှောက်ကြည့်ရင်ကောင်းမလား... ငါတို့ကကျောင်းသွားတတ်မှာမှမဟုတ်တာ...ချိန်းတွေ့မှာလေ......ဒါလည်းမဟုတ်သေးဘူး...ဟုတ်ပြီ..."

ကိုကိုနဲ့အကိုက်ညီဆုံးနေရာကို အခုမှပဲလိပ်ပြာစဉ်းစားမိတော့တယ်။

"ဟား...ဟား..ဟုတ်ပြီကွ..."

"အရူးမ..."

လိပ်ပြာ အားပါးတရပြုံးလိုက်စဉ်မှာတော့ ရေချိုးခန်းရဲ့မှန်ထဲမှာ အမေ့အရိပ်ကြီးကဘွားကနဲ ပေါ်လာပြီး ငယ်ထိပ်ကလည်း အခေါက်ခံလိုက်ရလို့ အီဆလံဝေသွားသည်။

"အမေရယ်...နာလိုက်တာ...ဘာဖြစ်လို့ခေါက်ရတာလဲလို့..."

"ရူးနေလို့လေ...တစ်ယောက်တည်း မှန်ကိုကြည့်ပြီး စကားပြောလိုက်၊ရယ်လိုက်လုပ်နေတာများ ငါဟင်းချက်နေရင်းနဲ့တွေ့နေရတာ အဆင်ကိုမပြေဘူး
...စံပယ်ပန်းတွေဘုရားတင်ခိုင်းထားတာကို ဇိမ်ခံပြီးသွားတိုက်နေတယ်...ငါလုပ်ထည့်လိုက်ရ..."

"ဟာ...မလုပ်ပါနဲ့..."

အမေကခေါင်းထပ်ခေါက်မယ်ပြင်တော့ လန့်ပြီးလက်နဲ့အတင်းကာရပြန်သည်။
ဟုတ်လည်း ဟုတ်ပါရဲ့ရေချိုးခန်းက မီးဖိုချောင်ထဲမှာ ဆောက်ထားလေတော့ လိပ်ပြာအရူးထနေသမျှတွေကို အမေအကုန်မြင်ပြီပေါ့။

"လိပ်ပြာဖြူ..မှန်မှန်ပြောစမ်း ညည်းရည်းစားတွေ ဘာတွေများရနေပြီလား..."

"ဟာ..အမေကလည်း ကြံကြံဖန်ဖန်..."

အရှက်ပြေလေးပြောလိုက်ရပေမဲ့ ရှိတယ်လို့တော့ပြောချင်သား။ဒီအရွယ်မှ အမြီးမပေါက်တဲ့မျောက် ဘာမျောက်ဖြစ်ပါ့မလဲ။

"အေးနော်..ရည်းစားထားရင်လည်း ညည်းအမေငါတစ်ယောက်လုံးကို ကြိုပြောထား...အကြောရှည်ပြီး ခိုးရာနောက်လိုက်သွားလို့ကတော့ ညည်းနဲ့ငါ သေခန်းပြတ်ပဲ..."

"ဟာ...အမေကလည်း...ကိုယ့်သမီးရုပ်လည်း ကိုယ်ကြည့်လိုက်ပါအုံး အဲ့လိုလုပ်စရာလားလို့..."

လိပ်ပြာက ခန္ဓာကိုယ်ကို တစ်ပတ်လောက်လှည့်ပြပြီး ပြောလိုက်ရာ အမေကနှာခေါင်းရှုံ့လေသည်။

"အမယ်လေး..အပိုတွေပါအေ ဒီလိုပဲပြောကြတာပဲ..ပြီးရင်သာလင့်တစ်မျက်နှာ တစ်ရွာတည်ပြီးလိုက်သွားကြတာလည်း..ဒီမျက်ခွက်တွေနဲ့ပါပဲအေ...."

"ဟာ...အမေရယ်...မျက်နှာလောက်တော့လုပ်ပါ.."

"မလုပ်နိုင်ပါဘူး...ဟိုဘက်တစ်ခြံကျော်က အေးပုရဲ့သမီး မြသီကိုကြည့်ပါ့လား..မေးလိုက်ရင်တော့..
ကျွန်မတို့ကအပျိုကြီးလုပ်မှာ..သိလား..သိလားနဲ့..
ပြီးတော့လည်းဆိုက်ကားသမားအရက်ချိုးနဲ့ ညားသွားတာပါပဲ...ဒါကြောင့် အေးပုမကလည်းသူ့သမီးကိုရွဲ့ရွဲ့ပြီးပြောတာ.."ပြောတော့လှေသူကြီးပါကွယ်..ညားတော့လည်း ဒီသူတောင်းစားနဲ့ရယ်"..ဆိုပြီး..."

"လှေထိုးသားတော့ လုပ်ပါအမေရယ်..."

ဒေါ်မြဖြူမှာ သူမတစ်ခွန်းပြောတိုင်း စကားပြန်ပြန်ထောက်ပေးနေတဲ့ သမီးငယ်ကို ကြည့်မိသည်။
အသက်ကသာ နှစ်ဆယ့်နှစ် မျက်နှာကအခုထိကလေးရုပ်မပျောက်သေးပါ။ သူ့အစ်ကိုတွေမပြောနဲ့ အမေဖြစ်တဲ့သူမကိုယ်တိုင်တောင် အခုထိကလေးလိုပဲမြင်နေတုန်းပင်။
သို့ပေမဲ့လည်း သမီးကညှာအခါမလင့်စေဆိုတဲ့ စကားကရှိသေးသည်မဟုတ်လား။လိပ်ပြာဖြူဆိုတာကလည်း လင်မယူတော့မဲ့ ရုပ်မျိုးမဟုတ်ဘူးဆိုတာ ကိုယ့်သမီးမို့ သိပြီးသား။ဒါကြောင့်လဲ အေးပုရဲ့သမီးလို စာရိတ္တပျက်ပြားနေတဲ့ လူတွေနဲ့ညားသွားမှာလည်း ဆိုးရတယ်။‌မောင်မိုးစက်လို လူလိမ္မာလေးနဲ့ စီစဉ်ပေးချင်ပြန်တော့လည်း သူ့အစ်ကို ခြင်္သေ့မင်းတွေက အစွယ်ထုတ်ထုတ်ပြနေကြတာနဲ့  ဟိုကအနားကိုမကပ်ရဲဖြစ်နေပြီ။

"ခက်တော့...ခက်ပါတယ်ဟယ်..."

ရေချိုးခန်းထဲကနေ ပြန်ထွက်သွားပြီး မီးဖိုထဲမှာ
လှီးလက်စကြက်သွန်ကို ပြန်လှီးနေတဲ့ အမေ့စကားကြောင့် လိပ်ပြာနားမလည်နိုင်စွာ အနားကိုတိုးကပ်သွားလိုက်သည်။

"ဘာကိုခက်တာလဲ အမေရဲ့..."

"ညည်းမသိပါဘူးအေ...ငါလေ တစ်နေ့၊တစ်နေ့ ညည်းအတွက်ပူနေရတာနဲ့ပဲ ခေါင်းမွှေးတွေပြောင်တော့မယ်...သိရဲ့လား..."

"ဘာအမွှေး‌တွေ ပြောင်နေတာလဲ..အမေရဲ့..."

အစ်ကိုလေးက မျက်နှာတောင်မသစ်ရသေးပဲ အခုမှအိပ်ယာထလာတဲ့ ပုံစံကြီးနဲ့ ရေခဲသေတ္တာကို ဖွင့်ပြီး ရေယူသောက်နေလေသည်။

"ဘာအမွှေးပြောင်ရမလဲ...နင်တို့ညီအစ်ကိုနှစ်ယောက်၀င်ဖြတ်ဖြတ်နေလို့.. ငါ့သမီးလေး လင်ကောင်း၊သားကောင်းရမဲ့ အခွင့်အရေးလက်လွှတ်သွားရလို့လေ..."

"..လာပြန်ပြီအမေရာ...အဲ့ဒီ့မိုးစက်တစ်ယောက်ထဲပဲ
ကမ္ဘာပေါ်မှာ ယောက်ျားရှိတာလားဗျာ...
ယောက်ျားတွေမှပုံလို့..."

"အမယ်လေး..ဘာကို‌ယောက်ျားတွေပုံနေတာလဲ..
အရက်သမား၊ဖဲသမား၊လောင်းကစားသမားတွေသာ ပုံနေတာပါတော် ..."

"ဟာ..အမေအဲ့လိုပတ်မရမ်းနဲ့လေဗျာ..ကျွန်တော်တို့လည်းယောက်ျားတွေပဲလေ..အမေ့လင်
ကျွန်တော့်အဖေကလည်း ယောက်ျားပဲလေဗျာ..
အကုန်လုံးကို တစ်ယောက်မှမကောင်းဘူးပြောရအောင် အမေကယောက်ျားဘယ်နှစ်ယောက်များ ယူဖူးလို့လဲ..."

"အောင်မာ..သေနာကောင်လေး...နင်သေဖို့သာပြင်..."

"ဟာ..အမေ..အမေ့..မလုပ်နဲ့လေဗျာ..."

အစ်ကိုလေးကလည်း အစ်ကိုလေးပါပဲ။အမေ့ကိုစိတ်ဆိုးအောင် သွားလုပ်နေတာ အခုတော့ကြက်သွန်ဥတွေနဲ့ကောက်အပေါက်ခံရပြီ မှတ်ရော။

"ဟာ..အောင်မလေးဗျ!!!...ဘာဖြစ်နေကြတာလဲ.."

အစ်ကိုကြီးခမျာ မီးဖိုချောင်အပေါက်၀ကို ခြေချရုံရှိသေးတယ် ကြက်သွန်ဥတစ်လုံးက နှဖူးကိုတည့်တည့်သွားမှန်‌သည်။

"...အမေရာ..ဘယ်လိုဖြစ်လို့ကြက်သွန်ဥတွေကို လျှောက်ပစ်နေရတာလဲ...ကစားချင်ရင်လည်း ကစားကွင်းကိုသွား  ကျွန်တော်လိုက်ပို့ပေးမယ်..."

"ရန်အောင်မင်း...နင်ပါသေချင်နေပြီလား..
ဟုတ်လား.."

"ဟာ...အမေရယ်...နေ..နေပါ..ကျွန်တော့်ဘာသာ မျက်နှာသစ်မလို့လာတာပါ...ဟေ့ကောင်..
ကောင်းကျော် မင်းလည်းမျက်နှာသစ်စရာရှိရင်သစ်တော့....ဒီနေ့ငါ့သူငယ်ချင်းတွေနဲ့ချိန်းထားတယ်လေ...မင်းပဲလိုက်ခဲ့မယ်ဆို..မြန်မြန်လုပ်ကွာ.."

"အေးပါ..ငါသိပါတယ်..အစ်ကိုကြီးရာ...."

ရေချိုးခန်းထဲကို မျက်နှာသစ်ဖို့ပြိုင်တူ၀င်သွားကြတဲ့ အစ်ကိုနှစ်ယောက်ကြောင့် လိပ်ပြာ ပျော်လွန်းလို့ ထတောင်ခုန်ပစ်လိုက်ချင်တယ်။
သူတို့အပြင်သွားတာနဲ့  လိပ်ပြာလည်း ကိုကိုနဲ့ချိန်းတွေ့ဖို့ သွားရမယ်။ ကွက်တိပဲ။

"ဟီ..ဟိ..."

"ဟဲ့..လိပ်ပြာဖြူ..ညည်းလည်းဘာဖြစ်နေတာလဲ..
တဟီဟီ..တဟားဟားနဲ့...ကြည့်လုပ်နော်..
ဟင်း.....သတိထား"

"အော်..အမေရယ်..သမီးနဲ့လည်းဘာမှမဆိုင်ပဲနဲ့..အမေ့ဘာသာကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုပြန်အခြောက်ခံနေရပြီးတော့များ..."

"လိပ်ပြာဖြူ..နင်ဘယ်သူ့ကိုမျောက်လို့ပြောနေတာလဲ..နေအုံး..နင်နဲ့ငါတွေ့မယ်..."

