My Husband Hates Me ( Complet...

By Eros_90

1.8M 81.1K 3.3K

" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန... More

Review ( Uni + Zaw )
Part - 1 ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( Unicode )
Part - 2 ( Zawgyi )
Part - 3 ( Unicode )
Part - 3 ( Zawgyi )
Part - 4 (Unicode)
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 ( Zawgyi )
Part - 6 (Unicode)
Part - 6 ( Zawgyi )
Part - 7 ( Unicode )
Part - 7 ( Zawgyi )
Part - 8 ( Unicode)
Part - 8 ( Zawgyi )
❗Please ❗(Uni+Zaw)
Part - 9 ( Unicode) ❗
Part - 9 ( Zawgyi) ❗
Part - 10 (Unicode)
Part - 10 ( Zawgyi)
Part - 11 ( Unicode)
Part - 11 ( Zawgyi)
Part - 12 ( Unicode )
Part - 12 ( Zawgyi )
Part - 13 ( Unicode )
Part - 13 ( Zawgyi )
Part - 14 (Unicode)
Part - 14 ( Zawgyi )
Part - 15 ( Unicode)
Part - 15 ( Zawgyi)
Part - 16 ( Unicode )
Part - 16 ( Zawgyi)
Please ❗❗❗ (Uni+Zaw)
Part - 17 ( Unicode)
Part - 17 ( Zawgyi)
Part - 18 ( Unicode )
Part - 18 ( Zawgyi )
Part - 19 ( Unicode )
Part - 19 ( Zawgyi )
Part - 20 ( Unicode )
Part - 20 ( Zawgyi )
Part - 21 ( Unicode )
Part - 21 ( Zawgyi )
Part - 22 ( Unicode )
Part - 22 ( Zawgyi )
Part - 23 ( Unicode)
Part - 23 ( Zawgyi )
Part - 24 ( Unicode)
Part - 24 ( Zawgyi )
Part - 25 ( Unicode)
Part - 25 ( Zawgyi)
❗❗Please
Part - 26 ( Unicode )
Part - 26 ( Zawgyi )
Part - 27 ( Unicode)
Part - 27 (Zawgyi)
Part - 28 ( Unicode)
Part - 28 ( Zawgyi)
Part - 29 ( Zawgyi)
Part - 30 ( Unicode)
Part - 30 ( Zawgyi)
Part - 31 ( Unicode)
Part- 31 ( Zawgyi)
Thank you for all ( uni+Zaw)
Book
Fiction Review ( Uni + Zaw )
မကိုဋ်ထွဋ်ခေါင် ( မကိုဋ်ထွဋ်ခေါင် ) (Artist - Alexi_Heyzel)
သကျထကျပနျ ( သက်ထက်ပန် ) ( Artist - A Nai )
နှစ်ဖက်လှ PC Preorder Gift ( Arist- Kaung Mon Hein (Ika))
Head Chibi Diecut Bookmark ( Artist -Jiro Illustration )
Book Cover & Book Details ( Artist -Jumper )
Limited Gift

Part - 29 ( Unicode)

36.7K 1.8K 58
By Eros_90

အပိုင်း -၂၉


" ကိုကိုက အရာအားလုံးကိုအမှန်တိုင်းပြောပြရင်
ဗိုက်ထဲကပိစိလေးနဲ့ ပြန်မတိုင်ဘူးဆိုတာတကယ်
လား ကိုကို့ကလေးလေး "

*
*
*
*
*
*
*
*

ရုတ်တရက်ကြားလိုက်ရသည့်အသံကြောင့် ထိုအသံပိုင်ရှင်
ကိုကြည့်မိလိုက်သည့်အခါ ပြုံးစစမျက်နှာနှင့်
ကိုယ့်ကိုကြည့်နေသူကို တွေ့လိုက်ရသည်။

" ကို ... ကိုကို "

" အရမ်းစိုးရိမ်နေတာလား ကိုကို့ကလေးလေး "

" ကို ကိုကို အဟင့်!!"

