Unicode
အပိုင်း (၁၁၀)
နောက်တစ်ရက်တွင် လုရှန်းကျစ်က ယဲ့ကျန်းကို မနက်စောစောလာခေါ်ပြီး ရွှီလောင်နှင့်သွားတွေ့ရန် ပြောသည်။
“အစ်ကိုကြီး ညီမ အရှင်ရွှီနဲ့မတွေ့ချင်ပါဘူး၊ ညီမ မိန်းကလေးတစ်ယောက်လေ သူ ညီမကို လက်ခံမှာမဟုတ်ဘူး”
ယဲ့ကျန်းက ပြောသည်။
“အစ်ကိုကြီး ကြားထားတဲ့အတိုင်းဆိုရင် အရှင်ရွှီမှာ ထူးဆန်းတဲ့ စိတ်နေသဘောထားရှိတယ်၊ လူတွေက သူက တစ်ခုခုကို တွေးနေတယ်လို့ အမြဲတမ်း ထင်နေမိတတ်ကြတယ်၊ ဘာပဲဖြစ်ဖြစ် သူက အဖိုးကြီးတစ်ယောက်လေ၊ သာမန်လူတွေနဲ့တော့ ကွာခြားတာပေါ့၊ ဖြစ်နိုင်တာက ညီမလေးကိုတောင် ကျောင်းသူအဖြစ် လက်ခံလောက်တယ်”
လုလင်ကျစ်က ရယ်လျက်ပြောသည်။
အကြည့်များဖြင့် ယဲ့ကျန်းက မျက်ခုံးကိုပင့်ကာ သူ့အားကြည့်သည်။
“ညီမကို ခေါ်လာခဲ့ခိုင်းတာ လုလင်ကျစ်များလား"
လုရှန်းကျစ်၏မျက်နှာရှိအပြုံးက ပျောက်သွားပြီး ခပ်တင်းတင်း ဆူတော့၏။
“ယောင်ယောင် မင်းပြောနေတာ မင်းရဲ့အကြီးဆုံးအစ်ကိုနော်၊ ဒီလိုနောက်ပိုင်း မရိုမသေထပ်ခေါ်တာ ကြားရမယ်ဆိုရင်တော့ အမေ့ကိုပြောပြီး ဆူခိုင်းရလိမ့်မယ်”
လုရှန်းကျစ်က ယဲ့ကျန်းအား ပထမဆုံးအကြိမ် သည်လိုပြောလာခြင်း ဖြစ်သည့်အတွက် သူမ မင်သက်သွားခဲ့ရ၏။
“ယောင်ယောင် အစ်ကိုကြီးက ညီမလေးကို ဆူချင်လို့မဟုတ်ပါဘူး၊ ဒါပေမဲ့ စိတ်ထားကောင်းဖို့ အရေးကြီးတယ်၊ ဒီစိတ်နေသဘောထားအပြုအမူက ဆိုးရွားနေတယ် လေ၊ ညီမလေး အနာဂတ်မှာအကယ်ဒမီမှာ တက်တာပဲဖြစ်ဖြစ်၊ လက်ထပ်သွားတာပဲ ဖြစ်ဖြစ် ဒီအတိုင်း ဆက်ဖြစ်နေရင် မကောင်းဘူး”
လုရှန်းကျစ်က သူ့ညီမ၏အမူအရာကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို အေးစက်မှုက ပျော့ပျောင်းသွားပြီး သင်ပြပေးတော့သည်။
ယဲ့ကျန်းက တိတ်ဆိတ်စွာသာ နားထောင်သည်။ သူမ၏ လုလင်ကျစ်အပေါ် ထားသောအပြုအမူက ထူးဆန်းကြောင်း သူမသည်လည်းသိ၏။ မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင် သူမက လုယောင်ယောင်ဖြစ်နေသည့်တိုင်အောင် လုယောင်ယောင်အစစ် မဟုတ်ပေ။ ထို့ကြောင့် လုလင်ကျစ်ကို မြင်ချိန်တိုင်း သွေးများ ဆူပွက်လာပြီး ထိုသူ့အား ချက်ချင်းဆိုသလို သတ်ပစ်လိုက်ချင်၏။