အစ်ကိုလေးက ကြားသွားပုံရတယ် သွားတိုက်နေရင်းနဲ့မှ ဗလုံးဗထွေးအသံကြီးနဲ့ လာဆူနေသည်။
အကြီးဆိုတော့ အငယ်ကတိရိစ္ဆာန်နဲ့ နှိုင်းရင် ဘယ်ကြိုက်ပါ့မလဲ။လိပ်ပြာကလည်းလေ ဒီအစ်ကိုအကြောင်းကို သိရဲ့သားနဲ့ လွှတ်ခနဲပြောလိုက်မိတယ်။
အဲ့တော့ အဆော်မခံရခင် ဒီနေရာကနေ အမြန်လစ်မှဖြစ်မယ်။

"အမေ..သမီးလည်းနေ့ခင်းကြရင် သူငယ်ချင်းတွေနဲ့ချိန်းထားလို့ မြို့ထဲသွားအုံးမယ်နော်..ဟို
အမေ့စံပယ်တွေကတော့ ခူးပြီးဘုရားပန်းတင်ထားလိုက်မယ်..အမေ့ဘာသာပဲဆွမ်းကပ်ရင်းနဲ့ပန်းပါကပ်လိုက်တော့..သမီးသွား‌တော့မယ်..အစ်ကိုလေးထွက်လာရင် အရိုက်ခံရမှာဆိုးလို့..."

မီးဖိုအခန်းထဲကနေ ဖနောင့်နဲ့တင်ပါးကို တစ်သားထဲကျအောင်ပြေးထွက်သွားတဲ့ သမီးဖြစ်သူကိုကြည့်ရင်းနဲ့သာ ဒေါ်မြဖြူကျန်ခဲ့ရလေသည်။
အစ်ကိုတွေက ဘယ်လိုပဲဆူပါစေ အရှေ့မှာတော့ "အင်း..အင်း...ဟုတ်ကဲ့..ဆိုပြီး" ခေါင်းတငြိမ့်ငြိမ့်နဲ့ ပုတ်သင်ညိုမကြီးကိုဖြစ်လို့..ကွယ်ရာကြရင်သာသူလုပ်ချင်တာကိုလုပ်တာ ပြီးရင်
"အမေကိုက ခွင့်ပြုလို့ဆိုပြီး.."သားတွေရဲ့ အပြစ်အတင်ခံရတာက ဒီကမိန်းမကြီးရယ်ပါ။

"သားသမီးတွေ အများကြီးမွေးမိတဲ့ ငါကိုကမှားတာ...မဟုတ်ဘူး..ကိုကြည်လွင်...ဒင်းမှားတာ..
ဒင်းကြောင့်...မနိုင်စိန်မျောက်လွှဲကျော် လေးကောင်ထွက်လာရတာ...ဒင်းကြောင့်..ဒင်းကြောင့်.."

"အမေရယ်..ကိုယ့်ဘာသာလက်ဆော့တုန်းက ဆော့ပြီး..."

"ကောင်းကျော်မင်း...နင်..."

"ဒုန်း.."ဒုန်း..."

အလတ်ကောင်က ရေချိုးခန်းထဲမှထွက်လာလာချင်း အမေကိုအမေမှန်းမသိ ပါးစပ်သရမ်းလေတော့ ဈေးခြင်းထဲက အာလူးနှစ်လုံးလောက်နဲ့ကောက်ပေါက်လိုက်ရာ...

"အာ့...ထွီ..ရွံတာ...အမေ့..."

ထွက်‌ပြေးလို့ ပစ်လိုက်တာကတစ်ယောက်ကို  တကယ်မှန်သွားတာက အကြီးကောင်ကို...
လက်တည့်ချက်ကတော့ အကြီးကောင်ရဲ့ပါးစပ်ထဲကို တန်းနေတာပဲ။
အကြီးကောင်က ပါးစပ်အ၀မှာ တစ်နေတဲ့အားလူးကို ထွေးထုတ်ရင်းနဲ့...

"အမေ့..ကိုယ်မွေးထားတဲ့ဟာတွေကိုပဲ မပြောနဲ့လေ
အမေလည်းဘာထူးလို့လဲ...အခုထိဂဏာမငြိမ်သေးဘူး...သူ့ကိုယ်သူကလေးကျနေတာပဲ..."

"ရန်အောင်မင်း...နင်..."

"ပြေးပြီဗျို့...ပြေးပြီ...ဟား..ဟား..."

"ကြည့်စမ်း...ကြည့်စမ်း..မအေကို စနောက်နေလိုက်ကြတာ..သူတို့နဲ့ရွယ်တူများမှတ်နေသလားမသိဘူး..."

ထိုစဉ်အငယ်ကောင်လေး မင်းမင်းက အိပ်ချင်မူးထူးပုံစံနဲ့ မီးဖိုချောင်ထဲကို၀င်လာလေသည်။

"မင်းမင်း..သားငယ်...မျက်နှာသစ်ပြီးရင် မေကြီးဒီမှာ ထမင်းကိုပဲပြုတ်နဲ့ ကြော်ထားတယ်နော်...
ကျောင်းမသွားခင်စားသွား.."

မင်းမင်းက မျက်လုံးကိုမှေး၊ခေါင်းကိုကုတ်ကာ အမေ့ဘက်သို့ မျက်နှာမဲ့ပြီး ကြည့်လိုက်သည်။

"မစားချင်ပါဘူးအမေရာ...အမေ့လက်ရာက ကျောင်းကန်င်တင်းကဟာလောက်စားမကောင်းပဲနဲ့..."

"အောင်မာ..သူကိုယ်တိုင်ကြတော့ ကြက်ဥကြော်တာတောင် ဖင်ကဖောက်ရမလား...ခေါင်းကဖောက်ရမလား..တွေဝေနေတဲ့လူကများ...‌
မစားရင်နေပေါ့ဟယ်..မချက်ပြန်တော့လည်း..
အမေ့ ထမင်းမကြော်ဘူးလား..လာလာမေးကြပြီး..
ချက်ပြန်တော့လည်း..စောက်ကြီး..စောက်ကျယ်နဲ့ဟာတွေ..."

"အမေနဲ့တူတာကို..."

"အောင်မာ..."

"ဒုန်း..."

အကြီးတွေက ဆိုးတယ်ထင်တာ အငယ်ကောင်ကျမှ တစ်မူးပိုသာနေတော့တယ်။ ရေချိုးခန်းတံခါးကိုပိတ်သွားလိုက်တာများ ဂျက်တောင်ချပစ်လိုက်သေးတယ်။ ဒီအိမ်မှာ ရေချိုးခန်းတံခါးကို ဂျက်ချပြီး မျက်နှာသစ်တာဆိုလို့ ဒီတစ်ကောင်ပဲရှိတယ်။ အငယ်ဆုံးမို့လို့ အားကိုးရမလားမှတ်တယ်။ မျက်နှာသစ်ရင်လည်း ဇိမ်ခံတယ်၊ရေချိုးပြန်တော့လည်း တစ်နာရီ၊အိမ်သာတက်တော့လည်း တစ်နာရီ..အိမ်သာထဲမှာဘာလုပ်နေသလဲဆိုတော့ ဂိမ်းဆော့ရင်း အီးညှစ်ပါတယ်တဲ့။
ကြည့်နေ အဲ့အကောင် အိမ်သာတက်ရင်းနဲ့
ဘယ်ချက်လိပ်ခေါင်းထွက်မလဲ မသိဘူး။

"ဟူး..သားသမီးတွေများ...တစ်ယောက်တစ်မျိုးစီ  စောက်အိုးစည်တွေပါဟယ်.."

🦋🦋🦋🦋🦋🦋🦋🦋🦋

အချိန်အားဖြင့် ကိုးနာရီထိုးနေလေပြီ။နေအပူရှိန်ကလည်း မြင့်တက်လာပြီး ရန်ကုန်ရဲ့နဂိုပုံစံအတိုင်း ရာသီဥတုပူနေပါသော်လည်း လူတွေသွားလာ လှုပ်ရှားနေမှုတွေကတော့မပြတ်စမြဲပါပဲ။

ဘုန်းမြတ်မှာတော့ ပူတာလည်းဂရုမစိုက်နိုင်ပါဘူး။သူဂရုစိုက်တာက ကိုယ်လုံးပေါ်မှန်ထဲမှာ မြင်နေရတဲ့ သူ့ပုံရိပ်ကိုပင်။ဘုန်းမြတ်ဟာ အင်မတန်စည်းစနစ်ကျပြီး သန့်ရှင်းသပ်ရက်မှုအလွန်ကြိုက်‌ပေမဲ့လို့ အခုဆိုရင်ဖြင့် ကုတင်အပေါ်မှာ အ၀တ်တွေက ပြန့်ကျဲနေတော့သည်။အကြောင်းကတော့ ကောင်မလေးနဲ့ဒိတ်ဖို့ရန် အ၀တ်အစား၊တစ်စုံပြီးတစ်စုံ ရွေး၀တ်နေလည်းပဲ စိတ်သဘော၊ဓာတ်မနော အခြေမကျဖြစ်နေလေသည်။

"တောက်!!!ပေါ့ပေါ့ပါးပါး ၀တ်သွားရအောင် တစ်ခုမှလည်းမရှိဘူး..."

အ၀တ်အစားပုံတွေကြားထဲမှာသာ အိင်္ကျီချိုင်းပြတ်နဲ့ စိတ်ပျက်စွာ ထိုင်ချမိတော့တယ်။
အသက်ကသာ ၂၅နှစ်မပြည့်သေးတာ ၀ယ်ထားပြီးတဲ့ အ၀တ်တွေကတော့ အကုန်အနောက်တိုင်း ကုတ်တွေ၊စတိုင်ပင်န်တွေချည်းဖြစ်နေသည်။
ရည်းစားထားဖို့လည်း မတွေးမှမတွေးခဲ့ဖူးပဲကို။မဟုတ်လို့ကတော့ ဒိတ်လုပ်ရင်၀တ်ဖို့၀ယ်ထားမှာပေါ့။
အသက်အစိပ်ပြည့်ခါနီးမှ ကလေးစိတ်ကပေါက်လာပြန်တော့လည်း အခက်သား။

"ကိုကိုရေ...ကိုကို...ဟင်..အ၀တ်ပုံထဲမှာ ဘာထိုင်လုပ်နေတာလဲ...ဟောတော့် အင်္ကျီချိုင်းပြတ်ကြီးနဲ့...ပူလို့လား..."

"အင်း!!!ဟာ..မဟုတ်ပါဘူး..ဒါနဲ့လိပ်ပြာကဘယ်က‌နေ ဘယ်လိုအိမ်ထဲကို၀င်လာတာလဲ..."

သူခိုးလူမိဆိုသလို အပူရုပ်ဖြစ်နေတဲ့ပုံကို ကွယ်ချင်တာနဲ့ပဲ ဘာတွေမေးမိမှန်းကို မသိဘူး။ မေးလိုက်မိတာက"ဘယ်က‌နေ ဘယ်လိုအိမ်ထဲကို၀င်လာတာလဲ.."တဲ့ ပေါကြောင်ကြောင်နိုင်လိုက်တဲ့မေးခွန်း..တံခါးက‌နေ ခြေထောက်နဲ့လှမ်း၀င်
လာမှန်းကလေးကအစ ခွေးအဆုံးသိတယ်။

"ဒီမှာလေ..သော့..ကိုကိုပဲလိပ်ပြာကို ပေးထားပြီးတော့ ဘာလဲ..မကြိုက်ဘူးလား...အဲ့ဒါဆိုလည်း သွားတော့မယ်.."

"ဟာ..မလုပ်..မသွားပါနဲ့ကွာ...ကိုကိုက ရယ်ရမလားလို့ ပြက်လုံးထုတ်လိုက်တာပါ..မရယ်ရဘူးလား..."

