~My Enemy ~(Completed)
By nayyihlawin
16.7K 1.7K 228
"ငါမင်းကို ရအောင်ဖမ်းပြမှာ Jeon Jungkook" "ကိုယ့်ကိုကိုယ် $ထင်ကြီးလွန်းနေတာပဲ Park Jimin" More
Ep-1(uni+Zg)
Ep-3(uni+Zg)
Ep-1(Zg)
Ep-4(uni+Zg)
Ep-5(uni+Zg)
Ep-6(uni+Zg)
Ep-7(uni+Zg)
Ep-8(uni+Zg)
Ep-9(uni+Zg)
Ep-10(uni+Zg)
Ep-11(uni+Zg)
Ep-12(uni+Zg)
Final(uni+Zg)
Jiminအတွက်Jungkookရေးထားခဲ့သောစာ
Ep-2(uni+Zg)
1.3K 146 0
By nayyihlawin
Ep2
အစည်းအဝေးခန်းရှေ့သို့ရောက်သောအခါ တံခါးခေါက်သံပြု၍ အခန်းထဲသို့ ဝင်လိုက်ပြီး စားပွဲ၏ထိပ်ဆုံးခုံတွင်ထိုင်နေသူက တောင်ကိုရီးယားနိုင်ငံရဲ့ ကာချုပ် သူ့ဘေးတွင်တော့ သူ၏ Security 2ယောက်နှင့် ဋ္ဌာနမှူး။ ခေါင်းညွတ်နှုတ်ဆက်ပြီးသည်နှင့်Jmက
"ကျနော့ကို ခေါ်တယ်ဆိုလို့ပါ.... ဋ္ဌာနမှူး"
ထိုအခါဋ္ဌာနမှူးဆိုသူက Jmကိုတလှည့် ခုံတွင်ထိုင်နေသော ကာချုပ်ကိုတလှည့်ကြည့်၍
"ဟုတ်တယ် Jimin....မင်းကိုတွေ့ပေးစရာလူရှိတယ်"
ထိုသို့ပြောသောအခါ Jmက ကာချုပ်သို့လှမ်းကြည့်လိုက်သည်။ထိုအခါ ကာချုပ်က
"ငါမဟုတ်ဘူး....မင်းနဲ့တွေ့ပေးမှာက အမေရိကန်အကြမ်းဖက်နှိမ်နင်းရေးခေါင်းဆောင် Mr.Joe ပဲ သူကအခုဖြစ်သွားတဲ့caseမှာ ငါတို့နိုင်ငံကတာဝန်ရှိတယ်လို့ ယူဆနေတယ်...ဒါကြောင့် ရာထူးတူ အတွေ့အကြုံတူတဲ့မင်းနဲ့တွေ့ပေးချင်တာ..... ဒါကိုသူ့ဘက်ကလည်းလက်ခံတယ်....မင်းဘက်ကရော Jimin "
Jm's pov~အဟက်!လူတွေများ ကိုယ်ညံံ့လို့ ကိုယ်ခံရတာကို ဟိုလူ့တာဝန်ယူဒီလူ့တာဝန်ယူနဲ့
Jmကစိတ်ထဲမှာတော့တွေးလိုက်ပြီး အပြင်တွင်တော့
"ကောင်းပါပြီ ကျနော်သူနဲ့တွေ့လိုက်ပါမယ် ကာချုပ်"
Jmရဲ့အဖြေကို ကြားသည်နှင့်ဋ္ဌာနမှူးက အသိအမှတ်ပြုသောသဘောဖြင့် ခေါင်းတချက်ညိတ်၍ တစ်နေရာသို့phခေါ်လိုက်သည်။phပြောပြီးသည့်နောက်Jmအား
"ထိုင်ဦးလေ.... Jimin"
Jmလည်းဋ္ဌာနမှူးပြောတဲ့အတိုင်း သူတို့နဲ့တခုံကျော်မှာ ဝင်ထိုင်နေလိုက်သည်။ မိနစ်အနည်းငယ်အကြာတွင်......အစည်းအဝေးခန်းတံခါးအားအသံပြု၍ လူတယောက်ဝင်​လာသည်။ထိုသူက အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွား ကတုံးဆံပင်ပေါက် အသားအရေအညိုဘက်သန်းနေ၍ ကိုရီးယားနိုင်ငံသားတော့မဖြစ်နိုင်.........ဒါဆို Mr.Joeဖြစ်နိုင်တယ်လို့ Jmက ကောက်ချက်ချသည်။