ဝမ်းသာစိတ်ကြောင့် ဘာစကားမှမပြောနိုင်သေးဘဲ
ကုတင်ပေါ်လှဲနေရသူ၏ ရင်ဘက်ဆီကိုခေါင်းမှောက်ချ
လိုက်ရင်း ငိုနေလိုက်မိတော့၏ ။ ကိုယ်ငိုနေတာကို
တားဆီးလာခြင်းမရှိတဲ့သူက ကိုယ့်ဆံပင်လေးတွေကိုတော့
ပတ်တီးစီးထားခြင်းမရှိသည့်လက်နဲ့ အသာဖွဖွလေး
ပွတ်သပ်ပေးနေသည်။ ကိုယ်ကတော့ အားရအောင်
ငိုပြီးမှ သူရင်ဘက်ပေါ်ကနေမျက်နှာကိုခွာလိုက်သည့်အခါ

" အာ့!!! "

အသံက တိုးတိုးဆိုမှ တကယ့်ကိုတိုးတိုးလေး။ ဒါပေမဲ့
နာလို့ညည်းသံလေးထွက်လာမှန်း သိသာစေသည်။
ဒီတော့မှ သက်ထက်လည်း ကိုယ်ငိုနေသည့်အချိန်က
ကိုကို့ဝမ်းဗိုက်ကနေ ရင်ဘက်နားအထိရောက်အောင်
ပတ်တီးစီးထားရသည့်နေရာကိုဖိထားမိမှန်း သတိထား
မိသွားတော့သည်။

" ဟာ တောင်းပန်ပါတယ်ကိုကို သားက ဒဏ်ရာကို
ဖိလိုက်မိတယ်ထင်တယ်၊ နာသွားမှာပေါ့ တကယ်တောင်း
ပန် ... "

တောင်းပန်နေမိသည့် စကားပင်မဆုံးသေးခင် ကိုယ့်ရဲ့
ဦးခေါင်းကိုဆွဲနှိမ့်ခံလိုက်ရပြီး နှုတ်ခမ်းသားတွေပူနွေး
သွားရတော့သည်။ အချိန်အတော်ကြာအောင်
နှုတ်ခမ်းတွေကို သိမ်းပိုက်ခံထားရပြီး အနမ်းတွေကနေ
လွတ်မြောက်သွားရသည့်အခါမှတော့ ကိုကို့ရဲ့
အပြုံးတွေနဲ့မျက်နှာကိုတွေ့လိုက်ရတော့၏ ။

" တော်ပါသေးရဲ့ ကိုကို့ရဲ့ကလေးလေးက
ကိုယ့်အနားကိုပြန်လာပေးလို့လေ ပြန်မလာချင်တော့ဘူး
ထင်နေတာ ၊ ပြန်မလာတော့ဘူးလို ပြောလာမှာကို
စိုးရိမ်နေမိတာပါ "

ကိုကို့ရဲ့မျက်နှာကပြုံးနေပေမယ့် ကိုကို့ရဲ့စကားသံတို့က
ဆိုနင့်နေဆဲ ။ ဒီလူက သူမမပါရင် ဘယ်သံသရာကိုမှ
ခရီးမဆက်ချင်တာ မသိလေရော့သလားဗျာ။

" တောင်းပန်ပါတယ် ကျွန်တော်ကအထင်လွဲခဲ့မိတာတွေ
ကြောင့် ကိုကိုအများကြီးပင်ပန်းခဲ့ရမှာပဲ "

ကိုယ့်စကားကြောင့် ကိုကိုက ခေါင်းကိုဖြေးညှင်းစွာ
ခါပြလာရင်း

" မဟုတ်တာ တောင်းပန်စရာမလိုပါဘူး ကိုယ်ကမှားခဲ့
တာတွေလဲရှိခဲ့တာပဲဟာ၊သက်ထက်လေးက ဘာလို့
တောင်းပန်ရမှာလဲ၊ မှားတဲ့လူကတောင်းပန်ကြေးဆို
ကိုယ်ကသာ သက်ထက်လေးကိုတောင်းပန်နေရမယ့်
ကောင်ပါ၊ အမှန်တိုင်းဝန်ခံရရင် ဖေဖေနဲ့သက်ထက်
မေမေအသတ်ခံရတဲ့ကိစ္စက ကိုယ့်ပယောဂမကင်းဘူး၊
လူဇော်ဆိုတဲ့ကောင်က ကိုယ်နဲ့ရန်ညှိုးရှိခဲ့တာလေ၊
ကိုယ်မြန်မာပြည်မှာမရှိတုန်း ကိုယ့်အကြောင်းတွေကို
စုံစမ်းဖို့ သက်ထက်တို့အိမ်ကိုသွားခဲ့တာ ၊ အိမ်မှာ
ဘယ်လိုအတိုက်အခံဖြစ်တယ်ဆိုတာကို သေသေချာချာ
မသိလိုက်ပေမယ့် ကိုယ့်ကြောင့် သက်ထက်မိဘတွေ
ကိုဆုံးရှုံးလိုက်တာက အမှန်တရားပါ ကိုယ့်က
လူ့အရိုင်းအစိုင်းကောင်ပါ ၊ တကယ်ကိုအများကြီး
ထိခိုက်နာကျင်သင့်တဲ့ကောင်ပဲ"