"တစ်စက်မှကို မရယ်ရတာ..တော်သေးတယ်..ကိုကိုလူရွှင်တော်မလုပ်လို့...မဟုတ်ရင် ဘယ်သူမှ မငှားတာနဲ့ပဲ မွဲပြာကျနေမှာ...ဒါနဲ့အင်္ကျီလဲတော့လေ..
အပြင်သွားရအောင်...လိပ်ပြာကအချိန်လုပြီး လာရတာနော်...မြန်မြန်လုပ်..."

ကောင်မလေးကလည်း အလျှင်လိုနေတော့ ဘုန်းမြတ်စိတ်အိုက်လာသည်။ကိုယ့်ရည်းစား၀တ်ထားတာက ဂါ၀န်အဖြူလေးနဲ့ ကျစ်ဆံမှီးလေးနှစ်ဖက်ခွဲချပြီး ဘိုမအရုပ်ကလေးလို ချစ်စရာလေး။
သူကသာ အနောက်တိုင်း၀တ်စုံကြီး တကားကားနဲ့ဆိုရင် ချစ်သူတွေလို့မမြင်ကြပဲ စပွန်ဆာပေးတဲ့ဘဲကြီးလို့ မြင်ကြမှာသေချာတယ်။

"လိပ်ပြာ...ကိုယ့်ကို အ၀တ်အစားရွေးပေးပါလား..
ကိုယ့်မှာ ပေါ့ပေါ့ပါးပါးအပြင်ကို၀တ်သွားဖို့မရှိလို့...လိပ်ပြာရဲ့အမြင်မှာအဆင်ပြေတာလေး ရွေးပေးပါလား..."

အစောတည်းက ကြိုတင်ကြံစည်ထားပြီးသားမို့ လိပ်ပြာပါးချိုင့်တွေပေါ်အောင်ကို ပြုံးလိုက်သည်။

"အဲ့အတွက်တော့ လုံး၀စိတ်မပူနဲ့  ရော့ဒီဟာပဲ၀တ်လိုက် ပြီးရင် သွားကြမယ်..."

"ဘယ်ကိုလဲ..."

"အထည်ဆိုင်.."

"ဟမ်..."

"မွ..မြန်မြန်လုပ်နော်..ကိုကို..ဧည့်ခန်းမှာစောင့်နေမယ်..."

သူမကတော့ ပြောပြီး ပြီးသွားပေမဲ့ ဘုန်းမြတ်မှာတော့ အာဘွားအပေးခံလိုက်ရတဲ့ပါးတစ်ဖက်ကြောင့် နှလုံးသားတစ်ခြမ်းလည်း ခုန်တက်သွားသည်။
ဘယ်လိုကောင်မလေးပါလိမ့်။သူမလေးကြောက်မှာဆိုးလို့ အိပ်ချင်ယောင်ဆောင်နေပါတယ်ဆို‌ နေမှ ကျားအရှေ့ကိုမှလာပြီးနှာချေပြနေတယ်။ကိုက်စားပစ်လိုက်ရရင်တော့ အရိုးတစ်ခြား၊အသားတစ်ခြားဖြစ်ကုန်တော့မှာပဲ။
၀င်ရောက် မွှေနှောက်လာတဲ့ အမွှေဇယားတွေကို တရားနဲ့သာစိတ်ပြန်ဖြေရင်း အ၀တ်အစားလဲဖို့ကိုသာ အာရုံပြန်ဆိုက်လိုက်ပါတော့တယ်။

🦋🦋🦋🦋🦋🦋🦋🦋🦋

"ကိုကို့...ရပ်..ရပ်..ဒီဆိုင်ရှေ့မှာပဲရပ်..."

"ကျွီ..."

ချစ်သူရဲ့ စကားတစ်ခွန်းဆို တစ်ခွန်းပါပဲ။ချက်ချင်းပဲကားကိုဘရိတ်အုပ်ပစ်လိုက်သည်။

"ကိုကို...လာ..အိင်္ကျီ၀ယ်ကြမယ်..."

"ဟမ်..."

"လာပါဆိုကိုကိုရာ...လာ.."

အတင်းသူ့ကိုကားပေါ်ကနေ ဆွဲချလာတဲ့သူမကြောင့် ‌အရပ်ရှည်လွန်းတဲ့ဘုန်းမြတ်မှာ ငိုက်ဆိုက်၊ငိုက်ဆိုက်နဲ့ ပါလာရသည်။
အထည်ဆိုင်ထဲလည်း ရောက်ရော သူမကအနွေးထည် ခေါင်းစွပ်လက်ရှည် ဆင်တူနှစ်ထည်ကို ရွေးပြီး သူ့အားတစ်ထည်လာပေးသည်။

"လိပ်ပြာ...ဒါက ဘာလုပ်မလို့လဲ..."

"၀တ်ဖို့လေ..ကိုကို၀တ်ဖို့ ဆင်တူ၀တ်ကြမယ်လေ..ဒါမှအတွဲတွေမှန်းသိမှာပေါ့..."

"ဟာ...လိပ်ပြာရယ်..ဒီလောက်ပူတဲ့ရာသီကြီးမှာ ဒါကြီးကို၀တ်ထားရင် ရေနွေးဇလုံထဲကို ၀င်စိမ်ထားသလို ပြုတ်ပြီးသားဖြစ်နေမှာပေါ့...တစ်ခြားဟာ၀ယ်ပါလားကွယ်..."

အမှန်တရားက ခါးတယ်ဆိုတာသိပ်ကိုမှန်နေတာပဲ။သူ့မှာ ဒါလေးပြောပြမိတာကို ထိုးလိုက်တဲ့မျက်စောင်းဆိုတာ ဟိုဘက်ကား‌လမ်းကိုတောင်ရောက်တော့မယ်။

"ဒါဆိုလည်း...ဒီ တီရှပ်လေး၀တ်ကြမယ်...ရော့..
ဒီမှာ..ကိုကို့အတွက် ဘောင်းဘီဒူးကျလေး လူငယ်ဆန်တယ်...ဟိုကအ၀တ်လဲခန်းမှာ သွားလဲလိုက်...
လိပ်ပြာလည်း..လဲ၀တ်လိုက်မယ်..."

"ကောင်းပါပြီဗျာ..."

ဘုန်းမြတ်အ၀တ်လဲခန်းသို့ ၀င်ပြီး တီရှပ်အဖြူနဲ့ အနက်ရောင်ဘောင်းဘီအပွ ဒူးကျလေးကို၀တ်လိုက်တော့လည်း သူ့မှာအသက် ဆယ့်ရှစ်နှစ်ကောင်လေး ပြန်ဖြစ်သွားသလိုလို ထင်မှတ်မိသည်။
သူ့ဘ၀မှာ သူစိမ်းမိန်းကလေး တစ်ယောက်က အ၀တ်အစားရွေးချယ်ပေးတာကို လက်ခံ၀တ်ဆင်မိတာ ဒါပထမဆုံးပါပဲ။
ချစ်သူရှိတာ တကယ်ကိုကောင်းတာပဲ။သူ့ဘာသာသူဆိုရင် ဘယ်အ၀တ်တွေက ဘယ်လိုနေမှန်း သိပ်သိတာမဟုတ်ဘူး။ဟော ချစ်သူလေးက ဒတ်ခနဲဆိုရွေးပေးပြီး ၀တ်ခိုင်းတော့လည်း ကြည့်ကောင်းနေတာပါပဲ။
အ၀တ်လဲခန်းထဲကနေ သူထွက်လာတော့ လိပ်ပြာကမှန်အရှေ့မှာ မတ်တက်ရပ်နေလေသည်။

ဘုန်းမြတ်ရဲ့ မျက်လုံးတွေဟာ ချက်ချင်းပဲပြူးကျယ်သွားပြီး ဆိုင်ထဲမှ ပုရိသတွေမမြင်အောင် ချွတ်ထားတဲ့ အိင်္ကျီနဲ့ သူမခြေထောက်တွေကို ပြေးကာအုပ်လိုက်ရသည်။

"ဟာ...ကိုကို့...ဘာလုပ်တာလဲ..."

"အဲ့ဒါ...ကိုယ်ကမေးရမှာ..ဘာလို့ဒီလောက်တိုတိုလေးကို ၀တ်ရတာလဲ.. တစ်ခြားစကပ်ပြောင်း၀တ်ကွာ..."

လာပြန်ပြီနောက်တစ်ယောက်။အစ်ကိုတွေအရှေ့မှာဆိုလည်း အစ်ကိုတွေမို့လို့၊အခု ချစ်သူကပါ ဒီတစ်ချိုးတည်းပါလား။ဂျင်းစကပ်လေးကလည်း သိပ်တိုတာမဟုတ်ပါဘူး။ဒူးအထက်လေးနဲနဲပဲ ရောက်တာကိုများ အကုန်ပြနေတဲ့စတိုင်လ်နဲ့
အိုဗာ‌‌တွေ သိပ်လုပ်တာပဲ။

"မရဘူး..ဒါပဲကြိုက်တယ်..ဒါပဲ၀တ်မယ်..."

"အိုကေလေ...ဒါဆိုလည်း ဒီဆိုင်မှာရှိတဲ့ အတိုအပြတ်တွေ အားလုံး၀ယ်သွားပြီး ကွန်ဒိုကိုပဲ ပြန်ကြတာပေါ့...အိမ်ရောက်မှ ကိုယ့်တစ်ယောက်တည်းကိုပဲ၀တ်ပြ...ဒါပဲ..."

"ဟာ..."

မိန်းကလေးနဲ့အပြိုင် စိတ်ကောက်ပြနေတဲ့ ကိုကို့ပုံစံကိုကြည့်ပြီး လိပ်ပြာလက်ဖျားပါခါတယ်။
အစ်ကိုတွေကြောင့် ငယ်ငယ်တည်းကအတိုလေးတစ်ခါမှ မ၀တ်ဖူးလို့၀တ်ကြည့်ပါတယ်။ချစ်သူက ပိုတောင်ဆိုးနေတယ်။ဒါဖြင့်ရင် ရှေ့လျှောက်
နို့ဆီဗူးထဲမှာပဲ အိမ်ဆောက်နေတာ ကောင်းမယ်ထင်တယ်။

"ဟုတ်ပါပြီ...အစ်ကိုကြီးရယ်..ဂျင်းဘောင်းဘီပဲ ၀တ်ပါတော့မယ်..."

"ဟဲ...ဟဲ..ဒီလိုမှပေါ့..."

အမြဲခပ်တည်တည်နေတတ်တဲ့ ကိုကိုကဒီနေ့မှ ဘယ်လိုဖြစ်ပြီး ပြောင်စပ်စပ်ရုပ်ပေါက်နေသလဲမသိပါဘူး။အရမ်း ကလေးဆန်နေသလိုပဲ။
လိပ်ပြာကတော့ အ၀တ်လဲအခန်းထဲမှ ကိုယ့်ပုံစံကို ပြန်ကြည့်ပြီး ငိုမဲ့မဲ့ကြီးဖြစ်နေသည်။

"ဂျင်းစကပ်ကလေးနဲ့က ပိုလိုက်တဲ့ဟာကို..."

🦋🦋🦋🦋🦋

ကိုကိုက လူများ၊လူစည်တဲ့နေရာတွေကို သွားလေ့၊သွားထမရှိခဲ့ဘူးဆိုလို့  လိပ်ပြာအကြံရလိုက်တာက ကစားကွင်းကိုခေါ်လာဖို့ပါပဲ။
ပြီးတော့ အမှောင်ကြောက်တဲ့ ကိုကို့အား သရဲအိမ်ကို ၀င်ခိုင်းရမယ်လို့တွေးလိုက်တယ်။
ဒါကြောင့် ပြည်သူ့ရင်ပြင်ကို ခေါ်လာပြီး စိတ်အပန်းဖြေဖို့ စဉ်းစားမိသွားသည်။
ကစားကွင်းမှာတော့ အတွဲတွေ၊မိသားစုလိုက်တွေနဲ့လူတွေဆိုတာ စည်ထွက်နေတာပါပဲ။
လိပ်ပြာနဲ့ကိုကို ကတော့ တစ်ယောက်လက်ကို တစ်ယောက်မလွှတ်တမ်း တွဲထားကြပြီး ဆင်တူအင်္ကျီလေး၀တ်ကာ လျှောက်ပတ်သာကြည့်နေမိကြတယ်။

"ဟာ...ကိုကို...ငယ်ငယ်က တစ်ခါမှ ကလေးကစား‌နည်းတွေကို လွတ်လွတ်လပ်လပ် မကစားခဲ့ရဘူးဆို..."