“ညီမ သိပါပြီ”
ယဲ့ကျန်းက ခပ်တိုးတိုးပြောသည်။ သူမ ပြုံးပြီးဆက်ပြော၏။
“ညီမ နောက်ကျရင် အကြီးဆုံးအစ်ကိုနဲ့ စကားသေချာပြောလိုက်ပါ့မယ်”
လုရှန်းကျစ်က သက်ပြင်းချပြီး သူမ၏ခေါင်းကိုပုတ်၏။
“ယောင်ယောင် အခု နယ်စပ်မြို့မှာ မဟုတ်တော့ဘူးနော်၊ ညီမလေးအနေနဲ့ ဆန္ဒရှိတဲ့အတိုင်း လုပ်ချင်တာကိုလုပ် သွားချင်တာကို သွားလို့မရတော့ဘူးနော်၊ အရာအားလုံးက ကွာခြားသွားပြီ”
“အင်း”
ယဲ့ကျန်းက တိတ်ဆိတ်စွာသာ တုံ့ပြန်လိုက်သည်။ မနေ့က တစ်မိသားစုလုံး၏အရှေ့တွင် သူတို့အား လျှိုရှီက အရှက်ခွဲခဲ့၏။ အနာဂတ်တွင် ပို၍ အလှည့်အပြောင်း ဖြစ်နိုင်သေးသည်။ ထို့ကြောင့် သူမသည်လည်း သတိထားရပေမည်။
“အကြီးဆုံးအစ်ကိုက ညီမလေး မနက်ဖြန် စာမေးပွဲသွားဖြေမဲ့ အကြောင်းကိုတောင် တွေးနေသေးတာ၊ သူက ညီမလေးနဲ့အတူ လမ်းထွက်လျှောက်ချင်နေတာ၊ တကယ်လို့ ညီမလေး အရှင်ရွှီရဲ့လမ်းကြောင်းကို မသွားချင်ဘူးဆိုရင်တောင်မှ အပန်းဖြေတဲ့အနေနဲ့ အပြင်ထွက်ပြီး အနားယူသင့်သေးတယ်၊ မနက်ဖြန်အတွက် အရမ်းစိုးရိမ်နေဖို့ မလိုအပ်ပါဘူး”
လုရှန်းကျစ်၏အသံက ပျော့ပျောင်းသွား၏။
ယဲ့ကျန်းက ပြောသည်။
“ညီမ မသွားဘူး၊ ဆရာမရှန်းက ဒီနေ့ ထွက်သွားတော့မှာ၊ ညီမ လိုက်ပို့ရလိမ့်မယ်”
လုရှန်းကျစ်လည်း အံ့ဩသွားသည်။
“ဆရာမရှန်းက ဘယ်နေရာကို သွားမှာလဲ”
ညီမ မသိဘူး။
ယဲ့ကျန်းက ခေါင်းကို ညင်သာစွာခါပြီးပြောသည်။
“ဆရာမရှန်းက ညီမကို မပြောဘူး”
“ကောင်းပြီလေ၊ ဒီလိုဆိုလည်း အကြီးဆုံးအစ်ကိုနဲ့ အစ်ကိုကြီးကပဲ အရှင်ရွှီရဲ့နေရာကို ခေါ်သွားပေးပါ့မယ်”
ထိုကိစ္စက ဆရာမရှန်း သူမ၏အိပ်ဆောင်မှ ထွက်လာသည်အထိ ကြာသွားသည်။
“ယောင်ယောင် သွားလိုက်ပါ”
ယဲ့ကျန်းက မျက်မှောင်ကြုတ်သည်။
“ဆရာမ”
“ငါက မြို့မှာနေခဲ့တာ၊ မင်း ငါ့ကို လိုက်ပို့ဖို့မလိုပါဘူး၊ ရွှီလောင်က အတော်ခွကျတဲ့အဖိုးကြီးပဲ၊ သူသာ မင်းကို ကိစ္စအနည်းငယ် သင်ပေးနိုင်မယ်ဆိုရင် အနာဂတ်အတွက် အကျိုးကျေးဇူး အများကြီးရပါလိမ့်မယ်”
ဆရာမရှန်းက သည်ဝမ်းကွဲနှစ်ယောက် ပြောနေသည့်စကားကို အဆောင်ထဲမှ ကြားခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် သူမက ထွက်သွားရန် ပြင်ဆင်လိုက်တော့၏။