သက်ထက်ကတော့ ကိုကို့လက်တစ်ဖက်ကိုသာ
တင်းကျပ်စွာကိုင်ထားမိရင်း

" ကိုကိုက အဲလိုတွေဖြစ်အောင် တမင်ရည်ရွယ်ပြီး
လုပ်ခဲ့တာမှမဟုတ်တာ ၊ ဒီလိုအခြေအနေတွေကို
ဖြစ်လာပါစေလို့မရည်ရွယ်ခဲ့တဲ့အတွက် ကိုကို့အမှား
မဟုတ်ပါဘူး၊ ကိုကိုက ရိုင်းခဲ့တယ်ဆိုရင်တောင်
လူယုတ်မာတစ်ယောက်မဟုတ်ခဲ့ဘူးလေ၊ကိုကိုမှာသာ
ယုတ်မာတဲ့စိတ်မျိုးရှိနေခဲ့ရင် သားကိုတာဝန်ယူပေးဖို့အထိ
ကိုကို တွေးပါ့မလား၊ အဲအချိန်တုန်းက သားကို
မချစ်သေးတဲ့အချိန် ၊ ကိုယ်နာကျည်းနေတဲ့မိသားစု
ရဲ့တစ်ဦးတည်းသောသွေးသားကို ပစ်ထားလို့ရတဲ့
အခြေအနေမှာတောင် တာဝန်ယူပေးခဲ့တဲ့သူပါ၊
အဲလိုတွေကြောင့်ပဲ ကိုကိုက နာကျင်ထိခိုက်ခံစားရတာ
မျိုး တွေကြုံရဖို့မတန်တဲ့သူပါ "

ကြားလိုက်ရသည့်စကားကြောင့် မကိုဋ်မှာပြောစရာ
စကားတို့ ပျောက်ရှခဲ့ရလေတော့သည်။ကိုယ်ကအများကြီး
ကြိုတွေးပြီး စိုးရိမ်စိတ်ဝင်နေခဲ့ရတာတွေကို ဒီကလေးက
ခွင့်လွှတ်ပေးနိုင်တယ်တဲ့။သူ့မိသားစုတွေပျက်စီးခဲ့ရတာ
ကိုယ့်ပယောဂမကင်းဘူးဆိုတာကို သိနေတာတောင်
သူဘက်ကနေ အများကြီးသဘောထားကြီးပေးနေတော့
တာပါပဲ ။ဒီကလေးမျိုးကို အစောကြီးထဲကမချစ်မိလို့
တောင်းပန်ပါတယ်လို့သာ ပြောဖို့တက်နိုင်တော့သည်။

ကိုယ့်အပေါ်ကို နားလည်ပေးနိုင်လွန်းတဲ့ကောင်လေးကြောင့်
ကျန်နေတဲ့အမှားတွေကို ဆက်ပြီးဝန်ခံဖို့အတွက်
အားအင်ဖြစ်လာရတောသည်။ကုတင်ပေါ်မှာလှဲနေရာကနေ
ထပြီးထိုင်မိတော့ ကိုယ်နေရတာ သက်တောင့်သက်သာ
ဖြစ်အောင်ကူညီပေးပြန်သည်။

ကုတင်ဘောင်ကိုအား အားပြုကာမှီပြီးထိုင်လိုက်သည်။

" လင်းမြတ်က ဘာတွေပြောသွားသေးလဲ သက်ထက်လေး"