"အင်းလေ.."

"ဒါဆို...လာ..."

သူမက  သားရေကွင်းနဲ့ သံဗူးလေးတွေကို ပစ်တဲ့ဆီသို့ ခေါ်သွားပြီး သားရေကွင်း တွေကို ပိုက်ဆံပေး၀ယ်ကာ ဘုန်းမြတ်ရဲ့လက်ထဲကိုထိုးထည့်ပေးလေသည်။

"ဘာလုပ်ဖို့လဲ...လိပ်ပြာရဲ့..."

"ပစ်ဖို့လေ..ဟိုမှာ စီထားတဲ့ သံဗူးလေးတွေကို ထိအောင်ပစ်နိုင်ရင် ဟိုကအမွှေးပွ အရုပ်ကြီးတစ်ရုပ်ရမှာတဲ့...ကြိုးစားထားနော်..."

"ဟမ်..."

"ကြိုးစားထားနော်"ရဲ့အနောက်မှာ "ထိအောင်ပစ်နော်"ဆိုတဲ့ အရိပ်အယောင်တွေကပါလာတော့ ခက်နေလေပြီ။ပထမတစ်ကွင်းပစ်လိုက်တယ်။
မထိဘူး။ဒုတိယတစ်ကွင်း ပစ်လိုက်တယ်။လွဲတာပါပဲ။ဒီလိုနဲ့ သားရေကွင်းတွေသာ တစ်ပင်ပြီးတစ်ပင်ကုန်သွားပေမဲ့ သံဗူးတွေကတော့ လေတိုးလို့တောင်  မရွေ့သွားဘူး။အားနာနာနဲ့ပဲ ချစ်သူလေးကို ကြည့်လိုက်တော့ နှုတ်ခမ်းကြီးက တစ်တောင်လောက် အရှေ့ကိုထွက်နေလေပြီ။ထင်ထားတဲ့အတိုင်းပါပဲ။

"ကိုကိုကလေ...ရုပ်ချောပြီး...ခြေတံ..လက်တံ...ဒီလောက်ရှည်နေပါလျှက်နဲ့ ဒါမျိုးကြတော့ သုံးလို့မရဘူး..."

"ဟာ...လိပ်ပြာရယ်...ရုပ်ချောတာနဲ့ပဲ သားရေကွင်းအပစ်တော်ရမယ်လို့ ဘုရားကမှ ဟောမထားခဲ့တာကွာ..."

"ဟင်း...အပြောကတော့ ရွှေမန်းပါပဲရှင်...လိုက်လို့မမှီပါဘူး..."

ချစ်သူလေးက စိတ်ကောက်တော့လည်း အပြေးလိုက်ပြီး ချော့ရတော့တာပါပဲ။

"လိပ်ပြာ...နေပါအုံးကွာ...သရဲအိမ်ကို ၀င်မလို့ဆို.."

"မ၀င်တော့ဘူး...ဒီနေ့အတွက်တော့ ရှင့်အပေါ်ကို ‌စေတနာ တစ်ပြားတစ်စိတောင် မရှိတော့ဘူး..."

"တစ်ပြားတော့ရှိတယ်လုပ်ပါကွာ..."

"ဘာပြောတယ်.."

"ဟို...စေတနာ..စေတနာကိုပြောတာပါ..."

လိပ်ပြာကိုကို့မျက်နှာကို ပြန်ကြည့်လိုက်တော့ မျက်နှာငယ်လေးနဲ့ဖြစ်နေသည်။လာပြန်ပြီ၊
ဒီအကြည့်တွေ၊ဒီမျက်နှာပေးတွေကြောင့်ပဲ လိပ်ပြာအသဲတွေ အရည်ပျော်ရတာပေါ့။

"ဒီလိုလုပ်...ဟက်ပီးဝေါလ်ဘက်က သရဲအိမ်ကိုသွားကြမယ်...အဲ့ကပိုကြောက်ဖို့ကောင်းမယ်ထင်တယ်..."

"လိပ်ပြာရဲ့ သဘောဗျာ..."

သဘောကောင်းလွန်းနေတဲ့ ကိုကို့ကြောင့် လိပ်ပြာကိုကို့လက်မောင်းကို ချိပ်ထားလိုက်ပြီး ကိုကို့ပုခုံးကိုမှီကာ ပျော်ပျော်ပါးပါးဟက်ပီး‌ဝေါလ်သို့ ချီတက်လေတော့သည်။

ရိုလာကိုစတာ စီးဖို့တန်းစီနေကြတဲ့လူတွေရဲ့အနားကိုအရောက်မှာတော့ လိပ်ပြာရဲ့မြင်ကွင်းထဲမှ
လူနှစ်ယောက်ကို မြင်ဖူးသလိုလိုရှိတယ်ဆိုပြီး ကြည့်နေမိသည်။

"ဟင်...အစ်ကိုကြီးနဲ့...အစ်ကိုလေး..."

"ဘယ်မှာလည်း...လိပ်ပြာရဲ့..."

"ဟိုမှာ. .."

အစ်ကိုတွေရှိရာဆီသို့ ကိုကိုမြင်ဖူးရန်လက်ညှိုးထိုးပြလိုက်ချိန်မှာပဲ လိပ်ပြာတို့ဘက်ကို လှည့်ကြည့်လာသည့် အစ်ကိုကြီးကြောင့် လိပ်ပြာချက်ချင်းပဲ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပစ်လိုက်ကာ မပြေးရုံတမယ် လျှောက်နေမိသည်။ဒုက္ခပဲ မြင်သွားပြီလား မသိဘူး။ခုဏက အစ်ကိုကြီး လိပ်ပြာကိုလှမ်းကြည့်လိုက်တာ သေချာနေသလိုပဲ။

ဘုန်းမြတ်မှာတော့ အစ်ကိုတွေကိုမြင်တာနဲ့ သူ့ကိုတောင်ထားခဲ့ပြီး လှစ်ကနဲပြေးသွားတဲ့ကောင်မလေးကို နားမလည်နိုင်ဖြစ်နေရသည်။
သူ့အစ်ကိုတွေကြည့်ရတာ ရုပ်တွေကခပ်ဖြောင့်ဖြောင့်နဲ့ သဘောကောင်းမဲ့ပုံတွေပါပဲ။
လိပ်ပြာလိုမျိုး ကလေးရုပ်‌ ပေါက်ပြီး မိန်းမချောချောတဲ့ တစ်ယောက်က ပိုလို့တောင် သဘောကောင်းမဲ့ရုပ်‌ပါ။လိပ်ပြာက ဘာလို့များ
ဒီလောက်လှိမ့်ကြောက်နေရတာလဲ။တွေ့သွားလည်း အေးတာပဲဥစ္စာ။

"လိပ်ပြာ...ကိုယ့်ကိုစောင့်အုံးလေ..."

"မစောင့်နိုင်ဘူး...ကိုယ့်ခြေထောက် ကိုယ်သုံးပြီး သာအမှီလိုက်ခဲ့ပေတော့...လိပ်ပြာကတော့ သေမှာကြောက်တယ်..."

ဘုန်းမြတ်မှာ ဘာမှန်း၊ညာမှန်းတွေးမနေတော့ပဲ သူမ ပြောတဲ့အတိုင်းသာလိုက်နာလိုက်ရပါတယ်။စိတ်ထဲမှာတော့ တေးထားလိုက်သည်။
"ယောက်ဖတွေ...ယောက်ဖတွေ...တည့်အောင်ပေါင်းထားမှ ဖြစ်မယ်..."

🦋🦋🦋🦋🦋🦋

အမှားပါရင်ဝေဖန်ထောက်ပြနိုင်သလို ကြိုက်နှစ်သက်ရင် vote ပေးနိုင်ပါတယ်

Zawgyi
ခ်စ္လိပ္ျပာေလး တဝဲလည္လည္
                             အခန္း ၂၉

ေအးျမသစ္လြင္လြန္းတဲ့ မနက္ခင္းေလးကေတာ့ လိပ္ျပာကိုအားမာန္အျပည့္နဲ႔ ႀကိဳဆိုေနေလသည္။
ငွက္ကေလးေတြကလည္း တစ္ေရးႏိုးလို႔ တစ္ကြၽီကြၽီျမည္တမ္းရင္း အလုပ္ရႈပ္ေနေလၿပီ။
လိပ္ျပာက ေအာက္ထပ္အိပ္ခန္းမွာေနရၿပီး လိပ္ျပာရဲ႕ျပဴတင္းေပါက္အနားေလးမွာ စံပယ္႐ုံႏွစ္႐ုံ ရွိတာေၾကာင့္ မနက္မိုးေသာက္ရဲ႕ လင္းေရာင္ျခည္နဲ႔အၿပိဳင္ စံပယ္အငုံ၊အပြင့္ေလးေတြရဲ႕သင္းရနံ႔ဟာ ႏွင္းေသာက္လို႔ေမႊးေမႊးၾကဴေနေတာ့သည္။

"ဟဲ့...လိပ္ျပာေရ...ေျခာက္နာရီထိုးေနၿပီ...ထေတာ့...
စံပယ္ေတြပြင့္‌ ေနၿပီ ခူးၿပီးဘုရားကိုကပ္လိုက္
သိလား..."

"ဟုတ္ကဲ့အေမ......"

"ေအး...ေအး..."

အေမကအိပ္ခန္းရဲ႕ အျပင္ဘက္ကေနေအာ္ၿပီး အိပ္ရာလာႏႈိးသြားေလသည္။
လိပ္ျပာလည္း အျမန္ထၿပီး အိပ္ယာေတြ သိမ္းဆည္းကာ ေရခ်ိဳးခန္းထဲသို႔၀င္ၿပီး မ်က္ႏွာသစ္ သြားတိုက္ရသည္။
သြားတိုက္ေနရင္းနဲ႔ ဒီေန႔ကိုကိုနဲ႔လည္ဖို႔ ဘယ္ေနရာေတြကို သြားရင္ေကာင္းမလဲလို႔ ေတြးေနမိသည္။

"အင္းယားကန္ေဘာင္လား မဟုတ္ေသးပါဘူး..
အင္းယားက ေန႔ခင္းဘက္ဆိုေနပူၿပီး ဘာမွလည္းသိပ္မရွိပါဘူး...ရန္ကုန္တကၠသိုလ္ထဲကို ေလွ်ာက္ၾကည့္ရင္ေကာင္းမလား... ငါတို႔ကေက်ာင္းသြားတတ္မွာမွမဟုတ္တာ...ခ်ိန္းေတြ႕မွာေလ......ဒါလည္းမဟုတ္ေသးဘူး...ဟုတ္ၿပီ..."

ကိုကိုနဲ႔အကိုက္ညီဆုံးေနရာကို အခုမွပဲလိပ္ျပာစဥ္းစားမိေတာ့တယ္။

"ဟား...ဟား..ဟုတ္ၿပီကြ..."

"အ႐ူးမ..."

လိပ္ျပာ အားပါးတရၿပဳံးလိုက္စဥ္မွာေတာ့ ေရခ်ိဳးခန္းရဲ႕မွန္ထဲမွာ အေမ့အရိပ္ႀကီးကဘြားကနဲ ေပၚလာၿပီး ငယ္ထိပ္ကလည္း အေခါက္ခံလိုက္ရလို႔ အီဆလံေဝသြားသည္။

"အေမရယ္...နာလိုက္တာ...ဘာျဖစ္လို႔ေခါက္ရတာလဲလို႔..."

