ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~
အပိုင်း-19
ခွန်း အခန်းထဲတွင် ဆူပုပ်နေသော ကလေးမကိုကြည့်ကာ တုတ်တုတ်မလှုပ်ရဲပင် ဖြစ်နေရသည်။ သူလေးနဲ့မှ ကြောက်စိတ်တွေတောင်ဖြစ်မိသည်။
ခွန်း ဒီတိုင်း တစ်ညခင်းလုံး ထိုင်နေလို့မဖြစ်တာကြောင့် စကားပြောရန် အဟမ်းဆိုပြီး ချောင်းဟန့်လိုက်သည်။
*ခများ ဘာဖြစ်နေတာလည်း ထွက်မှာဖြင့်ထွက် မုန်းချင်စရာကြီး*
*မင်းလေးက ဘယ်တော့ချစ်မှာလည်းကွာ ပြောလိုက်တိုင်း အမုန်းကြားထဲကကို မထွက်ဘူး *
*ခများ ကိုယ်တိုင် လုပ်နေတာလေ မကြိုက်ပါဘူးဆိုလည်း ဇွတ်တွေလုပ်တာ
ထွက်သွား အခန်းထဲက ထပ်မဝင်လာနဲ့*
*ဟ ငါမင်းလင်ပါကွ ငါ့ကို အခန်းထဲ ဝင်မခံလို့ မင်းက ဘယ်ကောင်ကို ဝင်ခံချင်လို့လည်း ပြောစမ်းပါအုန်း အဟက်*
*ဘာ ရှင်ဘာပြောတယ် ကျွန်တော့ကို ဘယ်လိုလူမျိုးထင်နေတာလည်း
ခများလောက် အောက်တန်းကျမနေဘူး အဟင်း ခုထွက်သွားဗျာ
ကျွန်တော့ကို လာမပတ်သတ်နဲ့ မုန်းတယ် မုန်းတယ်*
ခွန်း စိတ်ညစ်ညစ်နဲ့သာ အပြင်ကို ထွက်လာခဲ့လိုက်သည်။ ဒီလိုကြီးဖြစ်နေရင်
သူတို့ အိမ်ထောင်ရေး အဆင်ပြေပါတော့မလား။ ကလေးမက ငယ်သေးလို့ဘဲ
သူ့စေတနာ မေတ္တာတွေကို နားမလည်တာလား ။ နားလည်အောင်ကော မကြိုးစားကြည့်လို့လား။။ ဟာကွာ သူရင့်ကျက်အောင် စောင့်နေရင် ငါအဖိုးကြီးဖြစ်သွားမှာပေါ့။ မစောင့်နိုင်ဘူး မင်းမကြည်ဖြူလည်း ကိုယ့်အပိုင်ဘဲ ကလေးမရယ်။
ခွန်း စိတ်ညစ်ညစ်နဲ့ ဝရံတာသို့ထွက်ကာ ဆေးလိပ်ဖွာနေလိုက်သည်။
ဒီကလေးမရဲ့ အချစ်ကို ရဖို့ ဘယ်လိုလုပ်ရမလည်း ။သူက ယောကျာ်းလေးစိတ်ဖြစ်နေ တော့ပိုဆိုးသေးသည်။ မိန်းကလေးပုံစံပြန်ဖြစ်ဖို့ကလည်း သူမလေး ခွန်းကို ချစ်လာမှသာ အလားလာ ရှိသည်။
*ဟျောင့် မေမကေ ထမင်းစားမယ်တဲ့ တစ်ယောက်ထဲဘာတွေဆွေးနေတာလည်းဟ
လာစမ်းပါ သွားစားရအောင်*
*စားချင်စိတ်မရှိဘူးကွာ ဟိုတစ်ယောက်ကိုဘဲ ခေါ်ကျွေးလိုက်
သူစားပြီးမှ ငါ့ကိုလာခေါ်*
*အေ့ပါကွာ ဒီက ငယ်ကျွန်ကြီး လုပ်ပေးပါ့မယ်ခမျ*
ခွန်း ပြုံးသယောင်လေး သမ်းသွားရပေမယ့် စိတ်ထဲတွင်တော့ မပြုံးနိုင်ပါ။
ယောကျာ်းဘဲ ခံနိုင်ရည် ရှိရမှာပေါ့ ဆိုပေမယ့် တစ်ခါမှ မချစ်ဖူး နုနယ်သေးတဲ့ နှလုံးသားလေးကတော့ နာကျင်မှု သေးသေးလေးတောင် ခံနိုင်ရည်မရှိပေ။