အကြောင်းဆုံကို ဖြစ်ကြောင်းကုန်စင်ဝန်ခံမယ်လို့တွေး
ထားပြီးသားမို့ အရင်ဆုံးတပည့်ကျော်က ဘာတွေလမ်းခင်း
ပေးထားလဲဆိုတာကို သိဖို့လိုအပ်လေပြီ။ ဒီကောင်က
ရေငုံနှုတ်ပိတ်နေမယ့်သူမဟုတ်မှန်း ကိုယ်သိထားပြီးသား။
ဒါကြောင့်ပဲ ကြိုပြီးမေးလိုက်တာဖြစ်၏ ။

သက်ထက်ကလည်း လင်းမြတ်အနေနဲ့ သူ့ကိုပြောခဲ့တာ
တွေကိုအားလုံးပြောပြရှာသည်။သူပြောပြတာတွေကို
နားထောင်ပြီးကာမှ

" လူဇော်ကတော့ သူ့တရားသူစီရင်သွားပါပြီ ၊
သက်ထက်အတွက် သွေးကြွေးတွေအတွက်ကတော့
သူ့အကုသိုလ်က သူ့ကိုပြန်ပြီးတရားစီရင်သွားတာလို့
မှတ်လိုက်ပါ ၊ ဝဋ်ဆိုတာနောင်ဘဝကူးတာမျိုးမှမဟုတ်
တာ ၊ ထက်မြတ်ဦးလည်း ထိုက်သင့်တဲ့အပြစ်ကြွေးကို
ဆပ်နေရမှာပါ၊ သူတို့နှစ်ယောက်ရဲ့အကြောင်းကို
သက်ထက်လေးက ဒီနေ့ကစပြီး လုံးဝမတွေးဘဲ
နေလို့ရသွားပြီ၊ နောက်နောင်ဆိုရင် ကိုယ်တို့်မိသားစုကို
နည်းနည်းလေးတောင် ဒုက္ခပေးနိုင်တော့မှာမဟုတ်ဘူး "

" သူ သူတို့သေသွားတာလားဟင် "

မေးလာသည့်အသံလေးက တကယ်ပင်ထိတ်လန့်
နေသလိုမျိုးလေးမို့ ရှေ့ဆက်ရမယ့်ဘဝတစ်လျှောက်လုံး
ဒီကလေးအရှေ့မှာ ကိုယ့်ရဲ့ အနေအထိုင်အပြောဆိုတွေ
အားလုံးကို သတိထားရမယ်ဆိုတာကို သေသေချာချာ
လေး တေးမှတ်ထားမိပြန်သည်။ သက်ထက်ရဲ့ပါးပြင်လေး
ကို အသာအသာဖျစ်ညှစ်လိုက်ရင်း

" ထက်မြတ်ဦးက သူ့အဖေဆီပြန်ရောက်သွားပြီ
ဒါပေမဲ့သူနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုဘူး၊
ကိုယ်တို့အပေါ် သူယုတ်မာခဲ့တဲ့အကျိုးဆက်ကိုသူပြန်ပြီး
ခံစားနေရပြီ၊ သက်ထက်လေးက သူ့ကိုဘယ်တော့မှ
ပြန်တွေ့စရာအကြောင်းမရှိတော့ဘူး ၊လူဇော်ကတော
သူတို့အဖွဲ့သားအချင်းချင်းပြဿနာဖြစ်ရင်း အသတ်ခံ
လိုက်ရတယ်၊ သူ့အလောင်းကို ကိုယ့်မျက်စိနဲ့တပ်အပ်
မြင်ခဲ့ရတယ်လေ "

" သြော်!!!!"

ကိုယ်ပြောသမျှကိုယုံနေရှာတဲ့ကောင်လေးကို ဒီတစ်ခါ
ထပ်ပြီးလိမ်ပြောမိတဲ့အတွက်တော့စိတ်ထဲကနေသာ
တောင်းပန်လိုက်မိတော့သည်။ကောင်းကျိုးမရှိသည့်
အရာတွေကို ဒီကလေးမသိတာပိုပြီးကောင်းတယ်မဟုတ်
လား ။

" ဒါနဲ့လေကိုကို ဟို "

" ဘာပြောချင်လို့လဲ ကိုကို့ကလေးလေးက "

" ကိုကို့ဒဏ်ရာတွေက ဘယ်လိုရလာတာလဲ "