"႐ူးေနလို႔ေလ...တစ္ေယာက္တည္း မွန္ကိုၾကည့္ၿပီး စကားေျပာလိုက္၊ရယ္လိုက္လုပ္ေနတာမ်ား ငါဟင္းခ်က္ေနရင္းနဲ႔ေတြ႕ေနရတာ အဆင္ကိုမေျပဘူး
...စံပယ္ပန္းေတြဘုရားတင္ခိုင္းထားတာကို ဇိမ္ခံၿပီးသြားတိုက္ေနတယ္...ငါလုပ္ထည့္လိုက္ရ..."

"ဟာ...မလုပ္ပါနဲ႔..."

အေမကေခါင္းထပ္ေခါက္မယ္ျပင္ေတာ့ လန႔္ၿပီးလက္နဲ႔အတင္းကာရျပန္သည္။
ဟုတ္လည္း ဟုတ္ပါရဲ႕ေရခ်ိဳးခန္းက မီးဖိုေခ်ာင္ထဲမွာ ေဆာက္ထားေလေတာ့ လိပ္ျပာအ႐ူးထေနသမွ်ေတြကို အေမအကုန္ျမင္ၿပီေပါ့။

"လိပ္ျပာျဖဴ..မွန္မွန္ေျပာစမ္း ညည္းရည္းစားေတြ ဘာေတြမ်ားရေနၿပီလား..."

"ဟာ..အေမကလည္း ႀကံႀကံဖန္ဖန္..."

အရွက္ေျပေလးေျပာလိုက္ရေပမဲ့ ရွိတယ္လို႔ေတာ့ေျပာခ်င္သား။ဒီအ႐ြယ္မွ အၿမီးမေပါက္တဲ့ေမ်ာက္ ဘာေမ်ာက္ျဖစ္ပါ့မလဲ။

"ေအးေနာ္..ရည္းစားထားရင္လည္း ညည္းအေမငါတစ္ေယာက္လုံးကို ႀကိဳေျပာထား...အေၾကာရွည္ၿပီး ခိုးရာေနာက္လိုက္သြားလို႔ကေတာ့ ညည္းနဲ႔ငါ ေသခန္းျပတ္ပဲ..."

"ဟာ...အေမကလည္း...ကိုယ့္သမီး႐ုပ္လည္း ကိုယ္ၾကည့္လိုက္ပါအုံး အဲ့လိုလုပ္စရာလားလို႔..."

လိပ္ျပာက ခႏၶာကိုယ္ကို တစ္ပတ္ေလာက္လွည့္ျပၿပီး ေျပာလိုက္ရာ အေမကႏွာေခါင္းရႈံ႕ေလသည္။

"အမယ္ေလး..အပိုေတြပါေအ ဒီလိုပဲေျပာၾကတာပဲ..ၿပီးရင္သာလင့္တစ္မ်က္ႏွာ တစ္႐ြာတည္ၿပီးလိုက္သြားၾကတာလည္း..ဒီမ်က္ခြက္ေတြနဲ႔ပါပဲေအ...."

"ဟာ...အေမရယ္...မ်က္ႏွာေလာက္ေတာ့လုပ္ပါ.."

"မလုပ္ႏိုင္ပါဘူး...ဟိုဘက္တစ္ၿခံေက်ာ္က ေအးပုရဲ႕သမီး ျမသီကိုၾကည့္ပါ့လား..ေမးလိုက္ရင္ေတာ့..
ကြၽန္မတို႔ကအပ်ိဳႀကီးလုပ္မွာ..သိလား..သိလားနဲ႔..
ၿပီးေတာ့လည္းဆိုက္ကားသမားအရက္ခ်ိဳးနဲ႔ ညားသြားတာပါပဲ...ဒါေၾကာင့္ ေအးပုမကလည္းသူ႔သမီးကို႐ြဲ႕႐ြဲ႕ၿပီးေျပာတာ.."ေျပာေတာ့ေလွသူႀကီးပါကြယ္..ညားေတာ့လည္း ဒီသူေတာင္းစားနဲ႔ရယ္"..ဆိုၿပီး..."

"ေလွထိုးသားေတာ့ လုပ္ပါအေမရယ္..."

ေဒၚျမျဖဴမွာ သူမတစ္ခြန္းေျပာတိုင္း စကားျပန္ျပန္ေထာက္ေပးေနတဲ့ သမီးငယ္ကို ၾကည့္မိသည္။
အသက္ကသာ ႏွစ္ဆယ့္ႏွစ္ မ်က္ႏွာကအခုထိကေလး႐ုပ္မေပ်ာက္ေသးပါ။ သူ႔အစ္ကိုေတြမေျပာနဲ႔ အေမျဖစ္တဲ့သူမကိုယ္တိုင္ေတာင္ အခုထိကေလးလိုပဲျမင္ေနတုန္းပင္။
သို႔ေပမဲ့လည္း သမီးကညႇာအခါမလင့္ေစဆိုတဲ့ စကားကရွိေသးသည္မဟုတ္လား။လိပ္ျပာျဖဴဆိုတာကလည္း လင္မယူေတာ့မဲ့ ႐ုပ္မ်ိဳးမဟုတ္ဘူးဆိုတာ ကိုယ့္သမီးမို႔ သိၿပီးသား။ဒါေၾကာင့္လဲ ေအးပုရဲ႕သမီးလို စာရိတၱပ်က္ျပားေနတဲ့ လူေတြနဲ႔ညားသြားမွာလည္း ဆိုးရတယ္။‌ေမာင္မိုးစက္လို လူလိမၼာေလးနဲ႔ စီစဥ္ေပးခ်င္ျပန္ေတာ့လည္း သူ႔အစ္ကို ျခေသၤ့မင္းေတြက အစြယ္ထုတ္ထုတ္ျပေနၾကတာနဲ႔  ဟိုကအနားကိုမကပ္ရဲျဖစ္ေနၿပီ။

"ခက္ေတာ့...ခက္ပါတယ္ဟယ္..."

ေရခ်ိဳးခန္းထဲကေန ျပန္ထြက္သြားၿပီး မီးဖိုထဲမွာ
လွီးလက္စၾကက္သြန္ကို ျပန္လွီးေနတဲ့ အေမ့စကားေၾကာင့္ လိပ္ျပာနားမလည္ႏိုင္စြာ အနားကိုတိုးကပ္သြားလိုက္သည္။

"ဘာကိုခက္တာလဲ အေမရဲ႕..."

"ညည္းမသိပါဘူးေအ...ငါေလ တစ္ေန႔၊တစ္ေန႔ ညည္းအတြက္ပူေနရတာနဲ႔ပဲ ေခါင္းေမႊးေတြေျပာင္ေတာ့မယ္...သိရဲ႕လား..."

"ဘာအေမႊး‌ေတြ ေျပာင္ေနတာလဲ..အေမရဲ႕..."

အစ္ကိုေလးက မ်က္ႏွာေတာင္မသစ္ရေသးပဲ အခုမွအိပ္ယာထလာတဲ့ ပုံစံႀကီးနဲ႔ ေရခဲေသတၱာကို ဖြင့္ၿပီး ေရယူေသာက္ေနေလသည္။

"ဘာအေမႊးေျပာင္ရမလဲ...နင္တို႔ညီအစ္ကိုႏွစ္ေယာက္၀င္ျဖတ္ျဖတ္ေနလို႔.. ငါ့သမီးေလး လင္ေကာင္း၊သားေကာင္းရမဲ့ အခြင့္အေရးလက္လႊတ္သြားရလို႔ေလ..."

"..လာျပန္ၿပီအေမရာ...အဲ့ဒီ့မိုးစက္တစ္ေယာက္ထဲပဲ
ကမာၻေပၚမွာ ေယာက္်ားရွိတာလားဗ်ာ...
ေယာက္်ားေတြမွပုံလို႔..."

"အမယ္ေလး..ဘာကို‌ေယာက္်ားေတြပုံေနတာလဲ..
အရက္သမား၊ဖဲသမား၊ေလာင္းကစားသမားေတြသာ ပုံေနတာပါေတာ္ ..."

"ဟာ..အေမအဲ့လိုပတ္မရမ္းနဲ႔ေလဗ်ာ..ကြၽန္ေတာ္တို႔လည္းေယာက္်ားေတြပဲေလ..အေမ့လင္
ကြၽန္ေတာ့္အေဖကလည္း ေယာက္်ားပဲေလဗ်ာ..
အကုန္လုံးကို တစ္ေယာက္မွမေကာင္းဘူးေျပာရေအာင္ အေမကေယာက္်ားဘယ္ႏွစ္ေယာက္မ်ား ယူဖူးလို႔လဲ..."

"ေအာင္မာ..ေသနာေကာင္ေလး...နင္ေသဖို႔သာျပင္..."

"ဟာ..အေမ..အေမ့..မလုပ္နဲ႔ေလဗ်ာ..."

အစ္ကိုေလးကလည္း အစ္ကိုေလးပါပဲ။အေမ့ကိုစိတ္ဆိုးေအာင္ သြားလုပ္ေနတာ အခုေတာ့ၾကက္သြန္ဥေတြနဲ႔ေကာက္အေပါက္ခံရၿပီ မွတ္ေရာ။

"ဟာ..ေအာင္မေလးဗ်!!!...ဘာျဖစ္ေနၾကတာလဲ.."

အစ္ကိုႀကီးခမ်ာ မီးဖိုေခ်ာင္အေပါက္၀ကို ေျခခ်႐ုံရွိေသးတယ္ ၾကက္သြန္ဥတစ္လုံးက ႏွဖူးကိုတည့္တည့္သြားမွန္‌သည္။

"...အေမရာ..ဘယ္လိုျဖစ္လို႔ၾကက္သြန္ဥေတြကို ေလွ်ာက္ပစ္ေနရတာလဲ...ကစားခ်င္ရင္လည္း ကစားကြင္းကိုသြား  ကြၽန္ေတာ္လိုက္ပို႔ေပးမယ္..."

"ရန္ေအာင္မင္း...နင္ပါေသခ်င္ေနၿပီလား..
ဟုတ္လား.."

"ဟာ...အေမရယ္...ေန..ေနပါ..ကြၽန္ေတာ့္ဘာသာ မ်က္ႏွာသစ္မလို႔လာတာပါ...ေဟ့ေကာင္..
ေကာင္းေက်ာ္ မင္းလည္းမ်က္ႏွာသစ္စရာရွိရင္သစ္ေတာ့....ဒီေန႔ငါ့သူငယ္ခ်င္းေတြနဲ႔ခ်ိန္းထားတယ္ေလ...မင္းပဲလိုက္ခဲ့မယ္ဆို..ျမန္ျမန္လုပ္ကြာ.."

"ေအးပါ..ငါသိပါတယ္..အစ္ကိုႀကီးရာ...."

ေရခ်ိဳးခန္းထဲကို မ်က္ႏွာသစ္ဖို႔ၿပိဳင္တူ၀င္သြားၾကတဲ့ အစ္ကိုႏွစ္ေယာက္ေၾကာင့္ လိပ္ျပာ ေပ်ာ္လြန္းလို႔ ထေတာင္ခုန္ပစ္လိုက္ခ်င္တယ္။
သူတို႔အျပင္သြားတာနဲ႔  လိပ္ျပာလည္း ကိုကိုနဲ႔ခ်ိန္းေတြ႕ဖို႔ သြားရမယ္။ ကြက္တိပဲ။

"ဟီ..ဟိ..."

"ဟဲ့..လိပ္ျပာျဖဴ..ညည္းလည္းဘာျဖစ္ေနတာလဲ..
တဟီဟီ..တဟားဟားနဲ႔...ၾကည့္လုပ္ေနာ္..
ဟင္း.....သတိထား"

"ေအာ္..အေမရယ္..သမီးနဲ႔လည္းဘာမွမဆိုင္ပဲနဲ႔..အေမ့ဘာသာကိုယ္ေမြးတဲ့ေမ်ာက္ ကိုယ့္ကိုျပန္အေျခာက္ခံေနရၿပီးေတာ့မ်ား..."

"လိပ္ျပာျဖဴ..နင္ဘယ္သူ႔ကိုေမ်ာက္လို႔ေျပာေနတာလဲ..ေနအုံး..နင္နဲ႔ငါေတြ႕မယ္..."