*ဒေါက် ဒေါက် *
*ခများကို မလာနဲ့လို့ပြောထားတာလေ လာပြန်ပြီလား *
ဟိုလူအထင်နှင့်သာ ခေတ်အော်ပြောလိုက်သည်။ သို့ပေမယ့် တံခါးက ဆက်ခေါက်နေတုန်းပင်။ ဖုန်းကြည့်နေရာမှ ထသွားလိုက်ပြီး စောင့်စောင့်အောင့်အောင့်ဖြင့်တံခါးဖွင့်ပေးလိုက်သည်။
*ဘာလည်း ပြော ....ဟင်*
ခေတ်ထင်ထားတဲ့ ဟိုလူကြီး ဟုတ်မနေပေ။ သူ့ငယ်ချင်းဆိုသော လူပင်။
ဘာလာလုပ်တာလည်းမသိပေမယ့် ယဉ်ကျေးပြမနေတော့ပေ။
*အဟင်း မေမကေ ထမင်စားမယ်တဲ့ *
*ဟုတ်ကဲ့ *
ခေတ် ပြောလည်းပြော တံခါးပြန်ပိတ်ကာ အောက်သို့ဆင်းလာခဲ့လေသည်။
*လာလာ သမီးလေး *
*ဟုတ်ကဲ့မေမေ*
ထမင်းစားပွဲတွင် ဟိုလူကြီးကို မတွေ့ရပေ။ သူဘယ်ရောက်နေတာလည်း
ပြောလိုက်တာများ လွန်သွားလို့လား။ပြန်တော့မတောင်းပန်နိုင်ပါ။သူကိုယ်တိုင်လာစတာဘဲမလားလေ။ မချစ်တော့ရင်လည်း ကောင်းတာပေါ့ ဟွန့်...။
*သားရောင် သားခွန်းရော *
*အော် မေမေ သူက မစားသေးဘူးတဲ့ မဆာသေးလို့တဲ့*
*အော် အေးအေး ပြီးရင် ထပ်သတိပေးလိုက်အုန်းနော် တော်ကြာ အစာအိမ်ပြန်ဖြစ်နေမှာစိုးလို့ *
ခေတ် စားပြီး တာနဲ့ အခန်းဆီသွားကာ ဖုန်းသာ ပြန်ကြည့်နေလိုက်သည်။
ဟိုလူကြီး ဘာဖြစ်ဖြစ် စိတ်ထဲ ထည့်မထားပေ။ အရမ်းချစ်ရင် အမြတ်ကြီးတယ်တဲ့
သူ့ကို ချစ်တယ် ဒါပေမယ့် ဇွတ်တရွတ် လုပ်တဲ့အတွက် မုန်းသည်။
မချစ်မိအောင်ကြိုးစား နေမိ သည်။ နှလုံးသားလေးကလည်း အလိုက်မသိစွာဘဲ သူမှသူ ဖြစ်နေလေရဲ့။
ခွန်း အပြင်မှာ ဘဲ ခုံလေးပေါ် ခေါင်းတင်ရင်း အိပ်ပျော်သွားခဲ့သည်။
ကိုယ်ပေါ်ကြည့်လိုက်တော့ စောင်လေးတစ်ထည်။ ကိုယ်တိုင်လည်း မခြုံထားပါဘဲ
ဘယ်က ဘယ်လို ရောက်လာတာလည်း ခွန်းမသိပေ။
ဟိုကလေးမများလား မဟုတ်လောက်ပါဘူးလေ သူက မုန်းနေတာဘဲ။
မေမေ ဘဲနေမှာပါ။
တကယ်တော့ ခေတ်ကိုယ်တိုင်ပင် မနေနိုင်မထိုင်နိုင် သွားခြုံပေးထားခြင်းပင် ဖြစ်သည်။ အဲ့လူကြီးက သေချာကြည့်တော့ လည်း သိပ်ကို ချစ်စရာကောင်းသည်။
မနက် အစော ခွန်းနိုးနေပြီး သူမ မနိုးခင် အလုပ်ကို အစောသွားလိုက်သည်။
တစ်နေကုန်လည်း ခြံထဲတွင်သာ ကုန်ဆုံးလိုက်သည်။ သူမလေးကို တွေ့နေရင်
ဒိလူရင်မှာ နာကျင်ရမှ မဟုတ်လားလေ ။အဲ့တော့ မတွေ့အောင်ဘဲ ရှေင်နေလိုက်တော့သည်။