ထိုသူကJmအရှေ့တွင် နေရာယူ၍ သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။(Eလိုမရေးတော့ဖူးနော်😁)
"ကျနောက Joe Henry ပါ... အမေရိကန် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်တယောက်ပါ"
ထိုသူမိတ်ဆက်ပြီးသည်နှင့်ဋ္ဌာနမှူးက
"ဟုတ်ကဲ့ပါMr.Joe....ဒါကတော့ကျနော်တို့ နိုင်ငံရဲ့ကာချုပ်ပါ...ပြီးတော့မျက်နှာချင်းဆိုင်ထိုင်နေသူက Jiminပါ သူလည်း အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင်ပါပဲ........ ကျနော်ကတော့ဒီဋ္ဌာနရဲ့ဋ္ဌာနမှူးပါ"
ဋ္ဌာနမှူးမိတ်ဆက်ပေးသောကြောင့်Jm အရှေ့မှာရှိနေသော Mr.Joeအား တချက်ကြည့်လိုက်သည်။ထိုအခါ Mr.Joeကလည်းJmအား ကြည့်၍ ခေါင်းတဆက်ဆက်ညိတ်ပြသည်။ပြီးသည်နှင့် Mr.Joeက
"ကျနောအခုဒီလိုလာတွေ့ရတဲ့အကြောင်းအရင်းက ပြီးခဲ့တဲ့Juneလ အစမှာဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့အကြီးဆုံး ငွေသားလုယူမှုကြောင့်ပဲ အဲ့ဒီcaseကို ဦးဆောင်ခဲ့တဲ့သူက ခင်ဗျားတို့ကိုရီးယားနိုင်ငံသားလို့ သတင်းရထားတယ်...ပြီးတော့ သူလုယူသွားတာကငွေသားတင်မဟုတ်ဘူး....တဖက်နိုင်ငံကသမ္မတဆီ လက်ဆောင်ပဏ္ဏာပို့ပေးရမယ့် ရတနာတွေပါ ပါသွားတယ်.....အခုဒီကိစ္စကြောင့် ငါတို့2နိုင်ငံက မိတ်ပျက်ရတော့မယ်...အဲ့တော့ မင်းတို့ဘက်ကဘယ်လိုတာဝန်ယူမှာလဲ"
Mr.Joe၏စကားဆုံးသည်နှင့် ကာချုပ်မှာမျက်စိပျက်မျက်နှာပျက်ဖြစ်နေပြီးဋ္ဌာနမှူးကတော့Jmအားကြည့်နေသည်ကိုတွေ့ရသည်။ဆိုလိုတာကတော့ မင်းပြောလိုက်လေ ဆိုတဲ့သဘောမျိုးနဲ့..... ။
ထိုအခါJmကလည်း
"ကိုရီးယားနိုင်ငံသားဆိုတဲ့ သက်သေရှိလား ပြီးတော့ဒါက ပြောရမယ်ဆိုရင်.......ခင်ဗျားတို့ရဲ့ပေါ့ဆမှူကြောင့်လည်းပါတယ်လေ...... ခင်ဗျားတို့လုံခြုံရေးညံံံ့လို့ ပိုက်ဆံတွေအကုန်ပါသွားရတာပဲ......"
Jmစကားမဆုံးသေးခင်မှာပဲ Mr.Joeကအစည်းအဝေးခုံကို အသံမြည်အောင်ရိုက်ချ၍ မတ်တတ်ရပ်ပြီး ဒေါသထွက်နေသောလေသံဖြင့်
"မင်းဘာစကားပြောတာလဲ...အဲ့ကောင်ကငါတို့နိုင်ငံထဲကို တရားမဝင်လာနေ နေတာ သူ့အကြောင်းမြေလှန်ပြီးစုံစမ်းနေတာတောင် ဘာမှမသိရသေးဘူး...ကိုရီးယားနိုင်ငံသားဟုတ်မဟုတ်ဆိုတဲ့ သက်သေဟုတ်လား...Jeon Jungkook....သူ့နာမည်ကJeon Jungkook ....."