အစ္ကိုေလးက ၾကားသြားပုံရတယ္ သြားတိုက္ေနရင္းနဲ႔မွ ဗလုံးဗေထြးအသံႀကီးနဲ႔ လာဆူေနသည္။
အႀကီးဆိုေတာ့ အငယ္ကတိရိစာၦန္နဲ႔ ႏႈိင္းရင္ ဘယ္ႀကိဳက္ပါ့မလဲ။လိပ္ျပာကလည္းေလ ဒီအစ္ကိုအေၾကာင္းကို သိရဲ႕သားနဲ႔ လႊတ္ခနဲေျပာလိုက္မိတယ္။
အဲ့ေတာ့ အေဆာ္မခံရခင္ ဒီေနရာကေန အျမန္လစ္မွျဖစ္မယ္။

"အေမ..သမီးလည္းေန႔ခင္းၾကရင္ သူငယ္ခ်င္းေတြနဲ႔ခ်ိန္းထားလို႔ ၿမိဳ႕ထဲသြားအုံးမယ္ေနာ္..ဟို
အေမ့စံပယ္ေတြကေတာ့ ခူးၿပီးဘုရားပန္းတင္ထားလိုက္မယ္..အေမ့ဘာသာပဲဆြမ္းကပ္ရင္းနဲ႔ပန္းပါကပ္လိုက္ေတာ့..သမီးသြား‌ေတာ့မယ္..အစ္ကိုေလးထြက္လာရင္ အ႐ိုက္ခံရမွာဆိုးလို႔..."

မီးဖိုအခန္းထဲကေန ဖေနာင့္နဲ႔တင္ပါးကို တစ္သားထဲက်ေအာင္ေျပးထြက္သြားတဲ့ သမီးျဖစ္သူကိုၾကည့္ရင္းနဲ႔သာ ေဒၚျမျဖဴက်န္ခဲ့ရေလသည္။
အစ္ကိုေတြက ဘယ္လိုပဲဆူပါေစ အေရွ႕မွာေတာ့ "အင္း..အင္း...ဟုတ္ကဲ့..ဆိုၿပီး" ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ ပုတ္သင္ညိဳမႀကီးကိုျဖစ္လို႔..ကြယ္ရာၾကရင္သာသူလုပ္ခ်င္တာကိုလုပ္တာ ၿပီးရင္
"အေမကိုက ခြင့္ျပဳလို႔ဆိုၿပီး.."သားေတြရဲ႕ အျပစ္အတင္ခံရတာက ဒီကမိန္းမႀကီးရယ္ပါ။

"သားသမီးေတြ အမ်ားႀကီးေမြးမိတဲ့ ငါကိုကမွားတာ...မဟုတ္ဘူး..ကိုၾကည္လြင္...ဒင္းမွားတာ..
ဒင္းေၾကာင့္...မႏိုင္စိန္ေမ်ာက္လႊဲေက်ာ္ ေလးေကာင္ထြက္လာရတာ...ဒင္းေၾကာင့္..ဒင္းေၾကာင့္.."

"အေမရယ္..ကိုယ့္ဘာသာလက္ေဆာ့တုန္းက ေဆာ့ၿပီး..."

"ေကာင္းေက်ာ္မင္း...နင္..."

"ဒုန္း.."ဒုန္း..."

အလတ္ေကာင္က ေရခ်ိဳးခန္းထဲမွထြက္လာလာခ်င္း အေမကိုအေမမွန္းမသိ ပါးစပ္သရမ္းေလေတာ့ ေဈးျခင္းထဲက အာလူးႏွစ္လုံးေလာက္နဲ႔ေကာက္ေပါက္လိုက္ရာ...

"အာ့...ထြီ..႐ြံတာ...အေမ့..."

ထြက္‌ေျပးလို႔ ပစ္လိုက္တာကတစ္ေယာက္ကို  တကယ္မွန္သြားတာက အႀကီးေကာင္ကို...
လက္တည့္ခ်က္ကေတာ့ အႀကီးေကာင္ရဲ႕ပါးစပ္ထဲကို တန္းေနတာပဲ။
အႀကီးေကာင္က ပါးစပ္အ၀မွာ တစ္ေနတဲ့အားလူးကို ေထြးထုတ္ရင္းနဲ႔...

"အေမ့..ကိုယ္ေမြးထားတဲ့ဟာေတြကိုပဲ မေျပာနဲ႔ေလ
အေမလည္းဘာထူးလို႔လဲ...အခုထိဂဏာမၿငိမ္ေသးဘူး...သူ႔ကိုယ္သူကေလးက်ေနတာပဲ..."

"ရန္ေအာင္မင္း...နင္..."

"ေျပးၿပီဗ်ိဳ႕...ေျပးၿပီ...ဟား..ဟား..."

"ၾကည့္စမ္း...ၾကည့္စမ္း..မေအကို စေနာက္ေနလိုက္ၾကတာ..သူတို႔နဲ႔႐ြယ္တူမ်ားမွတ္ေနသလားမသိဘူး..."

ထိုစဥ္အငယ္ေကာင္ေလး မင္းမင္းက အိပ္ခ်င္မူးထူးပုံစံနဲ႔ မီးဖိုေခ်ာင္ထဲကို၀င္လာေလသည္။

"မင္းမင္း..သားငယ္...မ်က္ႏွာသစ္ၿပီးရင္ ေမႀကီးဒီမွာ ထမင္းကိုပဲျပဳတ္နဲ႔ ေၾကာ္ထားတယ္ေနာ္...
ေက်ာင္းမသြားခင္စားသြား.."

မင္းမင္းက မ်က္လုံးကိုေမွး၊ေခါင္းကိုကုတ္ကာ အေမ့ဘက္သို႔ မ်က္ႏွာမဲ့ၿပီး ၾကည့္လိုက္သည္။

"မစားခ်င္ပါဘူးအေမရာ...အေမ့လက္ရာက ေက်ာင္းကန္င္တင္းကဟာေလာက္စားမေကာင္းပဲနဲ႔..."

"ေအာင္မာ..သူကိုယ္တိုင္ၾကေတာ့ ၾကက္ဥေၾကာ္တာေတာင္ ဖင္ကေဖာက္ရမလား...ေခါင္းကေဖာက္ရမလား..ေတြေဝေနတဲ့လူကမ်ား...‌
မစားရင္ေနေပါ့ဟယ္..မခ်က္ျပန္ေတာ့လည္း..
အေမ့ ထမင္းမေၾကာ္ဘူးလား..လာလာေမးၾကၿပီး..
ခ်က္ျပန္ေတာ့လည္း..ေစာက္ႀကီး..ေစာက္က်ယ္နဲ႔ဟာေတြ..."

"အေမနဲ႔တူတာကို..."

"ေအာင္မာ..."

"ဒုန္း..."

အႀကီးေတြက ဆိုးတယ္ထင္တာ အငယ္ေကာင္က်မွ တစ္မူးပိုသာေနေတာ့တယ္။ ေရခ်ိဳးခန္းတံခါးကိုပိတ္သြားလိုက္တာမ်ား ဂ်က္ေတာင္ခ်ပစ္လိုက္ေသးတယ္။ ဒီအိမ္မွာ ေရခ်ိဳးခန္းတံခါးကို ဂ်က္ခ်ၿပီး မ်က္ႏွာသစ္တာဆိုလို႔ ဒီတစ္ေကာင္ပဲရွိတယ္။ အငယ္ဆုံးမို႔လို႔ အားကိုးရမလားမွတ္တယ္။ မ်က္ႏွာသစ္ရင္လည္း ဇိမ္ခံတယ္၊ေရခ်ိဳးျပန္ေတာ့လည္း တစ္နာရီ၊အိမ္သာတက္ေတာ့လည္း တစ္နာရီ..အိမ္သာထဲမွာဘာလုပ္ေနသလဲဆိုေတာ့ ဂိမ္းေဆာ့ရင္း အီးညႇစ္ပါတယ္တဲ့။
ၾကည့္ေန အဲ့အေကာင္ အိမ္သာတက္ရင္းနဲ႔
ဘယ္ခ်က္လိပ္ေခါင္းထြက္မလဲ မသိဘူး။

"ဟူး..သားသမီးေတြမ်ား...တစ္ေယာက္တစ္မ်ိဳးစီ  ေစာက္အိုးစည္ေတြပါဟယ္.."

🦋🦋🦋🦋🦋🦋🦋🦋🦋

အခ်ိန္အားျဖင့္ ကိုးနာရီထိုးေနေလၿပီ။ေနအပူရွိန္ကလည္း ျမင့္တက္လာၿပီး ရန္ကုန္ရဲ႕နဂိုပုံစံအတိုင္း ရာသီဥတုပူေနပါေသာ္လည္း လူေတြသြားလာ လႈပ္ရွားေနမႈေတြကေတာ့မျပတ္စၿမဲပါပဲ။

ဘုန္းျမတ္မွာေတာ့ ပူတာလည္းဂ႐ုမစိုက္ႏိုင္ပါဘူး။သူဂ႐ုစိုက္တာက ကိုယ္လုံးေပၚမွန္ထဲမွာ ျမင္ေနရတဲ့ သူ႔ပုံရိပ္ကိုပင္။ဘုန္းျမတ္ဟာ အင္မတန္စည္းစနစ္က်ၿပီး သန႔္ရွင္းသပ္ရက္မႈအလြန္ႀကိဳက္‌ေပမဲ့လို႔ အခုဆိုရင္ျဖင့္ ကုတင္အေပၚမွာ အ၀တ္ေတြက ျပန႔္က်ဲေနေတာ့သည္။အေၾကာင္းကေတာ့ ေကာင္မေလးနဲ႔ဒိတ္ဖို႔ရန္ အ၀တ္အစား၊တစ္စုံၿပီးတစ္စုံ ေ႐ြး၀တ္ေနလည္းပဲ စိတ္သေဘာ၊ဓာတ္မေနာ အေျခမက်ျဖစ္ေနေလသည္။

"ေတာက္!!!ေပါ့ေပါ့ပါးပါး ၀တ္သြားရေအာင္ တစ္ခုမွလည္းမရွိဘူး..."

အ၀တ္အစားပုံေတြၾကားထဲမွာသာ အိက်ႌခ်ိဳင္းျပတ္နဲ႔ စိတ္ပ်က္စြာ ထိုင္ခ်မိေတာ့တယ္။
အသက္ကသာ ၂၅ႏွစ္မျပည့္ေသးတာ ၀ယ္ထားၿပီးတဲ့ အ၀တ္ေတြကေတာ့ အကုန္အေနာက္တိုင္း ကုတ္ေတြ၊စတိုင္ပင္န္ေတြခ်ည္းျဖစ္ေနသည္။
ရည္းစားထားဖို႔လည္း မေတြးမွမေတြးခဲ့ဖူးပဲကို။မဟုတ္လို႔ကေတာ့ ဒိတ္လုပ္ရင္၀တ္ဖို႔၀ယ္ထားမွာေပါ့။
အသက္အစိပ္ျပည့္ခါနီးမွ ကေလးစိတ္ကေပါက္လာျပန္ေတာ့လည္း အခက္သား။

"ကိုကိုေရ...ကိုကို...ဟင္..အ၀တ္ပုံထဲမွာ ဘာထိုင္လုပ္ေနတာလဲ...ေဟာေတာ့္ အက်ႌခ်ိဳင္းျပတ္ႀကီးနဲ႔...ပူလို႔လား..."

"အင္း!!!ဟာ..မဟုတ္ပါဘူး..ဒါနဲ႔လိပ္ျပာကဘယ္က‌ေန ဘယ္လိုအိမ္ထဲကို၀င္လာတာလဲ..."