ညစာစားပွဲဝိုင်းလေးတွင် လူတွေစုံနေပေမယ့် လူကြီးတော့မရှိပေ။
သူမရှိတော့ ထမင်းစားပွဲက ခြောက်ကပ်နေလေသည်။
*မေမေ ညီငယ်ကို ဘုရားပွဲခေါ်သွားအုန်းမယ် *
*ဟုတ်သား မေမေ အဲ့တာ မေ့နေတာ
သမီးကော သွားချင်လား*
*ဟုတ်ကဲ့ သွားချင်တယ်မေမေ*
*သားရောင် ညီမလေးကိူရော ခေါ်သွားလို့ရလား *
*ဟုတ် ရပါတယ် မေမေ
ညီမလေး လိုက်မာလား ညီငယ်ကော ပါတယ်ဆိုတော့ လမ်းဘေးကောင်တေ ရန်စမှာ စိတ်ပူစရာမလိုဘူး ညီငယ်က ဒီနားသုံးရွာ လောက်ကာင်တေ ချီးသိမ့်နေအောင်ကြောက်ကြတယ်*
*တကယ်ကြီးလား ကိုစက် *
စက် ဘက်သို့လှည့်ကာ စိတ်လှုပ်ရှားသောအမူယာလေးနှင့် မျက်လုံးလေးပြူးကာ မေးလိုက်လေသည်။ အကိုရောင်ကို ပြန်ကြည့်လိုက်တော့လည်း ခေါင်းအခါခါညိမ့်ပြသည်။
*ဟုတ်တယ် မင်းအကိုက လူဆိုးခေါင်းဆောင်ကြီး ဟားဟား
စတာပါကွာ တကယ်တော့ ကိုယ့်ကို ကိုကြီး မျက်နာနဲ့မို့ ကြောက်နေကြတာ
ကိုကြီးက သူ့ကိုအမှား တစ်ခုလုပ်မိရင်ကိုခွင်မလွှတ်တာကွာ ကိုယ်တောင်ကြောက်ရတယ်*
အဟင်းဟင်း ဟီးး
ခေတ်နဲ့များ တစ်ခြားစီ ။ခေတ်ကို အဲ့လူကြီးက ပုန်ကေြာက်နေရတာ မဟုတ်လား။ခေတ်ကတော့ ဂရုကို မစိုက်ပါ။ ကြောက်လည်း မကြောက်နေပါ။
ကြောက်နေရင် ပိုအတင့်ရဲမာ မဟုတ်လား ဟွန့်။
ဘုရားပွဲသာပြောသည် ညဈေးတန်းကလည်းအကျယ်ကြီးပင် လူကလည်း အတော်ကိုများသည်။ အဆိုတော်တွေလည်း ရှိသည်ဟုကြားသည်။
အကိုရောင်နဲ့ ကိုစက်ကလည်း ခေတ်ကို အလည်တွင်ထားကြသည်။ ်နားကြည့်ကြည့်ကောင်လေးတွေ အတော်ကိုများသည်။ ဟိုလူကြီးများတွေ့ရင် ဘယ်လောက်တောင် သဝန်တိုနေလိုက်မလည်း။
ခစ်ခစ်......
*ဘာတွေရီနေတာလည်း ညီမလေး*
*အဟီး ဘာမှဟုတ်ပါဘူး ပျော်စရာကြီးဘဲလို့*
*ဟိုကောင်နဲ့ ဘယတွေဖြစ်ထားကြတာလည်း ညီမလေး *
*ဘာမှ မဖြစ်ထားပါဘူး*
*ကိုစက် ဟိုးမာ ဝက်သားဒုတ်ထိုး ဝယ်ကျွေးပါလားဟင်*
*အဟားဟား စကားပလ္လင်ခံနေစရာမလိုပါဘူးကွာ
ကြိုက်သလောက်သာစား ကိုယ့်ညီမလေးဘဲဟာကို *
*ပြီးရော လာခဲ့ အကိုရောင်ကော ကိုစက်ကော *
သုံးယောက်သား ဝက်သားဒုတ်ထိုးဆိုင်တွင် စားလိုက်ကြတာ အတော်ပင်များသွားသည်။ ပြီးမှတော့ ဘာတွေ ဖြစ်မလည်း မသိပေ။ ပွဲထဲများရောက်နေမလားလို့
ဟိုလူကြီးကို ရှာလိုက်ရတာလည်း အမောပေ။
ဆက်ရန်..............