ဗိုက်နားမှာရှိနေသည့်ပတ်တီးလေးကို သူ့လက်လေးနဲ့
အသာဖွဖွတို့ထိရင်းမေးလာရှာလေသည်။
မျက်နှာကတော့ပြိုတော့မယ့်မိုးလို့ ညိုမဲလို့။

" အင်း သက်ထက်ကိုအများကြီးနာကျင်စေခဲ့မိလို့
ကိုကို့ဘာသာဒဏ်ပေးလိုက်တာလို့ပဲ သိထားလိုက်ပါ
လားကလေးရယ် ၊ အခုကိုကိုလည်း ဘာမှအန္တရာယ်
မရှိတော့ဘူးလေ ၊ စိတ်မချမ်းသာစရာတွေကို
မေ့ထားပြီး ရှေ့ဆက်ပျော်ပျော်ရွှင်ရွှင်နေကျရအောင်နော် "

ဒီလိုတွေပြောမိတော့လည်း အသာတကြည်ခေါင်းညှိမ့်ပြ
လာရှာသည်။ ဆုပ်ကိုင်ထားမိသည့်လက်လေး၏
လက်ဖမိုးလေးကို အသာအယာနမ်းလိုက်ရင်း

" ကိုကို့ကလေးလေးကို မချစ်ဘူးလို့ပြောခဲ့မိတဲ့အတွက်
တောင်းပန်ပါတယ်၊ အဲအချိန်တုန်းက ကလေးတစ်ယောက်
ထဲ စိတ်ပင်ပန်းဆင်းရဲနေမှာပေါ့ ၊ကိုကိုက တကယ်မကောင်းခဲ့မိတာ တောင်းပန်ပါတယ် "

" သား အဲအကြောင်းတွေ ပြန်မတွေးချင်တော့ဘူး ၊
လွှတ်ချလိုက်ပြီး မေ့ထားလိုက်ချင်ပြီ ၊ ပင်ပန်းရတဲ့
ဒဏ်ကို သားတကယ်ခံနိုင်ရည်မရှိလောက်တော့ဘူး "

" ဟုတ်ပြီ ပြန်မတွေးတော့နဲ့နော်၊အခုကိုကိုက
ဒီကလေးတစ်ယောက်ထဲကိုပဲ အရမ်းချစ်တာသိထားပေး ၊
အခုရောနောင်ရော သက်ထက်လေးကိုအများကြီး
ချစ်နေမှာ၊အစားထိုးပြီးချစ်တာမဟုတ်ဘူး ၊
ကိုယ်ရဲ့စိတ်နှလုံးသားထဲကနေကို နင့်နင့်သဲသဲ
အရမ်းချစ်သွားတာ ၊သက်ထက်လေးမှမရှိရင် ကိုယ်က
အသက်ရှင်ဖို့တောင်ခက်ခဲရတော့မယ်အထိ ချစ်မိသွားတာ"

" ကိုကို တကယ် တကယ်ပြောတာလားဟင်"

ကိုယ့်ရဲ့ဝန်ခံစကားကြောင့် သူ့ခမျာအသံလေးတွေ
တောင်တုန်နေရှာလေပြီ။ဒီကလေးက တကယ်ကိုပင်
ဟန်မဆောင်တက်တာ ။

" တကယ်ပါ တကယ်ပြောတာ ညာပြောရင် မျက်ခမ်းစွံ
မှာဆိုးလို့ ညာမပြောရဲပါဘူး ၊ကိုကို့ဘဝမှာ
သက်ထက်လေးမရှိရင်မဖြစ်တော့ဘူး ၊ကိုယ့်ဘဝရဲ့
အရှင်သခင်က သက်ထက်ပန်ဆိုတဲ့မင်လေးပဲမို့
ဘဝတစ်လျှောက်လုံး ကိုယ့်ကိုမင်းကြိုက်သလို
အနိုင်ယူလို့ရတယ်၊ကိုယ်ကအပြစ်မမြင်ပဲ အများကြီး
ချစ်ပြီးရင်းချစ်ပေးနေမယ် "

ကိုယ့်စကားဆုံးတဲ့အချိန် ရင်ခွင်ထဲခေါင်းတိုးဝင်လာသည့်
ကောင်လေးက ပီဘိကလေးငယ်လေးလိုပင်။
ကိုယ့်ခါးတွေဆီကိုဖက်လာရင်း