သူခိုးလူမိဆိုသလို အပူ႐ုပ္ျဖစ္ေနတဲ့ပုံကို ကြယ္ခ်င္တာနဲ႔ပဲ ဘာေတြေမးမိမွန္းကို မသိဘူး။ ေမးလိုက္မိတာက"ဘယ္က‌ေန ဘယ္လိုအိမ္ထဲကို၀င္လာတာလဲ.."တဲ့ ေပါေၾကာင္ေၾကာင္ႏိုင္လိုက္တဲ့ေမးခြန္း..တံခါးက‌ေန ေျခေထာက္နဲ႔လွမ္း၀င္
လာမွန္းကေလးကအစ ေခြးအဆုံးသိတယ္။

"ဒီမွာေလ..ေသာ့..ကိုကိုပဲလိပ္ျပာကို ေပးထားၿပီးေတာ့ ဘာလဲ..မႀကိဳက္ဘူးလား...အဲ့ဒါဆိုလည္း သြားေတာ့မယ္.."

"ဟာ..မလုပ္..မသြားပါနဲ႔ကြာ...ကိုကိုက ရယ္ရမလားလို႔ ျပက္လုံးထုတ္လိုက္တာပါ..မရယ္ရဘူးလား..."

"တစ္စက္မွကို မရယ္ရတာ..ေတာ္ေသးတယ္..ကိုကိုလူ႐ႊင္ေတာ္မလုပ္လို႔...မဟုတ္ရင္ ဘယ္သူမွ မငွားတာနဲ႔ပဲ မြဲျပာက်ေနမွာ...ဒါနဲ႔အက်ႌလဲေတာ့ေလ..
အျပင္သြားရေအာင္...လိပ္ျပာကအခ်ိန္လုၿပီး လာရတာေနာ္...ျမန္ျမန္လုပ္..."

ေကာင္မေလးကလည္း အလွ်င္လိုေနေတာ့ ဘုန္းျမတ္စိတ္အိုက္လာသည္။ကိုယ့္ရည္းစား၀တ္ထားတာက ဂါ၀န္အျဖဴေလးနဲ႔ က်စ္ဆံမွီးေလးႏွစ္ဖက္ခြဲခ်ၿပီး ဘိုမအ႐ုပ္ကေလးလို ခ်စ္စရာေလး။
သူကသာ အေနာက္တိုင္း၀တ္စုံႀကီး တကားကားနဲ႔ဆိုရင္ ခ်စ္သူေတြလို႔မျမင္ၾကပဲ စပြန္ဆာေပးတဲ့ဘဲႀကီးလို႔ ျမင္ၾကမွာေသခ်ာတယ္။

"လိပ္ျပာ...ကိုယ့္ကို အ၀တ္အစားေ႐ြးေပးပါလား..
ကိုယ့္မွာ ေပါ့ေပါ့ပါးပါးအျပင္ကို၀တ္သြားဖို႔မရွိလို႔...လိပ္ျပာရဲ႕အျမင္မွာအဆင္ေျပတာေလး ေ႐ြးေပးပါလား..."

အေစာတည္းက ႀကိဳတင္ႀကံစည္ထားၿပီးသားမို႔ လိပ္ျပာပါးခ်ိဳင့္ေတြေပၚေအာင္ကို ၿပဳံးလိုက္သည္။

"အဲ့အတြက္ေတာ့ လုံး၀စိတ္မပူနဲ႔  ေရာ့ဒီဟာပဲ၀တ္လိုက္ ၿပီးရင္ သြားၾကမယ္..."

"ဘယ္ကိုလဲ..."

"အထည္ဆိုင္.."

"ဟမ္..."

"မြ..ျမန္ျမန္လုပ္ေနာ္..ကိုကို..ဧည့္ခန္းမွာေစာင့္ေနမယ္..."

သူမကေတာ့ ေျပာၿပီး ၿပီးသြားေပမဲ့ ဘုန္းျမတ္မွာေတာ့ အာဘြားအေပးခံလိုက္ရတဲ့ပါးတစ္ဖက္ေၾကာင့္ ႏွလုံးသားတစ္ျခမ္းလည္း ခုန္တက္သြားသည္။
ဘယ္လိုေကာင္မေလးပါလိမ့္။သူမေလးေၾကာက္မွာဆိုးလို႔ အိပ္ခ်င္ေယာင္ေဆာင္ေနပါတယ္ဆို‌ ေနမွ က်ားအေရွ႕ကိုမွလာၿပီးႏွာေခ်ျပေနတယ္။ကိုက္စားပစ္လိုက္ရရင္ေတာ့ အ႐ိုးတစ္ျခား၊အသားတစ္ျခားျဖစ္ကုန္ေတာ့မွာပဲ။
၀င္ေရာက္ ေမႊေႏွာက္လာတဲ့ အေမႊဇယားေတြကို တရားနဲ႔သာစိတ္ျပန္ေျဖရင္း အ၀တ္အစားလဲဖို႔ကိုသာ အာ႐ုံျပန္ဆိုက္လိုက္ပါေတာ့တယ္။

🦋🦋🦋🦋🦋🦋🦋🦋🦋

"ကိုကို႔...ရပ္..ရပ္..ဒီဆိုင္ေရွ႕မွာပဲရပ္..."

"ကြၽီ..."

ခ်စ္သူရဲ႕ စကားတစ္ခြန္းဆို တစ္ခြန္းပါပဲ။ခ်က္ခ်င္းပဲကားကိုဘရိတ္အုပ္ပစ္လိုက္သည္။

"ကိုကို...လာ..အိက်ႌ၀ယ္ၾကမယ္..."

"ဟမ္..."

"လာပါဆိုကိုကိုရာ...လာ.."

အတင္းသူ႔ကိုကားေပၚကေန ဆြဲခ်လာတဲ့သူမေၾကာင့္ ‌အရပ္ရွည္လြန္းတဲ့ဘုန္းျမတ္မွာ ငိုက္ဆိုက္၊ငိုက္ဆိုက္နဲ႔ ပါလာရသည္။
အထည္ဆိုင္ထဲလည္း ေရာက္ေရာ သူမကအေႏြးထည္ ေခါင္းစြပ္လက္ရွည္ ဆင္တူႏွစ္ထည္ကို ေ႐ြးၿပီး သူ႔အားတစ္ထည္လာေပးသည္။

"လိပ္ျပာ...ဒါက ဘာလုပ္မလို႔လဲ..."

"၀တ္ဖို႔ေလ..ကိုကို၀တ္ဖို႔ ဆင္တူ၀တ္ၾကမယ္ေလ..ဒါမွအတြဲေတြမွန္းသိမွာေပါ့..."

"ဟာ...လိပ္ျပာရယ္..ဒီေလာက္ပူတဲ့ရာသီႀကီးမွာ ဒါႀကီးကို၀တ္ထားရင္ ေရေႏြးဇလုံထဲကို ၀င္စိမ္ထားသလို ျပဳတ္ၿပီးသားျဖစ္ေနမွာေပါ့...တစ္ျခားဟာ၀ယ္ပါလားကြယ္..."

အမွန္တရားက ခါးတယ္ဆိုတာသိပ္ကိုမွန္ေနတာပဲ။သူ႔မွာ ဒါေလးေျပာျပမိတာကို ထိုးလိုက္တဲ့မ်က္ေစာင္းဆိုတာ ဟိုဘက္ကား‌လမ္းကိုေတာင္ေရာက္ေတာ့မယ္။

"ဒါဆိုလည္း...ဒီ တီရွပ္ေလး၀တ္ၾကမယ္...ေရာ့..
ဒီမွာ..ကိုကို႔အတြက္ ေဘာင္းဘီဒူးက်ေလး လူငယ္ဆန္တယ္...ဟိုကအ၀တ္လဲခန္းမွာ သြားလဲလိုက္...
လိပ္ျပာလည္း..လဲ၀တ္လိုက္မယ္..."

"ေကာင္းပါၿပီဗ်ာ..."

ဘုန္းျမတ္အ၀တ္လဲခန္းသို႔ ၀င္ၿပီး တီရွပ္အျဖဴနဲ႔ အနက္ေရာင္ေဘာင္းဘီအပြ ဒူးက်ေလးကို၀တ္လိုက္ေတာ့လည္း သူ႔မွာအသက္ ဆယ့္ရွစ္ႏွစ္ေကာင္ေလး ျပန္ျဖစ္သြားသလိုလို ထင္မွတ္မိသည္။
သူ႔ဘ၀မွာ သူစိမ္းမိန္းကေလး တစ္ေယာက္က အ၀တ္အစားေ႐ြးခ်ယ္ေပးတာကို လက္ခံ၀တ္ဆင္မိတာ ဒါပထမဆုံးပါပဲ။
ခ်စ္သူရွိတာ တကယ္ကိုေကာင္းတာပဲ။သူ႔ဘာသာသူဆိုရင္ ဘယ္အ၀တ္ေတြက ဘယ္လိုေနမွန္း သိပ္သိတာမဟုတ္ဘူး။ေဟာ ခ်စ္သူေလးက ဒတ္ခနဲဆိုေ႐ြးေပးၿပီး ၀တ္ခိုင္းေတာ့လည္း ၾကည့္ေကာင္းေနတာပါပဲ။
အ၀တ္လဲခန္းထဲကေန သူထြက္လာေတာ့ လိပ္ျပာကမွန္အေရွ႕မွာ မတ္တက္ရပ္ေနေလသည္။

ဘုန္းျမတ္ရဲ႕ မ်က္လုံးေတြဟာ ခ်က္ခ်င္းပဲျပဴးက်ယ္သြားၿပီး ဆိုင္ထဲမွ ပုရိသေတြမျမင္ေအာင္ ခြၽတ္ထားတဲ့ အိက်ႌနဲ႔ သူမေျခေထာက္ေတြကို ေျပးကာအုပ္လိုက္ရသည္။

"ဟာ...ကိုကို႔...ဘာလုပ္တာလဲ..."

"အဲ့ဒါ...ကိုယ္ကေမးရမွာ..ဘာလို႔ဒီေလာက္တိုတိုေလးကို ၀တ္ရတာလဲ.. တစ္ျခားစကပ္ေျပာင္း၀တ္ကြာ..."

လာျပန္ၿပီေနာက္တစ္ေယာက္။အစ္ကိုေတြအေရွ႕မွာဆိုလည္း အစ္ကိုေတြမို႔လို႔၊အခု ခ်စ္သူကပါ ဒီတစ္ခ်ိဳးတည္းပါလား။ဂ်င္းစကပ္ေလးကလည္း သိပ္တိုတာမဟုတ္ပါဘူး။ဒူးအထက္ေလးနဲနဲပဲ ေရာက္တာကိုမ်ား အကုန္ျပေနတဲ့စတိုင္လ္နဲ႔
အိုဗာ‌‌ေတြ သိပ္လုပ္တာပဲ။

"မရဘူး..ဒါပဲႀကိဳက္တယ္..ဒါပဲ၀တ္မယ္..."

"အိုေကေလ...ဒါဆိုလည္း ဒီဆိုင္မွာရွိတဲ့ အတိုအျပတ္ေတြ အားလုံး၀ယ္သြားၿပီး ကြန္ဒိုကိုပဲ ျပန္ၾကတာေပါ့...အိမ္ေရာက္မွ ကိုယ့္တစ္ေယာက္တည္းကိုပဲ၀တ္ျပ...ဒါပဲ..."

"ဟာ..."

မိန္းကေလးနဲ႔အၿပိဳင္ စိတ္ေကာက္ျပေနတဲ့ ကိုကို႔ပုံစံကိုၾကည့္ၿပီး လိပ္ျပာလက္ဖ်ားပါခါတယ္။
အစ္ကိုေတြေၾကာင့္ ငယ္ငယ္တည္းကအတိုေလးတစ္ခါမွ မ၀တ္ဖူးလို႔၀တ္ၾကည့္ပါတယ္။ခ်စ္သူက ပိုေတာင္ဆိုးေနတယ္။ဒါျဖင့္ရင္ ေရွ႕ေလွ်ာက္
ႏို႔ဆီဗူးထဲမွာပဲ အိမ္ေဆာက္ေနတာ ေကာင္းမယ္ထင္တယ္။

"ဟုတ္ပါၿပီ...အစ္ကိုႀကီးရယ္..ဂ်င္းေဘာင္းဘီပဲ ၀တ္ပါေတာ့မယ္..."