Mr.Joeကအခန်းထဲကလူတွေကို တချက်ဝေ့ကြည့်ပြီးတော့နှုတ်ခမ်း တဖက်တွန့် မဲ့ပြုံး ပြုံး၍
"နာမည်ကိုကြားရုံနဲ့ဘယ်နိုင်ငံသားမှန်း မင်းတို့လည်းသိလောက်မှာပါ....တကယ်လို့ဒီကိစ္စကို မင်းတို့ဘက်ကတာဝန်မယူပေးဘူးဆိုရင် မင်းတို့နိုင်ငံနဲ့ငါတို့နိုင်ငံရဲ့မဟာမိတ်လည်းပျက်သွားမယ်....အဓိက က သူ ကိုရီးယားကိုပြန်ရောက်နေတယ်လို့ သတင်းရထားတယ်"
Mr.Joeရဲ့ စကားကိုကြားသည်နှင့် Jmကာချုပ်ကိုကြည့်မိသည့်အခါ ကာချုပ်က တခုခုကိုတွေးတောနေဟန်.....ပြီးသည်နှင့် Jmဘက်သို့လှည့်၍
"ငါတို့နိုင်ငံထဲ ပြန်ရောက်နေတယ်ဆိုရင်တော့ ငါတို့ရအောင် ဖမ်းမှရမယ်....မဟုတ်ရင်အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရမဲ့ ကိစ္စတွေတန်းဆီပြီးဖြစ်လာလိမ့်မယ်......ဆိုတော့ဒီကိစ္စကို Mr.Joeနဲ့ အတူပူးပေါင်းပြီး တရားခံကိုရအောင်ဖမ်းရမယ်Jimin.....ဒါမင်းအတွက်တာဝန်ပဲ"
ကာချုပ်ကထိုသို့ပြောသောအခါ Mr.Joeကရောဋ္ဌာနမှူးကပါ Jmအားကြည့်နေကြသည်။
Ep-2(Zg)
Jm's pov~အဟက်!လူတွေများ ကိုယ်ညံ့လို့ ကိုယ်ခံရတာကို ဟိုလူ့တာဝန်ယူဒီလူ့တာဝန်ယူနဲ့
"ထိုင်ဦးလေ.... Jimin"
ထိုအခါJmကလည်း
"ကိုရီးယားနိုင်ငံသားဆိုတဲ့ သက်သေရှိလား ပြီးတော့ဒါက ပြောရမယ်ဆိုရင်.......ခင်ဗျားတို့ရဲ့ပေါ့ဆမှူကြောင့်လည်းပါတယ်လေ...... ခင်ဗျားတို့လုံခြုံရေးညံ့လို့ ပိုက်ဆံတွေအကုန်ပါသွားရတာပဲ......"
Continue Reading
You'll Also Like
27K 150 4
Dee Dee 🐑 အပြာစာပေ
30.3K 4K 26
sᴏ ʜᴇʀᴇ ɪ ᴄᴏᴍᴇ ᴡɪᴛʜ sᴇᴀsᴏɴ 𝟸 ᴏғ ᴛʜᴇ ᴍᴏsᴛ ᴅᴇᴍᴀɴᴅᴇᴅ ɪᴛᴠ sᴇʀɪᴀʟ ᴍᴀᴅᴅᴀᴍ sɪʀ❤️..ʜᴇʀᴇ ʏᴏᴜ ɢᴜʏs ɢᴏᴛ ᴡɪᴛɴᴇss ᴏғ ᴛʜᴇ ɴᴇᴡ ᴊᴏᴜʀɴᴇʏ ᴏғ ᴍᴘᴛ ᴍᴇᴍʙᴇʀs ᴀғᴛᴇʀ ᴛʜᴇ ʙᴏ...
38.1K 2.7K 34
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...
Fate By v xxxiri v
Short Story
16.7K 1.1K 10
A story of a young boy Vishnu who lives along with his cold brothers in India, wishing to be taken care and loved by them