" သားလည်း ကိုကို့ကိုချစ်တယ် ၊အခုမှမဟုတ်ဘူး
ဟိုးအရင်ထဲက မကိုဋ်ထွဋ်ခေါင်က သားရဲ့အကိုအရင်း
မဟုတ်ဘူးဆိုတာကိုစပြီးသိထဲက ကိုကို့ကိုချစ်ခဲ့မိတာ၊
ပိုင်ဆိုင်ရမယ်မထင်လို့ အဝေးကနေငေးခဲ့ရတဲ့နှစ်တွေက
တကယ်အချိန်အကြာကြီးပဲ၊အဲဒါတောင်ရိုးမသွားတဲ့
ချစ်ခြင်းတွေပေါ့၊ ပိုင်ဆိုင်ခွင့်ရတော့လည်း အများကြီး
ပျော်ရပါတယ်၊အခုလို အခြေအနေလေးကတော့
ဒီဘဝမှာ စိတ်အချမ်းသာရဆုံးအခြေအနေပါပဲ၊
ကိုကိုက သားကိုချစ်တယ်ဆိုတဲ့အသိနဲ့တင်
အတိတ်ကမကောင်းတဲ့ရာရာကို လျစ်လျူရှုလိုက်နိုင်
ပြီ ၊စိတ်ချမ်းသာလိုက်တာ ၊တကယ်ကိုပဲ အများကြီး
စိတ်ချမ်းသာလိုက်တာ "

အခန်းတွင်းမှာ စကားသံတို့ တိတ်ဆိတ်သွားရတော့၏ ။
အခုတော့ တစ်ဦးနဲ့တစ်ဦး ရင်ထဲရှိသမျှတွေကို
မကွယ်မဝှက်ဘဲဝန်ခံလိုက်ပြီးပြီမို့ ရှေ့ဆက်ရမယ့်
ဘဝခရီးလမ်းက ပျော်ရွှင်မှုတွေနှင့်သာပြည့်နေတော့မှာ
အမှန်ပင်ဖြစ်လေတော့သည်။

" ကိုကို !!"

" ဗျာ! !"

" ကိုကို လို့ !!"

" ဗျာ လို့! !"

" ကိုကို!! ကိုကို!! ကိုကို!! "

" ဗျာ!! ဗျာ!! ဗျာ!! "

" အဟိ သားကိုကို !!"

" ဗျာ ကိုကို့ သဲတုန်အူတုန်လေး!!! "

" ဟား ဟား ဟား ဟား ပြန်ထူးတာကလည်း
ရယ်ရတယ် "

နောက်ဆုံးတော့ ချစ်ရသည့်ကလေးငယ်ထံမှာ
အူလှိုက်သည်းလှိုက်ရီသံလေး ထွက်လာတော့သည်။
ဒီနေ့ဒီရက်ဒီအချိန်ကစပြီး အခုလိုပဲအမြဲရီမောနေရပါ့စေ
မယ် ကိုကို့ကလေးငယ်ရယ်။မင်းပျော်ဖို့အတွက်ဆိုရင်
ကိုယ့်မာနနဲ့ကိုယ့်သိက္ခာတွေကိုလည်း မဆိုင်းမတွ
ရင်းရဲတာမို့ မင်းကတော့အခုလိုလေးသာ ရယ်မောပျော်
ရွှင်နေပေးပါတော့နော်။

*
*
*
*
*
*
*
*

( အချိန်အားဖြင့် သုံးလခန့် ကြာသောအခါ )

" ကိုယ်ဝန်က လရင့်လာတော့ သားအနေနဲ့
နေရထိုင်ရတာအဆင်ပြေရဲ့လား "

" ဟုတ်ကဲ့ အဆင်ပြေပါတယ် "

" ကိုယ်ဝန်က ခုနှစ်လပြည့်ခါနီးပြီဆိုတော့လေ
ကျန်းမာရေးအတွက်ကတော့ ပုံမှန်လေ့ကျင့်ခန်းလေး
တွေကိုပဲသေချာလုပ်ပေးနော် "