လုရှန်းကျစ်က ရယ်သည်။
“ဆရာမရှန်း ပြောတာမှန်တယ် ညီမလေး၊ ဒါက ရှားပါးတဲ့အခွင့်အရေးပဲ သွားကြစို့”
မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ယဲ့ကျန်းက ဆရာမရှန်းကို ကြည့်ပြီးနောက် တစ်ဖက်က ခေါင်းညိတ်ပြကြောင်း မြင်လိုက်ရလေရာ သူမ လက်ရမ်းပြလိုက်မိတော့၏။ သူမ နေချင်လျှင်ပင် တစ်ဖက် သွားခိုင်းနေလေပြီ။ သူမ ဆက်နေ၍မရပေ။
လုရှန်းကျစ်က ယဲ့ကျန်းကို အရှေ့ဘက်ခြံဝင်းထံသို့ ခေါ်သွား၏။ ထိုနေရာတွင် လုလင်ကျစ်က သူတို့အား ရထားလုံးအတွင်းတွင်ပင် ဝင်၍စောင့်နေခဲ့ချေပြီ။
“အကြီးဆုံးအစ်ကို”
လုလင်ကျစ်ကို သူမ မလေးစားဟု လုရှန်းကျစ် တွေးသွားမည်အား စိုးရိမ်ပြီး ရှောင်ရှားလိုသောအနေဖြင့် ခပ်ကျယ်ကျယ် နှုတ်ဆက်လိုက်သည်။
လုလင်ကျစ်ကလည်း သူမ ရောက်လာကြောင်းမြင်သည်။ သူ၏အပြုံးက နက်ရှိုင်းသွား၏။
“ယောင်ယောင် ဒီမှာ ရထားလုံးအသစ် ပြင်ထားတယ်၊ လာ သွားကြစို့”
သူမက လုလင်ကျစ်နှင့် ရထားလုံးတစ်စီးတည်း မစီးချင်ပေ။ သို့သော် သူမတွင် ရွေးချယ်စရာမရှိပေ။
...
Zawgyi
အပိုင္း (၁၁၀)
ေနာက္တစ္ရက္တြင္ လုရွန္းက်စ္က ယဲ့က်န္းကို မနက္ေစာေစာလာေခၚၿပီး ႐ႊီေလာင္ႏွင့္သြားေတြ႕ရန္ ေျပာသည္။
“အစ္ကိုႀကီး ညီမ အရွင္႐ႊီနဲ႕မေတြ႕ခ်င္ပါဘူး၊ ညီမ မိန္းကေလးတစ္ေယာက္ေလ သူ ညီမကို လက္ခံမွာမဟုတ္ဘူး”
ယဲ့က်န္းက ေျပာသည္။
“အစ္ကိုႀကီး ၾကားထားတဲ့အတိုင္းဆိုရင္ အရွင္႐ႊီမွာ ထူးဆန္းတဲ့ စိတ္ေနသေဘာထားရွိတယ္၊ လူေတြက သူက တစ္ခုခုကို ေတြးေနတယ္လို႔ အၿမဲတမ္း ထင္ေနမိတတ္ၾကတယ္၊ ဘာပဲျဖစ္ျဖစ္ သူက အဖိုးႀကီးတစ္ေယာက္ေလ၊ သာမန္လူေတြနဲ႕ေတာ့ ကြာျခားတာေပါ့၊ ျဖစ္နိုင္တာက ညီမေလးကိုေတာင္ ေက်ာင္းသူအျဖစ္ လက္ခံေလာက္တယ္”
လုလင္က်စ္က ရယ္လ်က္ေျပာသည္။
အၾကည့္မ်ားျဖင့္ ယဲ့က်န္းက မ်က္ခုံးကိုပင့္ကာ သူ႕အားၾကည့္သည္။
“ညီမကို ေခၚလာခဲ့ခိုင္းတာ လုလင္က်စ္မ်ားလား"
လုရွန္းက်စ္၏မ်က္ႏွာရွိအၿပဳံးက ေပ်ာက္သြားၿပီး ခပ္တင္းတင္း ဆူေတာ့၏။
“ေယာင္ေယာင္ မင္းေျပာေနတာ မင္းရဲ႕အႀကီးဆုံးအစ္ကိုေနာ္၊ ဒီလိုေနာက္ပိုင္း မရိုမေသထပ္ေခၚတာ ၾကားရမယ္ဆိုရင္ေတာ့ အေမ့ကိုေျပာၿပီး ဆူခိုင္းရလိမ့္မယ္”