"ဟဲ...ဟဲ..ဒီလိုမွေပါ့..."

အၿမဲခပ္တည္တည္ေနတတ္တဲ့ ကိုကိုကဒီေန႔မွ ဘယ္လိုျဖစ္ၿပီး ေျပာင္စပ္စပ္႐ုပ္ေပါက္ေနသလဲမသိပါဘူး။အရမ္း ကေလးဆန္ေနသလိုပဲ။
လိပ္ျပာကေတာ့ အ၀တ္လဲအခန္းထဲမွ ကိုယ့္ပုံစံကို ျပန္ၾကည့္ၿပီး ငိုမဲ့မဲ့ႀကီးျဖစ္ေနသည္။

"ဂ်င္းစကပ္ကေလးနဲ႔က ပိုလိုက္တဲ့ဟာကို..."

🦋🦋🦋🦋🦋

ကိုကိုက လူမ်ား၊လူစည္တဲ့ေနရာေတြကို သြားေလ့၊သြားထမရွိခဲ့ဘူးဆိုလို႔  လိပ္ျပာအႀကံရလိုက္တာက ကစားကြင္းကိုေခၚလာဖို႔ပါပဲ။
ၿပီးေတာ့ အေမွာင္ေၾကာက္တဲ့ ကိုကို႔အား သရဲအိမ္ကို ၀င္ခိုင္းရမယ္လို႔ေတြးလိုက္တယ္။
ဒါေၾကာင့္ ျပည္သူ႔ရင္ျပင္ကို ေခၚလာၿပီး စိတ္အပန္းေျဖဖို႔ စဥ္းစားမိသြားသည္။
ကစားကြင္းမွာေတာ့ အတြဲေတြ၊မိသားစုလိုက္ေတြနဲ႔လူေတြဆိုတာ စည္ထြက္ေနတာပါပဲ။
လိပ္ျပာနဲ႔ကိုကို ကေတာ့ တစ္ေယာက္လက္ကို တစ္ေယာက္မလႊတ္တမ္း တြဲထားၾကၿပီး ဆင္တူအက်ႌေလး၀တ္ကာ ေလွ်ာက္ပတ္သာၾကည့္ေနမိၾကတယ္။

"ဟာ...ကိုကို...ငယ္ငယ္က တစ္ခါမွ ကေလးကစား‌နည္းေတြကို လြတ္လြတ္လပ္လပ္ မကစားခဲ့ရဘူးဆို..."

"အင္းေလ.."

"ဒါဆို...လာ..."

သူမက  သားေရကြင္းနဲ႔ သံဗူးေလးေတြကို ပစ္တဲ့ဆီသို႔ ေခၚသြားၿပီး သားေရကြင္း ေတြကို ပိုက္ဆံေပး၀ယ္ကာ ဘုန္းျမတ္ရဲ႕လက္ထဲကိုထိုးထည့္ေပးေလသည္။

"ဘာလုပ္ဖို႔လဲ...လိပ္ျပာရဲ႕..."

"ပစ္ဖို႔ေလ..ဟိုမွာ စီထားတဲ့ သံဗူးေလးေတြကို ထိေအာင္ပစ္ႏိုင္ရင္ ဟိုကအေမႊးပြ အ႐ုပ္ႀကီးတစ္႐ုပ္ရမွာတဲ့...ႀကိဳးစားထားေနာ္..."

"ဟမ္..."

"ႀကိဳးစားထားေနာ္"ရဲ႕အေနာက္မွာ "ထိေအာင္ပစ္ေနာ္"ဆိုတဲ့ အရိပ္အေယာင္ေတြကပါလာေတာ့ ခက္ေနေလၿပီ။ပထမတစ္ကြင္းပစ္လိုက္တယ္။
မထိဘူး။ဒုတိယတစ္ကြင္း ပစ္လိုက္တယ္။လြဲတာပါပဲ။ဒီလိုနဲ႔ သားေရကြင္းေတြသာ တစ္ပင္ၿပီးတစ္ပင္ကုန္သြားေပမဲ့ သံဗူးေတြကေတာ့ ေလတိုးလို႔ေတာင္  မေ႐ြ႕သြားဘူး။အားနာနာနဲ႔ပဲ ခ်စ္သူေလးကို ၾကည့္လိုက္ေတာ့ ႏႈတ္ခမ္းႀကီးက တစ္ေတာင္ေလာက္ အေရွ႕ကိုထြက္ေနေလၿပီ။ထင္ထားတဲ့အတိုင္းပါပဲ။

"ကိုကိုကေလ...႐ုပ္ေခ်ာၿပီး...ေျခတံ..လက္တံ...ဒီေလာက္ရွည္ေနပါလွ်က္နဲ႔ ဒါမ်ိဳးၾကေတာ့ သုံးလို႔မရဘူး..."

"ဟာ...လိပ္ျပာရယ္...႐ုပ္ေခ်ာတာနဲ႔ပဲ သားေရကြင္းအပစ္ေတာ္ရမယ္လို႔ ဘုရားကမွ ေဟာမထားခဲ့တာကြာ..."

"ဟင္း...အေျပာကေတာ့ ေ႐ႊမန္းပါပဲရွင္...လိုက္လို႔မမွီပါဘူး..."

ခ်စ္သူေလးက စိတ္ေကာက္ေတာ့လည္း အေျပးလိုက္ၿပီး ေခ်ာ့ရေတာ့တာပါပဲ။

"လိပ္ျပာ...ေနပါအုံးကြာ...သရဲအိမ္ကို ၀င္မလို႔ဆို.."

"မ၀င္ေတာ့ဘူး...ဒီေန႔အတြက္ေတာ့ ရွင့္အေပၚကို ‌ေစတနာ တစ္ျပားတစ္စိေတာင္ မရွိေတာ့ဘူး..."

"တစ္ျပားေတာ့ရွိတယ္လုပ္ပါကြာ..."

"ဘာေျပာတယ္.."

"ဟို...ေစတနာ..ေစတနာကိုေျပာတာပါ..."

လိပ္ျပာကိုကို႔မ်က္ႏွာကို ျပန္ၾကည့္လိုက္ေတာ့ မ်က္ႏွာငယ္ေလးနဲ႔ျဖစ္ေနသည္။လာျပန္ၿပီ၊
ဒီအၾကည့္ေတြ၊ဒီမ်က္ႏွာေပးေတြေၾကာင့္ပဲ လိပ္ျပာအသဲေတြ အရည္ေပ်ာ္ရတာေပါ့။

"ဒီလိုလုပ္...ဟက္ပီးေဝါလ္ဘက္က သရဲအိမ္ကိုသြားၾကမယ္...အဲ့ကပိုေၾကာက္ဖို႔ေကာင္းမယ္ထင္တယ္..."

"လိပ္ျပာရဲ႕ သေဘာဗ်ာ..."

သေဘာေကာင္းလြန္းေနတဲ့ ကိုကို႔ေၾကာင့္ လိပ္ျပာကိုကို႔လက္ေမာင္းကို ခ်ိပ္ထားလိုက္ၿပီး ကိုကို႔ပုခုံးကိုမွီကာ ေပ်ာ္ေပ်ာ္ပါးပါးဟက္ပီး‌ေဝါလ္သို႔ ခ်ီတက္ေလေတာ့သည္။

႐ိုလာကိုစတာ စီးဖို႔တန္းစီေနၾကတဲ့လူေတြရဲ႕အနားကိုအေရာက္မွာေတာ့ လိပ္ျပာရဲ႕ျမင္ကြင္းထဲမွ
လူႏွစ္ေယာက္ကို ျမင္ဖူးသလိုလိုရွိတယ္ဆိုၿပီး ၾကည့္ေနမိသည္။

"ဟင္...အစ္ကိုႀကီးနဲ႔...အစ္ကိုေလး..."

"ဘယ္မွာလည္း...လိပ္ျပာရဲ႕..."

"ဟိုမွာ. .."

အစ္ကိုေတြရွိရာဆီသို႔ ကိုကိုျမင္ဖူးရန္လက္ညႇိဳးထိုးျပလိုက္ခ်ိန္မွာပဲ လိပ္ျပာတို႔ဘက္ကို လွည့္ၾကည့္လာသည့္ အစ္ကိုႀကီးေၾကာင့္ လိပ္ျပာခ်က္ခ်င္းပဲ ခႏၶာကိုယ္ကို တစ္ပတ္လွည့္ပစ္လိုက္ကာ မေျပး႐ုံတမယ္ ေလွ်ာက္ေနမိသည္။ဒုကၡပဲ ျမင္သြားၿပီလား မသိဘူး။ခုဏက အစ္ကိုႀကီး လိပ္ျပာကိုလွမ္းၾကည့္လိုက္တာ ေသခ်ာေနသလိုပဲ။

ဘုန္းျမတ္မွာေတာ့ အစ္ကိုေတြကိုျမင္တာနဲ႔ သူ႔ကိုေတာင္ထားခဲ့ၿပီး လွစ္ကနဲေျပးသြားတဲ့ေကာင္မေလးကို နားမလည္ႏိုင္ျဖစ္ေနရသည္။
သူ႔အစ္ကိုေတြၾကည့္ရတာ ႐ုပ္ေတြကခပ္ေျဖာင့္ေျဖာင့္နဲ႔ သေဘာေကာင္းမဲ့ပုံေတြပါပဲ။
လိပ္ျပာလိုမ်ိဳး ကေလး႐ုပ္‌ ေပါက္ၿပီး မိန္းမေခ်ာေခ်ာတဲ့ တစ္ေယာက္က ပိုလို႔ေတာင္ သေဘာေကာင္းမဲ့႐ုပ္‌ပါ။လိပ္ျပာက ဘာလို႔မ်ား
ဒီေလာက္လွိမ့္ေၾကာက္ေနရတာလဲ။ေတြ႕သြားလည္း ေအးတာပဲဥစၥာ။

"လိပ္ျပာ...ကိုယ့္ကိုေစာင့္အုံးေလ..."

"မေစာင့္ႏိုင္ဘူး...ကိုယ့္ေျခေထာက္ ကိုယ္သုံးၿပီး သာအမွီလိုက္ခဲ့ေပေတာ့...လိပ္ျပာကေတာ့ ေသမွာေၾကာက္တယ္..."

ဘုန္းျမတ္မွာ ဘာမွန္း၊ညာမွန္းေတြးမေနေတာ့ပဲ သူမ ေျပာတဲ့အတိုင္းသာလိုက္နာလိုက္ရပါတယ္။စိတ္ထဲမွာေတာ့ ေတးထားလိုက္သည္။
"ေယာက္ဖေတြ...ေယာက္ဖေတြ...တည့္ေအာင္ေပါင္းထားမွ ျဖစ္မယ္..."

🦋🦋🦋🦋🦋🦋

အမွားပါရင္ေဝဖန္ေထာက္ျပႏိုင္သလို ႀကိဳက္ႏွစ္သက္ရင္ vote ေပးႏိုင္ပါတယ္

Continue Reading

You'll Also Like

124K 2.7K 44
ဦးနဲ့ ကလေး ရိုပြီး ချိုပါသည်😁
122K 1.8K 9
ငယ်ကတည်းက မိဘနှစ်ပါးကကွာရှင်းခဲ့တဲ့အပြင် ဆွေမျိုးသားချင်းတွေကပါ အနိုင်ကျင့်တာကိုခံခဲ့ရ၍ လိုအပ်တာထက်ကို စိတ်ဓာတ်မာကြောနေသော နိုခြူးကိုကို ရွှေလင်ဗန်းန...
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
78.2K 2K 23
ပဲခူးသူ​ကောင်မ​လေးနဲ့ရှမ်းပြည်နယ်ကလာတဲ့​ကောင်​လေးတစ်​ယောက်ရဲ့သူငယ်ချင်းအချစ်ဇာတ်လမ်း​လေးပါ... ဆင်းရဲတဲ့မိဘမဲ့​ကောင်မ​လေး ပိုက်ကွန်နွယ် နဲ့ ချမ်းသာပြီ...