" အဲအတွက်စိတ်ချပါ ကျွန်တော်ကိုယ်တိုင်သူ့ဘေးမှာ
အချိန်ပြည့်နေပြီး သေသေချာချာဂရုစိုက်ပါတယ် "

" သက်ထက်ကရော ဗိုက်ထဲက ကလေးကတိုးနေပြီ
ဆိုတော့ ညဘက်တွေအိပ်ပျော်ရဲ့လား ၊အိပ်ရေးဝအောင်
အိပ်ဖို့လဲလိုတယ်နော်"

" နေ့လည်ရော ညရော သူ့ကိုအချိန်မှန်အိပ်ခိုင်းပါတယ်
အားဆေးတွေလဲ အချိန်နဲ့တိုက်ပါတယ် "

" ဟုတ်ပါပြီ ဒီကြားထဲနေရတာမကောင်းရင်း စိတ်ထဲမှာ
တစ်ခုခုဖြစ်ရင် အချိန်မရွေးပြောနော် "

" မနေ့ကတော့ သူခါးတွေကိုက်တယ်ပြောနေတယ် "

" ကိုကို !! "

သက်ထက်မှာတော့ ဆရာဝန်မကြီးကတစ်ခွန်းမေးလိုက်
ကိုယ်ကဖြေမယ်ဟန်ပြင်တုန်း ကိုကိုကဝင်ဖြေသွားလိုက်
ဖြစ်နေတာကြောင့် နည်းနည်းစိတ်တိုလာရသည်။
ဘယ့်နှယ် ကိုယ်ဝန်လွယ်ထားရတာက ကိုယ်။
ဘာမေးလိုက်မေးလိုက် ကိုယ့်ထက်သိနေသလို
ဝင်ဝင်ဖြေနေတာ သူ။ဆရာဝန်ကတော့ပြုံးစိစိဖြစ်နေပြီ။
ဒါလည်း သူမသိ။ စိတ်တိုတိုနဲ့အော်လိုက်တော့မှာ
သွားအဖြီးသားနဲ့ရီပြလာလေသည်။ ဒါတောင် ဆရာဝန်
ဘက်ကိုလှည့်သွားကာ

" သက်ထက်လေးက မွေးခါနီးလာတော့စိုးရိမ်စိတ်များ
ပြီး စိတ်က အလိုလိုတိုနေတက် " တဲ့။

ဒီ ကိုတက်ပတစ်ယောက်ကိုလည်း မနိုင်တော့လို့
ခြေရောလက်ရောမြှောက်နေရပါပြီ။ပြောသာပြောရတာပါ။
သက်ထက်ကိုယ်တိုင်လဲ ဒီလိုအပြူအမူတွေထံမှာ
အလုံးစုံပျော်ဝင်နေခဲ့မိသား ။

ဆရာဝန်ပြန်သွားတော့ ကိုယ့်ဘေးနားမှာထိုင်နေတဲ့သူက
ကိုယ့်အိပ်နေတဲ့ဘေးမှာဝင်အိပ်လာရင်း ကိုယ့်ဗိုက်လေး
ဆီ သူ့မျက်နှာကိုအပ်လာလေတော့၏ ။

" သားသားလေးရေ ဒီနေ့လည်း ဖေဖေ့ဗိုက်ထဲမှာနေရတာ
ပျော်ရွှင်စရာကောင်းပြီး သက်တောင့်သက်သာရှိပါစေနော်"

ထုံးစံအတိုင်း သူ့ရဲ့ တစ်နေ့မပျက်ပြောတက်တဲ့နှုတ်ဆက်
စကား ။ ပြီးတာနဲ့ကိုယ့်ရဲ့ပါးပြင်ကိုမွှေးကြူလာကာ
မျက်ရည်ရစ်ဝိုင်းနေသော မျက်ဝန်းတို့ဖြင့်စိုက်ကြည့်လာရင်း

" ကိုယ်တော့ ဒီအမျိုးသားနဲ့ဒီသားကိုပိုင်ဆိုင်ရတာ
ပျော်လွန်းလို့ရူးတော့မယ်ထင်ပါရဲ့ " တဲ့ ။




Eros_90

19.6.23 ( ၈ နာရီ ၄၅ မိနစ် )

22.6.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။


Continue Reading

You'll Also Like

1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
160K 25.2K 19
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
76.4K 10.3K 38
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
446K 62.7K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...