လုရွန္းက်စ္က ယဲ့က်န္းအား ပထမဆုံးအႀကိမ္ သည္လိုေျပာလာျခင္း ျဖစ္သည့္အတြက္ သူမ မင္သက္သြားခဲ့ရ၏။
“ေယာင္ေယာင္ အစ္ကိုႀကီးက ညီမေလးကို ဆူခ်င္လို႔မဟုတ္ပါဘူး၊ ဒါေပမဲ့ စိတ္ထားေကာင္းဖို႔ အေရးႀကီးတယ္၊ ဒီစိတ္ေနသေဘာထားအျပဳအမူက ဆိုး႐ြားေနတယ္ ေလ၊ ညီမေလး အနာဂတ္မွာအကယ္ဒမီမွာ တက္တာပဲျဖစ္ျဖစ္၊ လက္ထပ္သြားတာပဲ ျဖစ္ျဖစ္ ဒီအတိုင္း ဆက္ျဖစ္ေနရင္ မေကာင္းဘူး”
လုရွန္းက်စ္က သူ႕ညီမ၏အမူအရာကို ျမင္လိုက္သည္ႏွင့္ ခ်က္ခ်င္းဆိုသလို ေအးစက္မႈက ေပ်ာ့ေပ်ာင္းသြားၿပီး သင္ျပေပးေတာ့သည္။
ယဲ့က်န္းက တိတ္ဆိတ္စြာသာ နားေထာင္သည္။ သူမ၏ လုလင္က်စ္အေပၚ ထားေသာအျပဳအမူက ထူးဆန္းေၾကာင္း သူမသည္လည္းသိ၏။ မည္သို႔ပင္ဆိုေစ လက္ရွိအခ်ိန္တြင္ သူမက လုေယာင္ေယာင္ျဖစ္ေနသည့္တိုင္ေအာင္ လုေယာင္ေယာင္အစစ္ မဟုတ္ေပ။ ထို႔ေၾကာင့္ လုလင္က်စ္ကို ျမင္ခ်ိန္တိုင္း ေသြးမ်ား ဆူပြက္လာၿပီး ထိုသူ႕အား ခ်က္ခ်င္းဆိုသလို သတ္ပစ္လိုက္ခ်င္၏။
“ညီမ သိပါၿပီ”
ယဲ့က်န္းက ခပ္တိုးတိုးေျပာသည္။ သူမ ၿပဳံးၿပီးဆက္ေျပာ၏။
“ညီမ ေနာက္က်ရင္ အႀကီးဆုံးအစ္ကိုနဲ႕ စကားေသခ်ာေျပာလိုက္ပါ့မယ္”
လုရွန္းက်စ္က သက္ျပင္းခ်ၿပီး သူမ၏ေခါင္းကိုပုတ္၏။
“ေယာင္ေယာင္ အခု နယ္စပ္ၿမိဳ႕မွာ မဟုတ္ေတာ့ဘူးေနာ္၊ ညီမေလးအေနနဲ႕ ဆႏၵရွိတဲ့အတိုင္း လုပ္ခ်င္တာကိုလုပ္ သြားခ်င္တာကို သြားလို႔မရေတာ့ဘူးေနာ္၊ အရာအားလုံးက ကြာျခားသြားၿပီ”
“အင္း”
ယဲ့က်န္းက တိတ္ဆိတ္စြာသာ တုံ႕ျပန္လိုက္သည္။ မေန႕က တစ္မိသားစုလုံး၏အေရွ႕တြင္ သူတို႔အား လွ်ိုရွီက အရွက္ခြဲခဲ့၏။ အနာဂတ္တြင္ ပို၍ အလွည့္အေျပာင္း ျဖစ္နိုင္ေသးသည္။ ထို႔ေၾကာင့္ သူမသည္လည္း သတိထားရေပမည္။
“အႀကီးဆုံးအစ္ကိုက ညီမေလး မနက္ျဖန္ စာေမးပြဲသြားေျဖမဲ့ အေၾကာင္းကိုေတာင္ ေတြးေနေသးတာ၊ သူက ညီမေလးနဲ႕အတူ လမ္းထြက္ေလွ်ာက္ခ်င္ေနတာ၊ တကယ္လို႔ ညီမေလး အရွင္႐ႊီရဲ႕လမ္းေၾကာင္းကို မသြားခ်င္ဘူးဆိုရင္ေတာင္မွ အပန္းေျဖတဲ့အေနနဲ႕ အျပင္ထြက္ၿပီး အနားယူသင့္ေသးတယ္၊ မနက္ျဖန္အတြက္ အရမ္းစိုးရိမ္ေနဖို႔ မလိုအပ္ပါဘူး”
လုရွန္းက်စ္၏အသံက ေပ်ာ့ေပ်ာင္းသြား၏။
ယဲ့က်န္းက ေျပာသည္။
“ညီမ မသြားဘူး၊ ဆရာမရွန္းက ဒီေန႕ ထြက္သြားေတာ့မွာ၊ ညီမ လိုက္ပို႔ရလိမ့္မယ္”
လုရွန္းက်စ္လည္း အံ့ဩသြားသည္။
“ဆရာမရွန္းက ဘယ္ေနရာကို သြားမွာလဲ”
ညီမ မသိဘူး။
ယဲ့က်န္းက ေခါင္းကို ညင္သာစြာခါၿပီးေျပာသည္။
“ဆရာမရွန္းက ညီမကို မေျပာဘူး”
“ေကာင္းၿပီေလ၊ ဒီလိုဆိုလည္း အႀကီးဆုံးအစ္ကိုနဲ႕ အစ္ကိုႀကီးကပဲ အရွင္႐ႊီရဲ႕ေနရာကို ေခၚသြားေပးပါ့မယ္”
ထိုကိစၥက ဆရာမရွန္း သူမ၏အိပ္ေဆာင္မွ ထြက္လာသည္အထိ ၾကာသြားသည္။
“ေယာင္ေယာင္ သြားလိုက္ပါ”
ယဲ့က်န္းက မ်က္ေမွာင္ၾကဳတ္သည္။
“ဆရာမ”
“ငါက ၿမိဳ႕မွာေနခဲ့တာ၊ မင္း ငါ့ကို လိုက္ပို႔ဖို႔မလိုပါဘူး၊ ႐ႊီေလာင္က အေတာ္ခြက်တဲ့အဖိုးႀကီးပဲ၊ သူသာ မင္းကို ကိစၥအနည္းငယ္ သင္ေပးနိုင္မယ္ဆိုရင္ အနာဂတ္အတြက္ အက်ိဳးေက်းဇူး အမ်ားႀကီးရပါလိမ့္မယ္”
ဆရာမရွန္းက သည္ဝမ္းကြဲႏွစ္ေယာက္ ေျပာေနသည့္စကားကို အေဆာင္ထဲမွ ၾကားခဲ့ၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ သူမက ထြက္သြားရန္ ျပင္ဆင္လိုက္ေတာ့၏။
လုရွန္းက်စ္က ရယ္သည္။
“ဆရာမရွန္း ေျပာတာမွန္တယ္ ညီမေလး၊ ဒါက ရွားပါးတဲ့အခြင့္အေရးပဲ သြားၾကစို႔”
မ်က္ရည္ဝဲေနေသာ မ်က္ဝန္းမ်ားျဖင့္ ယဲ့က်န္းက ဆရာမရွန္းကို ၾကည့္ၿပီးေနာက္ တစ္ဖက္က ေခါင္းညိတ္ျပေၾကာင္း ျမင္လိုက္ရေလရာ သူမ လက္ရမ္းျပလိုက္မိေတာ့၏။ သူမ ေနခ်င္လွ်င္ပင္ တစ္ဖက္ သြားခိုင္းေနေလၿပီ။ သူမ ဆက္ေန၍မရေပ။
လုရွန္းက်စ္က ယဲ့က်န္းကို အေရွ႕ဘက္ၿခံဝင္းထံသို႔ ေခၚသြား၏။ ထိုေနရာတြင္ လုလင္က်စ္က သူတို႔အား ရထားလုံးအတြင္းတြင္ပင္ ဝင္၍ေစာင့္ေနခဲ့ေခ်ၿပီ။
“အႀကီးဆုံးအစ္ကို”
လုလင္က်စ္ကို သူမ မေလးစားဟု လုရွန္းက်စ္ ေတြးသြားမည္အား စိုးရိမ္ၿပီး ေရွာင္ရွားလိုေသာအေနျဖင့္ ခပ္က်ယ္က်ယ္ ႏႈတ္ဆက္လိုက္သည္။
လုလင္က်စ္ကလည္း သူမ ေရာက္လာေၾကာင္းျမင္သည္။ သူ၏အၿပဳံးက နက္ရွိုင္းသြား၏။
“ေယာင္ေယာင္ ဒီမွာ ရထားလုံးအသစ္ ျပင္ထားတယ္၊ လာ သြားၾကစို႔”
သူမက လုလင္က်စ္ႏွင့္ ရထားလုံးတစ္စီးတည္း မစီးခ်င္ေပ။ သို႔ေသာ္ သူမတြင္ ေ႐ြးခ်ယ္စရာမရွိေပ။
...